Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 7 (မျက်နှာမြင်သတ်ချင်)
နှစ်လတာခန့်ကြာမြင့်လို့လာချေလေပြီ။
မြို့တော်တွင်လည်း ဧကရာဇ် ပျောက်ဆုံးနေသည်ဟူသော ကောလဟာလများသည်က တဖြည်းဖြည်း ချင်းပင် အဖြစ်မှန်ဆီသို့ရောက်လာကြလေ၏။

ကျွမ်းကျင်သော စစ်သည်တော်များကိုပင် အရပ်ရပ်သို့စေလွွတ်ကာ တရားဝင်ရှာဖွေခြင်းကိုစတင်ကြသည်။

ထို့အနည်းအတူပင် ချီရုန်တို့၏ဓားပြစခန်းနှင့်
မနီးမဝေး မြို့တစ်မြို့တွင်လည်း
ထိုမြို့ရှိ အချက်အချာကျသော စျေးထိပ်တွင်
သစ်သား ဘုတ်ပြားတစ်ခုကို လှပစွာ စိုက်ထူထားလျက်ရှိသည်။

ထိုသစ်သားပြားသည် ပတ်ပတ်လည် လေးပေစီအရှည်ရှိသည်။ ထိုသစ်သားပြားပေါ်တွင် မြို့နှင့် သက်ဆိုင်သော အရာအချို့ကို ရေးသားကာ ကပ်ထားလေ့ရှိသည်။ ပုံတူနှစ်ခုအနက်တစ်ခုက သွားများပေါ်သည်အထိ ဖြီးနေသည်မှာ ရုပ်အတော်ဆိုးလှသည်။
နောက်တစ်ယောက်ကမူ မပြုံးပဲ တည်ငြိမ်နေသည့်မျက်နှာထား။ ထိုသူကတော်သေးသည်ပြောရမည်။

၎င်း တို့နှစ်ဦး၏ပုံတူများကို ရေးဆွဲထားပြီး ထိုသစ်သားပြားတွင် ကပ်ကာ အောက်ရှိ စာလုံး မဲမဲသည်က "အလိုရှိသည်" ဟူသော စာလုံး။

ဤတပတ်လုံးနီးပါးထို သစ်သားဘုတ်ပြားပေါ်တွင်နေရာယူထားသူသည်ကချီရုန်နှင့် ကျွင်းဝူ တို့ပင်။

"ကျွင်းဝူ......"

ချီရုန်က သက်ပြင်းတစ်ချလိုက်ရင်း ကျွင်းဝူ၏အမည်ကို ရေရွတ်လိုက်သည်။

"ကျွန်တော်ရှိပါတယ်။"

သူ့ဘေးတွင် ကပ်လျက်ထိုင်ကာနေသော
ကျွင်းဝူက သူ့အားကြည့်ကာဖြေလေသည်။

နှစ်ဦးသား ချောက်ကမ်းပါး အစွန်းတစ်နေရာတွင်
ခြေနှစ်ချောင်းကိုေ အာက်သို့ချကာ
ထိုင်နေကြသည်။ အောက်တွင်မူ တစ်ပတ်တစ်ခါရေချိုးနေကြ ရေကန်ရှိနေလေ၏။
ရေှ့တည့်တည်တွင်မူ အုပ်ဆိုင်းနေသော
သစ်ပင်ကြီးများရှိပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသော နေမင်းကြီး၏ ရောင်နီတိူ့က စူးရှစွာတောက်ပနေသေးသည်။

ချီရုန်က ကျွင်းဝူ၏အဖြေကြောင့် ကျွင်းဝူကို
တစဖချက်ကြည့်လိုက်ပြီးနောက် ရေှ့ဘက်သိူ့မျက်နှာပြန်မူလိုက်သည်။

"မင်းလည်း ငါနဲ့ပေါင်းပီး လူယုတ်မာဖြစ်နေပြီ။
မင်းအတွက် စိတ်မကောင်းဘူး။ တခါတလေငါတွေးမိတယ်။ မင်းသာ အိမ်တစ်အိမ်ရဲ့ သားလိမ္မာလေး တစ်ယောက်ဖြစ်နေရင်ဘယ်လိုလုပ်မလဲဆိုပြီး.."

ဤအတောအတွင်း ချီရုန်က တောစပ်အနားရှိ
မြို့ကိုပြသနာသွားသွားရှာလေ့ရှိသည်။
ဟွားချန်က မြောက်ပိုင်းနယ်စပ်မှထွက်ခွာသွားပြီဖြစ်သည်။ ပိုဆိုးသည်က ဟွားချန်သည် ရှဲ့လျန်နှင့်အတူ
အမွိုက်ကောက်ရန် ထွက်သွားခြင်းပင်။

ရှဲ့လျန်ကတစ်ခါတလေ လချီအောင် ပင်အမွိုက်ကောက်ထွက်လေ့ရှိသည်။  အမွိုက်လည်ကောက်ရင်း
တစ်နေရာကျန်ခဲ့သည်ဟု သိရသောအခါ
သုံးရက်နီးပါး စိတ်မကောင်းဖြစ်နေခဲ့သေးသည်။ထိုစိတ်နှင့်ပင် အစားလည်းသိပ်မစားတော့သောကြောင့်
ဟွားချန်ကစိတ်ချမ်းသာစေရန် သူနှင့်အတူလိုက်ကာ
အမွိူက်ကောက်ပေးနေခြင်းပင်။

ချီရုန်က ပြသနာမရှာရလျင် မနေနိုင်သူတစ်ဦးပီပီ
သူ့အတွက် ထိုမြို့က ပစ်မှတ်တစ်ခုဖြစ်ခဲ့သည်။
မုချင်၏ ခွေးလေးကိုပင် သုံးခါနီးပါးခိုးခဲ့သေးသည်။

မြို့ထဲတွင်လည်းပြသနာပေါင်းစုံရှာနေသောကြောင့်
မြို့ဝန်မင်းက မြို့ထဲဝင်လျင် ဖမ်းဆီးအကျည်းချရန်
အမိန့်စာထုတ်ပြန်ခဲ့လေသည်။

ထို့ကြောင့်ပင် ချီရုန်တစ်ယောက်
ဘာလုပ်လို့လုပ်ရမလဲမသိ စွာပင် ထပ်မံကာ
အထီးကျန်နေပြန်တော့သည်။
ယခုနောက်ပိုင်းလည်း သူဘယ်သွားသွား
ကျွင်းဝူကိုတော့ မပါမဖြစ်ခေါ်သွားလေ့ရှိသည်။
ထို့ကြောင့်လည်း ထိုမြို့ရှိ အလိုရှိသည်ဟူသော
စာရွက်က နှစ်ရွက်ဖြစ်နေခြင်းပင်။

ကျွင်းဝူက ချီရုန်၏စကားကြောင့် ခေါင်းကိုငုံ့လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးက တစ်ဖက်ကိုတစ်ဖက်ဆုပ်ကိုင်ကာထားပြီး ပေါင်ပေါ်တွင်တာကာထားသည်။

"ကျွန်တော် နောင်တမရပါဘူး ။
ခေါင်းဆောင်က ကျွန်တော့်ကိုကယ်တင်ပြီး
ကျွေးမွေးခဲ့တာဆိုတော့ ကျွန်တော် ခေါင်းဆောင်အတွက် ဘာပဲလုပ်ရလုပ်ရ ကျေနပ်ပါတယ် ။"

ချီရုန်က ကျွင်းဝူကိုတစ်ချက်ကြည့်ကာ
ရီလိုက်သည်။

"မင်း အရမ်းအလေးအနက်မပြောပါနဲ့။ ဟဲ...ဟဲ..."

(မင်းကို ငါကယ်တာမှမဟူတ်တာ။
ငါက သတ်ပစ်ဖို့တောင်ပြောတာ...အဲ့တာပြောပြလိုက်ရင် ငါ့ကိုမုန်းသွားမှာလား။)

ကျွင်းဝူက ချီရုန်အားပြုံးကာကြည့်လိုက်သည်။
ပြီးနောက် သူက ပျောက်ကွယ်လုနီးနေသော နေမင်းကြီးရှိရာဘက်သို့သာ မျက်နှာပြန်မူလိုက်သည်။

.......................

"ဒါက........"

ဖုန်းရှင့်က သစ်သားဘုတ်ပြားပေါ်တွင်
ကပ်ကာထားသော လူနှစ်ယောက်ကိုတွေ့သည်နှင့်
ချက်ချင်းပြေးသွားလေသည်။

အမှန်တကယ်က ထိုနှစ်ယောက်ထဲမှတစ်ယောက်ကိုတွေ့သွားသောကြောင့်ပင်။
သူက ထိုစာရွက်နှစ်ရွက်ထဲမှ တစ်ရွက်ကိုဆွဲခွာလိုက်ပြီး သေချာကြည့်လိုက်သည်။ ပြီးမှ

"ဒါ...ဒါက..ဧကရာဇ် ပုံမလား။"

ချက်ချင်းပင် ဆယ်ယောက်ခန့်ရှိသော
လူတစ်ချို့သူ့အနားသို့ရောက်လာကြသည်။ အနီးဆုံးရှိတစ်ယောက်က ဖုန်းရှင့်လက်ထဲရှိ စာရွက်အား သေချာကြည့်လိုက်သည်။

"ဟုတ်တယ်။ ဒါ ဧကရာဇ် ပဲ။ ဒါပေမဲ့ ဘယ်..ဘယ်လိုဖြစ်ပြီး...."

အောက်တွင်ရေးကာထားသော အလိုရှိသည် ဟူသော စာလုံးကြောင့် အားလုံးကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
ဖုန်းရှင့်က ဘေးနားတစ်ဝိုက်ရှိ စျေးသည်တစ်ချိူ့ဆီမှ
ထိုသူအကြောင်းစုံစမ်းစေလိုက်သည်။

ကြားလိုက်ရသည့်သတင်းတစ်ချို့က နားနှင့်မဆန့်အောင်ပင်။ တစ်ယောက်ကမှတ်ချက်ပေးသည်။

"မဖြစ်နိုင်ဘူး။ ဧကရာဇ် မဟုတ်တာသေချာတယ်။
ကျုပ်တို့ဧကရာဇ် ကဒီလောက်အရှက်မဲ့တဲ့ ကိစ္စတွေကို လူပ်မှာမဟုတ်ဘူး။ ဟုတ်တယ်မလား..."

ဖူန်းရှင့်က သေချာစဉ်းစားနေသည်။ သူက သစ်သားပြားပေါ်တွင် ထင်ကျန်ကာနေသော နောက်ထပ် လူတစ်ယောက်မျက်နှာနှင့်စာရွက်အား
ဆွဲခွာလိုက်ပြန်သည်။

"သွားကြည့်လိုက်လို့ ဘာမှပင်ပန်းမသွားပါဘူး။
ဟုတ်တယ်မလား။"

............................
"မင်းရောက်တာ သုံးလပဲရှိသေးတာကို
ခေါင်းဆောင်က မင်းမှမင်းကိူဖြစ်နေတာ။"

"သူ့ကိုဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူးလေ။
မြောက်ပိုင်းခေါင်းဆောင်ဟွားချန်မှ မရှိတာ အကိုကြီးက ပျင်းနေတာပေါ့။အဲ့တာကြောင့်ပါကွာ။"

နန်ဖုန်းနှင့်ဖူယောင်က သူတို့နှင့် အနီးနားတွင်
ထင်းခုတ်နေသော ကျွင်းဝူကို ကြည့်ကာပြောနေကြသည်။ ကျွင်းဝူက သူတိူ့စကားအား အရေးမစိုက်ပဲ လုပ်စရာရှိသည်ကိုသာ ဆက်လူပ်နေသည်။

"ဒီနားမှာ ဓားပြစခန်းရှိလားဗျ။ ...."

တစ်စုံတယောက်၏ အသံကြောင့်
နန်ဖုန်းနှင့်ဖူယောင်က လှမ်းကြည့်လိုက်သည်။
ဆယ်ယောက်နီးပါးရှိသော လူတစ်စုက
သာမာန်လူအဝတ်အစားများကို ဝတ်ဆင်ကာထားကြည်။ သိူ့သော်လည်း အားလုံးကိုယ်စီတွင် ဓားရှည်များကိုကိူင်ဆောင်ထားကြသည်။

နန်ဖုန်း တိူ့က လက်ထဲရှိ ဓားမ များကို အသေအချာဆုပ်ကိုင်လိူက်ကြပြီး

"ဓားပြစခန်းကို ဘာလုပ်ဖိူ့ရှာတာလဲ။
မကြောက်မလန့်...ဟမ်......"

ကျွင်းဝူက ထိုအသံကြောင့် နန်ဖုန်းတို့နောက်ဘက်မှနေ၍ သူတိူ့အမားသို့လာလိုက်သည်။
ခူတ်ထွင်ကာထားသော ထင်းခြောက်တစ်ချို့ကိူ
မြေပြင်တွင် ပစ်ကာချလိုက်သည်။

အနည်းငယ်ကျဆင်းနေသော နှဖူးပြင်ရှိ
ချွေးစတိူ့ကို လက်ဖျံဖြင့် သုတ်လိုက်ပြီးနောက်

"ဘယ်သူတွေလဲ။"

"ဧ...ဧကရာဇ်......ဧကရာဇ်လား.... "

ဖူန်းရှင့်တိူ့အဖွဲ့က ကျွင်းဝူကို မြင်သည်နှင့်
တစ်ယောက်ကို တစ်ယောက်ကြည့်လိုက် ကျွင်းဝူကို
ကြည့်လိုက်နှင့် ဆွံအနေကြသေးသည်။
ကျွင်းဝူကလည်း သူတို့ကိုကြည့်နေသည်။
ပြီးနောက်ရုတ်တရက်ပင် ထိုလူအုပ်က ဒူးထောက်ကာ ပြိုင်တူအော်ကြလေတော့သည်။

"ဧကရာဇ်....... သက်တော်ရာကျော်ရှည်ပါစေ... "

ကျွင်းဝူသာမက နန်ဖူန်းနှင့်ဖူယောင်သည်ပင်
ထိတ်လန့်သွားပြီး ဓားမကြီးများမြေှာက်ကာ
နောက်သို့တစ်လှမ်းဆုတ်မိသွားကြသည်။

~~~~~~~~~~~~~~~~~~~~~~







© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Коментарі