Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
*ခွပ်.....*

"အ့......"

ချီရုန်က သူ၏လည်ပင်းကိုလာလျက်နေသောပိုင်ဝူရှန့်၏ မိမိလက်နှစ်ဖက်အားချုပ်ကိုင်ထားသောလက်ထဲမှာ အမြန်ရုန်းလိုက်ပြီးနောက် မျက်နှာအားလက်သီးဖြင့်ထိုးချလိုက်တော့သည်။

ပိုင်ဝူရှန့်က သူ၏ပါးအားကိုင်လျက်ခန္တာကိုယ်ကိုပြန်တည့်ကာ အိပ်ယာပေါ်လှဲနေဆဲဖြစ်သော ချီရုန်အားကြည့်သည်။

" သွားသေလိုက်...ငလူးကောင်။ မင်းကိုများ ထိခွင့်ပေးလိမ့်မယ်လို့ ထင်နေတာလား။"

ချီရုန်က သူ၏ပါးစပ်နားတဝိုက်မှ စီးကျနေသောဆေးရည်တစ်ချို့က လက်ဖြင့်သုတ်လိုက်သည်။

" ခါးလိူက်တာ။ ထွီ...."

ပြီးနောက် ခြုံထားသော စောင်အား ပါးစပ်နားထိပင်လုံအောင်ခြုံလိုက်ရင်း ပိုင်ဝူရှန့်ကိုအကြည့်စူးစူးဖြင့်ကြည့်နေလေတော့သည်။ ပိုင်ဝူရှန့်က ထိုအသံကိုကြားလိုက်တော့ သူ၏ပါးကိုကိုင်ထားရာမှ လက်ကိုပြန်ချလိုက်ပြီး ချီရုန်ကိုကြည့်ကာ ပြုံးလိုက်သည်။

" တော်သေးတာပေါ့....."

ပိုင်ဝူရှန့်က သူခေါင်းကိုတချက်ငုံ့လိုက်သည်။ ရီနေပုံရ၏။ ပြီးမှ ချီရုန်ကိုပြန်ကြည့်လိုက်ရင်း

" နောက်တစ်ခါ ဆေးကိုချိုအောင်လုပ်လာပေးပါ့မယ်။ "

ပိုင်ဝူရှန့်က ချီရုန်၏နှဖူးပြင်အား သူ၏လက်ဖဝါးဖြင့်​စမ်းလိုက်သည်။

" အပူရှိန်ကရှိနေသေးတယ်။ ဆေးထပ်သောက်ရမှာ။ ကိုယ်ပဲလာတိုက်ရအုန်းမလား။ ကိုယ့်ဘာသာသောက်..."

"ကိုယ့်ဘာသာသောက်မယ်။ ကိုယ့်ဘာသာပဲ...သောက်မယ်။ မင်းမလာလေကောင်းလေပဲ။"

ပိုင်ဝူရှန့်ပင်စကားမဆုံးသေးခင် ချီရုန်က အဖြေကိုတန်းပြောလိုက်၏။ ထိုအခါ ပိုင်ဝူရှန့်ကရီလေသည်။

"ဟား....ဟုတ်ပြီ...ဟုတ်ပြီ။ ဒါဆို သူတိူ့ကို ပို့ခိုင်းလိုက်မယ်။ ထမင်းလည်း ကောင်းကောင်းစားနော်။ အဲ့ဒါမှ ကိုယ့်ကိုဒီထက်ပိုပြီးကျိန်ဆဲနိုင်မှာ...."

ကုတင်စွန်းဘက်တွင်ထိုင်နေရာမှ ပိုင်ဝူရှန့်က မတ်တပ်ကောက်ရပ်လိုက်ပြီး တဖက်သို့လှည့်လိုက်သည်။ ခြေလှမ်းနှစ်လှမ်းခန်းလောက်က အခနိးပြင်သို့သွားရန် ဦးတည်လေပြီးတော့မှ ရပ်တန့်လိုက်ပြီးနောက် ခေါင်းကိုငုံ့ကာရီလိုက်ပြီးမှ

" ကိုယ်လုပ်ခဲ့တာတွေက ကိုယ့်ရဲ့တကိုယ်ကောင်းဆန်တဲ့စိတ်ကြောင့်ဆိုတာ ကိုယ်ဝန်ခံပါတယ်။ ဒါပေမဲ့ ရုန်အာရဲ့အမှားလည်းပါတယ်။"

ချီရုန်က သူ့ကိုလှမ်းကြည့်လာသည်။ ကုတင်ပေါ်တွင် လှဲနေရာမှ

" ဘာကိုဆိုလိုတာလဲ။ "

ပိုင်ဝူရှန့်က တဖက်သို့လှည့်ကာလာသည်။ ချီရုန်ကလည်း ကုတင်ပေါ်တွင်ပင် ထိုင်သည့်အနေအထားကိုပြောင်းလိုက်၏။ ပိုင်ဝူရှန့်က ချီရုန်၏အနားသို့ရောက်လာပြန်သည်။

" မင်းသာ သူတိူ့ကို ကိုယ့်ထက်ပိုအရေးမပေးခဲ့ရင်၊ကိုယ်နဲ့အတူရှိနေချိန်မှာတောင် သူတို့ရဲ့အကြောင်းကိုပဲ တွေးမနေခဲ့ရင် ကိုယ်ဒီလိုရှူးနှမ်းတဲ့ လုပ်ရပ်မျိုးကိုလုပ်ခဲ့မိမှာမဟုတ်ဘူး။"

" သူတို့က ငါ့ရဲ့ညီနောင်တွေလေ။ မင်းသိလား သူတို့က မင်းထက်ပိုပြီးအချိန်အတော်ကြာ ငါ့အနားမှာအတူပိုရှိနေပေးကြတဲ့ ငါ့ရဲ့သွေးသောက်ညီအကိုတွေလေ။"

" ကိုယ်လည်း အခုချိန်ကစပြီးရှိနေပေးနိုင်တယ်လေ။"

" မင်း.....မင်းက ငါ့ထက်တောင်ရူးပြီးကလေးဆန်သေးတယ်။ စိတ်ပျက်စရာပဲ။"

ချီရုန်က သူ၏မျက်နှာကို တဖက်သို့စောင်း ပစ်လိုက်သည်။ပိုင်ဝူရှန့်က ချီရုန်၏ဘေးနားရှိကုတင်အောက်တွင်ပဲဒူးနှစ်ဖက်ထောက်ကာထိုင်ချလိုက်သည်။ ချီရုန်၏လက်နှစ်ဖက်အား သူ၏လက်နှစ်ဖက်ဖြင့် တဖက်တချက်စီကိုင်ရင်း

" ကိုယ့်အတွေးက ကလေးဆန်တာကိုယ်ဝန်ခံပါတယ်။ ပြီးတော့ သူတို့သာမရှိတော့ရင် မင်းကိုယ့်ကိုပိုလိုအပ်လာမယ်လို့ကိုယ်တွေးခဲ့မိတယ်။ ဟုတ်တယ် ဒါကတော်တော်လေးကို ညာဏ်မရှိတဲ့ဆုံးဖြတ်ချက်ပဲ။

အခုတော့ မင်းကကိုယ့်ကို မုန်းနေပြီ။"

ချီရုန်က ပိုင်ဝူရှန့်ကိုင်ကာထားသောသူ၏လက်နှစ်ဖက်ကို ဆွဲယူကာ ခါထုတ်ပစ်လိုက်သည်။

" ငါမင်းကို မုန်းသွားလိမ့်မယ်ဆိုတာ မင်းသူတို့ကို ပိုးမွှားလေးတွေလို မသတ်ပစ်ခင်ထဲက သိသင့်တယ်။ မင်းက ညာဏ်မရှိတဲ့ ကလေးဆန်တဲ့သူတစ်ယောက်ပဲ။ မင်းက တယောက်တည်းအထီးကျန်နေရတာနဲ့ပဲတန်တယ်။"

ပိုင်ဝူရှန့်ကသူ၏ခေါင်းကို ငုံ့ကာထားလိုက်သည်။

" ဟုတ်တယ် ။ ကိုယ်ကအရမ်းကိုအထီးကျန်ခဲ့လို့ ကိုယ်တကယ်မြတ်နိုးမိတဲ့အရာရဲ့ ဂရုစိုက်မှုကို အပြည့်အဝ လိုချင်ခဲ့ရုံလေးပါ။ ကိုယ့်မှာ အဲ့ဆန္ဒတစ်ခုလေးတောင် မပြည့်ခဲ့ရဘူး။

ဒါ့ကြောင့် ကိုယ်နောက်ဆုံးမှာနားလည်ခဲ့ပြီ။
ဒီ နည်းလမ်းက အသုံးမဝင်ဘူးဆိုတာကို......"

ပိုင်ဝူရှန့်က သူ၏ခေါင်းကိူပြန်မော့လာရင်း ချီရုန်ကိုကြည့်ကာဆိုသည်။ ချီရုန်ကလည်း ပိုင်ဝူရှန့်ကိုကြည့်နေရင်းပင် မေးလိုက်၏။

" အသုံးမဝင်ဘူးဆိုတာက ဘာကိုပြောတာလဲ။"

" သူတို့ကိုသတ်ပစ်လိူက်ပြီး မင်းရဲ့အချစ်ကိုတယောက်တည်းအပိုင်စီးတယ်ဆိုတာ မကောင်းမှန်း၊ အသုံးမဝင်မှန်း၊ ကလေးဆန်မှန်း သိလိုက်ရပြီ။ အဲ့တာကြောင့် ဒီ ပြဇာတ်ကိုအခု အဆုံးသတ်လိုက်​တော့မယ်။"

ပိုင်ဝူရှန့်က မတ်တပ်ကောက်ရပ်လိုက်သည်။ သူ၏လက်နှစ်ဖက်ကိုနောက်ဘက်သို့ ယှက်ထားလျက်ပင်

" မင်းရဲ့ညီအကိုတွေ အကုန်လုံးဘေးကင်းကင်းနဲ့ နန်ဖန်းတောင်မှာရှိတယ်။ အဲ့နေရာကို မဖျက်စီးခင်ကတည်းက သူတို့ကို တောင်ပေါ်ကနေ နေရာရွေ့ထားပေးခဲ့တာ။ အမတ်တွေရဲ့ စိတ်ကျေနပ်မှုရအောင်ဆိုပေမဲ့ ကိုယ် ကိုယ်တိုင်ကလည်း မင်းကိုစမ်းသပ်ချင်တာမလို့ ဒီလိုလူပ်ဖို့ဆုံးဖြတ်လိုက်တာပဲ။

အင်း....ကိုယ်ရှုံးတယ်လို့ပဲမှတ်လိုက်ပါ့မယ်။

ဒါ့ကြောင့် အခု မင်းရဲ့ခန္တာကိုယ်ကိုကောင်းအောင်အရင်လုပ်ပြီးရင် သူတို့ဆီကိုသွားဖို့ ဖုန်းရှင့်ကိုလိုက်ပို့ခိုင်းပေးမယ်။"

ပိုင်ဝူရှန့်၏စကားများကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရင်းမှ စကားဆုံးတော့ ချီရုန်ကဆိုသည်။

"မင်း...မင်းပြောတာက သူတို့...သူတို့တယောက်မှ မသေသေးဘူးလို့....အဲ့လို...အဲ့လိုပြောချင်တာလား။"

"အင်း...ဒါက ပြဇာတ်တစ်ခုလိုပဲ။ "

" ငါ့ဖင်ကို ပြဇာတ်လိုက်။ ဒါက နောက်စရာလား။ဒါက အသက်လေ...လူတွေရဲ့အသက်ကိုနောက်စရာလား။"

ချီရုန်က အသံကျယ်ကြီးဖြင့် ထအော်လေတော့၏။

"ကိုယ်တောင်းပန်ပါတယ် ။"

ချီရုန်က ထိုစကားကိုပင်မယုံနိုင်ဖြစ်နေသေးသော်လည်း ပိုင်ဝူရှန့်က မျက်ဝန်းများဝင်းလဲ့လာပြီဖြစ်သော ချီရုန်အားကြည့်နေလေ၏။

" ဒါဆိုငါနေကောင်းသွားတာနဲ့ နန်း​တော်ကနေထွက်သွားပြီး သူတို့ဆီသွားလို့ရပြီပေါ့။"

" အင်း...သွားလို့ရပြီ။ ဒီနေရာမှာ ထပ်ပြီးနေစရာမလိုတော့ဘူး။"

" ရေး......"

ချီရုန်က သူ၏လက်နှစ်ဖက်ကိုဆုပ်လျက်ပင် ပျော်နေလေ၏။ ပိုင်ဝူရှန်က ကြည့်နေရင်းမှ

" ဒါဆို ကိုယ်သွားတော့မယ်။ ညနေကျရင် စားဖို့ရော၊ ဆေးပါ တယောက်ယောက်ကိုပို့ခိုင်းလိုက်မယ်နော်။ ကိုယ်ကတော့ မလာတော့ဘူး။"

ပြောပြောနှင့်ပင် ထွက်သွားသောပိုင်ဝူရှန့်၏နောက်ကျောပြင်အား ချီရုန်က ကုတင်ထက်မှထိုင်ရင်း လှမ်းကြည့်မိသည်။ အလွန်တရာအထီးကျန်နေပြီး အဖော်မဲ့ကာ၊ တစ်ခုခုကို လက်လွှတ်ပစ်လိုက်သည့် လူတစ်ယောက်အသွင်ခံစားနေရ၏။

.............................

နှစ်ရက်ခန့်ကြာပြီးတဲ့နောက်မှာ ဖုန်းရှင့်က ချီရုန်ဆွသိူ့ရောက်လာသည်။ ပိုင်ဝူရှန့်သည် ထိုပချိန်အထိ ချီရုန်ရှေ့သိူ့ရောက်လာချင်းမရှိချေ။

" အဆင်သင့်ဖြစ်ပြီဆိုသွားကြမယ်။"

ဖုန်းရှင့်၏မျက်မှာသည် အနည်းငယ်မာကြောနေ၏။ တစ်ခုခုကိုမကျေနပ်နေပုံရသည်။ ချီရုန်က သူ၏အထုပ်သေးလေးတစ်ထုပ်ကိုသာပိုက်ရင်း အဆောင်ထဲမှ ထွက်လာခဲ့သည်။ နေကောင်းသွားပြီဖြစ်တာကြောင့် ယနေ့တွင် နန်ဖန်းတောင်သို့ပြန်မည်ဖြစ်သည်။

"တကယ်ရော...တကယ်ရော..ရှိတာသေချာလို့လား။ ငါ့ကိုပေါင်းလိမ်နေတာတော့ မဟုတ်ပါဘူးနော်။"

" ရောက်ရင် သိမှာပေါ့။ အရေးကြီးတာ ဒီကနေထွက်သွားရဖို့ပဲမလား။ ပြီးတော့ ဒီမှာ..."

ဖုန်းရှင့်က သူ၏ရင်ဘတ်ဝတ်ရုံကြားထဲမှ ဝါကျင့်ကျင့်စာအိတ်တစ်အိတ်အား ချီရုန်ဆီသို့ ထုတ်ကာပေးလိုက်သည်။ ချီရုန်က ထိုစာအိတ်ကိုကြည့်ကာ ယူလိုက်ပြီး

" ဘာကြီးလဲ။"

" ဧကရာဇ် ဆီကစာ။ ဟိုကိုရောက်မှ ဖတ်ပေးပါတဲ့။"

" သူကရော..."

" မင်းပဲမတွေ့ချင်ဘူးဆို။ သွားမယ်...ဟိုကိုနေမဝင်ခင်ရောက်တာအကောင်းဆုံးပဲ။"

"......"

~~~~~~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Коментарі