Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
"ဒီ...ဒီ...ဒီ...ဒီကောင် ကျွင်းဝူ ငါ့ကို အခုလျစ်လျူရှူလိုက်တာလား။ ဟုတ်လား။"
ချီရုန်က နန်းတော်ကြီး၏ တံခါးဘက်ကိုလက်ညိုးထိုးပြီးနောက် တဖက်သိူ့ပြန်လှည့်ကာ မိမိကိုယ်ကို လက်ညိုးထိုးလျက်အော်လေသည်။ သူ့နောက်မှ အမှီပြေးလိုက်လာလေသော နန်ဖူန်းနှသ့်ဖူယောင်တို့က လည်း ခေါင်းတညိမ့်ညိမ့်နှင့်ပင် ထောက်ခံကြလေ၏။
"ဟုတ်တယ် အကိုကြီး။ ကျွင်းဝူဆိုတာ သေချာတယ်။ သူက ဘုရင်ဆိုတော့ ဒီထဲမှာနေမှာပဲ။ အဆင့်မတူတော့ဘူးဆိုပြီး ကျွန်တော်တို့ကို အဖက်မလုပ်တော့တာနေမှာ။"
ချီရုန်က နန်းတော်တံခါးဝကြီးကိူ ပြန်ကြည့်လိုက်ရင်း ဆိုသည်။
"ဒီကောင်က ငါ့ကိုစမ်းတယ်ပေါ့။ သေဖို့သာပြင်ထား။ ငါ့နေရာကိုပြန်ရရင်တောင် ငါ့ကိုအလွဲသုံးစားလုပ်တဲ့ အမှုနဲ့ ဒင်းကိုပညာတော့ ပေးခဲ့ပြီးမှ ပြန်မယ်။ နန်ဖူန်း၊ ဖူယောင် လိုက်ခဲ့စမ်း။"
"ဟုတ်ကဲ့ အကိုကြီး။"
"ဟုတ်ကဲ့ အကိုကြီး။"
နှစ်ယောက်လုံးက ကိုယ်ခန္တာကိုမတ်မတ်ရပ်ပစ်လိုက်ပြီး ချီရုန်၏ အမိန့်ကိုနာခံသည့်အနေဖြင့် အသံကျယ်ကြီးအော်လိုက်ကြသည်။ ချီရုန်က ထိုနေရာမှ ထွက်ခွာကာ စျေးတန်းဘက်သို့ ပြန်လှည့်လာလေတော့၏။
................................
"အကိုကြီး ဘာလုပ်မယ်ထင်တုန်း။"
နန်ဖုန်းက ချီရုန်၏ အနောက်မှလိုက်ရင်းဘေးရှိ ဖူယောင်အား ခပ်တိုးတိုးမေးသည်။ ဖူယောင်က ဘေးသို့စောင်းလျက်ပင် ခပ်တိုးတိုးပြန်ဖြေသည်။
" သေချာတာကတော့ ကျွင်းဝူကိုတစ်ခုခုလုပ်မှာပဲ။ တို့ အကိုကြီးက ခေါင်းအရမ်းမာတာမင်းသိတယ်မလား။"
"အေး...ဒါပေမဲ့ ငါနည်းနည်းတော့ စိုးရိမ်လို့။ ဘာလို့ဆို ဒီနေရာက ငါတို့နေရာမှမဟုတ်တာ။ တော်ကြာ အသက်ခံနေရရင်ဘယ်လိုလုပ်မလဲ။"
"အဲ့တော့ သေလိုက်ပေါ့။"
ဖူယောင်က ခပ်ပြတ်ပြတ်ပင်ပြောရင်း နန်းဖုန်းအားကျော်တတ်သွားတော့သည်။ နန်ဖုန်းက ထိုစကားကြောင့် သူ့လည်ပင်းသူ လက်ဖြင့် အသာကိုင်လိုက်ရင်း
"အီး....ဂန့်ကုန်တော့မှာပဲ။"
...........................
* ဘုန်း*
"အမလေး.......သေပါပြီဟဲ့။"
ရုတ်တရက် စားပွဲခုံအား ထုချလိုက်သောအသံကြောင့် အိပ်ငိုက်နေသော အသက်လေးဆယ်ကျော်ကျော်ဟုထင်ရသည့် သူမှာလန့်ကာနိုးသွားလေတော့သည်။ သူက မိမိအား ထိုသိုလန့်နိုးအောင်လုပ်သည့်အပြင် မိမိအလုပ်စားပွဲကိုပါအသံမြည်သည်အထိ ထုလိုက်သော ထိုလူအား မော့ကြည့်လိုက်သည်။
"မင်း...."
သို့သော်လည်း ချီရုန်ကပင် တင်းမာနေသော မျက်နှာထားဖြင့် စတင်ကာ ထိုလူအားလက်ညိုးထိုးလိုက်သည်။ ထိုသူက မိမိကိုယ်ကို လက်ညိုးပြန်ထိုးကာ
"ငါ...."
"အင်း...မင်း...စာရေးတတ်တယ်မလား။"
"ရေးတတ်တာပေါ့။ ဒီ စျေးတန်းတစ်လျောက်မှာရှိတဲ့ ဆိုင်းဘုတ်တွေ စာတန်းတွေမှန်သမျှ ငါပဲအကုန်ရေးပေးတာ။ ငါ့ဆိုင်က ဒီမြို့မှာအကောင်းဆုံးပဲ။ "
ထိုလူက မတ်တပ်ရပ်လိုက်ပြီး ဝံ့ကြွားစွာဆိုသည်။ ချီရုန်က ထိုလူအား သံသယအကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ထိုသူ၏နောက်ဘက်တွင် နေရာအနှံချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးငယ်များကိုကြည့်လိုက်သည်။
"ကောင်းပြီ။ ကောင်းပြီ။ ငါ ဆိုင်းဘုတ်တစ်ခု ပြောရရင်ကွာ စာရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုလိုချင်တာ။"
"ရတာပေါ့။ လိုချင်တဲ့ပုံစံနဲ့ ရေးချင်တဲ့ စာကိုသာပြောလိုက်။ အခုချက်ချင်းလူပ်ပေးလိူက်မယ်။"
"အတော်လေးကို အားယားနေမှန်းသိသာချက်။"
ဝံ့ကြွားစွာပြောနေသောထိုသူ၏ နောက်တွင် တီးတိုးစကားသံတစ်ခုက ကပ်ပါလာသည်။ ထိုအသံကိုကြားတော့ ထိုသူက ချီရုန်၏အနောက်ရှိ နန်ဖုန်းတို့အားလှမ်းကြည့်သည်။ ချီရုန်သည်လည်း လှဘ့်ကြည့်လိုက်သေး၏။ ထိုသူက မခံချင်သည့်ပုံစံဖြင့်ဆိုသည်။
"မဟုတ်ပါဘူးနော်။ နေ့မအားညမနား ဆက်တိုက်လုပ်နေရလို့ ခဏအိပ်ငိုက်သလိုဖြစ်သွားရုံ။ ဘာမှမသိပဲ အမြင်နဲ့သူတစ်ပါးကိုမဆုံးဖြတ်ပါနဲ့။"
ထိုသူ၏ဖြေရှင်းစကားကို နန်ဖုန်းရော ဖူယောင်ကပါ အဖက်မလုပ်ချေ။ သူတို့က တဖက်တစ်ချက်ဆီကိုသာ မျက်နှာများ လှည့်နေကြသည်။ ချီရုန်က သက်ပြင်းတစ်ချက်ချပြီး ထိုလူအားဆိုသည်။
" စားပြီးနားမလည် လုပ်တဲ့ဧကရာဇ် လို့ရေး။"
"ဗျာ....အဲ့..အဲ့..တာကဘာကိုဆိုလို"
"လှလှလေးရေးပေး။ "
"ခင်ဗျားတို့ ပုန်ကန်ကြမလို့လား။ ဧကရာဇ်ဆိုတဲ့ နာမ်စားသုံးရင် အသတ်ခံရမှာပေါ့။ ပြီးတော့...စား...စား..ပြီး..နားမလည်တဲ့လား။ သူ ခင်ဗျားဆီက.... ဘာ..ဘာတွေများ...စားသွားလို့လဲဗျာ။"
"အဲ့လိုတွေရှိတယ်။ ရေးမှာသာရေး။ မင်းကိုအမှုမပတ်စေရဘူး။ လိုချင်သလောက်လည်းပေးမယ်။"
"ကျွန်တော်..မလုပ်..."
"နန်ဖုန်း...ဖူယောင်"
ထိုလူအတင်းအကျပ်ငြင်းနေတာကြောင့် ချီရုန်ကချက်ချင်းပင် သူ့နောက်ရှိ နန်ဖုန်းတို့အားခေါ်လိုက်သည်။ ထိုနှစ်ယောက်က ချက်ချင်းပင် ထိုလူ၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် နေရာယူလိုက်ကြ၏။ မတ်တပ်ရပ်နေသော ထိုလူအား ပုခုံးတစ်ဖက်ဆီမှ ဆုပ်ကိုင်လိုက်ပြီး သူ၏ထိုင်ခုံနေရာတွင် ထိုင်စေသည်။ နန်ဖုန်းကပင် ထိုသူ၏ လက်ထဲသို့ စုတ်တံကို မှင်တို့၍ အတင်းထည့်ပေးလိုက်ပြီး ဖူယောင်က ဆိုင်းဘုတ်အလွတ်တစ်ခုကို ချပေးလိူက်သည်။
ချီရုန်က ထိုစားပွဲပေါ်တွင် သူ၏လက်နှစ်ဖက်လုံးကို ဝုန်းခနဲမြည်အောင် ရိုက်ချကာထောက်လိုက်ရင်း
"ရေး....စားပြီးနားမလည်လုပ်တဲ့ဧကရာဇ်ပိုင်ဝူရှန့် လို့ရေး"
"ခင်..ခင်ဗျားတို့က...လူရမ်းကားတွေလားဗျာ။"
ထိုလူကကြောက်လန့်နေလျက်ပင် သူ၏စုတ်တံကိုကိုင်ကာ ထစ်ထစ်အအပြောလာသည်။ချီရုန်က ထိုစကားကိုကြားတော့ ပြုံးလျက်ဆိုသည်။
"အစထဲက လူရမ်းကားတွေဆိုတာကို သဘောမပေါက်ပုံရရင် ငါတို့က အရမ်းချောနေလို့ပဲ ဖြစ်ရမယ်။ အခုသိပြီဆိုတော့ အေးအေးဆေးဆေး ပြောနေတုန်းရေး။"
"ရေး...ရေးပေးလိုက်မယ်။.ဒါပေမဲ့...တစ်ခုခုဖြစ်လာရင်....... ကျွန်တော့နာမည်တော့ မပြောပါနဲ့နော်။ အလကားလုပ်ပေးလိုက်မယ်လေ။"
ချီရုန်ကအနည်းငယ်တွေးကြည့်လိုက်ပြီးနောက်
"အင်း...ကောင်းသားပဲ။ သဘောတူတယ်။"
........,.....................
* စားပြီးနားမလည်လုပ်တဲ့ ဧကရာဇ်ပိုင်ဝူရှန့်*
နန်းတော်ဂိတ်တံခါးဝနှင့် မလှမ်းမကမ်းတွင် ရပ်ကာနေသော လူသုံးယောက်က တစ်ယောက်ကို ခပ်ကြီးကြီး ဆိုင်းဘုတ်တစ်ခုစီကိုင်ကာရပ်နေကြသည်။ ဖြတ်သွားဖြတ်လာ လုပ်သူတိုင်း ထိုသုံးယောက်အားကြည့်ကာ တီးတိုးဆိုနေကြသည်။ တစ်ခဏနေတော့ နန်းတော်တံခါးကြီး ပ၍့်ကာလာလေ၏။ ချီရုန်ကအနည်းငယ် ခြေဖျားထောက်ကာပင် ကြည့်လိုက်သေးသည်။ သို့သော်လည်း ကျွင်းဝူမဟုတ်ချေ။ ထိုသူက စစ်သူကြီးပုံစံ ဝတ်ဆင်ထားပြီး နန်းတော်တံခါးအပြင်ဘက်ရှိ ဂိတ်တံခါးစောင့်ကို စကားတစ်ချို့ပြောနေသည်။ ဂိတ်တံခါးစောင့်က ပြန်လည်ဖြေကြားနေရင်း ချီရုန်တို့သုံးယောက်အား လက်ညိုးထိုးပြလေ၏။ ထို့နောက် ထိုလူက ချက်ချင်း ပက် ချီရုန်တို့အနားသို့ရောက်ကာလာတော့သည်။
"ရာရာစစ ဧကရာဇ် ရဲ့အမည်နာမကိုစော်ကားပြောဆိုနေတာ မင်းတို့လား။ အသက်မရှင်ချင်တော့တာပေါ့။ လာကြစမ်း။ သုံးကောင်လုံးကို အချုပ်ထဲထည့်ထားလိူက်။"
ချက်ချင်းပင် နန်းတော်အတွင်းမှ ရဲမတ်ဆယ်ယောက်နီးပါး ထွက်လာကြပြီး ချီရုန်တို့အား ဖမ်းချုပ်ပစ်လိုက်သည်။
"လွှတ်စမ်း။ မှန်ရာပြောတော့ ဖမ်းဖို့ပြင်နေပြီပေါ့။ သူလုပ်ခိုင်းတာမလား။ နှုတ်ပိတ်လိုက်တဲ့လား။ သတ်ပစ်လိုက်တဲ့လား။"
" ငါတို့ ဧကရာဇ်က ဒီကမ္ဘာပေါ်မှာ အချမ်းသာဆုံးဘုရင်တစ်ပါးပဲ။ ဘယ်သူ့ဆီကနေမှ စားပြီးနားမလည်လုပ်စရာအကြောင်းမရှိဘူး။ ဒါ့ကြောင့် မင်းတို့ရဲ့ သက်သက်စော်ကားနေတာတွေကို ဒီအတိုင်းလက်ပိုက်ကြည့်နေစရာကိုမလိုတာ။
သွား...အချုပ်ခန်းထဲ တိုက်ရိုက်သာခေါ်သွားလိူက်။"
" အကိုကြီးပြောတာမှန်တယ်။ ကျွင်းဝူကတကယ်ကိုစားပြီးနားမလည်လုပ်ခဲ့တာ။"
"သက်သေပြလေ။ စာတစ်လုံးလောက်နဲ့ အသရေဖျက်ဖို့တွေးနေတာလား။ အဖြစ်မရှိတဲ့ကောင်တွေ။ ထွီ...."
...................................
"ဖမ်းပြီး အချုပ်ခန်းထဲထည့်ထားတယ်ဟုတ်လား။"
"ဟုတ်ပါတယ် ။"
ပိုင်ဝူရှန့်က သူ၏ခေါင်းကိုအနည်းငယ် ငုံ့ကာ အသာရီလိုက်မိသည်။
"ဧကရာဇ် ကိုလည်း စားပြီးနားမလည်လုပ်တယ်ဆိူတဲ့ ခေါင်းစဥ်နဲ့ အသရေဖျက်ထားတာမလို့ ဧကရာဇ် သာအမိန့်ချမယ်ဆို ကျွန်တော် အခုသွားသတ်လိုက်ပါ့မယ်။
ဖုန်းရှင့်က ပြတ်ပြတ်သားသားပင်ဆိုသည်။
ပိုင်ဝူရှန့်က ခေါင်းပြန်ထောင်လာရင်း နားမလည်သည့်ပုံစံဖြင့် ဖူန်းရှင့်အားကြည့်သည်။
"စားပြီးနားမလည်လုပ်တယ်....ငါကိုယ်တော်က......."
"သူက အဲ့လိုစာတွေရေးပြီး အသရေဖျက်ဖို့လုပ်နေတာပါ။ သူ့ရဲ့ မဟုတ်မမှန်တွေကို ဧကရာဇ် ဂရုစိုက်စရာမလိုပါဘူး။"
"အဲ့တာက...အဲ့တာက...."
ပိုင်ဝူရှန့်က သူ့လက်ထဲတွင်ကိုင်ကာထားသော ရေနွေးပန်းကန်လုံးကို လက်ဖြင့် ကိုင်ထားရာမှ လက်ညိုးကို ပန်ကန်လုံးအား ထိလိုက်ခွာလိုက်လူပ်နေရင်း စဥ်းစားနေပုံရသည်။ ဖုန်းရှင့်ကတော့ အမိန့်ကိုစောင့်ဆိုင်းနေလေ၏။
"ခွီး.....သူပြောတာ...အဲ့တာ။ အဲ့တာ...ဟားဟား ဟားဟား ။"
ပိုင်ဝူရှန့်က တစ်ခုခုကို သတိရမိလိုက်သည့်ပုံစံဖြင့်ပင် ရေနွေးပန်းကန်လုံးကို စားပွဲပေါ်ပြန်ချလိုက်ရင်း သူ၏ဗိုက်ကိုလက်ဖြင့် ဖိကာအော်ရီလေတော့သည်။
"ချီရုန်....ချီရုန်....မင်းကလေ အရမ်းချစ်ဖို့ကောင်းလွန်းတယ်။"
ပိုင်ဝူရှန့်က ရေနွေးပန်းကန်လုံးကို ကြည့်လိုက်ရင်းပင် သဘောကျစွာရေရွတ်လိုက်သည်။ ဖုန်းရှင့်က သူ့အားနားမလည်စွာကြည့်နေလေ၏။ တခဏနေတော့ ပိုင်ဝူရှန့်က ဖုန်းရှင့််အားကြည့်ကာ
"ချီရုန်ကို ခေါ်လာခဲ့လိုက်။ ကျန်တဲ့နှစ်ယောက်ကို အဆင်ပြေပြေနားလိူ့ရလောက်မဲ့ နေရာတစ်ခုလူပ်ပေးလိုက်။"
"ဗျာ....သူတို့က..."
" ကိုယ်တော့်မှာ သူတို့ရဲ့ကျေးဇူးတွေအများကြီး ကျန်နေသေးတယ်။ အဲ့တာတွေကို ဆပ်ဖို့အချိန်တန်ပြီလေ။"
"အမိန့်တော်အတိုင်းပါ ။"
ဖုန်းရှင့်ကဂါရဝပြုကာ အပြင်သို့ထွက်လာခဲ့လိုက်တော့သည်။ ပိုင်ဝူရှန့်ကတော့ ထိုနေရာတွင်ပင်ကျန်ခဲ့ရင် ရေနွေးခွက်လေးကိုသာ သဘောကျစွာကြည့်နေလေ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~

Коментарі