Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 5
Unicode...

လွန်ခဲ့​သော သုံးနှစ်က ​ဒယ်ဒီအလုပ်ရှုပ်​နေသည်ဆို၍ မာမီက ရှိုင်းသန့်ကို ​​ကျောင်းဝင်ကြိုကာ အလုပ်က အ​ရေးကြီးဖုန်းဝင်လာတာ​ကြောင့် အိမ်ကိုတန်းမပြန်ဖြစ်​သေးဘဲ မာမီအလုပ်လုပ်​သော ဂျာနယ်တိုက်သို့ လိုက်လာခဲ့ရသည်။

အချိန်​တော်​တော်ကြာ ထိုင်​စောင့်ပြီးမှ ရုံးခန်းထဲက​နေ မာမီထွက်လာသည်။ လက်မှာပတ်ထား​သော နာရီ​ကိုကြည့်မိ​တော့ ည၇နာရီပင်ခွဲ​တော့မည်။

"ဗိုက်ဆာ​နေပြီလား သား​လေး၊ မာမီ​တောင်းပန်တယ်​နော်၊ အလုပ်က အရမ်းအ​ရေးကြီးလို့၊ လာအိမ်ပြန်ကြမယ်....

မင်းဒယ်ဒီ​တော့ မာမီ့ကိုဆူ​တော့မှာပဲ"

ထိုင်းဘာသာစကားဖြင့် ရယ်သံ​တစ်ချို့စွက်ကာ ဆိုပြီး ရှိုင်းသန့်လက်ကိုဆွဲကာ ကားဆီသို့ဦးတည်လာခဲ့သည်။

လူရှင်း​သော ကားလမ်းမတစ်​နေရာအ​ရောက် မာမီ​မောင်း​နေ​သော ကား​လေးသည် အ​ရှေ့မှ အရှိန်ပြင်းစွာ​မောင်းလာ​သော ကုန်တင်ကားတစ်စီးကို​ရှောင်ရင်း လမ်း​ဘေးသို့ ထိုးကျကာ ​ဘေးတွင်ရှိ​သော သစ်ပင်ကို အရှိန်နှင့်ဝင်တိုက်မိ​တော့သည်။

အဖြစ်အပျက်များက မြန်ဆန်လွန်းစွာ....
ရှိုင်းသန့် သတိရလာ​တော့ ​ဆေးရုံသို့​ရောက်​နေပြီ.....

​​ဘေးတွင် ​စောင့်​ပေး​နေ​သော ဒယ်ဒီ့ကို​တွေ့ရ​သော်လည်း မျက်နှာမ​ကောင်း.....
တစ်ခုခုကို​ပြောချင်​နေ​သော်လည်း ထိန်းချုပ်ထားသည့်ပုံ....

​မာမီ့အ​ခြေအ​နေကို​မေး​တော့မှ ရှိုင်းသန့်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာကာ....

"သား​မာမီက ​အက်ဆီးဒင့်​နေရာမှာပဲ အသက်ဆုံးသွားတယ်သား​လေး၊ ဒယ်ဒီတို့ အချိန်မမှီလိုက်​တော့ဘူး"

ရှိုင်းသန့် ခဏတာ အသိစိတ်တို့ကင်း​ပျောက်သွားသည်။ သူ့ကိုအရမ်းချစ်​သော သူသိပ်ချစ်​သော မာမီမရှိ​တော့ဘူးဟူ​သော အသိက ရင်ကိုလှံနှင့် ထိုးဆွ​နေသလို....
မျက်ရည်များပင် ကျဖို့​မေ့​လျော့သွားသည်ထင်သည်။

မာမီမရှိလည်း သားအဆင်​ပြေမှာပါမာမီ.....

အိပ်ရာဝင်ပုံပြင်​ပြောပြမဲ့သူ၊ အရမ်းကြိုက်တဲ့ ထမင်း​ကြော်ကို အမြဲ​ကြော်​​ကျွေးမဲ့သူ၊ ​ကျောင်းသွားခါနီးတိုင်း ပါး​လေးကို ရွှတ်ခနဲမြည်​အောင် အမြဲနမ်း​​ပေးမဲ့သူ၊ အိမ်စာ​တွေပါလာတိုင်း ကူလုပ်​ပေးမဲ့သူ၊ ​ကျောင်းဝတ်စုံ​တွေ ပြဲသွားရင် ဒီဇိုင်းအသစ်ထွင်ပြီး ဖာ​ထေးချုပ်​ပေးမဲ့သူ.....မရှိ​တော့တာကလွဲလို့ ကျန်တာအဆင်​ပြေသွားမှာပါ မာမီ....

~~~~~~~~~~~~~~~~~

ရှိုင်းသန့် ထိုသားအမိ အိမ်​ရောက်လာသည့်​နေ့မှစ၍ ​​ကျောင်းသွားရတာလည်း စိတ်မပါ​တော့၊ စာများကလည်း နားထဲဝင်တစ်ချက် မဝင်တစ်ချက်၊ အိမ်ပြန်​​ရောက်လျှင်လည်း ထိုသားအမိကို​ရှောင်​နေရတာနှင့် အနားယူ၍ပင်မရ​တော့သလို.....

သူတို့သားအမိကို မြင်ရ​တော့ ရှိုင်းသန့် သူ့မာမီကို တခါတခါ သတိရလာမိသည်။
​မေ့​ပျောက်ထားချင်တဲ့ အတိတ်ဆိုးကြီးကို ပြန်မြင်​ယောင်လာမိသည်။

ထို့​ကြောင့် တခါတ​ရံ စိတ်​လေကာ ​ကျောင်း​ပြေးဖြစ်လာသည်။ စိတ်​လေသည့်အခါတိုင်း အတူတူ​​ကျောင်း​ပြေးကြ​သော သူငယ်ချင်းများနှင့် ဂိမ်းဆိုင်ထိုင်လိုက်၊ ​လျှောက်သွားလိုက်လုပ်ခြင်းများကို ထွက်​​ပေါက်အ​နေနှင့် သတ်မှတ်ထားသည်။

သို့​သော် ပျက်စီး​နေ​သော ​ကျောင်းသားစာရင်းထဲတွင်​တော့ ရှိုင်းသန့်မပါပါ။ မာမီက သူ့ကို က​လေးဆိုး​လေးဖြစ်​စေချင်မှာ မဟုတ်ဘူးဆိုတာ သူသိသည်​လေ....

ထိုအချိန်မှစ၍ ရှိုင်းသန့် လွန်းကို ဥ​​ပေက္ခာပြုထားလိုက်သည်။ အမြင်မကြည်သလိုလည်း မပြုသလို ထိပ်တိုက်​တွေ့ရင်လည်း ခပ်တန်းတန်းသာ ဆက်ဆံ​တော့သည်။

လွန်းလည်း အရင်ကလို တဇွတ်ထိုး ရှိုင်းသန့်ကိုမချဥ်းကပ်​တော့​ပေ။

အချိန်စက်ဝန်းဟာ မှန်မှန်​ရွေ့လျားရင်း ရာသီစက်ဝန်းတို့လည်း အလီလီ​ပြောင်းလဲရင်း......

လွန်းသုတ home teachingမှ အစိုးရ​ကျောင်းသို့ ​ပြောင်းလာ​အခါ ရှိုင်းသန့်နှင့် ​ကျောင်းအတူတူပင်ဖြစ်သည်။

​ကျောင်းတွင် အ​ခေါ်အ​ပြောမရှိ​ပေမဲ့ ဆရာများနှင့် သူငယ်ချင်းများက​ ​မေးလာ​သောအခါတွင်​တော့ သူ့ညီဟူ၍ ပြန်​ဖြေ​လေ့ရှိပါသည်။

သုံးနှစ်​ကျော်သည်အထိ သူတို့နှစ်​ယောက် ဆက်ဆံ​ရေးဟာ ခပ်တန်းတန်းမျှသာဖြစ်သည်။

နှစ်​တွေကြာသည်အထိ တိုးတက်မှုမရှိ​သော ညီအစ်ကိုနှစ်ဦးကြား ဆက်ဆံ​​ရေးကို ဦးမိုးနိုင် ရိပ်မိ​သော​ကြောင့် ရှိုင်းသန့်ကို နားချမှဖြစ်​တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သားကြီးကို သူလိုချင်​နေ​သော ဂိမ်းစက်နှင့် မဲဆွယ်လိုက်သည်။ ရှိုင်သန့်ကလည်း ဒယ်ဒီကမ်းလှမ်းလာ​သော အ​ပေးအယူကို ​တွေ​ဝေခြင်းမရှိ ​ခေါင်းငြိမ့်ပါသည်။

​အခုတ​လောပိုင်း ရှိုင်းသန့် လွန်းကို ကြည့်မရ​သည်​​တော့မဟုတ်၊ တခါတရံ မာမီ့ကို သတိရ​သောအခါများတွင် သူ့ကိုအမြင်မကြည်​ပေမဲ့ ပုံမှန်ဆိုရင်​တော့ တစ်အိမ်တည်း​သားအချင်းချင်း ​ပြောဖြစ်ဆိုဖြစ်သည်များ ရှိပါသည်။

ပြီး​တော့..... လွန်းက သူနှင့်​ပြေလည်ဖို့ ကြိုးစား​နေရာမှ ခုလိုအ​ခြေအ​နေဖြစ်သွားခြင်းက သူ့အပြစ်မကင်းဟု ခံစားရသည်။

အဲဒီနေ့က ထို​ကောင်​လေး သူ့ကို လူကြီး​လေးလို တတွတ်တွတ်​ပြောသွားသည်များကိုလည်း ပြန်​တွေးမိ​တော့ အူယားမိသည်။ ရယ်လည်းရယ်ချင်မိသည်။ သနားလည်း သနားမိသည်။

အသား​အ​ရေက သူ့​လောက်မ​ဖွေး​သော်လည်း ဖြူသည့်ဘက်သို့​ရောက်၍ စိုစို​ပြေ​ပြေနှင့်ဖြစ်သည်။ ပုပုလုံးလုံးနှင့် အုံး​မွှေးလုံးဆံပင်​ပုံစံဖြင့် လွတ်ထွက်ကျချင်နေ​​သော မျက်ရည်များကို ​သေချာထိန်းရင်း ခပ်ပါးပါး နှုတ်ခမ်းတစ်စုံက ပွစိပွစိနှင့် လုပ်​နေသည်မှာ ​ဒေါသထွက်ရမှာလား၊ သနားရမှာလားပင် မသိတတ်​တော့....

ထို့​နောက် သူ့အ​ပြောပင်မ​စောင့်ဘဲ ​ပြေးထွက်သွား​လေ​တော့ မိမိကိုယ်ကို အပြစ်တင်ချင်စိတ် ပို၍ပင်ဖြစ်လာသည်။

အချိန်ကြာလာ​တော့ ရှိုင်းသန့်လည်း လွန်းနှင့် ရင်းနှီးချင်လာသည်။ ​ဒေါ်ကြည်ဖြူကို အ​မေ​နေရာတွင်​မထားနိုင်​ပေမဲ့ မိ​ထွေးအ​နေနဲ့​တော့ လက်ခံခဲ့ပါသည်။

တစ်ဦးတည်း​​သောသားအဖြစ် အထီးကျန်​​နေ​သော သူ့ဘဝမှာ ​​​နောက်ထပ်​ဆွေမျိုးသားချင်းတစ်​ယောက် ဝင်​ရောက်လာသည်ကို မသိစိတ်က​ ​ပျော်​မိပါသည်။

သူကစပြီး သွား​ခေါ်ရန်​တော့ ရှိုင်းသန့်မလုပ်ချင်၊ လက်​တောင့်​လောက်​​သော မာန​လေးက တင်းခံ​နေသည်​လေ.....

ခု​တော့ ဒယ်ဒီက ဂိမ်းစက်ဝယ်​ပေးမည်ဆို​တော့လည်း မာန​လေး​​တွေ ​​​ရှောင်ဖယ်ကာ လိုချင်တာရ​ရေးသာ အဓိကမို့ လွန်းနှင့်ပြေလည်​အောင် ​နေမည်ဟု မိမိစိတ်ကိုမိမိ အဓိပ္ပါယ်ဖွင့်လိုက်သည်။

"လွန်း.... တံခါးဖွင့်ဦး...."

တံခါးကို ထုကာ ​အော်​ခေါ်နေ​သော ရှိုင်းသန့်​ကြောင့် လွန်းစာကြည့်​နေရာမှ ထလာကာ အခန်းတံခါးကို သူ့တစ်ကိုယ်စာ​လောက် ဖွင့်လိုက်သည်။

ရှိုင်းသန့်လက်ထဲတွင်လည်း အထုပ်တစ်ထုပ်ဆွဲလာသည်ကို ​တွေ့ရသဖြင့်......

"ဘာကိစ္စရှိလို့လဲ ကိုကို...."

သူ့အ​မေးကို ပြန်မ​ဖြေဘဲ အခန်းထဲ တွန်းဝင်ပြီး လွန်းကုတင်​ပေါ်တွင် ​ခြေ​ထောက်​အောက်ချကာ ထိုင်လိုက်သည်။ လက်ထဲက အထုပ်ကို လွန်းဆီလှမ်း​ပေး​လိုက်​တော့...

"ဘာ​တွေလဲ ကိုကို.."

"မင်းစားဖို့ မုန့်​တွေ​လေ....အန်တီကြည်ဖြူ​က မင်း DutchMill ကြိုက်တယ်​ပြောလို့ အဲဒါ အရသာစုံဝယ်ခဲ့တယ်....

ကျန်တာဘာကြိုက်မှန်း မသိလို့ ငါကြိုက်တာ​တွေပဲယူခဲ့လိုက်တယ်....
ယူမာလား မယူဘူးလား... ဒီမှာ​လေး​နေပြီ"

ရှိုင်းသန့်​ပြော​သော စကားများ​ကြောင့် အံ့ဩပြီး ​ကြောင်​ကြည့်​နေရာမှ အိတ်ကိုလှုပ်ပြကာ စိတ်မရှည်​တော့ဟန်​ပြော​သော​ကြောင့် လွန်း မြန်မြန် လှမ်းယူလိုက်သည်။

အိတ်ထဲတွင် ပါလာ​သော မုန့်များကို ကြည့်ကာ လွန်းတစ်ချက် ပြုံးမိသည်။ သို့​သော် အလွန်ထူးထူးဆန်းဆန်း​တွေ ပြုမူ​နေ​သော ကိုကို့​ကြောင့်....

"ဘာလို့​​ပေးတာလဲ ကိုကို... ကျွန်​တော့ကိုခိုင်းစရာ ရှိလို့လား....
ဒီတိုင်းခိုင်းလည်း ကျွန်​တော်က လုပ်​ပေးမှာပါ"

"ခိုင်းဖို့မဟုတ်ဘူး....မင်းနဲ့ အဆင်​ပြေ​ပြေ ​နေချင်လို့....
အဲလိုဆိုရင်​ကော ဒါတွေမယူ​တော့ဘူးလား... ပြန်​ပေး"

​ပြောရင်းနှင့် ပင် အိတ်ကိုပြန်လှမ်းဆွဲလိုက်​သော​ကြောင့် လွန်း အိတ်ကို သူ့အ​နောက်သို့ ဖွက်လိုက်သည်။

"​ပေးပြီးသား ပစ္စည်းပြန်မယူရဘူး၊ မျက်စိစွံမယ်"

ရှိုင်းသန့်က သူ့ကို မသိမသာမျက်​စောင်းတစ်ချက်ထိုးလိုက်တာကို လွန်း မြင်ဖြစ်​အောင် မြင်သွား​သေးသည်။

"​ပေးချင်လို့​ပေးတယ်များ ထင်​နေလား၊ လာဘ်ထိုးတာ....
ဒယ်ဒီက မင်းနဲ့တည့်​အောင်​နေရင် ဂိမ်းစက်ဝယ်​ပေးမယ်​ပြောလို့....

​မင်းငါ့ကို မ​ခေါ်ချင်ဘူးဆိုရင်​တောင် ဒယ်ဒီ့​ရှေ့မှာ​တော့ ဟန်​ဆောင်​နေ​ပေး ဟုတ်ပြီလား"

"ဒါဆို.... ဒယ်ဒီ့​ကြောင့်​ပေါ့"

"​အေး... အဲလိုပဲ"

တခဏတာ သူတို့နှစ်​ယောက်ကြား ​စကားသံတို့ တိတ်ဆိတ်သွားပြီး ရှိုင်းသန့် ထိုင်နေရာမှထကာ တံခါးဆီသို့ ဦးတည်ခဲ့သည်။
တံခါးလက်ကိုင်ကို ဖွင့်ကာ အပြင်ထွက်မည်အပြု.....

"ကိုကို ကျွန်​တော့အ​ပေါ် စိတ်​ပြောင်းသွားပြီထင်တာ"

အသံတိုးတိုး​လေးဆို​ပေမဲ့ ရှိုင်းသန့် တစ်လုံးချင်းစီကို ​သေချာကြားလိုက်ရပါသည်။
အခုချိန်ထိ လက်ထဲတွင် မုန့်ထုပ်ကိုပိုက်ကာ သူ့ကို​ကျော​ပေးရပ်​နေ​သော လွန်းကို ရှိုင်းသန့် ​နောက်ပြန်လှည့်ကြည့်လိုက်သည်။

ထို့​နောက် သက်ပြင်းတစ်ချက်ချကာ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။

မင်းက ငါ့ကို မ​ခေါ်ချင်​တော့ဘူး ထင်လို့ပါ....
အဲ​နေ့က မင်းငါ့ကို စိတ်ဆိုးသွားပြီး မ​ခေါ်​တော့တာလို့ ထင်လိုက်လို့ပါ....

လွန်းလက်ထဲက အထုပ်ကို စာကြည့်စားပွဲ​ပေါ်ချလိုက်ပြီး စိုက်ကြည့်​နေမိသည်။

ကိုကိုက ဟန်​ဆောင်​နေတယ်ဆိုရင်​တောင် ကျွန်​တော်က စိတ်ရင်းအမှန်နဲ့ပါ....
ကိုကိုသိလား.....ဒယ်ဒီ့​ကြောင့်ပဲဖြစ်ဖြစ် ကိုကို​ပေးတဲ့မုန့်​တွေက ကျွန်​တော့ကို တကယ်​ပျော်သွား​စေတယ်ဆိုတာ.....

~~~~~~~~~~~~~~~~~

Zawgyi...

လြန္ခဲ့​ေသာ သုံးႏွစ္က ​ဒယ္ဒီအလုပ္ရႈပ္​ေနသည္ဆို၍ မာမီက ရွိုင္းသန့္ကို ​​ေက်ာင္းဝင္ႀကိဳကာ အလုပ္က အ​ေရးႀကီးဖုန္းဝင္လာတာ​ေၾကာင့္ အိမ္ကိုတန္းမျပန္ျဖစ္​ေသးဘဲ မာမီအလုပ္လုပ္​ေသာ ဂ်ာနယ္တိုက္သို႔ လိုက္လာခဲ့ရသည္။

အခ်ိန္​ေတာ္​ေတာ္ၾကာ ထိုင္​ေစာင့္ၿပီးမွ ႐ုံးခန္းထဲက​ေန မာမီထြက္လာသည္။ လက္မွာပတ္ထား​ေသာ နာရီ​ကိုၾကည့္မိ​ေတာ့ ည၇နာရီပင္ခြဲ​ေတာ့မည္။

"ဗိုက္ဆာ​ေနၿပီလား သား​ေလး၊ မာမီ​ေတာင္းပန္တယ္​ေနာ္၊ အလုပ္က အရမ္းအ​ေရးႀကီးလို႔၊ လာအိမ္ျပန္ၾကမယ္....

မင္းဒယ္ဒီ​ေတာ့ မာမီ့ကိုဆူ​ေတာ့မွာပဲ"

ထိုင္းဘာသာစကားျဖင့္ ရယ္သံ​တစ္ခ်ိဳ႕စြက္ကာ ဆိုၿပီး ရွိုင္းသန့္လက္ကိုဆြဲကာ ကားဆီသို႔ဦးတည္လာခဲ့သည္။

လူရွင္း​ေသာ ကားလမ္းမတစ္​ေနရာအ​ေရာက္ မာမီ​ေမာင္း​ေန​ေသာ ကား​ေလးသည္ အ​ေရွ႕မွ အရွိန္ျပင္းစြာ​ေမာင္းလာ​ေသာ ကုန္တင္ကားတစ္စီးကို​ေရွာင္ရင္း လမ္း​ေဘးသို႔ ထိုးက်ကာ ​ေဘးတြင္ရွိ​ေသာ သစ္ပင္ကို အရွိန္ႏွင့္ဝင္တိုက္မိ​ေတာ့သည္။

အျဖစ္အပ်က္မ်ားက ျမန္ဆန္လြန္းစြာ....
ရွိုင္းသန့္ သတိရလာ​ေတာ့ ​ေဆး႐ုံသို႔​ေရာက္​ေနၿပီ.....

​​ေဘးတြင္ ​ေစာင့္​ေပး​ေန​ေသာ ဒယ္ဒီ့ကို​ေတြ႕ရ​ေသာ္လည္း မ်က္ႏွာမ​ေကာင္း.....
တစ္ခုခုကို​ေျပာခ်င္​ေန​ေသာ္လည္း ထိန္းခ်ဳပ္ထားသည့္ပုံ....

​မာမီ့အ​ေျခအ​ေနကို​ေမး​ေတာ့မွ ရွိုင္းသန့္လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လာကာ....

"သား​မာမီက ​အက္ဆီးဒင့္​ေနရာမွာပဲ အသက္ဆုံးသြားတယ္သား​ေလး၊ ဒယ္ဒီတို႔ အခ်ိန္မမွီလိုက္​ေတာ့ဘူး"

ရွိုင္းသန့္ ခဏတာ အသိစိတ္တို႔ကင္း​ေပ်ာက္သြားသည္။ သူ႕ကိုအရမ္းခ်စ္​ေသာ သူသိပ္ခ်စ္​ေသာ မာမီမရွိ​ေတာ့ဘူးဟူ​ေသာ အသိက ရင္ကိုလွံႏွင့္ ထိုးဆြ​ေနသလို....
မ်က္ရည္မ်ားပင္ က်ဖိဳ႕​ေမ့​ေလ်ာ့သြားသည္ထင္သည္။

မာမီမရွိလည္း သားအဆင္​ေျပမွာပါမာမီ.....

အိပ္ရာဝင္ပုံျပင္​ေျပာျပမဲ့သူ၊ အရမ္းႀကိဳက္တဲ့ ထမင္း​ေၾကာ္ကို အၿမဲ​ေၾကာ္​​ေကြၽးမဲ့သူ၊ ​ေက်ာင္းသြားခါနီးတိုင္း ပါး​ေလးကို ႐ႊတ္ခနဲျမည္​ေအာင္ အၿမဲနမ္း​​ေပးမဲ့သူ၊ အိမ္စာ​ေတြပါလာတိုင္း ကူလုပ္​ေပးမဲ့သူ၊ ​ေက်ာင္းဝတ္စုံ​ေတြ ၿပဲသြားရင္ ဒီဇိုင္းအသစ္ထြင္ၿပီး ဖာ​ေထးခ်ဳပ္​ေပးမဲ့သူ.....မရွိ​ေတာ့တာကလြဲလို႔ က်န္တာအဆင္​ေျပသြားမွာပါ မာမီ....

~~~~~~~~~~~~~~~~~

ရွိုင္းသန့္ ထိုသားအမိ အိမ္​ေရာက္လာသည့္​ေန႕မွစ၍ ​​ေက်ာင္းသြားရတာလည္း စိတ္မပါ​ေတာ့၊ စာမ်ားကလည္း နားထဲဝင္တစ္ခ်က္ မဝင္တစ္ခ်က္၊ အိမ္ျပန္​​ေရာက္လွ်င္လည္း ထိုသားအမိကို​ေရွာင္​ေနရတာႏွင့္ အနားယူ၍ပင္မရ​ေတာ့သလို.....

သူတို႔သားအမိကို ျမင္ရ​ေတာ့ ရွိုင္းသန့္ သူ႕မာမီကို တခါတခါ သတိရလာမိသည္။
​ေမ့​ေပ်ာက္ထားခ်င္တဲ့ အတိတ္ဆိုးႀကီးကို ျပန္ျမင္​ေယာင္လာမိသည္။

ထို႔​ေၾကာင့္ တခါတ​ရံ စိတ္​ေလကာ ​ေက်ာင္း​ေျပးျဖစ္လာသည္။ စိတ္​ေလသည့္အခါတိုင္း အတူတူ​​ေက်ာင္း​ေျပးၾက​ေသာ သူငယ္ခ်င္းမ်ားႏွင့္ ဂိမ္းဆိုင္ထိုင္လိုက္၊ ​ေလွ်ာက္သြားလိုက္လုပ္ျခင္းမ်ားကို ထြက္​​ေပါက္အ​ေနႏွင့္ သတ္မွတ္ထားသည္။

သို႔​ေသာ္ ပ်က္စီး​ေန​ေသာ ​ေက်ာင္းသားစာရင္းထဲတြင္​ေတာ့ ရွိုင္းသန့္မပါပါ။ မာမီက သူ႕ကို က​ေလးဆိုး​ေလးျဖစ္​ေစခ်င္မွာ မဟုတ္ဘူးဆိုတာ သူသိသည္​ေလ....

ထိုအခ်ိန္မွစ၍ ရွိုင္းသန့္ လြန္းကို ဥ​​ေပကၡာျပဳထားလိုက္သည္။ အျမင္မၾကည္သလိုလည္း မျပဳသလို ထိပ္တိုက္​ေတြ႕ရင္လည္း ခပ္တန္းတန္းသာ ဆက္ဆံ​ေတာ့သည္။

လြန္းလည္း အရင္ကလို တဇြတ္ထိုး ရွိုင္းသန့္ကိုမခ်ဥ္းကပ္​ေတာ့​ေပ။

အခ်ိန္စက္ဝန္းဟာ မွန္မွန္​ေ႐ြ႕လ်ားရင္း ရာသီစက္ဝန္းတို႔လည္း အလီလီ​ေျပာင္းလဲရင္း......

လြန္းသုတ home teachingမွ အစိုးရ​ေက်ာင္းသို႔ ​ေျပာင္းလာ​အခါ ရွိုင္းသန့္ႏွင့္ ​ေက်ာင္းအတူတူပင္ျဖစ္သည္။

​ေက်ာင္းတြင္ အ​ေခၚအ​ေျပာမရွိ​ေပမဲ့ ဆရာမ်ားႏွင့္ သူငယ္ခ်င္းမ်ားက​ ​ေမးလာ​ေသာအခါတြင္​ေတာ့ သူ႕ညီဟူ၍ ျပန္​ေျဖ​ေလ့ရွိပါသည္။

သုံးႏွစ္​ေက်ာ္သည္အထိ သူတို႔ႏွစ္​ေယာက္ ဆက္ဆံ​ေရးဟာ ခပ္တန္းတန္းမွ်သာျဖစ္သည္။

ႏွစ္​ေတြၾကာသည္အထိ တိုးတက္မႈမရွိ​ေသာ ညီအစ္ကိုႏွစ္ဦးၾကား ဆက္ဆံ​​ေရးကို ဦးမိုးနိုင္ ရိပ္မိ​ေသာ​ေၾကာင့္ ရွိုင္းသန့္ကို နားခ်မွျဖစ္​ေတာ့မည္ဟု ဆုံးျဖတ္လိုက္သည္။

သားႀကီးကို သူလိုခ်င္​ေန​ေသာ ဂိမ္းစက္ႏွင့္ မဲဆြယ္လိုက္သည္။ ရွိုင္သန့္ကလည္း ဒယ္ဒီကမ္းလွမ္းလာ​ေသာ အ​ေပးအယူကို ​ေတြ​ေဝျခင္းမရွိ ​ေခါင္းၿငိမ့္ပါသည္။

​အခုတ​ေလာပိုင္း ရွိုင္းသန့္ လြန္းကို ၾကည့္မရ​သည္​​ေတာ့မဟုတ္၊ တခါတရံ မာမီ့ကို သတိရ​ေသာအခါမ်ားတြင္ သူ႕ကိုအျမင္မၾကည္​ေပမဲ့ ပုံမွန္ဆိုရင္​ေတာ့ တစ္အိမ္တည္း​သားအခ်င္းခ်င္း ​ေျပာျဖစ္ဆိုျဖစ္သည္မ်ား ရွိပါသည္။

ၿပီး​ေတာ့..... လြန္းက သူႏွင့္​ေျပလည္ဖို႔ ႀကိဳးစား​ေနရာမွ ခုလိုအ​ေျခအ​ေနျဖစ္သြားျခင္းက သူ႕အျပစ္မကင္းဟု ခံစားရသည္။

အဲဒီေန႕က ထို​ေကာင္​ေလး သူ႕ကို လူႀကီး​ေလးလို တတြတ္တြတ္​ေျပာသြားသည္မ်ားကိုလည္း ျပန္​ေတြးမိ​ေတာ့ အူယားမိသည္။ ရယ္လည္းရယ္ခ်င္မိသည္။ သနားလည္း သနားမိသည္။

အသား​အ​ေရက သူ႕​ေလာက္မ​ေဖြး​ေသာ္လည္း ျဖဴသည့္ဘက္သို႔​ေရာက္၍ စိုစို​ေျပ​ေျပႏွင့္ျဖစ္သည္။ ပုပုလုံးလုံးႏွင့္ အုံး​ေမႊးလုံးဆံပင္​ပုံစံျဖင့္ လြတ္ထြက္က်ခ်င္ေန​​ေသာ မ်က္ရည္မ်ားကို ​ေသခ်ာထိန္းရင္း ခပ္ပါးပါး ႏႈတ္ခမ္းတစ္စုံက ပြစိပြစိႏွင့္ လုပ္​ေနသည္မွာ ​ေဒါသထြက္ရမွာလား၊ သနားရမွာလားပင္ မသိတတ္​ေတာ့....

ထို႔​ေနာက္ သူ႕အ​ေျပာပင္မ​ေစာင့္ဘဲ ​ေျပးထြက္သြား​ေလ​ေတာ့ မိမိကိုယ္ကို အျပစ္တင္ခ်င္စိတ္ ပို၍ပင္ျဖစ္လာသည္။

အခ်ိန္ၾကာလာ​ေတာ့ ရွိုင္းသန့္လည္း လြန္းႏွင့္ ရင္းႏွီးခ်င္လာသည္။ ​ေဒၚၾကည္ျဖဴကို အ​ေမ​ေနရာတြင္​မထားနိုင္​ေပမဲ့ မိ​ေထြးအ​ေနနဲ႕​ေတာ့ လက္ခံခဲ့ပါသည္။

တစ္ဦးတည္း​​ေသာသားအျဖစ္ အထီးက်န္​​ေန​ေသာ သူ႕ဘဝမွာ ​​​ေနာက္ထပ္​ေဆြမ်ိဳးသားခ်င္းတစ္​ေယာက္ ဝင္​ေရာက္လာသည္ကို မသိစိတ္က​ ​ေပ်ာ္​မိပါသည္။

သူကစၿပီး သြား​ေခၚရန္​ေတာ့ ရွိုင္းသန့္မလုပ္ခ်င္၊ လက္​ေတာင့္​ေလာက္​​ေသာ မာန​ေလးက တင္းခံ​ေနသည္​ေလ.....

ခု​ေတာ့ ဒယ္ဒီက ဂိမ္းစက္ဝယ္​ေပးမည္ဆို​ေတာ့လည္း မာန​ေလး​​ေတြ ​​​ေရွာင္ဖယ္ကာ လိုခ်င္တာရ​ေရးသာ အဓိကမို႔ လြန္းႏွင့္ေျပလည္​ေအာင္ ​ေနမည္ဟု မိမိစိတ္ကိုမိမိ အဓိပၸါယ္ဖြင့္လိုက္သည္။

"လြန္း.... တံခါးဖြင့္ဦး...."

တံခါးကို ထုကာ ​ေအာ္​ေခၚေန​ေသာ ရွိုင္းသန့္​ေၾကာင့္ လြန္းစာၾကည့္​ေနရာမွ ထလာကာ အခန္းတံခါးကို သူ႕တစ္ကိုယ္စာ​ေလာက္ ဖြင့္လိုက္သည္။

ရွိုင္းသန့္လက္ထဲတြင္လည္း အထုပ္တစ္ထုပ္ဆြဲလာသည္ကို ​ေတြ႕ရသျဖင့္......

"ဘာကိစၥရွိလို႔လဲ ကိုကို...."

သူ႕အ​ေမးကို ျပန္မ​ေျဖဘဲ အခန္းထဲ တြန္းဝင္ၿပီး လြန္းကုတင္​ေပၚတြင္ ​ေျခ​ေထာက္​ေအာက္ခ်ကာ ထိုင္လိုက္သည္။ လက္ထဲက အထုပ္ကို လြန္းဆီလွမ္း​ေပး​လိုက္​ေတာ့...

"ဘာ​ေတြလဲ ကိုကို.."

"မင္းစားဖို႔ မုန့္​ေတြ​ေလ....အန္တီၾကည္ျဖဴ​က မင္း DutchMill ႀကိဳက္တယ္​ေျပာလို႔ အဲဒါ အရသာစုံဝယ္ခဲ့တယ္....

က်န္တာဘာႀကိဳက္မွန္း မသိလို႔ ငါႀကိဳက္တာ​ေတြပဲယူခဲ့လိုက္တယ္....
ယူမာလား မယူဘူးလား... ဒီမွာ​ေလး​ေနၿပီ"

ရွိုင္းသန့္​ေျပာ​ေသာ စကားမ်ား​ေၾကာင့္ အံ့ဩၿပီး ​ေၾကာင္​ၾကည့္​ေနရာမွ အိတ္ကိုလႈပ္ျပကာ စိတ္မရွည္​ေတာ့ဟန္​ေျပာ​ေသာ​ေၾကာင့္ လြန္း ျမန္ျမန္ လွမ္းယူလိုက္သည္။

အိတ္ထဲတြင္ ပါလာ​ေသာ မုန့္မ်ားကို ၾကည့္ကာ လြန္းတစ္ခ်က္ ၿပဳံးမိသည္။ သို႔​ေသာ္ အလြန္ထူးထူးဆန္းဆန္း​ေတြ ျပဳမူ​ေန​ေသာ ကိုကို႔​ေၾကာင့္....

"ဘာလို႔​​ေပးတာလဲ ကိုကို... ကြၽန္​ေတာ့ကိုခိုင္းစရာ ရွိလို႔လား....
ဒီတိုင္းခိုင္းလည္း ကြၽန္​ေတာ္က လုပ္​ေပးမွာပါ"

"ခိုင္းဖို႔မဟုတ္ဘူး....မင္းနဲ႕ အဆင္​ေျပ​ေျပ ​ေနခ်င္လို႔....
အဲလိုဆိုရင္​ေကာ ဒါေတြမယူ​ေတာ့ဘူးလား... ျပန္​ေပး"

​ေျပာရင္းႏွင့္ ပင္ အိတ္ကိုျပန္လွမ္းဆြဲလိုက္​ေသာ​ေၾကာင့္ လြန္း အိတ္ကို သူ႕အ​ေနာက္သို႔ ဖြက္လိုက္သည္။

"​ေပးၿပီးသား ပစၥည္းျပန္မယူရဘူး၊ မ်က္စိစြံမယ္"

ရွိုင္းသန့္က သူ႕ကို မသိမသာမ်က္​ေစာင္းတစ္ခ်က္ထိုးလိုက္တာကို လြန္း ျမင္ျဖစ္​ေအာင္ ျမင္သြား​ေသးသည္။

"​ေပးခ်င္လို႔​ေပးတယ္မ်ား ထင္​ေနလား၊ လာဘ္ထိုးတာ....
ဒယ္ဒီက မင္းနဲ႕တည့္​ေအာင္​ေနရင္ ဂိမ္းစက္ဝယ္​ေပးမယ္​ေျပာလို႔....

​မင္းငါ့ကို မ​ေခၚခ်င္ဘူးဆိုရင္​ေတာင္ ဒယ္ဒီ့​ေရွ႕မွာ​ေတာ့ ဟန္​ေဆာင္​ေန​ေပး ဟုတ္ၿပီလား"

"ဒါဆို.... ဒယ္ဒီ့​ေၾကာင့္​ေပါ့"

"​ေအး... အဲလိုပဲ"

တခဏတာ သူတို႔ႏွစ္​ေယာက္ၾကား ​စကားသံတို႔ တိတ္ဆိတ္သြားၿပီး ရွိုင္းသန့္ ထိုင္ေနရာမွထကာ တံခါးဆီသို႔ ဦးတည္ခဲ့သည္။
တံခါးလက္ကိုင္ကို ဖြင့္ကာ အျပင္ထြက္မည္အျပဳ.....

"ကိုကို ကြၽန္​ေတာ့အ​ေပၚ စိတ္​ေျပာင္းသြားၿပီထင္တာ"

အသံတိုးတိုး​ေလးဆို​ေပမဲ့ ရွိုင္းသန့္ တစ္လုံးခ်င္းစီကို ​ေသခ်ာၾကားလိုက္ရပါသည္။
အခုခ်ိန္ထိ လက္ထဲတြင္ မုန့္ထုပ္ကိုပိုက္ကာ သူ႕ကို​ေက်ာ​ေပးရပ္​ေန​ေသာ လြန္းကို ရွိုင္းသန့္ ​ေနာက္ျပန္လွည့္ၾကည့္လိုက္သည္။

ထို႔​ေနာက္ သက္ျပင္းတစ္ခ်က္ခ်ကာ အခန္းျပင္သို႔ ထြက္လာခဲ့လိုက္သည္။

မင္းက ငါ့ကို မ​ေခၚခ်င္​ေတာ့ဘူး ထင္လို႔ပါ....
အဲ​ေန႕က မင္းငါ့ကို စိတ္ဆိုးသြားၿပီး မ​ေခၚ​ေတာ့တာလို႔ ထင္လိုက္လို႔ပါ....

လြန္းလက္ထဲက အထုပ္ကို စာၾကည့္စားပြဲ​ေပၚခ်လိဳက္ၿပီး စိုက္ၾကည့္​ေနမိသည္။

ကိုကိုက ဟန္​ေဆာင္​ေနတယ္ဆိုရင္​ေတာင္ ကြၽန္​ေတာ္က စိတ္ရင္းအမွန္နဲ႕ပါ....
ကိုကိုသိလား.....ဒယ္ဒီ့​ေၾကာင့္ပဲျဖစ္ျဖစ္ ကိုကို​ေပးတဲ့မုန့္​ေတြက ကြၽန္​ေတာ့ကို တကယ္​ေပ်ာ္သြား​ေစတယ္ဆိုတာ.....
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі