Part 3
Unicode...
လွန်း ဒီအိမ်ကြီးကို စရောက်ကတည်းက ပျော်လည်းမပျော်၊ စိတ်လည်းကျဥ်းကြပ်ရုံသာမက စိတ်ဖိစီးမှုများပင် ရှိလာခဲ့သည်။
မေမေသည် ကရင်ပြည်နယ်ဘက်မှ ဘန်ကောက်သို့ အလုပ်လာလုပ်သော ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သည်။
လွန်းကိုလည်း ဘန်ကောက်မှာပဲမွေးသည်။
မေမေအလုပ်လုပ်သည့် အလုပ်ရုံကပေးထားသော အလုပ်သမားတိုက်တန်းတွင် ကြီးပြင်းခဲ့ရသည်။
သို့သော် လေးနှစ်အရွယ်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ St.Mary ဘုရားကျောင်းက ဖွင့်ထားသော မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး မေမေနှင့် လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သည်။
မိဘရယ်လို့ သတ်မှတ်စရာလူသားတစ်ယောက် ရှိပေမဲ့ မိဘမဲ့ကျောင်းတွင် သုံးနှစ်ကြာမျှ အထီးကျန်စွာ ဖြတ်သန်းလာခဲ့ရသော ကလေးတစ်ယောက်ဖြစ်သည်။
မေမေပြန်လာခေါ်တော့ လွန်း ဝမ်းသာခဲ့သေးသည်။ နောက်ဆုံးတော့ မေမေနှင့် အတူပြန်နေရတော့မည်မဟုတ်လား.....
ဒါပေမဲ့ လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ အလုပ်သမားတိုက်တန်းတွင်မဟုတ်တော့ဘဲ ယခုကဲ့သို့ နန်းတော်တမျှကြီးကျယ်ခမ်းနားသော အိမ်ကြီးတွင် မေမေအပြင် အခြားမရင်းနှီးသော သူများနှင့် သူ့ဘဝကိုဖြတ်သန်းရလိမ့်ဦးမည်ဟု ကလေးဆန်သည့်စိတ်ကူးထဲပင် မရှိခဲ့ဖူးပေ။
ငယ်ငယ်က တခြားကလေးများကဲ့သို့ အဖေမရှိသဖြင့် ဖေဖေဘယ်မှာလဲမေးတိုင်း မေမေ့ဆီက မသိချင်စမ်းနဲ့ဟူသော အဖြေသာရရှိခဲ့သည်။
ဒီတခါကျတော့ ထိုမေးခွန်းကို မေးစရာမလိုတော့အောင် မေမေက အခုလုပ်ရပ်များနှင့် ဖြေပေးသွားသည်လေ.....
ကျောင်းတက်ရန်လည်း ပြင်ဆင်ရသေးသည်။
သို့သော် မြန်မာပြည်ကမိဘမဲ့ကျောင်းတွင် သုံးနှစ်တာ မြန်မာစာပေ မြန်မာဘာသာစကားကိုသာ သင်ယူလာရသဖြင့် ငယ်ငယ်က တစ်လုံးစနှစ်လုံးစ ပြောခဲ့ဖူးသော ထိုင်းစကားများပင် မပြောတတ်တော့၊ စာရေးစာဖတ်တတ်ဖို့ဆိုတာ ဝေးစွ.....
ထို့ကြောင့် အရင်ဆုံး အိမ်တွင်ပင် home teachingဖြင့် တစ်နှစ်အရင်သင်ကြားစေသည်။
ပြီးမှသာ အစိုးရကျောင်းသို့ ပြောင်းရွှေ့သင်ကြားစေမည်ဟု ဦးမိုးနိုင်က စီစဥ်ထားသည်။
မေမေကတော့ ဒယ်ဒီ့ကိုလေးလေးစားစားဆက်ဆံရန်၊ အစ်ကိုဖြစ်သူ ရှိုင်းသန့်နှင့်လည်း သင့်မြတ်အောင်နေရန် အမြဲပြောသည်။
သူကဘာမှမတတ်နိုင်သည့် ကလေးပေါက်စသာဖြစ်သည်မဟုတ်ပါလား၊ မေမေနှင့် ဒယ်ဒီစီစဥ်သမျှ လက်ခံရမည်သာ....
ကိုကို့ကိုလည်း အပြစ်မမြင်ပါ။ ကိုယ့်အဖေ နောက်အိမ်ထောင်ပြုသည်ကို စိတ်ဆိုးသင့်ပါသည်။
ဒယ်ဒီ့ရဲ့ နောက်အိမ်ထောက်ဖက် မေမေ့သားဖြစ်သော လွန်းကို ညီအဖြစ် လက်မခံနိုင်တာလည်း ဖြစ်သင့်ပါသည်။
လွန်းကတော့ မေမေ့စကားနားထောင်သည့် သားလိမ္မာလေးပဲဖြစ်ချင်သည်။ ဒါမှ မေမေနောက်တခါ လွန်းကိုထားမသွားမှာ....
ထို့ကြောင့် စာလည်းကြိုးစားသည်။ ဒယ်ဒီ့ကိုလည်း အဖေနေရာတွင် ကြည်ဖြူစွာလက်ခံပြီး
အဖေနှင့်သား ဆက်ဆံရေးမျိုးရှိစေရန်လည်း ကြိုးစားသည်။
အချိန်ကာလတစ်ခုအထိ အရာအားလုံးအဆင်ပြေစေရန် မိမိအသက်အရွယ်နှင့်မှမလိုက် လွန်းသုတ ပြုပြင်ဖန်တီးရှာသည်။
တစ်ခုပဲ....
ရှိုင်းသန့်နှင့်က မပြေလည်သည့်အပြင် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက တစ်နေ့ထက်တစ်နေ့ ပိုပိုအေးလာသည်။
သူတို့အခန်းတွေက မျက်နှာချင်းဆိုင်ဖြစ်ပေမဲ့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်မိသည်က ရှားသည်။
သူ့ကိုမြင်လျှင် ရှိုင်းသန့်က ရှောင်သွားတတ်သည်။
မလွှဲသာသည့် အခြေအနေများမှသာ ညီအစ်ကိုဆိုသည့် ဆက်ဆံရေးဟန်ပြသာ ရှိတတ်သည်။
အရာအားလုံးကိုတောင် ကြိုးစားပမ်းစားလုပ်ယူခဲ့ရတာပဲ....
ကိုကို သူ့ကိုအမြင်ကြည်စေရန်ဆိုသည့်အချက်ကျမှ အရှုံးမပေးနိုင်....
~~~~~~~~~~~~~~~~~~
"ဒေါ်လေး၊ ကိုကို့ကို နွားနို့သွားပို့ဖို့လား၊
လွန်းယူသွားပေးမယ်"
အခန်းတွင် စာကြည့်နေသော ရှိုင်းသန့်ဖို့ အိမ်တော်ထိန်းဒေါ်ကြီးက နွားနို့သွားပို့ဖို့ လုပ်နေသည်ကို လွန်းသုတ ခွက်ကို လက်ပြောင်းယူလိုက်သည်။
အပေါ်ထပ်သို့တက်လာကာ ရှိုင်းသန့်အခန်းဆီသို့ ဦးတည်လိုက်သည်။ တံခါးခေါက်လိုက်တော့ ဝင်ခဲ့ဆိုသည့်အသံကြောင့် တံခါးကိုအသာတွန်းကာ ခြေဖွဖွနင်း၍ ဝင်ခဲ့သည်။
စာကြည့်စားပွဲတွင် စာကြည့်နေသော ကိုကို့ပုံစံက သူဝင်လာသည်ကို သိသော်လည်း အရေးတယူမလုပ်ချင်သည့်ပုံ.....
စာကြည့်စားပွဲပေါ် ဖွေးစွတ်နေသောလက်နှစ်ဖက်ကိုဆန့်ကာ ကြားထဲတွင် စာအုပ်တစ်အုပ်ကိုဖွင့်ထားသည်။
စားပွဲပေါ်က စာအုပ်ကိုမျက်မှောင်ကြုံ့ကာ စိုက်ကြည့်နေပုံက တစ်ခုခုကို အလိုမကျသလို....
မြင်ရသော ဖြူဖြူဖွေးဖွေး မျက်နှာတစ်ခြမ်းက စာကြည့်မီးရောင်ကြောင့် ပို၍ဆွဲဆောင်မှုရှိသွားသည့်အလား.....
ခေါင်းငုံ့ထားသောကြောင့် ရှေ့ဆံပင်စအချို့က ချောမောသည့် မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားပေမဲ့ ဆွဲဆောင်မှုက တစ်ဝက်လျော့မသွား....
ဘေးတိုက်မြင်နေရသော နှုတ်ခမ်းလွှာတို့က သိသိသာသာ ဆူထွက်နေသေးသည်။ စာထဲကို အာရုံစိုက်လို့ မရ၍ဖြစ်မည်။
လွန်းသုတ နွားနို့ခွက်ကိုကိုင်ကာ ရှိုင်းသန့်အမူအရာများကို အတော်တန်ကြာငေးနေမိသည်။
ကိုကိုက တော်တော်ဆွဲဆောင်မှုရှိတာပဲ....
ငါနဲ့ညီအစ်ကိုလို့ပြောရင် ယုံကြမှာတောင်မဟုတ်ဘူး...
အသက်ရှူနှုန်းတွေ မမှန်တော့တာလည်း ကိုယ့်ကိုကိုယ် သတိထားမိသည်။
ရုပ်အဆင်းပြည့်စုံလွန်းသော ထိုင်းဗမာစပ် အစ်ကိုဖြစ်သူကို အားကျမိ၍ထင်သည်ဟုသာ ကောက်ချက်ချလိုက်သည်။
ထိုစဥ် ရှိုင်းသန့်က သူ့ကိုစောင်းကြည့်လာသည်။
လွန်းကို မြင်တော့ မျက်နှာတစ်ချက်ပျက်သွားကာ ဘာမျှမပြောဘဲ စာအုပ်ကိုသာ ပြန်ကြည့်နေသည်။
"ဟို ကိုကို့ဖို့ နွားနို့လာပို့တာပါ"
"ထားခဲ့....."
စာကြည့်စားပွဲနားသို့ ခြေလှမ်းလိုက်ပြီး နွားနို့ခွက်ကို စားပွဲပေါ်တင်လိုက်သည်။
"ငါ့ကို ကိုကိုလို့ ဆက်မခေါ်နဲ့ မကြိုက်ဘူး..."
"ကျွန်တော်က အဲလိုပဲခေါ်တတ်လို့ပါ၊ ကျွန်တော်တို့sisterကပြောတာ ကိုယ့်ထက်ကြီးတဲ့ အစ်ကိုတွေကို အဲလိုခေါ်ရင် သူတို့က ချစ်ဖို့ကောင်းတဲ့ကလေးလို့ သတ်မှတ်ကြတယ်တဲ့..."
"မင်းက ကလေးလား"
"ဟုတ်၊ ညီညီက ကလေး၊
ကိုကိုနဲ့ယှဥ်ရင်တော့ ငယ်တယ်လေ"
ရှိုင်းသန့် စားပွဲကို လက်နှင့် ခပ်ကြမ်းကြမ်းရိုက်ချလိုက်တော့ လွန်းသုတ လန့်သွားကာ ကိုယ်ကလေး တုန်သွားသည်။
စာမရလို့ စိတ်ရှုပ်ရတဲ့ကြားထဲ အမြင်ကပ်နေသော ဒီကောင်လေးက သူ့စိတ်ကို ထပ်ဆွနေသည်လေ....
ကိုကိုလို့ခေါ်တာလွန်နေပြီမလား....
သူ့ကိုယ်သူ ဘာညီညီတုန်း..... ကလေးကလား...
ဟက် ဟိုမိထွေး မြှောက်ပေးတာနေမှာပေါ့....
"တောင်းပန်ပါတယ် ကိုကို၊ ကျ...ကျွန်တော်က ကိုကိုနဲ့အဆင်ပြေချင်ရုံပါ၊ ကိုကိုလက်ခံလာအောင် ဘာမဆိုလုပ်ပေးပါ့မယ်"
ရှိုင်းသန့် ထိုစကားကြောင့် မျက်ခုံးတစ်ချက်ပင့်ကာ
"ဟက်... မင်းပြောတာနော် ဘာမဆိုလုပ်ပေးမယ်လို့....
အိုခေလေ ဒီနေ့ကစ မင်းကိုမရှောင်တော့ဘူး၊ ငါလုပ်ခိုင်းတာ အကုန်လုပ်ပေးမယ်မလား"
"ဟုတ်၊ တကယ်ပါ ကိုကို၊ ကျွန်တော် အကုန်လုပ်ပေးပါ့မယ်....
ကျွန်တော့ကို ကိုကို့ညီအနေနဲ့ လက်ခံမယ်မလားဟင်...."
"ဒါပေါ့...အခုတော့သွားတော့
မင်းကို ခိုင်းရမဲ့ အလုပ်တွေ စဥ်းစားလိုက်ဦးမယ်"
ရှိုင်းသန့် ထိုင်နေရာမှ လက်ပိုက်ကာ လွန်းကိုကြည့်ပြီး တစ်လုံးချင်းစီ ပြောလိုက်သည်။
"ဟုတ် ကိုကို"
လွန်းတစ်ယောက် ဝမ်းသာအားရဖြင့် အခန်းအပြင်ဘက် ပြေးထွက်သွားပြီး မျက်နှာချင်းဆိုင် သူ့အခန်းရှိရာသို့ ဝင်သွားလိုက်သည်။
အဆင်ပြေမှာပါ.... ငါသည်းခံနိုင်ပါတယ်....
မေမေစိတ်ချမ်းသာဖို့ပဲ....
မေမေစိတ်ချမ်းသာဖို့ပဲလား.... ကိုကိုနဲ့ ရင်းနှီးတော့မှာမို့ကောလား...မသိတတ်တော့...
အခန်းအတွင်းဘက် တံခါးကိုမှီကာ လက်တစ်ဖက်ဖြင့် ရင်ဘတ်ကိုဖိ၍ လွန်းသုတ တွေးရင်း ပြုံးမိသည်။
~~~~~~~~~~~~~~~~
Fact: ထိုင်းမှာ home teachingက တရားဝင်ပါတယ်။
home schoolerတစ်ယောက်က ပြဌာန်းစာအုပ်တွေအတိုင်း အလုပ်လုပ်၊ စာမေးပွဲတွေဖြေထားရင် အစိုးရကျောင်းကိုပြောင်းတဲ့အခါ လက်ခံပါတယ်။
~~~~~~~~~~~~~~~~~~
Zawgyi...
လြန္း ဒီအိမ္ႀကီးကို စေရာက္ကတည္းက ေပ်ာ္လည္းမေပ်ာ္၊ စိတ္လည္းက်ဥ္းၾကပ္႐ုံသာမက စိတ္ဖိစီးမႈမ်ားပင္ ရွိလာခဲ့သည္။
ေမေမသည္ ကရင္ျပည္နယ္ဘက္မွ ဘန္ေကာက္သို႔ အလုပ္လာလုပ္ေသာ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦးျဖစ္သည္။
လြန္းကိုလည္း ဘန္ေကာက္မွာပဲေမြးသည္။
ေမေမအလုပ္လုပ္သည့္ အလုပ္႐ုံကေပးထားေသာ အလုပ္သမားတိုက္တန္းတြင္ ႀကီးျပင္းခဲ့ရသည္။
သို႔ေသာ္ ေလးႏွစ္အ႐ြယ္တြင္ ကရင္ျပည္နယ္ ဘားအံၿမိဳ႕ရွိ St.Mary ဘုရားေက်ာင္းက ဖြင့္ထားေသာ မိဘမဲ့ေဂဟာသို႔ ပို႔ေဆာင္ျခင္းခံခဲ့ရၿပီး ေမေမႏွင့္ လုံးဝအဆက္အသြယ္ျပတ္သြားခဲ့သည္။
မိဘရယ္လို႔ သတ္မွတ္စရာလူသားတစ္ေယာက္ ရွိေပမဲ့ မိဘမဲ့ေက်ာင္းတြင္ သုံးႏွစ္ၾကာမွ် အထီးက်န္စြာ ျဖတ္သန္းလာခဲ့ရေသာ ကေလးတစ္ေယာက္ျဖစ္သည္။
ေမေမျပန္လာေခၚေတာ့ လြန္း ဝမ္းသာခဲ့ေသးသည္။ ေနာက္ဆုံးေတာ့ ေမေမႏွင့္ အတူျပန္ေနရေတာ့မည္မဟုတ္လား.....
ဒါေပမဲ့ လြန္ခဲ့ေသာ သုံးႏွစ္ကကဲ့သို႔ အလုပ္သမားတိုက္တန္းတြင္မဟုတ္ေတာ့ဘဲ ယခုကဲ့သို႔ နန္းေတာ္တမွ်ႀကီးက်ယ္ခမ္းနားေသာ အိမ္ႀကီးတြင္ ေမေမအျပင္ အျခားမရင္းႏွီးေသာ သူမ်ားႏွင့္ သူ႕ဘဝကိုျဖတ္သန္းရလိမ့္ဦးမည္ဟု ကေလးဆန္သည့္စိတ္ကူးထဲပင္ မရွိခဲ့ဖူးေပ။
ငယ္ငယ္က တျခားကေလးမ်ားကဲ့သို႔ အေဖမရွိသျဖင့္ ေဖေဖဘယ္မွာလဲေမးတိုင္း ေမေမ့ဆီက မသိခ်င္စမ္းနဲ႕ဟူေသာ အေျဖသာရရွိခဲ့သည္။
ဒီတခါက်ေတာ့ ထိုေမးခြန္းကို ေမးစရာမလိုေတာ့ေအာင္ ေမေမက အခုလုပ္ရပ္မ်ားႏွင့္ ေျဖေပးသြားသည္ေလ.....
ေက်ာင္းတက္ရန္လည္း ျပင္ဆင္ရေသးသည္။
သို႔ေသာ္ ျမန္မာျပည္ကမိဘမဲ့ေက်ာင္းတြင္ သုံးႏွစ္တာ ျမန္မာစာေပ ျမန္မာဘာသာစကားကိုသာ သင္ယူလာရသျဖင့္ ငယ္ငယ္က တစ္လုံးစႏွစ္လုံးစ ေျပာခဲ့ဖူးေသာ ထိုင္းစကားမ်ားပင္ မေျပာတတ္ေတာ့၊ စာေရးစာဖတ္တတ္ဖို႔ဆိုတာ ေဝးစြ.....
ထို႔ေၾကာင့္ အရင္ဆုံး အိမ္တြင္ပင္ home teachingျဖင့္ တစ္ႏွစ္အရင္သင္ၾကားေစသည္။
ၿပီးမွသာ အစိုးရေက်ာင္းသို႔ ေျပာင္းေ႐ႊ႕သင္ၾကားေစမည္ဟု ဦးမိုးနိုင္က စီစဥ္ထားသည္။
ေမေမကေတာ့ ဒယ္ဒီ့ကိုေလးေလးစားစားဆက္ဆံရန္၊ အစ္ကိုျဖစ္သူ ရွိုင္းသန့္ႏွင့္လည္း သင့္ျမတ္ေအာင္ေနရန္ အၿမဲေျပာသည္။
သူကဘာမွမတတ္နိုင္သည့္ ကေလးေပါက္စသာျဖစ္သည္မဟုတ္ပါလား၊ ေမေမႏွင့္ ဒယ္ဒီစီစဥ္သမွ် လက္ခံရမည္သာ....
ကိုကို႔ကိုလည္း အျပစ္မျမင္ပါ။ ကိုယ့္အေဖ ေနာက္အိမ္ေထာင္ျပဳသည္ကို စိတ္ဆိုးသင့္ပါသည္။
ဒယ္ဒီ့ရဲ႕ ေနာက္အိမ္ေထာက္ဖက္ ေမေမ့သားျဖစ္ေသာ လြန္းကို ညီအျဖစ္ လက္မခံနိုင္တာလည္း ျဖစ္သင့္ပါသည္။
လြန္းကေတာ့ ေမေမ့စကားနားေထာင္သည့္ သားလိမၼာေလးပဲျဖစ္ခ်င္သည္။ ဒါမွ ေမေမေနာက္တခါ လြန္းကိုထားမသြားမွာ....
ထို႔ေၾကာင့္ စာလည္းႀကိဳးစားသည္။ ဒယ္ဒီ့ကိုလည္း အေဖေနရာတြင္ ၾကည္ျဖဴစြာလက္ခံၿပီး
အေဖႏွင့္သား ဆက္ဆံေရးမ်ိဳးရွိေစရန္လည္း ႀကိဳးစားသည္။
အခ်ိန္ကာလတစ္ခုအထိ အရာအားလုံးအဆင္ေျပေစရန္ မိမိအသက္အ႐ြယ္ႏွင့္မွမလိုက္ လြန္းသုတ ျပဳျပင္ဖန္တီးရွာသည္။
တစ္ခုပဲ....
ရွိုင္းသန့္ႏွင့္က မေျပလည္သည့္အျပင္ သူတို႔ႏွစ္ေယာက္ၾကား ဆက္ဆံေရးက တစ္ေန႕ထက္တစ္ေန႕ ပိုပိုေအးလာသည္။
သူတို႔အခန္းေတြက မ်က္ႏွာခ်င္းဆိုင္ျဖစ္ေပမဲ့ သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္မိသည္က ရွားသည္။
သူ႕ကိုျမင္လွ်င္ ရွိုင္းသန့္က ေရွာင္သြားတတ္သည္။
မလႊဲသာသည့္ အေျခအေနမ်ားမွသာ ညီအစ္ကိုဆိုသည့္ ဆက္ဆံေရးဟန္ျပသာ ရွိတတ္သည္။
အရာအားလုံးကိုေတာင္ ႀကိဳးစားပမ္းစားလုပ္ယူခဲ့ရတာပဲ....
ကိုကို သူ႕ကိုအျမင္ၾကည္ေစရန္ဆိုသည့္အခ်က္က်မွ အရႈံးမေပးနိုင္....
~~~~~~~~~~~~~~~~~~
"ေဒၚေလး၊ ကိုကို႔ကို ႏြားနို႔သြားပို႔ဖို႔လား၊
လြန္းယူသြားေပးမယ္"
အခန္းတြင္ စာၾကည့္ေနေသာ ရွိုင္းသန့္ဖို႔ အိမ္ေတာ္ထိန္းေဒၚႀကီးက ႏြားနို႔သြားပို႔ဖို႔ လုပ္ေနသည္ကို လြန္းသုတ ခြက္ကို လက္ေျပာင္းယူလိုက္သည္။
အေပၚထပ္သို႔တက္လာကာ ရွိုင္းသန့္အခန္းဆီသို႔ ဦးတည္လိုက္သည္။ တံခါးေခါက္လိုက္ေတာ့ ဝင္ခဲ့ဆိုသည့္အသံေၾကာင့္ တံခါးကိုအသာတြန္းကာ ေျခဖြဖြနင္း၍ ဝင္ခဲ့သည္။
စာၾကည့္စားပြဲတြင္ စာၾကည့္ေနေသာ ကိုကို႔ပုံစံက သူဝင္လာသည္ကို သိေသာ္လည္း အေရးတယူမလုပ္ခ်င္သည့္ပုံ.....
စာၾကည့္စားပြဲေပၚ ေဖြးစြတ္ေနေသာလက္ႏွစ္ဖက္ကိုဆန့္ကာ ၾကားထဲတြင္ စာအုပ္တစ္အုပ္ကိုဖြင့္ထားသည္။
စားပြဲေပၚက စာအုပ္ကိုမ်က္ေမွာင္ႀကဳံ႕ကာ စိုက္ၾကည့္ေနပုံက တစ္ခုခုကို အလိုမက်သလို....
ျမင္ရေသာ ျဖဴျဖဴေဖြးေဖြး မ်က္ႏွာတစ္ျခမ္းက စာၾကည့္မီးေရာင္ေၾကာင့္ ပို၍ဆြဲေဆာင္မႈရွိသြားသည့္အလား.....
ေခါင္းငုံ႕ထားေသာေၾကာင့္ ေရွ႕ဆံပင္စအခ်ိဳ႕က ေခ်ာေမာသည့္ မ်က္ႏွာတစ္ဝက္ကို ဖုံးကြယ္ထားေပမဲ့ ဆြဲေဆာင္မႈက တစ္ဝက္ေလ်ာ့မသြား....
ေဘးတိုက္ျမင္ေနရေသာ ႏႈတ္ခမ္းလႊာတို႔က သိသိသာသာ ဆူထြက္ေနေသးသည္။ စာထဲကို အာ႐ုံစိုက္လို႔ မရ၍ျဖစ္မည္။
လြန္းသုတ ႏြားနို႔ခြက္ကိုကိုင္ကာ ရွိုင္းသန့္အမူအရာမ်ားကို အေတာ္တန္ၾကာေငးေနမိသည္။
ကိုကိုက ေတာ္ေတာ္ဆြဲေဆာင္မႈရွိတာပဲ....
ငါနဲ႕ညီအစ္ကိုလို႔ေျပာရင္ ယုံၾကမွာေတာင္မဟုတ္ဘူး...
အသက္ရႉႏႈန္းေတြ မမွန္ေတာ့တာလည္း ကိုယ့္ကိုကိုယ္ သတိထားမိသည္။
႐ုပ္အဆင္းျပည့္စုံလြန္းေသာ ထိုင္းဗမာစပ္ အစ္ကိုျဖစ္သူကို အားက်မိ၍ထင္သည္ဟုသာ ေကာက္ခ်က္ခ်လိဳက္သည္။
ထိုစဥ္ ရွိုင္းသန့္က သူ႕ကိုေစာင္းၾကည့္လာသည္။
လြန္းကို ျမင္ေတာ့ မ်က္ႏွာတစ္ခ်က္ပ်က္သြားကာ ဘာမွ်မေျပာဘဲ စာအုပ္ကိုသာ ျပန္ၾကည့္ေနသည္။
"ဟို ကိုကို႔ဖို႔ ႏြားနို႔လာပို႔တာပါ"
"ထားခဲ့....."
စာၾကည့္စားပြဲနားသို႔ ေျခလွမ္းလိုက္ၿပီး ႏြားနို႔ခြက္ကို စားပြဲေပၚတင္လိုက္သည္။
"ငါ့ကို ကိုကိုလို႔ ဆက္မေခၚနဲ႕ မႀကိဳက္ဘူး..."
"ကြၽန္ေတာ္က အဲလိုပဲေခၚတတ္လို႔ပါ၊ ကြၽန္ေတာ္တို႔sisterကေျပာတာ ကိုယ့္ထက္ႀကီးတဲ့ အစ္ကိုေတြကို အဲလိုေခၚရင္ သူတို႔က ခ်စ္ဖို႔ေကာင္းတဲ့ကေလးလို႔ သတ္မွတ္ၾကတယ္တဲ့..."
"မင္းက ကေလးလား"
"ဟုတ္၊ ညီညီက ကေလး၊
ကိုကိုနဲ႕ယွဥ္ရင္ေတာ့ ငယ္တယ္ေလ"
ရွိုင္းသန့္ စားပြဲကို လက္ႏွင့္ ခပ္ၾကမ္းၾကမ္းရိုက္ခ်လိဳက္ေတာ့ လြန္းသုတ လန့္သြားကာ ကိုယ္ကေလး တုန္သြားသည္။
စာမရလို႔ စိတ္ရႈပ္ရတဲ့ၾကားထဲ အျမင္ကပ္ေနေသာ ဒီေကာင္ေလးက သူ႕စိတ္ကို ထပ္ဆြေနသည္ေလ....
ကိုကိုလို႔ေခၚတာလြန္ေနၿပီမလား....
သူ႕ကိုယ္သူ ဘာညီညီတုန္း..... ကေလးကလား...
ဟက္ ဟိုမိေထြး ျမႇောက္ေပးတာေနမွာေပါ့....
"ေတာင္းပန္ပါတယ္ ကိုကို၊ က်...ကြၽန္ေတာ္က ကိုကိုနဲ႕အဆင္ေျပခ်င္႐ုံပါ၊ ကိုကိုလက္ခံလာေအာင္ ဘာမဆိုလုပ္ေပးပါ့မယ္"
ရွိုင္းသန့္ ထိုစကားေၾကာင့္ မ်က္ခုံးတစ္ခ်က္ပင့္ကာ
"ဟက္... မင္းေျပာတာေနာ္ ဘာမဆိုလုပ္ေပးမယ္လို႔....
အိုေခေလ ဒီေန႕ကစ မင္းကိုမေရွာင္ေတာ့ဘူး၊ ငါလုပ္ခိုင္းတာ အကုန္လုပ္ေပးမယ္မလား"
"ဟုတ္၊ တကယ္ပါ ကိုကို၊ ကြၽန္ေတာ္ အကုန္လုပ္ေပးပါ့မယ္....
ကြၽန္ေတာ့ကို ကိုကို႔ညီအေနနဲ႕ လက္ခံမယ္မလားဟင္...."
"ဒါေပါ့...အခုေတာ့သြားေတာ့
မင္းကို ခိုင္းရမဲ့ အလုပ္ေတြ စဥ္းစားလိုက္ဦးမယ္"
ရွိုင္းသန့္ ထိုင္ေနရာမွ လက္ပိုက္ကာ လြန္းကိုၾကည့္ၿပီး တစ္လုံးခ်င္းစီ ေျပာလိုက္သည္။
"ဟုတ္ ကိုကို"
လြန္းတစ္ေယာက္ ဝမ္းသာအားရျဖင့္ အခန္းအျပင္ဘက္ ေျပးထြက္သြားၿပီး မ်က္ႏွာခ်င္းဆိုင္ သူ႕အခန္းရွိရာသို႔ ဝင္သြားလိုက္သည္။
အဆင္ေျပမွာပါ.... ငါသည္းခံနိုင္ပါတယ္....
ေမေမစိတ္ခ်မ္းသာဖို႔ပဲ....
ေမေမစိတ္ခ်မ္းသာဖို႔ပဲလား.... ကိုကိုနဲ႕ ရင္းႏွီးေတာ့မွာမို႔ေကာလား...မသိတတ္ေတာ့...
အခန္းအတြင္းဘက္ တံခါးကိုမွီကာ လက္တစ္ဖက္ျဖင့္ ရင္ဘတ္ကိုဖိ၍ လြန္းသုတ ေတြးရင္း ၿပဳံးမိသည္။
~~~~~~~~~~~~~~~~
Fact: ထိုင္းမွာ home teachingက တရားဝင္ပါတယ္။
home schoolerတစ္ေယာက္က ျပဌာန္းစာအုပ္ေတြအတိုင္း အလုပ္လုပ္၊ စာေမးပြဲေတြေျဖထားရင္ အစိုးရေက်ာင္းကိုေျပာင္းတဲ့အခါ လက္ခံပါတယ္။

Коментарі