Chapter 13 ( တောသားမြို့တတ်)
"ရောက်ပြီလား။ "
"ရောက်ပြီထင်တယ်။ ရှေ့မှာဆိုင်းဘုတ်အကြီးကြီးတွေ့တယ် အကိုကြီး။"
ချီရုန်က သူ၏ခရီးဆောင်အိတ်အထုပ်လေးကိုလွယ်ထားလျက်ပင် ဒူးကွေးကာလက်နှစ်ဖက်ကိုထိုဒူးပေါ်တင် အားပြုလျက် အမောဖြေနေရှာသည်။ နန်ဖုန်းနှင့် ဖူယောင်က မြို့တော်၏အဝ၌ပင် အခြေအနေကိုအကဲခတ်နေသည်။ သူတို့နေရာနှင့် အနီးတစ်ဝိုက်တွင်ရှိသော မြို့၊ ရွာလေးများသည် ဤမျှလောက်မစည်ကားသည်မှာ သေချာသဖြင့် သူတို့၏ မျက်ဝန်းများကပတ်ဝန်းကျင်ကိုစူးစမ်းရင်း အရောင်လဲ့လျက်ရှိကြသည်။
"အကိုကြီး အဆင်ပြေရဲ့လား။ ကျွန်တော့ဆီက ရေကိုသောက်လိုက်။"
နန်ဖူန်းက သူ၏ ဝါးကျည်တောက်ရေဗူးအား ခါးမှဖြုတ်၍ ချီရုန်ကိုပေးလိုက်သည်။ ချီရုန်က အမြန်ယူလိုက်ပြီး မော့သောက်ပစ်လိုက်သည်။
"အား....အမောကိုပြေသွားတာပဲ။ ဒါနဲ့...ဒီနေရာဆိုတာ သေချာလား။ အရမ်းကြီး ကြီးကျယ်လွန်းနေလားလို့။"
" သေချာပါတယ်ဗျ။"
သူတို့၏ မျက်စိတစ်ဆုံးတွင်မြင်နေရသည်က ကကြီးကျယ်ခမ်းနားလွန်းလှသော နန်းတော်ကြီးပင်ဖြစ်သည်။ မြို့ဝင်အပေါက်သည်ကပင် လူနှစ်ရပ်ကျော်သော အမြင့်ရှိပြီး သူတို့ဝင်လာသည်နှင့် လမ်းမတစ်လျောက်တွင် လူများက ဟိုသည်လျှောက်ကာ အလုပ်ရှုပ်နေကြသည်။ ပျံကျစျေးသည်များကလည်း သူ့ထက်ငါအလုအယက် ရောင်းဝယ်နေကြပြီး မြင့်မားလှသော တည်းခိုဆောင်များ၊ အဆောင်တော်များ၊ အိမ်တော်ကြီးများသည်လည်း ရှုမငြီးဖွယ် တွေ့မြင်နေရသည်။ မုန့်ပဲသရေစာများ စုံလင်လွန်းလှသည်မှာလည်း ချီရုန်တို့နေ့တိုင်း ညားနေသည့် ပေါက်စီထက်ပင် အစတစ်ရာလောက် အရသာရှိမည့်ပုံပေါ်နေသည်။
"အဲ့တာစားရအောင်။"
ချီရုန်က နန်ဖုန်းကိုလက်တို့လိုက်သည်။ ထိုအရာက ဇီးသီးတုတ်ထိုးပင်။ နန်ဖုန်းက သူ၏အိတ်ထဲမှ အသပြာတစ်ချို့ထုတ်လိုက်ပြီး ထိုဇီးသီးသည်အားလှမ်းခေါ်လိုက်သည်။
"ဇီးသီးသည်....ဇီးသီးသည်။"
ဘေးရှိ ဖူယောင်ကမျက်လုံးကိုပင့်လျက်ဆိုသည်။
"အကိုကြီး...အဲ့တာက ကျွန်တော်တို့ဆီမှာလည်းရှိတယ်လေဗျာ။"
ချီရုန်တို့အနားကို ထိုဇီးသီးသည်ကရောက်လာလေတော့ ချီရုန်ကထိုလူ့ဆီမှ သုံးချောင်းယူလိုက်ပြီး နန်ဖုန်းနှင့်ဖူယောင်ကိုတယောက်တစ်ချောင်းပေးလိုက်သည်။ သူက ဖူယောင်ကိုပေးလျက်ပင်
"လျှာမရှည်နဲ့။ ငါကြိုက်တာငါလုပ်မယ်။ မင်းလည်းငါကြိုက်တာပဲလိုက်လုပ်ရမယ်။"
"ဟုတ်။"
"ဟားဟား.... "
နန်ဖုန်းက စျေးသည်အားအသပြာပေးနေရင်းပင် ဖူယောင်ကိုကြည့်ကာရီသည်။ ဖူယောင်က ကောင်းကင်ကြီးကိုသာ ပစ်မှတ်ထားလျက် မျက်စောင်းပင့်ထိုးနေ၏။ အခန့်မသင့်လျင်ပင် ထိုအရှိန်ကြောင့် မိုးပြိုကျနိုင်လောက်သည်။
.........................................
"ဧကရာဇ်......"
"အင်း...."
လင်းဝမ်က ပိုင်ဝူရှန့်အားဂါရဝပြုလိုက်သည်။ ပိုင်ဝူရှန့်က နန်းတော်၏ စစ်ရေးလေ့ကျင့်ကွင်းတွင် မြှားပစ်ကစားနေသည်။ သူ၏ လေးကြိုး ကိုတစ်ချက်ဆွဲကာလွှတ်လိုက်သည့်အခါတိုင်း ပစ်မှတ်၏ အလည်ဗဟိုကိုထိမှန်သည်။ မြန်ဆန်ပြီး တိကျပြတ်သားလွန်းသည့် အမူအရာမျိုးက ဘေးရှိ နန်းတွင်းရဲမက် အစေခံများစသော လူတိုင်း၏မျက်ဝန်းထဲတွင် အထင်းသားပေါ်ပေါက်နေလေ၏။
ပိုင်ဝူရှန့်က နောက်ဆုံးသောမြှားတံကိုပစ်လွှတ်လိုက်ပြီးနောက် သူ၏လေးတံကိုချလိုက်ပြီး လင်းဝမ်ကိုကြည့်သည်။ ထိုအခါမှ လင်းဝမ်ကသူ၏ လက်ထဲရှိ စာလွှာလိပ်အား ကျွင်းဝူကို ဆက်သလိုက်သည်။ ကျွင်းဝူက ထိုစာလိပ်ကိုယူလိုက်ပြီးနောက် ဖွင့်ကြည့်လိုက်သည်။ ပြီးနောက်သူက ချက်ချင်းပြန်ပိတ်လိုက်ပြီး
"အမတ်ထျန်ရဲ့ ဆွေစဥ်မျိုးဆက်ကို အပြစ်ပေးတာက တစ်လကြာတာတောင် မပြီးပြတ်နိုင်သေးတာလား။"
"တချို့သောအမတ်တွေက သူရဲ့ မျိုးဆက်သုံးဆက်အထိပဲ အပြစ်ပေးဖို့ တောင်းဆိုနေကြဆဲပါပဲ။"
ပိုင်ဝူရှန့်က နားနေရန် ထားထားသောထိုင်ခုံထက်တွင်ထိုင်လိုက်ရင်း သူပစ်ထားခဲ့သော အလည်ဗဟိုပစ်မှတ်တစ်နေရာတည်းကိုသာ ထိမှန်ကာစိုက်နေသည့်မြှားများကို လှမ်းကြည့်ရင်းဆိုသည်။
"ငါကိုယ်တော့်ကို လုပ်ကြံခဲ့တုန်းကကြတော့ရော။ သူ့ရဲ့ရှေ့ရေးကိုမတွေးမိခဲ့ဘူးလား။ မအောင်မြင်ခဲ့ရင်ဖြစ်လာမဲ့ သူ့မိသားစု၊ သူ့ဘဝကိုရော သူ မတွေးခဲ့မိတာလား။
ထားလိုက်တော့...ထားလိုက်တော့...
ဒါနဲ့ အဲ့လူကြီးရော...သေပြီလား။"
လင်းဝမ်ကဖြေသည်။
"ဒုက္ခသည်စခန်းမှာ အခုအပျင်းဖျားနေတယ်လို့ကြားသိရပါတယ်။"
" သူတို့မျိုးဆက်အကုန်လုံးကို နန်းဆောင်အသစ်ဆောက်လုပ်တဲ့နေရာမှာ အလုပ်ကြမ်းလုပ်စေဖို့ အပြစ်ကို ငါကိုယ်တော်ပေးခဲ့တာ။ ဘာပဲဖြစ်ဖြစ် သူသေသွားခဲ့ရင်တော့ သူ့မိသားစုကိုတော့ ငါကိုယ်တော် လွတ်မြောက်ခွင့်ပေးမှာပါ။ သူသေပြီးရင် သူ့ရဲ့မျိုးဆက်တွေမှန်သမျှကို အသပြာတချို့ပေးကမ်းပြီး နယ်နှင်ဒဏ်ပေးလိုက်။ "
" အမိန့်တော်အတိုင်းပါ ဧကရာဇ် ။"
ပိုင်ဝူရှန့်က ထိုနေရာမှာထွက်လာခဲ့သည်။ ခြေလှမ်းများ ရှေ့သို့လျှောက်လှမ်းနေရာမှ သူကရုတ်တရက်ရပ်တန့်လိုက်ပြီး လင်းဝမ်ဘက်လှည့်ကာဆိုသည်။
"နန်းတော်အပြင်ထွက်မှာမို့ ဖုန်းရှင့်ကို ပြင်ဆင်ထားဖို့ပြောလိုက်။"
" အမိန့်တော်အတိုင်းပါ ။"
ပိုင်ဝူရှန့်က တစ်ဖက်သို့ပြန်လှည့်ကာ သူ၏နန်းဆောင်သို့ဦးတည်လျောက်လှမ်းလာခဲ့တော့သည်။
(မင်းနဲ့ကိုယ်နဲ့ကို တွေ့ခွင့်ရအောင်လုပ်ပေးခဲ့တဲ့ ကံကြမ္မာတစ်ခုဆိုပေမဲ့ အဲ့ဒီလူတွေကိုလည်း ကိုယ်ခွင့်လွတ်ပေးလို့မရဘူး။
မင်းရဲ့ဝမ်းကွဲအကိုပြောသလိုပဲ။ ကိုယ်လည်း ကိုယ့်ကိုယ်ကို မကောင်းတဲ့မျိုးနွယ်ကဆင်းလာတယ်လို့ပဲထင်မိတယ်။ ဆိုးသွမ်းတဲ့သူတယောက်၊ လူယုတ်မာ၊ ရက်စက်တဲ့လူစားမျိုး။
အဲ့တာကြောင့်ပဲ မင်းကို ကိုယ်လာမတွေ့ရဲဘူး။ ထပ်လည်းမတွေ့စေချင်ဘူး။ ကိုယ်ဒီနေရာမှာ ရပ်တည်နေရင်ကို မင်းနဲ့ကိုယ်ကဝေးကွာသွားရတော့မှာ။ ပြီးတော့ ကိုယ်ကလည်းမဖြစ်မနေ မင်းအစား ဒီနေရာကိုပဲရွေးခဲ့တာဆိုတော ကိုယ်တို့ထပ်မတွေ့ကြတော့တာက အကောင်းဆုံးပါပဲ။
မင်းလည်းကိုယ့်ကိုတစ်နေ့ကြရင်မေ့သွားမှာပါ။
ဟုတ်တယ်မလား။ ပေါ့ပျက်ပျက်နေတတ်တဲ့ကောင်လေးတယောက်ပဲလေ မင်းက။ ဒါ့ကြောင့်မလို့ ကိုယ်လည်းမင်းကို မေ့နိုင်အောင် အကောင်းဆုံးကြိုးစားနေပေမဲ့....နှစ်လဆိုတဲ့အချိန်ကကိုယ့်အတွက် မလုံလောက်သေးဘူးထင်ပါတယ်)
.........................
" အဲ့အဘိုးကြီးကို အခုထိသစ္စာရှိနေကြသေးတယ်။ သူလုပ်ခဲ့တဲ့အပြစ်ကဒီတစ်ခုတည်းရှိလို့များငါကိုယ်တော်က သူ့ကိုဒီလိုနှိပ်စက်တယ် ထင်နေလားမသိဘူး။"
"စိတ်ကိုလျော့ပါ ဧကရာဇ် ။"
ပိုင်ဝူရှန်ကတကယ်ကိုပင် အမတ်ထျန်ကိုပျက်ရယ်ပြုရန် ဒုက္ခသည်စခန်းသို့သွားရေယက်ခဲ့သည်။ဒုက္ခသည်များကိုပင် အဝတ်အထည်များ အစားအသောက်များပေးကမ်းခဲ့သည်။သိပ်လည်းမဝေးသောခရီးဖြစ်တာကြောင့် မြို့အဝင်ဝအရောက် အပြန်လမ်းကို စိတ်မွန်းကျပ်လာနဲ့ပဲ ဖုန်းရှင့်ကိုခေါ်၍ လမ်းလျှောက်လာခဲ့လိုက်သည်။
"ငါကိုယ်တော်ရဲ့ မိခင်သေဆုံးမှုကသူနဲ့အများကြီးပတ်သတ်နေတယ်ဆိုတာ ငါအကုန်သိနေပြီးသား။ ဘာသက်သေမှမရှိခဲ့လို့သာ ဒီလိူအချိန်နဲ့တိုက်ပြီး လက်စားချေခဲ့တာ။ ပြီးတော့...."
ပိုင်ဝူရှန့်၏ ခြေလှမ်းအများကရူတ်ချည်းရပ်တန့်သွားသည်။ သူကတစ်နေရာအား အံ့သြထူးဆန်းနေသည့်ပုံစံဖြသ့်ကြည့်နေလေ၏။ သူ့ဘေးတွင်လိုက်ပါလာသည့် ဖုန်းရှင့်သည်ပင် ပိုင်ဝူရှန့်၏အကြည့်ဆုံရာကိုကြည့်လိုက်မိလေသည်။
ပိုင်ဝူရှန့်၏အကြည့်တို့က စျေးတန်းကြီးတလျောက် ရှုပ်ရှက်ခပ်နေသည့်လူအုပ်များကြား သူတို့နှင့်မလှမ်းမကမ်းတစ်နေရာတွင် အနည်းငယ်ထင်ပေါ်နေသည့် အစိမ်းရင့်ရောင် ဝတ်ရုံရှည်ကိုညစ်ကျယ်ကျယ်ဝတ်ဆင်ကာ ဇီးသီးတုတ်ထိုးကိုလက်မှ ကိုင်၌ သူဘေးရှိ လူနှစ်ယောက်နှင့် စကားတွေပြောကာရီမောနေသည့် ကောင်လေးတစ်ယောက်ကိုပင်ဖြစ်သည်။
ဖုန်းရှင့်က ထိုကောင်လေးကိုကြည့်လိုက်ပြီးနောက် ပိုင်ဝူရှန့်ကိုပြန်ကြည့်ပြီး ဂါရဝပြုကာ
"တောထဲက ဓားပြလေးတွေမလား။ ကျွန်တော်ရှင်းလိုက်ရမလား။ ကျွန်တော်တို့ပိုင်နက်ထဲရောက်နေတုန်း တစ်ခါတည်းပြီးသွားအောင်။"
'ထမင်းအလကားမကျွေးဘူး'ဟူသော စကားက ဖုန်းရှင့်အတွက် အနည်းငယ်စိတ်ခုစရာဖြစ်ခဲ့ပုံရသည်။ သူကတခါတလေကလေးဆန်တတ်တာကြောင့် ဤကိစ္စကိုအငြိုးထားရန်ဆုံးဖြတ်ထားပုံရသည်။
ဖုန်းရှင့်က သူ၏ဓားကိုဓားအိမ်မှဆွဲထူတ်ရန်ပြင်လိုက်သည်။ ပိုင်ဝူရှန့်က ချက်ချင်းသူ့လက်ကိုကာလိုက်ပြီး
" မလုပ်နဲ့။ "
"ဧကရာဇ်.... "
"မလုပ်နဲ့လို့ပြောနေတယ်လေ။ ငါကိုယ်တော် စကားကိုလျစ်လျူရှူတာလား။"
ထိုအခါမှ ဖုန်းရှင့်ကဓားအားဓားအိမ်ထဲသို့ ပြန်ထည့်ပြီး လွှတ်လိုက်သည်။ ပိုင်ဝူရှန့်ကမူ သူ့အားတွေ့ပုံမရသေးသော ချီရုန်တို့အားကြည့်နေဆဲပင်။
"သူဘာလို့ ဒီကိုရောက်နေတာလဲ။ ငါ့ကိုတွေ့ဖို့လား။ မဖြစ်နိုင်ဘူး။"
ပိုင်ဝူရှန့်က ဘာသာရေရွတ်လိုက်သည်။ထိုအချိန်တွင်ပဲ ချီရုန်ကရီမောလျက်ပင် သူ၏ပါးစပ်ထဲအား ဇီးသီးလေးလုံးအား တပြိုင်ထဲထိုးကြိတ်ထည့်ကာ ပလုပ်ပလောင်းစားသောက်နေလေသည်။ နန်ဖူန်းနှင့်ဖူယောင်သည်လည်းထိုအတိုင်းပင်လူပ်နေလေ၏။ တစ်ယောက်၏ ရယ်စရာပုံစံအားတယောက်က လက်ညိုးထိုးကာရီရင်းပင် ချီရုန်၏ အကြည့်က မလှမ်းမကမ်းတွင် သူ့အားကြည့်နေသော ပိုင်ဝူရှန့်အားမြင်လိုက်ရလေ၏။ သူ၏ ရီမောနေခြင်းက ချက်ချင်းပျောက်ကွယ်သွားပြီး ပိုင်ဝူရှန့်ကို သေချာစိုက်ကြည့်နေသည်။ ပြောင်းလဲနေသော အဝတ်အစားပုံစံကြောင့် မှတ်မိရန် အတော်အချိန်ယူလိုက်ရပုံပင်။
တစ်ခဏနေတော့ သူသေချာသွားပုံရသည်။သူကဝါးလို့ပြီးသော ဇီးသီးများကို မြို့ချလိုက်ပြီး လက်ကိုအပေါ်ထိမြှောက်ကာ ပိုင်ဝူရှန့်အား လက်ပြလိုက်သည်။ ထို့နောက်ခုန်လျက်ပင် နာမည်အားလှမ်းခေါ်လေတော့၏။
"ကျွင်းဝူ...ကျွင်းဝူ...ငါလေ... ငါ...ငါ"
ထိုအခါမှ ပိုင်ဝူရှန့်က အကြည့်လွှဲလိုက်ပြီး ဘေးဘက်လမ်းသို့ဆက်လျှောက်ကာ နန်းတော်တံခါးမကြီးမှ နေ၍ နန်းတော်ထဲသို့ဝင်သွားလေတော့သည်။ ချီရုန်က ချက်ချင်းထိုနေရာမှ ပြေးလာသော်လည်း ပိုင်ဝူရှန့်တို့ရပ်နေသည့်နေရာကိုရောက်သည့်အခါတွင်တော့ ထိုသူတိူ့က နန်းတော်ထဲသိူ့ဝင်သွားကြပြီဖြစ်ပြီး သူနောက်ဆုံးမြင်လိုက်ရသည်က ပိုင်ဝူရှန့်၏ကျောပြင်ပင်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Коментарі