Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
" ရှေ့ဘက် တစ်မိုင်လောက်ရောက်ရင် မင်းတို့ရဲ့အရင်ကလိုမျိုးစခန်းပုံစံကိုတွေ့ရလိမ့်မယ်။ သူတို့ကတော့ မင်းလာမယ်ဆိုတာပြောမထားဘူး။

ငါပြောပြမယ်။ အခုချိန်ကစပြီး မင်းတို့ရဲ့ဖြစ်တည်မှုက လူသေတွေလိုပဲဖြစ်သွားပြီမလို့ အနေအထိုက်ဆင်ခြင်ကြပါ။ ဧကရာဇ်ကိုဘာအခက်အခဲမှထပ်မဖြစ်စေချင်ဘူး။"

ဖုန်းရှင့်က ရှေ့သို့သာကြည့်ရင် တရစပ်ပြောနေသည်။ ဘေးရှိ ချီရုန်သည်ပင် အသံတိတ်နေမိ၏။ ဘာရယ်ကြောင့်မှန်းမသိသော်လည်း အရာအားလုံးက တိတ်ဆိတ်ကာဝမ်းနည်းဖွယ်အတိဖြစ်နေသည်။ သူ၏နှလုံးသားသည်ပင် ထိုနန်းတော်နှင့် ဝေးလေလေ၊ ပို၍အထီးကျန်အဖော်မဲ့လာသလိူခံစားရလေလေဖြစ်နေသည်။ သို့သော်လည်း ထိုသို့သော ခံစားချက်ကိုသူနားလည်မည်မဟုတ်ချေ။

ချီရုန်က ပိုင်ဝူရှန့်ထံမှလက်ခံရရှိထားသောစာလွှာအိတ်ကိုသူ၏ လက်ထဲတွင်ကိုင်ထားဆဲသာဖြစ်သည်။ ဘေးရှိ ဖုန်းရှင့်ကိုကြည့်ရင်း

" ဒါဆို ငါဒီလမ်းအတိုင်းဆက်လျော​က်သွားလိုက်ရင်ရပြီပေါ့။"

"ဟူတ်တယ်။"

" ဒါဆို ငါသွားတော့မယ်။ မင်းတို့ကိုနှုတ်ဆက်ပါတယ်။"

"အင်း..."

ချီရုန်က သူတစ်ယောက်တည်းပင် မြင်းပေါ်မှဆင်းလိုက်ပြီးနောက် ဆက်လျောက်လာခဲ့လိုက်သည်။ သူ၏နောက်ဘက်တွင် ဖုန်းရှင့်ကသူ့အားမြင်ကွင်းမှ မပျောက်ကွယ်မချင်းကြည့်နေသည်ကိုတော့ သူခံစားမိသည်။

............................................

" အကိုကြီး....အကိုကြီး...အကိုကြီးကိုနောက်ဆုံးတော့တွေ့ရပြီ။"

ချီရုန် ထိုစခန်းကိုရောက်ရောက်ချင်းပင် နန်ဖုန်း၊ ဖူယောင်နှင့်အခြားညီအကိုများက စခန်းမှထွက်လာပြီး ဝိုင်းကာပွေ့ဖက်ခြင်းခံရသည်။ အားလုံးကလည်း အပျော်ကြီးပျော်တေပုံရပြီး ဝမ်းသားလွန်းသဖြင့် မျက်ရည်များပင်ကျကာ အာပြဲကြီးဖြင့်အော်ငိုနေသူများပင်ရှိသေးသည်။

ချီရုန်က စခန်းကိုတချက်ကြည့်လိုက်သည်။ စခန်း၏အပြင်အဆင်သည် ယခင်ကပုံစံအတိုင်း ပြောင်းလဲထားခြင်းမရှိချေ။ ပြောင်းလဲသည်ဟူသည်က အနည်းငယ်သစ်လွင်နေခြင်းသာ။

ချီရုန်က သူ့အားဝမ်းသာအားရလာဖက်နေကြသော ညီအကိုများကို ပြန်ဖက်ပေးထားရင်းပင် နန်ဖုန်းကအော်လိုက်သည်။

"တော်ကြတော့ တော်ကြတော့...အကိုကြီးကို စခန်းထဲလည်းဝင်ခွင့်ပေးလိူက်ပါအုန်း။ ငါတို့ရဲ့စခန်းကအရင်ကထက် ဘယ်လောက်တောင်ပိုကောင်းသွားလဲဆိုတာကို..."

" အရင်ကထက်ပိုကောင်းတယ်။ ဟုတ်လား။"

ချီရုန်က မေးတော့နန်ဖုန်းက ဝမ်းသားအားရဖြေသည်။

" ဟုတ်တယ်။ ကျွန်တော်တို့ အကုန်လုံးပြောပြမယ်။ လာ.... အထဲကိုသွားရအောင်။"

အားလုံးက ချီရုန်အား ဦးဆောင်ကာခေါ်သွားသော နန်ဖုန်းတို့နောက်သို့လိုက်လာကြသည်။ တစ်ယောက်က ချီရုန်၏အထုပ်ကလေးကိုပင် သယ်ပေးထားလိုက်သည်။ လက်ထဲတွင်တော့ပိုင်ဝူရှန့်ပေးလိုက်သည့် စာအိတ်အားကိုင်ထားဆဲပင်။

စခန်း၏အခန်းဆောင်အလည်ရှိ ယခင်ကထက်နှစ်ဆပိုကြီးကာသွားသော လေးထောင့်စားပွဲကြီးသည်ယခုအချိန်တွင် ညီနောင်များအားလုံး တစ်ဝိုင်စတည်အတူစားရန်လုံလောက်နေချေပြီ။ တယောက်က ချီရုန်အတွက် ရေနွေးကြမ်းငှဲ့ပေးရင်း ထိုစားပွဲ၏ထိပ်တွင် ထိုင်စေသည်။ နန်ဖုန်းတို့က တယောက်တလှည့် ဖြစ်ကြောင်းကုန်စင်ကိုပြောပြနေလေ၏။ ချီရုန်က ရေနွေးကြမ်းသောက်ရင်း နားထောင်နေလေသည်။

လွန်ခဲ့တဲ့ရ​အြချို့ သူတို့စခန်းကိုပြန်ရောက်ပြီးမကြာခင်မှာပဲ ပိုင်ဝူရှန့်ကသူတို့ဆီသို့ နောက်တစ်ခေါက်ရောက်လာခဲ့တယ်။ ကိစ္စတစ်ချို့ကြောင့်ရော၊ ချီရုန်ကိုကာကွယ်ဖို့လိုအပ်တာကြောင့်ဆိုသော အကြောင်းပြချက်ဖြင့် သူတို့အား ဤတောမှရွေ့ရန် အကြံပေးခဲ့သည်။ အစပိုင်းက ငြင်းခဲ့ကြသော်လည်း ချီရုန်၌အန္တာရယ်ကှိလာနိုင်သည်ဟု ချိန်းခြောက်တာကြောင့် သူတို့ ဘေးရှိနန်ဖန်းတောင်ဘက်သို့ပြောင်းလာလိုက်ကြရသည်။

သေချာစွာဂရုတစိုက်ပြင်ဆင်ပေးထားသော စခန်း၏အပြင်အဆင်ကြောင့်အားလုံးက သဘောကျနှစ်ခြိုက်ကြသည်။ စခန်းဘေးရှိမြေကွက်လပ်တွင် အားလုံးလုပ်ကိုင်စားသောက်နိုင်ရင် လယ်ယာမြေကွက်များကို ထားပေးထားသည်။ ထပ်မံပြီးဓားပြတိုက်သည့်အလုပ်ကို မလုပ်တော့ရန်လည်းပြောသည်။ ငြင်းလျက် ချီရုန်၏အမည်ကိုပြောလိုက်ရုံဖြင့် ပြန်လည်တိတ်ဆိတ်သွားကြသည်။ တောင်ခြေတွင်လည်း ရွာတစ်ချို့ရှိတာကြောင့် မည်သို့ပင်ဆိုစေကာမူ သူတိူ့အတွက် အေးချမ်းသော သာမာန်ဘဝကိုဖြတ်သန်းလို့ရလိမ့်မည်မှာသေချာသည်။

ချီရုန်က အားလုံးကိုတချက်ကြည့်လိုက်သည်။ အားလုံးပြောင်းလဲသွားချေပြီ။ သူတို့အားလုံးဟာ သူမရှိသည့်တလျောက်လုံး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် ယခုဆိုလျင် ကျွင်းဝူ၏ကျေးဇူးဖြင့် လူကောင်းများဖြစ်ခဲ့ကြလေပြီဖြစ်သည်။ ချီရုန်က သဘောကျစွာရီမိသည်။ ဤသို့ပြောင်းလဲပေးလိူက်တာသည်လည်း တကယ်ကိုကောင်းသည့်တစ်ချက်ပင်။ သူကိုယ်တိုင်လည်း ဘာရယ်ကြောင့်မှန်းမသိ ယခင်လိုဆိုးသွမ်းသည့်သူတစ်ယောက်လုပ်ရမှာကိုပင် ပျင်းလို့လာချေလေပြီ။ အဓိကအရေးကြီးသာ်က မည်သို့သော အလုပ်မျိုုးပင်ဖြစ်ပါစေ ညီနောင်တို့နှင့်အတူ လုပ်ရလျင်ပင်ဤသည်က ချမ်းသားသုခဖြစ်ပေလိမ့်မည်။

" အကိူကြီး...အကိုကြီးအခန်းကိုကြည့်အုန်းမလား။ တခါတည်းလိုက်ပို့ပေးမယ်လေ။ နားလို့ရအောင်"

နန်ဖုန်းက ဆိုသည်။ ချီရုန်က ရေနွေးကြမ်းသောက်လက်စကိုချလိုက်ရင်း

" ငါ့အခန်းဟုတ်လား။ "

" ဟုတ်တယ်...လာ..လာ။"

နန်ဖုန်းကပဲ ချီရုန်ကိုခေါ်ကာ သစ်သားလှေကားမှတစ်ဆင့်အပေါ်သို့ခေါ်ကာသွားတော့သည်။ ယခင်ကတည်းက ချီရုန်တွင် သေးငယ်သော အခန်းတစ်ခုရှိခဲ့ပြီး ယခုလုပ်ပေးထားသည့်အခန်းသည် ယခင်ထက်သုံးဆနီးပါးပိုကြီးသည်။ နန်ဖုန်းက ပြတင်းပေါက်ကိုဖွင့်လိုက်ရင်း..

" အကိုကြီးသိလား။ ဒီကနေ တမိုင်အကွာမှာ ကျွန်တော်တို့ တပတ်တစ်ခါရေချိုးနေကျ ရေကန်နဲ့ရေတံခွန်ဆက်ထားတဲ့ ရေကန်တစ်ခုလည်း ရှိသေးတယ်ဗျ။ ကျွန်တော်တို့ ဘယ်လောက်ထိကံကောင်းလိုက်သလဲ။"

"ဟုတ်ပ ။ တကယ်ကံကောင်းလိူက်တာ။"

ချီရုန်က ပြတင်းပေါက်ကနေမှတစ်ဆင့် နန်ဖုန်းညွှန်ပြသောနေရာသို့ငေးရင်း အသာရေရွတ်လိုက်မိသည်။ ငြိမ်ကာနေသော ချီရုန်အား နန်ဖုန်းက အားမလိုအားမရဖြစ်နေပုံရသည်။

" အကိုကြီး အရမ်းငြိမ်ကျသွားတာပဲ။ ကျွင်းဝူကအရမ်းနှိပ်စက်လို့များလား။ ကျွန်တော်တို့တောင်းပန်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီမှာကောင်းစားနေပြီး အကိုကြီးကတော့ နန်းတွင်းထဲမှာ ဒုက္ခခံနေရတာ။ ပိန်တောင်ပိန်သွားပြီ။"

" မဟုတ်ပါဘူး။ ငါ နည်းနည်း နေမကောင်းဖြစ်ခဲ့ရုံပါ။ အခုကစပြီး ငါအသေပြန်စားတော့မှာလေ။ မင်းတို့ ငါ့ကိုရှာကျွေးရမှာနော်။"

ချီရုန်က တတ်ကြွစွာဆိုသည်။ ထိုအခါမှ နန်ဖုန်းက သူ၏ရင်ဘတ်ကိုပြန်ထုလိုက်ရင်း

" ကျွန်တော်တို့ကိုပဲ ပုံအပ်လိုက်စမ်းပါ။ ကိုကြီးကို တလအတွင်းပြန်ပြီး ဝတုတ်လာအောင်ကျွေးမယ်။ "

" မင်းစကားအတိုင်းပဲနော်။ ဒါနဲ့ ငါ့အကိုဝမ်းကွဲရော..."

" အကိုကြီးရဲ့အကိုဝမ်းကွဲက မြောက်ပိုင်းကဟွားချန်နဲ့ပဲ အတူရှိနေတာ။ အကိုကြီးရှိကတည်းက သူတို့ရဲ့ဆက်ဆံရေးကိုသိတယ်မလား။ အကိုကြီးနဲ့ ကျွင်းဝူတို့လိုမျိုးပဲလေ။ အဲ့တော့....ဟွားချန်ကသူ့ကိုခေါ်သွားတယ်။ ဒီကို တပတ်တစ်ခါလောက်တော့ လာတယ်။"

" ပြီးရော...ဘာမှမဖြစ်ရင်။ သူလည်း သူ့လမ်းသူလျောက်နေတာပဲ။"

" ဟုတ်တယ် ။ ဒါ...ဒါနဲ့လေ..."

" ဒါနဲ့...ဘာဖြစ်လဲ။ ဘာပြောစရာရှိလို့လဲ။"

နန်ဖုန်းက သူ၏ခေါင်းကိုကုတ်နေလေ၏။ ပြောရခက်နေပုံပင်။ သို့သော်လည်း အတော်ကြာတော့ သူကဆိုသည်။

" ကျွင်းဝူကအဆင်ပြေပါ့မလား။ ဒါတွေအားလုံးက အကိုကြီးအတွက် သူပြင်ဆင်ပေးထားတာတွေချည်းပဲ။ သူက အကိုကြီးကိုဘယ်လောက်ထိချစ်လည်းဆိုတာ ကျွန်တော်တို့ဘေးကလူကြည့်ရင်တောင်မြင်နိုင်တယ်။ သူက ကျွန်တော်တို့အတွက်ကိုပါ ပူပေးနေတာဆို​တော့လေ။ အခုလိုအကိုကြီးက သူ့ဘေးမှာမရှိတော့ရင် သူအထီးကျန်နေမှာပဲ..."

"........"

နန်ဖုန်း၏စကားကြောင့် လွန်ခဲ့သော နှစ်ရက်ကျော်ကနောက်ဆုံးတွေ့ခဲ့ကြစဥ်က ကျွင်းဝူ၏နောက်ဆုံးပုံရိပ်က သူ၏အတွေးထဲရောက်ကာလာသည်။ ချီရုန်က သူ၏မျက်လုံးကို အမြန်မှိတ်ချပစ်လိုက်ရင်း

"တော် တော်...အဲ့အကြောင်းမတွေးတော့ဘူး။ ရေသွားချိူးရအောင်....ငါဖုန်တွေနဲ့ ညစ်ပတ်လာတယ်။"

" ကောင်းပြီ။ အကုန်လုံးကိုခေါ်လိုက်မယ်။"

နန်ဖုန်းက ချက်ချင်းပင် အခန်းထဲမှ ထွ​က်ကာအောက်သို့ဆင်းလိုက်ပြီး ရေချိုးကြမယ်ဟေ့ဆိုကာအော်လေတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 21 ( ငါမင်းကိုချစ်တယ်)
Коментарі