Chapter 3 (စည်းကမ်းဖောက်မိပြီ)
မိုးသည်းသောကြောင့် ယမ်းတို့မှာရေနှင့်
မျောကုန်ပြီး လောင်ချာလုံးတို့မှာ
ရေစိုကုန်ကြသည်။
ချီရုန်က သူ၏ ဝါးကျည်တောင်လေးအား
ကိုင်ထားရင်း ပါးစပ်မစိနိုင်တော့ချေ။
"မ.....ဖြစ်.....ဘူး...."
တဖက်က မီးစါထည့်ထါးသေါဝါးကျည်တောက်ကို
ကိုင်ပြီး တဖက်က အကုန်မြောကုန်သော
သူ၏ ယမ်းများကို လက်လှမ်းနေသည်။
နှစ်ဦးသားလည်း မိုးရေထဲ
စိုရွဲကုန်လေ၏။
ကျွင်းဝူကဆိုသည်။
"ကျွန်တော်တို့မြန်မြန်ပြန်ရအောင်...
ရိပ်မိသွားလိမ့်မယ်..."
ကျွင်းဝူက ချီရုန်၏ အကျႌ လက်အစကို
ဆွဲရန်ပြင်လိုက်သည်။
"ခွီး........ဟားဟား ဟားဟား ဟားဟား... "
သူတို့၏အနောက်မှ ပေါ်ထွက်လာသော
ရီသံက မိုးသံကိုပင်ကျော်လွန်စေသည်။
"ချီရုန်...မင်းတော်တော်ကို တုံးတာပဲ....
မင်းလုပ်နေတာကိုလေ...ငါ ဟိုနေရာကနေ
ထိုင်ကြည့်နေတာ အူတတ်လို့သေတော့မယ်...
ဒါနဲ့ ရာသီဥတုကလည်း
မင်းဘက်မပါဘူးနော်......ခွီး...."
ဟွားချန်၏ လေှာင်ပြောင်သရော်မွုကဆိုးလှသည်။
ကျဆင်းနေသော မိုးရေများကြားထဲတွင်
ချီရုန်က ဟွားချန်အား စိုက်ကြည့်နေသည်။
ဟွားချန်၏ လူများက တမဟုတ်ချင်း
ချီရုန်တို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။
ထွက်ပေါက်လုံးဝမပေးတော့ချေ။
ချီရုန်က ကျွင်းဝူအား အကျႌ လက်စမှဆွဲ၍
သူ၏အနောက်ဘက်သိူ့ပို့လိုက်သည်။
ကျွင်းဝူက ချီရုန်၏ သူ့အကျႌလက်စအား
ဆွဲထားသော လက်ကို ခဏငုံ့ကြည့်လိုက်ပြီးမှ
ချီရုန်အား.ပြန်ကြည့်လိုက်သည်။
"ဟမ့်..မင်းကို သတ်ဖို့လာတာပဲ
ငါပြန်အသတ်ခံရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ.."
ချီရုန်က ခေါင်းငုံ့နေရာမှ
ရုတ်တရက်ပြန်မော့လာလိုက်ပြီး
သူ၏ လက်ညိုးကို မျက်လုံးအောက်နွုတ်ခမ်းနားတွင်
ထားကာ လျှာထုတ်ပြလိုက်သည်။
"ငလူးကောင်ဟွားချန် အယုတ်တမာကောင်
ငါက မင်းကိုကြောက်မယ်များထင်နေလား
ဟားဟား ဟားဟား မကြောက်တာ
မကြောက်တာ...ခွေးကောင်ကြီးဟွားချန်...ဟားဟား ဟားဟား........ "
ကျွင်းဝူမှာ ထိုစကားကြောင့်
ကြက်သေသေနေမိသည်။
ဟွားချန်က ဘာမှပြောမနေပဲ
သူ့ဘေးရှိ သူ့လူတယောက်အား
လက်ဖြန့်ကာ ပစ္စည်းတစ်ခုတောင်းလိုက်သည်။
လက်တစ်ဆုပ်စာရှိသော ကျောက်ခဲတစ်လုံးပင်။
ဟွားချန်က ထိုကျောက်ခဲအား
မြေှာက်လိုက်ပြန်ဖမ်းလိုက်လုပ်ရင်း
"မင်း မမှတ်သေးဘူးထင်တယ်....."
ဟွားချန်က ထိုကျောက်ခဲအားရုတ်တရက်ပင်
အားဖြင့် ချီရုန်ထံသို့ ဦးတည်ကာ
ပစ်ပေါက်လိုက်သည်။
ချီရုန်က အရူးတယောက်ကဲ့သို့ရီမောနေဆဲပင်။
သူ့အတွက် ဤကျောက်ခဲသည် မည်သိူ့မျှ
မပြောပလောက်သည့်ပုံစံကဲ့သိူ့။
သို့သော် သူ့အား လူတယောက်က
လက်ကောက်ဝတ် မှ ဆွဲလိုက်ပြီး
ဘေးသို့ေ ရာက်စေလိုက်သည်။
ချီရုန်၏မျက်ဝန်းတို့က ပြူးကျယ်လာသည်။
ကျွင်းဝူက ထိုကျောက်ခဲအား
သူမသိလိုက်သည့်အချိန်တခဏတွင် အစားဝင်ခံပေးလိုက်ခြင်းပင်။
မိုးရေစက်တို့ရွဲရွဲစိုနေသည့်အချိန်၌
နှဖူးမှ သွေးတို့သည် ရေစက်တို့နှင့်အတူရောကာ
ကျွင်းဝူ၏ မျက်နှာပေါ်သို့စီးကျလာကုန်သည်။
ချီရုန်က ကျွင်းဝူအား ပါးစပ်အဟောင်းသားဖြင့်
မော့ကြည့်သည်။
သူတို့၏ အရပ်က ၅လက်မခန့်လောက်ကွာခြားသည်။
ချီရုန်က ကျဆင်းနေသောသွေးတို့အား
လက်ညိုးထိုးလျက်
"မင်း သွေးတွေထွက်နေပြီ..... "
"ပေါက်ကြ.........."
ကျယ်လောင်သော အော်ဟစ်သံတို့က
သူတို့ရပ်နေသော နေရာနှင့်မလှမ်းမကမ်းမှ
ပေါ်ထွက်လာခဲ့သည်။
ထိုအသံများနှင့်အတူ ကောင်းကင်ယံတွင်
ခဲလုံး ကြီးငယ်တိူ့ကသူတို့ဆီသိူ့ဦးတည်စွာ
ပျံလွင့်လာနေသည်။
"ခေါင်းဆောင်ကို ကာကွယ်...."
ဟွားချန်ဘက်မှ သူတယောက်က
အသင့်အနေအထား ပြင်လိုက်ပြီး အော်သည်။
မိုးရေများကြား ယောက်ယက်ခတ်သွားသော
အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး
ကျွင်းဝူက ချီရုန်၏ လက်ကို ဆွဲကာ
ထိုလူအုပ်ကြားမှ ထိုးဖောက် ၍
ပြေးလေတော့သည်။
ချီရုန်က ကျွင်းဝူကိုင်လိုက်သော
သူ၏ လက်နှင့် ကျွင်းဝူ၏ လက်တို့ နှစ်ခုဆုံရာကို.
ကြည့်ရင်းပင် ကျွင်းဝူခေါ်ရာသိူ့ ပါသွားတော့သည်။
ကျွင်းဝူက မိုးရေနှင့်အတူ ရွာကျလာသော
ခဲလုံးကြီးသေး များကို လက်ဖြင့်ကာထားရင်း
တောအုပ်အစွန်းဘက်သိူ့ပြေးသွားသည်။
ဟွားချန်တို့သည်လည်း အလင်းထဲကလူ
ဖြစ်နေသောကြောင့် မည်သိူ့မျှတိုက်ခိုက်မရပဲ
သူ၏ အဲ့မင်ကြီးကိုသာ ကိုင်ပြီး
တယမ်းယမ်းလုပ်ကာ ခဲရေှာင်နေတော့သည်။
..................................................
"ရပ်အုန်းဟိတ်ကောင်....."
အတော်ကြာ ကျွင်းဝူဆွဲရာနောက်
လိုက်လာပြီးမှ ရပ်တန့်လိုက်ပြီး ချီရုန်က သူ၏ လက်ကို ပြန်ဆွဲယူလိုက်သည်။
ကျွင်းဝူက တံတွေးမြိုချလိုက်ပြီး
ချီရုန်၏လက်အားအတော်ကြာကိုင်ထားသော
သူ၏လက်အား ရေစိုနေသော အဝတ်တို့ဖြင့်ခပ် ကြမ်းကြမ်းသုတ်လိုက်သည်။
ချီရုန်က ချောင်းဟန့်လိုက်သည်။
"အဟမ်း.....မင်းသတ္တိရှိသားပဲ...."
"ဗျာ......."
ချီရုန်၏ အသံကတိုးဖြော့လှသည်။
မိုးသံကလည်းရှိနေသေးသောကြောင့်
ကျွင်းဝူ ဘာမှမကြားလိုက်ရပေ။မကြားရသည်မှာ
ဟုတ်ချင်မှလည်းဟုတ်ပေလိမ့်မည်။
ချီရုန်က ထပ်အော်သည်။
"မင်း...သတ္တိ...ရှိ..တယ်လိူ့...."
"ခေါင်းဆောင်ကို ထိရင် ကျွန်တော်မခံဘူး...."
ကျွင်းဝူက ပြန်အော်ပြောသည်။
နှစ်ယောက်သား မိုးရေထဲတွင် အော်ပွဲ ကျင်းပနေလေ၏။
ချီရုန်က ကျွင်းဝူအား ကြည့်ရင်း
"ဒါနဲ့လေ....မင်း...မနာဘူးလား...."
"ဘာကိုလည်း......"
"မင်း...ခေါင်းကွဲသွားတာလေ.........
မင်းခေါင်းမှာ....သွေးတွေ......"
ထိုအခါမှ ကျွင်းဝူ က သူ၏နှဖူးနားအား လက်ဖြင့်
စမ်းကြည့်လိုက်သည်။
လက်ပြန်ရုတ်လိုက်ချိန်တွင် ပါလာသော
သွေးစတွေကြောင့် ကျွင်းဝူက
မျက်စိအပြူးသားဖြင့် တအံတသြ ချီရုန်အားကြည့်သည်။
သူ၏လက်အားမြေှာက်ပြရင်း ထိုသွေးတို့ကို
တုန်တုန်ရီရီဖြင့် ချီရုန်အားပြသည်။
"သွေးတွေ...ကျွန်...ကျွန်တော့...ခေါင်းမှာ...သွေး..သွေး......သွေ......"
ချက်ချင်းပင် ဒူးနှစ်ချောင်းက
ခွေကျကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
ချီရုန်က ဒူးခွေကာ ထိုင်လိုက်ပြီး
မေ့လဲသွားသော ကျွင်းဝူ၏ ပါးအား
လက်ဖြင့် နှစ်ချက်ခန့်ပုတ်လိုက်သည်။
"ဟေ့...ဟေ့...."
ကျွင်းဝူက တုံ့ပြန်မွု မပေးတော့ပေ။
ချီရုန်က သူ့နှဖူးအား သူပြန်ရိုက်လိုက်ပြီး
"သောက်ကျိုးနဲ သတ္တိခဲကြီး......."
မိုးက တဖြည်းဖြည်းဖွဲလာ၏။
ချီရုန်က တကိုယ်လုံးလည်း စိူနေပြီမို့
မထူးတော့သည့်အပြင် ညစ်ပတ်နေခြင်းသည်
မထူးဆန်းရာ ဟုဆိုသည့်အတိုင်း
ကျွင်းဝူဘေးတွင် သူ၏လက်နှစ်ဖက်ကို ခေါင်းခုရင်း ဝင်လှဲလိုက်သည်။
ဘေးတွင် ခွေခွေလေး မေ့လဲနေသော
ကျွင်းဝူအား စောင်းကြည့်လိုက်ပြီး
"မင်းသိလား...ငါမင်းကို နည်းနည်းတော့
အံ့သြမိသွားတယ်...နည်းနည်းပါ...အများကြီးမဟုတ်ဘူး...."
ရွာချလိုက်သောမိုးတိို့နှင့်အတူ
တိိမ်မဲများကင်းစင်သွားသောကြောင့်
ပြန်လည်ထွန်းလင်းလာသော လရောင်က
သစ်ပင်ကြီးများ၏ သစ်ရွက်တို့ကြားမှ ထိုးဖောက်ကာ
သူတို့နှစ်ဦးအပေါ်သိူ့ ဖြာကျလျက်ရှိသည်။
ချီရုန်က ခေါင်းအောက်ရှိ လက်တစ်ဖက်အား
ပြန်ဆွဲထုတ်လိုက်ပြီး အပေါ်သို့မြေှာက်လိုက်သည်။
"ငါ့ကို ဘယ်သူကမှ အဲ့ဒီလို ရေှ့ကနေ
ကာကွယ်ပေးတာမျိုးမရှိခဲ့ဖူးဘူး.....
ငါ့အကို ဝမ်းကွဲတောင်မှပေါ့...ဒါမှမဟုတ်
သူလုပ်ဖူးရင်လည်း လုပ်ဖူးမှာပါ...ငါမမှတ်မိတော့တာ
နေမှာပေါ့...."
တခဏကြာတော့ ချီရုန်က သူ၏လက်အား
ပြန်ချလိုက်ပြီး
"ဟို လခွမ်းကောင်တွေ
ဘာလို့မလာကြသေးတာလည်း မဟုတ်မှ
မင်းကို ငါတယောက်တည်း စခန်းထိ
သယ်သွားရလိမ့်မယ်လို့တော့ မပြောနဲ့နော်..."
အတော်ကြာသည်အထိ သူ၏တပည့်များ
တကယ်ပင်ပေါ်မလာပါချေ။
ချီရုန်သည် ပက်လက်လှဲနေလျက်ပင်
အာပြဲ ကြီးဖြင့်အော်တော့သည်။
"ချီး.........ပဲ......."
........................................
"ခေါင်း....ဆောင်......"
ကျွင်းဝူ က အာသံပြဲကြီးဖြင့်အော်ရင်း
နိုးလာသည်။
ပတ်ပတ်လည်ကို ကြည့်တော့
ဤနေရာက သူတို့စခန်းပင်။
ဘေးတွင်လည်း နန်ဖုန်းတို့ ဖူယောင်တို့အပြင်
အခြားသူများလည်းရှိနေသည်။
သူ၏ ခေါင်းကို စမ်းကြည့်တော့
ပတ်တီးစည်းထားပေးပုံရသည်။
ကျွင်းဝူက သူ၏လက်အား ပြန်ချလိုက်ပြီး
"ခေါင်းဆောင်ရော...."
ကျွင်းဝူ၏အမေးကြောင့် အားလုံး၏
မျက်နှာက မကောင်းကြပေ။
ကျွင်းဝူ အနည်းငယ်လန့်သွားသည်။
"ခေါင်းဆောင်ရော...ဘယ်...ဘယ်သွားလို့လည်း.."
"ဟူး.....မပြောချင်ပါဘူးကွာ...."
နန်ဖုန်းက ကျွင်းဝူကိုတိုက်ရန်လုပ်ထားသော
ဆေးခွက်အား ဘေးတွင်ချလိုက်ရင်း
သက်ပြင်းချသည်။
ကျွင်းဝူက နန်ဖူန်း၏ အကျီႌစအား
ဆွဲကိုင်ကာ အထိတ်တလန့်မေးလေသည်။
"ဘာဖြစ်လို့လဲ လို့ မနေ့က
အကောင်းကြီးလေ......
မြောက်ပိုင်းခေါင်းဆောင်က ခေါင်းဆောင်ကို
တစ်ခုခုလာလုပ်သွားလို့လား......."
ကျွင်းဝူ၏ အသံကမာကျောနေလေ၏။
ကြောက်မက်ဖွယ်ရာပင်။
စူးရှလှသောမျက်ဝန်းအကြည့်တိူ့သည်က
အဖြေကိုမရှာနိုင်ပေ။
"ဘာဖြစ်နေကြတာတုန်း...."
ရုတ်တရက် ထွက်ပေါ်လာသော အသံပိုင်ရှင်က
ချီရုန်ပင်။
ကျွင်းဝူ က ချီရုန်ကို မြင်တော့
သူ၏ ရင်ထဲ၌ပိတ်ဆို့နေသည့် အလုံးကြီး
ကျသွားသည့်ပုံစံဖြင့်
အတင်းဆွဲကာထားသော
နန်ဖုန်း၏ အကျႌ စကို ပြန်လွွတ်ပေးလိုက်သည်။
မျက်ဝန်းတို့၏ အရောင်က
ချက်ချင်းပင် လဲ့လာပြီး
"ခေါင်းဆောင်...ဘာ..ဘာ..မှမဖြစ်ဘူးနော်..."
"လခွမ်း...ဖြစ်စရာလား.....
ငါ့ဘာသာ..မနေ့ညကညစ်ပတ်နေလို့
ရေသွားထပ်ချိူးတာလေ...."
ကျွင်းဝူက ချီရုန်ကို ပြန်အကြည့်လွွဲလိုက်ပြီး
နန်ဖုန်းအား အော်လေသည်။
"မင်းဘာလို့ ခေါင်းဆောင်
တစ်ခုခုဖြစ်တဲ့ပုံစံမျိုး ုဖြစ်နေရတာလည်း...
ငါက တကယ်တစ်ခုခုဖြစ်သွားပြီထင်နေတာ.."
"ဟမ်...တစ်ခုခုဖြစ်တယ်လေ....
ခေါင်းဆောင်က သူ့စည်းကမ်းသူ
ဖောက်ဖျက်မိတာလေ..
တပတ်တည်းကို ပဲရေနှစ်ခါ ချိုးမိသွားပြီ..."
".........."
ကျွင်းဝူက အသံတိတ်သွားလေ၏။
အမှန်တကယ် ဆွံ့အသွားပုံပင်။
ချီရုန်က ထအော်လေသည်။
"ငလူးတွေ မင်းတို့ကြောင့်လေ
ငါမိုးရေထဲ ဒီသုံးစားမရတဲ့ လဒ နဲ့ အကြာကြီး
နေလိုက်ရတာ.....အဲ့တော့ ငါရေထပ်မချိုးလို့
ရမလား....."
နန်ဖုန်းက နေရာမှ ထ၍
ချီရုန်အနားသိူ့သွားကာ ဖြေရှင်းချက်ပေးလေသည်။
"အကိုကြီး မနေ့က ကျွန်တော်တို့
အကိူကြီးတို့ကို စိတ်မချလို့လိုက်လာတာ
တကယ်မှန်သွားတယ် အဲ့ကောင်ခေါင်းဆောင်ဟွားချန်က အကိုကြီးကို သက်သက်နှိမ်ချင်လို့
မသိချင်ယောင်ဆောင်နေတာ
ကျွန်တော်တို့ လာတဲ့ တလမ်းလုံး
ရှိသမျှ ခဲတွေ အကုန်ကောက်လာတာ
အကိုကြီး အတွက် ပြန်လက်စားချေပေးမလို့
နောက်ဆုံးတော့ ပြန်လက်စားချေနိုင်ခဲ့ပြီ...
ဟုတ်တယ်မလား ညီအကိုတို့...."
နန်ဖုန်းက ပတ်ပတ်လည်တွင်ထိုင်နေကြသော
ကောင်လေးများအား ပြောလိုက်သည်။
အားလုံးကလဲ ထောက်ခံမြဲထောက်ခံကြသည်။
ချီရုန်က ထောက်ခံနေသော သူ့လူများအား
လက်ထောင်ပြကာ ရပ်စေလိုက်သည်။
သူ့ရေှ့တွင် ကွယ်နေသော
နန်ဖုန်းအား လက်ခါပြကာ
ဖယ်စေလိုက်ပြီး သူ၏ဦးတည်ရာသည်က
ကျွင်းဝူထံသို့။
ကျွင်းဝူက ယခုအချိန်အထိ
ကုတင်ရှည်ကြီးပေါ်တွင် ငုတ်တုတ်ကလေးပင် ။
ချီရုန်က ကျွင်းဝူအား သေချာစိူက်ကြည့်ပြီး
"အခုကစပြီး...မင်း...က
ငါ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ဖြစ်သွားပြီ..."
"............"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေး...
မင်းတို့ဘာလို့ ချီရုန်နဲ့ ကျွင်းဝူကို လာမကယ်ပဲ
ပျောက်သွားရတာလည်း မင်းတို့ကြောင့် ချီရုန်က ကျွင်းဝူကို စခန်းရောက်တဲ့အထိ တရွတ်တိုက်ဆွဲလာလိုက်ရတယ်လေ ချီရုန့် ကိုမသနားဘူးလား....
ဖြေ....
အမှန်တော့ အဲ့ဒီညက ကျွန်တော်တို့ အကိုကြီးတို့ကို
လိုက်ရှာပါသေးတယ် မိုးကလည်း တိတ်ပြီဆိုတော့
လရောင်လေးတစမ်းစမ်းနဲ့ပေါ့
ဒါပေမယ့် မထင်မှတ်ပဲ ကျွန်တော်တို့ သစ်ပင်တွေ
အုပ်နေတဲ့ အမေှာင်ထဲကို ရောက်လာတော့
ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမာ
ကြောက်ဖို့ကောင်းတဲ့ သရဲမဲမဲတကောင်ကို
တွေ့တယ်
မေး....
တောပုန်းဓားပြတွေက သရဲကိုကြောက်တတ်တာလား
ဖြေ.....
ခင်ဗျားမသိလို့ဗျ...အဲ့သရဲရဲ့ ပုံစံက အတော်လေးကိုထူးဆန်းတာ ကျွန်တော်ပြန်တွေးရုံနဲ့တင် ကြက်သီးထတယ် သူရဲ့ ခေါင်းက နေ ဘေးနှစ်ဖက်ကို အချွန်နှစ်ခုကစိုက်နေသေးတယ် ပြီးတော့ သူ့ရဲ့ခန္တာကိုယ်အပေါ် ပိုင်းကနေဒူးနားလောက်ထိ ဖောင်းကားနေသေးတာ ပြီးတော့လေ...
ပို...ပို..ဆိုးတာက သူက...သူ့ရဲ့ ကိုယ်ကနေ
အလုံးလိုလို အရာတစ်ခုကို ထုတ်ပြီး
ကိုက်စားနေသေးတာဗျ.......
ပြီးတော့ အရည်တွေကလည်း တစက်စက်
ကျနေသေးတာ ကျုပ်ထင်တာတော့
သွေး...သွေး..တွေထင်တာပဲ...
အဲ့ဒါနဲ့ပဲ ကျုပ်တို့အဖွဲလည်း
လှည့်မကြည့်တော့ပဲ ပြေးတော့တာ....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မျောကုန်ပြီး လောင်ချာလုံးတို့မှာ
ရေစိုကုန်ကြသည်။
ချီရုန်က သူ၏ ဝါးကျည်တောင်လေးအား
ကိုင်ထားရင်း ပါးစပ်မစိနိုင်တော့ချေ။
"မ.....ဖြစ်.....ဘူး...."
တဖက်က မီးစါထည့်ထါးသေါဝါးကျည်တောက်ကို
ကိုင်ပြီး တဖက်က အကုန်မြောကုန်သော
သူ၏ ယမ်းများကို လက်လှမ်းနေသည်။
နှစ်ဦးသားလည်း မိုးရေထဲ
စိုရွဲကုန်လေ၏။
ကျွင်းဝူကဆိုသည်။
"ကျွန်တော်တို့မြန်မြန်ပြန်ရအောင်...
ရိပ်မိသွားလိမ့်မယ်..."
ကျွင်းဝူက ချီရုန်၏ အကျႌ လက်အစကို
ဆွဲရန်ပြင်လိုက်သည်။
"ခွီး........ဟားဟား ဟားဟား ဟားဟား... "
သူတို့၏အနောက်မှ ပေါ်ထွက်လာသော
ရီသံက မိုးသံကိုပင်ကျော်လွန်စေသည်။
"ချီရုန်...မင်းတော်တော်ကို တုံးတာပဲ....
မင်းလုပ်နေတာကိုလေ...ငါ ဟိုနေရာကနေ
ထိုင်ကြည့်နေတာ အူတတ်လို့သေတော့မယ်...
ဒါနဲ့ ရာသီဥတုကလည်း
မင်းဘက်မပါဘူးနော်......ခွီး...."
ဟွားချန်၏ လေှာင်ပြောင်သရော်မွုကဆိုးလှသည်။
ကျဆင်းနေသော မိုးရေများကြားထဲတွင်
ချီရုန်က ဟွားချန်အား စိုက်ကြည့်နေသည်။
ဟွားချန်၏ လူများက တမဟုတ်ချင်း
ချီရုန်တို့နှစ်ဦးကို ဝိုင်းထားလိုက်ကြသည်။
ထွက်ပေါက်လုံးဝမပေးတော့ချေ။
ချီရုန်က ကျွင်းဝူအား အကျႌ လက်စမှဆွဲ၍
သူ၏အနောက်ဘက်သိူ့ပို့လိုက်သည်။
ကျွင်းဝူက ချီရုန်၏ သူ့အကျႌလက်စအား
ဆွဲထားသော လက်ကို ခဏငုံ့ကြည့်လိုက်ပြီးမှ
ချီရုန်အား.ပြန်ကြည့်လိုက်သည်။
"ဟမ့်..မင်းကို သတ်ဖို့လာတာပဲ
ငါပြန်အသတ်ခံရတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ.."
ချီရုန်က ခေါင်းငုံ့နေရာမှ
ရုတ်တရက်ပြန်မော့လာလိုက်ပြီး
သူ၏ လက်ညိုးကို မျက်လုံးအောက်နွုတ်ခမ်းနားတွင်
ထားကာ လျှာထုတ်ပြလိုက်သည်။
"ငလူးကောင်ဟွားချန် အယုတ်တမာကောင်
ငါက မင်းကိုကြောက်မယ်များထင်နေလား
ဟားဟား ဟားဟား မကြောက်တာ
မကြောက်တာ...ခွေးကောင်ကြီးဟွားချန်...ဟားဟား ဟားဟား........ "
ကျွင်းဝူမှာ ထိုစကားကြောင့်
ကြက်သေသေနေမိသည်။
ဟွားချန်က ဘာမှပြောမနေပဲ
သူ့ဘေးရှိ သူ့လူတယောက်အား
လက်ဖြန့်ကာ ပစ္စည်းတစ်ခုတောင်းလိုက်သည်။
လက်တစ်ဆုပ်စာရှိသော ကျောက်ခဲတစ်လုံးပင်။
ဟွားချန်က ထိုကျောက်ခဲအား
မြေှာက်လိုက်ပြန်ဖမ်းလိုက်လုပ်ရင်း
"မင်း မမှတ်သေးဘူးထင်တယ်....."
ဟွားချန်က ထိုကျောက်ခဲအားရုတ်တရက်ပင်
အားဖြင့် ချီရုန်ထံသို့ ဦးတည်ကာ
ပစ်ပေါက်လိုက်သည်။
ချီရုန်က အရူးတယောက်ကဲ့သို့ရီမောနေဆဲပင်။
သူ့အတွက် ဤကျောက်ခဲသည် မည်သိူ့မျှ
မပြောပလောက်သည့်ပုံစံကဲ့သိူ့။
သို့သော် သူ့အား လူတယောက်က
လက်ကောက်ဝတ် မှ ဆွဲလိုက်ပြီး
ဘေးသို့ေ ရာက်စေလိုက်သည်။
ချီရုန်၏မျက်ဝန်းတို့က ပြူးကျယ်လာသည်။
ကျွင်းဝူက ထိုကျောက်ခဲအား
သူမသိလိုက်သည့်အချိန်တခဏတွင် အစားဝင်ခံပေးလိုက်ခြင်းပင်။
မိုးရေစက်တို့ရွဲရွဲစိုနေသည့်အချိန်၌
နှဖူးမှ သွေးတို့သည် ရေစက်တို့နှင့်အတူရောကာ
ကျွင်းဝူ၏ မျက်နှာပေါ်သို့စီးကျလာကုန်သည်။
ချီရုန်က ကျွင်းဝူအား ပါးစပ်အဟောင်းသားဖြင့်
မော့ကြည့်သည်။
သူတို့၏ အရပ်က ၅လက်မခန့်လောက်ကွာခြားသည်။
ချီရုန်က ကျဆင်းနေသောသွေးတို့အား
လက်ညိုးထိုးလျက်
"မင်း သွေးတွေထွက်နေပြီ..... "
"ပေါက်ကြ.........."
ကျယ်လောင်သော အော်ဟစ်သံတို့က
သူတို့ရပ်နေသော နေရာနှင့်မလှမ်းမကမ်းမှ
ပေါ်ထွက်လာခဲ့သည်။
ထိုအသံများနှင့်အတူ ကောင်းကင်ယံတွင်
ခဲလုံး ကြီးငယ်တိူ့ကသူတို့ဆီသိူ့ဦးတည်စွာ
ပျံလွင့်လာနေသည်။
"ခေါင်းဆောင်ကို ကာကွယ်...."
ဟွားချန်ဘက်မှ သူတယောက်က
အသင့်အနေအထား ပြင်လိုက်ပြီး အော်သည်။
မိုးရေများကြား ယောက်ယက်ခတ်သွားသော
အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး
ကျွင်းဝူက ချီရုန်၏ လက်ကို ဆွဲကာ
ထိုလူအုပ်ကြားမှ ထိုးဖောက် ၍
ပြေးလေတော့သည်။
ချီရုန်က ကျွင်းဝူကိုင်လိုက်သော
သူ၏ လက်နှင့် ကျွင်းဝူ၏ လက်တို့ နှစ်ခုဆုံရာကို.
ကြည့်ရင်းပင် ကျွင်းဝူခေါ်ရာသိူ့ ပါသွားတော့သည်။
ကျွင်းဝူက မိုးရေနှင့်အတူ ရွာကျလာသော
ခဲလုံးကြီးသေး များကို လက်ဖြင့်ကာထားရင်း
တောအုပ်အစွန်းဘက်သိူ့ပြေးသွားသည်။
ဟွားချန်တို့သည်လည်း အလင်းထဲကလူ
ဖြစ်နေသောကြောင့် မည်သိူ့မျှတိုက်ခိုက်မရပဲ
သူ၏ အဲ့မင်ကြီးကိုသာ ကိုင်ပြီး
တယမ်းယမ်းလုပ်ကာ ခဲရေှာင်နေတော့သည်။
..................................................
"ရပ်အုန်းဟိတ်ကောင်....."
အတော်ကြာ ကျွင်းဝူဆွဲရာနောက်
လိုက်လာပြီးမှ ရပ်တန့်လိုက်ပြီး ချီရုန်က သူ၏ လက်ကို ပြန်ဆွဲယူလိုက်သည်။
ကျွင်းဝူက တံတွေးမြိုချလိုက်ပြီး
ချီရုန်၏လက်အားအတော်ကြာကိုင်ထားသော
သူ၏လက်အား ရေစိုနေသော အဝတ်တို့ဖြင့်ခပ် ကြမ်းကြမ်းသုတ်လိုက်သည်။
ချီရုန်က ချောင်းဟန့်လိုက်သည်။
"အဟမ်း.....မင်းသတ္တိရှိသားပဲ...."
"ဗျာ......."
ချီရုန်၏ အသံကတိုးဖြော့လှသည်။
မိုးသံကလည်းရှိနေသေးသောကြောင့်
ကျွင်းဝူ ဘာမှမကြားလိုက်ရပေ။မကြားရသည်မှာ
ဟုတ်ချင်မှလည်းဟုတ်ပေလိမ့်မည်။
ချီရုန်က ထပ်အော်သည်။
"မင်း...သတ္တိ...ရှိ..တယ်လိူ့...."
"ခေါင်းဆောင်ကို ထိရင် ကျွန်တော်မခံဘူး...."
ကျွင်းဝူက ပြန်အော်ပြောသည်။
နှစ်ယောက်သား မိုးရေထဲတွင် အော်ပွဲ ကျင်းပနေလေ၏။
ချီရုန်က ကျွင်းဝူအား ကြည့်ရင်း
"ဒါနဲ့လေ....မင်း...မနာဘူးလား...."
"ဘာကိုလည်း......"
"မင်း...ခေါင်းကွဲသွားတာလေ.........
မင်းခေါင်းမှာ....သွေးတွေ......"
ထိုအခါမှ ကျွင်းဝူ က သူ၏နှဖူးနားအား လက်ဖြင့်
စမ်းကြည့်လိုက်သည်။
လက်ပြန်ရုတ်လိုက်ချိန်တွင် ပါလာသော
သွေးစတွေကြောင့် ကျွင်းဝူက
မျက်စိအပြူးသားဖြင့် တအံတသြ ချီရုန်အားကြည့်သည်။
သူ၏လက်အားမြေှာက်ပြရင်း ထိုသွေးတို့ကို
တုန်တုန်ရီရီဖြင့် ချီရုန်အားပြသည်။
"သွေးတွေ...ကျွန်...ကျွန်တော့...ခေါင်းမှာ...သွေး..သွေး......သွေ......"
ချက်ချင်းပင် ဒူးနှစ်ချောင်းက
ခွေကျကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
ချီရုန်က ဒူးခွေကာ ထိုင်လိုက်ပြီး
မေ့လဲသွားသော ကျွင်းဝူ၏ ပါးအား
လက်ဖြင့် နှစ်ချက်ခန့်ပုတ်လိုက်သည်။
"ဟေ့...ဟေ့...."
ကျွင်းဝူက တုံ့ပြန်မွု မပေးတော့ပေ။
ချီရုန်က သူ့နှဖူးအား သူပြန်ရိုက်လိုက်ပြီး
"သောက်ကျိုးနဲ သတ္တိခဲကြီး......."
မိုးက တဖြည်းဖြည်းဖွဲလာ၏။
ချီရုန်က တကိုယ်လုံးလည်း စိူနေပြီမို့
မထူးတော့သည့်အပြင် ညစ်ပတ်နေခြင်းသည်
မထူးဆန်းရာ ဟုဆိုသည့်အတိုင်း
ကျွင်းဝူဘေးတွင် သူ၏လက်နှစ်ဖက်ကို ခေါင်းခုရင်း ဝင်လှဲလိုက်သည်။
ဘေးတွင် ခွေခွေလေး မေ့လဲနေသော
ကျွင်းဝူအား စောင်းကြည့်လိုက်ပြီး
"မင်းသိလား...ငါမင်းကို နည်းနည်းတော့
အံ့သြမိသွားတယ်...နည်းနည်းပါ...အများကြီးမဟုတ်ဘူး...."
ရွာချလိုက်သောမိုးတိို့နှင့်အတူ
တိိမ်မဲများကင်းစင်သွားသောကြောင့်
ပြန်လည်ထွန်းလင်းလာသော လရောင်က
သစ်ပင်ကြီးများ၏ သစ်ရွက်တို့ကြားမှ ထိုးဖောက်ကာ
သူတို့နှစ်ဦးအပေါ်သိူ့ ဖြာကျလျက်ရှိသည်။
ချီရုန်က ခေါင်းအောက်ရှိ လက်တစ်ဖက်အား
ပြန်ဆွဲထုတ်လိုက်ပြီး အပေါ်သို့မြေှာက်လိုက်သည်။
"ငါ့ကို ဘယ်သူကမှ အဲ့ဒီလို ရေှ့ကနေ
ကာကွယ်ပေးတာမျိုးမရှိခဲ့ဖူးဘူး.....
ငါ့အကို ဝမ်းကွဲတောင်မှပေါ့...ဒါမှမဟုတ်
သူလုပ်ဖူးရင်လည်း လုပ်ဖူးမှာပါ...ငါမမှတ်မိတော့တာ
နေမှာပေါ့...."
တခဏကြာတော့ ချီရုန်က သူ၏လက်အား
ပြန်ချလိုက်ပြီး
"ဟို လခွမ်းကောင်တွေ
ဘာလို့မလာကြသေးတာလည်း မဟုတ်မှ
မင်းကို ငါတယောက်တည်း စခန်းထိ
သယ်သွားရလိမ့်မယ်လို့တော့ မပြောနဲ့နော်..."
အတော်ကြာသည်အထိ သူ၏တပည့်များ
တကယ်ပင်ပေါ်မလာပါချေ။
ချီရုန်သည် ပက်လက်လှဲနေလျက်ပင်
အာပြဲ ကြီးဖြင့်အော်တော့သည်။
"ချီး.........ပဲ......."
........................................
"ခေါင်း....ဆောင်......"
ကျွင်းဝူ က အာသံပြဲကြီးဖြင့်အော်ရင်း
နိုးလာသည်။
ပတ်ပတ်လည်ကို ကြည့်တော့
ဤနေရာက သူတို့စခန်းပင်။
ဘေးတွင်လည်း နန်ဖုန်းတို့ ဖူယောင်တို့အပြင်
အခြားသူများလည်းရှိနေသည်။
သူ၏ ခေါင်းကို စမ်းကြည့်တော့
ပတ်တီးစည်းထားပေးပုံရသည်။
ကျွင်းဝူက သူ၏လက်အား ပြန်ချလိုက်ပြီး
"ခေါင်းဆောင်ရော...."
ကျွင်းဝူ၏အမေးကြောင့် အားလုံး၏
မျက်နှာက မကောင်းကြပေ။
ကျွင်းဝူ အနည်းငယ်လန့်သွားသည်။
"ခေါင်းဆောင်ရော...ဘယ်...ဘယ်သွားလို့လည်း.."
"ဟူး.....မပြောချင်ပါဘူးကွာ...."
နန်ဖုန်းက ကျွင်းဝူကိုတိုက်ရန်လုပ်ထားသော
ဆေးခွက်အား ဘေးတွင်ချလိုက်ရင်း
သက်ပြင်းချသည်။
ကျွင်းဝူက နန်ဖူန်း၏ အကျီႌစအား
ဆွဲကိုင်ကာ အထိတ်တလန့်မေးလေသည်။
"ဘာဖြစ်လို့လဲ လို့ မနေ့က
အကောင်းကြီးလေ......
မြောက်ပိုင်းခေါင်းဆောင်က ခေါင်းဆောင်ကို
တစ်ခုခုလာလုပ်သွားလို့လား......."
ကျွင်းဝူ၏ အသံကမာကျောနေလေ၏။
ကြောက်မက်ဖွယ်ရာပင်။
စူးရှလှသောမျက်ဝန်းအကြည့်တိူ့သည်က
အဖြေကိုမရှာနိုင်ပေ။
"ဘာဖြစ်နေကြတာတုန်း...."
ရုတ်တရက် ထွက်ပေါ်လာသော အသံပိုင်ရှင်က
ချီရုန်ပင်။
ကျွင်းဝူ က ချီရုန်ကို မြင်တော့
သူ၏ ရင်ထဲ၌ပိတ်ဆို့နေသည့် အလုံးကြီး
ကျသွားသည့်ပုံစံဖြင့်
အတင်းဆွဲကာထားသော
နန်ဖုန်း၏ အကျႌ စကို ပြန်လွွတ်ပေးလိုက်သည်။
မျက်ဝန်းတို့၏ အရောင်က
ချက်ချင်းပင် လဲ့လာပြီး
"ခေါင်းဆောင်...ဘာ..ဘာ..မှမဖြစ်ဘူးနော်..."
"လခွမ်း...ဖြစ်စရာလား.....
ငါ့ဘာသာ..မနေ့ညကညစ်ပတ်နေလို့
ရေသွားထပ်ချိူးတာလေ...."
ကျွင်းဝူက ချီရုန်ကို ပြန်အကြည့်လွွဲလိုက်ပြီး
နန်ဖုန်းအား အော်လေသည်။
"မင်းဘာလို့ ခေါင်းဆောင်
တစ်ခုခုဖြစ်တဲ့ပုံစံမျိုး ုဖြစ်နေရတာလည်း...
ငါက တကယ်တစ်ခုခုဖြစ်သွားပြီထင်နေတာ.."
"ဟမ်...တစ်ခုခုဖြစ်တယ်လေ....
ခေါင်းဆောင်က သူ့စည်းကမ်းသူ
ဖောက်ဖျက်မိတာလေ..
တပတ်တည်းကို ပဲရေနှစ်ခါ ချိုးမိသွားပြီ..."
".........."
ကျွင်းဝူက အသံတိတ်သွားလေ၏။
အမှန်တကယ် ဆွံ့အသွားပုံပင်။
ချီရုန်က ထအော်လေသည်။
"ငလူးတွေ မင်းတို့ကြောင့်လေ
ငါမိုးရေထဲ ဒီသုံးစားမရတဲ့ လဒ နဲ့ အကြာကြီး
နေလိုက်ရတာ.....အဲ့တော့ ငါရေထပ်မချိုးလို့
ရမလား....."
နန်ဖုန်းက နေရာမှ ထ၍
ချီရုန်အနားသိူ့သွားကာ ဖြေရှင်းချက်ပေးလေသည်။
"အကိုကြီး မနေ့က ကျွန်တော်တို့
အကိူကြီးတို့ကို စိတ်မချလို့လိုက်လာတာ
တကယ်မှန်သွားတယ် အဲ့ကောင်ခေါင်းဆောင်ဟွားချန်က အကိုကြီးကို သက်သက်နှိမ်ချင်လို့
မသိချင်ယောင်ဆောင်နေတာ
ကျွန်တော်တို့ လာတဲ့ တလမ်းလုံး
ရှိသမျှ ခဲတွေ အကုန်ကောက်လာတာ
အကိုကြီး အတွက် ပြန်လက်စားချေပေးမလို့
နောက်ဆုံးတော့ ပြန်လက်စားချေနိုင်ခဲ့ပြီ...
ဟုတ်တယ်မလား ညီအကိုတို့...."
နန်ဖုန်းက ပတ်ပတ်လည်တွင်ထိုင်နေကြသော
ကောင်လေးများအား ပြောလိုက်သည်။
အားလုံးကလဲ ထောက်ခံမြဲထောက်ခံကြသည်။
ချီရုန်က ထောက်ခံနေသော သူ့လူများအား
လက်ထောင်ပြကာ ရပ်စေလိုက်သည်။
သူ့ရေှ့တွင် ကွယ်နေသော
နန်ဖုန်းအား လက်ခါပြကာ
ဖယ်စေလိုက်ပြီး သူ၏ဦးတည်ရာသည်က
ကျွင်းဝူထံသို့။
ကျွင်းဝူက ယခုအချိန်အထိ
ကုတင်ရှည်ကြီးပေါ်တွင် ငုတ်တုတ်ကလေးပင် ။
ချီရုန်က ကျွင်းဝူအား သေချာစိူက်ကြည့်ပြီး
"အခုကစပြီး...မင်း...က
ငါ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ဖြစ်သွားပြီ..."
"............"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေး...
မင်းတို့ဘာလို့ ချီရုန်နဲ့ ကျွင်းဝူကို လာမကယ်ပဲ
ပျောက်သွားရတာလည်း မင်းတို့ကြောင့် ချီရုန်က ကျွင်းဝူကို စခန်းရောက်တဲ့အထိ တရွတ်တိုက်ဆွဲလာလိုက်ရတယ်လေ ချီရုန့် ကိုမသနားဘူးလား....
ဖြေ....
အမှန်တော့ အဲ့ဒီညက ကျွန်တော်တို့ အကိုကြီးတို့ကို
လိုက်ရှာပါသေးတယ် မိုးကလည်း တိတ်ပြီဆိုတော့
လရောင်လေးတစမ်းစမ်းနဲ့ပေါ့
ဒါပေမယ့် မထင်မှတ်ပဲ ကျွန်တော်တို့ သစ်ပင်တွေ
အုပ်နေတဲ့ အမေှာင်ထဲကို ရောက်လာတော့
ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမာ
ကြောက်ဖို့ကောင်းတဲ့ သရဲမဲမဲတကောင်ကို
တွေ့တယ်
မေး....
တောပုန်းဓားပြတွေက သရဲကိုကြောက်တတ်တာလား
ဖြေ.....
ခင်ဗျားမသိလို့ဗျ...အဲ့သရဲရဲ့ ပုံစံက အတော်လေးကိုထူးဆန်းတာ ကျွန်တော်ပြန်တွေးရုံနဲ့တင် ကြက်သီးထတယ် သူရဲ့ ခေါင်းက နေ ဘေးနှစ်ဖက်ကို အချွန်နှစ်ခုကစိုက်နေသေးတယ် ပြီးတော့ သူ့ရဲ့ခန္တာကိုယ်အပေါ် ပိုင်းကနေဒူးနားလောက်ထိ ဖောင်းကားနေသေးတာ ပြီးတော့လေ...
ပို...ပို..ဆိုးတာက သူက...သူ့ရဲ့ ကိုယ်ကနေ
အလုံးလိုလို အရာတစ်ခုကို ထုတ်ပြီး
ကိုက်စားနေသေးတာဗျ.......
ပြီးတော့ အရည်တွေကလည်း တစက်စက်
ကျနေသေးတာ ကျုပ်ထင်တာတော့
သွေး...သွေး..တွေထင်တာပဲ...
အဲ့ဒါနဲ့ပဲ ကျုပ်တို့အဖွဲလည်း
လှည့်မကြည့်တော့ပဲ ပြေးတော့တာ....
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Коментарі