Chapter 1 (အမည်ပေးခြင်း)
Chapter 2 ( ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ)
Chapter 3 (စည်းကမ်းဖောက်မိပြီ)
Chapter 4 ( ပြဿနာကို ဗုံးဖောက်ရှာ)
Chapter 5 ( ခွေးသူခိုး)
Chapter 6 ( PaPaPa ကဘာကြီးလဲ)
Chapter 7 (မျက်နှာမြင်သတ်ချင်)
Chapter 8 ( ထမင်းအလကားမကျွေးပါ)
Chapter 9 (နှုတ်ဆက်ရတော့မယ်)
Chapter 10 (ရင်ခုန်သံတွေ ပေါက်ကွဲထွက်)
Chapter 11 ( ဝမ်းကွဲအကိုကတော့ လုပ်ပြီ)
Chapter 12 ( လင်နောက်လိုက်ခြင်း)
Chapter 13 ( တောသားမြို့တတ်)
Chapter 14 ( စားပြီးနားမလည် ဝါးပြီးမြိုချ)
Chapter 15 (လက်စားချေခြင်းအနုပညာ)
Chapter 16 ( ငါတို့ကချစ်သူတွေ)
Chapter 17 (သူ ရက်စက်တယ်)
Chapter 18 ( ခွင့်မလွှတ်နိုင်)
Chapter 19 ( တစ်ခန်းရပ်ပြဇာတ်)
Chapter 20 ( ကိုယ့်လမ်းကိုယ်လျောက်ချိန်)
Chapter 21 ( ငါမင်းကိုချစ်တယ်)
Chapter 15 (လက်စားချေခြင်းအနုပညာ)
"အကိုကြီး ဒီတိုင်တွေက သံတွေ။"

နန်ဖုန်းက အချုပ်ခန်းထဲမှနေ၍ သူတို့အား ကာထားသောထိုသံတိုင်များကို လက်နှစ်ဖက်ဖြသ့်ကိုင်ကာ လှုပ်နေရင်းမှ ချီရုန်ကိုလှမ်းပြောလာသည်။ ချီရုန်က ၏အနောက်ဘက်တွင် ပေါင်နှစ်ဖက်အား ကားကာခြေဆင်းလျက် ထိုင်နေသည်။ သူ့ဘေးတွင် ဖူယောင်က ထိုင်နေလေ၏။ နန်ဖုန်း၏အပြောကိုသိရတော့ ချီရုန်က လှမ်းကြည့်လိုက်ပြီး

"အဲ့တော့ ဘာဖြစ်တုန်း။"

နန်ဖုန်းက ချီရုန်အနားသို့ရောက်လာလိုက်ပြီး

"အကိုကြီး...ကျွန်တော်တို့အချုပ်ခန်းထဲ ခဏခဏရောက်ဖူးပေမဲ့ အချုပ်ခန်းတိုင်တွေကိုက အမြဲတမ်း သစ်သားတွေနဲ့လူပ်တာလေ။ ဒီအချုပ်ခန်းရဲ့ အကာတွေကိုက သံနဲ့လုပ်ထားတာ။ ကြည့်ရတာ ကျွင်းဝူကအတော်ချမ်းသာတဲ့ပုံပဲ။ ကျွန်တော်တို့ ထောင်ဖောက်ပြီးရင် လက်စားချေတာရော ဓားပြတိုက်တာပါ တစ်ခါတည်းလုပ်သွားရအောင်။ မကောင်းဘူးလား။"

"မင်း အရင်လွတ်အောင်ပဲလုပ်ပါအုန်း။ ငါတို့မကြာခင်သေတော့မဲ့ဟာ။"

"သေရအောင် ဘယ်သူကသေမှာလဲ။ ငါတိူ့သေရမယ်ဆိုရင်တောင် ကျွင်းဝူကိုပါ သတ်ပြီးမှသေမယ်။"

ချီရုန်က ရုတ်တရက်မတ်တပ်ကောက်ရပ်လိုက်ပြီး လက်သီးလက်မောင်းတန်းကာ ထအော်လိုက်သည်။

"ချီရုန်ဆိုတာ ဘယ်တစ်ယောက်လဲ။"

ရုတ်တရက် အချုပ်ခန်းအပြင်ဘက်တွင် လူတယောက်က ရပ်ပြီး သူတို့အားမေးလေ၏။ ချီရုန်က ဆုပ်ကာမြှောက်ထားသော လက်ကိုပင်ပြန်မချသေးပဲ ထိုလူအားကြောင်ကြည့်နေလေ၏။ အောက်ရှိ ထိုင်နေသော နန်ဖုန်းနှင့် ဖူယောင်က ပြိုင်တူပင် ချီရုန်အားလက်ညိုးထိုးကာ ပြိုင်တူပင်အော်ကြသည်။

"သူ...."

"သူပါ...."

ထိုရဲမက်က

"မင်းလား။ ဒါဆိုထွက်လာခဲ့။ စစ်သူကြီးက တွေ့ချင်လို့တဲ့။"

ထိုရဲမက်၏ပုံစံက ကျေနပ်နေသည့်ပုံစံမျိုးတော့ပေါ်မနေချေ။ သူက ပါးစပ်ကိုခပ်ဖွဖွလှုပ်ရင်း တရစပ်ပြောနေသည်။ သို့သော်လည်း ပလုံးပထွေးစကားများဖြစ်နေသည့်တိုင် သေချာလည်းမကြားရချေ။

"ထွက်လာခဲ့။"

"ငါလား။"

ချီရုန်ကကြောင်အ အနှင့်ပင်ရပ်နေဆဲ။ နန်ဖုန်းနှင့်ဖူယောင်က ချီရုန်အနားသို့ရောက်လာကြပြီး တဖက်တစ်ချပ်စီနေရာယူလျက်

"အကိုကြီးကို အရင်သတ်မှာလားမသိဘူး။ ခေါင်းဆောင်မှန်းသူတိူ့သိသွားတာထင်တယ်။ အဲ့တာကျွင်းဝူပြောလိုက်တာနေမှာ။ အကိုကြီးသူကို သေတာတောင်ခွင့်မလွှတ်နဲ့နော်။ "

"ဟုတ်တယ်။ တကယ်လို့အခွင့်အရေးရရင် ကျွန်တော်တို့ပြန်လက်စားချေပေးပါ့မယ်။

အကိုကြီး.....

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။"

နှစ်ယောက်သား အော်သံပြဲကြီးဖြင့် ချက်ချင်းဒူးထောက်ကာ အော်လိုက်ကြသည်။ ချီရုန်က ဘာဖြစ်လို့ဖြစ်နေမှန်းကိုသိပုံမရချေ။ သူက မိမိကိုယ်ကိုလက်ညိုးထိုးလျက်

"ငါ သေတော့မှာလား။"

"ဘာတွေဖြစ်နေတာတုန်း။ ဧကရာဇ်ကို စောင့်ရအောင်လူပ်နေတာလား။ မြန်မြန်မလာပဲနဲ့။"

ရုတ်တရက် အထဲသို့ဝင်လာသော ဖုန်းရှင့်က ဆိုလေသည်။ ထိုအခါ ချီရုန်တို့သုံးဦးသား ဖုန်းရှင့်အား ပြူးကြောင်ကြောင်နှင့်ကြည့်နေပြီး ဘေးရှိရဲမက်က တအံ့တသြဆိုသည်။

"ဧကရာဇ်က ဘာ့ကြောင့်ဒီလိူ နိမ့်ကျတဲ့သူတွေကိုခေါ်တွေ့ရတာလဲဗျာ။"

"မင်း တွေးရမဲ့ကိစ္စမဟုတ်သလို မင်းနဲ့လည်းမသက်ဆိုင်ဘူး။ ရာထူးမပျောက်ချင်ရင် အပေါက်ပိတ်နေလိုက်။"

"......."

ထိုရဲမက်၏ အသံကချက်ချင်းပင် ပျောက်ကာသွားလေတော့သည်။ ချီရုန်က အပြင်သို့ထွက်ကာလာလေ၏။ အစိမ်းရင့်ရောင်နှင့် အနုတို့ရောစပ်ကာထားသော ဝတ်ရုံသည် ညစ်ပေနေသည့်အပြင် တစ်ချို့နေရာများတွင် အပေါ်ကရာလေးများပင်ရှိသေးသည်။ မျက်နှာ၏တစ်ချို့နေရာများသည်လည်း ပေကျံကာနေလေ၏။ ဖုန်းရှင့်က မျက်မှောင်ကိုကြုတ်လိုက်ရင်း

"အရင် ရေချိုးသင့်တယ်လို့ထင်တယ်။ လာလာ သွားရအောင်။

မင်းကသူတို့နှစ်ယောက်အတွက် အဆောင်တစ်နေရာရာကို စီစဥ်ပေးလိုက်။"

"ဗျာ..."

ဖုန်းရှင့်က ချီရုန်အားနောက်မှလိုက်စေလိုက်သည်။ ချီရုန်သည်လည်း သူ၏ ညစ်ပေနေသော ဝတ်ရုံအား ခါလိုက် နမ်းကြည့်လိုက် မျက်နှာကြီးမဲ့သွားလိုက်လုပ်ရင်းပါသွားလေတော့၏။

......................................

" သတ်ခါနီးတဲ့သူတွေကို ဒီလိုပဲ ရှယ်ပြင်ဆင်ပေးနေကြလား။ အင်းလေ ဖြစ်နိုင်တာပဲ။ ကျွင်းဝူတို့က အတော်ချမ်းသာတာဆိုတော့ မဖြစ်နိုင်တာဘယ်ရှိပါ့မလဲ။ ဒါနဲ့သူတကယ်ပဲ ငါ့ကိုသတ်တော့မှာလား။"

ချီရုန်က သူ့အားပြင်ဆင်ကာ ဝတ်ပေးထားသော အဝတ်အစားတစ်ချို့အား ငုံ့ကာ ငုံ့ကာကြည့်နေရင်း ခပ်တိူးတိုးရေရွတ်နေသည်။ သူ၏ရှေ့တွင် အတူလျောက်လာသော ဖုန်းရှင့်က

"ရောက်ပြီ။ ရှေ့က အဆောင်ပဲ။ တံခါးဖွင့်ပြီးဝင်သွားလိုက်။ အထဲမှာ ဧကရာဇ်စောင့်နေတယ်။"

"ကျွင်းဝူလား။ "

"ဟုတ်တယ်။"

ဖုန်းရှင့်က ခပ်ပြတ်ပြတ်ဖြေလိုက်ပြီးနောက် ထိုနေရာမှလှည့်ထွက်သွားတော့သည်။ ချီရုန်က မိမိရှေ့တင်ရှိနေသော ထိုအဆောင်အား ကြည့်ရင်း

"ငါ့ကိုတကယ်ပဲ သတ်တော့မှာလား။ အရင်တောအုပ်ကရေတံခွန်မှာတုန်းက သတ်လို​က်လည်း ဂရုမစိုက်ဘူး။ ဘလာ ဘလာ ဆိုတာတွေက အဲ့တုန်းကမလုပ်လောက်ဘူးထင်လို့ လေကျယ်မိတာ။ အခုသူက ဧကရာဇ် ၊ ချမ်းသာတဲ့သူဌေးကြီးဖြစ်ပြီဆိုတော့ အရင်က ငါသူ့ကိုနှိပ်စက်ထားတာတွေကိုပါ ပေါင်းပြီး ငါ့ကိုပြန်လက်စားချေနေရင်ရော။ နုတ်နုတ်စင်းပစ်ခံရမှာလား။"

ချီရုန်က ခေါင်းကိုအတွင်တွင်ခါပစ်လိုက်သည်။

"မဟုတ်ဘူး ။ မဟုတ်ဘူး ။ သူငါ့ကို သဘောကျတယ်လို့ပြောဖူးတယ်။ ဝမ်းကွဲအကိုနဲ့ ဟိုကောင်ဟွားချန်တို့ သဘောကျသလိုကျတာတဲ့။ ဒါဆို သူငါ့ကိုဘာမှမလုပ်လောက်ပါဘူး။

ပြီးတော့ငါတို့က ပါးစပ်ပိတ်တဲ့လေ့ကျင့်ခန်းလုပ်တာတောင် အတူလုပ်ဖူးတာပဲ။ သူအဲ့တာတွေမမေ့လောက်ပါဘူး။"

ချီရုန်က ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြန်သည်။ သို့သော်လည်း နေ့လည်က ကျွင်းဝူကသူ့အားလျစ်လျူရှူသွားသည့်အဖြစ်ကိုပြန်တွေးလိုက်ရင်း သက်ပြင်းချကာ

"ဘာပဲဖြစ်ဖြစ် သူချရင်ပြန်ချမယ်။ ဒါပဲ။ အသေတော့မခံနိုင်ဘူး။ ဟုတ်တယ် ချီရုန်။ မင်းလုပ်နိုင်ပါတယ်။ မင်းကလူမိုက်ပဲ။ ပြီးတော့ ဓားပြ ခေါင်းဆောင်တယောက်။ ကမ္ဘာပေါ်မှာ မင်းလောက်တော်တဲ့သူမရှိဘူး။ သွားမယ်။"

ချီရုန်က ကိုယ့်ကိုယ်ကို အားတင်းစကားဆိုလိုက်ပြီးနောက် ထိုအဆောင်၏ တံခါးနားသို့သွားကာ တံခါးမကြီးအား တွန်းဖွင့်လိုက်တော့သည်။

သူက တံခါးကိုပြန်စိလိုက်ပြီးနောက် ထိုအခန်းကြီး၏ အတွင်းသို့ဝင်လာတော့သည်။ ညာဘက်ရှိ သူနှင့် မနီးမဝေးတွင် စားပွဲခုံတစ်လုံးရှိပြီး ထိုစားပွဲဘေးတွင် လူတစ်ယောက်က သူ့အားကျောပေးကာရပ်နေသည်။

"သူက တစ်ယောက်ယောက်နဲ့တူ....အား...ကျွင်းဝူ။"

ချီရုန်က လက်ညိုးထိုးကာအော်ချလိုက်လေတော့ ပိုင်ဝူရှန်သည်လည်း ချက်ချင်းပင် သူ့ဘက်သို့လှည့်ကာလာရင်း ရုတ်တရက်ချီရုန်ဆီသို့ ပြေးကာလာသည်။

"နေ...နေ...နေအုန်း။ အမလေးးးးးး။"

ရုတ်ရက်ပင် ကိုယ်ခန္တာတစ်ခုလုံးသိမ်းကြုံးကာအဖက်ခံလိုက်ရသည့် ချီရုန်က ပြူးကြောင်ကြောင့်နှင့်ပင် ငြိမ်နေမိ၏။ ပိုင်ဝူရှန့်က ချီရုန်အားဖတ်ထားလျက်ပင်

"ကိုယ် မင်းကိုအများကြီးသတိရနေတာ။ နောက်ဆုံးတော့မင်းကိူ ထွေးပွေ့ခွင့်ရပြီ။"

ချီရုန်ကလည်း ငြိမ်သက်နေမိသည်။ တခဏနေတော့မှာ သူ၏လက်နှစ်ဖက်ကိုအားကုန်သုံးရင် ကျွင်းဝူ၏ရင်ဘတ်မှနေ၍ အတင်းတွန်းထုတ်ပစ်လိုက်သည်။

"နေစမ်းပါအုန်း။ ဘာတွေလာသတိရနေတယ်။ ထွေးပွေ့ခွင့်ရပြီတွေလဲ။ လခွမ်းကိုထွေးပွေ့။ ချီးကို သတိရနေလိုက်။ "

ချီရုန်က ခါးတစ်ဖက်ထောက်ကာ ကျန်လက်တစ်ဖက်ကမူ လက်ညိုးထိုးလျက် ပိုင်ဝူရှန့်အားအော်လေတော့၏။

"ဘာတွေကိုလာလိမ်နေတာလဲ။ သဘောကျချင်ယောင်လာဆောင်ပြမနေနဲ့။ နှစ်လ...နှစ်လတိတိ စာမလာအကြောင်းမကြား။ ငါကိုယ်တိုင်လိုက်လာတော့လည်း မြင်ရက်သားနဲ့ လျစ်လျူရှုခြင်းကိုခံလိုက်ရတယ်။

အဲ့တာကြောင့်လည်း အခုငါမင်းကို ပြန်လက်စားချေဖို့လာတာ။ လက်တစ်ဖက်အတွက် လက်တစ်ဖက်။ မျက်လုံးတစ်လုံးအတွက်မျက်လူံးတစ်လုံးပဲ။ "

ထိုစကားကိုကြားတော့ ပိုင်ဝူရှန့်က ပြုံးလျက်ဆိုသည်။ ချီရုန်ကတော့ ဒေါသအိုးပေါက်ကွဲနေပုံရ၏။

"ဒါဆို ကျွန်တော်ပေးခဲ့တာအနမ်းနော်။ "

"......"

ချီရုန်၏ တစ်ကိုယ်လုံးကငြိမ်ကျသွား၏။ ပိုင်ဝူရှန်ကဆက်ပြောလာသည်။

"ခေါင်းဆောင်က ထပ်တူညီတဲ့လက်စားချေခြင်းမျိုးကိုလိုချင်တာဆိုတော့ ကျွန်တော်ကလည်း ခေါင်းဆောင်ကိုနမ်းခဲ့မိတဲ့ အမှားကရှိနေတယ်။ အဲ့တော့ လက်စားချေမယ်ဆိုရင် ခေါင်းဆောင်က ကျွန်တော့်ကိုပြန်နမ်းမှရမှာပေါ့နော်။

အပြင်မာ အော်နေတုန်းကလိုပေါ့။ ဘာတဲ့.....စားပြီးနားမလည်လုပ်တဲ့ ဧကရာဇ်ပိုင်ဝူရှန့်....ခွီး....အဲ့လိုမျိုးပဲ...."

ပိုင်ဝူရှန့်က ချီရုန်၏မျက်နှာနားသို့ သူ၏မျက်နှာအား နီးကပ်သည်အထိ ငုံ့လိုက်ရင်း

"ကျွန်တော်အခု ပြန်ပေးဆပ်ပါ့မယ်။ အဲ့လိုပြောလာမဲ့အတင်းအဖျင်းစကားသံတွေကို မကြားနိုင်တော့လို့လေ။ ကျေးဇူးပြုပြီးတော့ ခေါင်းဆောင်က ကျွန်တော့်ကိုပြန်နမ်းပါ။ ကျွန်တော် ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်။"

ချီရုန်က ပိုင်ဝူရှန့်၏မျက်ဝန်းများကို သေချာစွာဆိုက်ကြည့်နေသည်။ ပိုင်ဝူရှန့်က သူ၏နှုတ်ခမ်းကိုပင် အနည်းငယ်ထော်သယောင်ဆူထားသေး၏။ ချီရုန်က

"လက်စားချေတာက ချေတာပဲ။ ငါအကုန်မင်းဆီကနေပြန်ယူပြမယ်။"

ချီရုန်က ပိုင်ဝူရှန့်၏ ပါးနှစ်ဖက်ကိုဆွဲကိုင်ပစ်လိုက်ပြီး နှုတ်ခမ်းချင်းထိကပ်ပစ်လိုက်သည်။ အတော်ကြာသည်အထိ ဖိကပ်ထားပစ်လိုက်ပြီးနောက် ပြန်ခွာရန်ပြင်လေတော့ ပိုင်ဝူရှန်ကသူ၏ လက်တစ်ဖက်ဖြင့် ချီရုန်၏ခါးကို ဆွဲသိမ်းကာ ကျန်လက်တစ်ဖက်ဖြင့် ချီရုန်၏မေးကိုကိုင်ရင်း ဆက်မော့ထားစေလိုက်သည်။ အနည်းငယ်ဟစိစိဖြစ်နေသော နှုတ်ခမ်းပါးအား သူ၏ နှုတ်ခမ်းတစ်စုံဖြင့် ပြန်လည်ပိတ်ဆို့ထားလိုက်ပြန်၏။

အနည်းငယ်ကြာတော့ ချီရုန်က အသက်ရှုကျပ်လာပုံပေါ်သည်။ သူ၏လက်များဖြင့် ပိုင်ဝူရှန့်၏ရင်ဘတ်အားစတင်ထုရိုက်လေတော့သည်။ ပိုင်ဝူရှန့်က ထိုလက်များကို သူ၏လက်တစ်ဖက်တည်းဖြင့် သိမ်းယူပစ်လိုက်ပြီး အနမ်းတို့ကို ဆက်ရှည်ကြာစေလိုက်သည်။ တခဏအကြာတွင် လွှတ်လိုက်လေတော့

"အဟွတ်...အဟွတ်..အဟွတ်...ငိုးမ။"

ချီရုန်ကသူ၏ နှုတ်ခမ်းကိုဖိသုတ်လိုက်ရင်း ချောင်းဆိုးနေသည့်ကြားမှပိုင်ဝူရှန့်အား ဆဲလိုက်သည်။ ပိုင်ဝူရှန့်က ပြုံးလျက်ပင်

"ကျွန်တော်က ခေါင်းဆောင်အစား ကိုယ့်ကိုယ်ကိုလက်စားချေလိုက်ယုံပါ။ ကျွန်တော်ဘယ်လောက်ထိသနားဖို့ကောင်းလဲတွေ့လား။"

"သွားသေလိုက်...."

*ဖုန်း...*

"အ့.....သေပါပြီ။"

ချီရုန်က ပိုင်ဝူရှန့်၏ ညာဘက်ခြေထောက်အား သူ၏ခြေထောက်ဖြင့် အားပါပါကန်ချလိူက်သည်။ ပိုင်ဝူရှန့်ပင် နာကျင့်သည့်အသံထွက်ကာ ခွေကျပြီး သူခြေထောက်သူပွတ်ကာနေလေတော့၏။ ထိုအခါချီရုန်က ဘေးနားရှိစားပွဲပေါ်တွင် တင်ကာထားသော ရေနွေးအိုးနှင့် ပန်းကန်လုံးအောက်ရှိ လင်ဗန်းအားဆွဲယူလိုက်ပြီး ထိုင်ကာခြေထောက်ကိုပွတ်နေသော ပိုင်ဝူရှန့်၏ ခေါင်းအား အသံမြည်သည်အထိ ရိုက်ချပစ်လိုက်လေတော့သည်။

~~~~~~~~~~~~~~~~~~~~~~
© Hnin Aung,
книга «Me And My Suspicious Partner».
Chapter 16 ( ငါတို့ကချစ်သူတွေ)
Коментарі