Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 12 ( လင်နောက်လိုက်ခြင်း)
လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က >>>

နန်းတော်ကြီးတစ်ခုလုံး၏ နေရာတစ်ချို့တို့တွင် မီးလျှံများတောက်လောင်နေကြသည်။ အချို့အဆောင်တော်များရှိ တိုင်လုံးများ တံခါး ရွက်ဖျင်၊ ပြတင်းပေါက် တံခါးများသည်ပင်လျင် မီးလောင်မှုကြောင့် ပျက်စီးနေချေပြီ။ သို့သော်လည်း မီးလျံတို့က အရာရာကိုဆက်လက်လောင်ကျွမ်းရန်အသင့်ရှိနေကြသည့်နှယ် အကုန်လုံးကိုဝါးမြိုလောင်ကျွမ်းနေကြသည်။

နန်းရင်ပြင်ဝန်းကြီးထဲတွင်လည်း စစ်သည်များ၊ ရဲမက်များ အပြင် နန်းတွင်းသူ နန်းတွင်းသားများက ပြေးလွှားသူကပြေးလွှား၊ တစ်ဦးနှင့်တစ်ဦး အသေအကျေတိုက်ခိုက်နေသူများက တိုက်ခိုက်၊ ဒဏ်ရာ ရသူများအပြင် သေဆုံးနေသူများကပါ အလဲလဲ အပုံပုံဖြင့် နန်းတော်ကြီး တစ်ခုလုံးမှာ သွေးမြေဖြစ်နေချေလေပြီ။

" ဒီမှာနေ..ဒီမှာပဲနေ။ မယ်တော် မင်းရဲ့ခမည်းတော်ဆီကိုသွားရမှာမလိူ့ ဒီမှာပဲနေပါနော်။ခဏနေရင် သားတို့ကိုခေါ်ဖို့ လွှတ်လိုက်မယ်နော်။ ခဏလေးပဲ ကြာမှာပါ။ ညီလေးကိုလည်း သေချာကြည့်ထားပေး။"

ရှဲ့လျန်၏ မိခင်က ရှဲ့လျန်လက်ထဲသို့ သုံးနှစ်အရွယ်ခန့်ရှိသော ချီရုန်သေးသေးလေးအား ထည့်ပေးလိုက်သည်။ ချီရုန်၏ မိခင်သာမက ဖခင်ပါသေဆုံးသွားခဲ့ကြလေပြီမို့ ရှဲ့လျန်တို့က စောင့်ရှောက်ပေးရန်လိုအပ်လာလေပြီ။ ရှဲ့လျန်က အသက် ၆နှစ်ကျော်လောက်ရှိပြီဖြစ်သည့်အပြင် ပုံမှန်ထက်ပင် ဉာဏ်ကောင်းစည့် ကလေးတစ်ယောက်မို့ သူက ဤကိစ္စများကိူနားလည်နိုင်သည်။ ချီရုန်က လက်မလေးကို သူ့ပါးစပ်ထဲထည့်ကာ စုပ်နေရင်း ရှဲ့လျန်ကိုမော့ကြည့်လာသည်။

ရှဲ့လျန်၏ မိခင်က ထိုလျှို့ဝှက်အခန်းထဲတွင် သူတိူ့နှစ်ယောက်ကိုထားခဲ့လိုက်ပြီးသည့်နောက် သူမက အပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်သည်။ ရှဲ့လျန်က နောက်မှ နေ၍ ချီရုန်ကိုလက်တစ်ဖက်မှ ဆွဲထားလျက်ပင် သူမ၏ လက်ကို လှမ်းဆွဲလိုက်သည်။ ထိုအခါသူမက ချက်ချက်း ပြန်လှည့်လာပြီးနောက် ထိုင်လိုက်ကာ ရှဲ့လျန်အား တင်းကျပ်စွာဖက်လိုက်သည်။ ဘေးတွင် ချီရုန်လေးကတော့ သူတိူ့ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေလေ၏။ အတော်ကြာမှ သူမက ပြန်ခွာလိုက်ပြီး ချီရုန်ကိုပါကြည့်ကာ

"ချီရုန်လေးကို သားကသေချာဂရုစိုက်ရမယ်နော်။ သူ့မိဘတွေကလည်း မယ့်တော့်ဆီမှာ အကူအညီတောင်းသွားခဲ့ကြတာမလို့ သားကပဲ ဒီမယ်တော့ကိုယ်စား ဆက်ပြီး ကတိကိုတည်နိုက်အောင်လူပ်ရမယ်နော်။ ဟုတ်ပြီလား။ မယ်တော်က သားကို အမြဲတမ်းယုံကြည်တယ်။ "

သူမက ရှဲ့လျန်၏ ပါးပြင်လေးအား ကိုင်ကာ ခပ်ဖွဖွ ပွတ်သပ်ပေးရင်းဆိုသည်။ သူမ၏ ပါးပြင်ထက်တွင်လည်း မျက်ရည်စများက ပြည့်နှက်နေလေ၏။ ရှဲ့လျန်က ခေါင်းညိမ့်ပြလိုက်သည်။

"မယ်တော် စိတ်မပူပါနဲ့။ သား ချီရုန်ကို သေချာစောင့်ရှောက်မှာပါ။ ဒါပေမဲ့ မယ်တော်ရော ခမည်းတော်ရော သားကို ဒီနေရာမှာ လာခေါ်မယ်မလား။"

သူမ၏ လှုပ်ရှားမှာကအနည်းငယ်တော ရပ်တန့်ကာသွားသည်။ သူမက မျက်ရည်များကြားမှ ပြုံးပြလိုက်ရင်း

"ဒါပေါ့ ။ သားကို မယ်တော်တို့က ဘယ်လိုလူပ်ဒီမှယအကြာကြီးထားမှာတုန်း။ ခဏနေရင် လာခေါ်ဖို့လူလွှတ်လိုက်မယ်နော်။ ဟုတ်ပြီလား။"

ရှဲ့လျန်က ပြုံးလိုက်သည်။

"အွန်း ။"

ရှဲ့လျန်၏ မိခင်ထွက်သွားပြီးနောက်မှ ပြင်ပရှိ တိုက်ပွဲသံများက ပို၍ပင် ဆူညံလာသေးသည်။ သူတိူ့ရှိနေသည့် အခန်းတံခါးအပြင်ဘက်တွငိပင် တစ်ယောက်နှင့်တစ်ယောက်၏ ဓားဖြင့် ခုတ်ဖြတ်သံတို့ကို ကြားနေရလေ၏။ ပြတ်ထွက်သွားမှာကြောင့် ပန်းထွက်လာသည့် သွေးစများသည်ပင်လျှင့် တံခါးရွက်တစ်လျှောက်ရွှဲနစ်နေသေးသည်။

ရှဲ့လျန်က ချီရုန်အားလက်မှဆွဲကာ ချက်ချင်းထိုအဆောင်၏ ထောင့်တစ်နေရာရှိ လေးထောင့်ပုံစံ စားပွဲ၏ အောက်တွင် ဝင်နေလိုက်သည်။ ရှဲ့လျန်က ချီရုန်အား သူ၏ လက်ညိုးကိုနှူတ်ခမ်းတွင် ကပ်ပြတာ

"ရှူး တိုးတိုးနေနော်။ အသံမထွက်ရဘူး။ ကြားလား။"

"ရှူး...ဟီး..."

ချီရုန်က ရှဲ့လျန်လုပ်သည့်ပုံစံမျိုးလေးပြန်လူပ်ပြရင်း ရီသည်။ ရှဲ့လျန်က အသာပြုံးလိုက်ရင်း ချီရုန်၏ ခေါင်းကိုပင် ပုတ်လိုက်သေးသည်။ တခဏနေတော့ သူတိူ့ဆီကို သူတစ်ယောက်ရောက်ကာလာသည်။ ထိုသူက အမေပြောသည့် သူပင်ဖြစ်ချေမည်။ ဖခင်ဖြစ်သူ၏ ကိုယ်ရံတော်တွေထဲမှ တစ်ပါးဖြစ်တာကြောင့် ရှဲ့လျန်နှင့်လည်း ရင်းနှီးသည့်အခြေအနေပင်။ ထိုသူက အဆင်ပြေသော နေရာမှ နေ၍ ရှဲ့လျန်တို့နှစ်ယောက်ကို နန်းတော်အပြင်သို့ခေါ်ထုတ်ရန်ပြင်သည်။

နန်းတော်အပြင်ဘက်တွင် လှည်းယာဥ်တစ်ခုရှိသည်။ ထိုသူက ရှဲ့လျန်တို့ကို ဂါရဝပြုရင်း ထိုလှည်းပေါ်တတ်ရန်ပြောသည်။သူတို့နှင့်မနီးမဝေးတွင်တော့ တခြား ကိုယ်ရံတော် သုံးလေးယောက်ခန့်ရှိသေးသည်။ ရှဲ့လျန်က ချီရုန်အား လက်ကဆွဲလျက်ပင်

"မယ်တော်တို့ကရော"

"မကြာခင်လိုက်လာပါလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ မြန်မြန်လေး တတ်ပေးပါ။ မိသွားရန် ကျွန်တော်တို့အကုန်လုံးသေလိမ့်မယ်။"

ရှဲ့လျန်က ထိုသူ၏ စကားကိုသိပ်မယုံချင်သောလည်း ဤသို့လိုက်လုပ်ဖို့အပြင်သူရွေးချယ်စရာမရှိတာကြောင့် ချီရုန်ကိုသာခေါ်၍ လှည်းပေါ်တတ်ကာ သူတို့ခေါ်ရာကို လိုက်လာခဲ့ကြသည်။

လှည်းယာဥ်က ဒုန်းဆိုင်းသွားနေခဲ့သည်။ တစ်စက်မျှပင်ရပ်နားခြင်းမရှိခဲ့ချေ။ သူ၏ ရည်ရွယ်ချက်က နန်းတော်နှင့် အဝေးဆုံးနေရာအထိ သွားရန်တွေးထားပုံရသည်။ ရှဲ့လျန်တို့က ညပင်အတော်နက်ချေပြီမို့ ကလေးပီပီ ထိုလှည်းပေါ်တွင်ပင် အိပ်ပျော်နေခဲ့ကြသည်။

....................

နေ့လည်ပိုင်းလောက်ထိပင်သူတိူ့ မြင်းလှည်းကိုနှင်လာခဲ့ကြသည်။ ဘေးတွင်လည်း အခြားမြင်လေးကောင်က ခြံရံထားသေးသည်။ တေယတစ်ခု၏ အလည်ပိုင်းနားလောက်ကိုပင် ရောက်ချေပြီ။ ကိုယ်ရံတော်တစ်ယောက်က အခြေအနေကိုကြည့်လိုက်ပြီး ခရီးကို ဖြည်းဖြည်းချင်းသာ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ တောအထွက်တွင် မင်းသားလေးနှစ်ယောက်အတွက် အနားယူဖိူ့ပါ သူကပြင်ဆင်ချက်လူပ်ခဲ့သည်။
ရှဲ့လျန်သည်ပင်လျှင် လှည်းရှေ့တွင် ထွက်ထိုင်ရင်း ထိုသူတို့နှင့် စကားပြောဖြစ်သေးသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် မြင်းခွာသံများက ဆူညံပွတ်လောရိုက်စွာ ပေါ်ပေါက်လာပြီးနောက် သူတိူ့အနားသိူ့ ချက်ချင်းပင်ရောက်လာကြသည်။ ကိုယ်ရံတော်က ရှဲ့လျန်ကိုအထဲတွင်ပြန်ဝင်ရန် ပြောလိုက်သည်။ ရှဲ့လျန်က အထဲသို့ဝင်လိုက်ပြီး အိပ်ပျော်နေဆဲ ဖြစ်သော ချီရုန်၏ အနားတွင် ပြန်ထိုင်လိုက်သည်။ လှည်းယာဥ်က ရုတ်တရက်စောင့်ရပ်သွားလေ၏။

အပြင်ဘက်ရှိ တိုက်ခိုက်နေသံများက အတော်ကိုပင်ဆိုးရွားလှသည်။ ထိုလူများဘက်က အယောက် ၂၀ကေျာ်လောက်ပင်ရှိလိမ့်မည်ထင်သည်။ လူမမျှတာကြောင့် ရှဲ့လျန်တို့ဘက် နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ထင်သည့်အတိုင်း မကြာခင်တွင်ပင် ကိုယ်ရံတော်အားလုံး အသက်ခံလိုက်ရသည်။ တဖက်လူမိားတွင် လည်း အတုန်းအရုံးသေသူများရှိနေသေးသော်လည်း သူတိူ့ဘက်တွင် ဆယ်ယောက်ကျော်လောက်တော့ကျန်နေသေးသည်။ ဘာပဲဖြစ်ဖြစ် ကလေးနှစ်ယောက်ကတော့ ဘယ်လိုလူပ် အနိုင်ရနိုင်ပါမည်နည်း။ သူတိူ့က ရှဲ့လျန်တို့အား လှည်းအပြင်ကို ဆောင့်ဆွဲကာ ဆွဲထူတ်လိုက်သည်။ လက်မောင်းမှ အတင်းဆွဲယူသည့်အားက နာကျင်သော်လည်း ရှဲ့လျန်က တင်းခံသည်။ ချီရုန်ကတော့ အာပြဲကြီးဖြင့် စတင်ကာ အော်ငိုလေတော့၏။ အားလုံး၏ နားများပင် ကွဲထွက်လေမလား ထင်ရသည်အထိ သူ၏ အသံကတစ်တောလုံး ကိုပျံ့နှံ့လျက်ရှိသည်။

သူတိူ့ထဲမှတစ်ယောက်က နားနှစ်ဖက်ကိကလက်ဖြင့် အုပ်ရင်းဆိုသည်။

"နားညီးလိုက်တာ။ သူ့ကိုသာအရင်သတ်လိုက်တော့။ လိုတာက အိမ်ရှေ့စံကိုပဲဟာ။ သတ်သာသတ်လိုက်။"

ချီရုန်က ပိုမိုကျယ်လောင်စွာပင်အော်ငိုပြန်သည်။ တယောက်က သူ၏ ဓားကိုကိုင်လျက်ပင် ချီရုန်ဆီသို့ရောက်လာသည်။ ရှဲ့လျန်က တစ်ဖက်တွင်အခမ်းခံထားရသည်မို့ ချီရုန်ဆီပြေးသွားကန်ပြင်သော်လည်း ရုန်းကန်မရချေ။ ချီရုန်အား ထိုသူက ဓားဖြင့် ခုတ်ရန် လွှဲလိုက်စဥ်တွင်ပင် ရုတ်တရက် ထိုသစ်ပင်များကြားထဲမှ ပုဆိန်တစ်လက်ထွက်ပေါ်လာပြီး ထိုလူ၏ နှဖူးတည့်တည့်ကို စိုက်မှန်လေတော့သည်။

အားလုံးက လန့်ဖြန့်သွားကြပြီး ချီရူန်သည်ပင်လျက် အငိုတိတ်သွားခဲ့သည်။ ဓားကိုယ်စီကိုင်ထားသော သူများက ဓားများကို ပိုမိုမြဲမြံစွာကိုင်လိုက်ကြပြီး သူတို့၏ ကြောက်လန့်နေမှုကို မမြင်ရုံတမယ် ဖုံးကွယ်နေကြသည်။

"ဘယ်သူလဲ။ သတ္တိရှိရင်ထွက်လာခဲ့။"

ချက်ချင်းပင် ငါးဆယ်ကျော်နီးပါးရှိသော လူများ က သစ်ပင်များ ခြုံနွယ်များ၏ နောက်ကွယ်မှ ထွက်ပေါ်လာကြတော့သည်။ ထိုလူများအားလုံးထဲတွင် လက်နက်မပါသော သူက ထွက်လာပြီး ခုနကလူနှဖူးတွင် ဆိုက်နေသော သူ၏ ပုဆိန်ကိုဆွဲနှုတ်လိုက်သည်။ သူက ချီရုန်ကိုတစ်ချက်ကြည့်ရင်း ရီပြသည်။ ချီရုန်က နှပ်ချီးတွဲလောင်းဖြင့်ပင် ထိုလူကြီးကိုပြန်ကြောင်ကြည့်နေလေ၏။

ထိုလူက သူ့ပုဆိန်ပြန်ရလေတော့

"ငါတို့က လား။ ငါတို့က တောပုန်းဓားပြတွေလေ။ ဒါပေမဲ့ ငါတို့ကဓားပြပဲ တိုက်တာမဟုတ်ဘူး။ လူလည်းသတ်တယ်။ ညီနောင်တို့ အကုန်ရှင်းပစ်လိုက်။"

အားလုံးက ဝင်ရောက်တိုက်ခိုက်ကြတော့သည်။ ရှဲ့လျန်က ထိုလူတို့လက်မှ လွတ်လွတ်ချင်း ချီရုန်ဆီသို့ရောက်လာသည်။ ချီရုန်အားဖက်ထားလိုက်ပြီး ထိုမြင်ကွင်းကိုကြည့်နေခဲ့သည်။ တခဏအကြာတွင်ပဲ ထိုတောပုန်းဓားပြများက ထိုလူများကို အကုန်သတ်ပစ်လိုက်ကြသည်။

အဲ့နောက် ရှဲ့လျန်တို့ကို သူတို့စခန်းကိုခေါ်သွားကြတော့သည်။ ရှဲ့လျန်က မည်သည့်အကြောင်းအရင်းကိုမျှပြောမပြဘဲ ဘဝမှန်ကိုဖုံးကွယ်ပစ်လိုက်သည်။ ချီရုန်နှင့် ထိုဓားပြခေါင်းဆောင်က အတော်ပင်အတိုင်အဖောက်ညီလာခဲ့သည်။ ထိုဓားပြခေါင်းဆောင်က ချီရုန်ကို ပိုချစ်ပြီး သူ၏ ဘေးတွင် သူ၏သွေးသားတစ်ယောက်ကဲ့သိူ့ သဘောထားခဲ့ပြီး မကောင်းတာမှန်သမျှအကုန်သင်ကြားပေးခဲ့သည်။ ရှဲ့လျန်က ထိုနေရာမှ မကြာခဏထွက်သွားတတ်သူအပြင် သူကဤကိစ္စများကို စိတ်မဝင်စားသူမို့ ထိုလူက ဥပေက္ခာ ပြုပေးခဲ့သည်။ ချီရုန်ကတော့ ထိုလူကြီးနှင့် သူအရွယ်ရောက်သည်အထိ ဖခင်တစ်ဦးကဲ့သို့သတ်မှတ်ထားခဲ့သည်။

..........................................,......

"နှစ်လရှိပြီ။ နှစ်လရှိပြီလို့"

ချီရုန်က ချောက်ကမ်းပါးအစွန်းတွင် ထိုင်ရင်း အော်ဟစ်နေသည်။ ကျွင်းဝူက ထိုနေ့ညမှစ၍ ပေါ်မလာတော့သည်မှာ နှစ်လခန့်ပင်ရှိနေလေပြီ။ စာမလာအကြောင်းမကြား၊ တစ်စက်ကလေးမျှပင်အဆက်အသွယ်မရတာကြောင့် ချီရုန်မှာ နေ့တိုင်းနီးပါး ဒေါပွနေရသည်။

"ဒီကောင် ငါ့ကို တနပ်စားကြံသွားခဲ့တာလား။"

ချီရုန်က သူ၏ နှုတ်ခမ်းကို လက်ဖြင့်အသာထိကိုင်ရင်းဆိုသည်။ ထို့နောက်ချက်ချင်းပင် သူ၏ဗိုက်ကို ကိုင်လိုက်ရင်း

"ဗိုက်ကြီးလာရင်ဒုက္ခ။ ကိုယ်ဝန်ရသွားရင်ရော။ နမ်းရုံနဲ့ ကိုယ်ဝန်မရလောက်ပါဘူး။ နော့လေ။"

"ဟူး....."

တစ်ယောက်တည်းနည်းမျိုးစုံတွေးတောရင်း သက်ပြင်းချနေပြန်သည်။ ကျွင်းဝူသူ့အား အဘယ့်ကြောင့် ထားခဲ့သည်ကို သူတကယ်ပဲ တွေးမချေ။ တစ်ဝမ်းကွဲအကိုကတော့ သူ့ကိုတစ်ခုခုပြောလိုက်သည်မှာသေချာသည်။ ခက်တာက ရှဲ့လျန်အား မည်သို့ပင် ညှစ်မေးမေး လုံးဝမဖြေခဲ့ခြင်းပင်။ ထို့ကြောင့် သူမည်သို့မျှ ဆက်တွေးပေး၍ မရချေ။

"သူ့နောက်ကိုလိုက်သွားသင့်လား။"

ချီရုန်ကရေရွတ်လိုက်သည်။

"အကိုကြီး သွားချင်တယ်ဆိုရင် ကျွန်တော်တို့က လိုက်ပို့ပေးဖို့အသင့်ပဲ။"

ဤအသံက နန်ဖုန်း၏ အသံပင်။ ချီရုန့ကနောက်သိူ့လှည့်ကြည့်လိုက်လေတော့ တကယ်ကိုပင် ထိုနှစ်ယောက်က အထုပ်အသေးလေးတစ်ယောက်တစ်ထုတ်ဆီလွယ်ထားပြီး နန်ဖုန်း၏ လက်ထဲတွင် နောက်ထပ် အထုပ်အသေးလေး တစ်ထုပ်ပင် ကိုင်ထားသေးသည်။

နန်ဖုန်းက ထိုအထုပ်အား မြှောက်ပြလိုက်ရင်း

"သွားရအောင် အကိုကြီး။ မြို့တော်ကို။ ပြီးတော့ ကျွင်းဝူကိုရော သမဖို့သွားရအောင်။"

ချီရုန်က ပြူးကြောင်ကြောင်ကြည့်နေရာမှ ရုတ်တရက် မတ်တပ်ကောက်ရပ်လိုက်ပြီး ပြုံးလိုက်သည်။

"အေးသွားကြတာပေါ့။ ပြီးရင် အဲ့ကောင်ကိုတွေ့ပြီး ငါသူ့ကိုသမမယ်။ "

~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 13 ( တောသားမြို့တတ်)
Коментарі