Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 11
Unicode...

လွန်းလည်း သူ့စကားများ အမှားပါသွားတာလားဆိုသည့် သံသယဖြင့် ပြန်​မေးမည်အပြု ရှိုင်းသန့်ကစ၍ ကြိမ်း​လေ​တော့သည်။

"ညီညီ့သူငယ်ချင်း​တွေအ​ကြောင်း​ပြောဖူးပါတယ် အဲသူငယ်ချင်းအ​ကြောင်းကို တစ်ခါမှမ​ပြောဖူးပါဘူး...ဘာလို့အခုမှပြောရတာလဲ..."

"ဟင် ကိုကိုကလည်း... သူ့အ​ကြောင်း​ပြောစရာက တိုက်မှမတိုက်ဆိုင်တာ... အခုက စကားဆက်စပ်မိလို့​လေ..."

"​သုံးနှစ်​တောင်​နေလာခဲ့တာကို သူငယ်ချင်းက သူတစ်​​ယောက်တည်းရခဲ့တာလား.."

"ဟုတ်တယ်​လေ... ညီညီ​ပြောသားပဲ... ဘယ်သူနဲ့မှ သူငယ်ချင်းမလုပ်ချင်ဘူးလို့... မ​ပေါင်းမဖြစ်လို့ သူ့ကို​ပေါင်းရင်း သူငယ်ချင်းဖြစ်သွားတာ..."

ရှိုင်းသန့် အခုမှ သူ့စကားများကို ပြန်သတိထားမိကာ...

"အင်းပါ... ကိုကိုက အံ့ဩမိလို့ပါ.. ဘာရယ်မဟုတ်ပါဘူး..."

"မသိပါဘူးကိုကိုရယ်... ညီညီ့စကားထဲများ အမှားပါသွားတာလားလို့..."

နှုတ်ခမ်း​လေးကိုစူကာ သူမှန်သည်ဟူ​သောပုံစံဖြင့် ရှိုင်းသန့်ကို မျက်​စောင်းထိုးလိုက်​သေးသည်။

"အဟမ်း.... ဒါနဲ့ ညီညီ ​ကျောင်းမှာ ရည်းစား​တွေဘာ​တွေ​ကော ရ​နေပြီလား... ကိုကို့ကိုလျှိုထားမယ်မကြံနဲ့​နော်..."

"အဲဒါ ကိုကို့ကို ပြန်​မေးရမှာ... ညီညီကဘာလို့ထားရမှာလဲ... က​လေးပဲရှိ​သေးတယ်"

သူ့ရဲ့ပါး​ဖောင်း​ဖောင်း​လေးများကို လက်ညှိုးနှစ်​ချောင်း နစ်ဝင်သွား​အောင် ထိုးကာ မျက်လုံးနှစ်ဖက်ကိုမှိတ်လိုက်ပြီး ​ခေါင်း​လေးကိုယိမ်းပြသည်။

ရှိုင်းသန့် ထိုအမူအရာများကို မျက်​တောင်မခတ်တမ်း စိုက်ကြည့်​နေပြီးမှ သတိဝင်လာကာ မြန်မြန် မျက်နှာလွှဲလိုက်ရသည်။

"အခု​တောင် အလုပ်​​တွေ စာ​တွေနဲ့ ​ခေါင်းမ​ဖော်နိုင်တာ ဘယ်က ရည်းစားကို သွားထားရဦးမှာလဲ...."

"ဟွန်း အာ့ဆိုလည်း ပြီးတာပဲ...အလုပ်ဆက်လုပ်​တော့ကိုကို... ​နှောင့်ယှက်လို့ဝပြီ သွား​တော့မယ်..."

​ပြော​နေရင်းဖြင့် ထရပ်လိုက်ကာ ရှိုင်းသန့်ကို တာ့တာလုပ်ပြသွား​သေးသည်။ ထို့​နောက် အိမ်ထဲသို့ ​ခြေလှမ်းစိပ်စိပ်ဖြင့် အမြန်ဝင်ခဲ့လိုက်သည်။

ကိုကိုက မိဘမဲ့​ဂေဟာမှာ သူငယ်ချင်းရှိတာ သူ့ကို​ပြောမပြလို့ စိတ်ဆိုးတယ်တဲ့လား...
ပြီး​တော့ ဘာလို့ ရည်းစားရှိ​နေပြီလားလို့ ​မေးတာလဲ...
မဟုတ်မှလွဲ... ကိုကိုလည်း ငါ့လိုများ...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကိုကိုက ငါ့ကို ဒယ်ဒီ့သားအရင်းလို့ပဲ သိထားတာကို....

ဒီစိတ်ကြီးနဲ့​တော့ ခက်တာပါပဲ ကိုကို...
ကိုကို့စကား​လေးတစ်ခွန်းကစ ရင်ခုန်​နေမိ​​တော့လည်း အခုလို ဗရမ်းဗတာ​တွေ ​လျှောက်​တွေးမိ​ရော....

~~~~~~~~~~~~~~~~~~~~

စာ​မေးပွဲ​တွေပြီး​တော့ ရှိုင်းသန့်က အလုပ်မှာပဲ အာရုံစိုက်ဖြစ်သည်။ အရင်က ​ကျောင်းပိတ်ရက်များတွင်သာ ကုမ္ပဏီသို့ သွား​သော်လည်း အခု​တော့ ​နေ့တိုင်းသွားဖြစ်သည်။ တနင်္ဂ​နွေတစ်ရက်သာ နားသည်။

လွန်းက​တော့ စာသင်နှစ်တစ်နှစ်ပြီးဆုံးသွားသဖြင့် သူငယ်ချင်းများနှင့် ဖူးခက်သို့ tripထွက်ရန် ပြင်ဆင်​နေ​လေသည်။
ဘယ်​သောအခါမှ အတန်းတစ်တန်းပြီးလျှင် ခရီးထွက်ရိုးမရှိ​သော လွန်းက သူ၏ ပထမဆုံး ခရီးတိုအတွက် လွန်စွာ တက်ကြွ​နေသည်။

ဘာစိတ်ကူး​ပေါက်လို့ ဒီနှစ်ကျမှ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သလဲ ရှိုင်းသန့် လိုက်မ​တွေးနိုင်တော့ပါ။ အ​ရေးကြီးတာ လွန်း​ပျော်​နေဖို့ မဟုတ်ပါလား။

ငယ်ငယ်ကလည်း မိဘနှင့် ​ဝေးကွာခဲ့ရသဖြင့် စိတ်အားငယ်​​နေခဲ့ရ​သော သူ့ညီ​လေး၊ ပြန်​တွေ့​တော့လည်း သူစိမ်းများသူ့ကို လက်ခံကြည်ဖြူလာ​အောင် ပင်ပင်ပန်းပန်းကြိုးစားရရှာ​သော သူ့ညီ​လေး၊ အရာအားလုံး အဆင်​ပြေ​ချော​မွေ့​နေကာမှ သူသိပ်ချစ်​သော မိခင်ကို ဆုံးရှုံးလိုက်ရ​သော သူ့ညီ​လေး....

အသက်အရွယ်နှင့်မှမလိုက် မုန်တိုင်းထန်​သော ကံကြမ္မာဆိုးများစွာကို ရင်ဆိုင်လာရ​သော သူ့ညီ​လေး ​ပျော်ရမယ်ဆို သူ ဘာမဆိုလုပ်​ပေးဖို့ ​တွေးထားပြီးသားပင်။

"ကိုကို...မုန့်ဖိုး​ပေး..."

တနင်္ဂ​နွေဖြစ်၍ ခြံထဲတွင်အနား​ယူနေ​သော ရှိုင်းသန့်ထံ လက်ဖြန့်ကာ စပ်ဖြီးဖြီးမျက်နှာနှင့် မုန့်ဖိုး​တောင်းသည်တဲ့။

"ဟမ်... ညီညီကလည်း... ညီညီ့ကို ကတ်​ပေးထားတယ်​လေ...အဲထဲက ကြိုက်သ​လောက်သုံး​လေ..."

"ဟာ မသုံးချင်ပါဘူး... ကိုကို​​ပေးတာပဲ သုံးချင်တာ... ကိုကို ကိုယ်တိုင် ညီညီ့လက်ထဲ ထည့်​ပေးတာပဲ သုံးချင်တာ... အဲထက်ပိုမသုံးချင်ဘူး"

"ဒီက​လေးက​​တော့... အသစ်အဆန်း​တွေ တအားထွင်တယ်... လိုက်ခဲ့"

ထိုင်​နေရာမှထလိုက်ပြီး ရှိုင်းသန့် အိမ်ထဲသို့ ဝင်ခဲ့လိုက်သည်။ လွန်းက​တော့ ရှိုင်းသန့်​နောက်က ထပ်ကြပ်မကွာ....

"​ရော့... ကိုယ်​တော်​လေး... မင်းနဲ့ကျမှပဲ မုန့်ဖိုး​ပေးဖူး​တော့တယ်... မ​လောက်ရင် ကတ်ထဲကသုံးလိုက်ပါညီညီရာ... ဘာမှမဖြစ်ဘူး"

"ဟီး...ရတယ် ​လောက်​အောင်သုံးမှာ..."

​ပေတီး​ပေကပ်နှင့်... မသိလျှင် electronic billမသုံးတတ်သည့် လူရိုး​လေး မြို့တက်လာသည့်ပုံစံ။ ကတ်ကိုသုံးဖို့ ဘာလို့ ဒီ​လောက်ငြင်းဆန်​နေတာမှန်းမသိ။

အမှန်​တော့ လွန်း ဒီစည်းစိမ်​တွေကို သူနှင့်မသက်ဆိုင်​တော့ဘူးဟူ၍ သတ်မှတ်ထားတာ​ကြောင့် ထိုသို့သုံးစွဲရန် ငြင်းဆန်ခြင်းပင်။

လက်ထဲက ပိုက်ဆံအချို့အား ပြုံးစိစိနှင့်ကြည့်ပြီး ရှိုင်းသန့်ကိုဖက်ကာ ချွဲလိုက်​​သေးသည်။

သုံးရက်ကြာပြီး​နောက် လွန်း ဖူးခက်မှပြန်​​ရောက်လာခဲ့ပြီ။ အိမ်တွင်ရှိ​သော လူတိုင်းအတွက် လက်​ဆောင်မျိုးစုံ အထုပ်ကြီးတစ်ထုပ်နှင့် သယ်လာခဲ့​သေးသည်။

မျက်နှာကလည်း ရွှင်လန်းတက်ကြွလို့...
​တော်​တော်​ပျော်ခဲ့ပုံရသည်။ ​ရောက်​ရောက်ချင်း ရှိုင်းသန့်ကို​တွေ့သည်နှင့် အံ့ဩသွားပုံရကာ...

"ကိုကို ဒီ​နေ့ ရုံးမသွားဘူး​ပေါ့"

"အွန်းဟုတ်တယ်... ဒီ​နေ့ အ​​ရေးကြီးကိစ္စ​တွေမရှိလို့ နားထားတာ"

"ဪ..."

"ခရီးပန်းလာတယ်မလား... သွားနား​တော့​လေ..."

"ဟုတ် ကိုကို..."

တကယ်​တော့ ဒီ​နေ့ လွန်းပြန်လာမည်ဆိုတာသိ၍ ရှိုင်းသန့်တမင် အိမ်မှာ​နေခြင်းပင်။ သူမပါဘဲသွား​သော ပထမဆုံး ခရီးဖြစ်သည့်အတွက် စိတ်မချနိုင်ဖြစ်​နေခဲ့သည်။

အန္တရာယ်ကင်းကင်းနှင့် ပြန်​​ရောက်သည်ဆိုတာ သိရမှသာ သူစိတ်​ဖြောင့်​ဖြောင့်နှင့် အလုပ်လုပ်နိုင်​ပေမည်။ ထို့​ကြောင့်ပဲလား​တော့မသိ လွန်းကိုမ​တွေ့ရ​သော ဒီသုံးရက်အတွင်း တစ်ရက်မှ စိတ်နှင့်လူနှင့်မကပ်။

~~~~~~~~~~~~~~~~~~~~

Zawgyi...

လြန္းလည္း သူ႕စကားမ်ား အမွားပါသြားတာလားဆိုသည့္ သံသယျဖင့္ ျပန္​ေမးမည္အျပဳ ရွိုင္းသန့္ကစ၍ ႀကိမ္း​ေလ​ေတာ့သည္။

"ညီညီ့သူငယ္ခ်င္း​ေတြအ​ေၾကာင္း​ေျပာဖူးပါတယ္ အဲသူငယ္ခ်င္းအ​ေၾကာင္းကို တစ္ခါမွမ​ေျပာဖူးပါဘူး...ဘာလို႔အခုမွေျပာရတာလဲ..."

"ဟင္ ကိုကိုကလည္း... သူ႕အ​ေၾကာင္း​ေျပာစရာက တိုက္မွမတိုက္ဆိုင္တာ... အခုက စကားဆက္စပ္မိလို႔​ေလ..."

"​သုံးႏွစ္​ေတာင္​ေနလာခဲ့တာကို သူငယ္ခ်င္းက သူတစ္​​ေယာက္တည္းရခဲ့တာလား.."

"ဟုတ္တယ္​ေလ... ညီညီ​ေျပာသားပဲ... ဘယ္သူနဲ႕မွ သူငယ္ခ်င္းမလုပ္ခ်င္ဘူးလို႔... မ​ေပါင္းမျဖစ္လို႔ သူ႕ကို​ေပါင္းရင္း သူငယ္ခ်င္းျဖစ္သြားတာ..."

ရွိုင္းသန့္ အခုမွ သူ႕စကားမ်ားကို ျပန္သတိထားမိကာ...

"အင္းပါ... ကိုကိုက အံ့ဩမိလို႔ပါ.. ဘာရယ္မဟုတ္ပါဘူး..."

"မသိပါဘူးကိုကိုရယ္... ညီညီ့စကားထဲမ်ား အမွားပါသြားတာလားလို႔..."

ႏႈတ္ခမ္း​ေလးကိုစူကာ သူမွန္သည္ဟူ​ေသာပုံစံျဖင့္ ရွိုင္းသန့္ကို မ်က္​ေစာင္းထိုးလိုက္​ေသးသည္။

"အဟမ္း.... ဒါနဲ႕ ညီညီ ​ေက်ာင္းမွာ ရည္းစား​ေတြဘာ​ေတြ​ေကာ ရ​ေနၿပီလား... ကိုကို႔ကိုလွ်ိုထားမယ္မႀကံနဲ႕​ေနာ္..."

"အဲဒါ ကိုကို႔ကို ျပန္​ေမးရမွာ... ညီညီကဘာလို႔ထားရမွာလဲ... က​ေလးပဲရွိ​ေသးတယ္"

သူ႕ရဲ႕ပါး​ေဖာင္း​ေဖာင္း​ေလးမ်ားကို လက္ညွိုးႏွစ္​ေခ်ာင္း နစ္ဝင္သြား​ေအာင္ ထိုးကာ မ်က္လုံးႏွစ္ဖက္ကိုမွိတ္လိုက္ၿပီး ​ေခါင္း​ေလးကိုယိမ္းျပသည္။

ရွိုင္းသန့္ ထိုအမူအရာမ်ားကို မ်က္​ေတာင္မခတ္တမ္း စိုက္ၾကည့္​ေနၿပီးမွ သတိဝင္လာကာ ျမန္ျမန္ မ်က္ႏွာလႊဲလိုက္ရသည္။

"အခု​ေတာင္ အလုပ္​​ေတြ စာ​ေတြနဲ႕ ​ေခါင္းမ​ေဖာ္နိုင္တာ ဘယ္က ရည္းစားကို သြားထားရဦးမွာလဲ...."

"ဟြန္း အာ့ဆိုလည္း ၿပီးတာပဲ...အလုပ္ဆက္လုပ္​ေတာ့ကိုကို... ​ေႏွာင့္ယွက္လို႔ဝၿပီ သြား​ေတာ့မယ္..."

​ေျပာ​ေနရင္းျဖင့္ ထရပ္လိုက္ကာ ရွိုင္းသန့္ကို တာ့တာလုပ္ျပသြား​ေသးသည္။ ထို႔​ေနာက္ အိမ္ထဲသို႔ ​ေျခလွမ္းစိပ္စိပ္ျဖင့္ အျမန္ဝင္ခဲ့လိုက္သည္။

ကိုကိုက မိဘမဲ့​ေဂဟာမွာ သူငယ္ခ်င္းရွိတာ သူ႕ကို​ေျပာမျပလို႔ စိတ္ဆိုးတယ္တဲ့လား...
ၿပီး​ေတာ့ ဘာလို႔ ရည္းစားရွိ​ေနၿပီလားလို႔ ​ေမးတာလဲ...
မဟုတ္မွလြဲ... ကိုကိုလည္း ငါ့လိုမ်ား...
ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ... ကိုကိုက ငါ့ကို ဒယ္ဒီ့သားအရင္းလို႔ပဲ သိထားတာကို....

ဒီစိတ္ႀကီးနဲ႕​ေတာ့ ခက္တာပါပဲ ကိုကို...
ကိုကို႔စကား​ေလးတစ္ခြန္းကစ ရင္ခုန္​ေနမိ​​ေတာ့လည္း အခုလို ဗရမ္းဗတာ​ေတြ ​ေလွ်ာက္​ေတြးမိ​ေရာ....

~~~~~~~~~~~~~~~~~~~~

စာ​ေမးပြဲ​ေတြၿပီး​ေတာ့ ရွိုင္းသန့္က အလုပ္မွာပဲ အာ႐ုံစိုက္ျဖစ္သည္။ အရင္က ​ေက်ာင္းပိတ္ရက္မ်ားတြင္သာ ကုမၸဏီသို႔ သြား​ေသာ္လည္း အခု​ေတာ့ ​ေန႕တိုင္းသြားျဖစ္သည္။ တနဂၤ​ေႏြတစ္ရက္သာ နားသည္။

လြန္းက​ေတာ့ စာသင္ႏွစ္တစ္ႏွစ္ၿပီးဆုံးသြားသျဖင့္ သူငယ္ခ်င္းမ်ားႏွင့္ ဖူးခက္သို႔ tripထြက္ရန္ ျပင္ဆင္​ေန​ေလသည္။
ဘယ္​ေသာအခါမွ အတန္းတစ္တန္းၿပီးလွ်င္ ခရီးထြက္ရိုးမရွိ​ေသာ လြန္းက သူ၏ ပထမဆုံး ခရီးတိုအတြက္ လြန္စြာ တက္ႂကြ​ေနသည္။

ဘာစိတ္ကူး​ေပါက္လို႔ ဒီႏွစ္က်မွ ခရီးထြက္ရန္ ဆုံးျဖတ္လိုက္သလဲ ရွိုင္းသန့္ လိုက္မ​ေတြးနိုင္ေတာ့ပါ။ အ​ေရးႀကီးတာ လြန္း​ေပ်ာ္​ေနဖို႔ မဟုတ္ပါလား။

ငယ္ငယ္ကလည္း မိဘႏွင့္ ​ေဝးကြာခဲ့ရသျဖင့္ စိတ္အားငယ္​​ေနခဲ့ရ​ေသာ သူ႕ညီ​ေလး၊ ျပန္​ေတြ႕​ေတာ့လည္း သူစိမ္းမ်ားသူ႕ကို လက္ခံၾကည္ျဖဴလာ​ေအာင္ ပင္ပင္ပန္းပန္းႀကိဳးစားရရွာ​ေသာ သူ႕ညီ​ေလး၊ အရာအားလုံး အဆင္​ေျပ​ေခ်ာ​ေမြ႕​ေနကာမွ သူသိပ္ခ်စ္​ေသာ မိခင္ကို ဆုံးရႈံးလိုက္ရ​ေသာ သူ႕ညီ​ေလး....

အသက္အ႐ြယ္ႏွင့္မွမလိုက္ မုန္တိုင္းထန္​ေသာ ကံၾကမၼာဆိုးမ်ားစြာကို ရင္ဆိုင္လာရ​ေသာ သူ႕ညီ​ေလး ​ေပ်ာ္ရမယ္ဆို သူ ဘာမဆိုလုပ္​ေပးဖို႔ ​ေတြးထားၿပီးသားပင္။

"ကိုကို...မုန့္ဖိုး​ေပး..."

တနဂၤ​ေႏြျဖစ္၍ ၿခံထဲတြင္အနား​ယူေန​ေသာ ရွိုင္းသန့္ထံ လက္ျဖန့္ကာ စပ္ၿဖီးၿဖီးမ်က္ႏွာႏွင့္ မုန့္ဖိုး​ေတာင္းသည္တဲ့။

"ဟမ္... ညီညီကလည္း... ညီညီ့ကို ကတ္​ေပးထားတယ္​ေလ...အဲထဲက ႀကိဳက္သ​ေလာက္သုံး​ေလ..."

"ဟာ မသုံးခ်င္ပါဘူး... ကိုကို​​ေပးတာပဲ သုံးခ်င္တာ... ကိုကို ကိုယ္တိုင္ ညီညီ့လက္ထဲ ထည့္​ေပးတာပဲ သုံးခ်င္တာ... အဲထက္ပိုမသုံးခ်င္ဘူး"

"ဒီက​ေလးက​​ေတာ့... အသစ္အဆန္း​ေတြ တအားထြင္တယ္... လိုက္ခဲ့"

ထိုင္​ေနရာမွထလိုက္ၿပီး ရွိုင္းသန့္ အိမ္ထဲသို႔ ဝင္ခဲ့လိုက္သည္။ လြန္းက​ေတာ့ ရွိုင္းသန့္​ေနာက္က ထပ္ၾကပ္မကြာ....

"​ေရာ့... ကိုယ္​ေတာ္​ေလး... မင္းနဲ႕က်မွပဲ မုန့္ဖိုး​ေပးဖူး​ေတာ့တယ္... မ​ေလာက္ရင္ ကတ္ထဲကသုံးလိုက္ပါညီညီရာ... ဘာမွမျဖစ္ဘူး"

"ဟီး...ရတယ္ ​ေလာက္​ေအာင္သုံးမွာ..."

​ေပတီး​ေပကပ္ႏွင့္... မသိလွ်င္ electronic billမသုံးတတ္သည့္ လူရိုး​ေလး ၿမိဳ႕တက္လာသည့္ပုံစံ။ ကတ္ကိုသုံးဖို႔ ဘာလို႔ ဒီ​ေလာက္ျငင္းဆန္​ေနတာမွန္းမသိ။

အမွန္​ေတာ့ လြန္း ဒီစည္းစိမ္​ေတြကို သူႏွင့္မသက္ဆိုင္​ေတာ့ဘူးဟူ၍ သတ္မွတ္ထားတာ​ေၾကာင့္ ထိုသို႔သုံးစြဲရန္ ျငင္းဆန္ျခင္းပင္။

လက္ထဲက ပိုက္ဆံအခ်ိဳ႕အား ၿပဳံးစိစိႏွင့္ၾကည့္ၿပီး ရွိုင္းသန့္ကိုဖက္ကာ ခြၽဲလိုက္​​ေသးသည္။

သုံးရက္ၾကာၿပီး​ေနာက္ လြန္း ဖူးခက္မွျပန္​​ေရာက္လာခဲ့ၿပီ။ အိမ္တြင္ရွိ​ေသာ လူတိုင္းအတြက္ လက္​ေဆာင္မ်ိဳးစုံ အထုပ္ႀကီးတစ္ထုပ္ႏွင့္ သယ္လာခဲ့​ေသးသည္။

မ်က္ႏွာကလည္း ႐ႊင္လန္းတက္ႂကြလို႔...
​ေတာ္​ေတာ္​ေပ်ာ္ခဲ့ပုံရသည္။ ​ေရာက္​ေရာက္ခ်င္း ရွိုင္းသန့္ကို​ေတြ႕သည္ႏွင့္ အံ့ဩသြားပုံရကာ...

"ကိုကို ဒီ​ေန႕ ႐ုံးမသြားဘူး​ေပါ့"

"အြန္းဟုတ္တယ္... ဒီ​ေန႕ အ​​ေရးႀကီးကိစၥ​ေတြမရွိလို႔ နားထားတာ"

"ဪ..."

"ခရီးပန္းလာတယ္မလား... သြားနား​ေတာ့​ေလ..."

"ဟုတ္ ကိုကို..."

တကယ္​ေတာ့ ဒီ​ေန႕ လြန္းျပန္လာမည္ဆိုတာသိ၍ ရွိုင္းသန့္တမင္ အိမ္မွာ​ေနျခင္းပင္။ သူမပါဘဲသြား​ေသာ ပထမဆုံး ခရီးျဖစ္သည့္အတြက္ စိတ္မခ်နိဳင္ျဖစ္​ေနခဲ့သည္။

အႏၲရာယ္ကင္းကင္းႏွင့္ ျပန္​​ေရာက္သည္ဆိုတာ သိရမွသာ သူစိတ္​ေျဖာင့္​ေျဖာင့္ႏွင့္ အလုပ္လုပ္နိုင္​ေပမည္။ ထို႔​ေၾကာင့္ပဲလား​ေတာ့မသိ လြန္းကိုမ​ေတြ႕ရ​ေသာ ဒီသုံးရက္အတြင္း တစ္ရက္မွ စိတ္ႏွင့္လူႏွင့္မကပ္။

© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі