Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 16 ( ငါတို့ကချစ်သူတွေ)
*ဗြန်း....ဗြန်း...ဗြန်း....*

"အ့....."

လင်ဗန်းဖြင့် သုံးချက်ခန့်ဆင့်ချခံလိုက်ရသော ပိုင်ဝူရှန့်မှာ အသံတစ်ချက်ခန့်သာထွက်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင်ပင် ပက်လက်လန်ကာ လဲကျသွားလေတော့သည်။ ရုတ်တရက်လဲကျကာသွားသော ပိုင်ဝူရှန့်အား မြင်လေတော့မှ ချီရုန်က အသိစိတ်ပြန်ဝင်လာတော့သည်။

သူ၏လက်ထဲတွင် ပိန်လိန်ကာချိုင့်သွားသော လင်ဗန်းအား စားပွဲပေါ်တွင် အမြန်ပြန်တင်လိုက်ရင်း လဲကျကာ သတိလစ်မေ့မြောသွားဟန်ရှိသော ပိုင်ဝူရှန့်၏အနားသိူ့ သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း

"သေပြီလား။"

ချီရုန်ကသူ၏လက်ညိုးဖြင့် ပိုင်ဝူရှန့်၏ ပါးပြင်ကို ထိုးကြည့်လိုက်သည်။ ပိုင်ဝူရှန့်ဘက်မှ မည်သည့်တုံ့ပြန်မှုမျိုးမှ မပေးပဲ မျက်စိစုံမှတ်လျက်သာငြိမ်သက်နေလေ၏။

"ကျွင်းဝူ...မင်းသေပြီလား။ ငါ့ကိုတစ်ခုခုပြောအုန်းလေ။ ငါ..ငါ..အားသိပ်မထည့်လိုက်မိပါဘူး။"

"......."

တဖက်ကမည်သည့်အသံမှ ထွက်မလာတာကြောင့် ချီရုန်က သူ၏လက်နှစ်ဖက်လုံးကိုသုံးကာ ပိုင်ဝူရှန့်အား လှုပ်နှိုးပြန်သည်။

"ကျွင်းဝူ...ကျွင်းဝူ...ငါခေါ်နေတယ်လေ။ ထအုန်းလို့။"

ချီရုန်က အတော်ကြာသည်ထိ တုံ့ပြန်မှုမရတာကြောင့် သူ၏ နားကိုပိုင်ဝူရှန့်၏ ရင်ဘတ်နားသို့ကပ်လိုက်ကာ နှလုံးခုန်နှုန်းစမ်းသပ်ရန်ကြိုးစားလိုက်သည်။ တစ်ခဏကြာတော့မှ ပြန်ကာခွာလိုက်ပြီး

"ကျွင်းဝူ...ဒီလောက်လေးနဲ့ မသေနဲ့အုန်းလေ။ မင်းသေလို့မရဘူး။ ငါ...ငါကလေ မင်းကိုတွေ့ချင်လို့လာခဲ့တာ။ မင်းက သေသွားရင် ငါကဘယ်သူ့ကိုတွေ့ရတော့မှာလဲ။ မင်းမသေရဘူးလို့...ငါမင်းကို သတိရလို့ လွမ်းလို့လာတွေ့ရတာလေ။ မင်းသေလို့မရဘူးလေ..အီး...ဟီး...ဟီး..."

ချီရုန်ကပြောရင်းပင် မျက်ရည်များကျကာလာလေတော့၏။ မျက်စိကိုစုံမှတ်ကာ တရစပ်ထွက်ကျလာသော မျက်ရည်များက နှာရည်များနှင့်အတူ ရောစပ်နေလေ၏။ ချီရုန်က မျက်နှာတစ်ခုလုံးအား သူ၏ လက်နှစ်ဖက်ဖြင့် တရစပ်ပွတ်နေပြီး မျက်ရည်များကို သုတ်ပစ်နေသည်။

"ကျွန်တော် မသေသေးပါဘူး။"

မျက်ရည်များကို လက်နှစ်ဖက်လုံးဖြင့်အားရပါးရသုတ်ကာနေသော ချီရုန်မှာထိုအသံကြောင့် ရုတ်တရက်ရပ်တန့်ကာသွားလေတော့၏။ သုတ်လက်စကို မြန်မြန်သုတ်လိုက်ရင်း လက်ကိုချလိုက်လေတော့ သူကိုထိုင်ကာ ပြုံးစိစိဖြင့်ကြည့်နေသော ပိုင်ဝူရှန့်အားမြင်လိုက်ရ၏။

"မင်း.....မင်း.....မသေဘူးလား။"

ချီရုန်က အနည်းငယ်လန့်သွားပြီး ကြမ်းပြင်ပေါ်တွင်ပင် ထိုင်ချပစ်လိုက်သည်။ ပြီးနောက်သူက သက်ပြင်းချလိူက်ပြီး

"ဟူး...တော်သေးတာပေါ့။ "

"ကျွန်တော့ကို စိုးရိမ်သွားတာမလား။ ဟုတ်တယ်မလား။"

ပိုင်ဝူရှန့်က ချီရုန်အားလက်ညိုးထိုးကာမေးလိုက်သည်။ ချီရုန်က သူ၏ခေါင်းကို ငုံ့ကာထားရင်း ဗြောင်လိမ်လေ၏။

"မဟုတ်ပါဘူး။ မင်းသေရင် အပြင်ကမင်းလူတွေက ငါ့ကိုသတ်မှာဆိုးလို့လေ။ နန်ဖုန်းနဲ့ ဖူယောင်ကိုရော သတ်မှာဆိုးလို့။ မင်းကဒီနေရာမှယ ဘုရင်ပဲဟာ။ မင်း...မင်း သေရင်...ငါတို့ကို သူတို့က အလွတ်ပေးမလား။...မင်းတေ​ွးကြည့်လေ။..ဘုရင်လုပ်နေပြီး...အဲ့...အဲ့လောက်ထိ တုံးရလား။...."

ပိုင်ဝူရှန့်က ဒူးတဖက်ထောင်ကာ ထိုင်နေရင်းမှ ဒူးကိုချကာ ခြေထောက်နှစ်ဖက်ကို ခွေထိုင်လိုက်သည်။ သူ၏အမူအရာကအနည်းငယ် ဝမ်းနည်းသွားသည့်ပုံစံပင်။

"အော်....အဲ့လိုကိုး...."

"ဟုတ်တယ်...အဲ့လို။ ဘာပဲဖြစ်ဖြစ် မင်းနေကောင်းလား အဆင်ပြေလားကြည့်ပြီးရင် ငါတောကိုပြန်တော့မှာ။ အခုမင်းက အသေကိုအဆင်ပြေနေတာမှ ငါတို့ကိုပါမေ့လို့ဆိုတော့ ငါအဆင်ပြေတယ်လို့မှတ်လိုက်ပြီ။

နန်ဖုန်းနဲ့ဖူယောင်ကို တချက်ပြန်လွှတ်ပေး။ မင်းကိုတကယ်တမ်း ရေကန်နားကနေ ကယ်ခဲ့တာက သူတို့နှစ်ယောက်။ ငါမဟုတ်ဘူး။ အဲ့တော့ မင်းမှာသူတို့ရဲ့ကျေးဇူးတွေရှိတယ်။ သူတို့ကိုပြန်လွှတ်ပြီးရင် ငါတို့အတူပြန်ကြမှာ။"

ပိုင်ဝူရှန့်က သူ၏ခေါင်းကို ကုတ်ရင်းအခက်တွေ့နေသည့်ပုံစံဖြင့်ဆိုသည်။

"ကျွန်တော် တကယ်ကိုလွှတ်ပေးချင်ပါတယ်။ ကျေးဇူးတွေရှိမှန်းလည်းသိတယ်။ ဒါမဲ့သူတို့က လူပုံအလည်မှာ ကျွန်တော့ကိုရိုင်းစိုင်းစွာပြုမူခဲ့ကြတာလေ။ အဲ့တော့..."

ချီရုန်က မျက်မှောင်ကြုတ်လိုက်ရင်းဆိုသည်။

"အဲ့တော့ ဘာဖြစ်လဲ။"

"အဲ့တော့..ကျွန်တော်ကသူတို့ကိုချုပ်ထားမှကိုရမှာ။ မဟုတ်ရင် တလောကလုံးက ကျွန်တော်ကိုလှောင်ပြောင်ရယ်မောကြတော့မှာ။ ဘာမှအဖြစ်မကှိတဲ့ဘုရင်ဆိုပြီး။

ခေါင်းဆောင်က ကျွန်တော့်ကိုအဲ့လိုလူမျိုး အဖြစ်ခံစေချင်လို့လားဟင်။"

ပိုင်ဝူရှန့်က ခေါင်းငုံကာထိုင်နေသော ချီရုန်၏ ငုံနေသည့်မျက်နှာကို သူ၏ခေါင်းကိုစောင်းကာကြည့်ရင်း မေးလိုက်သည်။ ချီရုန်က ပိုင်ဝူရှန့်နှင့် မျက်လုံးချင်းဆုံလေတော့ ခေါင်အမြန်မော့လာလေ၏။ သူကဆိူသည်။

"ဒါဆို ဘယ်လိုလုပ်ရင်အဆင်ပြေလဲ။ သူတို့ကိုလွှတ်ပေးတာရော။ မင်း..မင်းလည်း...ဘာမှမဖြစ်အောင်။ နည်းလမ်းလေးဘာလေးမရှိဘူးလား။"

"အင်း...နည်းလမ်းကမရှိဘူးရယ်လို့တော့ မဟုတ်ပါဘူး။ ရှိတယ်။ ခေါင်းဆောင်သဘောတူပါ့မလားပဲ။"

"အဲ့တာကဘာလဲ။"

"အဲ့တာက...ခေါင်းဆောင်က ဒီမှာနေခဲ့ပြီ။း သူတို့ကိုပဲ တောကိုပြန်လွှတ်လိုက်မှရမှာ။ ကျွန်တေယ်က သူတို့ကို ခေါင်းဆောင်က သံသယရှိသူမလို့ အနားခေါ်ထားမှရမယ် ကျန်တဲ့နှစ်ယောက်ကိုကျ တိတ်တိတ်လေးသတ်ပစ်လိုက်ပါပြီဆိုပြီး သတင်းလွှင့်လိုက်မယ်လေ။"

"တိတ်တိတ်လေး.....

သတ်...သတ်ပစ်မယ်..."

ချီရုန်က ပိုင်ဝူရှန့်ကိုသေချာပြူးကြည့်လာသည်။

"ကျွန်တော်အတည်မလုပ်ပါဘူး။ သတင်းလွှင့်ရုံပါ။ ခေါင်းဆောင်က အခြေအနေတည်ငြိမ်တဲ့အထိ ကျွန်တော့်ဘေးနားမှာ နေပေးလိုက်ရင်ရပြီ။"

ချီရုန်က သူ၏ခေါင်းကိုရော မျက်လုံးကိုပါ လှန်မော့ကာ တွေးနေပုံရသည်။ သူက အတော်ကြာတော့ ခေါင်းငြိမ့်လိုက်ပြီး ပိုင်ဝူရှန့်အားကြည့်သည်။

"ဘယ်လောက်လောက် ကြာနိုင်လဲ။ အခြေအနေတည်ငြိမ်တာက။"

"အာ...အဲ့တာတော့ ကျွန်တော်လည်း သေချာမသိဘူးဗျ။ ဒါပေမဲ့ သိပ်မကြာလောက်ပါဘူး။ လူတွေက ၇ရက်ထက်ပိုပြီး ဂရုမထားနိုင်ကြဘူးလေ။"

"ဒါဆိုလည်း ကောင်းပြီလေ။ ငါမင်းနဲ့ခဏအတူနေပေးမယ်။ နန်ဖုန်းတို့ကို အရင်ပြန်လွှတ်လိုက်ပါ။"

"ကျွန်တော်မနက်ရောက်တာနဲ့ လိုက်ပို့ခိုင်းလိုက်မယ်။

ဒါနဲ့...ညလည်းနက်နေပြီ။ ဒီမှာပဲအိပ်လိုက်တော့နော်။ ကျွန်တော် မနက်ကျမှအဆောင်လုပ်ပေးမယ်။ "

ချီရုန်က ထောက်ခံစွာခေါင်းညိမ့်သည်။

"အင်း ကောင်းသားပဲ။ ဒါနဲ့ အိပ်ဖို့နေရာကဘယ်မှာလဲ။"

ချီရုန်က သူ၏ခေါင်းကို ဟိုဘက်သည်ဘက်လှည့်ကာ အိပ်ယာကိုရှာဖွေနေသည်။ ပိုင်ဝူရှန့်က လျီရုန်၏ အနောက်ဘက်သို့ လက်ညိုးညွှန်ပြလိုက်၏။ ချီရုန်ကကြည့်လိုက်ပြီးနောက် ထို အိပ်ယာအနားသို့သွားလိူက်သည်။

" ဝါး...ဝါး.....ဝါးဝါး။ ကုတင်ကြီးကအကြီးကြီးပဲ။ "

ချီရုန်က ကုတင်ပေါ်ရှိ ခင်းကျင်းထားသော အဝတ်ခင်းများကို ပွတ်သပ်လိုက်ပြီးနောက် လဲချလိုက်သည်။

"ညီအကိုတွေအကုန်လုံးကိုလည်း ဒီလိုအိပ်ယာကြီးနဲ့ အိပ်ခိုင်းလို့ရရင်ကောင်းမယ်။

အာ...ကျွင်းဝူ လာလေ။ အိပ်ကြမယ်။"

အမြဲလိုလို ရှည်လျားသောကုတင်အိပ်ယာထပ်တွင် အတန်းလိုက် အိပ်လေ့ရှိတာကြောင့် ချီရုန်က ကျွင်းဝူကိုအတူအိပ်ရန်ခေါ်လိုက်ခြင်းပင်။ ချီရုန်ခေါင်းထောင်ကာ ကြည့်လိုက်ချိန်တွင် ပိုင်ဝူရှန့်က သူ့ခေါင်းသူ ပွတ်နေ၏။ သူက ချီရုန်၏ အသံကိုကြားလေတော့ ချက်ချင်းရပ်လိုက်ပြီး

"ဗျာ....ကျွန်တော်နဲ့အတူအိပ်မလို့လား။"

"အင်း...ဒီကိုလာလေ။"

ချီရုန်က သူ့ဘေးနားရှိနေရာကို ပုတ်ပြလိုက်သည်။ ပိုင်ဝူရှန့်က အနည်းငယ်ပြုံးလိူက်ပြီးနောက် ချီရုန်ရှိရာ ကုတင်နားသို့ အမြန်လာလိုက်ပြီး ချီရုန်၏ဘေးတွင်ပင် ဝင်လှဲလိုက်သည်။

ချီရုန်က ဘေးသို့ရောက်လာသော ကျွင်းဝူကိုကြည့်လိုက်ပြီးနောက် အပေါ်မျက်နှာကျက်ကိုပြန်ကြည့်လိုက်ရင်း နန်ဖုန်းနဲ့ဖူယောင်ကိုပါ အတူခေါ်သိပ်လို့ရရင်ကောင်းမယ်။ ငါက ကျတော့ ဒီလိုကောင်းတဲ့ နေရာမှာအိပ်နေရပြီး သူတိူ့ကတော့ အချုပ်ခန်းထဲမှာ....ဟုတ်တယ်။ ဒါမတရားရာကျတယ်။ ငါလည်း အောက်ဆင်းအိပ်မယ်။"

ချီရုန်က အတင်းထရန်ကြိုးစားလိုက်သည်။ ပိုင်ဝူရှန့်က ချက်ချင်းလက်မောင်းမှ ဆွဲယူလိုက်ပြီး ပြန်ဆွဲချကာ သူရင်ခွင်ထဲ သိမ်းထည့်ပစ်လိုက်သည်။ ချီရုန်က အဖတ်ခံထားရသောကြောင့် သူ၏ကိုယ်လေးကိုကျုံ့ကာထားရင်းမှ ပိုင်ဝူရှန့်ကို လှမ်းကြည့်နေသည်။ ပိုင်ဝူရှန့်က ချီရုန်ကိုကြည့်ရင်း

" သူတို့ကိုသက်သက်အဆောင်ကိုခေါ်ထားပေးဖို့ ဖုန်းရှင့်ကို ပြောထားပြီးသား။ သူတို့လည်း ဒီလိုကုတင်ကြီးနဲ့အိပ်ရမှာ။ ဒါ့ကြောင့် ခေါင်းဆောင်လည်း စိတ်ချလက်ချအိပ်လို့ရတယ်။ ဟုတ်ပြီလား။"

ထိုအခါမှ ချီရုန်ကခပ်ရေးရေး အသံပြုသည်။

"အင်း..."

"ဒါဆို အိပ်တော့။"

"အင်း...ဒါမဲ့လေ။ အ..အခု ဒီလိုပုံစံက...အိပ်လို့အဆင်ပြေလို့လား။ ဒီလိူကြီးဖက်ထားတာက။"

ချီရုန်က ရုန်းထွက်ရန်ကြိုးစားလိုက်သည်။ သိူ့သော်ပိုင်ဝူရှန့်က အလွတ်မပေးပဲ

"ခေါင်းဆောင်...ကျွန်တော်တို့က ချစ်သူတွေလေ။ ဒါကအခြေခံအဆင့်ပဲရှိသေးတာ။ နောက်မှ ကျွန်တော်ဖြေးဖြေးချင်း သင်ပေးသွားမယ်။ ဒီထက်ပိုသိသင့်၊ လုပ်သင့်တာတွေကို....."

"အော...အင်း...အင်း...ငါတို့ကချစ်သူတွေ။"

ချီရုန်၏ ပါးပြင်ကနီရဲကာလာလေ၏။ ပိုင်ဝူရှန့်က ပြတ်သားစွာဖြေသည်။

"ဟုတ်တယ်။ အဲ့လို။"

~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 17 (သူ ရက်စက်တယ်)
Коментарі