Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 12
Unicode...

စီးပွား​ရေး တက္ကသိုလ်တွင် ​လေးနှစ်တာ တက်​ရောက်ပြီး​နောက် ဘွဲ့ရပြီး​သောအခါ ရှိုင်းသန့် သူ့ဘဝတစ်စိတ်တစ်ပိုင်းကို ကုမ္ပဏီမှာပဲ မြှုပ်နှံထား​တော့သည်။ ​ကျောင်းတက်စဥ်အတွင်း ရင်းရင်းနှီးနှီး ပုခုံးဖက်​ပေါင်း​သော အယုံကြည်ရဆုံး သူငယ်ချင်းတစ်​ယောက်ရလာခဲ့သည်။

သူ့လိုပင် ဘန်​ကောက်တွင် ကြီးပြင်းလာ​သော မြန်မာတစ်​ယောက်ဖြစ်သည်။ မတူသည်က မိဘနှစ်ပါးလုံးမှာ ရှမ်းလူမျိုးများဖြစ်ပြီး ရှမ်းပြည်ဘက်တွင် စီးပွား​ရေးအဆင်မ​ပြေသဖြင့် ဒီဘက်ကို​ပြောင်းလာရင်းက အ​ခြေချခဲ့ခြင်း ဖြစ်သည်။

စိုင်း​ဇေယျာ​အောင်မှာ ရှမ်းဆို​သော်လည်း ငယ်စဥ်ကတည်းက မိဘများသက်သာ​အောင် သူ့​ကျောင်းစရိတ်ကို တစ်ဖက်တစ်လမ်းက​နေ ရှာ​ဖွေကာ ​ကျောင်းတက်လာရသဖြင့် အသားအ​ရေမှာ ​ဖွေးသင့်သ​လောက်မ​ဖွေးဘဲ ​နေ​လောင်မှုဒဏ်များ​ကြောင့်ထင်... အဝါ​ရောင်ဘက်ကို​ရောက်​နေသည်။

ရှိုင်းသန့်နည်းတူ မြင့်မား​သော အရပ်အ​မောင်းလည်းရှိသည်။ တကူးတက workoutလုပ်စရာမလို​အောင် ကြွက်သားများလည်း ရှိသင့်သ​လောက်ရှိသည်။ ရှိုင်းသန့်နှင့် အရပ်အ​မောင်းတူ​​သော်လည်း သူတို့နှစ်​​ယောက် ယှဥ်ရပ်​နေပါက ဖြူဖွေးကာ စိုင်း​လောက်ကျစ်လျစ်​သောကြွက်သားတို့မရှိ​သည့် ရှိုင်းသန့်က ပို၍နု​ပြီး ​သေးနေသလိုပင်။

စိုင်း၏ မိသားစုစီးပွား​ရေးအ​ခြေအ​နေကို ရှိုင်းသန့်သိသည်​ကြောင့် ​ကျောင်းပြီး​သောအခါ အခြားအလုပ်မရှာ​စေ​တော့ဘဲ သူ့ကုမ္ပဏီတွင်ပင် အလုပ်ခန့်ခဲ့သည်။ ရှိုင်းသန့်က စိုင်းကို သူ၏လက်​အောက်ငယ်သားလို ဘယ်​သောအခါမှ မဆက်ဆံ။

ဦး​အေး​ကျော်လိုပင် အယုံကြည်ရဆုံးလူဖြစ်၍ အ​ရေးကြီးကိစ္စများကိုလည်း စိုင်းနှင့်တိုင်ပင်ပြီးမှ ဆုံးဖြတ်တတ်သည်။ စိုင်း​ပေး​သော အကြံဥာဏ်များကိုလည်း လက်ခံစဥ်းစားတတ်ပြီး အတူတူလက်တွဲလုပ်ကြသည်။

အသက်အရွယ်ရလာပြီဖြစ်​သော ဦး​အေး​ကျော်ကိုပဲ အားကိုးရတာ ရှိုင်းသန့် အားနာလာပြီမို့ စိုင်း​ရောက်လာကတည်းက ဦး​အေး​ကျော်ကို သက်​တောင့်သက်သာ​နေဖို့သာ ​ပြောခဲ့သည်။

လွန်းက​တော့ အထက်တန်း​အောင်ပြီးသည်နှင့် ××တက္ကသိုလ်တွင် ဥပ​ဒေအထူးပြု တက်​ရောက်​နေသည်။ တက္ကသိုလ်က အိမ်နှင့်​ဝေးတာ​ကြောင့် ​ကျောင်း​ဆောင်မှာပင် ​နေရန်ဆုံးဖြတ်လိုက်သည်။

ရှိုင်းသန့်က စိတ်မချသဖြင့် အိမ်က​နေပဲတက်ရန် ကားတစ်စီးဝယ်​ပေးမည်​ပြော​သော်လည်း လက်မခံသဖြင့် လက်​လျှော့လိုက်ရသည်။
ကျောင်း​ဆောင်တွင် ​နေရထိုင်ရ ကျဥ်းကြပ်မည်စိုးသဖြင့် ​ကျောင်းအနီးတဝိုက်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုကို သူမသိ​အောင်အရင်ငှားပြီးမှ  အတင်းနားချကာ ထိုကွန်ဒိုသို့ ရှိုင်းသန့်ကိုယ်တိုင် အ​ရောက်ပို့​ပေးလိုက်ရ​သေးသည်။

အသက်ပြည့်ပြီး​သော လူတစ်​ယောက်ကို ခုချိန်ထိ လွတ်လပ်ခွင့်မ​ပေးနိုင် စိတ်မချနိုင်ဖြစ်​နေသည်က ရှိုင်းသန့်အဖြစ်သည်းလွန်းရာ ကျ​နေမလား...

ထို့​နောက် နှစ်ပတ်တစ်ခါဖြစ်​စေ၊ သုံးပတ်တစ်ခါဖြစ်​စေ အိမ်ပြန်လာရန် သ​ဘောတူညီမှုရခဲ့ကြသည်။

တစ်​နေ့တွင် ​နေ့လည်ခင်းအချိန် ရှိုင်းသန့် ရုံးခန်းထဲ၌ အလုပ်လုပ်နေခိုက်....

"အ​မောင်ရှိုင်း... မင်းရဲ့ညီတော်​မောင် ​ရောက်​နေတယ်..."

စိုင်းစကားဆုံးသည်နှင့် လက်ထဲက အထုပ်တစ်ထုပ်ဆွဲကာ အခန်းထဲဝင်လာပြီဖြစ်​သော လွန်း...

"ကိုကို...ခုတ​လော အလုပ်​တွေတအားရှုပ်​နေတယ်ဆို... အိမ်ကိုလည်း ​နောက်ကျမှ ပြန်​ရောက်တယ်တဲ့...ပြီး​တော့ ​​ဒေါ်​လေးက​ပြော​သေးတယ် ညစာလည်း ပုံမှန်မစားဘူးတဲ့..."

"ညီညီ... အခုက အတန်းထဲမှာရှိ​နေရမှာ မဟုတ်ဘူးလား..."

"အင်းပါ...သိပါတယ်... စကားမလွှဲစမ်းပါနဲ့... ဘာလို့အစားကို ပုံမှန်မစားရတာလဲ ကိုကိုရဲ့.... ​နေမ​ကောင်းဖြစ်သွားရင် ကိုကိုသိပ်ချစ်တဲ့အလုပ်​တွေ လုပ်နိုင်​တော့မှာမဟုတ်ဘူးသိလား...အခု​ကော ​​နေ့လည်စာ မစားရ​သေးဘူးမလား..."

လက်ထဲကအထုပ်ကို စားပွဲ​ပေါ်ချကာ အထဲမှဘူးများကို တစ်ခုပြီးတစ်ခုထုတ်ရင်း ပါးစပ်က​ မနားတမ်း ရွတ်​နေ​လေသည်။

"​နေပါဦး.... ညီညီက အိမ်ဝင်ခဲ့​သေးတာလား.."

"ဟုတ်တယ်... ဒီ​နေ့အတန်းမတက်ဘူး အယ်မူး​ဒီကိုရောက်​နေလို့.... သူယူလာ​ပေးတဲ့ ကတက်​တွေ ကိုကိုစားရ​အောင် ​ဒေါ်​လေးကိုသွားချက်ခိုင်းတာ...

ကိုကိုကပုံမှန်မစားဘူးဆိုလို့ ညီညီကိုယ်တိုင် ချက်လာခဲ့လိုက်တာ... ကတက်နဲ့ တာလ​ပေါဟင်း ချက်လာတယ်ကိုကို... မစားလို့မရဘူး​နော်... စားပြီးမှပြန်မှာ..."

"အယ်မူးက ဘယ်သူလဲ..."

"ဪ ဟုတ်သားပဲ... ကိုကို့ကို ​ပြောဖို့​မေ့​နေတာ... မိဘမဲ့​ဂေဟာက တစ်ဦးတည်း​သော သူငယ်ချင်း​လေး​လေ ​စောအယ်မူးတဲ့...

ပြန်​တွေ့တာမကြာ​သေးဘူး... ဒီ​ကောင်ကတစ်ကယ်ပဲ ဆရာဝန်ဖြစ်​တော့မှာ... ဟိုတ​လောက သူတို့​ကျောင်းက ဒီမှာ conferenceတစ်ခုတက်ခိုင်းလို့ ​ရောက်လာတာတဲ့...

အဲကစပြီး အဆက်အသွယ်ပြန်ရတာ... အခုသူအား​နေတယ်ဆိုလို့ ညီညီက အလည်​ခေါ်လိုက်တာ..."

သူ၏ ပထမဆုံး​​သော ငယ်သူငယ်ချင်း​နှင့် အမှတ်မထင်ပြန်​ဆုံဆည်းမှုအ​ကြောင်း စိတ်ပါလက်ပါ ​ပြောပြ​နေမိ​သော်လည်း ​ဘေးကနှစ်​ယောက်က​တော့ စိတ်ဝင်စားမှု အရိပ်အ​ယောင်ပင် မ​တွေ့ရ။ ထို့​ကြောင့်လွန်းလည်း ဆက်​ပြောချင်စိတ်ကုန်ကာ ထမင်းစားရန်သာ တိုက်တွန်းလိုက်သည်။

အလုပ်ပန်း​နေ​သော ရှိုင်းသန့်က လွန်းလက်ရာပင်ဖြစ်​သော်လည်း စားမဝင်။ လွန်း​ကျေနပ်​စေရန်သာ စား​ကောင်းဟန် လုပ်​နေရသည်။ စိုင်း​ဇေယျာ​အောင်က​တော့ ဟန်ပင်မလုပ်နိုင်​အောင် ​ခေါင်းမ​ဖော်တမ်း စား​နေ​သော​ကြောင့် လွန်းမျက်​စောင်းတို့က ခဏခဏစိုင်းဆီသို့​ရောက်​သော်လည်း ဟိုက နည်းနည်းမှ ရိပ်မိပုံမ​ပေါ်....

ကိုကို့ဖို့ ချက်လာပါတယ်ဆိုမှ သူချည်းပဲစား​နေ​လိုက်တော့...

လွန်းစိတ်ထဲက​နေ ကျိန်ဆဲ​နေ​လေသည်။

"လွန်းလက်ရာ ​တော်​တော်​ကောင်းတာပဲ...ဒီဟင်းတခါမှ မစားဖူးဘူး... ဘယ်လို​ခေါ်တာ"

"တာလ​ပေါ... တာ​လ​ပေါ...
ကရင်ရိုးရာဟင်း..."

စိတ်မရှည်သည့်​လေသံဖြင့် စိုင်း၏အ​မေးကို ပြန်​ဖြေဖြစ်သည်။

"လွန်းက စွယ်စုံရတာပဲ...ကရင်ဟင်းလည်း ချက်တတ်လိုက်တာပဲ...."

အားမနာတမ်း တစ်ဖြဲနှစ်ဖြဲစားထား​သော​ကြောင့် ​မြှောက်ပင့်နေမှန်း သိသာလွန်းသည်။

"အစက ကျွန်​တော်လည်း မချက်တတ်ပါဘူး... အယ်မူးသင်​ပေးတာ... ကိုစိုင်း​နောက်တခါစားချင်ရင် သူ့ဆီက​နေ အညွှန်းယူ​ပေးမယ်... ကိုယ့်ဘာသာချက်စား..."

တမင်ရွဲ့​ပြောလိုက်ခြင်းပင်... ဒါကိုစိုင်းရိပ်မိပါသည်။ တမင်တကာ စ ချင်​နေ​သော​ကြောင့်...

"ဟား... လွန်း​လေးကလည်း စိတ်ချည်းပဲ... သူ့ကိုကို ကိုပဲ သဌာတယ်ထင်တယ်..."

"ဟုတ်တယ်.. အဲ​တော့ ဘာဖြစ်လဲ"

တင်းမာ​နေသည်ထင်ရ​သော အ​ခြေအ​နေ​ကြောင့် ရှိုင်းသန့်ကပဲ ဒီက​လေးကလား စကားနိုင်လုပွဲကို အဆုံးသတ်​ပေးလိုက်သည်။ အချိန်မှန်စားပါမည်၊ အလုပ်ချိန်​လျှော့ပါမည်၊ အိမ်ကို​တတ်နိုင်သမျှ​စော​စောပြန်ပါမည်၊ ​စော​စောအိပ်ပါမည် စသည်စသည် ကတိများ​​ပေးလိုက်​တော့မှသာ ထမင်းဘူးများကိုသိမ်းကာ ပြန်သွား​တော့​သည်။

စိုင်းက​တော့ သူတို့နှစ်​​ယောက်ကိုကြည့်ကာ ​ခေါင်းတရမ်းရမ်းနှင့်... တစ်ဦးတည်း​သော သားဖြစ်ရတာကိုပင် ဂုဏ်ယူမိသွားသလို...

လွန်းပြန်သွားပြီး​နောက် ရှိုင်းသန့်အလုပ်စားပွဲကို ပြန်ထိုင်ကာ အလုပ်ပြန်လုပ်ရန် ဖိုင်တွဲတစ်ခုကိုလှမ်းယူလိုက်သည်။ အခုထိထွက်မသွား​သေး​သော သူ့ကိုလိုက်ကြည့်​နေ​သည့် စိုင်းကိုသတိထားမိတာ​ကြောင့် ​​မော့ကြည့်လိုက်ပြီး ဘာလဲဆို​သောအထာဖြင့် ​မေးငေါ့ပြသည်။

ထိုအခါမှ စိုင်းက ရှိုင်းသန့်အနား​လျှောက်လာကာ...

"မင်းညီက ​တော်​​တော်ပိုတာပဲ... မသိရင် ကိုယ့်ရည်းစားကို ဂရုစိုက်တာကျ​နေတာပဲ...
မင်းတို့နှစ်​ယောက်က ညီအစ်ကိုအရင်း​ကောဟုတ်..."

​ဖောင်း...
ရှိုင်းသန့် လက်ထဲက ဖိုင်တွဲကို စားပွဲ​ပေါ် အားဖြင့်ရိုက်ချလိုက်သည်။

"မဟုတ်ကဟုတ်က​တွေ ​လျှောက်​ပြောမ​နေနဲ့...ညီညီက အရင်တည်းက ငါ့ကိုဒီလိုပဲဆက်ဆံ​နေကျ... မင်းမို့သည်းခံတာ​နော်... ထွက်သွား​တော့..."

စိုင်း သူ့ကိုယ်သူ လွန်သွားပြီဆိုတာသိသဖြင့် ဘာမျှမ​ပြော​တော့ဘဲ အသာ​လေး ထွက်လာခဲ့သည်။

လွန်းကို မထိတရိ စ​နေကတည်းက ရှိုင်းသန့် စိုင်းကိုသိပ်မကြည်​ပေ။ အခုလည်း စ​နောက်၍​ပြောလိုက်တာ သိ​ပေမဲ့ ဘာ​ကြောင့်ရယ်မသိ... ​ဒေါသတို့က မထိန်းနိုင်စွာ ထွက်​ပေါ်လာသည်။

~~~~~~~~~~~~~~~~~~~

Zawgyi...

စီးပြား​ေရး တကၠသိုလ္တြင္ ​ေလးႏွစ္တာ တက္​ေရာက္ၿပီး​ေနာက္ ဘြဲ႕ရၿပီး​ေသာအခါ ရွိုင္းသန့္ သူ႕ဘဝတစ္စိတ္တစ္ပိုင္းကို ကုမၸဏီမွာပဲ ျမႇုပ္ႏွံထား​ေတာ့သည္။ ​ေက်ာင္းတက္စဥ္အတြင္း ရင္းရင္းႏွီးႏွီး ပုခုံးဖက္​ေပါင္း​ေသာ အယုံၾကည္ရဆုံး သူငယ္ခ်င္းတစ္​ေယာက္ရလာခဲ့သည္။

သူ႕လိုပင္ ဘန္​ေကာက္တြင္ ႀကီးျပင္းလာ​ေသာ ျမန္မာတစ္​ေယာက္ျဖစ္သည္။ မတူသည္က မိဘႏွစ္ပါးလုံးမွာ ရွမ္းလူမ်ိဳးမ်ားျဖစ္ၿပီး ရွမ္းျပည္ဘက္တြင္ စီးပြား​ေရးအဆင္မ​ေျပသျဖင့္ ဒီဘက္ကို​ေျပာင္းလာရင္းက အ​ေျခခ်ခဲ့ျခင္း ျဖစ္သည္။

စိုင္း​ေဇယ်ာ​ေအာင္မွာ ရွမ္းဆို​ေသာ္လည္း ငယ္စဥ္ကတည္းက မိဘမ်ားသက္သာ​ေအာင္ သူ႕​ေက်ာင္းစရိတ္ကို တစ္ဖက္တစ္လမ္းက​ေန ရွာ​ေဖြကာ ​ေက်ာင္းတက္လာရသျဖင့္ အသားအ​ေရမွာ ​ေဖြးသင့္သ​ေလာက္မ​ေဖြးဘဲ ​ေန​ေလာင္မႈဒဏ္မ်ား​ေၾကာင့္ထင္... အဝါ​ေရာင္ဘက္ကို​ေရာက္​ေနသည္။

ရွိုင္းသန့္နည္းတူ ျမင့္မား​ေသာ အရပ္အ​ေမာင္းလည္းရွိသည္။ တကူးတက workoutလုပ္စရာမလို​ေအာင္ ႂကြက္သားမ်ားလည္း ရွိသင့္သ​ေလာက္ရွိသည္။ ရွိုင္းသန့္ႏွင့္ အရပ္အ​ေမာင္းတူ​​ေသာ္လည္း သူတို႔ႏွစ္​​ေယာက္ ယွဥ္ရပ္​ေနပါက ျဖဴေဖြးကာ စိုင္း​ေလာက္က်စ္လ်စ္​ေသာႂကြက္သားတို႔မရွိ​သည့္ ရွိုင္းသန့္က ပို၍ႏု​ၿပီး ​ေသးေနသလိုပင္။

စိုင္း၏ မိသားစုစီးပြား​ေရးအ​ေျခအ​ေနကို ရွိုင္းသန့္သိသည္​ေၾကာင့္ ​ေက်ာင္းၿပီး​ေသာအခါ အျခားအလုပ္မရွာ​ေစ​ေတာ့ဘဲ သူ႕ကုမၸဏီတြင္ပင္ အလုပ္ခန့္ခဲ့သည္။ ရွိုင္းသန့္က စိုင္းကို သူ၏လက္​ေအာက္ငယ္သားလို ဘယ္​ေသာအခါမွ မဆက္ဆံ။

ဦး​ေအး​ေက်ာ္လိုပင္ အယုံၾကည္ရဆုံးလူျဖစ္၍ အ​ေရးႀကီးကိစၥမ်ားကိုလည္း စိုင္းႏွင့္တိုင္ပင္ၿပီးမွ ဆုံးျဖတ္တတ္သည္။ စိုင္း​ေပး​ေသာ အႀကံဥာဏ္မ်ားကိုလည္း လက္ခံစဥ္းစားတတ္ၿပီး အတူတူလက္တြဲလုပ္ၾကသည္။

အသက္အ႐ြယ္ရလာၿပီျဖစ္​ေသာ ဦး​ေအး​ေက်ာ္ကိုပဲ အားကိုးရတာ ရွိုင္းသန့္ အားနာလာၿပီမို႔ စိုင္း​ေရာက္လာကတည္းက ဦး​ေအး​ေက်ာ္ကို သက္​ေတာင့္သက္သာ​ေနဖို႔သာ ​ေျပာခဲ့သည္။

လြန္းက​ေတာ့ အထက္တန္း​ေအာင္ၿပီးသည္ႏွင့္ ××တကၠသိုလ္တြင္ ဥပ​ေဒအထူးျပဳ တက္​ေရာက္​ေနသည္။ တကၠသိုလ္က အိမ္ႏွင့္​ေဝးတာ​ေၾကာင့္ ​ေက်ာင္း​ေဆာင္မွာပင္ ​ေနရန္ဆုံးျဖတ္လိုက္သည္။

ရွိုင္းသန့္က စိတ္မခ်သျဖင့္ အိမ္က​ေနပဲတက္ရန္ ကားတစ္စီးဝယ္​ေပးမည္​ေျပာ​ေသာ္လည္း လက္မခံသျဖင့္ လက္​ေလွ်ာ့လိုက္ရသည္။
ေက်ာင္း​ေဆာင္တြင္ ​ေနရထိုင္ရ က်ဥ္းၾကပ္မည္စိုးသျဖင့္ ​ေက်ာင္းအနီးတဝိုက္ရွိ ကြန္ဒိုတိုက္ခန္းတစ္ခုကို သူမသိ​ေအာင္အရင္ငွားၿပီးမွ  အတင္းနားခ်ကာ ထိုကြန္ဒိုသို႔ ရွိုင္းသန့္ကိုယ္တိုင္ အ​ေရာက္ပို႔​ေပးလိုက္ရ​ေသးသည္။

အသက္ျပည့္ၿပီး​ေသာ လူတစ္​ေယာက္ကို ခုခ်ိန္ထိ လြတ္လပ္ခြင့္မ​ေပးနိုင္ စိတ္မခ်နိဳင္ျဖစ္​ေနသည္က ရွိုင္းသန့္အျဖစ္သည္းလြန္းရာ က်​ေနမလား...

ထို႔​ေနာက္ ႏွစ္ပတ္တစ္ခါျဖစ္​ေစ၊ သုံးပတ္တစ္ခါျဖစ္​ေစ အိမ္ျပန္လာရန္ သ​ေဘာတူညီမႈရခဲ့ၾကသည္။

တစ္​ေန႕တြင္ ​ေန႕လည္ခင္းအခ်ိန္ ရွိုင္းသန့္ ႐ုံးခန္းထဲ၌ အလုပ္လုပ္ေနခိုက္....

"အ​ေမာင္ရွိုင္း... မင္းရဲ႕ညီေတာ္​ေမာင္ ​ေရာက္​ေနတယ္..."

စိုင္းစကားဆုံးသည္ႏွင့္ လက္ထဲက အထုပ္တစ္ထုပ္ဆြဲကာ အခန္းထဲဝင္လာၿပီျဖစ္​ေသာ လြန္း...

"ကိုကို...ခုတ​ေလာ အလုပ္​ေတြတအားရႈပ္​ေနတယ္ဆို... အိမ္ကိုလည္း ​ေနာက္က်မွ ျပန္​ေရာက္တယ္တဲ့...ၿပီး​ေတာ့ ​​ေဒၚ​ေလးက​ေျပာ​ေသးတယ္ ညစာလည္း ပုံမွန္မစားဘူးတဲ့..."

"ညီညီ... အခုက အတန္းထဲမွာရွိ​ေနရမွာ မဟုတ္ဘူးလား..."

"အင္းပါ...သိပါတယ္... စကားမလႊဲစမ္းပါနဲ႕... ဘာလို႔အစားကို ပုံမွန္မစားရတာလဲ ကိုကိုရဲ႕.... ​ေနမ​ေကာင္းျဖစ္သြားရင္ ကိုကိုသိပ္ခ်စ္တဲ့အလုပ္​ေတြ လုပ္နိုင္​ေတာ့မွာမဟုတ္ဘူးသိလား...အခု​ေကာ ​​ေန႕လည္စာ မစားရ​ေသးဘူးမလား..."

လက္ထဲကအထုပ္ကို စားပြဲ​ေပၚခ်ကာ အထဲမွဘူးမ်ားကို တစ္ခုၿပီးတစ္ခုထုတ္ရင္း ပါးစပ္က​ မနားတမ္း ႐ြတ္​ေန​ေလသည္။

"​ေနပါဦး.... ညီညီက အိမ္ဝင္ခဲ့​ေသးတာလား.."

"ဟုတ္တယ္... ဒီ​ေန႕အတန္းမတက္ဘူး အယ္မူး​ဒီကိုေရာက္​ေနလို႔.... သူယူလာ​ေပးတဲ့ ကတက္​ေတြ ကိုကိုစားရ​ေအာင္ ​ေဒၚ​ေလးကိုသြားခ်က္ခိုင္းတာ...

ကိုကိုကပုံမွန္မစားဘူးဆိုလို႔ ညီညီကိုယ္တိုင္ ခ်က္လာခဲ့လိုက္တာ... ကတက္နဲ႕ တာလ​ေပါဟင္း ခ်က္လာတယ္ကိုကို... မစားလို႔မရဘူး​ေနာ္... စားၿပီးမွျပန္မွာ..."

"အယ္မူးက ဘယ္သူလဲ..."

"ဪ ဟုတ္သားပဲ... ကိုကို႔ကို ​ေျပာဖို႔​ေမ့​ေနတာ... မိဘမဲ့​ေဂဟာက တစ္ဦးတည္း​ေသာ သူငယ္ခ်င္း​ေလး​ေလ ​ေစာအယ္မူးတဲ့...

ျပန္​ေတြ႕တာမၾကာ​ေသးဘူး... ဒီ​ေကာင္ကတစ္ကယ္ပဲ ဆရာဝန္ျဖစ္​ေတာ့မွာ... ဟိုတ​ေလာက သူတို႔​ေက်ာင္းက ဒီမွာ conferenceတစ္ခုတက္ခိုင္းလို႔ ​ေရာက္လာတာတဲ့...

အဲကစၿပီး အဆက္အသြယ္ျပန္ရတာ... အခုသူအား​ေနတယ္ဆိုလို႔ ညီညီက အလည္​ေခၚလိုက္တာ..."

သူ၏ ပထမဆုံး​​ေသာ ငယ္သူငယ္ခ်င္း​ႏွင့္ အမွတ္မထင္ျပန္​ဆုံဆည္းမႈအ​ေၾကာင္း စိတ္ပါလက္ပါ ​ေျပာျပ​ေနမိ​ေသာ္လည္း ​ေဘးကႏွစ္​ေယာက္က​ေတာ့ စိတ္ဝင္စားမႈ အရိပ္အ​ေယာင္ပင္ မ​ေတြ႕ရ။ ထို႔​ေၾကာင့္လြန္းလည္း ဆက္​ေျပာခ်င္စိတ္ကုန္ကာ ထမင္းစားရန္သာ တိုက္တြန္းလိုက္သည္။

အလုပ္ပန္း​ေန​ေသာ ရွိုင္းသန့္က လြန္းလက္ရာပင္ျဖစ္​ေသာ္လည္း စားမဝင္။ လြန္း​ေက်နပ္​ေစရန္သာ စား​ေကာင္းဟန္ လုပ္​ေနရသည္။ စိုင္း​ေဇယ်ာ​ေအာင္က​ေတာ့ ဟန္ပင္မလုပ္နိုင္​ေအာင္ ​ေခါင္းမ​ေဖာ္တမ္း စား​ေန​ေသာ​ေၾကာင့္ လြန္းမ်က္​ေစာင္းတို႔က ခဏခဏစိုင္းဆီသို႔​ေရာက္​ေသာ္လည္း ဟိုက နည္းနည္းမွ ရိပ္မိပုံမ​ေပၚ....

ကိုကို႔ဖို႔ ခ်က္လာပါတယ္ဆိုမွ သူခ်ည္းပဲစား​ေန​လိုက္ေတာ့...

လြန္းစိတ္ထဲက​ေန က်ိန္ဆဲ​ေန​ေလသည္။

"လြန္းလက္ရာ ​ေတာ္​ေတာ္​ေကာင္းတာပဲ...ဒီဟင္းတခါမွ မစားဖူးဘူး... ဘယ္လို​ေခၚတာ"

"တာလ​ေပါ... တာ​လ​ေပါ...
ကရင္ရိုးရာဟင္း..."

စိတ္မရွည္သည့္​ေလသံျဖင့္ စိုင္း၏အ​ေမးကို ျပန္​ေျဖျဖစ္သည္။

"လြန္းက စြယ္စုံရတာပဲ...ကရင္ဟင္းလည္း ခ်က္တတ္လိုက္တာပဲ...."

အားမနာတမ္း တစ္ၿဖဲႏွစ္ၿဖဲစားထား​ေသာ​ေၾကာင့္ ​ျမႇောက္ပင့္ေနမွန္း သိသာလြန္းသည္။

"အစက ကြၽန္​ေတာ္လည္း မခ်က္တတ္ပါဘူး... အယ္မူးသင္​ေပးတာ... ကိုစိုင္း​ေနာက္တခါစားခ်င္ရင္ သူ႕ဆီက​ေန အၫႊန္းယူ​ေပးမယ္... ကိုယ့္ဘာသာခ်က္စား..."

တမင္႐ြဲ႕​ေျပာလိုက္ျခင္းပင္... ဒါကိုစိုင္းရိပ္မိပါသည္။ တမင္တကာ စ ခ်င္​ေန​ေသာ​ေၾကာင့္...

"ဟား... လြန္း​ေလးကလည္း စိတ္ခ်ည္းပဲ... သူ႕ကိုကို ကိုပဲ သဌာတယ္ထင္တယ္..."

"ဟုတ္တယ္.. အဲ​ေတာ့ ဘာျဖစ္လဲ"

တင္းမာ​ေနသည္ထင္ရ​ေသာ အ​ေျခအ​ေန​ေၾကာင့္ ရွိုင္းသန့္ကပဲ ဒီက​ေလးကလား စကားနိုင္လုပြဲကို အဆုံးသတ္​ေပးလိုက္သည္။ အခ်ိန္မွန္စားပါမည္၊ အလုပ္ခ်ိန္​ေလွ်ာ့ပါမည္၊ အိမ္ကို​တတ္နိုင္သမွ်​ေစာ​ေစာျပန္ပါမည္၊ ​ေစာ​ေစာအိပ္ပါမည္ စသည္စသည္ ကတိမ်ား​​ေပးလိုက္​ေတာ့မွသာ ထမင္းဘူးမ်ားကိုသိမ္းကာ ျပန္သြား​ေတာ့​သည္။

စိုင္းက​ေတာ့ သူတို႔ႏွစ္​​ေယာက္ကိုၾကည့္ကာ ​ေခါင္းတရမ္းရမ္းႏွင့္... တစ္ဦးတည္း​ေသာ သားျဖစ္ရတာကိုပင္ ဂုဏ္ယူမိသြားသလို...

လြန္းျပန္သြားၿပီး​ေနာက္ ရွိုင္းသန့္အလုပ္စားပြဲကို ျပန္ထိုင္ကာ အလုပ္ျပန္လုပ္ရန္ ဖိုင္တြဲတစ္ခုကိုလွမ္းယူလိုက္သည္။ အခုထိထြက္မသြား​ေသး​ေသာ သူ႕ကိုလိုက္ၾကည့္​ေန​သည့္ စိုင္းကိုသတိထားမိတာ​ေၾကာင့္ ​​ေမာ့ၾကည့္လိုက္ၿပီး ဘာလဲဆို​ေသာအထာျဖင့္ ​ေမးေငါ့ျပသည္။

ထိုအခါမွ စိုင္းက ရွိုင္းသန့္အနား​ေလွ်ာက္လာကာ...

"မင္းညီက ​ေတာ္​​ေတာ္ပိုတာပဲ... မသိရင္ ကိုယ့္ရည္းစားကို ဂ႐ုစိုက္တာက်​ေနတာပဲ...
မင္းတို႔ႏွစ္​ေယာက္က ညီအစ္ကိုအရင္း​ေကာဟုတ္..."

​ေဖာင္း...
ရွိုင္းသန့္ လက္ထဲက ဖိုင္တြဲကို စားပြဲ​ေပၚ အားျဖင့္ရိုက္ခ်လိဳက္သည္။

"မဟုတ္ကဟုတ္က​ေတြ ​ေလွ်ာက္​ေျပာမ​ေနနဲ႕...ညီညီက အရင္တည္းက ငါ့ကိုဒီလိုပဲဆက္ဆံ​ေနက်... မင္းမို႔သည္းခံတာ​ေနာ္... ထြက္သြား​ေတာ့..."

စိုင္း သူ႕ကိုယ္သူ လြန္သြားၿပီဆိုတာသိသျဖင့္ ဘာမွ်မ​ေျပာ​ေတာ့ဘဲ အသာ​ေလး ထြက္လာခဲ့သည္။

လြန္းကို မထိတရိ စ​ေနကတည္းက ရွိုင္းသန့္ စိုင္းကိုသိပ္မၾကည္​ေပ။ အခုလည္း စ​ေနာက္၍​ေျပာလိုက္တာ သိ​ေပမဲ့ ဘာ​ေၾကာင့္ရယ္မသိ... ​ေဒါသတို႔က မထိန္းနိုင္စြာ ထြက္​ေပၚလာသည္။
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі