Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 17 (သူ ရက်စက်တယ်)
တစ်လနီးပါးကြာခဲ့လေပြီ။

ဘယ်ကရောက်လာမှန်းမသိသော သူခိုးဂျပိုးရုပ်နှင့် ယောကျ်ားသားတစ်ယောက်ကို အလေးပေးလွန်းသော၊ ဂရုစိုက်လွန်းသော ဧကရာဇ်၏ အပြုအမူများကြောင့် နန်းတော်တစ်ခုလုံး ကောလဟာလများက ပြန့်လွင့်ကာ နေခဲ့လေသည်။

"အားယား....တစ်နေ့တစ်နေ့ အိပ်လိုက်၊ စားလိုက် လုပ်ရတာ ပင်ပန်းလိုက်တာ။"

ချီရုန်က နန်းတော်၏ ဥယျာဥ်ထဲရှိ နန်းဆောင်ရှိ ထိုင်ခုံတန်းလျားတွင် ပက်လက်လှန်ကာလှဲချလိုက်ရင်းဆိုသည်။ သူက ဘေးကိုစောင်းကာ ပြောင်းလှဲလိုက်ရင်း သူ၏ လက်မကို ပါးစပ်ဖြင့်အသာကိုက်လိူက်သည်။

"နန်းတွင်းသူတွေဆီကနေ ဓားပြတိုက်ရင်ကောင်းမလား။

အာ...အဲ့လိုလည်းမဖြစ်သေးဘူး။ ကျွင်းဝူမျက်နှာကရှိသေးတော့ ငါလုပ်တာတွေက သူ့ကိုထိခိုက်စေမိလိမ့်မယ်။

ဟူး....စိတ်ကုန်လိုက်တာ။ အရင်အတိုင်း တောထဲမှာပဲ ပေါက်လွတ်ပဲစား လုပ်နေလိုက်ချင်တယ်။ တကယ်ပဲ"

ချီရုန်က ပေါက်ကွဲလာသည့်ပုံစံဖြင့် ကောက်ထိုင်လိုက်ပြန်သည်။ သူ၏ပေါင်နှစ်ဖက် တစ်ဖက်တစ်ချက်စီကို လက်သီးဆုပ်ကာ အားပါပါထုလိူက်ရင်း

"အဲ့ကျွင်းဝူဆိုတဲ့ကောင်ကြောင့်ပေါ့။ အခုပဲ တစ်လကြာနေပြီ။ အခြေအနေမေးလိုက်ရင် မတည်ငြိမ်သေးဘူးဆိုတာချည်းပဲ။ ပြီးတော့ ဘာမှလုပ်နေတာလည်း မတွေ့ရ။ သူတကယ်ပဲ ဘာကို တည်ငြိမ်အောင်လုပ်နေမှန်းစဥ်းစားလို့ကိုမရတာ။ စိတ်တိုတယ်။

ငါ့ကို တုံးတယ်ဆိုပြီး ညှက်ချနေတာပဲ ဖြစ်ရမယ်။ ဒီနေ့တော့ ငါသူ့ကို မေးကိုမေးကြည့်ရမယ်။"

ချီရုန်က ထိုနေရာမှ ချက်ချင်းမတ်တပ်ရပ်လိုက်ပြီးနောက် ဧကရာဇ်အဆောင်ဘက်သို့ ဦးတည်းလာခဲ့လိုက်သည်။ ဧကရာဇ်အဆောင်တော် ပတ်ဝန်းကျင် ပတ်ပတ်လည်တွင် အစောင့်ရဲမက်များ အလွန်များစွာ ချထားပြီး စောင့်ကြပ်ထားကြသည်။ မြင့်မားပြီး ကြီးလွန်းသော တိုင်ကြီးတစ်တိုင်ကို ကွယ်လျက် ချီရုန်က အခြေအနေကို လှမ်းကြည့်နေသည်။

နန်းဆောင်၏ တံခါးဝနားတွင် ဖုန်းရှင့်နှင့် လင်းဝမ်တို့နှစ်ဦး စကားပြောနေကြသည်။ ချီရုန်က သူတို့ကို မတွေ့စေချင်သေးတာကြောင့် ထို တိုင်လုံး၏ အနောက်တွင် ပင် ဆက်ပုန်းနေလိုက်သည်။ သူတို့၏ စကားသံသဲ့သဲ့ကိုတော့ ကြားနေရသေး၏။

"တောင်ပေါ်က ဓားပြတွေအရမ်းဆိုးလာတာမလို့ နှိမ်နင်းတာက ဖြစ်သင့်တာပဲလေ။ ဧကရာဇ်ရဲ့ အကျင့်အရဆို သူဒီကိစ္စကို အသေးအဖွဲ့လို့ပဲ မြင်သင့်တာ။ ဒါ့ကြောင့် သူထပ်ပြီးစိတ်မရှုပ်တော့အောင် အမြန်ဆုံး ပြီးသွားတာကအကောင်းဆုံးပဲ။

အနားဝင်းကျင်မှာရှိနေတဲ့ မြို့၊ ရွာက လူတွေကလည်း ဒီဓားပြတွေကို ချေမှုန်းပေးဖို့ တောင်းဆိုနေတာ ကြာခဲ့ပြီ။ သူတစ်လနီးပါး ခေါင်းရှူပ်ခံပြီးတွေးနေခဲ့တာ။ ပြီးမှ ဒီလိုဆုံးဖြတ်ခဲ့တာ။ အမတ်တွေရဲ့ တွန်းအားပေးမှုတွေကလည်း အရမ်းများနေတယ်။ "

ဖုန်းရှင့်ကဆိုသည်။

" အားလုံးပြီးဆုံးသွားပြီပဲ။ နောက်ဆုံးမှာ သူတကယ်ပဲ အဆင်ပြေပါ့မလားဆိုတာပဲ စိုးရိမ်မိတယ်။ ဘာပဲဖြစ်ဖြစ် အဲ့နေရာက သူသုံးလနီးပါး နေထိုင်ဖူးခဲ့တဲ့နေရာပဲလေ။"

"ဒီအကြောင်းကို သူ့ရှေ့မှာ ထပ်မဟမိပါစေနဲ့တော့။"

ချီရုန်တစ်ယောက်ကြားလိုက်ရတဲ့ စကားကြောင့် သူ၏ ရင်ဘတ်တစ်ခုလုံးသာမက ခေါင်းတစ်ခုလုံး ပူထူသွားခဲ့လေသည်။

"မဖြစ်နိုင်တာ။ ကျွင်းဝူက...ကျွင်းဝူက ညီနောင်တွေကို နှိမ်နင်းဖို့.... သတ်ပစ်ဖို့...အမိန့်ပေးလိုက်တာလား။ မဖြစ်နိုင်တာ...သူ...သူမလုပ်....သူမလုပ်လောက်..."

ချီရုန်က ထိုနေရာတွင်ပင် တိုင်လုံးကြီးကို မှီရင်း ထိုင်ချလိုက်သည် ။ သူ၏တစ်ကိုယ်လုံးက မယုံကြည်နိုင်စွာ တုန်ယင်လာသည်။ ကျွင်းဝူက ဘယ်လိုလူစားမျိုးလဲ။ သူတကယ် စဥ်းစားမရနိုင်ချေ။ သုံးလနီးပါးနေထိုင်ခဲ့ဖူးသော နေရာဟုဆိုသည့်အတွက် သေချာသည်က သူတို့နေရာပင်။

ကျွင်းဝူ တကယ်ပဲလုပ်ရက်လေသလား....

"မဖြစ်နိုင်ဘူး...ငါ...ငါသူ့ကိုမေးမယ်။ သေချာရှင်း...ရှင်းသွားအောင်..."

ချီရုန်က သူ၏စိတ်ကို သေချာစွာပြန်တင်းလိုက်ရင်း ဧကရာဇ်နန်းဆောင်၏ တံခါးဝကို ရောက်လာခဲ့သည်။ လင်းဝမ်နှင့် ဖုန်းရှင့် တို့က အထဲသို့ ဝင်သွားပြီဖြစ်ပုံရသည်။ တံခါးဝတွင်ရှိမနေတော့ချေ။

ချီရုန်၏ မျက်နှာက မီးတောက်တို့ တောက်လောင်နေသလိုပင် နီရဲနေလေ၏။ သူက တံခါးမကြီးကို အားဖြင့် တွန်းဖွင့်ချလိုက်သည်။ အထဲရှိ လူများအားလုံး ရုတ်တရက် ထိတ့်လန့်သွားကြပြီး တံခါးဝတွင် ရပ်ကာနေသော ချီရုန်အားလှမ်းကြည့်လာကြသည်။

ချီရုန်က ထိပ်ဆုံးရှိ ပလ္လင်ပေါ်တွင်ထိုင်ကာနေသော ဧကရာဇ်ပိုင်ဝူရှန့်ကိုတစ်ချက်လှမ်းကြည့်သည်။ ပြီးနောက် အောက်ဘေးဘက်တစ်ဖက်တစ်ချက်စီတွင် ရပ်ကာနေသော လင်းဝမ်နှင့် ဖုန်းရှင့်အား ကြည့်သည်။ ရုတ်တရက်သူ၏ ခေါင်းကိုငုံ့လိုက်ပြီး လက်နှစ်ဖက်က ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ကာ

" သူတို့ဘယ်မှာလဲ။...."

"......"

ခန်းမဆောင်တစ်ခုလုံးရှိလူများက သူ့ကိုဝိုင်းကြည့်ရုံသာ ကြည့်နေကြပြီး မည်သည့်စကားတစ်ခွန်းမျှ မဟကြချေ။ ပိုင်ဝူရှန့်သည်လည်း ထိုနည်းအတူပင်။ ချီရုန်၏ အသက်ရှုသံပြင်းပြင်းက ထိုခန်းမဆောင် တစ်ခုလုံးပင် ခံစားရနိုင်လောက်သည်။ သူ၏ဒေါသက ငယ်ထိပ်ပက်ရောက်နေလေပြီ။ သူက ရှေ့တစ်လှမ်းထပ်တိုးရင်းဆိုသည်။

" ညီနောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်ပြီလား။ မင်းပြောတော့ သူတို့ကိုဘာမှမလုပ်ပါဘူးဆို။ မင်းပြောခဲ့တယ်လေ။ ငါ...ငါဒီမှာနေပေးရင်...မင်း...မင်း...သူတို့ကို.."

ချီရုန်က ခြေလှမ်းတစ်လှမ်းချင်း လှမ်းလာရင်း စကားကိုလည်း တစ်ခွန်းချင်းပင်ပြောနေသေးသည်။ နောက်မှ ရဲမက်နှစ်ယောက်က ရုတ်တရက်ရောက်လာကြပြီး ချီရုန်အား ဖမ်းချုပ်ပစ်လိုက်သည်။

"လွှတ်...ငါ့ကိုလွှတ်စမ်း။ လွှတ်လို့။"

ဘေးရှိ လူများက တီးတိုးဆိုနေကြ၏။

" သူလည်း အဲ့ဒီ ဓားပြအဖွဲ့ကပဲများလား. ဘယ်လိုလုပ်နန်းတော် ထဲရောက်နေရတာလဲ။"

"ဧကရာဇ်က သူ့ကိုဖွက်ထားတာလား။ ကောလဟာလ ထွက်နေတဲ့ သူခိုးဂျပိုးဆိုတာများလား။"

"ဟုတ်လိမ့်မယ်။"

"...."

ပိုင်ဝူရှန့်က ချီရုန်ကို လှမ်းကြည့်နေရင်းပင် သူ၏ လက်တစ်ဖက်ကိုမြှောက်လိုက်သည်။ သူ၏ မျက်နှာက အလွန်တင်းမာနေလေ၏။ လင်းဝမ်က ရှေ့သိူ့တတ်လာပြီး ဂါရဝပြုကာ

" အမိန့်နာခံဖို့အသင့်ပါ ဧကရာဇ် ။"

"အကုန်လုံးကို ထွက်သွားခိုင်းလိုက်တော့။"

"အမိန့်တော် အတိုင်းပါ။"

အမတ်များ အားလုံးက ပိုင်ဝူရှန့်အား ဂါရဝပြုလိုက်ကြပြီးနောက် အသီးသီးပြန်ထွက်ရန်ပြင်လိုက်ကြသည်။ ချီရုန်၏ မျက်ဝန်းမှ မျက်ရည်စများက ဒလဟော ထွက်ပေါ်နေလေ၏။ သူက ထားသွားခံရသည့် ကလေးတယောက်နှယ် ဖမ်စချုပ်ခံထားရသည့်ကြားမှ အားလုံးကို လိုက်ခေါ်နေလေ၏။

"ပြောပြသွားကြပါ...ဘယ်သူသိလဲ။ သူတို့..ဘာမှမဖြစ်ဘူးဆိုတာ...ဘယ်သူ...ဘယ်သူ..ပြောပေးနိုင်လဲ....."

"သူ့ကို လွှတ်ပေးလိုက်။"

ရဲမက်နှစ်ယောက်က ချုပ်ကိုင်ကာထားသော ချီရုန်၏ လက်မောင်းနှစ်ဖက်ကို လွှတ်ပေးလိုက်သည်။ ချီရုန်က မြေပြင်ပေါ်သို့ ခွေကာကျလေ၏။ ခေါင်းငုံ့ကာထားသော မျက်နှာက ရုတ်တရက် ပိုင်ဝူရှန့်ကို မော့ကာ လှမ်းကြည့်သည်။ လွန်ခဲ့တဲ့နှစ်ရက်က ပိုင်ဝူရှန့်ပြောခဲ့သည့် စကားတစ်ချို့ကို သူကြားယောင်မိသည်။

"ကိုယ် မင်းအပေါ် အားနာစရာတစ်ခုခုလုပ်မိလိမ့်မယ်။ "

"ဘာမို့လို့လဲ။"

"ဒီအတိုင်း...ကိုယ်.."

"ဘာဖြစ်လို့လဲ။"

ချီရုန်က မုန့်စားနေရင်း ရပ်တန့်သွားသော ပိုင်ဝူရှန့်၏စကားကို ဆက်ပြောစေချင်သည့် ပုံစံဖြင့် ပိုင်ဝူရှန့်အားကြည့်လိုက်သည်။ ပိုင်ဝူရှန့်က ချီရုန်၏ ပါးပြင်ကို လှမ်းနမ်းလိုက်ရင်း ပြုံးကာ

"ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ ခေါင်းဆောင် ၊ ခေါင်းဆောင်ရဲ့ ညီနောင်တွေကို လွမ်းနေသေးလား။"

"အာ...မလွမ်းပဲနေမလား။ ငါဘယ်တော့ ပြန်လို့ရပြီလဲသာပြော။ ငါအရမ်းကို ပြန်ချင်နေပြီ။ ဒီမှာနေရတာ အဆင်မပြေဘူး။"

ပိုင်ဝူရှန့်၏ မျက်နှာကအနည်းငယ်တော့ ပျက်သွားသည်။ သူကအသာပြုံးလိုက်ရင်း

"အင်းပါ။ အခြေအနေတည်ငြိမ်သွားရင်ပေါ့။"

ချီရုန်က ထိုကိစ္စကိုတွေးမိပြီး ခနဲ့သည့်ပုံစံမျိုးရီလိုက်မိသည်။ ပုလ္လင်ပေါ်ရှိ ပိုင်ဝူရှန့်သည် ထိုနေရာမှ တစ်စက်မျှရွေ့မလာသေးချေ။ သူ၏မျက်နှာသည်လည်း ယခုအချိန်ထိ တည်ငြိမ်နေသေး၏။

"မဟုတ်ဘူး။ ငါ..ငါသူတို့ဆီကို သွားသင့်တာ။ မှီလိမ့်အုန်းမယ်။ ဟုတ်တယ်။ ဝမ်းကွဲအကိုရော...သူ... သူတို့က ငါ့ကိုဒီလိုထားသွားမဲ့ လူမျိုးမှ မဟုတ်တာ။ ဟုတ်တယ်.. ငါမြန်မြန်သွားလိုက်ရင်...မှီနိုင်တယ်။"

ချီရုန်က ပြူးကျယ်ကာ နီရဲနေသော မျက်ဝန်းများဖြင့် ထိုနေရာမှ ကောက်ထလိုက်သည်။ ပိုင်ဝူရှန့်ဘေးရှိ ဖုန်းရှင့်က ချီရုန်နောက်လိုက်ရန် ပြင်လိုက်သော်လည်း ပိုင်ဝူရှန့်က တားလိုက်ရင်း

"လမ်းကြောင်း ရှင်းပေးထားလိုက်။ သူသွားမဲ့လမ်းကို တယောက်မှ မပိတ်ထားမိစေနဲ့။ သွားပါစေ။"

ဖုန်းရှင့်က အမိန့်ကိုနာခံလိုက်သည်။

" အမိန့်တော်အတိုင်းပါ ။"

~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 18 ( ခွင့်မလွှတ်နိုင်)
Коментарі