Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
လရောင်က ကောင်းကင်ယံတွင်  ထွန်းလင်းတောက်ပနေလျက်ရှိသည်။ ကြည်လင်နေသော ရေကန်၏ မျက်နှာပြင်တွင် လမင်း၏ အလင်းရောင်က ထင်ဟပ်နေလေ၏။ တချက်တစ်ချက်လွုပ်ခါသွားသော ရေပြင်၏ ရေလွိုင်းလေးများက ထိုလမင်းကို ပါ လွုပ်ခါနေစေသည့်နှယ်။

ချီရုန်က ကျောက်တုံးမြင့်တစ်တုံးပေါ်တွင် ရေကန်ဘက်ကိုသာ မျက်နှာမူလျက် ထိုင်နေသည်။ သူက စိတ်ပျက်နေသည့်လူတစ်ယောက်နှယ် ခြေကုန်လက်ပန်းကျနေသည့်လူတယောက်နှယ် ထိုနေခြင်းပင်။ လက်ထဲတွင်လည်း ကျောက်စရစ်ခဲ လေးများကို ဆုပ်ကိုင်ကာထားသေးသည်။
ကျန်လက်တစ်ဖက်ဖြင့် ယူပြီး ရေကန်ထဲကိုပစ်ပစ်ပေါက်နေလေ၏။

လမင်း၏အလင်းရောင်က ထိုလူသား၏ကို်ယပေါ်သို့ပါ လှပစွာဖြာကျနေလေ၏။ ကျွင်းဝူက အတော်ကြာသည်အထိ ချီရုန်၏ နောက်ကျောကိုသာငေးကြည့်နေခဲ့သည်။ ပြီးမှ ချီရုန်၏အနားသို့ သွားထိုင်လိုက်သည်။ ဤသိူ့ ဘေးချင်းကပ်ထိုင်ခြင်းသည် ဘယ်သောအခါမှ နှစစ်ယောက်သာအတွက် ထူးဆန်းခြင်းမရှိခဲ့ပါချေ။

ယနေ့မှ မည်သို့မည်ကြောင့်မှန်းမသိ ချီရုန်၏ နှလုံးသားကအနည်းငယ်ပို၍မြန်မြန်လွုပ်ခါနေလေ၏။ ချီရုန်က ကျွင်းဝူနှင့် နီးနေရာမှ ကိုယ်ကိုနည်းနည်းစောင်းလိူက်ပြီး

"ဒီကိူဘာလာလုပ်တာလဲ။ နန်ဖုန်းတို့ကိုငါတယောက်တည်းနေချင်တယ်လို့ ပြောလိုက်တယ်လေ။ မင်းကိုဘာလို့လွွတ်လိုက်တာလဲ။"

ကျွင်းဝူက ချီရုန်၏လက်ထဲတွင်ရှ်သော ခဲလုံးများထဲမှတစ်လုံးကို လှမ်းနွိုက်ကာ ရေကန်ထဲသို့ပစ်ပေါက်လိုက်သည်။

"ကျွန်တော်လည်း တယောက်တည်းနေချင်လို့။ အတူတူတယောက်တည်းနေကြတာပေါ့။"

"....."

ချီရုန်က ရေှ့ဘက်ကိုသာမျက်နှာပြန်မူနေလိုက်သည်။ နှစ်ဦးသား တစ်ယောက်နှင့်တယောက်စကားမပြောပဲ ငြိမ်နေကြလေ၏။
ပြန်လည်စတင်လိုက်သူက ချီရုန်ပင်။

"ငါသွားတော့မယ်။ ဗိုက်ဆာနေပြီ။"

ချီရုန်ကရုတ်တရက်ထလိုက်ပြီး သွားမည်အလုပ် ကျွင်းဝူက လှမ်းဆွဲလိုက်သည်။

"ကျွန်တော်နဲ့ ခဏလောက်အတူနေပေးပါအုန်းလား။"

ကျွင်းဝူ၏ မျက်ဝန်းတို့က တောက်ပနေလျက်ရှိသည်။ ချီရုန်၏မျက်ဝန်းများနှင့် အကြည့်ချင်းဆုံကာ သွယ်တန်းလျက်ရှိနေကြ၏။ ပြီးမှချီရုန်က အကြည့်ကိုလွွဲကာ ကျွင်းဝူဘေးတွင် ပြန်ထိုင်နေလိုက်သည်။

ကျွင်းဝူက ချီရုန်ကိုမကြည့်ပဲ သူ၏ လက်ဖဝါးနှစ်ဖက်ကိုပွတ်ကာ ထိုလက်ကိုသာအာရုံဆိုက်နေသည်။

"ကျွန်တော့ကို ဒီနေ့ ဟိုလူတွေနဲ့ပတ်သတ်ပြီး ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ဆိုးနေတာလား။"

"မဆိုးပါဘူး။"

"ကျွန်တော်တို့ုကြား ဘာမှမဟုတ်ပဲ ဝေးကွာသွားသလိုခံစားရတယ်။"

"အင်း..."

(အင်း...အင်းတဲ့လား။ သူငါ့ကိုဆဲဆိုနေသင့်တာ။ သူငါ့ကိုရိုက်သတ်တာဖြစ်ဖြစ်ပေါ့။ ဒီအတော်အတွင်း သတိရလျက်နဲ့ နန်းတော်ကိုမပြန်ခဲ့တာကလည်း သူနဲ့အတူအကြာကြီးရှိနေချင်လို့ပဲ။ သူနဲ့ပဲ... သူနဲ့အတူ....သူရော..ငါ့အပေါ်မှာခံစားချက်သေးသေးလေးတောင်မရှိဘူးလား။)

"ခေါင်းဆောင်...ကျွန်တော်..."

"သူတို့နဲ့ ပြန်လိုက်သွားတော့မလို့မလား။ သွားပါ။ ဒီနေရာက အစထဲက မင်းနဲ့မှမသတ်ဆိုင်တာ။ ပြီးတော့ ငါပြောထားတဲ့အတိုင်းပဲ။ မင်းဘဝအမှန်ကိုသိတဲ့အခါ မင်းဒီနေရာကနေထွက်သွားရမယ်လို့။ "

ချီရုန်က နောက်သို့ ပစ်လှဲချလိူက်သည်။ လက်ထဲရှိခဲလုံးတစ်ချို့ကို အကုန်ပစ်ချလိုက်ပြိး လက်နှစ်ဖက်ကို ခေါင်းခုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းကံကောင်းတာပေါ့။ ဧကရာဇ်တဲ့။ ဟားဟား.... တကယ်ကို ကြောက်စရာအဆင့်အတန်းပဲ။ ငါထင်တော့ထင်ပါတယ်။ မင်းတကိုယ်လုံးကဒီလောက် နူးညံ့ပြီး အထိမခံဖြစ်နေတာ။"

ကျွင်းဝူက သူ့အားလှမ်းကြည့်ကာ သူပြောသမျှကိုနားထောင်ရုံသာ ထောင်နေခဲ့သည်။
ဒီအကြောင်းအရာကို သူဘယ်ကနေဘယ်လို စပြောရမလဲကိုမသိသည်မှာတကယ်အမှန်ပင်။

"ကျွန်တော် သတိရနေတာကြာပြီ။"

ကျွင်းဝူက ချီရုန်၏မျက်ဝန်းများကို စိုက်ကြည့်ရင်း ဆိုသည်။ ချီရုန်က သူ့ကိုပြန်လည်စိုက်ကြည့်လာပြီးနောက် ရုတ်တရက် ပြန်ထိုင်လိုက်သည်။

"ဘာကို...မင်းအတိတ်မမေ့တော့တာကြာပြီလို့ပြောချင်တာလား။"

ကျွင်းဝူက ခေါင်းညိမ့်လိုက်သည်။

"ဒါဆို ဒီအတော်အတွင်းသတိရလျက်နဲ့ ငါ့ကို..ငါ့ကိုလိမ်ထားတာလား။"

"ကျွန်တော်တောင်းပန်ပါတယ် ။ တမင်လုပ်တာမဟုတ်ပါဘူး။"

ချီရုန်က မတ်တပ်ကောက်ရပ်ကာ

"ဟ....ဘာလုပ်ဖို့လဲ။ ငါတို့ကို ဖမ်းဖို့လား။ ဟုတ်လား။ မင်းက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူဆိုတော့ ငါတို့လို မဟုတ်တာလုပ်တဲ့သူတွေကို အကွက်ဆင်ပြီးဖမ်းဖို့ ချောင်းနေတာလား။"

ချီရုန်က မိမိကိုယ်ကို အလွန်စိတ်ပျက်မိသွားသည်။ တနေ့ခင်းလူံးသူ၏အတွေးများက ကျွင်းဝူသာသူနဲ့ အဝေးကိုထွက်သွားခဲ့ရင်ဆိုသည့် အတွေးများသာ စိုးမိုးလျက်။

"ချီးထဲမှပဲ...တရားမျှတလွန်းဆုံးသူကြီးကို ငါတိူ့အနားခေါ်ထားမိရတယ်လို့။ လခွမ်းတွေ။ ခဏ...မင်းလူတွေက ငါ့လူတွေကို ဖမ်းများနေပြီလား။ မင်းလုပ်ခိုင်းထားလိုက်ပြီမလား။ ငါအမြန်ပြန်မှရမယ်။"

ချီရုန်က ပြေးထွက်ရန်ပြင်လိုက်သည်။ ဤတစ်ခါတွင်တော့ ကျွင်းဝူက ချီရုန်၏လက်ကောက်ဂတ်မှ လှမ်းဆွဲလိုက်ပြီး သူ၏ ရင်ခွင်အတွင်းသို့တစ်ခါတည်းဆွဲထည့်ကာ ဖက်ထားပစ်လိုက်သည်။ချီရုန်ကရုန်းလေ၏။

"ငါ့ကိုလွွတ်။ မင်းငါတို့အကုန်လူံးကိုသတ်ပစ်တော့မလို့လား။ ငါ့ကိုရော သတ်မှာလား။ အဲ့တာဆိုလည်း ငါ့ကိုပဲသတ်။ ငါ့လူတွေကိုတော့ လွွတ်ပေးလိုက် ။ သူတို့ကငါလုပ်ထားလို့ ပျက်စီးနေရုံလေး။ ငါမရှိတော့ရင် သူတို့က လူကောင်းတွေဖြစ်လာမှာ။ အွတ်......."

ရုတ်တရက်ထိကပ်လာသော နူးညံ့သည့်နွုတ်ခမ်းတစ်စုံက ချီရုန်၏ တရစပ်ပြောဆိုနေသော ပါးစပ်ပေါက်အား ပိတ်ပစ်ရန် လုံလောက်နေခဲ့လေသည်။ ပြူးကျယ်လာသော မျက်ဝန်းတို့က ဟိုဒီပြေးလွွားလိုက်၊ အောက်ဘက်က်ုသာစိုက်ကြည့်လိုက်ဖြင့် အလုပ်ရွုပ်နေလေ၏။ အတော်ကြာမှ နွူတ်ခမ်းနှစ်စုံအားပြန်ခွာလိုက်ပြီး ကျွင်းဝူက

"ကျွန်တော့ကိုပြောခွင့်လေးတော့ပေးပါအုန်းလား။ ခေါင်းဆောင်အဲ့လောက်ထိ အတွေးတွေများနေလိမ့်မယ်လို့ကျွန်တော် တကယ်မထင်ခဲ့မိဘူး။ "

ကျွင်းဝူက ချီရုန်ကိုဖက်ထားရာမှ သူ၏လက်နှစ်ဖက်ကို ပြန်ဆန့်ကာချီရုန်၏ပုခုံးနှစ်ဖက်ကို တစ်ဖက်စီ ကိုင်လိုက်ပြီး

"ခေါင်းဆောင် ကျွန်တော့ကိုသေချာကြည့်။"

"ဟမ်...အင်း.."

ချီရုန်က ကြောက်တောင်တောင်ဖြစ်နေရာမှ ကျွင်းဝူစကားကို နားထောင်ကာ ကျွင်းဝူကိုကြည့်လိုက်သည်။

"ကျွန်တော် ခေါင်းဆောင်ရဲ့လူတွေကိုတစ်ခုခုလုပ်ဖို့ တစ်ခါမှကိူမတွေးဖူးဘူး။ ကျွန်တော်ဒီနေရာလေးကို ကြိုက်တယ်။ ဒီလူတွေကို သဘောကျတယ်။ ပြီးတော့..."

ကျွင်းဝူက ချီရူန်အားပိူ၍ပင်ဆိုက်ကြည့်လိုက်ပြီး

"ပြီးတော့..ကျွန်တော် ခေါင်းဆောင်ကိုလည်း သဘောကျတယ်။ ကျွန်တော်ပြောတဲ့သဘောကျတယ်ဆိုတာက ညီအကိုလို ခေါင်းဆောင်တယောက်လို နန်ဖုန်းတို့ဖူယောင်တို့ ကိုသဘောကျသလိူမျိုးမဟုတ်ဘူး။ ကျွန်တော်က ချီရုန်လိုခေါ်တဲ့ လူတစ်ယောက်ကို ချစ်မြတ်နိုးတာ။"

ကျွင်းဝူ၏ မျက်နှာက ချီရုန်၏မျက်နှာအနားသိူ့နီးကပ်လာလေ၏။ လရောင်အောက်တွင် နှစ်ဦးသါး၏အရိပ်နှစ်ခုသည်လည်း ရေပြင်တွင်ထင်ဟပ်ကာနေလေ၏။

"ခဏလေး။"

"အ့..."

ချီရုန်က အတော်ကြာတိတ်ဆိတ်နေပြီးမှ နီးကပ်လာသော ကျွင်းဝူ၏ မျက်နှာအား လက်ဖြင်ြ ဖတ်ကနဲ မြည်အောင်ရိုက်ချလို်က်ရင်းဆိုသည်။

"နားမလည်ဘူး။ မင်းပြောချင်တာ မင်းကငါ့ကို ကြိူက်တယ်လို့ဆိုလိုချင်တာလား။"

ချီရုန်က သူ့ကိုယ်သူ လက်ညိုးထိုးလျက်ကျွင်းဝူအားမေးလိုက်သည်။ ကျွင်းဝူကအရိုက်ခံလိုက်ရသော မျက်နှာအား ပွတ်နေ၏။ နာသွားပုံရသည်။
ချီရုန်က ထပ်ပြောလာသည်။

" ဟို ယောက်ျားတယောက်က မိန်းမတယောက်ကို ကြိုက်သလိုမျိုးလား။ မိန်းမတယောက်က ယောက်ျားတယောက်ကိုကြိုက်သလိုမျိုးလား။ ဒါမှမဟုတ်... ဒါမှမဟုတ် ဟွားချန်နဲ့ ရှဲ့လျန်တို့ ချစ်ကြိုက်သလိူမျိုးလား။"

ကျွင်းဝူက လက်ကိုပြန်ချလိူက်ပြီး

"ဟုတ်တယ်။ သူတို့လိုမျိုး..."

"အော်...နားလည်ပြီ။ ဒါ..ဒါဆို...သူတို့လည်း ခုနကလိုပဲ လုပ်ကြတာလား။ အဲ့လိုလူပ်ကြလို့လား။"

"ဘယ်လိုဟာမျိူးလဲ။"

"ခုနက ပါးစပ်ပိတ်လို်က်တာမျိုးလေ။"

ကျွင်းဝူက ခပ်သဲ့သဲ့ပြုံးလိူက်သည်။

"ဟင့်အင်း...."

"ဒါဆို.မင်းကဘာလို့..."

ချီရုန်၏စကားကိူလျစ်လျူရှူလျက် ကျွင်းဝူကချီရုန်၏ ခန္တာကိုယ်အားခါးမှဆွဲသိမ်းလိုက်သည်။
ကျွက်းဝူက ချီရုန်အားစူးရှတောက်ပနေသည့်မျက်ဝန်းတစ်စုံဖြင့်ကြည့်ရင်း ပြုံးလိုက်ကာ

"သူတို့ကဒီလိုလုပ်ကြတာ။"

ရုတ်တရက်ပင် ချီရုန်၏အနည်းငယ်ပွင့်ဟနေသော နွုတ်ခမ်းတစ်စုံကိုဖိကပ်ပြီးနောက် ပိုမိုနက်ရှူိင်းသည့် အနမ်းတစ်ခုကိုစတင်လိူက်သည်။ ချီရုန်က မျက်ဝန်းတစ်စုံကိုသာအသေမှိတ်ထားလိူက်ပြီး ပါးနှစ်ဖက်ကမူရဲလျက် ကျွင်းဝူ၏ခေါ်ဆောင်ရာသို့လိုက်ပါနေသည်။ နွုတ်ခမ်းနှစ်ခု ရောယှက်ကာနေပြီး ကျွင်းဝူ၏လျှာဖျားလေးကကျွင်းဝူ၏ ပါးစပ်အတွင်းသို့ ဝင်ရောက်ကာနယ်ချဲ့လျက်ရှိသည်။ အနည်းငယ်ကြာတော့ ချီရုန်က ကျွင်းဝူ၏ရင်ဘတ်အား ထုလိုက်လေ၏။ ကျွင်းဝူက အနမ်းအား ဖြည်းဖြည်းချက်ရပ်တန့်စေလိုက်ပြီး ချီရုန်ပိုကြည့်လိုက်သည်။

"အသက်ရွုကျပ်လာတယ်။"

"ဒါပေမဲ့ ကောင်းတယ်မလား။"

ကျွင်းဝူက ချီရုန်၏ နွုတ်ခမ်းတစ်ဝိုက်တွင် ပေကျံသွားသော အမျှင်တန်းများကို လက်မဖြင့် အသာပွတ်ကာသုတ်ပေးလိုက်ရင်းဆိုသည်။

"ဒီနွုတ်ခမ်းနဲ့ ပါးစပ်ဆိုတာက စားဖို့နဲ့ ဆဲဖို့ပဲသုံးလို့ရတာမဟုတ်ဘူး ။ တွေ့လား။"

"အေးနော်။ မထင်ထားဘူး ။ မင်းဘယ်ကတတ်တာလဲ။"

ချီရုန်က သူနွူတ်ခမ်းသူ ပြန်ကိုင်ကြည့်ရင်းသဘောကျနေလေ၏။

"ကျွန်တော်နမ်းတာကိုသဘောကျလား။"

"လဲသေလိုက်လေ။"

ကျွင်းဝူက ချီရုန်၏အပြောကြောင့် ရီလေ၏။

"ဟားဟား.... ဟုတ်ပါပြီ။"

ချီရုန်ကလည်း သူ့နွူတ်ခမ်းကိုသာဆက်ကိုင်ထားရင်း ပြုံးစိစိလူပ်နေလေ၏။ ကျွင်းဝူကမေးလိုက်သည်။

"ကျွန်တော်နဲ့အတူလိုက်ခဲ့ပါလား။ မြို့တော်ကို.."

ချီရုန်က ကျွင်းဝူကို ကြည့်လိုက်သည်။


~~~~~~~~~~~




© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Коментарі