Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
"ညီနောင်တို့ ရေချိုးဖို့ အချိန်ရောက်ပြီ..."

"ရေး........"

ချီရုန်က သြဘာပေးသောအသံဖြင့်
သူ၏ အကျႌ ကိုချွတ်ကာ
လက်ကိုမြေှာက်၍ လေပေါ်တွင်ဝေှ့လိုက်ရင်း
ဆိုလေသည်။

ကျန်သူများကလည်း ထအော်ကာ
အလွန်ပျော်ရွွင်နေပုံရသည်။

ဤနေရာသိူ့ရောက်သည့်အချိန်မှာ
ရက်အနည်းငယ်သာရှိသေးသော ကျွင်းဝူမှာ
မည်သိူ့မျှ လိုက်မမှီနိုင်လောက်အောင်ပင်
သူတို့၏ အပြုအမူကဆန်းကြယ်လွန်းနေသည်။

ဓားပြစခန်းဟုသာဆိုမည်။
ကျွင်းဝူစရောက်သည့်ရက်မှ စ၍ယခုအချိန်ထိ
ဓားပြတိုက်သည်ဟူသော
ကိစ္စ သည် ဖြစ်မလာသေးပေ။

အရာအားလုံးက ပုံမှန်အတိုင်းပင်။
ဘာဆို ဘာမျှမထူးဆန်း။
ချီရူန်ကမူ အပြင်မှပြန်လာတိုင်း အမြဲလိုလို ထိုင်ခုံတန်းလျားတွင်ထိုင်ကာ အရေှ့ဘက်ကို မျက်နှာမူရင်း တယောက်မဟုတ် တယောက်ကို ထိုင်ဆဲနေလေ့ရှိသည်။

တောအုပ်အနီးအနားရှိ ရွာသို့
ချီရုန်နှင့် သူ့လူတသိုက် အတူသွားလေ့ရှိပုံရသည်။
ထိုမှ ပြန်လာတိုင်း ထိုင်ဆဲ ခြင်းပင်။
ကြားမိသလောက်တော့ ဟင်းရွက်သည်ပင်
ချန်ပုံမပေါ် အကုန်ဆဲဆိုနေသည်။

သူ၏ တပည့်များက ဤအရာကို
ထူးဆန်းသည်လို့ပင်မထင်ကြချေ။
နန်ဖုန်း နှင့် ဖူယောင်ဆိုလျင်
ဘေးကနေပင် အားပေးနေသေးသည်။

ရှဲ့လျန်ဆိုသောသူကမူ
အမြဲလိုလို အိတ်တစ် လုံးဖြင့် အလုပ်ရွုပ်နေလေ့ရှိသည်။ ထိုအိတ်ကြီးကို သယ်ကာ
မိုးလင်းလျှင်သွားသည်။
မိုးချုပ်လျှင်ပြန်လာသည်။

သူ၏ အလူပ်က အလွန်ပင်
ရိုးရှင်းလွန်းလှသည်။
ရှဲ့လျန် က ချီရူန်တိူ့ဓားပြတိုက်ရာမှရသော
ပိုက်ဆံတို့ဖြင့် စားသောက်ခြင်းမပြုပဲ
မိမိဘာသာ အမွိုက်ကောက်၍ရသော ပိုက်ဆံဖြင့်
စားသောက်ပုံပေါ်သည်။

လုပ်လက်စ အလုပ်များကို
လက်စသတ်လိုက်ရင်း အားလုံးက
ထလိုက်ကြသည်။

ကျွင်းဝူက ဘုမသိဘာမသိဖြင့်ပင်
နန်ဖူန်းနောက်မှ လိုက်ပြီး
နန်ဖုန်းအား တိုးတိုးလေး မေးလိုက်သည်။

"အကို နန်ဖုန်း...ကျွန်တော်တို့
ရေတစ်ခါချိုးဖို့ကို ဘာလို့ပျော်နေရတာလည်း..."

နန်ဖူန်းက ဖြေသည်။

"မင်း ဒီရောက်တာ တစ်ပတ်မပြည့်သေးလို့
ငါတို့က တစ်ပတ်တစ်ခါပဲရေချိုးတာလေ"

"အမ်.....ဘာလို့လည်းဗျ...."

"နံအောင်လို့ပေါ့ကွာ...."

ကျွင်းဝူက တွေးမိသည်။

(ဘယ်လိုကြီးလည်း)

သူတို့နှင့်အတူ ဆက်မလျောက်တော့ပဲ
ကြောင်တောင်တောင် ဖြင့် ရပ်ကျန်နေခဲ့သော
ကျွင်းဝူအား နန်ဖုန်းမှ
အကျီႌစအား ဆွဲ၍ သူ့ဘေးနား ခေါ်ကာ
ဆက်လျောက်စေသည်။

"မင်း ထူးဆန်းသွားတယ်မလား
မပူနဲ့ ဒါက အစပဲရှိသေးတယ်

အမှန်က ဒီစည်းကမ်းကို ငါတို့
အကိုကြီးက ချမှတ်ထားတာ
သူက သူများတွေနဲ့မတူတာတွေကို
လုပ်ရတာကြိုက်တယ်လေ"

ကျွင်းဝူက ထပ်မံ၍နားမလည်စွာဖြင့်
မေးခွန်းထုတ်ပြန်သည်။

"ဘာလို့လည်း...."

"မြောက်ပိုင်းခေါင်းဆောင်ဟွားချန်ဆိုတဲ့တယောက်ရှိတယ်...."

ဟွားချန်ဟူသော အသံကိုကြားတော့
ကျွင်းဝူ၏ မျက်ခုံးတို့က အနည်းငယ်ပင့်တတ်သွားသည်။

နန်ဖုန်း က ဆက်ပြောသည်။

"သူက အကိူကြီးနဲ့ ကမ္ဘာမကြေရန်သူလေ
သူက အကိုကြီးကို ရန်လာလာစတာ

သူတို့နှစ်ယောက်တိုက်ခိုက်တဲ့အခါ
အကိုကြီးက ရေချိုးမထားတော့ သူ့ကိုယ်ကနံနေရင်
အဲ့ကောင်ဟွားချန်ရဲ့ စိတ်အာရုံက
နည်းနည်းလောက်ပဲဖြစ်ဖြစ် လွင့်သွားနိုင်တယ်
ဘာလို့လည်းဆိုတော့  အဲ့ဒီကောင်က အသန့်ကြိုက်တယ်..."

"........."

(ကြီးမားလှတဲ့အကြောင်းပြချက်ကြီးပေကိုး...)

နန်ဖုန်းက ဆက်ပြန်သည်။

"အဲ့တာကြောင့်လည်း နောက်ဆုံးတခေါက်
နယ်မြေလုပွဲမှာ အကိုကြီးကို
ဟွားချန်က အနားကပ်ပြီး ဓားနဲ့မခုတ်ပဲအဝေးကနေပဲ
ခဲနဲ့ ပေါက်တာလေ...."

ထိုစကားကို နန်ုဖုန်းက ကောင်းကင်ကြီးအား
မော့ကြည့်ရင်းပြောသည်။

ကျွင်းဝူ ကလည်း သူပါအတူလိုက်မော့ကာ
ကောင်းကင်ကြီးကို ကြည့်နေမိသည်။

"မြန်မြန်လာလေ....."

ချီရုန်က သူတို့ကို လှမ်းခေါ်သည်။

လမ်းလျောက်ရင်းစကားပြောလာကြသည်မှာ
စမ်းချောင်းအနားပင်ရောက်ချေပြီ။
စမ်းချောင်း၏ ရေက ကြည်လင်လွန်းလှသည်။
ကျွင်းဝူက ကျန်သူများနှင့်အတူ
ရေထဲသို့ဆင်းလိုက်ပြီး
အပေါ်ပိုင်းဗလာဖြင့် ပင် ရေကို လက်ခုပ်ဖြင့်ယူကာ
သူ၏ လက်မောင်းဒဏ်ရာကို အရင်ဆေးလိုက်သည်။

ချီရုန်က ခပ်ကြီးကြီး ကျောက်တုံးအလည်တွင်
မတ်တပ်ရပ်လိုက်ပြီး ခေါင်းဆောင်
တယောက်ပီပီ အော်သည်။

"ညီနောင်တို့....ငါ့မှာသတင်းကောင်းရှိတယ်..."

အားလုံးက ချီရုန်အား မော့ကြည့်ကြသည်။
ကျွင်းဝူသည်လည်းထိုနည်းအတူပင်။

အားလုံး၏အာရုံကိုရပြီးနောက်
ချီရုန်က ကျွင်းဝူကို သေချာစွာစိုက်ကြည့်လိုက်သည်။
ရုတ်တရက်ပင် ကျွင်းဝူအား
လက်ညိုးကြီးထိုးလျက်

"မင်း........"

အားလုံးက ကျွင်းဝူကို
ဝိုင်းကြည့်ကြသည်။ ထိုသူတို့၏မျက်လုံးအကြည့်များက.ကြောက်မက်ဖွယ်ရာပင်။

ကျွင်းဝူက တုန်တုန်ရီရီဖြင့်
သူ့ကိုယ်သူ လက်ညိုးပြန်ထိုးကာ

"ကျွန်...ကျွန်တော်...လာ...လား.....
ဘာ..ဘာလုပ်....မိ..လို့လည်း............."

ချီရုန်က အတော်ကြာစိုက်ကြည့်ပြီးမှ

"ညကျရင် ငါနဲ့လိုက်ခဲ့.....
တစ်နေရာကိုသွားဖို့ရှိတယ်.....

အခုချိန်က မင်းရဲ့ သစ္စာရှိမွုကို
စမ်းသပ်ရမယ့်အချိန်ပဲ..."

အားလုံးက ကြက်သေသေနေကြမြဲပင်။

(ဘယ်သွားမှာလည်း နစ်ယောက်တည်းလား
ဘာလုပ်ဖို့လည်း...ငါတို့အကိုကြီး....
မဖြစ်ဘူး....)

နန်ဖုန်းက ထအော်သည်။

"အကိုကြီး ကျွန်တော်လည်း လိုက်မယ်..."

ဖူယောင်က နန်ဖုန်း၏ခေါင်းအား
ပိတ်ရိုက်ချလိုက်သည်။

"ရှည်တယ် ငါတို့အကိုကြီးက
လူသစ်ကို စမ်းသပ်မလို့လေ မင်းကဘာကိစ္စ
လိုက်မှာလည်း..."

"မင်းငါ့ကို ရိုက်ပြန်ပြီ...ငလူး..."

နန်ဖုန်း နှင့်ဖူယောင်က
ရေထဲ တဝက်နစ်နေလျက်ပင်
လက်နှစ်ဖက်ဖြင့် တယောက်ပုခုံးကို
တယောက်တချက်စီ ရိုက်နေကြသည်။

ချီရုန်က သူ၏ မျက်ခုံးနှစ်ခုကြား
နေရာကို လက်ဖြင့်ဖိလိုက်ပြီးနောက်
ခါးထောက်ကာ

"တော်ကြာပါတော့ ငလူးတွေရယ်
လခွမ်းပဲ မင်းတို့ကို မခေါ်ဘူး
ငါနဲ့ လူသစ်နဲ့ လုပ်စရာရှိလို့......"

ကျွင်းဝူကမူ အသံတစ်သံပင်
ထွက်မလာတော့ချေ။

...........................................................

"မြန်မြန်လာ နေှးကွေးလိုက်တာကွာ...."

တောင်ပိုင်းရှိ ဓားပြစခန်းမှ
မြောက်ပိုင်းရှိ ဓားပြစခန်းသို့ ချီရုန်နှင့်
ကျွင်းဝူ တို့ တိတ်တဆိတ်ချည်းကပ်လာကြသည်။

ကျွင်းဝူက မလျောက်ရဲလျောက်ရဲ ဖြစ်နေသဖြင့်
ချီရုန်က စိတ်မရှည်စွာ ဆွဲဆွဲခေါ်နေရသည်။

"လခွမ်းပဲ မင်းအဲ့ဒီလိုကြောက်နေလို့
ဘယ်သူ တတ်လုပ်လို့လုပ်သွားမှန်းမသိပဲ
ဒီလိုဖြစ်သွားတာ..."

"ခေါင်းဆောင်...ဘာ..ဘာကိုပြော..."

"ငါပြောတာ မင်းဓားနဲ့အခုတ်ခံရတာကိုလေ
အဲ့တာ အယုတ်တမာကောင်ဟွားချန်ပဲနေမှာ....သူ့မှာအကောင်းစားဓားကြီးရှိတယ်...အဲ့မင်တဲ့ သူခေါ်တာပဲ ငါကသနားလို့လိုက်ခေါ်ပေးတာ သွားတဲ့နေရာ အဲ့တာကြီးယူပြီး တကားကားနဲ့ ဖင်မြောက်နေတာ"

"ဟုတ်......"

ကျွင်းဝူက ခေါင်းညိမ့်ပြလိုက်သည်။

နှစ်ဦးသား မီးရောင်မှိန်ပြပြရှိနေသော
ဓားပြစခန်းအား ကြီးမာသော
ခုတ်လှဲခံထားရသည့် သစ်ပင်ပင်စည်ကြီးအား
ကွယ်လျက် ချောင်းနေကြသည်။

လရောင်ကမူ တိမ်မဲတို့ဖုံးကွယ်နေသောကြောင့်
မည်သို့မျှ ဖြာကျနိုင်စွမ်းမရှိချေ။

"ဟိုးနားက အဆောင်တွေ့လား...
အဲ့တာ အယုတ်တမာခွေးကောင်ဟွားချန်ရဲ့
သေတဲ့နေရာပဲ..."

"သေတဲ့နေရာ....."

"အိပ်တာကိုပြောတာ...ငုံးဥရဲဲ့..."

"အော်....."

နှစ်ဦးသားတွတ်တွတ် တွတ်တွတ် နှင့်ပင်
ပြောဆိုနေကြသည်။

ချီရုန်က အရိပ်အခြေကိုကြည့်ကာ
ဆက်ချောင်းနေရင်း တစ်ခုခုကို.သတိရမိဟန်ပြောသည်။

"မင်းက ယဉ်ကျေးတဲ့အသိူင်းအဝိုင်းက
လာတာဖြစ်ရမယ်ငါပြောတဲ့ စကားတွေကို
နားမလည်ဘူးဆိုတော့...."

ချီရုန်က ကျွင်းဝူ၏ ပုခုံးကိုခပ်ဖွဖွပုတ်ပေးရင်း
နှစ်သိမ့်ပေးလိုက်သည်။

"အားမငယ်ပါနဲ့....နောက်အဆင်ပြေလာမှာပါ.."

"ခေါင်း...ခေါင်းဆောင်က...တကယ်
ကြင်နာတတ်တယ်......"

ချီရုန်ကသူ၏ လက်ကို ပြန်ရုတ်လိုက်ပြီး

"သွားရအောင်...."

ရေှ့ကပင် ဦးဆောင်လျက်
ကုန်းကုန် ကွကွဖြင့် သွားလေတော့သည်။
ကျွင်းဝူသည်လည်း ထိုနည်းအတူပင်။

အကျႌ တို့မှာလည်း အစကတည်းကပင်
ညစ်ပတ်နေကာ မဲတူးနေသောကြောင့်
အထွေအထူး အကျႌ အနက်ဝတ်စရာမလိုပေ။

ဟွားချန်၏တဲနားရောက်တော့
ချီရုန်က အသင့်ပါလာသော သူ၏
ရင်ဘတ်ဝတ်ရုံကြားထဲမှ ယမ်းတောင့်အချို့နှင့်
မီးစထည့်ထားသော ဝါးကျည်တောက်အသေးစားလေးအား ထုတ်လိုက်သည်။

"ရော့ ကိုင်ထား...."

ချီရုန်က ကျွင်းဝူအား လောင်စာကြိုးလေးအား.
ကိုင်ခိုင်းလိုက်သည်။
ချီရုန်က ယမ်းတောင့်၏ထိပ်ကို
ဖောက်ချလိုက်ပြီး ယမ်းမွုန့်များအား
ဟွားချန်၏အဆောင် နံရံများကို ပတ်ဖြန်းလိုက်သည်။

""ခေါင်း..ခေါင်းဆောင်...ကျွန်တော် တို့
ဘာလုပ်ကြမလို့လည်းဟင်..."

"မင်းကလည်း တုံးလိုက်တာ...
သူ့အိမ်ကိုမီးရွို့မလို့ပေါ့ကွာ...."

(သူတကယ်ပဲ မတွက်ချက်တတ်တာလား
ယမ်းတောင့်ဆယ်ခုလောက်နဲ့ ဘယ်လိုလုပ်
အဆောင်မီးလောင်နိုင်မှာလည်း တိုင်တစ်တိုင်တောင် ကုန်အောင်လောင်ရင်ကံကောင်း...)

ကျွင်းဝူက မီးစာကိုကိုင်ထားရင်း
ချီရုန်အား ခပ်တိုးတိုးဆိုသည်။

"မဖြစ်နိုင်ဘူး ထင်..ထင်တယ်...ခေါင်းဆောင်.."

"ဘာကိုလည်း..... "

"အကုန်....မ....မလောင်လောက်ဘူးလို့"

ချီရုန်က ယမ်းမွုန့်များလိုက်ဖြူးရင်း
အလုပ်ရွုပ်နေသည်။
အနှံဖြူးပြီးနောက် မှ သူကကျွင်းဝူအား
ကြည့်ရင်းဆိုသည်။

"မပူနဲ့ ငါ့မှာ အဲ့ထက်အားပြင်းတာတွေ
ပါသေးတယ်...."

ချီရုန်က သူ၏ အောက်ပိုင် ဝတ်ရုံစကို
လှန်ချလိုက်သည်။
ခါးစည်းကြိုးတွင် ချည်နေှာင်ထားသော
လောင်ချာလုံးများက တဖက်ငါးလုံးစီပင်။

ကျွင်းဝူ မှာ အသံပင်မထွက်နိုင်တော့ချေ။

ချီရုန်က ပြန်ထိုင်လိုက်ပြီး
ယမ်းမွုန်ဖြူးသည့်အလုပ်ကို ဆက်လုပ်နေလိုက်သည်။

အဆောင်ပတ်ပတ်လည်တွင် ယမ်းမွုန်များအပေါ်၌
လောင်ချာလုံးများကို တစ်လုံးစီချထားလိုက်သည်။

အားလုံးအဆင်သင့်ဖြစ်ချေလေပြီ။
ကျန်ရှိနေသည့်အဆောင်များကိုမူ.ချီရုန်က
မျက်လုံးထဲပင်မထည့်ချေ။

သူ၏ ဦးတည်ရာသည် ဟွားချန်၏ အဆောင်ပင်။

ဝါးကျည်တောက်အသေးလေးထဲရှိ
မီးစလေးအား ပါးစပ်ဖြင့်အသာမွုတ်လိုက်ပြီး
မီးတောက်စေသည်။

ကျွင်းဝူက လောင်ချာလုံးတစ်လုံး၏
မီးစာနှင့် သူ၏ မီးစာနှစ်ခုကိုစုချည်လိုက်ပြီး
မလှမ်းမကမ်းရှိ တိုင်တွင် ဆယ်ပတ်ခန့်
ရစ်ပတ်စေလိုက်သည်။

"တို့လိုက်တော့မယ်နော်......"

ချီရုန်က ကျွင်းဝူကိုပြောလိုက်သည်။
ကျွင်းဝူက အနည်းငယ်ပြုံးလျက်
ခေါင်းညိမ့်ပြသည်။

ချီရုန်က ဟွားချန်၏ အဆောင်ကိုကြည့်ရင်း
မီးအနည်းငယ်တောက်လောင်နေသော
ဝါးကျည်တောက်အသေးလေးအား
လက်ထဲတွင်ကိုင်ထားလျက်ပင်

"နောက်ဘဝမှ တွေ့ကြတာပေါ့...အယုတ်တမာခွေးကောင်ရေ...မဟုတ်ဘူး...ထပ်မတွေ့ဘူး...စတာ.."

ချီရုန်က ပြောချင်ရာပြောပြီး
မီးစာချည်ထားသော တိုင်ကို မီးဖြင့်တို့လိုက်သည်။

မီးစာလေးမှာ တောက်လောင်လာပြီး
တဖြည်းဖြည်း လောင်ကျွမ်းနေသည်။

ချီရုန်က ထိုပုံစံကို ကြည့်ပြီး
အသံကျယ်ကြီးရီချင်သော်လည်း
ရီမရသဖြင့် တိတ်တိတ်လေးသာ ကြိတ်ရီနေသည်။

ကျွင်းဝူကမူ ချီရုန်ကိုသာစိုက်ကြည့်နေသည်။

ထို့နောက်ရုတ်တရက်ပင်
ကောင်းကင်ယံ၌ တိမ်မဲများက ပို၍များပြားလာကာ
မိုးချိန်းသံကြီးများက လျပ်စီးတို့နှင့်အတူ
ပေါက်ထွက်လာတော့သည်။
ဘာမှန်းမသိလိုက်သည့်အချိန်တွင်ပင်
မိုးများက ရွာချလေတော့သည်။

လောင်ကျွမ်းနေသော မီးစာသည်
လောင်ချာလုံးနား မရောက်လိုက်ခင်တွင်ပင်
ငြိမ်းကာသွားတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Коментарі