Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
"ကျွင်းဝူ ။ ကျွင်းဝူ။ မင်းနိုးပြီလား။"

"ဟင်း........။"

ကျွင်းဝူက ချီရုန်၏ခေါ်သံ​ေကြာင့် နိုးလားသည်။ သူဦးခေါင်းတစ်ခုလုံးက တစ်ခုခုနှင့်အရိုက်ခံထားခဲ့ရသလိုပင် နာကျင်​ကိုက်ခဲနေလေ၏။ သူက ညည်းသံတစ်ခုပြုလိုက်ပြီး မျက်လုံးနှစ်ဖက်ကိုဖြေညင်းစွာဖွင့်လိုက်သည်။

"ဟူး....တော်သေးတာပေါ့။ ငါမင်းသေပြီထင်တာ။ "

ကျွင်းဝူက ပတ်ဝန်းကျင် အခြေအနေကို ကြည့်လိုက်သည်။ သူလှဲနေသောအောက်တွင်ကောက်ရိုးခြောက်များဖြင့် ပြည့်နေသည်။ ရှေ့ဘက်တွင် လက်တစ်လုံးစာရှိသော သစ်သားချောင်းများကို ထောင်ကာ ကာထားသည်။

"အချုပ်ခန်းလား။"

ကျွင်းဝူက တိုးညင်းစွာရေရွတ်လိုက်သည်။ ချီရုန်ကကျွင်းဝူဘေးတွင် ထိုင်နေရာမှ ထိုအောက်ရှိ ကောက်ရိုးမျှင်တစ်ချောင်းအား ကောက်လိုက်ပြီး ပါးစပ်တွင်ကိုက်ကာ ကျွင်းဝူနှင့် မလှမ်းမကမ်းတွင် သွားထိုင်လိုက်သည်။

"ဟုတ်တယ်။ အကျည်းခန်းလေ။ လှတယ်မလား။"

ချီရုန်၏ စကားကြောင့် ကျွင်းဝူက ချီရုန်အားလှမ်းကြည့်လိုက်သည်။

"အာ...ခေါင်းဆောင်။ အဆင်ပြေရဲ့လား။"

ချီရုန်က လက်ထောင်ပြလိုက်သည်။

"ပြေချက်ပဲ။ မင်းသာ သေမလိုမဖြစ်ခဲ့ရင်ပေါ့။"

ကျွင်းဝူက ချက်ချင်းပင် ငုတ်တုတ်ထိုင်ကာ ချီရုန်ဘက်လှည့်လိုက်သည်။ ခြေကို ခွေကာ ​ထိုင်လိုက်ပြီးနောက် ပေါင်တစ်ဖက်တစ်ချက်စီပေါ်သို့ လက်တစ်​ဖက်စီ တင်ကာ လက်သီးဆုပ်ထားသည်။ချီရုန်က အချုပ်ခန်း၏ နံရုံကိုမှီကာထိုင်နေ​သည်။

"တောင်းပန်ပါတယ် ။ ကျွန်တော့်အပြစ်တွေပါ။ ခေါင်းဆောင်ကို အဖမ်းခံရအောင်လုပ်မိပြီ။"

ချီရုန်က ကျွင်းဝူကိုစိုက်ကြည့်သည်။

"ရတယ်။ ရတယ်။ ငါ့ကောင်တွေ ထောင်ဖောက်ဖို့လာကြလိမ့်မယ်။ ယမ်းမှုန့်တွေနဲ့လောင်ချာလုံးတွေ ​သိပ်မသုံးဖို့ပဲဆုတောင်းရမယ်။ တော်ကြာရုံးတော်ကြီး မီးလောင်သွားရင် ဒီလူကြီးမင်းတွေ လုပ်စားစရာမကျန်ပဲနေလိမ့်မယ်။"

ချီရုန်က ထိုကောက်ရိုးချောင်းလေးအား ကိုက်ထားလျက်ပင် ဆိုလိုက်သည်။ ထိုစကားအတွက်လည်းသူ့တွင် ယုံကြည်ချက်အပြည့်ရှိနေသည်။

"မင်းတို့ထွက်လို့ရပြီ။"

ရုတ်တရက် အချုပ်ခန်း၏ တိုင်အကာအပြင်ဘက်မှ စကားသံကိုကြားလိုက်ရသည်။

"ဘာလဲ။ "

ချီရုန်က မတ်တပ်ကောက်ရပ်ကာ အံသြတကြီးဆိုလိုက်သည်။ အပြင်ရှိရဲမက်တယောက်က သူတို့အား အချုပ်ခန်းတံခါးဖွင့်ပေးလိုက်သည်။ ကျွင်းဝူက လည်း မတ်တပ်ကောက်ရပ် လိုက်သည်။ ချီရုန်က အပြင်သို့မထွက်သေးပဲ ထိုရဲမက်အား သံသယများပြည့်နှက်နေသော အကြည့်မျိုးဖြင့် ကြည့်ကာမေးလိုက်သည်။

"ဘာလို့လဲ။ ငါတို့ခွေးခိုးထားတာလေ။ အဲ့လူက ဘာမှအရေးမယူပဲ ပြန်လွှတ်စရာမှမလိုတာ။"

"အေးလေ။ မင်းတို့ကို ဘယ်သူကအလကားလွှတ်ပေးမှာလဲ။ မင်းတို့ကို အာမခံတဲ့သူရှိလို့ပေါ့။"

"ဘယ်သူလဲ။"

ချီရုန်က သူ၏ မျက်ခုံးတစ်ဖက်ကိုပင့်ကာမေးလိုက်သည်။ ကျွင်းဝူက ဘာမှဝင်မပြောပဲ ချီရုန်ကိုသာကြည့်နေသည်။

"မသိဘူး။ မင်းအကိုဝမ်းကွဲဆိုလားပဲ။"

"အိုး....။ သူ ကပ်စီးနှဲမုချင်ကို တရားဟောလိုက်တာနေမယ်။ နေရာတကာပါပြန်ပြီ။ "

"ကဲ ထွက်မှာလား။ မထွက်ဘူးလား။"

"ထွက်မာ်။ ထွက်မယ်။"

ချီရုန်က အမြန်ပင် ကျွင်းဝူ၏ လက်မောင်းနားရှိ ဝတ်ရုံကို လှမ်းဆွဲကာ အပြင်သို့ထွက်လာလိုက်သည်။ သူမျှော်လင့်တာနှင့် တခြားဆီဖြစ်​သွားသောကြောင့် နည်း​နည်းပင်မဟုတ် တော်တော်များများကို စိတ်ညစ်သွားသည်မှာသေချာပါသည်။

.......................................................

"ကျေးဇူးတင်ပါတယ်။ သူက စိတ်သိပ်မမှန်လို့ပါ။ နောက်တစ်ခါမဖြစ်စေရပါဘူးနော်။"

ချီရုန်နှင့် ကျွင်းဝူ အပြင်ဘက်သို့ထွက်လာလေတော့ မုချင်အား ဂါရဝပြုနေသော ရှဲ့လျန်ကိုတွေ့ရသည်။ တစ်ဝမ်းကွဲအကိုအား အော်ရန် သွားဖို့ပြင်လိုက်သော်လည်း သူ၏ဘေးတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော နီနီရဲရဲလူတစ်ယောက်ကြောင့် သူ၏ခြေလှမ်းကရပ်တန့်သွားသည်။

"ဒီ ငလူးက ဘာလို့ပါလာတာလဲ။"

ချီရုန်က ကျွင်းဝူ၏ အင်္ကျီလက်အားကိုင်ထားရာမှ ဖြူတ်ချလိူက်ပြီး ဒေါသတို့ဖြင့် ထိုနှစ်ယောက်ဆီသို့ဦးတည်လိုက်သည်။ မုချင်က ချီရုန်လာသည်ကို မြင်တော့ လက်ထဲတွင်တယုတယ ထွေးပွေ့ကာထားသော သူ၏ သည်းသည်းတုံလေးအား ဝတ်ရုံ၏ လက်အရှည်အစဖြင့် ကာလိုက်သည်။

"တစ်ဝမ်းကွဲအကို။ နန်ဖုန်းနဲ့ ဖူယောင်​တိူ့ရော။ မင်းဘာလို့ ဒီကျက်သရေတုံးနဲ့လာတာလဲ။"

ရှဲ့လျန်က ချီရုန်ကို လှည့်ကာအော်လိုက်သည်။

"ချီရုန်။ မရိုင်းစမ်းနဲ့။ မင်းကို သူကယ်လို့သာ မဟုတ်ရင် မင်းသေနေပြီ။"

"ဟားဟား ။ ရီရတာ သေးထွက်ချင်သွားတယ်။ သူ့ငါ့ကိုဘာကိစ္စ ကယ်မှာလဲ။"

ဘေးရှိ ဟွားချန်က ချီရုန်ကို ပြုံးလျက်ကြည့်ကာပြောလိုက်သည်။

"သေချာတာပေါ့။ ကိုကိုကြောင့်သာမဟုတ်ရင် မင်းကိုလှည့်တောင်ကြည့်မှာမဟုတ်ဘူး။"

"သောက်ကျိုးနဲ ........ကိုကိုတဲ့။"

ချီရုန်က ဘေးတွင် ကျွင်းဝူရှိနေသည်အမှတ်နှင့် ဟွားချန်အား လက်ညိုးထိုးကာ ဘေးကိုကြည့်လိုက်သည်။သိူ့သော်ကျွင်းဝူက သူ၏ နောက်ဘက်မလှမ်းမကမ်းတွင် ရပ်နေဆဲ။

"ကျွင်းဝူ...ငါ့နားကိုလာလေကွာ။"

"ဟုတ်ကဲ့ပါ။ ခေါင်းဆောင်။"

ကျွင်းဝူက အမြန်ပင် ချီရုန်၏အနားသို့ရောက်လာသည်။

ချီရုန်က သူ၏ လက်အားဘေးတွင် ရပ်ကာနေသော ကျွင်းဝူ၏ပုခုံးပေါ်သိူ့ သူ၏လက်ကိုတင်ကာ အားယူလိုက်ပြီး ကျန်တစ်ဖက်ကမူ ဗိုက်ကို ဖိထားကာ ရီလေတော့သည်။

"ဟားဟား ဟားဟား ဟားဟား ဟားဟား ဟားဟား ခွီး......ကိုကိုတဲ့......"

ဟွားချန်နှင့် မုချင်က အသေရီနေသော ချီရုန်ကို ကြည့်နေသည်။ ရှဲ့လျန်ကလည်း ရီနေသော ချီရုန်ကို ကြည့်လိုက်ပြီးမှ မုချင်ဘက်သို့လှည့်ကာ

"လူကြီးမင်း ယုံလောက်ပြီထင်ပါတယ်။ ဗွေမယူပါနဲ့တော့နော်။"

ရှဲ့လျန်က ဂါရဝပြူလိုက်သည်။ မုချင်ကသူ၏ရင်ခွင်ထဲရှိ ခွေးလေးကို ပိုက်ကာ ချီရုန်အားထူးဆန်းသည့်အကြည့်ဖြင့်ကြည့်ရင်း တဖက်သို့လှည့်ကာသွားတော့သည်။

"သည်းသည်းတုံလေး။ သူ့လက်ထဲကြာကြာမနေမိတာပဲ ကျေးဇူးတင်ရမယ်။"

...............................

ရုံးတော်အပြင်ဘက်ကိုရောက်တော့ နန်ဖုန်းနှင့်ဖူယောင်က ချီရုန်အားစောင့်နေသည်။ ချီရုန်က ထိုနှစ်ယောက်အားပြေးဖက်လိုက်ပြီး.တစ်ယောက်ကို တစ်ချက်နှုန်းဖြင့် ခေါင်းခေါက်လိုက်သည်။ ဗုံးခွဲလိမ့်မည်အထင်ဖြင့်သူစောင့်နေရသည်က အလကားဖြစ်သွားကြောင့် တတွတ်တွတ်ဖြင့် တစ်လမ်းလုံးပြောလာခဲ့သည်။

ချီရုန်က ကျွင်းဝူနှင့် အတူတွဲကာလျှောက်သည်။.သူတိူ့ရှေ့တွင်က ဟွားချန်နှင့် ရှဲ့လျန်က ရှေ့တွင် ပြုံးရီလျက် လျှောက်နေသည်။ ချီရုန်တို့၏နောက်တွင်က နန်ဖုန်းတို့ပင်။

"ကိုကိုရေသောက်အုန်းမလား။"

ဟွားချန်၏ စကားက အနားရှိသည့်သူများကြားရနိုင်သည်။ တောထဲသို့ဝင်လာပြီဖြစ်သောကြောင့် တိတ်ဆိတ်မ​ှုက အသားပေးလျက်ရှိသည်။ရှဲ့လျန်က ပြုံးလျက်ပင်

"တော်ပြီ စန်းလန်။ ကျေးဇူးပါ။ ချီရုန်ကိုကယ်ပေးလို့။"

"ရပါတယ်။ ကိုကို....။"

ချီရုန်က ချစ်ကြည်နူး တစ်တီတူးနေသော ထိုအတွဲအား ကြည့်ရင်း အန်ချင်သလိုဖြစ်လာတော့သည်။သူက အမြန်ပသ်အကြည့်လွှဲလိုက်ပြီး နောက်ရှိ နန်ဖုန်းတို့အား လှမ်းမေးလိုက်သည်။

"ဟေ့ကောင်တွေ။ ငါမရှိတုန်း ဘာက ဘယ်လိုဖြသ်သွားတာလည်းဆိုတာ သိတဲ့သူရှိလား။"

နန်ဖုန်းက ဖြေသည်။

"အကိုကြီးက ဘာကိုသိချင်တာလဲ။"

"အကုန်လုံးပဲ။အဓိက က အဲ့ ကျပ်မပြည့်တဲ့ အခေါ်အဝေါ်နှစ်မျိုးပဲ။ ဘာတဲ့။ စန်းလန်နဲ့ ကိုကို အော့"

ချီရုန်က အန်ထွက်ခါနီးပုံစံလုပ်ပြသည်။ ဘေးတွင် လျှောက်နေသော ကျွင်းဝူက ချီရုန်အား ကြည့်ရင်း ပြုံးလိုက်သည်။

"ကျွန်တော်ပြောပြမယ်။ ကိုကိုဆိုတာတော​့သေချာမသိပေမဲ့ အကိုကြီးရဲ့ အကိုဝမ်းကွဲက သူ့ကိုဘာလို့စန်းလန်လို့ခေါ်တာလည်းဆိုတာတော့သိတယ်။"

"သိရင်ပြောပြလေ။ ချီးပဲ။ စျေးစစ်နေသေးတယ်။"

သူတိူ့​ေလးဦးက တော့ထိုနေရာတွင် ကျန်ရစ်ခဲ့ကြသည်။ ရှဲ့လျန်နှင့် ဟွားချန်က အစဦးကတည်းကပင် နှစ်​ယောက်တစ်ကမ္ဘာတည်နေကြသဖြင့် သူတိူ့အားဂရုမစိုက်ပဲဆက်သွားနေကြပြီ​​ြဖစ်သည်။

"စန်းလန်ဆိုတာ တတိယသားလေးလို့ ဆိုလိုတာတဲ့။ သူ့မိခင်က ငယ်နာမည်ပေးထားတာဖြစ်လိမ့်မယ်။သူ့မှာ အကိုနှစ်ယောက်ရှိသေးတယ်။"

"သူ့အကိုတွေ ဟုတ်လား။ ငါတခါမှမကြားဖူးဘူး။"

လေးယောက်ယား ခေါင်းချင်းဆိုင်ကာဆွေးနွေးနေကြသည်။ နန်ဖုန်းကဆက်ပြောလာသည်။

"ဟုတ်တယ်။ ရှိတယ်။ အခု အကြီးဆုံးသားက အော်သာနဲ့ ညားသွားပြီလို့ကြားတယ်။"

"ဟေ.....ဟုတ်လား။ ဖြစ်နိုင့်ပါမလား။"

ချီရုန်က အံသြတကြီး မေးသည်။

"ဟုတ်တယ်။ ခေါင်းဆောင်ရ။ တကယ့်သတင်းအမှန်ပဲ။"

"ဒါဆို ဒုတိယသားကရော။"

"ဒုတိယသားလေးက အခု နယ်လှည့်ပြီး papapaနေတယ် လို့ကြားတယ်။"

"Papapa....papapaဆိုတာဘာလည်း။ လူထုကိုအကျိုးပေးတာမျိုးလား။ ဒါမှမဟုတ် ငါတိူ့လိုပဲ ခိုးဆိုးလုနှိုက်လား။"

"မသိဘူး ကျွန်တော်လည်း သေချာတော့။ တစ်ခုခုလုပ်တာဖြစ်မယ်။ လက်တွဲဖော်နဲ့ အတူတူလုပ်ရတာမျိုးလို့ပြောတယ်။"

"ကျင့်ကြံကြိုးစားအားထုတ်တာမျိုးလား။ဒါမှမဟုတ် စာပေလိုက်စားတာမျိုး။"

ဖူယောင်က ဝင်ပြောသည်။ ချီရုန်နှင့် နန်ဖုန်းက ဖူယောင်အားကြည့်လိုက်ပြီး

"တကယ်အဲ့လိုကြီးလား။ ဟွားချန်က ကောင်းတဲ့ကောင်မှမဟုတ်တာ။ သူ့အကိုတွေရော ကောင်းပါ့မလား။"

"ကျွန်တော်လည်း အဲ့လောက်ပဲသိတာ။ "

နန်ဖုန်းကသူ၏ခေါင်းကိုကုတ်ကာပြောလိုက်သည်။ ထိုအခါမှ ကျွင်းဝူက သူ၏ လက်သီးဆုပ်အား ပါးစပ်နားတွင်တေ့ကာ ချောင်းဟန့်လိုက်သည်။

"အဟမ်း။"

ခေါင်းသုံးလုံးဆိုင်ကာဆွေးနွေးနေသော ချီရုန်တို့သုံးယောက်ကာ ခေါင်းထောင်ကာ ကျွင်းဝူအားမော့ကြည့်သည်။ချီရုန်က ပါးနှစ်ဖက်ရဲနေသော ကျွင်းဝူအားကြည့်ရင်း

"ကျွင်းဝူ ။ မင်း မသက်သာသေးဘူးလား။ ပါးတွေရဲနေတယ်။"

ချီရုန်က သူ၏ လက်ဖြင့် ကျွင်းဝူ၏ ပါးကိုထိရန်ကြိုးစားလိုက်သည်။ကျွင်းဝူက အမြန်ရှောင်လိုက်ရင်း

"မ...မဟုတ်ပါဘူး။ ကျွန်တော်အဆင်ပြေပါတယ်။"

ချီရုန်က သူ၏လက်ကိုပြန်ရုတ်လိုက်ပြီး

"အေး အေး အဆင်ပြေရင်ပြီးတာပဲ။"

ချီရငန်က နန်ဖုန်းတို့နှင်​့အတူ ခေါင်းချင်းပြန်ဆိုင်လိုက်သည်။

"ဒါဆို သူငါ့ကိုဘာလို့ကူညီတာလဲဆိုတာ ဆက်ပြော။"

နန်ဖုန်းက ပါးစပ်မညောင်းမချင်းပြောလေတော့သည်။

"ဒါက ဒီလိုရှိတယ်....."

................................................................

"ဧကရာဇ်ကို အခုထက်ထိရှာလို့မတွေ့သေးဘူးလား။"

"အခုထိ သတင်းအစအနမရသေးဘူး။ နေရာအနှံကိုတော့ ရှာဖွေခိုင်းနေတာပဲ။ ငါတကယ်နောင်တရတယ်။ ငါအတူလိုက်သွားခဲ့သင့်တာ။".

"ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့တော့ စစ်သူကြီး ရယ်။ အရေးကြီးတာ ဧကရာဇ်ကို အမြန်ဆုံးရှာတွေ့ဖို့ပဲ။ အခုတစ်လကျော်နေပြီ။ အားလုံးကို တိုင်းခန်းလှည့်လည်​ေနတယ်လို့ပဲ ပြောထားတာမလား။"

လင်းဝမ်က ဖုန်းရှင့်အား နှစ်သိမ့်စကားဆိုလိုက်သည်။ ဧကရာဇ်ပိုင်ဝူရှန့် ပျောက်ဆုံးနေသည်မှာ တစ်လကျော်နေပြီဖြစ်သည်။ အကြောင်းကိစ္စတစ်ခုကြောင့်အပြင်ထွက်ရင်း လုပ်ကြံသူများနှင့် တွေ့ခဲ့ပုံရသည်။နောက်ကွယ်တွင်ကြိုးကိုင်သူက နန်းတော်ထဲတွင်ရှိနိုင်သောကြောင့် အမှန်အတိုင်းပြောရန်လုံးဝမဖြစ်ချေ။ ထီးနန်းသည် ဧကရာဇ်မရှိလျင် ဝရုန်းသုန်းကားဖြစ်လာနိုင်သည်။

လင်းဝမ်က ထက်မြတ်သည့်အမျိုးသမီးဖြစ်သည့်အလျောက် နှလုံးရည်၊ ညာဏ်အမျှော်အမြင်နှင့်ပြည့်စုံသော သူတစ်ယောက်ဖြစ်သည်။ သူမက ဧကရာဇ်နှင့် အနီးဆုံးတွင် အမှူထမ်းရသော အကြံပေးအရာရှိတစ်ဦးလည်းဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~






© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 7 (မျက်နှာမြင်သတ်ချင်)
Коментарі