Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
" ဝမ်းကွဲအကိုက ဘာလို့အခုထိမလာသေးတာလဲ။ တပတ်နီးပါးရှိနေပြီကို။ နန်ဖုန်းတို့ပြောတော့ တပတ်တခါလောက်လာတယ်ဆိုပြီး...."

ချီရုန်က ပိုင်ဝူရှန့်ပေးလိုက်သည့်စာအိတ်အားကိုင်ထားလျက်ပင် စားပွဲပေါ်တွင် မေးကိုတင်ကာ ထိုစာအိတ်အားကြည့်နေသည်။ အမှန်တကယ်ကို သူစရောက်သည့်နေ့မှစ၍ ယနေ့ဆိုလျင် တပတ်နီးပါးပြည်လုနီးချေပြီ။ ထိုစာအိတ်ကိုဖွင့်ဖောက်ပြီး ဖတ်ရန်ရှဲ့လျန်ကိုသူလိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ချီရုန်သည်စာမဖတ်တတ်ပေ။ သူသည်သာမက သူတို့တစ်ဖွဲ့လုံးသည်လည်း မိဘမဲ့လေးများပီပီစာမတတ်ကြပါချေ။

ညနေစောင်းအချိန်လောက်ရောက်တော့ တကယ်ပင်ရှဲ့လျန်ကရောက်ကာလာသည်။

" စန်းလန်ဆီကနေ မင်းပြန်ရောက်ပြီဆိုတဲ့သတင်းကြားပါတယ်။"

ရှဲ့လျန်က သူ၏အမှိုက်အိတ်ကို စခန်း၏တိုင်တစ်တိုင်နားတွင် ချလိုက်ရင်း ချီရုန်ဆီသို့ရောက်ကာလာသည်။ ပျင်းရိနေသော ချီရုန်က ရှဲ့လျန်ကိုမြင်လေတော့ ချက်ချင်းခေါင်းထောင်လာသည်။ ရှဲ့လျန်က သူ့ဘေးရှိ ထိုင်ခုံတွင်ပင် ဝင်ထိုင်လိုက်ရင်း

" ဧကရာဇ်ပိုင်ဝူရှန့်က မင်းကိုအန္တာရာယ်မဖြစ်စေနိုင်မှန်း ငါသိလို့လွှတ်ပေးထားတာ။ မင်းက သူ့ဆီကနေ ပြန်လာခဲ့တယ်ပေါ့။ သူကတော့ ငသူ့အစား မင်းဒီလိုနေရာကိုရွေးလိူက်တာကို ဘယ်လိူမှမနေတာ တကယ်အံ့သြတယ်။"

ရှဲ့လျန်က ရေနွေးကြမ်းငှဲ့ကာသောက်လိုက်ရင်းဆိုသည်။ ချီရုန်၏လက်ထဲတွင်ကိုင်ကာထာသော စာအိတ်အားလှမ်းကြည့်လိုက်ရင်း

" အဲ့တာဘာလဲ။ "

ထိုအခါမှ ချီရုန်က ထိုစာအိတ်ကိုဖွင့်ဖောက်ပြလိုက်ရင်း

" ငါမင်းကိုမျှော်နေတာ။ ဒီစာဖတ်ခိုင်းမလို့။ ဒါကျွင်းဝူပေးလိုက်တာ။ ငါမဖတ်တတ်လို့။"

ချီရူန်က စာအားရှဲ့လျန်ထံသို့ပေးလိုက်သည်။ ရှဲ့လျန်က ထိုစာရွက်ကို ယူလိုက်ပြီးနောက် ကြည့်လိုက်ပြီး ချီရုန်ကိုလှမ်းကြည့်သည်။

" မင်းတကယ်ပဲငါ့ကိုဖတ်ပြစေချင်တာလား။"

" အင်း...ငါသိချင်နေတာကြာပြီ။ သူတစ်ခုခုပြောထားလို့လား။"

ရှဲ့လျန်က ခေါင်းကိုငုံ့ကာရီလိုက်သည်။ ချီရုန်က ရှဲ့လျန်အား ကြည့်ရင်း

" ဘာဖြစ်လို့လဲ။ ဘာရေးထားလို့လဲ။"

"အဲ့တာက......"

......................................

ချီရုန်က ထိုနေရာသိူ့အပြေးအလွှားသွားနေသည်။ သူ၏လက်ထဲတွင် ခေါက်ရိုးကျိုးကာနေသော စာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

စာလွှာထဲတွင်

*အချစ်ဆိုတာ အတင်းလုပ်ယူလို့မရတဲ့အရာမှန်းကိုယ်နားလည်သဘောပေါက်ပါတယ်။ မင်းလိုမျိုး အချစ်ကိုနားလည်ဖို့ခက်တဲ့သူတစ်ယောက်ကိုချစ်ရတဲ့ ကိုယ်ကတော့ အများကြီးပိုနားလည်ပေးရမှာပေါ့။မင်းရဲ့ သံယောဇဥ်ဆိုတဲ့အရာကို ကိုယ်ကအချစ်ဆိုပြီးအထင်မှားခဲ့မိလေသလားတော့ မသေချာဘူး။ ဖြစ်ခဲ့သမျှတွေအားလုံးအတွက်တောင်းပန်ပါတယ်။

ဒါကြောင့်မလို့ အကယ်၍မင်းသာကိုယ့် အပေါ်ချစ်တဲ့စိတ်အနည်းငယ်သာရှိလာခဲ့မယ်ဆိုရင် ကိုယ်တို့နှစ်​ယောက်ရဲ့ ပထမဆုံးအနမ်းခြွေခဲ့ကြတဲ့ နေရာမှာ ညတိုင်းကိုယ်မင်းကိုစောင့်နေပါတယ်။

မင်း မလာမချင်း နေ့ရက်တိုင်းကိုယ်အဲ့ဒီနေရာမှာ ရှိနေမှာမလို့ မင်းကိုယ့်ကို ပြန်ချစ်လာတဲ့တစ်နေ့ကိုယ့်ဆီကို လာခဲ့ပေးပါ။

တသက်လုံးကိုယ့်ကိုပြန်မချစ်နိုင်တော့ဘူးဆိုတာ သေချာရင်တော့ ဒီစာကိုဆုပ်ဖြဲပစ်လို​က်ပါ။ ပြီးတေယ့ ကိုယ့်ကိုမေ့ပစ်လိုက်ပါ။*

"ဟောဟဲ...ဟောဟဲ....ဟောဟဲ..."

ဆက်တိုက်ပြေးလာတာမလို့ မောဟိုက်ကာနေသော အသက်ရှုသံက ပဲ့တင်ထပ်နေလေ၏။ သူထိုနေရာအား သန်းခေါင်ယံမကျော်ခင်အရောက်သွားရန်လိုအပ်သည်။ သူထိုနေရာကို မရောက်နိုင်လျင် အရာအားလုံး ဆုံးရှုံးသွားရလိမ့်မည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူအတတ်နိုင်ဆုံး ပြေးနေခြင်းပင်။

ရှဲ့လျန် ဖတ်ပြသောစာလွှာကိုနားထောင်ပြီးတဲ့နောက်မှာ ရင်ထဲမှလုံးထွေးနေတဲ့အရာကြီးကပေါက်ကွဲထွက်လာသလိုခံစားလိုက်ရသည်။ သူတကယ်ပဲ ထိုလူအား မျက်စိစုံမှိတ်ကာဥပေက္ခာပြုခဲ့မိသည်။ ထိုလူအား သူလွှတ်ချခဲ့မိသည်။

ချစ်သည်ဟူသော အရာကိုသေချာနားမလည်သည့်သူ့အဖို့ နန်းတော်ကထွက်မလာခင်အချိန်ထိဖြစ်နေခဲ့သော အရာအားလုံးက ပေါ့ပေါ့တန်တန်ပင်။ အနားမှာ အမြဲရှိနေချိန်သတိမထားမိခဲ့သည့် နှလုံးသားရဲ့ရင်ခုန်သံက နန်းတော်မှ ထွက်ခွာလာပြီးနောက် ထပ်မံကာကောင်းစွာခုန်နေခြင်းမရှိတော့သည်ကို သတိရမိသည်။

ထိုလူသားကို သူလိုအပ်သည်။ ကျန်သူများက သူ၏တစ်စိတ်တစ်ဒေသဟုဆိုလျင် ကျွင်းဝူသည် သူ၏ နှလုံးသားတစ်ခုလုံးဖြစ်ပေလိမ့်မည်။ ဤသည်ကိုလည်း ထိုစာကိုနားထောင်မပြီးမချင်း နားမလည်ခဲ့ပေ။ သူသည် ထိုသို့သောအရာများကို နားလည်ရန် အလွန်တရာတုံးအခဲ့သည်။

မျက်ရည်စက်များက ပြေးလွှားနေသော အရှိန်နှင့်အတူ နောက်တွင်လေအလွင့်ကျန်ခဲ့ကြလေ၏။

" ကျွင်းဝူ.....ငါ့ကိုစောင့်နေပါ...."

ချီရုန်က ပြေးရင်းနှင့်ပင် အသံကျယ်ကြီးဖြင့် အော်လိုက်လေ၏။

........................................

" ဧကရာဇ်....ကျွန်တော်တို့ ပြန်ကြရအောင်ပါ။ ဒီနေ့လည်းသူလာလိမ့်မယ်မထင်ဘူး။"

ချောက်ကမ်းပါးစောင်းနားတွင် ရပ်နေရင်း အောက်ရှိ ရေကန်ကိုလှမ်းကြည့်နေမိသည်။ အပေါ်ယံတွင် ထိန်ထိန်သာနေသော လမင်းကြီးက ထိုရေကန်တွင် အလင်းဖြာကျနေလေ၏။ နောက်တွင် ရပ်ကာနေသော ဖုန်းရှင့်၏ စကားကြောင့် ပိုင်ဝူရှန့်က ကောင်းကင်ကို ထပ်မံကာကြည့်လိုက်မိသည်။

" ခုနှစ်စဥ်ကြယ်တောင် အမြှီးထောင်တော့မှာပါလား။"

" ဖြစ်နိုင်ရင် မလာပါနဲ့တော့လား။ ဧကရာဇ် အရမ်းကိုပင်ပန်းနေပါတယ်။ "

" ငါ မပင်ပန်းပါဘူး။ ငါအဆင်ပြေပါတယ်။ ဒီနေ့တော့ ပြန်ကြတာပေါ့။"

ပိုင်ဝူရှန့်က တဖက်သို့လှည့်လာလိုက်တော့သည်။

" ကျွင်းဝူ.....ငါ့ကိုစောင့်...ဟောဟဲ...ဟောဟဲ.."

" ရုန်အာ...."

သူတို့နှင့် မနီးမဝေးတွင် ရောက်ကာလာသော ချီရုန်အား ပိုင်ဝူရှန့်က တအံ့တသြကြည့်နေမိသည်။ သူ၏မျက်ဝန်းများသည် ပြူးကျယ်လျက်ရှိ၏။ ချီရုန်သည် လက်တစ်ဖက်ကို ဆန့်ကာကာထားရင်း စာရွက်ကိုင်ထားသောလက်က ရင်ဘက်ကိုဖိကာ အမောဖြေနေသည်။

" နေအုန်းနော်...ငါပြီးရင်ဆက်ပြောမယ်။ ခဏလေး...."

ဖုန်းရှင့်နှင့် ပိုင်ဝူရှန့်ကတစ်ယောက်ကိုတယောက်ကြည့်လိုက်ကြသည်။ သို့သော်လည်း ပိုင်ဝူရှန့်ကပင် ခပ်ဖြေးဖြေးဖြေလိုက်သည်။

" အင်း....အင်း...ရ...ရပါတယ်။"

"ဟူး...ရပြီ။"

ချီရုန်က အမောပြေသွားလေတော့ ခြေလှမ်းကျဲကြီးများဖြသ့် ပိုင်ဝူရှန့်ဆီသို့ ဝုန်းဆိုင်းရောက်ကာလာတော့သည်။ ဖုန်းရှင့်က နောက်သို့ဆူတ်ကာပေးလိုက်၏။ ချီရုန်က ပိုင်ဝူရှန့်အား လက်ထဲရှိဆုပ်ကာထားသော စာကိုထောင်ပြလိုက်ရင်း

" ကျွင်းဝူ...မင်းဦးနောက်ပျက်နေပြီလား။ ဒါမှမဟုတ် ငါ့ကို့အရှက်ခွဲတာလား။"

"ဘာ...ဘာကိုလဲ။"

ချီရုန်သည် အတင်းကပ်ကာလာလေ၏။ သူ၏ခြေဖျားကိုအတင်းထောက်ကာ ပိုင်ဝူရှန့်၏မျက်နှာနားအထိ မှီအောင်ကပ်ရင်း ရန်ရှာနေသည်။ ဖုန်းရှင့်က တဖက်သို့မျက်နှာလွှဲထားရင် ချောင်းဟန့်ကာနေသည်။

" ငါစာမဖတ်တတ်ဘူးလေ။ မင်းစာကို ငါဖတ်ရဖို့ ငါ့မှာ ဝမ်းကွဲအကိုလာမဲ့အချိန်ကိုစောင့်နေရတာကွ။ "

"အာ....."

" ထားလိုက်တော့...ထားလိုက်​တော့။ မင်းငါ့ကိုထပ်စမ်းသပ်နေတာပဲ။"

ချီရုန်က ထိုစာကိုလုံးချေရင်း ပိုင်ဝူရှန့်ရှေ့တွင်ပင်လွင့်ပစ်လိုက်သည်။ ထိုအမူအရာကြောင့် ပိုင်ဝူရှန်၏မျက်နှာက မှေးမှိန်သွားလေ၏။

" ကိုယ်နားလည်ပါပြီ။ ကိုယ်နောက်တနေ့ကစပြီး ဒီကိူထပ်လာမှာမဟုတ်တော့ပါဘူး။ မင်းကို ထပ်မနှောက်ယှက်တော့ဘူး။"

ချီရုန်က ကျွင်းဝူ၏လည်ပင်းအား သူ၏လက်နှစ်ဖက်ဖြင့် ချိန်တွယ်ပစ်လိုက်ရင်း ဆိုသည်။

" ဘာတွေပြောနေတာလဲ။ ငါဒီအထိတောင်ရောက်လာတာလေ။ မင်းက သွားတော့မလို့လား။"

"......."

ပိုင်ဝူရှန့်က ချီရုန်ကိုငုံ့ကြည့်ကာကြက်သေသေနေတုန်းပင် ချီရုန်ကလှမ်းခုံကာ ပိုင်ဝူရှန့်၏ခါးကို သူ၏ခြေနှစ်ဖက်ဖြင့် လှမ်းချိတ်လိုက်လေ၏။ ပိုင်ဝူရှန့်ကလည်း ချီရုန်၏ တင်ပါးကိုလှမ်းဖမ်းလိုက်ရင်း ပင်ထားလိုက်သည်။

ပိုင်ဝူရှန့်သည် ချီရုန်ကိုချီထားသည့်အနေအထားတွင်ရှိသည်။ ချီရုန်က အနည်းငယ်မြင့်သွားတာကြောင့် သူကပြုံးလျက်ပင် ပိုင်ဝူရှန့်ကိုကြည့်သည်။ ပိုင်ဝူရှန့်ကလည်း ချီရုန်ကိုပြန်ကြည့်နေရင်း နှစ်ဦးသားချစ်ကြည်နူးနေကြသည်။

" ကျွင်းဝူ...မင်းသိလား။ ငါ ဓားပြတိုက်တဲ့အလုပ်ကိုပြန်လုပ်ချင်လို့...."

" ဘယ်လိုမျိုးလဲ။"

" ဒီတစ်ခါက တကယ်ကိုအချီကြီးဖြစ်လိမ့်မယ်ထင်တယ်။ ငါ ဒီနိုင်ငံရဲ့ ဧကရာဇ်ကို ဓားစာခံအဖြစ်ဓားပြတိုက်ပြီး ဖမ်းခေါ်ထားလိုက်မလို့....ငါခေါင်းဖြတ်အသတ်ခံရနိုင်လား။"

ပိုင်ဝူရှန့်ကရီလိုက်သည်။ သူ၏နှဖူးပြင်အား ချီရုန်၏နှဖူးပြင်နှင့် လှမ်းထိရင်း

" ဘယ်လောက်နဲ့ရွေးရမှာလဲတဲ့။"

" ဒီတစ်ခုက ပြန်ရွေးခွင့်မရှိဘူး။ ဓားပြခေါင်းဆောင်ရဲ့ မိန်းမအဖြစ်ခြေတော်တင်လိုက်မှာမလို့...."

" အကြံကောင်းပဲ။ အကောင်းအထည်ဖော်သင့်တယ်။"

"အဟမ်း...အဟမ်း... ဧကရာဇ် ဒါဆို ကျွန်တော်သွားလိုက်ပါအုန်းမယ်။"

ဖုန်းရှင့်၏အသံကိုကြားလေတော့မှ နှစ်ယောက်သားနှဖူးချင်း ထိထားလျက်ပင် စောင်းကာ ဖုန်းရှင့်အား ကြည့်လိုက်ကြသည်။ ပိုင်ဝူရှန့်က ပြုံးလျက်ပင် ဆို၏။

" ဖုန်းရှင့်....မင်းရဲ့ဧကရာဇ်က ရက်အကန့်အသက်မရှိထပ်ပြီးပျောက်သွားပြန်ပြီ။ ဒီတစ်ခါ မင်းကိုယ်တိုင်လည်း သူ့ကိုရှာတွေ့နိုင်မှာမဟုတ်ဘူး။ ငါပြောတာနားလည်လား။"

"........"

ဖုန်းရှင့်၏ မျက်နှာက အနည်းငယ်မဲ့သွားလေ၏။ သို့သော်လည်း သူက ဂါရဝပြုလျက်ပင် နှုတ်ဆက်လိူက်လေသည်။

" အမိန့်တော်အတိုင်းပါ ။"

ဖုန်းရှင့်က အတတ်နိုင်ဆုံး ထိုနေရာမှထွက်သွားလေတော့သည်။ ပိုင်ဝူရှန့်က ချီရုန်ကိုချီထားဆဲပင်။ နှစ်ယောက်သာ အကြည့်ချင်းပြန်ဆုံလိုက်လေ၏။ တောက်ပနေသော လရောင်အောက်တွင် ပိုင်ဝူရှန့်က ချီရုန်ကို တောက်ပနေသောမျက်ဝန်းများဖြင့်ကြည့်ကာဆိုသည်။

" ရုန်အာ....ကိူယ့်ကိုချစ်လား။"

" အင်း....ကျွင်းဝူ ငါမင်းကိုချစ်တယ်။"

ချီရုန်ကပင် ဦးဆောင်လျက်သူ၏နှုတ်ခမ်းဖြင့် ပိုင်ဝူရှန့်၏နှူတ်ခမ်းအား စတင်နမ်းရှိူက်လိုက်သည်။ ပိုင်ဝူရှန့်က မျက်စိများကို ဖွင့်ကာထားမိသော်လည်း စတင်ကာ နမ်းရှိုက်နေပြီဖြစ်သော ချီရုန်ကြောင့် သူကိုယ်တိုင်လည်း မျက်လုံးများကိုပိတ်ချလိုက်ပြီး အနမ်းတို့ကိုကြာရှည်စေလိုက်သည်။

ထိန်ထိန်သာနေသော လမင်းကြီး၏အလင်းရောင်အောက် နှုတ်ခမ်းနှစ်စုံခွာလိုက်ရာမှထွက်ပေါ်လာသော အချစ်ရည်အမျှင်တန်းများက ဝင်းလဲ့နေလျက်ရှိသည်။

" ဒီက ဓားပြခေါင်းဆောင်ကို အလုပ်အကျွေးပြုမယ်မလား....ကိုယ့်ရဲ့မယားအသစ်လေး။"

" အမိန့်အတိုင်းပါ.....ခေါင်းဆောင်။ ဟားဟားဟားဟားဟားဟား "

"ဟားဟားဟား ဟားဟားဟား ....."

နှစ်ဦးသား၏ မျက်နှာချင်းဆိုင်ပြီး ရီမောသံက ထိုနေရာတစ်ဝိုက်တွင် ပျံ့လွင့်ကာနေလေတော့သည်။

ပြီးပါပြီ

Hello အခုဆို ဒီ Fanfiction လေးကပြီးဆုံးသွားပါပြီနော်။ ဒီအတောအတွင်း ဒီလိုမျိုး ကိုယ်ရောက်တတ်ရာရာရေးဖြစ်တဲ့ Ficလေးကို ဖတ်ပေးကြလို့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ။ အဆုံးထိလိုက်ပါပေးတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ။ တကယ်လို့ ဒီ Fiction လေးကို Update ver တစ်ခုခုလုပ်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ထပ်ပြီးအသိပေးပါမယ်လို့။ ကျေးဇူးပါ ။ 🙆🙆❤

~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Коментарі