Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 4
Unicode...

သာယာသော နံနက်ခင်းတစ်ခု.....

နံနက်ဆိုလျှင် တစ်မိသားစုလုံး ၆နာရီခွဲ​​လောက် အိပ်ရာထ​လေ့ရှိသည်။

​ကျောင်းသွားရမည့်သူ အလုပ်သွားရမည့်သူနှင့် ထို​အချိန်​လောက်ထ၍ ပြင်ဆင်မှသာ အချိန်မှီတတ်သည်။
​​ဒေါ်ကြည်ဖြူက တခါတ​လေ ပို​စော၍ထတတ်ပြီး နံနက်စာကို ကိုယ်တိုင်ပြင်ဆင်ပေးလေ့ရှိသည်။

လွန်းလည်း နံနက်ကိုးနာရီတွင် ဆရာများ လာမည်ဖြစ်ပြီး စာသင်ရမည်။
​ရေချိုးပြီး နံနက်စာစားရန် ​အောက်ဆင်းမည်အပြု တစ်ဖက်ခန်း၌ ရှိုင်းသန့်က သူ့အခန်း​ရှေ့တွင် အခန်းတံခါးကိုမှီပြီး လက်ထဲတွင် စာအုပ်အချို့ကိုပိုက်ကာ ရပ်​နေသည်။

လွန်းထွက်လာတာမြင်​တော့ လာခဲ့ဦးဟုဆိုကာ လက်ယပ်​ခေါ်လိုက်သည်။
အနားသို့​ရောက်လာ​သောအခါ ရှိုင်းသန့်လက်ထဲတွင်ရှိ​သော စာအုပ်များကို လွန်းဆီလွှဲ​ပေးပြီး နှစ်ကိုယ်ကြားနိုင်ရုံသာ တိုးတိုး​ပြောလိုက်သည်။

"​​ရော့၊ ဒီစာအုပ်​တွေထဲကဟာကို ငါ့စာအုပ်​တွေထဲပြန်ကူး​ပေးထား၊
ဘာသာ​တွေ​တော့ ခွဲတတ်ပါတယ်​နော်?....

မင်း စာ​ရေးစာဖတ်တတ်​နေပြီမလား....
လက်​ရေးတူ​အောင်​ရေး​....
ဒီ​နေ့ည အပြီး​ရေးထား"

​ပြောပြီးသည်နှင့် ​အောက်ထပ်သို့ ​ဆင်းသွား​လေသည်။
လွန်းသုတက​တော့ စာအုပ်များကိုပိုက်ကာ ​အောက်ထပ်ဆင်းသွား​သော ​ကျောပြင်ကို စိုက်ကြည့်​နေမိသည်။

နံနက်ကိုးနာရီမှ ည​နေ​လေးနာရီအထိ စာသင်ပြီး​နောက် လွန်းသုတ အခန်းထဲသို့ ဝင်လာလိုက်သည်။

စာသင်နှစ် တစ်ဝက်​​ကျော်​ရောက်လာပြီဖြစ်သဖြင့် လွန်းသုတ ထိုင်းစာကို အ​တော်​လေး နှံ့စပ်ကျွမ်းကျင်​နေပြီ၊ ဆရာများနှင့်လည်း အပြန်အလှန်​ပြောဆိုသဖြင့် အ​ပြောလည်း သွက်လာပြီ...

ဒီ​နေ့​တော့ သူ့အိမ်စာ​တွေမလုပ်နိုင်​သေး၊ ကိုကိုခိုင်းထားတာ​တွေ အရင်လုပ်ရ​ပေဦးမည်။
ကိုကို​ပေးထား​သော စာအုပ်များကို ဖွင့်ကြည့်လိုက်​သောအခါ ကူးရမည့်စာများမှာ တစ်အုပ် တစ်အုပ်ကို နည်းတာမဟုတ်။

စာမျက်နှာ ဆယ်မျက်နှာ​​ကျော်​တွေချည်း.....
သုံးဘာသာ​လောက်ရှိမည်။
ထိုင်းဘာသာ​တွေနှင့်ချည်းပဲဖြစ်သည်။

လွန်းသုတအနားယူရန်ပင် မစဥ်းစား​တော့ဘဲ တခါတည်း စာကြည့်စားပွဲ​ပေါ် ဝင်ထိုင်ကာ ပထမဆုံးကူးရမည့်စာအုပ်ကို လှမ်းဆွဲလိုက်ပြီး ​စတင်​ရေးတော့သည်။

"သားငယ်​​ရေ... ညစာစားရ​အောင်၊ ဆင်းခဲ့​တော့​နော်"

အခန်း​ရှေ့မှ ​မေ​မေ့အသံကိုကြားမိ​တော့ တုံ့ဆိုင်းမှုမရှိဘဲ ဟုတ်ကဲ့ဟုသာ ပြန်​ပြောလိုက်သည်။
​ကူး​နေရင်းနှင့် နာရီပင်မကြည့်မိလိုက်၊ ညခုနစ်နာရီထိုး​နေပြီ....

ထိုင်းစာကိုအခုနှစ်မှ စ​ရေးဖူးသည့် သူ့အတွက် ဆယ်မျက်နှာဆို​သောစာများကလည်း ​ရေးရန်​တော်​တော်အချိန်ယူရသည်။ ထို့​ကြောင့် အခုထိ တစ်ဘာသာနှင့် တစ်ဝက်​လောက်သာ ပြီး​သေးသည်။

ညစာမြန်မြန်စား၍ အ​ပေါ်အမြန်တက်လာကာ လက်ကျန်စာများကို ဆက်ကူး​နေလိုက်သည်။ မရပ်မနားကူး​မှ ညဆယ်နာရီတွင် အကုန်ပြီးသွား​တော့သည်။

"ကိုကို ကျွန်​တော်ပါ၊ ဝင်ခဲ့မယ်​နော်"

တုံ့ပြန်မှုကိုမ​စောင့်​တော့ဘဲ ဝင်ခဲ့ကာ စာအုပ်များကို ရှိုင်းသန့်ဆီ လွှဲ​ပေးလိုက်သည်။
ရှိုင်းသန့်က စာအုပ်များကို အတန်ကြာသည်အထိ လှန်​လှောကြည့်ပြီး တစ်ချက်ပြုံးသည်။

"​တော်​သားပဲ၊ ငါကမပြီးဘူးထင်​​နေတာ..."

"ကိုကို၊ ဒီ​လောက်စာအများကြီးလုပ်ရတာလား
အဲဒါကို ဘာလို့​​​နေ့တိုင်းအိမ်စာ​တွေမလုပ်တာလဲ
ပြီး​တော့ သူများဆီက ကူးရ.......

မဟုတ်မှလွဲ ကိုကို ​ကျောင်းပျက်တာလား၊ ဒယ်ဒီမသိဘဲ​လေ"

လွန်းသုတစကား​ကြောင့် ရှိုင်းသန့် သူ့ကို အကြည့်စူးစူးနှင့် တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မျက်နှာလွှဲပစ်သည်။

"မင်းနဲ့မဆိုင်ဘူး၊ သွား​တော့ ငါခိုင်းတာပဲလုပ်၊
ငါ့ကိုဆရာလာမလုပ်နဲ့၊ ပြီး​တော့ ဒယ်ဒီ့ကိုသွား​တိုင်ရင် မင်းအ​သေပဲ"

"ဒါဆို ကိုကို တကယ်​ကျောင်း​ပြေးတာ​ပေါ့၊ ဘာလို့လဲ၊ ဘယ်​တွေသွားတာလဲဟင်၊
ဒယ်ဒီတို့ စိတ်ပူ​မှာ​ပေါ့.... ပြီး​တော့ ကိုကိုတစ်ခုခုဖြစ်သွား...."

"တိတ်စမ်း၊ မင်းကငါ့အ​ဖေလား....
ငါ့ဘာသာ ဘာဖြစ်ဖြစ် မင်းအပူမပါဘူး...

ငါ့ကို ဂရုစိုက်ချင်​ယောင် လာ​ဆောင်ပြမ​နေနဲ့
အပို​တွေလုပ်လည်း ငါမင်းကို အမြင်ကြည်လာမှာမဟုတ်ဘူး...

ငါအသိအမှတ်မပြုလည်း မင်းနဲ့သက်ဆိုင်တဲ့ အ​မွေ​​တွေရမှာ... မပူနဲ့"

​ဒေါသတို့ဖြင့် ကျယ်​လောင်စွာ ​အော်​ပြောလိုက်​သော ရှိုင်းသန့်ကို လွန်းသုတစိုက်ကြည့်ရင်း မျက်ဝန်းထက်မှ မျက်ရည်စတို့ စို့တက်လာသည်။

"ကိုကိုဘယ်လိုပဲ ထင်ထင်ပါ၊ ​နောက်တခါ​ကျောင်း​ပြေးရင် ဒယ်ဒီ့ကို​ပြောရမာပဲ၊

အစတည်းက ကျွန်​တော့ကိုလက်မခံတဲ့အတူတူ

ကိုကို အပြင်မှာ ဘယ်သူမှမသိဘဲ တစ်ခုခုဖြစ်မှာထက်စာရင်
ဒယ်ဒီ့ကိုပြောလိုက်လို့ ကိုကို ကျွန်​တော့ကိုပိုမုန်းသွားတာပဲ လက်ခံလိုက်မယ်"

ရှိုင်းသန့်တုံ့ပြန်ချက်ကိုပင်မ​စောင့်ဘဲ သူ့အခန်းဆီသို့သာ ပြေးထွက်သွားလိုက်သည်။

အပို​တွေလို့ ထင်တယ်လား..... အ​​မွေ​တွေတဲ့..
လွန်းဒါ​တွေ မသိပါဘူး... အစတည်းက မိဘ​​မေတ္တာ​တောင် နပ်မှန်​အောင်မရခဲ့တာ....
အစတည်းက ဘာမှမှမရှိခဲ့တာ....

အစက လွန်းလိုချင်တာဘာမှမရှိခဲ့ပါဘူး...
အခု​တော့ လွန်း​မျှော်လင့်မိတာ....
သာယာ​အေးချမ်းပြီး ချစ်ခြင်း​မေတ္တာ​တွေနှင့် ပြည့်နှက်​နေ​သော ရိုးရှင်းသည့် မိသားစုဘဝ​လေး.....
ဒယ်ဒီ့ဂရုစိုက်မှု....
​မေ​မေ့​နွေး​ထွေးမှု ပြီး​တော့....
ကိုကို့ရဲ့ ညီအဖြစ် အသိအမှတ်ပြုမှု......

ဒီ​လောက်ပါပဲ....ကိုကိုရယ်.....
လွန်းရဲ့ ရိုးစင်းတဲ့ ​မျှော်လင့်ချက်​တွေကို မရိုက်ချိုးပါနဲ့လား........

~~~~~~~~~~~~~~~~

"​မာမီ..... မာမီ
ကယ်ကြပါ....မာမီမ​သေ​သေးဘူး​လေ...မဟုတ်ဘူး... မာမီ......"

ရှိုင်းသန့် အိပ်မက်မှ လန့်နိုးလာ​တော့ တစ်ကိုယ်လုံး ​​ချွေးများစိုရွှဲ​နေ​လေသည်။ ​ဘေးတွင် အသင့်ရှိ​နေ​သော ​ရေဘူးကိုယူ​သောက်လိုက်ပြီး ပြန်အိပ်ကြည့်​သော်လည်း အိပ်မ​ရ​တော့....

ဒီအိပ်မက်ဆိုးကို သူမကြာခဏမက်​လေ့ရှိသည်။
ကားအက်ဆီးဒင့်​ဖြစ်​သောနေရာတွင် ​မောင်းသူ​နေရာမှာ ​သွေးများ​ပေကျန်​နေ​သော မာမီ့ပုံရိပ်.....
​ဘေးထိုင်ခုံ​နေရာမှ အသိစိတ်တဝက်တပြတ်နှင့် ဝိုးတဝါးအမြင်အာရုံတို့ဖြင့်မြင်လိုက်ရ​သော အရိပ်တစ်ခု....

ထိုအရိပ်က ​သွေးထွက်လွန်၍ ​သတိလစ်နေ​သော မာမီ့အနားတိုးလာသည်။ ထိုအချိန်တွင် သူ၏အမြင်အာရုံများလည်း ပို၍​မှုံဝါးလာကာ ​နောက်ဆုံးတွင်​တော့ အလုံးစုံ အ​မှောင်ထုကြီး ဖြစ်သွားခဲ့သည်။

မက်​လေ့ရှိ​သော အိပ်မက်ဆိုးအ​ကြောင်း ပြန်​တွေးရင်း
ဆက်ပြီးအိပ်မရ​တော့တာ​ကြောင့် နာရီကြည့်လိုက်​တော့ မနက်၅နာရီထိုး​​နေပြီမို့ ​ရေထချိုးပြီး ​ကျောင်းသွားရန် ပြင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

စာအုပ်များကို လွယ်အိတ်ထဲထည့်ရန် ပြင်​လေ​တော့ မ​နေ့က လွန်းသုတ​ပြောသွားသည်များကို နားထဲပြန်ကြား​​ယောင်မိသည်။

ငါ့ကိုတကယ်ပဲ အစ်ကိုတစ်​ယောက်လို သ​ဘောထားတာလား.... စိုးရိမ်​ပေး​နေတာလား....

လက်မခံချင်​ပေမဲ့ ဖြစ်တည်ပြီး​သောအမှန်တရားကို ပြင်လို့​တော့ မရဘူးမလား....
ဟုတ်ပါတယ် သူဘယ်လိုပဲ လက်မခံပါ​စေ...
သူတို့က ညီအစ်ကို​တွေပဲ.....

သူ့ကို​ကောင်း​ကောင်းမွန်မွန် ပြန်ဆက်ဆံရင်​ကောင်းမလား....
ငါ့အတွက်အပမ်းမှမကြီးတာ....

မဟုတ်​သေးပါဘူး သူ့ဘက်ကဟန်​ဆောင်​နေတာဆိုရင်​ရော....
အင်း...ဒါကမှပိုဖြစ်နိုင်​သေးတယ်...
ဒယ်ဒီ့ဆီက အမှတ်​တွေယူ​နေတာ​နေမှာ​ပေါ့...

သူ့အ​မေကလည်း ​မြှောက်​ပေး​နေဦးမှာ....
၇နှစ်အရွယ်ကောင်​​လေးကများ တခြားသူကို စိတ်ပူတယ်​လေးဘာ​လေးနဲ့....
ဒီ​ကောင်နဲ့​တော့ ဘယ်​တော့မှတည့်မှာမဟုတ်ဘူး.....

~~~~~~~~~~~~~~~~~~~~

Zawgyi...

သာယာေသာ နံနက္ခင္းတစ္ခု.....

နံနက္ဆိုလွ်င္ တစ္မိသားစုလုံး ၆နာရီခြဲ​​ေလာက္ အိပ္ရာထ​ေလ့ရွိသည္။

​ေက်ာင္းသြားရမည့္သူ အလုပ္သြားရမည့္သူႏွင့္ ထို​အခ်ိန္​ေလာက္ထ၍ ျပင္ဆင္မွသာ အခ်ိန္မွီတတ္သည္။
​​ေဒၚၾကည္ျဖဴက တခါတ​ေလ ပို​ေစာ၍ထတတ္ၿပီး နံနက္စာကို ကိုယ္တိုင္ျပင္ဆင္ေပးေလ့ရွိသည္။

လြန္းလည္း နံနက္ကိုးနာရီတြင္ ဆရာမ်ား လာမည္ျဖစ္ၿပီး စာသင္ရမည္။
​ေရခ်ိဳးၿပီး နံနက္စာစားရန္ ​ေအာက္ဆင္းမည္အျပဳ တစ္ဖက္ခန္း၌ ရွိုင္းသန့္က သူ႕အခန္း​ေရွ႕တြင္ အခန္းတံခါးကိုမွီၿပီး လက္ထဲတြင္ စာအုပ္အခ်ိဳ႕ကိုပိုက္ကာ ရပ္​ေနသည္။

လြန္းထြက္လာတာျမင္​ေတာ့ လာခဲ့ဦးဟုဆိုကာ လက္ယပ္​ေခၚလိုက္သည္။
အနားသို႔​ေရာက္လာ​ေသာအခါ ရွိုင္းသန့္လက္ထဲတြင္ရွိ​ေသာ စာအုပ္မ်ားကို လြန္းဆီလႊဲ​ေပးၿပီး ႏွစ္ကိုယ္ၾကားနိုင္႐ုံသာ တိုးတိုး​ေျပာလိုက္သည္။

"​​ေရာ့၊ ဒီစာအုပ္​ေတြထဲကဟာကို ငါ့စာအုပ္​ေတြထဲျပန္ကူး​ေပးထား၊
ဘာသာ​ေတြ​ေတာ့ ခြဲတတ္ပါတယ္​ေနာ္?....

မင္း စာ​ေရးစာဖတ္တတ္​ေနၿပီမလား....
လက္​ေရးတူ​ေအာင္​ေရး​....
ဒီ​ေန႕ည အၿပီး​ေရးထား"

​ေျပာၿပီးသည္ႏွင့္ ​ေအာက္ထပ္သို႔ ​ဆင္းသြား​ေလသည္။
လြန္းသုတက​ေတာ့ စာအုပ္မ်ားကိုပိုက္ကာ ​ေအာက္ထပ္ဆင္းသြား​ေသာ ​ေက်ာျပင္ကို စိုက္ၾကည့္​ေနမိသည္။

နံနက္ကိုးနာရီမွ ည​ေန​ေလးနာရီအထိ စာသင္ၿပီး​ေနာက္ လြန္းသုတ အခန္းထဲသို႔ ဝင္လာလိုက္သည္။

စာသင္ႏွစ္ တစ္ဝက္​​ေက်ာ္​ေရာက္လာၿပီျဖစ္သျဖင့္ လြန္းသုတ ထိုင္းစာကို အ​ေတာ္​ေလး ႏွံ႕စပ္ကြၽမ္းက်င္​ေနၿပီ၊ ဆရာမ်ားႏွင့္လည္း အျပန္အလွန္​ေျပာဆိုသျဖင့္ အ​ေျပာလည္း သြက္လာၿပီ...

ဒီ​ေန႕​ေတာ့ သူ႕အိမ္စာ​ေတြမလုပ္နိုင္​ေသး၊ ကိုကိုခိုင္းထားတာ​ေတြ အရင္လုပ္ရ​ေပဦးမည္။
ကိုကို​ေပးထား​ေသာ စာအုပ္မ်ားကို ဖြင့္ၾကည့္လိုက္​ေသာအခါ ကူးရမည့္စာမ်ားမွာ တစ္အုပ္ တစ္အုပ္ကို နည္းတာမဟုတ္။

စာမ်က္ႏွာ ဆယ္မ်က္ႏွာ​​ေက်ာ္​ေတြခ်ည္း.....
သုံးဘာသာ​ေလာက္ရွိမည္။
ထိုင္းဘာသာ​ေတြႏွင့္ခ်ည္းပဲျဖစ္သည္။

လြန္းသုတအနားယူရန္ပင္ မစဥ္းစား​ေတာ့ဘဲ တခါတည္း စာၾကည့္စားပြဲ​ေပၚ ဝင္ထိုင္ကာ ပထမဆုံးကူးရမည့္စာအုပ္ကို လွမ္းဆြဲလိုက္ၿပီး ​စတင္​ေရးေတာ့သည္။

"သားငယ္​​ေရ... ညစာစားရ​ေအာင္၊ ဆင္းခဲ့​ေတာ့​ေနာ္"

အခန္း​ေရွ႕မွ ​ေမ​ေမ့အသံကိုၾကားမိ​ေတာ့ တုံ႕ဆိုင္းမႈမရွိဘဲ ဟုတ္ကဲ့ဟုသာ ျပန္​ေျပာလိုက္သည္။
​ကူး​ေနရင္းႏွင့္ နာရီပင္မၾကည့္မိလိုက္၊ ညခုနစ္နာရီထိုး​ေနၿပီ....

ထိုင္းစာကိုအခုႏွစ္မွ စ​ေရးဖူးသည့္ သူ႕အတြက္ ဆယ္မ်က္ႏွာဆို​ေသာစာမ်ားကလည္း ​ေရးရန္​ေတာ္​ေတာ္အခ်ိန္ယူရသည္။ ထို႔​ေၾကာင့္ အခုထိ တစ္ဘာသာႏွင့္ တစ္ဝက္​ေလာက္သာ ၿပီး​ေသးသည္။

ညစာျမန္ျမန္စား၍ အ​ေပၚအျမန္တက္လာကာ လက္က်န္စာမ်ားကို ဆက္ကူး​ေနလိုက္သည္။ မရပ္မနားကူး​မွ ညဆယ္နာရီတြင္ အကုန္ၿပီးသြား​ေတာ့သည္။

"ကိုကို ကြၽန္​ေတာ္ပါ၊ ဝင္ခဲ့မယ္​ေနာ္"

တုံ႕ျပန္မႈကိုမ​ေစာင့္​ေတာ့ဘဲ ဝင္ခဲ့ကာ စာအုပ္မ်ားကို ရွိုင္းသန့္ဆီ လႊဲ​ေပးလိုက္သည္။
ရွိုင္းသန့္က စာအုပ္မ်ားကို အတန္ၾကာသည္အထိ လွန္​ေလွာၾကည့္ၿပီး တစ္ခ်က္ၿပဳံးသည္။

"​ေတာ္​သားပဲ၊ ငါကမၿပီးဘူးထင္​​ေနတာ..."

"ကိုကို၊ ဒီ​ေလာက္စာအမ်ားႀကီးလုပ္ရတာလား
အဲဒါကို ဘာလို႔​​​ေန႕တိုင္းအိမ္စာ​ေတြမလုပ္တာလဲ
ၿပီး​ေတာ့ သူမ်ားဆီက ကူးရ.......

မဟုတ္မွလြဲ ကိုကို ​ေက်ာင္းပ်က္တာလား၊ ဒယ္ဒီမသိဘဲ​ေလ"

လြန္းသုတစကား​ေၾကာင့္ ရွိုင္းသန့္ သူ႕ကို အၾကည့္စူးစူးႏွင့္ တစ္ခ်က္ၾကည့္လိုက္ၿပီး ခ်က္ခ်င္း မ်က္ႏွာလႊဲပစ္သည္။

"မင္းနဲ႕မဆိုင္ဘူး၊ သြား​ေတာ့ ငါခိုင္းတာပဲလုပ္၊
ငါ့ကိုဆရာလာမလုပ္နဲ႕၊ ၿပီး​ေတာ့ ဒယ္ဒီ့ကိုသြား​တိုင္ရင္ မင္းအ​ေသပဲ"

"ဒါဆို ကိုကို တကယ္​ေက်ာင္း​ေျပးတာ​ေပါ့၊ ဘာလို႔လဲ၊ ဘယ္​ေတြသြားတာလဲဟင္၊
ဒယ္ဒီတို႔ စိတ္ပူ​မွာ​ေပါ့.... ၿပီး​ေတာ့ ကိုကိုတစ္ခုခုျဖစ္သြား...."

"တိတ္စမ္း၊ မင္းကငါ့အ​ေဖလား....
ငါ့ဘာသာ ဘာျဖစ္ျဖစ္ မင္းအပူမပါဘူး...

ငါ့ကို ဂ႐ုစိုက္ခ်င္​ေယာင္ လာ​ေဆာင္ျပမ​ေနနဲ႕
အပို​ေတြလုပ္လည္း ငါမင္းကို အျမင္ၾကည္လာမွာမဟုတ္ဘူး...

ငါအသိအမွတ္မျပဳလည္း မင္းနဲ႕သက္ဆိုင္တဲ့ အ​ေမြ​​ေတြရမွာ... မပူနဲ႕"

​ေဒါသတို႔ျဖင့္ က်ယ္​ေလာင္စြာ ​ေအာ္​ေျပာလိုက္​ေသာ ရွိုင္းသန့္ကို လြန္းသုတစိုက္ၾကည့္ရင္း မ်က္ဝန္းထက္မွ မ်က္ရည္စတို႔ စို႔တက္လာသည္။

"ကိုကိုဘယ္လိုပဲ ထင္ထင္ပါ၊ ​ေနာက္တခါ​ေက်ာင္း​ေျပးရင္ ဒယ္ဒီ့ကို​ေျပာရမာပဲ၊

အစတည္းက ကြၽန္​ေတာ့ကိုလက္မခံတဲ့အတူတူ

ကိုကို အျပင္မွာ ဘယ္သူမွမသိဘဲ တစ္ခုခုျဖစ္မွာထက္စာရင္
ဒယ္ဒီ့ကိုေျပာလိုက္လို႔ ကိုကို ကြၽန္​ေတာ့ကိုပိုမုန္းသြားတာပဲ လက္ခံလိုက္မယ္"

ရွိုင္းသန့္တုံ႕ျပန္ခ်က္ကိုပင္မ​ေစာင့္ဘဲ သူ႕အခန္းဆီသို႔သာ ေျပးထြက္သြားလိုက္သည္။

အပို​ေတြလို႔ ထင္တယ္လား..... အ​​ေမြ​ေတြတဲ့..
လြန္းဒါ​ေတြ မသိပါဘူး... အစတည္းက မိဘ​​ေမတၱာ​ေတာင္ နပ္မွန္​ေအာင္မရခဲ့တာ....
အစတည္းက ဘာမွမွမရွိခဲ့တာ....

အစက လြန္းလိုခ်င္တာဘာမွမရွိခဲ့ပါဘူး...
အခု​ေတာ့ လြန္း​ေမွ်ာ္လင့္မိတာ....
သာယာ​ေအးခ်မ္းၿပီး ခ်စ္ျခင္း​ေမတၱာ​ေတြႏွင့္ ျပည့္ႏွက္​ေန​ေသာ ရိုးရွင္းသည့္ မိသားစုဘဝ​ေလး.....
ဒယ္ဒီ့ဂ႐ုစိုက္မႈ....
​ေမ​ေမ့​ေႏြး​ေထြးမႈ ၿပီး​ေတာ့....
ကိုကို႔ရဲ႕ ညီအျဖစ္ အသိအမွတ္ျပဳမႈ......

ဒီ​ေလာက္ပါပဲ....ကိုကိုရယ္.....
လြန္းရဲ႕ ရိုးစင္းတဲ့ ​ေမွ်ာ္လင့္ခ်က္​ေတြကို မရိုက္ခ်ိဳးပါနဲ႕လား........

~~~~~~~~~~~~~~~~

"​မာမီ..... မာမီ
ကယ္ၾကပါ....မာမီမ​ေသ​ေသးဘူး​ေလ...မဟုတ္ဘူး... မာမီ......"

ရွိုင္းသန့္ အိပ္မက္မွ လန့္နိုးလာ​ေတာ့ တစ္ကိုယ္လုံး ​​ေခြၽးမ်ားစို႐ႊဲ​ေန​ေလသည္။ ​ေဘးတြင္ အသင့္ရွိ​ေန​ေသာ ​ေရဘူးကိုယူ​ေသာက္လိုက္ၿပီး ျပန္အိပ္ၾကည့္​ေသာ္လည္း အိပ္မ​ရ​ေတာ့....

ဒီအိပ္မက္ဆိုးကို သူမၾကာခဏမက္​ေလ့ရွိသည္။
ကားအက္ဆီးဒင့္​ျဖစ္​ေသာေနရာတြင္ ​ေမာင္းသူ​ေနရာမွာ ​ေသြးမ်ား​ေပက်န္​ေန​ေသာ မာမီ့ပုံရိပ္.....
​ေဘးထိုင္ခုံ​ေနရာမွ အသိစိတ္တဝက္တျပတ္ႏွင့္ ဝိုးတဝါးအျမင္အာ႐ုံတို႔ျဖင့္ျမင္လိုက္ရ​ေသာ အရိပ္တစ္ခု....

ထိုအရိပ္က ​ေသြးထြက္လြန္၍ ​သတိလစ္ေန​ေသာ မာမီ့အနားတိုးလာသည္။ ထိုအခ်ိန္တြင္ သူ၏အျမင္အာ႐ုံမ်ားလည္း ပို၍​မႈံဝါးလာကာ ​ေနာက္ဆုံးတြင္​ေတာ့ အလုံးစုံ အ​ေမွာင္ထုႀကီး ျဖစ္သြားခဲ့သည္။

မက္​ေလ့ရွိ​ေသာ အိပ္မက္ဆိုးအ​ေၾကာင္း ျပန္​ေတြးရင္း
ဆက္ၿပီးအိပ္မရ​ေတာ့တာ​ေၾကာင့္ နာရီၾကည့္လိုက္​ေတာ့ မနက္၅နာရီထိုး​​ေနၿပီမို႔ ​ေရထခ်ိဳးၿပီး ​ေက်ာင္းသြားရန္ ျပင္ေတာ့မည္ဟု ဆုံးျဖတ္လိုက္သည္။

စာအုပ္မ်ားကို လြယ္အိတ္ထဲထည့္ရန္ ျပင္​ေလ​ေတာ့ မ​ေန႕က လြန္းသုတ​ေျပာသြားသည္မ်ားကို နားထဲျပန္ၾကား​​ေယာင္မိသည္။

ငါ့ကိုတကယ္ပဲ အစ္ကိုတစ္​ေယာက္လို သ​ေဘာထားတာလား.... စိုးရိမ္​ေပး​ေနတာလား....

လက္မခံခ်င္​ေပမဲ့ ျဖစ္တည္ၿပီး​ေသာအမွန္တရားကို ျပင္လို႔​ေတာ့ မရဘူးမလား....
ဟုတ္ပါတယ္ သူဘယ္လိုပဲ လက္မခံပါ​ေစ...
သူတို႔က ညီအစ္ကို​ေတြပဲ.....

သူ႕ကို​ေကာင္း​ေကာင္းမြန္မြန္ ျပန္ဆက္ဆံရင္​ေကာင္းမလား....
ငါ့အတြက္အပမ္းမွမႀကီးတာ....

မဟုတ္​ေသးပါဘူး သူ႕ဘက္ကဟန္​ေဆာင္​ေနတာဆိုရင္​ေရာ....
အင္း...ဒါကမွပိုျဖစ္နိုင္​ေသးတယ္...
ဒယ္ဒီ့ဆီက အမွတ္​ေတြယူ​ေနတာ​ေနမွာ​ေပါ့...

သူ႕အ​ေမကလည္း ​ျမႇောက္​ေပး​ေနဦးမွာ....
၇ႏွစ္အ႐ြယ္ေကာင္​​ေလးကမ်ား တျခားသူကို စိတ္ပူတယ္​ေလးဘာ​ေလးနဲ႕....
ဒီ​ေကာင္နဲ႕​ေတာ့ ဘယ္​ေတာ့မွတည့္မွာမဟုတ္ဘူး.....
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі