Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
"အကိုကြီး...ကျွန်တော်တို့
ထင်းသွားခုတ်လိုက်အုန်းမယ် ကျွင်းဝူ ကိုပါ
ခေါ်သွားလို့ရမလား..."

နန်ဖုန်း၏အမေးကြောင့်
ချီရုန်က လှည့်ပင်မကြည့်ပဲ သွားရန်
လက်ပြလိုက်သည်။

နန်ဖုန်းကပျော်သွားပြီး

"ကျေးဇူးပါ.... အကိုကြီး...
ဟေ့ကောင်....သွားကြရအောင်...... "

ချီရုန်ဘေးတွင်ထိုင်နေသော
ကျွင်းဝူအား ခေါ်လိုက်သည်။

ကျွင်းဝူကအမြန်ပင်ထလိုက်ပြီး
ချီရုန်အားနွုတ်ဆက်ကာ
နန်ဖုန်းနောက်မှလိုက်သွားတော့သည်။

လမ်း၌ကျွင်းဝူက နန်ဖုန်းနောက်မှ
ကပ်လျေှာက်လာရင်း ဘေးသို့ရောက်လာသည်။

"အကို နန်ဖုန်း...ခေါင်းဆောင်ထူးဆန်းနေသလားလို့.....ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးတည်းက
ဘယ်မှမသွားပဲ မွိုင်နေတယ်နော်..."

"အင်း...ဟုတ်တယ်... သူစောင့်နေတာ
နေမှာပေါ့...."

"ဘာကိူလည်းဗျ....."

"မြောက်ပိုင်းခေါင်းဆောင်ကိုလေ...."

ကျွင်းဝူက နားမလည်စွာဖြင့်
နန်ဖုန်းအားကြည့်နေသည်။
နန်ဖုန်းက သက်ပြင်းချလိုက်ပြီး

"ဒီလိုကွာ..ပုံမှန်ဆို အကိုကြီးက
ခေါင်းဆောင်ဟွားချန်ကို ပြဿ.....နာရှာပြီးရင်
သူက အကိုကြီးကိုပြန်လာရှာတယ်
အခုနှစ်ရက်လောက်ရှိနေပြီ
မလာသေးဘူးလေ....."

"သူတို့ကလိုက်တိုင်းပြေးတိုင်းဆော့နေကြတာလား.."

နန်ဖုန်းက လက်ထဲရှိ ဓားမကို
သစ်ပင်တစ်ပင်၏ ပင်စည်တွင်တင်လိုက်ပြီး
တစ်ချက်ခုတ်ကာ ပြောလိုက်သည်။

"ငါဘယ်လိုသိမလဲ...... "

ကျွင်းဝူက သူ၏မေးစေ့အားပွတ်လျက်
စဉ်းစားခန်းဝင်လိုက်သည်။

"ဟာ. သိပြီ...သူတို့နှစ်ယောက်က
အချစ်စမ်းနေကြတာများလား..."

နန်ဖုန်း၏လက်ထဲရှိဓားမမှာ
မြေပေါ်သို့အတိုင်းအစမရှိသော အလျင်ဖြင့်
ပြုတ်ကျသွားလေတော့သည်။

အမြန်ပင် ကျွင်းဝူ၏
ပါးစပ်အား လက်ဖြင့်ပိတ်ချလိုက်ပြီး

"သေချင်လို့လား...မင်း..."

"....."

ကျွင်းဝူက ကြောင်တောင်တောင်ဖြင့်
ခေါင်းခါပြသည်။
နန်ဖုန်းက ပြန်လွွတ်ပေးလိုက်ပြီး

"သူတို့ရေှ့မှာသွားမပြောမိစေနဲ့
မင်းအသက် ဘယ်ကထွက်ရမှန်းမသိဖြစ်သွားလိမ့်မယ်......"

နန်ဖူန်းကဓားကို ပြန်ကောက်လိုက်ပြီး
သစ်ပင်၏ပင်စည်အားဆက်ခုတ်နေလိုက်သည်။

"ဒါနဲ့လေ...အကိုနန်ဖုန်း..ကျွန်တော်တို့က
ဓားပြတွေသာ ပြောတာ အခုထိလည်း
ဓားပြတိုက်တာမတွေ့ရသေးဘူးနော်..."

"ဟားဟား မင်းကလည်း
ဓားပြဆိုတိုင်း တစ်ချိန်လုံးဓားပြတိုက်နေမဲ့
အမျိုးအစား မှမဟုတ်တာငါတို့က....."

"ဘာလို့လည်းဗျ....... "

"ငါတို့က အဆင့်မြင့်တဲ့
ဓားပြကြီးတွေလေ အချီကြီးတွေကိုပဲတိုက်တာ
ပေါက်စနတွေကို စိတ်မဝင်စားပါဘူး..."

နန်ဖုန်းက လက်သီးလက်မောင်း
.တန်းလျက်ဆိုသည်။

"ဘာလည်း မင်းလည်း
ဓားပြတိုက်ချင်နေပြီလား..မပူပါနဲ့
ငါတို့သတင်းတချို့ရထားတယ်
နောက်လဆန်းလောက်ကျရင် အချီကြီးမိဖို့ရှိတယ်

ကျန်တာသာမတော်ပေမဲ့ ငါတို့က
အနံ့ခံတော့အရမ်းကောင်းတယ်
ဒီကိစ္စကို ဟွားချန်တို့ဘက်ကတောင်မသိနိုင်ဘူး..."

"အင်း....."

.............................................

"ကျွင်းဝူ.... ငါနဲ့တစ်နေရာသွားရအောင်ကွာ..."

ချီရုန်က ဆိုလေသည်။
ကျွင်းဝူက ထမင်းစားရန်အတွက်
အခြားအဖွဲ့သားများနဲ့အတူ ပန်းကန်များကို
စားပွဲပေါ်တွင်နေရာချနေသည်။

ချီရုန်၏အသံကိုကြားတော့
ကျွင်းဝူက ချက်ချင်းပင် ပန်းကန်များကို
ချလိုက်ပြီး

"ခေါင်းဆောင် ဘယ်သွားမလို့လည်း"

နန်ဖုန်းကလည်းဆိုလေသည်။

"အကိုကြီး ထမင်းစားရမဲ့အချိန်လေ..."

"မင်းတို့စားနှင့်ကျ...ငါနဲ့ ကျွင်းဝူ
ဒီနားက ရွွာကိုသွားအုန်းမယ်....."

"ဒါပေမဲ့...... "

နန်ဖုန်း၏ စကားပင်အဆုံးမသတ်လိုက်သေးခင်
ချီရုန်က အပြင်ဘက်သိူ့
ထွက်သွားလေသည်။
ကျွင်းဝူက လည်း အမြန်ပင်
ချီရုန်၏အနောက်မှလိုက်လေတော့သည်။

........................

"ခေါင်းဆောင်... ကျွန်တော်တို့
ဘယ်သွားကြမလို့လဲ မြောက်ပိုင်းစခန်းကို
မီးသွားထပ်ရွုံ့ကြမလို့လား...."

ကျွင်းဝူက ချီရုန်၏ ဘေးမှ ကပ်လိုက်ရင်း
ပြောနေသည်။
ချီရုန်က သူ၏ လက်နှစ်ဖက်ကို
ခေါင်းအနောက်ဘက်တွင်ပစ်ထားလိုက်ရင်း
လမ်းဆက်လျောက်နေသည်။

"မဟုတ်ဘူး...ငါပိုစိတ်ဝင်စားဖို့
ကောင်းတာလေး လုပ်မလားလိူ့..."

"အမ်...ဘယ်လိုမျိုး....ခေါင်းဆောင်..."

ချီရုန်က ကျွင်းဝူ၏ လက်ကောက်ဝတ်အား
ဆွဲပြီး ပြေးလေတော့သည်။
ကျွင်းဝူမှာလည်း ဘုမသိဘာမသိဖြင့်ပင်
နောက်မှ ပါသွားတော့သည် ။

...........................................

"ခေါင်းဆောင်....ဖြစ်ပါ့မလား...."

"ဖြစ်ပါတယ်...."

"အစောင့်တွေ အရမ်းများနေတယ်..."

ဘေးနားမှ ပွစိပွစိလုပ်နေသော
ကျွင်းဝူအား ချီရုန်က လှည့်ကြည့်လိုက်သည်။

"ငါပြောပြမယ်ဟိတ်ကောင်...ဒီအိမ်တော်ကလေ
ရွွာထဲက အချမ်းသာဆုံး လူကြီးရဲ့အိမ်ပဲ

သူကလေအရမ်းချမ်းသာသလောက်
သောက်ရမ်း ကပ်စီးနဲတာ

သူ့နာမည်က ကပ်စီးနဲကော်တရာကောင် မုချင်လေ..
ငါမခေါ်ဘူးနော် သူ့ကိုရွာထဲက
သူတွေကိုက အဲ့လိုခေါ်တာ
ငါသူ့ဟာတွေ လုချင်နေတာကြာပြီ
ဘာပဲ ဖြစ်ဖြစ်အပျင်းပြေတာပေါ့.....
လာ...သွားရအောင်........."

ချီရုန်က လူတစ်ရပ်စာမြင့်သော
တံတိုင်းအား ခုန်ကျော်ရန် အရှိန်ယူနေသည်။
အားယူနေရင်းမှ ပဲ တခုခုကိုသတိရသွားဟန်
တခဏ ငြိမ်လိုက်ပြီး သူ၏
ရင်ဘတ်ဝတ်ရုံထဲမှ
ပစ္စည်း တစ်ခုကို ထုတ်လိုက်သည်။

ကျွင်းဝူကဘေးမှကြည့်နေရင်းပင်
ချီရုန်အား ခပ်တိုးတိုးမေးလိုက်သည်။

"အဲ့တာ...ဘာကြီးလည်း..... "

"ဗုံးလေ...."

"ဗျာ....မကုန်သေးဘူးလား....."

"ကုန်စရာလား...ငါ့မှာအပေါဆုံးပဲ..."

ချီရုန်က သူ၏လက်ထဲတွင်ရှိသော
ထို လောင်ချာလုံးအား မီးတို့နေသည်။
ထိုလောင်ချာလုံးများသည် သူတို့တခါဓားပြတိုက်ခဲ့သော ကုန်သည်တို့ဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။
သေတ္တာနှစ်ပူံးနီးပါးဖြစ်သောကြောင့်
လောင်ချာလုံးပေါင်း သုံးရာကျော်လောက်သူ့တွင်
ရှိပေလိမ့်မည်။

လောင်ချာလုံး၏ မီးစာလေးမှာ
တဖြည့်းဖြည်း မီးစတင်လောင်လာချေပြီ။
ချီရုန်က ထိုမီးတောက်သေးသေးလေးအား
ကြည်နူးသည့်အကြည့်တို့ဖြင့်ကြည့်ရင်း
သူ၏ဘေးတွင် အူကြောင်ကြောင်ဖြင့်ကြည့်နေသော
ကျွင်းဝူအား

"မပူပါနဲ့ ဒါက မီးခိုးပဲထွက်တာ
မီးမပွင့်ဘူး မဟုတ်ရင် ငါသုံးမလား....မပူနဲ့ မပူနဲ့.."

(အမ်....လောင်ချာလုံးတွေက မီးမပွင့်ဘူးတဲ့လား...)

ချီရုန်က ကျွင်းဝူ၏ပုခုံးအား.
လက်ဖြင့် နှစ်ချက်ခန့်ပုတ်ပြီးနောက်
ထို ခြံဝင်းကြီး၏ ထောင့်ဘက်နားသို့ လွင့်ပစ်လိုက်သည်။

တခဏအကြာတွင်ပင်
'ဖောင်း' ဟူသော မြည်သံကြီးက
ပတ်ဝန်းကျင်တွင် တချက်ခန့် ဆူညံသွားလေ၏။

တဖြည်းဖြည်း ရဲတတ်ကာလာသော
မီးတောက်က ထိုလောက်ချာလူံးကျရာနေရာရှိ
အဆောင်တော် တစ်ခုအား စတင်
ဝါးမြိုကာလာလေသည်။

ချီရုန်က တောက်လောင်သွားသော
စံအိမ်တော်အဆောင်ကြီးအား ကြည့်နေသည်။
မီးရောင်၏ဝင်းလဲ့မွုက သူ၏မျက်ဆံအိမ်တွင် လွုပ်ခါလျက်။

"အယ်....လောင်တယ်ဟ...."

ကျွင်းဝူ ကမူ

(လောင်ချာလုံးတွေက မီးလောင်တယ်တဲ့လား...)

"မီး...မီး....မီးဗျို့....."

ထိုအဆောင်ဘေးပတ်ပတ်လည်ရှိ
အစောင့်များက ထအော်ကြကာ
ခြံဝင်းကြီး တစ်ခုလုံး လွုပ်ရှားလာကြတော့သည်။

ရေပုံးသယ်သူကသယ်၊ ကြောက်လန့်ပြီး.ပတ်ပြေးသူကပြေးနှင် ့ ဝန်းကြီးတစ်ခုလုံး
အုံ့အော်သောင်းနင်း ဖြစ်နေလေတော့သည်။

ချီရုန်က အထဲကအဖြစ်အပျက်များကို
ခြေဖျားထောက်ကာ တချက်လှမ်းကြည့်သည်။
ကျွင်းဝူက နံရံနှင့်ဆိုလျင် ခေါင်းတစ်လုံးစာ
ပိုမြင့်သောကြောင့် အထူးတလည်ကြည့်စရာမလိုအပ်ပေ။

"အချိန်ကျပြီ....."

ချီရုန်က ချက်ချင်းပင် အရှိန်ဖြင့်
အုတ်တံတိုင်းနံရံပေါ်သိူ့ ခုန်တတ်လိုက်သည်။
တဖက်ကိုမဆင်းခင်တွင် ချီရုန်က
အောက်တွင်ကျန်ခဲ့သော ကျွင်းဝူအား.

"ခနစောင့်နေ...ကိုကြီး ပြန်လာခဲ့မယ်..."

ချီရုန်က ရီမောကာပြောပြီးနောက်
တစ်ဖက်သို့ပြေးဆင်းသွားတော့သည်။
ကျွင်းဝူမှာ မူကြောင်တောင်တောင်ဖြင့်ပင်
ကျန်နေခဲ့တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 5 ( ခွေးသူခိုး)
Коментарі