Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
ချီရုန်၏ မျက်နှာပြင်တစ်ခုလုံးမှာနီရဲကာညိုးနွမ်း နေလေ၏။ တစ်ရက်လုံးနီးပါး မရပ်မနားမြင်းကိုအပြေးနှင်လာပြီးနောက် တောထဲရှိ သူ၏ညီနောင်များရှိရာနေရာသို့ရောက်လာခဲ့လေပြီ။ စခန်းတစ်ခုလုံးသည် မီးလောင်ကာနေပြီ တစ်ချို့နေရာများက ပြာမှုန်များပင် ကျွင်းကျန်ရစ်နေချေပြီ။

ကြီးမားသောတိုင်လုံးကြီးများက မကျိုးပဲ့သော်လည်း မီးလောင်ခံထားရတာကြောင့် အမဲရောင်အတိပြောင်းလဲကာနေချေပြီ။ ချီရုန်က ပြာပုံအတိဖြစ်နေသော ထိုစခန်းတွင် ဒူးထောက်ထိုင်ချရင်း ပြာများကို လက်ဖြင့်ဆုပ်ကိုင်ကာ

" မဟုတ်ဘူး...မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။"

ချီရုန်၏မျက်ဝန်းမှမျက်ရည်စများ တရပ်စီးကျလာလေတော့သည်။

"အား..........."

ဒူးထောက်ထားလျက်ပင် သူ၏ခေါင်းကိုမော့လိုက်ရင်း ကျယ်လောင်သောအသံဖြင့်အော်ဟစ်လိုက်လေ၏။ ဝေဝါးနေသောအကြည့်တို့က ပျက်စီးနေသော အပိုင်းအစများ၏ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။

" အလောင်းတွေ....အလောင်းတွေမရှိဘူး။ "

ချီရုန်က သူ၏မျက်ရည်များကိုချက်ချင်းသုတ်လိုက်ရင်း မတ်တပ်ပြန်ကောက်ရပ်လိုက်သည်။ ဒူးထောက်ကာထိုင်ထားသော ခြေထောက်ကြောင့်အနည်းငယ်တော့ ယိုင်ကာသွားလေ၏။ ချီရုန်က ရီလိုက်သည်။

" သူတိူ့ကိုဘယ်မှာထားထားတာလဲ။ သေဆုံးသွားတဲ့လူတွေကိုတောင် အလွတ်မပေးဘူးလား။"

" ကြည့်လို့ဝပြီလား။ ကြည့်လို့ဝရင် နန်းတော်ကိုပြန်မယ်။"

အနောက်ဘက်မှ ရုတ်တရက်ထွက်ပေါ်လာသော အာဏာပြည့်ဝသည့်အမိန့်သံတစ်ခုက ပေါ်ကာလာ၏။ ချီရုန်က မတ်တပ်ရပ်နေလျ​က်ပင် နောက်သို့လှည့်ကြည့်လိုက်လေသည်။ ပိုင်ဝူရှန့်သည် ဖြူဖွေးနေကာအောက်ခြေ အနားသတ်တွင်မီးခိုးရောင်စပ်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ရင်း လက်နှစ်ဖက်ကိုနောက်ပစ်ကာ သူ့အားကြည့်နေသည်။ သူ၏မျက်နှာက မာန်တင်းကာကြောက်စဖွယ်ကောင်းသည့်ပုံစံမျိုးဖြစ်နေပြီး ဤသို့သော မျက်နှာထားမျိုးကို ချီရုန်တစ်ယောက် ဘယ်သောအခုကမှ မမြင်ဖူးခဲ့ပါချေ။

ချီရုန်က ပိုင်ဝူရှန့်အားသေချာစွာဆိုက်ကြည့်နေသည်။ သာ၏မျက်နှာထက်ရှိ ယူကြုံးမရဖြစ်နေသော အမူအရာကတော့ လုံးဝပျောက်မသွားနိုင်ပဲရှိနေ၏။ ပိုင်ဝူရှန့်က နောက်သို့ပစ်ကာထားသော သူ၏လက်တစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ရင်း ချီရုန်အားထပ်ပြောလိုက်သည်။

" သွားမယ်။ "

ချီရုန်က ရုတ်တရက်ပင်သူ၏ခါးကိုကိုင်းလိုက်ပြီး ပြာများဖြင့်ရောနှောနေသော ကျောက်ခဲ့စများကို လက်ဖြင့်ဆုပ်ယူလိုက်ပြီးနောက် ပိုင်ဝူရှန့်ထံသို့ဦးတည်ပစ်လိုက်သည်။

" လဲသေလိုက်။ "

ချီရုန်၏ လည်ပင်းရှိအကြောများပင် ထောင်ကာလာလေ၏။ မျက်နှာတစ်ခုလုံးသည်လည်း နီရဲကာနေပြီး မျက်ဝန်းမှမျက်ရည်များကလည်း ထပ်မံကာစီးကျလာကြသည်။ ပိုင်ဝူရှန့်က ထိုကျောက်ခဲ့စများကို မရှောင်ဘဲသူ၏မျက်ဝန်းများကိုသာ မှိတ်ထားလိူက်သည်။ ကျောက်ခဲစများအားလုံးသည် သူ့ကိူလာထိကြသည်။ ဘယ်ဘက်ပါးအပေါ်နလေးတွင်ပင် ခြစ်ရာတစ်ခုထင်ကျန်ကာ သွေးစတို့ထွက်ပေါ်လာလေ၏။

ပိုင်ဝူရှန့်က အနည်းငယ်စပ်သွားတာကြောင့် ချီရုန်အား ကမ်းပေးထားသောလက်ဖြင့် ထိုနေရာကိူထိလိုက်သည်။ လက်ညိုးထိပ်ကလေးပေါ်တွင် သွေးစတို့က ကပ်ပါလာလေ၏။ ပိုင်ဝူရှန့်က ထိုသွေးးအနည်းငယ်အား သူ၏လက်မနှင့်လက်ညိုးကိုသုံးကာ ပွတ်လိုက်ရင်း ပြုံးလိုက်သည်။

သို့သော်ချီရုန်က ထပ်မံကာအော်ပြန်လေ၏။

" ငါမင်းနဲ့ ပြန်မလိုက်ဘူး။ သေတာတောင်ပြန်လိုက်မှာမဟုတ်ဘူး။ သွား.....ထွက်သွား။ ဒီနေရာကနေထွက်သွား။"

" ခေါင်းဆောင်....ကျေးဇူးပြုပြီး...ကျွန်တော့်ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်မနေပါနဲ့တော့။

အရင်က ကျောက်ခဲနဲ့အပေါက်ခံကတုန်းက အဲ့ဒီထက်ကြီးတဲ့ကျောက်ခဲနဲ့ ပေါက်ရင်တောင် ခေါင်းဆောင် အတွက်အစားခံပေးတာမလို့ ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမဲ့....အခုလိုခေါင်းဆောင်က ကျွန်တော့်ကိုနာကျင်အောင်လုပ်နေတာကျတော့ ကျွန်တော်အဆတစ်ရာလောက်ပိုနာနေသလိုပဲ။"

" ဒါဆိုလည်း အဲ့ဒီ့နေရာမှာနာရင်းသေနေလိုက်လေ ငလူးကောင်ရဲ့။ "

ချီရုန်က ပိုင်ဝူရှန့်ရှိရာသို့ပြန်လျောက်လာသည်။ သိူ့သော်လည်း သူက ပိုင်ဝူရှန့်၏ဘေးဘက်မှဖြတ်လိုက်သည်။ ပိုင်ဝူရှန့်က သူ့ဘေးသိူ့ရောက်ကာလာသော ချီရုန်၏လက်မောင်းအား ဆုပ်ကိုင်ကာ လှမ်းဆွဲလိုက်ရင်း

" ဘယ်ကိုသွားမှာလဲ။ ကိုယ်နဲ့ပြန်လိုက်ခဲ့လို့။"

ချီရုန်က ပိုင်ဝူရှန့်၏လက်အား ခါထုတ်ပစ်လိုက်သည်။

" ငါမြောက်ပိုင်းက ဟွားချန်တို့ဆီသွားမလို့။ ဘေးဖယ်။ ငါမင်းကို ပြန်ဖို့ပြောထားပြီးပြီ။ မဟူတ်ရင် ငါမင်းကိုသတ်ပစ်မိမှာ။"

ချီရုန်က ပြောပြီးနောက် ဆက်လျောက်လိုက်သည်။ ပိုင်ဝူရှန့်ကထိုနေရာတွင် ဆက်ကာရပ်နေရင်းမှ

" ဒါဆိုလည်း သတ်လိုက်လေ။ ခေါင်းဆောင်က ကျွန်တော့်ကိုနည်းနည်းလေးမှတောင် ဂရုစိုက်တာမှမဟုတ်တာ။ ခေါင်းဆောင်ရဲ့အတွေးထဲမှာလည်း သူတို့ကလွဲပြီးမရှိဘူး။ ကျွန်တော့်ကလည်း ခေါင်းဆောင်အတွက် သူတို့လောက်တောင်အရေးမပါတဲ့လူတစ်ယောက်ပဲမလား။ "

ချီရုန်ကသူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း ပိုင်ဝူရှန့်ကိုလှမ်းကြည့်သည်။ ပိုင်ဝူရှန့်ကလည်း ချီရုန်ကို လှည့်ကြည့်လာရင်း

" အဲ့တာကြောင့် ကျွန်တော်အကုန်လုံးကိုရှင်းပစ်လိုက်တာ။ အခုကစပြီး ခေါင်းဆောင်က ကျွန်တော်တစ်ယောက်တည်းကိုပဲ ကြည့်ရမယ်ယေ ဂရုစိုက်ရမယ်။ ချစ်ရမယ်။ မြတ်နိုးရမယ်။ တွယ်တာရမယ်။ ခေါင်းဆောင်ရဲ့ အရာရာတိုင်းဟာကျွန်တော့်အတွက်ပဲ ဖြစ်နေရမယ်။"

" မင်းက ရူးနေတဲ့ကောင်ပဲ။"

"ဟုတ်တယ်။ ရူးနေတာ။ ရူးအောင်လုပ်ခဲ့တဲ့ တရားခံကလည်း ခေါင်းဆောင်ပဲလေ။"

ချီရုန်က တစ်ခွန်းသာပြောလိုက်သော်လည်း ပိုင်ဝူရှန့်ကဆက်တိုက်ပြန်ပြောလေ၏။ ချီရုန်က ပိုင်ဝူရှန့်အား အကြည့်စူးစူးဖြင့်ကြည့်ရင်း

" မင်းလိုကောင်ကို သူတိူ့ကယ်မလာခဲ့သင့်ဘူး။"

ချီရုန်က ပြောပြီးနောက်ထွက်သွားရန်ပြင်လိုက်သည်။ ပိုင်ဝူရှန့်၏ မျက်နှာကအနည်းငယ်ပြောင်းသွားလေ၏။ ထိုစကားကြောင့် သူ၏မျက်ခုံးကတွန့်ချိုးကာသွားသည်။ တဖက်သို့ ပြန်လှည့်လိုက်သော ချီရုန်၏နောက်ဖက်သို့ အမြန်သွားလိုက်ပြီး ချီရုန်၏ ဂုတ်ပိုးအားလက်ဝါးစောင်းဖြင့် ရိုက်ချပစ်လိုက်သည်။

"အ့....."

ချီရုန်က အသံတစ်သံထွက်လာပြီးနောက် မျက်ဝန်းများပိတ်ကာလဲကျလာတော့သည်။ ပိုင်ဝူရှမ့် ချက်ချင်းလှမ်းဖမ်းလိုက်ပြီး ချီရုန်အား ပွေ့ချီလိုက်သည်။ နီရဲကာ မျက်ရည်များဝေ့နေသော မျက်ဝန်းကိုတစ်ချက်ကြည့်ရင်း နှဖူးပြင်အား အနမ်းဖွဖွပေးလိုက်သည်။

" ကျွန်တော့် လိုချင်တပ်မက်မှုတွေကလည်း ခေါင်းဆောင်ကြောင့်ဖြစ်လာတာ။ ခွင့်မလွှတ်လည်းရတာမလို့ ကျွန်တော့်အနားမှာပဲရှိနေပေးပြီး ကျွန်တော့်တယောက်တည်းကိုပဲ ကြည့်နေပေးရင်ရပြီ။"

ထို့နောက် ပိုင်ဝူရှန့်က ချီရုန်ကိုပွေ့လျက်ပင် တောတစ်နေရာတွင် ရပ်ကာထားသော ဖုန်းရှင့်တို့ရှိသည့် လှည်းယာဥ်နားသို့ရောက်ကာလာလေတော့သည်။

" နန်းတော်ကိုပြန်ရအောင်။ ဒီနေရာကိုဘယ်သူမှ ထပ်လာစရာအကြောင်းမရှိတော့ဘူး။"

" အမိန့်တော်အတိုင်းပါ ။"

.......................................

"  နာမကျန်းဖြစ်နေပါတယ်။ အစာလည်း ဝင်အောင်မစားလို့ အားနည်းနေတယ်လို့ ထင်တာပါပဲ။ အခုဆို တပတ်နီးပါးရှိနေပါပြီ။ "

လင်းဝမ်က စိုးရိမ်နေသည့်လေသံဖြင့် ပိုင်ဝူရှန့်အားလျောက်တင်လာသည်။ ပိုင်ဝူရှန့်က ထိုင်နေရာမှ မတ်တပ်ကောက်ရပ်ကာ လင်းဝမ်အား

" သူ့အဆောင်ကိုသွားမယ်။ ဆေးကျိုပြီး လိုက်လာခဲ့။"

" မှန်လှပါ ။"

စိတ်ကိုလျော့စေနိုင်ရန် မတွေ့ပဲ ယခုအချိန်ထိ သူ၏အဆောင်တွင်အေးဆေးပေးနေခဲ့ခြင်းပင်။ အဆောင်ပြင်ပတွင်တော့ အင်အားအနည်းငယ်တိုး၍ စောင့်ကြပ်ထားပြီး အပြင်မထွက်စေရန် လုပ်ထားသည်။ ချီရုန်က ပြန်ရောက်ကတည်းက ဤကဲ့သို့ ဆန္ဒပြနေသည်မှာ တပတ်နီးပါးပင်ရှိကာ ယခုအချိန်တွင်အင်အားပင်မရှိတော့ပဲ အိက်ယာထဲလဲနေချေပြီ။ အမြဲသွတ်လပ်နေတတ်သော သူတစ်ယောက်က အရမ်းငြိမ်သွားသည့်အခါ သူ့ဘေးရှိ လူတိုင်းက မနေတတ်မထိုင်တတ်ဖြစ်မှာအမှန်ပေ။

" ရုန်အာ....အစားအသောက်မစားဘူးဆို..."

အဆောင်ထဲဝင်ဝင်ခြင်း ပိုင်ဝူရှန့်က အိပ်ယာထက်တွင် လဲနေသော ချီရုန်အားကြည့်ကာပြောလိုက်သည်။ ချီရုန်က သူ့အသံကြောင့် မျက်လုံးဖွင့်ကာကြည့်လိုက်လေ၏။ ပိုင်ဝူရှန့်ကိုကြည့်ပြီးနောက် သူ၏မျက်ဝန်းများကို ပြန်ပိတ်ထားလိူက်လေ၏။

လင်းဝမ်က ပိုင်ဝူရှန့်အား ဆေးခွက်တစ်ခွက်ကမ်းပေးလာသည်။ ပိုင်ဝူရှန့်က ယူလိုက်ပြီး

" ရုန်အာ...ကိုယ်မင်းအတွက် ဆေးကျိုလာခဲ့တယ်။ မင်း....နေမကောင်းရင် ဒီဆေးသောက်လိုက်တဲ့အခါ အဆင်ပြေသွားလိမ့်မယ်။"

ချီရုန်က သူ၏ကိုယ်ကိုတဖက်သို့စောင်းပြီးလိုက်ပြီး ပိုင်ဝူရှန့်အား ကျောခိုင်းလိုက်သည်။ ဆေးရည်ခွက်အား လက်ထဲတွင်ကိုင်ထားသော ပိုင်ဝူရှန့်က လေသံမာမာဖြင့်ပင်

" အားလုံးအပြင်ကိုထွက်ကြ။ ငါမခေါ်မချင်း တစ်ယောက်မှ ဝင်မလာနဲ့။"

" အမိန့်အတိုင်းပါ။"

သုံးလေးယောက်ခန့်ရှိသော အစောင့်များနှင့်တကွ လင်းဝမ်ကပါ အမိန့်နာခံလျက် ပြင်ပသို့ထွက်သွားကြလေတော့သည်။ ချီရုန်က တစ်ဖက်သိူ့လှည့်ထားလျက်ပင် ။ ပိုင်ဝူရှန့်က လက်ထဲရှိ ဆေးရည်ခွက်ကို အနည်းငယ် လှုပ်ကာကြည့်နေရင်း

" ရုန်အာ...မင်းမှတ်မိလား။ ကိုယ်တစ်ခါပြောဖူးတယ်လေ။ ပိုသိသင့် လုပ်သင့်တာတွေဆိုတာလေ။ ကိုယ်သင်ပေးမယ်လို့ ပြောဖူးတယ်လေ......ဘာလို့ဆို ကိုယ်တို့က ချစ်သူတွေမလို့လေ။

အဲ့တာ ကိုယ်ဒီနေ့ မင်းကိုသင်ပေးမယ်။"

ပိုင်ဝူရှန့်က ပြောပြောနှင့်ပင် လက်ထဲရှိ ဆေးရည်ခွက်အား သောက်ပစ်လိုက်ပြီး ဆေးရည်ကို ခံတွင်းထဲတွင် ငုံလိုက်သည်။ ထိုနေယက် သူ့အားဂရုမစိူက်စွာ တစ်ဖက်သို့လှည့်နေသော ချီရုန်အား ပုခုံးမှ ဆွဲကိုင်ကာ လက်နှစ်ဖက်ကို ပူးချုပ်လျက် အပေါ်သို့ မြှောက်တင်လိုက်သည်။ ကျန်လက်တစ်ဖက်က ချီရုန်၏ပါးစပ်အဟနားကို ဆွဲညှစ်ကာ ပါးစပ်ပွင့်စေလိုက်ပြီးနောက် သူ၏နှုတ်ခမ်းကို ချီရုန်၏ခပ်ဟဟဖြစ်နေသော ပါးစပ်နှင့် ထိကပ်လိုက်သည်။

ရုတ်တရက်ဆွဲလှည့်ကာ ထိုသို့လုပ်ခံလိုက်ရသောကြောင့် ချီရုန်မှာမျက်လုံးအဝိုင်းသားနှင့် ရုန်းကန်နေလေ၏။ ပါးစပ်အတွင်းသို့ဝင်လာသော အခါးအရသာရှိသည့်ဆေးများကို ပြန်ထုတ်ရန်တွေးနေသောလည်း ပိုင်ဝူရှန့်က လက်နှစ်ဖက်ကို အတင်းဖိထားရုံသာမက ချီရုန်၏ပါးစပ်ကိုလည်း သူ၏ပါးစပ်ဖြင့် အတင်းစိပိတ်ထားပစ်လိုက်သည်။

" အွင်း....အွန်း...အွင်း..."

ချီရုန်မှာ ရုန်းကန်ရင်းနှင့်ပင်မရသည့်နောက်ဆုံး မြိုချပစ်လိုက်ရတော့၏။ ထိုအခါမှ ပိုင်ဝူရှန့်က နှုတ်ခမ်းအားပြန်ခွာလိုက်ရင်း ရီလိုက်သည်။ ချီရုန်က သူ့အားအကြည့်စူးစူးဖြင့် ကြည့်နေ၏။ နှုတ်ခမ်းထောင့် စီးကျနေသော ဆေးရည်များကို သုတ်ပေးလိုက်ရင်း

" ဒါကအရင်ဆုံး အားရှိအောင်တိုက်ရုံလေး။ တကယ့်ဟာက လာမယ်။"

ချုပ်နှောင်ထားသော လက်များကို မလွှတ်သေးပဲ ပိုင်ဝူရှန့်က ချီရုန်၏ လည်ပင်းနားသို့ သူ၏မျက်နှာကို အပ်လိုက်ရင်း လည်ပင်းအား သွားဖြင့် ကိုက်ချလိုက်သည်။

"အ့...."

မျက်ဝန်းများမှိတ်ကာသွားသော ချီရုန်အားပိုင်ဝူရှန့်ကြည့်ရင်း သဘောကျစွာပြုံးမိသည်။

" အဆင်ပြေသွားမှာပါ။"

~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Коментарі