Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
"သူတို့ကဘယ်က ကောင်တွေတုန်း"

"အကိုကြီး သူတို့က ကျွင်းဝူကို ဧကရာဇ် လို့ခေါ်တယ်ဗျ။"

နန်ဖုန်း၏ ခပ်တိုးတိုး စကားသံကြောင့်
ချီရုန်က သူ့ရေှ့ရှိ ကုတင်အရှည်ကြီးတွင်ထိုင်ကာနေသော ကျွင်းဝူကို တချက်ကြည့်လိုက်သည်။
ကျွင်းဝူက ဘာမျှမသိသည့်ပုံစံဖြင့် ခေါင်းငူံ့နေသည်။

ဖုန်းရှင့်တို့ တစ်ဖွဲ့လုံးက ကျွင်းဝူဘေးနားတွင်
မတ်တပ်ရပ်ကာနေကြသည်။
ချီရုန်က ကျွင်းဝူကို ကြည့်ပြီးနောက် နန်ဖူန်းကို
ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"သူတို့က စိတ်မမှန်တာလား။"

ထိုစကားသံကတိူးသည်ဆိုသော်လည်း
အခန်းအတွင်း ရှိ လူအားလုံးကြားနိုင်သ ည့်အသံပင်။ အားလုံးက ဓားကိုယ်စီကိုင်ထားကြသဖြင့်
ချီရုန်က သိပ်အကျယ်ကြီးမပြောခြင်းဖြစ်သည်။

"ဟုတ်မယ်ထင်တယ်။ ကျွင်းဝူ ကို ထိုင်ကန်တော့တာဗျ။ တွေ့တွေ့ချင်းလေ။"

"ဧကရာဇ် ရေသောက်ပါအုန်း။"

ကျွင်းဝူဘေးတွင် မတ်တပ်ရပ်ကာနေသော လူတယောက်က သူ၏ခါးထက်တွင် ချိတ်ကာထားသော အိပ်ဆောင် ရေဘူးအား ဖြုတ်ကာ ကျွင်းဝူကိုကမ်းပေးလိုက်သည်။
ကျွင်းဝူက အမှန်တကယ်လည်း ရေဆာနေခြင်းပင်။
သူက လှမ်းယူမည်အလူပ် သူ့အား မျက်လုံးအပြူးကြီးဖြင့်ကြည့်နေသော ချီရုန်ကိုတွေ့ရသည်။

လက်လှမ်းခါနီးနေသော လက်ကိုဖြန့်ကာ
အသာကာပြလိုက်သည်။

"ရပါတယ်။ အကိုတို့ ကျွန်တော်မဆာပါဘူး။"

"ကျွင်းဝူ မင်းသူတို့ကိုသိလား။"

ချီရုန်၏ သံသယအပြည့်ဖြင့် မေးလာသောမေးခွန်းက ကျွင်းဝူ၏ နားအတွင်းသို့ ထိပ်လန့်ဖွယ်ရာပင်ဝင်ရောက်လာသည်။
ကျွင်းဝူက ချက်ချင်း ပင်မတ်တပ်ကောက်ရပ်လိုက်ပြီး

"မသိပါဘူး။ ခေါင်းဆောင် ကျွန်တော်သူတို့ကို အခုမှတွေ့ဖူးတာပါ။"

"ဧကရာဇ် ကျွန်တော် ဖုန်းရှင့်ပါ။ ဧကရာဇ် ကျွန်တော်မျိုးကိုတောင်မသိတော့ဘူးလား။"

ဖူန်းရှင့်က ချက်ချင်းပင်ဒူးထောက်ချလိုက်ပြီး
ပြောလေတော့သည်။
ကျန်သူများကလည်း တစ်ပြိုင်နက်ထဲပင် ဒူးထောက်ကာထိုင်ချလိူက်ကြတော့သည်။
ချီရုန်က ထပ်ကာအတင်းတုပ်ပြန်သည်။

"နန်ဖုန်း ပြဇာတ်အဖွဲ့ကဖြစ်မယ်ထင်တယ်။"

"ဟုတ်လောက်တယ် ။ အကိုကြီး။"

"ကျွင်းဝူ မင်းငါ့နောက်ကိုလာခဲ့။"

ချီရုန်က ကျွင်းဝူကိုလှမ်းခေါ်လိုက်သည်။
ကျွင်းဝူက ချက်ချင်းပင် ချီရုန်၏အနောက်တွင် ရပ်နေလိုက်သည်။ ချီရုန်က လက်ပိုက်ထားလျက်ပင် ဖူန်းရှင့်တိူ့ကို ငုံ့ကြည့်လိုက်သည်။
ဖုန်းရှင့်တို့က ပြန်ထကာမတ်တပ်ရပ်လာလေတော့
အရပ်က စကားပြောသဖြင့် မော့ကြည့်လိုက်ရသည်။

"အဟမ်း...ဒီမှာ ဖုန်းတင်လား။ ဖုန်းကင်လား။"

"ဖုန်းရှင့်ပါ။"

"အင်း ဘာပဲဖြစ်ဖြစ်။ တို့ကျွင်းဝူက မင်းကိုမသိဘူးတဲ့။ သူနဲ့သိချင်ယောင်ဆောင်ပြီး ငါတို့စခန်းမှာ ထမင်းအလကားလာစားဖို့ကြိုးစားနေတဲ့ မင်းရဲ့အကြံအစည်တွေကို ရပ်တန်းကရပ်ပြီး အခုလှည့်ပြန်လိုက်ပါ။"

ဖုန်းရှင့်က ချီရုန်၏စကားကို ဂရုမစိုက်ပဲ သူ့နောက်တွက် ထွက်ပြူနေသော ကျွင်းဝူကိုသာကြည့်လိုက်သည်။

"ဧကရာဇ် တစ်ခုခုဖြစ်ခဲ့ပုံပဲ။ ကျွန်တော်တိူ့ ကိုမမှတ်မိတာဆိုတော့။ ဧကရာဇ် ရဲ့မှတ်ဉာဏ်တွေကို ကျွန်တော်တို့အရင် ကူရှာပေးပါ့မယ်။ ပြီးမှ နန်းတော်ကိုပြန်ကြတာပေါ့။ ဧကရာဇ်ကို ကျွန်တော် ရှာတွေ့တဲ့အကြောင်းတော့ လင်းဝမ်ကိုအရင်အသိပေးလိုက်ပါ့မယ်။"

"ထမင်းအလကားမကျွေးဘူးနော်။"

နန်ဖုန်းက ထအော်လေသည်။
ဖုန်းရှင့်နောက်ရှိ လူများ၏နန်ဖုန်းအား ဝိုင်းကြည့်ကြလေသည်။ နန်ဖုန်းက ထိုအကြည့်များကြောင့် ဆက်ပြောချက်သည့် 'နေစရိတ်လည်းအလကားမရဘူး' ဆိုသည့်စကားလေးပင် ထွက်မလာခဲ့ချေ။

ဖုန်းရှင့်က သူ့လူတစ်ယောက်အား အချပ်ပြလိုက်သည်။ ထိုသူကသူ၏ရင်ဘတ်ဝတ်ရုံကြားထဲရှိ အိတ်တစ်ထုပ်ကို ထုတ်ကာနန်ဖူန်းလက်ထဲသို့ပစ်ပေးလိုက်သည်။ နန်ဖုန်းက အမြန်ဖမ်းလိုက်ပြီး ဖွက့်ကြည့်လိုက်သည်။ သူက အလန့်တကြားဖြင့် ချီရုန်အားကြည့်လိုက်သည်။

"အကိုကြီး....."

ချီရုန်ကလည်း ထိုအထုပ်အတွင်းကိုကြည့်လိုက်သည်။ လက်တစ်ဆုပ်စာရွွေတုံး လေးများ ငါးတုံးခြောက်တုံးခန့်ပါဝင်နေသည်။

"ရွွေတုံးတွေ...."

ချီရုန်တို့၏ မျက်ဝန်းများက ရွွေတုံး၏အရောင်ဟပ်ကာ
တောက်ပနေကြ၏။ အမှန်တိုင်းမရှက်တန်းပြောရလျက် သူတို့တစ်သက်တွင် ထိုရွွေတုံးမျိုးကို ဟွားချန်ဆီ၌သာတွေ့ဖူးကြသည်။

နယ်နယ်ရရဓားပြတိုက်ဖူးသည်မှာသိပ်မရှိသောကြောင့် ဓားပြအမည်ခံရုံသာ ရှိသည်။ တစ်ခါဓားပြတိုက်တုန်းကလည်း ကံကောင်းထောက်မ၍သာ လက်နက်သယ်ဆောင်လာသည့် သူများနှင့်တိုးပြီး အနိုင်ရကာ လောင်ချာလုံးများစွာရခဲ့သည်။

ထိုအကြောင်းကိုဖော်ထူတ်ရလျင်လည်း စာရေးသူပင် အစပိုင်းအမွွန်းတင်ထားသည်များကို ပြန်တွေးရင်းရှက်မိလာလေသည်။ရှက်လွန်းလို့ သောက်ခွက်လေးပင်လက်ဖြင့်အုပ်လျက် လော့ပင်းဟယ် ရင်ခွင်ထဲခိုဝင်ချင်လာမိသည်။ ချီရုန်တို့က အပြောကြီးသော ဓားပြများသာဖြစ်သည်။

"အဟမ်း။ မင်းတို့ဘာရည်ရွယ်ချက်နဲ့ ကျွင်းဝူကို ဧကရာဇ် ဆိုပြီးပြောနေတာလဲ။ သူက ဒီအတိုင်း လူရိုးလေးတစ်ယောက်နော်။"

"ဧကရာဇ် ပိုင်ဝူရှန့် ပါ။ ခင်ဗျားရဲ့အနောက်မှာရှိနေတဲ့သူက။ အခုကစပြီး လေးလေးစားစား ဆက်ဆံပေးပါ။ ဒီအတောအတွင်း ဧကရာဇ်ကအတိတ်မေ့နေပြီး ခင်ဗျားတို့ဆီမှာရှိနေတဲ့အတွက် ခင်ဗျားတို့ကို သံသယရှိသူအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဓားပြတွေဆိုတော့ ပိုပြီး ဖြစ်နိုင်ချေရှိတယ်။ တစ်ယောက်မှ ဒီစခန်းကထွက်ဖို့မစဉ်းစားပါနဲ့။"

"အမ်....."

ချက်ချင်းပင် ဖုန်းရှင့်၏လူများက ချီရုန်တို့ကိုဝိုင်းထားလိုက်သည်။ အပြင်ဘက်တွက် ချီရုန်၏အဖွဲ့သားများက ရောက်လာကြသည်။ အားလုံးကအဝတွင်သာရပ်နေကြသည်။

"အကိုကြီး။ အကိုကြီး။ ဘာတွေဖြစ်နေတာလဲ။"

နန်ဖုန်းက ထင်းခုတ်သည့်ဓားမကြီးကို ပြေးယူရန် ပြင်လိုက်စဉ် တွင်ပဲ လူတယောက်ကသူ၏လည်ပင်းထက်တွင် ဓားရှည်ကို တင်လိုက်သည်။

"လွုပ်တာနဲ့သတ်မှာ...."

"ကြမ်းကုန်ပြီဟ။..."

ချီရုန်ကရေရွတ်လိုက်သည်။ ကျွင်းဝူက ချီရုန်၏ လက်ကိုဆွဲယူကါဆုပ်ကိုင်လိုက်ပြီး သူ၏အနောက်ဘက်သို့ပြန်ပို့လိုက်ပြန်သည်။ သူကဖူန်းရှင့်အား စေ့စေ့ကြည့်လိုက်ပြီး

"မင်းတို့ ငါ့ကိုမင်းတိူ့ရဲ့ဧကရာဇ်လိူ့တွေးနေတယ်ဆိုပြီး သူတို့ကို ထိရဲသေးတယ်ပေါ့။ အခုလက်နက်တွင်ပြန်သိမ်းလိူက်စမ်း။"

ဓားရှည်များရွယ်ကာထားသော လူများကဖုန်းရှင့်ကိုကြည့်လိုက်ကြသည်။ ဖုန်းရှင့်က ချက်ချင်းပင် ဓားများပြန်သိမ်းရန် အချက်ပြလိုက်သည်။
အားလုံးက ပြန်သိမ်းလိုက်ကြသည်။ ဖုန်းရှင့်က ကျွင်းဝူကို ဂါရဝပြုလိုက်ပြီး

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒီမှာနေခွင့်ပြုပါ။ဒီမှာ မနေစေချင်ဘူးဆိုရင် ကျွန်တော်တို့နဲ့အတူ နန်းတော်ကိုပြန်လိုက်ခဲ့ပေးပါ။"

ကျွင်းဝူက တစ်ချိန်လုံး ထိုသူများကို အကဲခတ်နေခဲ့သည်၊ သူ၏ဘဝအမှန်ကိုသူကိုယ်တိုင်လည်း အခုချိန်ထိ မသိသေးပဲ တစ်ခ်ျိန်လုံးသိချင်နေခဲ့သည်။
ဧကရာဇ် ဆိုသည့်ရာထူးကြီးသည်က သူ မမျေှာ်လင့်ခဲ့သည်အထိ ကြီးမားလွန်းသွားချေပြီ။
ထို့ကြောင့် သူလည်းထိုသူပြောသည့်အတိုင်း မှတ်ဉာဏ်ပြန်ရအောင် တစ်ခုခုလုပ်မှဖြစ်မည်။ မိမိ၏ဘဝအမှန်ကို သိရန်လိုအပ်သည်။ ဖုန်းရှင့်ဆိုသောသူက သူ၏မှတ်ဉာဏ်များကို ပြန်ရနိုင်ရန် အထောက်အကူဖြစ်လောက်ချေမည်။ ဘာမှမသိပဲနှင့်တော့ ထိုသူများနောက်လိုက်မသွားနိုင်ပေ။ ထို့ကြောင့် ထိုသူကို အနီးကပ်ထားကာ မေးမြန်းခြင်းက အကောင်းဆုံးပင်။

ကျွင်းဝူက ချီရုန်ဘက်သို့လှည့်ကာ

"ခေါင်းဆောင်။ သူတို့ကို ခဏလောက်နေခိုင်းထားလို့ရမလား။ ကျွန်တော်လည်း ကျွန်တော်ဘယ်သူဆိုတာ တကယ်သိချင်မိတာမလို့်။ "

ထိုတစ်ခဏချီရုန်၏ မျက်နှာက အနည်းငယ်ပျက်သွားသည်။ ကျွင်းဝူ အတိတ်မေ့နေသည်ကိုသူသိသည်။သို့သော် ယခုကဲ့သို့ သူ၏ ဘဝအမှန်ကိုဤမျှလောက်ရှာချင်နေလိမ့်မည်က်ုတော့ သူမတွေးမိခဲ့ပေ။
သူတို့ နှစ်ဦးသားတစ်ချိန်လုံး အဆင်ပြေနေခဲ့သည်လေ။ကျွင်းဝူကဆက်ပြောလာသည်။

"သူတို့ရဲ့ငွေတုံးတွေလည်းပေးထားတာဆိုတော့ ကျွန်တော်တို့ အလကားကျွေးတာဘယ်ဟုတ်မလဲ။ ဟုတ်တယ်မလား။ ပြီးတော့...."

ကျွင်းဝူက ပြုံးလျက် ပင် ချီရူန်၏ နား အနားသို့ကပ်ကာပြောလိုက်သည်။

"ကျွန်တော်က ဧကရာဇ်လိုသူတို့ထင်နေတာ ဆိုရင်သူတို့ဆီက ငွေညစ်လို့ရသေးတယ်လေ။ ကြည့်ရတာ သူဌေးတွေနေမှာ။"

ချီရုန်၏မျက်ဝန်းတို့က ပြူးကျယ်လာသည်။ သူက ကျွင်းဝူကိုတစ်ချက်ကြည့်ပြီး နောက် ကျန်သူများကိုကြည့်လိုက်သည်။ အားလုံးကသူတို့နှစ်ဦး တိုးတိုးပြောနေသည်ကို စိတ်ဝင်တစားနားစွင့်နေကြသည်။

"အဆင်ပြေသလိုလုပ်။"

ချီရုန်က ထိုစကားကိုပြောပြီးနောက်အပြင်သို့ပြေးထွက်လာလိုက်သည်။ ဘာပြောလိုက်မှန်းမသိသောသူများက ပြေးထွက်သွားသော ချီရူန်ကိုကြည့်လိုက် ကျွင်းဝူကိူကြည့်လိုက်ဖြင့် အလုပ်ရှူပ်နေကြသည်။ နန်ဖုန်းနှင့်ဖူယောင်ကမူ ချက်ချင်းပင် ချီရုန်၏အနောက်သို့ပြေးလိုက်သွားကြသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Коментарі