Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 18
Unicode...

ရှိုင်းသန့်၏အခန်းထဲ​ရောက်သည်နှင့် ​နေရာလပ်မကျန် ​မွှေ​နှောက်ရှာ​ဖွေကြည့်သည်။ အဝတ်ဗီရို၏ အံဆွဲတစ်ခုကို​သော့ခတ်ပိတ်ထားသည်ကို ​တွေ့ရ၍ ​သော့ကို​​နေရာအနှံ့ရှာကြည့်​သော်လည်း မ​တွေ့ရ။ အခြား​​နေရာများတွင်လည်း သူလိုချင်​သောတစ်စုံတရာကို ရှာမ​တွေ့သည့်ပုံ...

ဖဲလ်ကြံရာမရဖြစ်ကာ ရှိုင်းသန့် စာကြည့်စားပွဲ၏ ထိုင်ခုံအ​ပေါ်ခဏထိုင်ချလိုက်သည်။ စားပွဲ​ပေါ်တွင် ယှဥ်တွဲလျက်​တွေ့ရသည်က ​မှန်ဘောင်သွင်းထားသည့် ရှိုင်းသန့်ငယ်ငယ်ကရိုက်ထား​သော မိသားစုဓါတ်ပုံနှင့် ကမ်း​ခြေတစ်ခုတွင် လွန်းနှင့်တွဲရိုက်ထားသည့် ဓါတ်ပုံတစ်ပုံ...

ထိုပုံကိုမှန်​ဘောင်မှထုတ်ယူကာ ​သေချာစူးစိုက်စွာကြည့်ရင်း မျက်လုံးတို့က ဝင်းလက်သွားသည်။ ရှိုင်းသန့်အခန်းမှ ချက်ချင်းထွက်ကာ ​အောက်ထပ်က​ဒေါ်​လေး၏အ​ခြေအ​နေကို တစ်ချက်ကြည့်ပြီး လွန်းအခန်းဆီ ကူးသွား​တော့သည်။

လွန်း၏အခန်းတွင် ​နေရာအနှံ့ရှာ​ဖွေပြီးချိန် ကုတ်နံပါတ်နှင့်ပိတ်ထား​သော ​သေတ္တာတစ်လုံးကို ဗီရို​အောက်​တွင်​တွေ့ရသည်။ ထို​သေတ္တာကိုယူသွားရန်​တော့ မဖြစ်နိုင်။ ဖြစ်နိုင်​ချေရှိ​သော နံပါတ်များကိုစဥ်းစားရ​အောင်လည်း လွန်းအ​ကြောင်းသိထားသည်က ရှိုင်းသန့်၏ ညီဆိုသည့်အချက်တစ်ချက်တည်း...

မှန်လိုမှန်ငြား ရှိုင်းသန့်၏​မွေး​နေ့ရက်စွဲကို ရိုက်ကြည့်​​သော်လည်း ပွင့်မသွား။ အတန်ကြာသည်အထိ ဖဲလ်စဥ်းစား​သော်လည်း မည်သည့်အ​ကြောင်းအရာမှ ​​ခေါင်းထဲ​ပေါ်မလာတာ​ကြောင့် လက်​လျှော့လိုက်ကာ ​​သေတ္တာကို ​နေရာတကျပြန်ထားပြီး လွန်း၏စားပွဲ​ပေါ်တွင်တင်ထား​သော မိမိပိုက်ဆံအိတ်ကို​ကောက်ယူလိုက်​တော့ ဇစ်ပွင့်​နေ​သောအိတ်၏အတွင်းမှ ခုနကယူလာမိ​သောဓါတ်ပုံကို​တွေ့ရသည်။ ထိုဓါတ်ပုံကို တစ်ဖန်ပြန်၍ယူကြည့်ကာ ​ဒေါသ​တို့​ကြောင့် ဓါတ်ပုံအနားစတို့ကို လက်နှင့်ကျစ်ကျစ်ပါ​​အောင် ဆုပ်​ချေမိသည်။ ဆုပ်​ချေထား​သော အနားစဆီအ​ကြည့်​ရောက်မိ​တော့ ရက်စွဲတစ်ခုကို​တွေ့သည်။ ​တွေ​ဝေမ​နေ​တော့ဘဲ ​သေတ္တာကိုပြန်ထုတ်ကာ ထိုရက်စွဲကို ရိုက်ထည့်လိုက်သည်။

ပွင့်သွား​သော​သေတ္တာ​ကြောင့် ဖဲလ်​ကျေနပ်စွာပြုံးကာ အထဲတွင်ရှိသည့် စာရွက်စာတမ်းများအားလုံးကို ထုတ်ယူပြီး ​သေချာကြည့်သည်။ စာရွက်တစ်ရွက်​ကို​တွေ့​တော့ ဖဲလ်မျက်လုံးများပြူးကျယ်သွားကာ ​အောင်နိုင်သူတစ်​ယောက်လို အားပါစွာပြုံးလိုက်​လေသည်။

ထိုစာရွက်ကိုဓါတ်ပုံရိုက်ယူကာ အားလုံးကို​နေရာတကျပြန်ထားပြီး လွန်းအခန်းထဲမှ ထွက်ခဲ့သည်။ ထို့​နောက် ရှိုင်းသန့်အခန်းသို့ပြန်သွားကာ ဓါတ်ပုံကိုမှန်​​ဘောင်ထဲပြန်ထည့်​ပေးခဲ့သည်။ ​အောက်သို့ဆင်း၍ ​ဒေါ်​လေးကိုနှုတ်ဆက်ပြီး အိမ်မှ ထွက်ခွာ​သွား​လေသည်။

ထင်တဲ့အတိုင်းပါပဲလား...
ဒီကိစ္စကို ရှိုင်းသိ​သေးမယ်မထင်ဘူး...
လွန်းသုတ...လွန်းသုတ...
ဟက်... အပြစ်ကင်းသလိုမျက်နှာနဲ့ လည်​တော့လည်သားပဲ...
ဦးမိုးနိုင်ရဲ့ အ​မွေ​တွေအကုန်လုံးကို ရှိုင်းတစ်​ယောက်ပဲ ပိုင်​စေရမယ်...
အခုတည်းက မင်း ရှုံး​နေပြီးသားပဲ လွန်း...

.................

လွန်း စိတ်အ​ခြေအ​နေမ​ကောင်းသလို ရှိုင်းသန့်လည်း စိတ်မ​ကောင်းဖြစ်ရသည်။ ကြားထဲတွင် ဖဲလ်ကပါ အိမ်ကိုလိုက်လာတတ်သဖြင့် စိတ်ပါရှုပ်ရသည်။ လွန်းအိမ်ပြန်မလာ​သော ​ကျောင်းပိတ်ရက်များတွင် ဖုန်းဆက်ကာ အကျိုးအ​ကြောင်း​မေးချင်​သော်လည်း စိတ်အ​နှောင့်အယှက်ဖြစ်မည်စိုး၍ မဆက်သွယ်ဖြစ်။

ဖဲလ်ကသူ့အ​ဖေအ​ကြောင်း​ပြောခဲ့ဖူး၍လားမသိ... ရှိုင်းသန့် ဒယ်ဒီ့ကိုလွမ်းမိသဖြင့် ဖဲလ်အိမ်မလာ​သော ရုံးပိတ်ရက်တစ်ခုတွင် ဒယ်ဒီဆုံးပြီးကတည်းက ​သော့ခတ်ထား​သော စာကြည့်ခန်းသို့ဝင်ကာ ဒယ်ဒီနှင့်မာမီတို့၏ အမှတ်တရများကို ပြန်ကြည့်ဖြစ်သည်။

ဒယ်ဒီက သူ့ဘဝထဲက​နေ မာမီထွက်သွားခဲ့လို့ မာမီ့လို့ သူ့အ​ပေါ်ဂရုစိုက်အလိုက်သိ​ပေးတတ်​သော လွန်းကို အစားထိုး​ခေါ်လာ​ပေးတာလား...
ဒယ်ဒီလည်း အချိန်မတန်ခင် သူ့ဘဝထဲကထွက်သွားရမှာသိလို့ ​ကောင်း​ကောင်းဆိုးဆိုး အနားမှာအမြဲရှိ​နေ​ပေးမဲ့လွန်းကို သူ့​ဘေးမှာထားသွားတာလား...

ဒယ်ဒီက အလုပ်စားပွဲ၏ အံဆွဲတစ်ထပ်ချင်းစီတွင် အ​ရေးကြီးသည့်အရာများကို အမျိုးအစားအလိုက် စီထည့်တတ်သည်။
အလုပ်နှင့်သက်ဆိုင်သည့် အ​ရေးကြီးစာရွက်စာတမ်းများ၊ အိမ်ခြံ​မြေနှင့် အခြားပိုင်ဆိုင်မှုစာရွက်စာတမ်းများ၊ မိသားစုနှင့်ကိုယ်​ရေးကိုယ်တာ အ​ရေးကြီးကိစ္စများ စသည်စသည် တစ်ကန့်ချင်း ခွဲထားသည်။

ရှိုင်းသန့်ထိုအံဆွဲများကို တစ်ခုချင်းဖွင့်ကြည့်ရင်းမှ ဒယ်ဒီနှင့်မာမီတို့၏ လက်ထပ်စာချုပ်ကို​တွေ့ရ​သောအခါ မိသားစုနှင့်သက်ဆိုင်သည့်အမှတ်တရများ ထားရာအံဆွဲဆိုသည်ကို ရိပ်မိသဖြင့် ထိုအံဆွဲထဲမှ အခြား​သောဖိုင်တွဲများကိုပါ ထုတ်ယူကြည့်မိသည်။

မင်္ဂလာ​ဆောင်ဓါတ်ပုံများ၊ ရှိုင်းသန့်တစ်နှစ်ပြည့်​မွေး​နေ့တုန်းက မိသားစုသုံး​ယောက်အတူတူရိုက်ထား​သောဓါတ်ပုံများ၊ အခြားအခြား​သော အမှတ်တရပစ္စည်းများကို တစ်ခုချင်းအ​သေအချာကြည့်ရင်း မျက်ရည်ကျမိ​လေသည်။

ထိုအံဆွဲ၏ ​အောက်ဆုံးတွင်ရှိ​သော ဖိုင်တွဲကိုယူကြည့်လိုက်​သောအခါ အမှတ်ရစရာ တစ်စုံတခုကိုမ​တွေ့ရဘဲ သူနှင့်စိမ်း​နေ​သော အ​ကြောင်းအရာအချို့ကိုသာ​တွေ့ရသည်။

မာမီအလုပ်လုပ်ဖူး​သော ဂျာနယ်တိုက်ဆီသို့ လိပ်မူပြီးပို့ထား​သော စာအိတ်တစ်အိတ်၊
မာမီ့လက်​​​ရေးဖြင့် ​ရေးသားထား​သော စာရွက်များ၊ သတင်းတစ်ခုအတွက် လက်​ရေးမူကြမ်းများဖြစ်​ပုံ​ပေါ်သည်။
CDနှစ်ချပ်နှင့် သူမသိ​သော လူတစ်​ယောက်၏ပုံတစ်ပုံ၊
ထိုပုံ​နောက်​ကျောတွင် လိပ်စာတစ်ခုလည်း​ရေးထားသည်။

ဒယ်ဒီက မာမီ့အလုပ်နှင့်ပတ်သက်၍ ဝင်မစွက်ဖက်ဖူး​ပေ။ အလုပ်ကိစ္စများကိုလည်း မိသားစုကိုယ်​​ရေးကိုယ်တာအ​နေဖြင့် သတ်မှတ်တတ်သည့်သူမဟုတ်။

မာမီ့အလုပ်နှင့် ပတ်သက်သည်ထင်ရ​သောဒီဖိုင်တွဲက ဘာလို့ကိုယ်​​ရေးကိုယ်တာအံဆွဲထဲမှာ ရှိ​နေရတာလဲ...

ရှိုင်းသန့် ထိုဖိုင်တွဲကိုကိုင်ကာ အတန်ကြာဆက်စပ်၍ စဥ်းစားကြည့်သည်။ ဧကန္တ... ငါ့အိပ်မက်ဆိုးနဲ့များ ဆက်သွယ်မှုရှိ​နေမလား...

ထိုသို့​တွေးမိသည်နှင့် ရှိုင်းသန့်တစ်ကိုယ်လုံး တုန်ယင်လာကာ မတ်တပ်ပင်​ကောင်း​ကောင်းမရပ်နိုင်​တော့။ ​ခေါင်းကလည်း ထိုးကိုက်လာသလို။ ရှိုင်းသန့် သူ့ဦး​ခေါင်းကိုဖိကိုင်ပြီး ထိုဖိုင်တွဲကိုယူကာ စာကြည့်ခန်းထဲမှထွက်ခဲ့ပြီး သူ့အခန်းဆီသို့ ​ပြေးဝင်သွားသည်။

ဖိုင်ထဲတွင်ပါ​သော CDနှစ်ချပ်ကိုယူကာ သူ့laptopနှင့် တစ်ချပ်ကိုအရင်ဖွင့်ကြည့်သည်။

တစ်ဖက်မှလူငါး​ယောက်က မူးယစ်​ဆေးဝါးဟုထင်ရ​သောအထုပ်​ပေါင်းများစွာကို အခြားတစ်ဖက်မှ လူနှစ်​ယောက်ဆီသို့ လွှဲ​ပေးပြီး ထိုနှစ်​ယောက်က လက်ဆွဲအိတ်နှစ်အိတ်ကို ပြန်လွှဲ​ပေး​နေသည်ကို ​ထောင့်အကွယ်မှ ရှင်းလင်းစွာရိုက်ယူထား​သော ဗီဒီယိုပင်။ တစ်ဖက်မှ လူငါး​ယောက်၏မျက်နှာများကို ​သေချာစွာမြင်​နေရသည်။ အခြားဖက်မှ နှစ်​ယောက်က​တော့ ​နောက်​ကျောကိုသာ မြင်ရသည်။

ဗီဒီယိုပြီးသွားသည်နှင့် ချက်ချင်းထုတ်ပြီး ​နောက်တစ်ချပ်ကို ထည့်လိုက်သည်။
ဒီတစ်ချပ်က ဗီဒီယိုမဟုတ်​တော့။ အသံဖိုင်တစ်ခုဖြစ်သည်။ ရှိုင်းသန့် အသံကိုချဲ့လိုက်ပြီး ​သေချာနားစိုက်​ထောင်သည်။

"mrs.thuta, မင်းလိုက်​နေတဲ့သတင်းကို ဆက်မလိုက်​တော့ရင်​ကောင်းမယ်။ မင်းလိုသ​လောက်​ငွေပမာဏ​ပေးမယ်"

"​​ငွေ...မလိုအပ်ပါဘူး.. ညှိနှိုင်းတဲ့အတွက် ​ကျေးဇူးတင်သလို ရှင်တို့​ပြောသလိုလုပ်မ​ပေးနိုင်တဲ့အတွက် ​တောင်းပန်တယ်"

"ဒါဆိုရင်​တော့ မင်းအသက်အတွက် အာမ မခံနိုင်ဘူး​နော်"

"ခြိမ်း​ခြောက်တာလား... မ​ကြောက်တတ်လို့ ကျွန်မအလုပ်ကိုကျွန်မဆက်လုပ်​နေတာ... မကြာခင်ရှင်တို့အ​ကြောင်း​တွေ သတင်း​တွေထဲမှာ ​စောင့်ကြည့်ဖို့ ပြင်ဆင်ထားလိုက်ပါ"

အသံဖိုင်က ထိုမျှသာ။ Phone recordingတစ်ခုပင်။

ရှိုင်းသန့်လက်နှစ်ဖက်ဖြင့် ​ခေါင်းကိုကိုင်လိုက်ပြီး ဆံပင်များကိုထိုးဖွမိသည်။ မျက်ဝန်းတို့က နီရဲ​နေပြီး အံကိုလည်း ​တင်းတင်းကြိတ်ထားသည်။

ထို့​နောက် ဖိုင်တွဲထဲမှ ဂျာနယ်တိုက်ဆီသို့ လိပ်မူထား​သောစာအိတ်ကို​ဖောက်၍ အထဲကစာကိုဖတ်ကြည့်သည်။ ဂျာနယ်တိုက်မှ သူတို့သတင်းကိုဆက်မလိုက်ရန်၊ မ​ဖော်ပြရန်အတွက် ​ကျေနပ်​လောက်​​သော​ငွေပမာဏကို ညှိနှိုင်း၍​ပေးမည်ဖြစ်​ကြောင်းများကို ​ရေးသားထားသည်။

လက်ဖဝါးဖြင့် စားပွဲကိုခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။ အခုဘာ​တွေခံစား​နေရလဲဆိုတာကို သူကိုယ်တိုင်လည်း မသိ။
​ဒေါသထွက်​နေသည်လား...
ဝမ်းနည်း​နေသည်လား...
ယူကျုံးမရ ဖြစ်​နေသည်လား...

​နောက်ထပ်ဘာဆက်လုပ်ရမည်ဆိုတာလည်းမသိတတ်​တော့။ ​ခွေကိုပြန်ထုတ်ယူကာ ထိုဖိုင်တွဲကို ဗီဒိုထဲရှိ အံဆွဲတစ်ခုတွင်ပစ်ထည့်ပြီး ​သော့ခတ်ထားလိုက်​တော့သည်။

~~~~~~~~~~~~~~~~~~~~

Zawgyi...

ရွိုင္းသန့္၏အခန္းထဲ​ေရာက္သည္ႏွင့္ ​ေနရာလပ္မက်န္ ​ေမႊ​ေႏွာက္ရွာ​ေဖြၾကည့္သည္။ အဝတ္ဗီရို၏ အံဆြဲတစ္ခုကို​ေသာ့ခတ္ပိတ္ထားသည္ကို ​ေတြ႕ရ၍ ​ေသာ့ကို​​ေနရာအႏွံ႕ရွာၾကည့္​ေသာ္လည္း မ​ေတြ႕ရ။ အျခား​​ေနရာမ်ားတြင္လည္း သူလိုခ်င္​ေသာတစ္စုံတရာကို ရွာမ​ေတြ႕သည့္ပုံ...

ဖဲလ္ႀကံရာမရျဖစ္ကာ ရွိုင္းသန့္ စာၾကည့္စားပြဲ၏ ထိုင္ခုံအ​ေပၚခဏထိုင္ခ်လိဳက္သည္။ စားပြဲ​ေပၚတြင္ ယွဥ္တြဲလ်က္​ေတြ႕ရသည္က ​မွန္ေဘာင္သြင္းထားသည့္ ရွိုင္းသန့္ငယ္ငယ္ကရိုက္ထား​ေသာ မိသားစုဓါတ္ပုံႏွင့္ ကမ္း​ေျခတစ္ခုတြင္ လြန္းႏွင့္တြဲရိုက္ထားသည့္ ဓါတ္ပုံတစ္ပုံ...

ထိုပုံကိုမွန္​ေဘာင္မွထုတ္ယူကာ ​ေသခ်ာစူးစိုက္စြာၾကည့္ရင္း မ်က္လုံးတို႔က ဝင္းလက္သြားသည္။ ရွိုင္းသန့္အခန္းမွ ခ်က္ခ်င္းထြက္ကာ ​ေအာက္ထပ္က​ေဒၚ​ေလး၏အ​ေျခအ​ေနကို တစ္ခ်က္ၾကည့္ၿပီး လြန္းအခန္းဆီ ကူးသြား​ေတာ့သည္။

လြန္း၏အခန္းတြင္ ​ေနရာအႏွံ႕ရွာ​ေဖြၿပီးခ်ိန္ ကုတ္နံပါတ္ႏွင့္ပိတ္ထား​ေသာ ​ေသတၱာတစ္လုံးကို ဗီရို​ေအာက္​တြင္​ေတြ႕ရသည္။ ထို​ေသတၱာကိုယူသြားရန္​ေတာ့ မျဖစ္နိုင္။ ျဖစ္နိုင္​ေခ်ရွိ​ေသာ နံပါတ္မ်ားကိုစဥ္းစားရ​ေအာင္လည္း လြန္းအ​ေၾကာင္းသိထားသည္က ရွိုင္းသန့္၏ ညီဆိုသည့္အခ်က္တစ္ခ်က္တည္း...

မွန္လိုမွန္ျငား ရွိုင္းသန့္၏​ေမြး​ေန႕ရက္စြဲကို ရိုက္ၾကည့္​​ေသာ္လည္း ပြင့္မသြား။ အတန္ၾကာသည္အထိ ဖဲလ္စဥ္းစား​ေသာ္လည္း မည္သည့္အ​ေၾကာင္းအရာမွ ​​ေခါင္းထဲ​ေပၚမလာတာ​ေၾကာင့္ လက္​ေလွ်ာ့လိုက္ကာ ​​ေသတၱာကို ​ေနရာတက်ျပန္ထားၿပီး လြန္း၏စားပြဲ​ေပၚတြင္တင္ထား​ေသာ မိမိပိုက္ဆံအိတ္ကို​ေကာက္ယူလိုက္​ေတာ့ ဇစ္ပြင့္​ေန​ေသာအိတ္၏အတြင္းမွ ခုနကယူလာမိ​ေသာဓါတ္ပုံကို​ေတြ႕ရသည္။ ထိုဓါတ္ပုံကို တစ္ဖန္ျပန္၍ယူၾကည့္ကာ ​ေဒါသ​တို႔​ေၾကာင့္ ဓါတ္ပုံအနားစတို႔ကို လက္ႏွင့္က်စ္က်စ္ပါ​​ေအာင္ ဆုပ္​ေခ်မိသည္။ ဆုပ္​ေခ်ထား​ေသာ အနားစဆီအ​ၾကည့္​ေရာက္မိ​ေတာ့ ရက္စြဲတစ္ခုကို​ေတြ႕သည္။ ​ေတြ​ေဝမ​ေန​ေတာ့ဘဲ ​ေသတၱာကိုျပန္ထုတ္ကာ ထိုရက္စြဲကို ရိုက္ထည့္လိုက္သည္။

ပြင့္သြား​ေသာ​ေသတၱာ​ေၾကာင့္ ဖဲလ္​ေက်နပ္စြာၿပဳံးကာ အထဲတြင္ရွိသည့္ စာ႐ြက္စာတမ္းမ်ားအားလုံးကို ထုတ္ယူၿပီး ​ေသခ်ာၾကည့္သည္။ စာ႐ြက္တစ္႐ြက္​ကို​ေတြ႕​ေတာ့ ဖဲလ္မ်က္လုံးမ်ားျပဴးက်ယ္သြားကာ ​ေအာင္နိုင္သူတစ္​ေယာက္လို အားပါစြာၿပဳံးလိုက္​ေလသည္။

ထိုစာ႐ြက္ကိုဓါတ္ပုံရိုက္ယူကာ အားလုံးကို​ေနရာတက်ျပန္ထားၿပီး လြန္းအခန္းထဲမွ ထြက္ခဲ့သည္။ ထို႔​ေနာက္ ရွိုင္းသန့္အခန္းသို႔ျပန္သြားကာ ဓါတ္ပုံကိုမွန္​​ေဘာင္ထဲျပန္ထည့္​ေပးခဲ့သည္။ ​ေအာက္သို႔ဆင္း၍ ​ေဒၚ​ေလးကိုႏႈတ္ဆက္ၿပီး အိမ္မွ ထြက္ခြာ​သြား​ေလသည္။

ထင္တဲ့အတိုင္းပါပဲလား...
ဒီကိစၥကို ရွိုင္းသိ​ေသးမယ္မထင္ဘူး...
လြန္းသုတ...လြန္းသုတ...
ဟက္... အျပစ္ကင္းသလိုမ်က္ႏွာနဲ႕ လည္​ေတာ့လည္သားပဲ...
ဦးမိုးနိုင္ရဲ႕ အ​ေမြ​ေတြအကုန္လုံးကို ရွိုင္းတစ္​ေယာက္ပဲ ပိုင္​ေစရမယ္...
အခုတည္းက မင္း ရႈံး​ေနၿပီးသားပဲ လြန္း...

.................

လြန္း စိတ္အ​ေျခအ​ေနမ​ေကာင္းသလို ရွိုင္းသန့္လည္း စိတ္မ​ေကာင္းျဖစ္ရသည္။ ၾကားထဲတြင္ ဖဲလ္ကပါ အိမ္ကိုလိုက္လာတတ္သျဖင့္ စိတ္ပါရႈပ္ရသည္။ လြန္းအိမ္ျပန္မလာ​ေသာ ​ေက်ာင္းပိတ္ရက္မ်ားတြင္ ဖုန္းဆက္ကာ အက်ိဳးအ​ေၾကာင္း​ေမးခ်င္​ေသာ္လည္း စိတ္အ​ေႏွာင့္အယွက္ျဖစ္မည္စိုး၍ မဆက္သြယ္ျဖစ္။

ဖဲလ္ကသူ႕အ​ေဖအ​ေၾကာင္း​ေျပာခဲ့ဖူး၍လားမသိ... ရွိုင္းသန့္ ဒယ္ဒီ့ကိုလြမ္းမိသျဖင့္ ဖဲလ္အိမ္မလာ​ေသာ ႐ုံးပိတ္ရက္တစ္ခုတြင္ ဒယ္ဒီဆုံးၿပီးကတည္းက ​ေသာ့ခတ္ထား​ေသာ စာၾကည့္ခန္းသို႔ဝင္ကာ ဒယ္ဒီႏွင့္မာမီတို႔၏ အမွတ္တရမ်ားကို ျပန္ၾကည့္ျဖစ္သည္။

ဒယ္ဒီက သူ႕ဘဝထဲက​ေန မာမီထြက္သြားခဲ့လို႔ မာမီ့လို႔ သူ႕အ​ေပၚဂ႐ုစိုက္အလိုက္သိ​ေပးတတ္​ေသာ လြန္းကို အစားထိုး​ေခၚလာ​ေပးတာလား...
ဒယ္ဒီလည္း အခ်ိန္မတန္ခင္ သူ႕ဘဝထဲကထြက္သြားရမွာသိလို႔ ​ေကာင္း​ေကာင္းဆိုးဆိုး အနားမွာအၿမဲရွိ​ေန​ေပးမဲ့လြန္းကို သူ႕​ေဘးမွာထားသြားတာလား...

ဒယ္ဒီက အလုပ္စားပြဲ၏ အံဆြဲတစ္ထပ္ခ်င္းစီတြင္ အ​ေရးႀကီးသည့္အရာမ်ားကို အမ်ိဳးအစားအလိုက္ စီထည့္တတ္သည္။
အလုပ္ႏွင့္သက္ဆိုင္သည့္ အ​ေရးႀကီးစာ႐ြက္စာတမ္းမ်ား၊ အိမ္ၿခံ​ေျမႏွင့္ အျခားပိုင္ဆိုင္မႈစာ႐ြက္စာတမ္းမ်ား၊ မိသားစုႏွင့္ကိုယ္​ေရးကိုယ္တာ အ​ေရးႀကီးကိစၥမ်ား စသည္စသည္ တစ္ကန့္ခ်င္း ခြဲထားသည္။

ရွိုင္းသန့္ထိုအံဆြဲမ်ားကို တစ္ခုခ်င္းဖြင့္ၾကည့္ရင္းမွ ဒယ္ဒီႏွင့္မာမီတို႔၏ လက္ထပ္စာခ်ဳပ္ကို​ေတြ႕ရ​ေသာအခါ မိသားစုႏွင့္သက္ဆိုင္သည့္အမွတ္တရမ်ား ထားရာအံဆြဲဆိုသည္ကို ရိပ္မိသျဖင့္ ထိုအံဆြဲထဲမွ အျခား​ေသာဖိုင္တြဲမ်ားကိုပါ ထုတ္ယူၾကည့္မိသည္။

မဂၤလာ​ေဆာင္ဓါတ္ပုံမ်ား၊ ရွိုင္းသန့္တစ္ႏွစ္ျပည့္​ေမြး​ေန႕တုန္းက မိသားစုသုံး​ေယာက္အတူတူရိုက္ထား​ေသာဓါတ္ပုံမ်ား၊ အျခားအျခား​ေသာ အမွတ္တရပစၥည္းမ်ားကို တစ္ခုခ်င္းအ​ေသအခ်ာၾကည့္ရင္း မ်က္ရည္က်မိ​ေလသည္။

ထိုအံဆြဲ၏ ​ေအာက္ဆုံးတြင္ရွိ​ေသာ ဖိုင္တြဲကိုယူၾကည့္လိုက္​ေသာအခါ အမွတ္ရစရာ တစ္စုံတခုကိုမ​ေတြ႕ရဘဲ သူႏွင့္စိမ္း​ေန​ေသာ အ​ေၾကာင္းအရာအခ်ိဳ႕ကိုသာ​ေတြ႕ရသည္။

မာမီအလုပ္လုပ္ဖူး​ေသာ ဂ်ာနယ္တိုက္ဆီသို႔ လိပ္မူၿပီးပို႔ထား​ေသာ စာအိတ္တစ္အိတ္၊
မာမီ့လက္​​​ေရးျဖင့္ ​ေရးသားထား​ေသာ စာ႐ြက္မ်ား၊ သတင္းတစ္ခုအတြက္ လက္​ေရးမူၾကမ္းမ်ားျဖစ္​ပုံ​ေပၚသည္။
CDႏွစ္ခ်ပ္ႏွင့္ သူမသိ​ေသာ လူတစ္​ေယာက္၏ပုံတစ္ပုံ၊
ထိုပုံ​ေနာက္​ေက်ာတြင္ လိပ္စာတစ္ခုလည္း​ေရးထားသည္။

ဒယ္ဒီက မာမီ့အလုပ္ႏွင့္ပတ္သက္၍ ဝင္မစြက္ဖက္ဖူး​ေပ။ အလုပ္ကိစၥမ်ားကိုလည္း မိသားစုကိုယ္​​ေရးကိုယ္တာအ​ေနျဖင့္ သတ္မွတ္တတ္သည့္သူမဟုတ္။

မာမီ့အလုပ္ႏွင့္ ပတ္သက္သည္ထင္ရ​ေသာဒီဖိုင္တြဲက ဘာလို႔ကိုယ္​​ေရးကိုယ္တာအံဆြဲထဲမွာ ရွိ​ေနရတာလဲ...

ရွိုင္းသန့္ ထိုဖိုင္တြဲကိုကိုင္ကာ အတန္ၾကာဆက္စပ္၍ စဥ္းစားၾကည့္သည္။ ဧကႏၲ... ငါ့အိပ္မက္ဆိုးနဲ႕မ်ား ဆက္သြယ္မႈရွိ​ေနမလား...

ထိုသို႔​ေတြးမိသည္ႏွင့္ ရွိုင္းသန့္တစ္ကိုယ္လုံး တုန္ယင္လာကာ မတ္တပ္ပင္​ေကာင္း​ေကာင္းမရပ္နိုင္​ေတာ့။ ​ေခါင္းကလည္း ထိုးကိုက္လာသလို။ ရွိုင္းသန့္ သူ႕ဦး​ေခါင္းကိုဖိကိုင္ၿပီး ထိုဖိုင္တြဲကိုယူကာ စာၾကည့္ခန္းထဲမွထြက္ခဲ့ၿပီး သူ႕အခန္းဆီသို႔ ​ေျပးဝင္သြားသည္။

ဖိုင္ထဲတြင္ပါ​ေသာ CDႏွစ္ခ်ပ္ကိုယူကာ သူ႕laptopႏွင့္ တစ္ခ်ပ္ကိုအရင္ဖြင့္ၾကည့္သည္။

တစ္ဖက္မွလူငါး​ေယာက္က မူးယစ္​ေဆးဝါးဟုထင္ရ​ေသာအထုပ္​ေပါင္းမ်ားစြာကို အျခားတစ္ဖက္မွ လူႏွစ္​ေယာက္ဆီသို႔ လႊဲ​ေပးၿပီး ထိုႏွစ္​ေယာက္က လက္ဆြဲအိတ္ႏွစ္အိတ္ကို ျပန္လႊဲ​ေပး​ေနသည္ကို ​ေထာင့္အကြယ္မွ ရွင္းလင္းစြာရိုက္ယူထား​ေသာ ဗီဒီယိုပင္။ တစ္ဖက္မွ လူငါး​ေယာက္၏မ်က္ႏွာမ်ားကို ​ေသခ်ာစြာျမင္​ေနရသည္။ အျခားဖက္မွ ႏွစ္​ေယာက္က​ေတာ့ ​ေနာက္​ေက်ာကိုသာ ျမင္ရသည္။

ဗီဒီယိုၿပီးသြားသည္ႏွင့္ ခ်က္ခ်င္းထုတ္ၿပီး ​ေနာက္တစ္ခ်ပ္ကို ထည့္လိုက္သည္။
ဒီတစ္ခ်ပ္က ဗီဒီယိုမဟုတ္​ေတာ့။ အသံဖိုင္တစ္ခုျဖစ္သည္။ ရွိုင္းသန့္ အသံကိုခ်ဲ့လိုက္ၿပီး ​ေသခ်ာနားစိုက္​ေထာင္သည္။

"mrs.thuta, မင္းလိုက္​ေနတဲ့သတင္းကို ဆက္မလိုက္​ေတာ့ရင္​ေကာင္းမယ္။ မင္းလိုသ​ေလာက္​ေငြပမာဏ​ေပးမယ္"

"​​ေငြ...မလိုအပ္ပါဘူး.. ညွိႏွိုင္းတဲ့အတြက္ ​ေက်းဇူးတင္သလို ရွင္တို႔​ေျပာသလိုလုပ္မ​ေပးနိုင္တဲ့အတြက္ ​ေတာင္းပန္တယ္"

"ဒါဆိုရင္​ေတာ့ မင္းအသက္အတြက္ အာမ မခံနိုင္ဘူး​ေနာ္"

"ၿခိမ္း​ေျခာက္တာလား... မ​ေၾကာက္တတ္လို႔ ကြၽန္မအလုပ္ကိုကြၽန္မဆက္လုပ္​ေနတာ... မၾကာခင္ရွင္တို႔အ​ေၾကာင္း​ေတြ သတင္း​ေတြထဲမွာ ​ေစာင့္ၾကည့္ဖို႔ ျပင္ဆင္ထားလိုက္ပါ"

အသံဖိုင္က ထိုမွ်သာ။ Phone recordingတစ္ခုပင္။

ရွိုင္းသန့္လက္ႏွစ္ဖက္ျဖင့္ ​ေခါင္းကိုကိုင္လိုက္ၿပီး ဆံပင္မ်ားကိုထိုးဖြမိသည္။ မ်က္ဝန္းတို႔က နီရဲ​ေနၿပီး အံကိုလည္း ​တင္းတင္းႀကိတ္ထားသည္။

ထို႔​ေနာက္ ဖိုင္တြဲထဲမွ ဂ်ာနယ္တိုက္ဆီသို႔ လိပ္မူထား​ေသာစာအိတ္ကို​ေဖာက္၍ အထဲကစာကိုဖတ္ၾကည့္သည္။ ဂ်ာနယ္တိုက္မွ သူတို႔သတင္းကိုဆက္မလိုက္ရန္၊ မ​ေဖာ္ျပရန္အတြက္ ​ေက်နပ္​ေလာက္​​ေသာ​ေငြပမာဏကို ညွိႏွိုင္း၍​ေပးမည္ျဖစ္​ေၾကာင္းမ်ားကို ​ေရးသားထားသည္။

လက္ဖဝါးျဖင့္ စားပြဲကိုခပ္ၾကမ္းၾကမ္းရိုက္ခ်လိဳက္သည္။ အခုဘာ​ေတြခံစား​ေနရလဲဆိုတာကို သူကိုယ္တိုင္လည္း မသိ။
​ေဒါသထြက္​ေနသည္လား...
ဝမ္းနည္း​ေနသည္လား...
ယူက်ဳံးမရ ျဖစ္​ေနသည္လား...

​ေနာက္ထပ္ဘာဆက္လုပ္ရမည္ဆိုတာလည္းမသိတတ္​ေတာ့။ ​ေခြကိုျပန္ထုတ္ယူကာ ထိုဖိုင္တြဲကို ဗီဒိုထဲရွိ အံဆြဲတစ္ခုတြင္ပစ္ထည့္ၿပီး ​ေသာ့ခတ္ထားလိုက္ေတာ့သည္။

© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі