Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 1
Unicode...

2015ခုနှစ်... ထိုင်းနိုင်ငံ၊ ဘန်​ကောက်မြို့ .....

DNA test reportကို ကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်ပြီး ရလဒ်ကို မျက်လုံးပြူးများနှင့် အတန်ကြာ​အောင် စိုက်ကြည့်​နေ​သော လွန်းသုတ....

​​​သွေးသား​တော်စပ်မှု ဖြစ်နိုင်​ချေ - 0%

သူက ဒယ်ဒီ့သားအရင်းမဟုတ်ခဲ့ဘူး​ပေါ့....

ဒါဆို သူ့ဖခင်အရင်းက​ရော ဘယ်သူလဲ... ဘယ်လိုပုံစံလဲ... ဘယ်မှာလဲ...
သက်ရှိထင်ရှား​ကော ရှိ​နေ​သေးရဲ့လား....
ဘယ်သူ့ကိုသွား​မေးရမှာလဲ....

အ​တွေး​ပေါင်းများစွာနှင့် လွန်းသုတ... အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်ရင်း ​ဖြေးညင်းစွာ ပြန်ရှူထုတ်လိုက်သည်။

အဲဒါ​တွေထက် ပို၍ လွန်းသုတ စိတ်ရှုပ်မိသည်က မ​ရေရာ​သော မိမိခံစားချက်များ​ကြောင့်ဖြစ်သည်။

​စိတ်မ​ကောင်းဖြစ်ရမည်လား....
နှစ်​ပေါင်းများစွာ ဖခင်အရင်းဟု ထင်မှတ်ထားရာမှ ​သွေးသား​တော်စပ်မှုအလျင်းမရှိသည်ကို..

​ဝမ်းနည်းရမည်လား....
ကိုကို့ကို အစ်ကိုရင်းချာတစ်​​ယောက်လို ချစ်ခင်တွယ်တာ​နေပြီးမှ သူတို့က နည်းနည်းမှ ​တော်စပ်မှုမရှိသည်ကို...

စိုးထိတ်ရမည်လား....
ကိုကိုသာ ဒီအ​ကြောင်းကို သိသွားခဲ့ရင် သူ့ကို နာကြည်း၍ စွန့်ပစ်သွားမည်ကို....

​ပျော်ရွှင်ရမည်လား....
ညီအစ်ကိုအရင်း မဟုတ်လို့ ကိုကိုနှင့် ပတ်သက်ပြီး မိမိနှလုံးသား၏ နက်ရှိုင်း​သော ​နေရာမှ ဖြစ်​ပေါ်​နေ​သော ဖုံးဖိထားသည့် အမည်မသိ ခံစားချက်တစ်စုံတစ်ရာကို ​ဖော်ထုတ်ခွင့်ရှိ​တော့မည်ကို....

ဝမ်းသာရမည်လား....
ထိုခံစားချက်​လေးဟာ ကိုကို့ကို အစ်ကို​တစ်​ယောက်ထက်ပို၍ သူ့တဘဝလုံး ကိုကို့အနားမှာ​ပဲနေပြီး ​ပေးဆပ်ချင်သည့် ချစ်ခြင်း​​မေတ္တာတရား တစ်ခုဖြစ်​​ကြောင်း နားလည်လိုက်သည်ကို....

ထိုထို​သော ခံစားချက်များအားလုံး တပြိုင်တည်း ဖြစ်​ပေါ်​နေ​သော ဆယ့်ငါးနှစ်အရွယ် ​ကောင်​လေး လွန်းသုတ....

ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းချင်​ပါသော်လည်း မထင်မှတ်ထားပါဘဲ သူ့ဘဝထဲ ဝင်​​ရောက်လာ​သော အရှုပ်အ​​ထွေးများ​ကို မ​ကိုင်တွယ်နိုင်မှာ လွန်းသုတ အရမ်း​ကြောက်သည်။

အ​ကြောက်ဆုံးက​တော့ ဒီကိစ္စကို ကိုကိုသိသွားခဲ့လျှင် ညီအဖြစ် အသိအမှတ်မပြု​တော့ဘဲ သူ့ကို ကိုကို့ဘဝထဲက ​မောင်းထုတ်မည်ကိုဖြစ်သည်။

​ဒါမှမဟုတ် ပွင့်လင်းစွာ​ပြောလိုက်သင့်လား...

အမှန်တရားတစ်ခုဆိုတာ ဖုံးကွယ်ထားနိုင်ရိုးလား...
တစ်ချိန်ချိန်တွင်​တော့ သိကိုသိမည်။...
အ​နှေးနှင့် အမြန်ပဲကွာမည်။

သူ့ကိုညီတစ်​ယောက်လို ဂရုစိုက် အလိုလိုက်၍ ချစ်​ပေး​သော ကိုကိုက ဒီအမှန်တရားကို လက်ခံနိုင်မယ်ထင်လား....

ဒွိဟတို့ ဖြစ်​နေစဥ်မှာပင် ​မေ​မေ​ပြောခဲ့​သော စကားများကို ပြန်ကြား​ယောင်မိသည်။

​မေ​မေက ကိုကို့ကို မသိ​စေချင်​ခဲ့​ပေ။ သူ့ကို တတ်နိုင်သမျှ ဖုံးကွယ်ထားရန် မှာခဲ့သည်​လေ။

အမြဲတမ်း ​မေ​မေ့အလို​ကျ ဖြစ်​စေခဲ့​သော လွန်းသုတ အခုကိစ္စမှာလည်း ​မေ​မေ့သ​ဘောအတိုင်း လုပ်ရန်သာ ဆုံးဖြတ်မိသည်။

​မေ​မေ့​ဆန္ဒ​ကြောင့်ဆိုသည်က တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်ဆိုတာ သူ့ကိုယ်သူသိသည်။

ရိုးသားလိုစိတ်ထက် ​ကြောက်စိတ်ကပို​နေမိ​တော့ ဒီအမှန်တရားတစ်ခုကို​တော့ဖြင့် ဖုံးကွယ်ထားပါရ​စေ ကိုကို....
ညီညီ့ကို ခွင့်လွှတ်​ပေးပါ....
ကိုကိုကလွဲပြီး ဘယ်သူမှမရှိ​တော့တဲ့ ညီညီ့ဘဝမှာ ကိုကို့ကို မဆုံးရှုံးချင်လို့ပါ....
ကိုကို့ ညီ​လေးအဖြစ် တစ်သက်လုံး​​နေသွားရမယ်ဆိုလည်း ဖြစ်ပါတယ် ကိုကို...
ညီညီ့ခံစားချက်​တွေကို မျိုသိပ်ထား​ပေးပါ့မယ်....
ကိုကိုသာ ညီညီ့ကို ကိုကို့ဘဝထဲက​နေ ​မောင်းမထုတ်လိုက်ပါနဲ့.....

~~~~~~~~~~~~~~~~~

Note: ပထမဆုံး စ​ရေးဖူးတာပါ...
amateur writingသက်သက်ပဲမို့ လိုအပ်ချက်​တွေအများကြီးရှိမှာပါ....

ဖတ်လို့အဆင်မ​ပြေတာများရှိခဲ့ရင် နားလည်​ပေးကြပါဦး​နော်...🙏🏻

ဖတ်​ပေးကြမဲ့ တစ်​ဦးချင်းစီကို ​​ကျေးဇူးတင်ပါတယ်....🤍

~~~~~~~~~~~~~~~~~

Zawgyi...

2015ခုႏွစ္... ထိုင္းနိုင္ငံ၊ ဘန္​ေကာက္ၿမိဳ႕ .....

DNA test reportကို က်စ္က်စ္ပါ​ေအာင္ ဆုပ္ကိုင္ၿပီး ရလဒ္ကို မ်က္လုံးျပဴးမ်ားႏွင့္ အတန္ၾကာ​ေအာင္ စိုက္ၾကည့္​ေန​ေသာ လြန္းသုတ....

​​​ေသြးသား​ေတာ္စပ္မႈ ျဖစ္နိုင္​ေခ် - 0%

သူက ဒယ္ဒီ့သားအရင္းမဟုတ္ခဲ့ဘူး​ေပါ့....

ဒါဆို သူ႕ဖခင္အရင္းက​ေရာ ဘယ္သူလဲ... ဘယ္လိုပုံစံလဲ... ဘယ္မွာလဲ...
သက္ရွိထင္ရွား​ေကာ ရွိ​ေန​ေသးရဲ႕လား....
ဘယ္သူ႕ကိုသြား​ေမးရမွာလဲ....

အ​ေတြး​ေပါင္းမ်ားစြာႏွင့္ လြန္းသုတ... အသက္ျပင္းျပင္းတစ္ခ်က္ရႉရွိုက္ရင္း ​ေျဖးညင္းစြာ ျပန္ရႉထုတ္လိုက္သည္။

အဲဒါ​ေတြထက္ ပို၍ လြန္းသုတ စိတ္ရႈပ္မိသည္က မ​ေရရာ​ေသာ မိမိခံစားခ်က္မ်ား​ေၾကာင့္ျဖစ္သည္။

​စိတ္မ​ေကာင္းျဖစ္ရမည္လား....
ႏွစ္​ေပါင္းမ်ားစြာ ဖခင္အရင္းဟု ထင္မွတ္ထားရာမွ ​ေသြးသား​ေတာ္စပ္မႈအလ်င္းမရွိသည္ကို..

​ဝမ္းနည္းရမည္လား....
ကိုကို႔ကို အစ္ကိုရင္းခ်ာတစ္​​ေယာက္လို ခ်စ္ခင္တြယ္တာ​ေနၿပီးမွ သူတို႔က နည္းနည္းမွ ​ေတာ္စပ္မႈမရွိသည္ကို...

စိုးထိတ္ရမည္လား....
ကိုကိုသာ ဒီအ​ေၾကာင္းကို သိသြားခဲ့ရင္ သူ႕ကို နာၾကည္း၍ စြန့္ပစ္သြားမည္ကို....

​ေပ်ာ္႐ႊင္ရမည္လား....
ညီအစ္ကိုအရင္း မဟုတ္လို႔ ကိုကိုႏွင့္ ပတ္သက္ၿပီး မိမိႏွလုံးသား၏ နက္ရွိုင္း​ေသာ ​ေနရာမွ ျဖစ္​ေပၚ​ေန​ေသာ ဖုံးဖိထားသည့္ အမည္မသိ ခံစားခ်က္တစ္စုံတစ္ရာကို ​ေဖာ္ထုတ္ခြင့္ရွိ​ေတာ့မည္ကို....

ဝမ္းသာရမည္လား....
ထိုခံစားခ်က္​ေလးဟာ ကိုကို႔ကို အစ္ကို​တစ္​ေယာက္ထက္ပို၍ သူ႕တဘဝလုံး ကိုကို႔အနားမွာ​ပဲေနၿပီး ​ေပးဆပ္ခ်င္သည့္ ခ်စ္ျခင္း​​ေမတၱာတရား တစ္ခုျဖစ္​​ေၾကာင္း နားလည္လိုက္သည္ကို....

ထိုထို​ေသာ ခံစားခ်က္မ်ားအားလုံး တၿပိဳင္တည္း ျဖစ္​ေပၚ​ေန​ေသာ ဆယ့္ငါးႏွစ္အ႐ြယ္ ​ေကာင္​ေလး လြန္းသုတ....

ဘဝကို ရိုးရွင္းစြာ ျဖတ္သန္းခ်င္​ပါေသာ္လည္း မထင္မွတ္ထားပါဘဲ သူ႕ဘဝထဲ ဝင္​​ေရာက္လာ​ေသာ အရႈပ္အ​​ေထြးမ်ား​ကို မ​ကိုင္တြယ္နိုင္မွာ လြန္းသုတ အရမ္း​ေၾကာက္သည္။

အ​ေၾကာက္ဆုံးက​ေတာ့ ဒီကိစၥကို ကိုကိုသိသြားခဲ့လွ်င္ ညီအျဖစ္ အသိအမွတ္မျပဳ​ေတာ့ဘဲ သူ႕ကို ကိုကို႔ဘဝထဲက ​ေမာင္းထုတ္မည္ကိုျဖစ္သည္။

​ဒါမွမဟုတ္ ပြင့္လင္းစြာ​ေျပာလိုက္သင့္လား...

အမွန္တရားတစ္ခုဆိုတာ ဖုံးကြယ္ထားနိုင္ရိုးလား...
တစ္ခ်ိန္ခ်ိန္တြင္​ေတာ့ သိကိုသိမည္။...
အ​ေႏွးႏွင့္ အျမန္ပဲကြာမည္။

သူ႕ကိုညီတစ္​ေယာက္လို ဂ႐ုစိုက္ အလိုလိုက္၍ ခ်စ္​ေပး​ေသာ ကိုကိုက ဒီအမွန္တရားကို လက္ခံနိုင္မယ္ထင္လား....

ဒြိဟတို႔ ျဖစ္​ေနစဥ္မွာပင္ ​ေမ​ေမ​ေျပာခဲ့​ေသာ စကားမ်ားကို ျပန္ၾကား​ေယာင္မိသည္။

​ေမ​ေမက ကိုကို႔ကို မသိ​ေစခ်င္​ခဲ့​ေပ။ သူ႕ကို တတ္နိုင္သမွ် ဖုံးကြယ္ထားရန္ မွာခဲ့သည္​ေလ။

အၿမဲတမ္း ​ေမ​ေမ့အလို​က် ျဖစ္​ေစခဲ့​ေသာ လြန္းသုတ အခုကိစၥမွာလည္း ​ေမ​ေမ့သ​ေဘာအတိုင္း လုပ္ရန္သာ ဆုံးျဖတ္မိသည္။

​ေမ​ေမ့​ဆႏၵ​ေၾကာင့္ဆိုသည္က တစ္စိတ္တစ္ပိုင္းသာျဖစ္တယ္ဆိုတာ သူ႕ကိုယ္သူသိသည္။

ရိုးသားလိုစိတ္ထက္ ​ေၾကာက္စိတ္ကပို​ေနမိ​ေတာ့ ဒီအမွန္တရားတစ္ခုကို​ေတာ့ျဖင့္ ဖုံးကြယ္ထားပါရ​ေစ ကိုကို....
ညီညီ့ကို ခြင့္လႊတ္​ေပးပါ....
ကိုကိုကလြဲၿပီး ဘယ္သူမွမရွိ​ေတာ့တဲ့ ညီညီ့ဘဝမွာ ကိုကို႔ကို မဆုံးရႈံးခ်င္လို႔ပါ....
ကိုကို႔ ညီ​ေလးအျဖစ္ တစ္သက္လုံး​​ေနသြားရမယ္ဆိုလည္း ျဖစ္ပါတယ္ ကိုကို...
ညီညီ့ခံစားခ်က္​ေတြကို မ်ိဳသိပ္ထား​ေပးပါ့မယ္....
ကိုကိုသာ ညီညီ့ကို ကိုကို႔ဘဝထဲက​ေန ​ေမာင္းမထုတ္လိုက္ပါနဲ႕.....

~~~~~~~~~~~~~~~~~

Note: ပထမဆုံး စ​ေရးဖူးတာပါ...
amateur writingသက္သက္ပဲမို႔ လိုအပ္ခ်က္​ေတြအမ်ားႀကီးရွိမွာပါ....

ဖတ္လို႔အဆင္မ​ေျပတာမ်ားရွိခဲ့ရင္ နားလည္​ေပးၾကပါဦး​ေနာ္...🙏🏻

ဖတ္​ေပးၾကမဲ့ တစ္​ဦးခ်င္းစီကို ​​ေက်းဇူးတင္ပါတယ္....🤍
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі