Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 19
Unicode...

လွန်းရဲ့စိတ်​တွေ ပျံ့လွင့်​နေချိန်တိုင်း ဖန်းက စိတ်​ပေါ့ပါး​စေရန် အ​ကြောင်းအရာတစ်ခုကို အာရုံစိုက်မိ​အောင် အမြဲလုပ်​ပေး​လေ့ရှိသည်။ အ​ပေါင်းအသင်းနည်း​သော လွန်းအဖို့ ဖန်းက အလွန်ခင်မင်ရင်းနှီးရ​သော သူငယ်ချင်းတစ်​ယောင်ပင်မဟုတ်ပါလား။

တစ်လနီးပါး​လောက် လွန်းအိမ်မပြန်ဖြစ်​သေး။ ရှိုင်းသန့်နှင့်ဖုန်း​ပြောလျှင်လည်း အ​နေအထိုင်အစားအ​သောက်အဆင်​ပြေ​ကြောင်း​လောက်​သာ ​ပြောဖြစ်သည်။ အခြားမည်သည့်အ​ကြောင်းအရာမှ မ​ပြောဖြစ်ကြ။ တစ်ခါတရံ ညစာလာပို့တတ်​သော ကိုစိုင်းဆီမှ ကြားရသည့် ဖဲလ်က အိမ်သို့ခဏခဏအလည်လိုက်တတ်သည်ဆို​သောသတင်း​ကြောင့်လည်း အိမ်သို့မပြန်ဖြစ်တာပါသည်။

ဒီတစ်ပတ်​​ကျောင်းပိတ်ရက်တွင်လည်း အိမ်ပြန်ဖို့အစီအစဥ်မရှိ​ပေ။ စိတ်​ပြေလက်​ပျောက်လည်းဖြစ်​အောင် ဖန်းတိုက်ခန်းသို့ သွားလည်ပြီး မုန့်လုပ်စားကြရန် စိတ်ကူးလိုက်သည်။

စ​နေ​နေ့တ​နေကုန် ဖန်း၏တိုက်ခန်းတွင် ကုန်ဆုံးဖြစ်သည်။ ည​နေ​စောင်းမှ လွန်းသူ့တိုက်ခန်းသို့ပြန်ခဲ့သည်။ ​ရေမိုးချိုးပြီး စာကြည့်ရန်ပြင်စဥ် ဖုန်းမှအသံမြည်လာ၍​ကောက်ယူကြည့်လိုက်​တော့ သူမသိ​သော နံပါတ်စိမ်းတစ်ခုဖြစ်သည်။ လွန်း မည်သူမှန်းမသိ​သော်လည်း ​​တွေ​ဝေမ​နေဘဲအစိမ်း​ရောင်ခလုတ်ကို နှိပ်လိုက်သည်။

"​ဟယ်လို... ဘယ်သူပါလဲခင်ဗျ"

"တို့ပါလွန်း... ရှိုင်းရဲ့ဇနီး​လောင်း ဖဲလ်"

ဘာ​ကြောင့် ဖဲလ်က သူ့ကိုဖုန်း​ခေါ်ရတာလဲ...
လွန်းခဏမျှ စိတ်ထင့်​သွား​သော်လည်း အ​ကြောင်းအရင်းကိုသိလိုသဖြင့် ပြန်​မေးလိုက်သည်။

"ဟုတ်ပါပြီ အစ်မဖဲလ်...ဘာကိစ္စရှိလို့ပါလဲ"

"ဖဲလ် မင်းနဲ့​တွေ့ပြီး ​ပြောချင်တာရှိလို့... မနက်ဖြန်ဆို ဖြစ်တယ်မလား"

"ဘာကိစ္စမို့ ​တွေ့မှဖြစ်မှာပါလဲ အစ်မဖဲလ်"

"​တွေ့မှ​ပြောကြတာ​ပေါ့... မနက်ဖြန် မနက်၁၀နာရီ ×××ဆိုင်ကို လာခဲ့ပါ... မင်းလာကိုလာမှ ဖြစ်မယ်ထင်တယ်​​နော်...
စိတ်ဝင်စားစရာ အ​ကြောင်းအရာ​လေး​တွေ​ပေါ့...ဒါပဲ​နော်"

လွန်း၏တုံ့ပြန်မှုကိုမ​စောင့်​တော့ဘဲ ဖဲလ်ဘက်က ဖုန်းကိုအရင်ချသည်။

ဘာကိစ္စမို့ အခုလို အပိုင်စီးပြီး​ပြောသွားရတာလဲ...
ကိုကိုနဲ့များ ပတ်သက်လို့လား...
ဧကန္တ ကိုကိုက... လက်ခံလိုက်တာများလား...

အိမ်သို့မပြန်​​သောရက်များ၊ ကိုကို့ကိုယ်​ရေးကိုယ်တာကိစ္စများနှင့် အဆက်အသွယ်ပြတ်နေ​သော ရက်များအတွင်း ဘာ​တွေများဖြစ်သွားတာလဲ...
ကိုစိုင်းဆီက သိရသည်ကလည်း ဖဲလ်အိမ်အလည်လိုက်တတ်သည့် ကိစ္စပင်ရှိသည်။ ကိုကို့ကိစ္စများကို ဖုန်း​ပြောသည့်အခါတိုင်း မ​မေးဖြစ်ခဲ့သည်ကိုပင် လွန်း​နောင်တရမိသည်။

အစ်မဖဲလ်​ပြောမည့်ကိစ္စကို သိလိုစိတ်က အိပ်မရ​လောက်​အောင်ပင် ထိန်းသိမ်းမရ​တော့။ ​နောက်ဆုံးတွင် ကိုကို့ဆီ ဖုန်းဆက်​​မေးရန်သာ ဆုံးဖြတ်မိသည်။

"ဟယ်လို ကိုကို... အိပ်​တော့မှာလား"

"မအိပ်​သေးပါဘူး ညီညီရဲ့... ထူးထူးဆန်းဆန်းဖုန်း​တွေဘာ​တွေ ဆက်လို့ပါလား... ဘာ​​ပြောစရာရှိလို့လဲ"

ကိုကို့​လေသံက ထူးခြားမ​နေပါ။ ​ပြော​နေကျအတိုင်း ​ပေါ့​ပေါ့ပါးပါးနှင့်ပင်။

"ဟို...ကိုကို.. ညီညီ့ကို​ပြောစရာမရှိဘူးလား"

"ညီညီက ဆက်တာ​လေ... ကိုကို့မှာမရှိပါဘူး"

ဟန်​ဆောင်လိမ်ညာမှုမပါ​သော အသံနှင့် ရှိုင်းသန့်​ဖြေဖြစ်သည်။
လွန်းအနည်းငယ် စိတ်​အေးကာ...

"အင်းပါ... ဘာမှမဟုတ်ပါဘူး... ကိုကို့ကို သတိရလို့... ​နောက်အပတ်အိမ်ပြန်လာမယ်လို့ ​ပြောမလို့"

"တကယ်ဆိုရင်​တော့ ​ဟော့ဒီက ကိုကိုကအ​ပျော်ဆုံး​ပေါ့...
အိပ်​တော့ညီညီ...ညဥ့်နက်​နေပြီ...
Good night"

"good night ကိုကို"

လွန်းဖုန်းချပြီး​တော့ အ​တွေးခန်းထပ်ဝင်ရသည်။ ဒါဆို အစ်မဖဲလ်​ပြောချင်တာ ဘာများလဲ...

ညကအိပ်မ​ပျော်​သော်လည်း မနက်ခင်းတွင် အ​စောကြီးနိုး​နေ​လေသည်။ ​ခေါင်းကြည်​စေရန် ​ကော်ဖီခါးတစ်ခွက်ကို​ဖျော်​​သောက်ကာ ၁၀နာရီထိုးရန်သာ ထိုင်​စောင့်မိ​တော့သည်။

.........

​ကော်ဖီဆိုင်​သို့ လွန်းအရင်​ရောက်သည်။ ခဏအကြာဖဲလ်​ရောက်လာပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ထို့​နောက် အိတ်ထဲမှဖုန်းကိုထုတ်ကာ လွန်း၏ DNA reportကိုရိုက်ယူထား​သောပုံကို ပြလိုက်သည်။

"မင်းက မထင်ရဘူး​နော်... ဒီကိစ္စကို ရှိုင်းမသိ​​သေးဘူးမလား... ဘာလို့လျှို့ဝှက်ထားပါလိမ့်"

ဖုန်းထဲက မြင်ရ​သောပုံ​ကြောင့် လွန်းမျက်လုံးများပြူးကျယ်သွားသည်။

"ဒီ...ဒီပုံကို ဘယ်လိုရလာတာလဲ...
အစ်မဖဲလ် ဒါက သူတပါးအိမ်ကို ​​ဖောင်ထွင်းမှု​နော်"

"အို... အဲဒါက အခုအ​ရေးကြီးလား... ​ပြောပါဦး ရှိုင်းကိုအသိမ​​ပေးဘဲ လျှို့ဝှက်ထားတာ ဘာ​ကြောင့်ဆိုတာ"

လွန်းပုံကို စိုက်ကြည့်၍ မဲ့ပြုံးတစ်ချက်ပြုံးကာ...

"ကျွန်​တော့အ​ကြောင်းနဲ့ ကျွန်​တော်ပါ...
ကျွန်​တော်က အစ်မတို့နှစ်ယောက်ကိစ္စကို ဝင်စွက်ဖက်မှာမဟုတ်တဲ့အတွက် ဒီဟာနဲ့ ခြိမ်း​ခြောက်စရာမလိုပါဘူး...
ကိုကိုသိသွားလည်း အစ်မဖဲလ်အတွက် အကျိုးရှိမယ်မထင်ဘူး..."

"ဟား... ဘာကိုအကျိုးမရှိရမှာလဲ...
အနည်းဆုံး​တော့ သားအရင်းမဟုတ်တဲ့မင်းက အ​မွေတစ်ဝက်ရမဲ့ကိစ္စ ပြန်ဆင်ခြင်ရမှာ​ပေါ့...
ပြီး​တော့ ရှိုင်းသိသွားခဲ့ရင်များဆိုပြီး မင်းရပိုင်ခွင့်​တွေ မဆုံးရှုံးရ​အောင်ရှိုင်းကို အပိုင်ဖမ်းထားတဲ့ကိစ္စ​လေးလည်း သိသာ​သွားတာ​ပေါ့"

ဖဲလ်စကားများ​ကြောင့် လွန်းလက်​တွေတုန်လာပြီး မျက်လုံးတို့လည်း နီရဲလာသည်။ ​ဒေါသကိုထိန်းမထား​တော့ဘဲ လွှတ်ထုတ်မိသည်ထင်သည်။ စားပွဲကိုခပ်ကြမ်းကြမ်းရိုက်ချ၍ မတ်တပ်ရပ်လိုက်ကာ ထိုင်​နေ​သောဖဲလ်ကိုငုံ့ကြည့်ပြီး...

"ဒါဆိုလည်း အနည်းဆုံး​တော့ ကိုကိုက ခင်ဗျားကို လက်ခံဦးမှ​လေ"

​​ပြောပြီးသည်နှင့် ဆိုင်ထဲမှ ချက်ချင်းထွက်ခဲ့လိုက်သည်။

လွန်းအမုန်ဆုံးက ဒီလို မထိတထိစကား​တွေပါပဲ...
သူ့ကို ဒီလိုအရာ​တေနဲ့ နှိုင်းယှဥ်တန်ဖိုးဖြတ်တာ...

​ကော်ဖီဆိုင်တွင် ထိုင်လျက်ကျန်ခဲ့သူက ဖဲလ်...

မင်းကငါ့ကို စိန်​ခေါ်လိုက်တာပဲ လွန်း...
မင်းနဲ့ငါနဲ့ ဘယ်သူနိုင်မလဲ ​စောင့်ကြည့်ကြတာ​ပေါ့...

.........

ဒယ်ဒီ့စာကြည့်ခန်းထဲမှ ​တွေ့ရ​သောဖိုင်တွဲ​ကြောင့် ရှိုင်းသန့် ညတိုင်းအိပ်မ​ပျော်။ စိတ်က ထိုကိစ္စဆီသာ ​ရောက်​နေတတ်သည်။ အလုပ်ကလည်း ပစ်ထားလို့မဖြစ်... အထူးသဖြင့် ဖဲလ်တို့ကုမ္ပဏီက ဖိအား​ပေး​နေသည့်အချိန်...

စိတ်ငြိမ်​နေသည့်အချိန်တွင် ရှိုင်းသန့်ထိုကိစ္စကိူ အစအဆုံး စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ မာမီ့​သေဆုံးမှုက သူထင်သလို၊ ဒီဖိုင်တွဲက ​ထောက်ပြသလို အက်ဆီးဒန့်​ကြောင့်မဟုတ်ဘဲ တမင်ကြံစည်ထားခြင်းဖြစ်​ကြောင်း ​ဖော်ထုတ်ရမည်။

မိမိအတွင်း​ရေးကိစ္စများဖြစ်သဖြင့် အခြားသူများကို မည်သို့မှမယုံကြည်နိုင်။ ကိုယ်တိုင်စုံစမ်းရန်မှာလည်း အလုပ်တစ်ဖက်နှင့် မအားလပ်။ တစ်​ယောက်​သောသူသာ အားကိုရာရှိ​​တော့သည်။ အယုံကြည်ရဆုံး စိုင်းပင်။

ဦး​အေး​​ကျော်လည်း ဒီကိစ္စကို သိသင့်သ​လောက် သိတန်ရာသည်။ ဒယ်ဒီ့လူယုံမဟုတ်ပါလား။ သူစိုင်းကို ယုံကြည်အားကိုးသလိုပင် ဒယ်ဒီလည်း ဦး​အေးကို တစ်စိတ်တပိုင်းပဲဖြစ်ဖြစ် စုံစမ်းခိုင်းဖူးပါလိမ့်မည်။ ထို့​ကြောင့် စိုင်းကိုအ​ကြောင်းစုံ​ပြောပြကာ တိတ်တဆိတ်​စုံစမ်းရန် ​စေခိုင်းသည်တွင် ဦး​အေး​ကျော်ကိုစ၍ ​မေးမြန်း​စေသည်။

စိုင်းကတဆင့် ဦး​အေး​ကျော်ဆီမှ သိလာရသည်များက ရှိုင်းသန့် သံသယတို့မှန်သည်ဆိုတာပင်။ သို့​သော် စုံစမ်းမှု ဆက်မလုပ်ရန် ​​ပြော​သေးသည်တဲ့။

မာမီ့​သေဆုံးမှုက ​သွေးရိုးသားရိုးမဟုတ်ခဲ့ရင်​တော့ အမှုမှန်​ပေါ်သည်အထိ ဆက်စုံစမ်းရမှာပဲ...
ဘာလို့တားရတာလဲ ဦး​အေး...
ဦး​​အေးစကားကို အမြဲတ​စေနား​ထောင်ခဲ့​ပေမဲ့ ဒီတခါ​တော့ ကျွန်​တော့ခံစားချက်​တွေနောက် လိုက်ပါရ​စေ...

ရှိုင်းသန့် အ​တွေးတို့နယ်ချဲ့ရင်း ဖိုင်တွဲတွင်ပါ​​သော ဓါတ်ပုံကို သတိရသွားသည်။
​နောက်ရက်တွင် ထိုပုံကိုယူခဲ့ပြီး စိုင်းကို​ပေးလိုက်ကာ ဆက်၍စုံစမ်း​စေသည်။

"ဒီလူကိုရ​အောင်ရှာရမယ် စိုင်း...
သူတစ်ခုခု​တော့ သိထားမှာပဲ...
ဦး​အေးမ​ပြောခဲ့တာ​တွေ သူ​ပြောပြနိုင်​လောက်တယ်..."

ရုံးခန်းထဲမှ စိုင်းထွက်သွားသည်နှင့် ထိုင်ခုံ​နောက်မှီကိုမှီကာမျက်လုံးများကို မှိတ်ထားလိုက်သည်။

ရက်စက်အကြည်းတန်တဲ့ အမှန်တရားတစ်ခု​နောက်ကွယ်မှာ တရားမျှတမှုကင်းမဲ့စွာ ​သေဆုံးခဲ့ရတဲ့မာမီ...
မာမီ့ရဲ့ဝိညာဥ်ဟာ ​အေး​အေးချမ်းချမ်းရှိ​နေပါ့မလား...
ဘယ်​လောက်​တောင်ကြာခဲ့ပြီလဲ... ဒီအဖြစ်အပျက်​တွေက...
သားသိလိုက်ရတဲ့အချိန်က ​နောက်ကျ​နေပြီမလား မာမီ...
ဒါ​ပေမဲ့ အပြစ်သားတစ်​ယောက်ကို အပြစ်​ပေးဖို့က​တော့ ဘယ်​​တော့မှ​နောက်ကျတယ်ဆိုတာမရှိပါဘူး...
သားအားလုံးကို ​ဖော်ထုတ်ပြီး မာမီ့ရဲ့မတရားသဖြင့် ​​သေဆုံးမှုကို ပြန်ပြီး​ပေးဆပ်ခိုင်းမှာပါ...
မာမီ့ဝိညာဥ်​အေး​ဆေးစွာ အနားယူနိုင်ဖို့ သားအစွမ်းကုန်ကြိုးစားမှာပါ...

~~~~~~~~~~~~~~~~~~~~

Zawgyi...

လြန္းရဲ႕စိတ္​ေတြ ပ်ံ့လြင့္​ေနခ်ိန္တိုင္း ဖန္းက စိတ္​ေပါ့ပါး​ေစရန္ အ​ေၾကာင္းအရာတစ္ခုကို အာ႐ုံစိုက္မိ​ေအာင္ အၿမဲလုပ္​ေပး​ေလ့ရွိသည္။ အ​ေပါင္းအသင္းနည္း​ေသာ လြန္းအဖို႔ ဖန္းက အလြန္ခင္မင္ရင္းႏွီးရ​ေသာ သူငယ္ခ်င္းတစ္​ေယာင္ပင္မဟုတ္ပါလား။

တစ္လနီးပါး​ေလာက္ လြန္းအိမ္မျပန္ျဖစ္​ေသး။ ရွိုင္းသန့္ႏွင့္ဖုန္း​ေျပာလွ်င္လည္း အ​ေနအထိုင္အစားအ​ေသာက္အဆင္​ေျပ​ေၾကာင္း​ေလာက္​သာ ​ေျပာျဖစ္သည္။ အျခားမည္သည့္အ​ေၾကာင္းအရာမွ မ​ေျပာျဖစ္ၾက။ တစ္ခါတရံ ညစာလာပို႔တတ္​ေသာ ကိုစိုင္းဆီမွ ၾကားရသည့္ ဖဲလ္က အိမ္သို႔ခဏခဏအလည္လိုက္တတ္သည္ဆို​ေသာသတင္း​ေၾကာင့္လည္း အိမ္သို႔မျပန္ျဖစ္တာပါသည္။

ဒီတစ္ပတ္​​ေက်ာင္းပိတ္ရက္တြင္လည္း အိမ္ျပန္ဖို႔အစီအစဥ္မရွိ​ေပ။ စိတ္​ေျပလက္​ေပ်ာက္လည္းျဖစ္​ေအာင္ ဖန္းတိုက္ခန္းသို႔ သြားလည္ၿပီး မုန့္လုပ္စားၾကရန္ စိတ္ကူးလိုက္သည္။

စ​ေန​ေန႕တ​ေနကုန္ ဖန္း၏တိုက္ခန္းတြင္ ကုန္ဆုံးျဖစ္သည္။ ည​ေန​ေစာင္းမွ လြန္းသူ႕တိုက္ခန္းသို႔ျပန္ခဲ့သည္။ ​ေရမိုးခ်ိဳးၿပီး စာၾကည့္ရန္ျပင္စဥ္ ဖုန္းမွအသံျမည္လာ၍​ေကာက္ယူၾကည့္လိုက္​ေတာ့ သူမသိ​ေသာ နံပါတ္စိမ္းတစ္ခုျဖစ္သည္။ လြန္း မည္သူမွန္းမသိ​ေသာ္လည္း ​​ေတြ​ေဝမ​ေနဘဲအစိမ္း​ေရာင္ခလုတ္ကို ႏွိပ္လိုက္သည္။

"​ဟယ္လို... ဘယ္သူပါလဲခင္ဗ်"

"တို႔ပါလြန္း... ရွိုင္းရဲ႕ဇနီး​ေလာင္း ဖဲလ္"

ဘာ​ေၾကာင့္ ဖဲလ္က သူ႕ကိုဖုန္း​ေခၚရတာလဲ...
လြန္းခဏမွ် စိတ္ထင့္​သြား​ေသာ္လည္း အ​ေၾကာင္းအရင္းကိုသိလိုသျဖင့္ ျပန္​ေမးလိုက္သည္။

"ဟုတ္ပါၿပီ အစ္မဖဲလ္...ဘာကိစၥရွိလို႔ပါလဲ"

"ဖဲလ္ မင္းနဲ႕​ေတြ႕ၿပီး ​ေျပာခ်င္တာရွိလို႔... မနက္ျဖန္ဆို ျဖစ္တယ္မလား"

"ဘာကိစၥမို႔ ​ေတြ႕မွျဖစ္မွာပါလဲ အစ္မဖဲလ္"

"​ေတြ႕မွ​ေျပာၾကတာ​ေပါ့... မနက္ျဖန္ မနက္၁၀နာရီ ×××ဆိုင္ကို လာခဲ့ပါ... မင္းလာကိုလာမွ ျဖစ္မယ္ထင္တယ္​​ေနာ္...
စိတ္ဝင္စားစရာ အ​ေၾကာင္းအရာ​ေလး​ေတြ​ေပါ့...ဒါပဲ​ေနာ္"

လြန္း၏တုံ႕ျပန္မႈကိုမ​ေစာင့္​ေတာ့ဘဲ ဖဲလ္ဘက္က ဖုန္းကိုအရင္ခ်သည္။

ဘာကိစၥမို႔ အခုလို အပိုင္စီးၿပီး​ေျပာသြားရတာလဲ...
ကိုကိုနဲ႕မ်ား ပတ္သက္လို႔လား...
ဧကႏၲ ကိုကိုက... လက္ခံလိုက္တာမ်ားလား...

အိမ္သို႔မျပန္​​ေသာရက္မ်ား၊ ကိုကို႔ကိုယ္​ေရးကိုယ္တာကိစၥမ်ားႏွင့္ အဆက္အသြယ္ျပတ္ေန​ေသာ ရက္မ်ားအတြင္း ဘာ​ေတြမ်ားျဖစ္သြားတာလဲ...
ကိုစိုင္းဆီက သိရသည္ကလည္း ဖဲလ္အိမ္အလည္လိုက္တတ္သည့္ ကိစၥပင္ရွိသည္။ ကိုကို႔ကိစၥမ်ားကို ဖုန္း​ေျပာသည့္အခါတိုင္း မ​ေမးျဖစ္ခဲ့သည္ကိုပင္ လြန္း​ေနာင္တရမိသည္။

အစ္မဖဲလ္​ေျပာမည့္ကိစၥကို သိလိုစိတ္က အိပ္မရ​ေလာက္​ေအာင္ပင္ ထိန္းသိမ္းမရ​ေတာ့။ ​ေနာက္ဆုံးတြင္ ကိုကို႔ဆီ ဖုန္းဆက္​​ေမးရန္သာ ဆုံးျဖတ္မိသည္။

"ဟယ္လို ကိုကို... အိပ္​ေတာ့မွာလား"

"မအိပ္​ေသးပါဘူး ညီညီရဲ႕... ထူးထူးဆန္းဆန္းဖုန္း​ေတြဘာ​ေတြ ဆက္လို႔ပါလား... ဘာ​​ေျပာစရာရွိလို႔လဲ"

ကိုကို႔​ေလသံက ထူးျခားမ​ေနပါ။ ​ေျပာ​ေနက်အတိုင္း ​ေပါ့​ေပါ့ပါးပါးႏွင့္ပင္။

"ဟို...ကိုကို.. ညီညီ့ကို​ေျပာစရာမရွိဘူးလား"

"ညီညီက ဆက္တာ​ေလ... ကိုကို႔မွာမရွိပါဘူး"

ဟန္​ေဆာင္လိမ္ညာမႈမပါ​ေသာ အသံႏွင့္ ရွိုင္းသန့္​ေျဖျဖစ္သည္။
လြန္းအနည္းငယ္ စိတ္​ေအးကာ...

"အင္းပါ... ဘာမွမဟုတ္ပါဘူး... ကိုကို႔ကို သတိရလို႔... ​ေနာက္အပတ္အိမ္ျပန္လာမယ္လို႔ ​ေျပာမလို႔"

"တကယ္ဆိုရင္​ေတာ့ ​ေဟာ့ဒီက ကိုကိုကအ​ေပ်ာ္ဆုံး​ေပါ့...
အိပ္​ေတာ့ညီညီ...ညဥ့္နက္​ေနၿပီ...
Good night"

"good night ကိုကို"

လြန္းဖုန္းခ်ၿပီး​ေတာ့ အ​ေတြးခန္းထပ္ဝင္ရသည္။ ဒါဆို အစ္မဖဲလ္​ေျပာခ်င္တာ ဘာမ်ားလဲ...

ညကအိပ္မ​ေပ်ာ္​ေသာ္လည္း မနက္ခင္းတြင္ အ​ေစာႀကီးနိုး​ေန​ေလသည္။ ​ေခါင္းၾကည္​ေစရန္ ​ေကာ္ဖီခါးတစ္ခြက္ကို​ေဖ်ာ္​​ေသာက္ကာ ၁၀နာရီထိုးရန္သာ ထိုင္​ေစာင့္မိ​ေတာ့သည္။

.........

​ေကာ္ဖီဆိုင္​သို႔ လြန္းအရင္​ေရာက္သည္။ ခဏအၾကာဖဲလ္​ေရာက္လာၿပီး သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္သည္။ ထို႔​ေနာက္ အိတ္ထဲမွဖုန္းကိုထုတ္ကာ လြန္း၏ DNA reportကိုရိုက္ယူထား​ေသာပုံကို ျပလိုက္သည္။

"မင္းက မထင္ရဘူး​ေနာ္... ဒီကိစၥကို ရွိုင္းမသိ​​ေသးဘူးမလား... ဘာလို႔လွ်ို႔ဝွက္ထားပါလိမ့္"

ဖုန္းထဲက ျမင္ရ​ေသာပုံ​ေၾကာင့္ လြန္းမ်က္လုံးမ်ားျပဴးက်ယ္သြားသည္။

"ဒီ...ဒီပုံကို ဘယ္လိုရလာတာလဲ...
အစ္မဖဲလ္ ဒါက သူတပါးအိမ္ကို ​​ေဖာင္ထြင္းမႈ​ေနာ္"

"အို... အဲဒါက အခုအ​ေရးႀကီးလား... ​ေျပာပါဦး ရွိုင္းကိုအသိမ​​ေပးဘဲ လွ်ို႔ဝွက္ထားတာ ဘာ​ေၾကာင့္ဆိုတာ"

လြန္းပုံကို စိုက္ၾကည့္၍ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးကာ...

"ကြၽန္​ေတာ့အ​ေၾကာင္းနဲ႕ ကြၽန္​ေတာ္ပါ...
ကြၽန္​ေတာ္က အစ္မတို႔ႏွစ္ေယာက္ကိစၥကို ဝင္စြက္ဖက္မွာမဟုတ္တဲ့အတြက္ ဒီဟာနဲ႕ ၿခိမ္း​ေျခာက္စရာမလိုပါဘူး...
ကိုကိုသိသြားလည္း အစ္မဖဲလ္အတြက္ အက်ိဳးရွိမယ္မထင္ဘူး..."

"ဟား... ဘာကိုအက်ိဳးမရွိရမွာလဲ...
အနည္းဆုံး​ေတာ့ သားအရင္းမဟုတ္တဲ့မင္းက အ​ေမြတစ္ဝက္ရမဲ့ကိစၥ ျပန္ဆင္ျခင္ရမွာ​ေပါ့...
ၿပီး​ေတာ့ ရွိုင္းသိသြားခဲ့ရင္မ်ားဆိုၿပီး မင္းရပိုင္ခြင့္​ေတြ မဆုံးရႈံးရ​ေအာင္ရွိုင္းကို အပိုင္ဖမ္းထားတဲ့ကိစၥ​ေလးလည္း သိသာ​သြားတာ​ေပါ့"

ဖဲလ္စကားမ်ား​ေၾကာင့္ လြန္းလက္​ေတြတုန္လာၿပီး မ်က္လုံးတို႔လည္း နီရဲလာသည္။ ​ေဒါသကိုထိန္းမထား​ေတာ့ဘဲ လႊတ္ထုတ္မိသည္ထင္သည္။ စားပြဲကိုခပ္ၾကမ္းၾကမ္းရိုက္ခ်၍ မတ္တပ္ရပ္လိုက္ကာ ထိုင္​ေန​ေသာဖဲလ္ကိုငုံ႕ၾကည့္ၿပီး...

"ဒါဆိုလည္း အနည္းဆုံး​ေတာ့ ကိုကိုက ခင္ဗ်ားကို လက္ခံဦးမွ​ေလ"

​​ေျပာၿပီးသည္ႏွင့္ ဆိုင္ထဲမွ ခ်က္ခ်င္းထြက္ခဲ့လိုက္သည္။

လြန္းအမုန္ဆုံးက ဒီလို မထိတထိစကား​ေတြပါပဲ...
သူ႕ကို ဒီလိုအရာ​ေတနဲ႕ ႏွိုင္းယွဥ္တန္ဖိုးျဖတ္တာ...

​ေကာ္ဖီဆိုင္တြင္ ထိုင္လ်က္က်န္ခဲ့သူက ဖဲလ္...

မင္းကငါ့ကို စိန္​ေခၚလိုက္တာပဲ လြန္း...
မင္းနဲ႕ငါနဲ႕ ဘယ္သူနိုင္မလဲ ​ေစာင့္ၾကည့္ၾကတာ​ေပါ့...

.........

ဒယ္ဒီ့စာၾကည့္ခန္းထဲမွ ​ေတြ႕ရ​ေသာဖိုင္တြဲ​ေၾကာင့္ ရွိုင္းသန့္ ညတိုင္းအိပ္မ​ေပ်ာ္။ စိတ္က ထိုကိစၥဆီသာ ​ေရာက္​ေနတတ္သည္။ အလုပ္ကလည္း ပစ္ထားလို႔မျဖစ္... အထူးသျဖင့္ ဖဲလ္တို႔ကုမၸဏီက ဖိအား​ေပး​ေနသည့္အခ်ိန္...

စိတ္ၿငိမ္​ေနသည့္အခ်ိန္တြင္ ရွိုင္းသန့္ထိုကိစၥကိူ အစအဆုံး စုံစမ္းရန္ ဆုံးျဖတ္လိုက္သည္။ မာမီ့​ေသဆုံးမႈက သူထင္သလို၊ ဒီဖိုင္တြဲက ​ေထာက္ျပသလို အက္ဆီးဒန့္​ေၾကာင့္မဟုတ္ဘဲ တမင္ႀကံစည္ထားျခင္းျဖစ္​ေၾကာင္း ​ေဖာ္ထုတ္ရမည္။

မိမိအတြင္း​ေရးကိစၥမ်ားျဖစ္သျဖင့္ အျခားသူမ်ားကို မည္သို႔မွမယုံၾကည္နိုင္။ ကိုယ္တိုင္စုံစမ္းရန္မွာလည္း အလုပ္တစ္ဖက္ႏွင့္ မအားလပ္။ တစ္​ေယာက္​ေသာသူသာ အားကိုရာရွိ​​ေတာ့သည္။ အယုံၾကည္ရဆုံး စိုင္းပင္။

ဦး​ေအး​​ေက်ာ္လည္း ဒီကိစၥကို သိသင့္သ​ေလာက္ သိတန္ရာသည္။ ဒယ္ဒီ့လူယုံမဟုတ္ပါလား။ သူစိုင္းကို ယုံၾကည္အားကိုးသလိုပင္ ဒယ္ဒီလည္း ဦး​ေအးကို တစ္စိတ္တပိုင္းပဲျဖစ္ျဖစ္ စုံစမ္းခိုင္းဖူးပါလိမ့္မည္။ ထို႔​ေၾကာင့္ စိုင္းကိုအ​ေၾကာင္းစုံ​ေျပာျပကာ တိတ္တဆိတ္​စုံစမ္းရန္ ​ေစခိုင္းသည္တြင္ ဦး​ေအး​ေက်ာ္ကိုစ၍ ​ေမးျမန္း​ေစသည္။

စိုင္းကတဆင့္ ဦး​ေအး​ေက်ာ္ဆီမွ သိလာရသည္မ်ားက ရွိုင္းသန့္ သံသယတို႔မွန္သည္ဆိုတာပင္။ သို႔​ေသာ္ စုံစမ္းမႈ ဆက္မလုပ္ရန္ ​​ေျပာ​ေသးသည္တဲ့။

မာမီ့​ေသဆုံးမႈက ​ေသြးရိုးသားရိုးမဟုတ္ခဲ့ရင္​ေတာ့ အမႈမွန္​ေပၚသည္အထိ ဆက္စုံစမ္းရမွာပဲ...
ဘာလို႔တားရတာလဲ ဦး​ေအး...
ဦး​​ေအးစကားကို အၿမဲတ​ေစနား​ေထာင္ခဲ့​ေပမဲ့ ဒီတခါ​ေတာ့ ကြၽန္​ေတာ့ခံစားခ်က္​ေတြေနာက္ လိုက္ပါရ​ေစ...

ရွိုင္းသန့္ အ​ေတြးတို႔နယ္ခ်ဲ့ရင္း ဖိုင္တြဲတြင္ပါ​​ေသာ ဓါတ္ပုံကို သတိရသြားသည္။
​ေနာက္ရက္တြင္ ထိုပုံကိုယူခဲ့ၿပီး စိုင္းကို​ေပးလိုက္ကာ ဆက္၍စုံစမ္း​ေစသည္။

"ဒီလူကိုရ​ေအာင္ရွာရမယ္ စိုင္း...
သူတစ္ခုခု​ေတာ့ သိထားမွာပဲ...
ဦး​ေအးမ​ေျပာခဲ့တာ​ေတြ သူ​ေျပာျပနိုင္​ေလာက္တယ္..."

႐ုံးခန္းထဲမွ စိုင္းထြက္သြားသည္ႏွင့္ ထိုင္ခုံ​ေနာက္မွီကိုမွီကာမ်က္လုံးမ်ားကို မွိတ္ထားလိုက္သည္။

ရက္စက္အၾကည္းတန္တဲ့ အမွန္တရားတစ္ခု​ေနာက္ကြယ္မွာ တရားမွ်တမႈကင္းမဲ့စြာ ​ေသဆုံးခဲ့ရတဲ့မာမီ...
မာမီ့ရဲ႕ဝိညာဥ္ဟာ ​ေအး​ေအးခ်မ္းခ်မ္းရွိ​ေနပါ့မလား...
ဘယ္​ေလာက္​ေတာင္ၾကာခဲ့ၿပီလဲ... ဒီအျဖစ္အပ်က္​ေတြက...
သားသိလိုက္ရတဲ့အခ်ိန္က ​ေနာက္က်​ေနၿပီမလား မာမီ...
ဒါ​ေပမဲ့ အျပစ္သားတစ္​ေယာက္ကို အျပစ္​ေပးဖို႔က​ေတာ့ ဘယ္​​ေတာ့မွ​ေနာက္က်တယ္ဆိုတာမရွိပါဘူး...
သားအားလုံးကို ​ေဖာ္ထုတ္ၿပီး မာမီ့ရဲ႕မတရားသျဖင့္ ​​ေသဆုံးမႈကို ျပန္ၿပီး​ေပးဆပ္ခိုင္းမွာပါ...
မာမီ့ဝိညာဥ္​ေအး​ေဆးစြာ အနားယူနိုင္ဖို႔ သားအစြမ္းကုန္ႀကိဳးစားမွာပါ...

© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі