Part 20
Unicode...
ဓါတ်ပုံနောက်ကျောတွင် ရေးထားသောမပြည့်စုံသည့်လိပ်စာက ဘန်ကောက်တွင် မဟုတ်သည်မို့ အခြားမြို့များတွင်ရှာရန် လူများစေလွှတ်ထားကြောင်း စိုင်းက ပြောပြသည်။ ထို့နောက် သူ၏ ဘိုးဘွားများ နှစ်ပတ်လည်ဖြစ်သဖြင့် မိသားစုလိုက် တောင်ကြီးဘက်သို့တစ်ပတ်ကြာ သွားရန် ခွင့်တောင်းသည်။
ရှိုင်းသန့်လည်း အထွေအထူးစုံစမ်းရန် မလိုသေးတာတစ်ကြောင်း၊ မိသားစုအရေးဖြစ်သဖြင့် ကိုယ်ချင်းစာတာတစ်ကြောင်း တွေဝေမှုမရှိဘဲ ခွင့်ပေးလိုက်သည်။
ခွင့်ယူထားသော စိုင်း၏အလုပ်များပါ ထပ်ပေါင်းလုပ်ရရ၍ ရှိုင်းသန့် အလုပ်ထဲတွင်သာ စိတ်နှစ်ထားသည်။ မဟုတ်လျှင် အထပ်ထပ်ကြားယောင်နေရသော phone recordingကြောင့် စိတ်ခြောက်ချားရသည်။
အရေးကြီးသည့် အစည်းအဝေးတစ်ခုရှိသောနေ့တွင် ကုမ္ပဏီသို့ ဖဲလ်ရောက်လာသည်။ ဒီရက်ပိုင်း ဖဲလ်ပျောက်နေသည်မှာကြာပြီ။ အိမ်ကိုရော ကုမ္ပဏီပါ ရောက်မလာသဖြင့် ရှိုင်းသန့် သူ့ကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေပြီ။ အစည်းအဝေးချိန်နီးမှ ရောက်ချလာသောကြောင့် အနည်းငယ်တော့ စိတ်ခုသွားသည်။
"ဖဲလ် ပြောရမှာအားနာပါတယ်... ခဏနေ အစည်းအဝေးရှိတာကြောင့် ဒီနေ့ဧည့်ခံနိုင်မယ်မထင်ဘူး... ကြာလည်းကြာမှာဆိုတော့ ဖဲလ်စောင့်နေရရင်လည်း အဆင်ပြေမှာမဟုတ်ဘူးထင်တယ်"
"အစည်းအဝေးက ခဏနေမှမလား...အချိန်ရသေးတာပဲ.. ဖဲလ်ပြောမှာက ပိုအရေးကြီးတယ်"
တဇွတ်ထိုးဖဲလ်ကြောင့် ရှိုင်းသန့်အတော်စိတ်ညစ်သွားရသည်။
"ခဏနေမှဆိုပေမဲ့ ပြင်ဆင်ရမှာတွေရှိသေးတာမို့... တောင်းပန်ပါတယ်ဖဲလ်"
ရှိုင်းသန့်စကားများကို နားမယောင်၊ ဖဲလ်က သူ့လက်ဆွဲအိတ်ထဲမှဖုန်းကိုထုတ်ကာ ဓါတ်ပုံတစ်ပုံကိုပြရင်း...
"ဒီကိစ္စထက် ဘယ်ဟာက ပိုအရေးကြီးဦးမှာလဲ ရှိုင်း...
မင်းညီမဟုတ်တဲ့ လွန်းသုတက မင်းကို အချိန်အကြာကြီး လှည့်စားနေတဲ့ကိစ္စလေ"
ရှိုင်းသန့် ဖဲလ်လက်ထဲမှ ဖုန်းကိုလုပြီး ဓါတ်ပုံကိုသေချာစွာစူးစမ်းကြည့်သည်။ ခေါင်းကို တွင်တွင်ခါရင်း...
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး... ဒါတမင်လုပ်ထားတာမလား..
ဒါမှမဟုတ် နာမည်တူတာ.."
"မယုံရင် ဖုံးကွယ်ထားတဲ့ကာယကံရှင်ကို ကိုယ်တိုင်သွားမေးလေ... လုပ်ကြံရအောင်လည်း ဖဲလ်အဲလောက်ထိ မယုတ်မာဘူး...
သူ့အခန်းထဲက လော့ခတ်ထားတဲ့သေတ္တာထဲက ဒီစာရွက်ကိုပြခိုင်းပြီး အတည်ပြုပေါ့"
ဖဲလ်၏ဖုန်းကို သူ့လက်ထဲသို့ပြန်ထည့်ပေးပြီး ကားသော့ကိုယူကာ ရုံခန်းထဲမှပြေးထွက်သွားသည်။ စင်္ကြံလျှောက်လမ်းတွင် သူ့ရုံးခန်းသို့လာနေသော အတွင်းရေးမှူးမလေးနှင့် မျက်နှာချင်းဆိုင်တွေ့တော့...
"Boss...အစည်းအဝေးစတော့မှာလေ.. ဘယ်သွားမလို့လဲ"
ထိုကောင်မလေးစကားကြောင့် ရှိုင်းသန့်ခြေလှမ်းတို့ ရပ်တန့်သွားကာ သူ့ကိုပြန်လှည့်ကြည့်ပြီး...
"ဖျက်လိုက်တော့" ဟူ၍သာပြောကာ ကားပါကင်ဆီသို့ ခြေလှမ်းကျဲများဖြင့် ဆက်လျှောက်ခဲ့သည်။
အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားလေး၏ ဦးတည်ရာက လွန်း၏တက္ကသိုလ်ဆီသို့။ ဌာနရှေ့ရောက်သောအခါ လွန်းကို ဖုန်းဆက်သည်။
ဖုန်းမကိုင်ဘဲ မက်ဆေ့ချ်တစ်စောင်ဝင်လာသည်။ စာသင်နေ၍ ဖုန်းပြောလို့မရကြောင်း...
အရေးကြီး၍ ချက်ချင်းထွက်လာခဲ့ရန် ပြန်ပို့လိုက်ပြီး စီယာတိုင်ကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ပေါ်သို့ နဖူးကို အပ်ထားသည်။
မိနစ်၂၀ခန့်ကြာသောအခါ လွန်းကားထဲကို ဝင်လာသည်။
"စာသင်နေရင်း ထွက်မရလို့ နည်းနည်းကြာသွားတယ် ကိုကို...
ဘာအရေးကြီးလို့လဲ"
လွန်းဝင်လာသည်နှင့် မည်သည့်စကားမှပြန်မပြောဘဲ ကားစက်နှိုးကာ တရကြမ်းမောင်းထွက်တော့ လွန်းစိတ်ပူစွာ ကိုကို့ကိုကြည့်ပြီး မေးလိုက်သည်။
"ဘယ်သွားမှာလဲ ကိုကို...
ဘာဖြစ်လို့လဲ... ကိုကိုဘာဖြစ်လာတာလဲ"
လွန်းဘာပဲပြောပြော ဂရုမစိုက်ဘဲ အိမ်သို့သာ အမြန်ရောက်ချင်သော ဆန္ဒနှင့် မောင်းနှင်လေသည်။
အိမ်သို့ရောက်သောအခါ လွန်းလက်ကိုခပ်ကြမ်းကြမ်းဆွဲကာ လွန်းအခန်းဆီသို့ ခေါ်သွားသည်။ ထို့နောက် အခန်းတံခါးကို အားနှင့်ပိတ်ချလိုက်ပြီး ဒေါသတို့ပြည့်နှက်နေသော မျက်ဝန်းတို့ဖြင့် လွန်းကိုကြည့်ကာ ပြောမထွက်သောစကားများကို အားယူ၍ တစ်လုံးချင်းစီထွက်ကျလာအောင် ကြိုးစားသည်။
"မင်းကိုယ်တိုင် အဲဒီစာရွက်ကိုထုတ်ပြမှာလား...
ငါကိုယ်တိုင်ရှာရမှာလား"
ကိုကိုဆိုလိုသောအကြောင်းအရာကို လွန်း ချက်ချင်းနားလည်လိုက်ပါသည်။ ခေါင်းကို တဆတ်ဆတ်ငြိမ့်ကာ ဝိုင်းစက်နေသောမျက်ဝန်းအစုံဖြင့် ကိုကို့ကိုကြည့်ကာ...
"ဟုတ်ပါတယ် ကိုကို... အဲဒါအမှန်ပါ...
ညီညီဖုံးကွယ်ထားမိတဲ့ အမှန်တရားပါ"
"မယုံဘူး...မဟုတ်ဘူး... မင်းငါ့ကို အဲစာရွက်ခုချက်ချင်းပြစမ်း"
လေသံတို့က တင်းမာလာကာ တချက်တချက်ပြတ်တောက်သွားသောအနေအထားက ရှိုင်းသန့်၏ တုန်လှုပ်ခြောက်ချားနေသောစိတ်ကို ပေါ်လွင်စေသည်။ လွန်း ငြင်းဆန်ခြင်းမရှိဘဲ ဗီရိုထဲမှသေတ္တာကိုဖွင့်ကာ ထိုစာရွက်ကို ကိုကို့ဆီပေးလိုက်သည်။ ရှိုင်းသန့်စာရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အတန်ကြာစိုက်ကြည့်လေသည်။ နားထင်မှချွေးစေးများက ရေချိုးထားသကဲ့သို့ ရွှဲရွှဲစိုနေပြီ။
"ဘာလို့လဲ... ဒီလောက်အကြာကြီး ဘာလို့ဖုံးကွယ်ထားရတာလဲ"
"ကိုကို့ကို ပြောရမှကြောက်လို့ပါ... မေမေကလည်း ကိုကို့ကို မသိစေချင်ခဲ့ဘူး"
"မင်းတို့က ငါ့အပေါ်ဘာလို့ဒီလိုလုပ်ရက်ကြတာလဲ...ဘာတွေများကြံစည်ထားကြလို့လဲ... ဟမ်"
ရှိုင်းသန့်ဒေါသတို့ဖြင့် အော်ပြောမိတော့ လွန်းမျက်ဝန်းတို့ထက် မျက်ရည်စတို့ ဝဲတက်လာသည်။
"ကိုကို ကျွန်တော့ကို စွန့်ပစ်သွားမှာကြောက်လို့ပါ"
တတ်နိုင်သမျှ အသံကိုတိုးကာ ကြမ်းပြင်သို့စိုက်ကြည့်၌ တစ်လုံးချင်းပြောမိသည်။
"ငါကတော့ မင်းကို ငါ့ညီအရင်းတစ်ယောက်လို ချစ်ပေးလိုက်ရတာ...တွယ်တာလိုက်ရတာ...ဂရုစိုက်လိုက်ရတာ...
မင်းကတော့ ဒယ်ဒီ့သားအရင်းမဟုတ်မှန်းသိရင် စွန့်ပစ်မှာကြောက်လို့ဟုတ်လား... မင်းအဲလောက် ဒီအမွေတွေကို မက်တာလား... အဲလောက် လောဘကြီးလား..."
ဒီတခါတော့ ခေါင်းငုံ့ထားရာမှ လွန်းမော့လာကာ ရှိုင်းသန့်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံစေလိုက်သည်။
ဘာလို့အဲလိုတွေးရက်ရတာလဲ ကိုကိုရယ်...
လွန်းထိုစကားကို စိတ်ထဲကနေသာရေရွတ်မိသည်။
"တခြားအရာတွေကော တွေးပေးလို့မရဘူးလား ကိုကို...
ကျွန်တော်ကြောက်တာ ဒီအမွေတွေမရမှာမဟုတ်ဘူး...
ကျွန်တော်ကြောက်တာ ကိုကို့အနားမှာမနေရတော့မှာ...
ကိုကို့မုန်းတီးမှုတွေကိုလက်ခံရမှာ... ကိုကို့ဂရုစိုက်မှုတွေ မရတော့မှာ...
ဟုတ်တယ် ကျွန်တော်လောဘကြီးတယ်...
ကိုကိုပေးတဲ့ နွေးထွေးမှုတွေကို တစ်ယောက်တည်းပိုင်ဆိုင်ချင်တယ်...
ကိုကို့လိုအပ်ချက်တွေကို ကျွန်တော်တစ်ယောက်ပဲ ဖြည့်ဆည်းပေးချင်တယ်...
ကိုကို့လက်မောင်းပေါ်မှာ အိပ်ခွင့်ရတဲ့သူက ကျွန်တော်တစ်ယောက်တည်း ဖြစ်ချင်တယ်...
ကျွန်တော့်ရဲ့အရာရာတိုင်းဟာ ကိုကိုရှိမှ ပြည့်စုံသလို ကိုကို့ရဲ့ဘဝကိုလည်း ကျွန်တော်ရှိမှ အဓိပ္ပါယ်ရှိစေချင်တယ်...
ကိုကို့ရဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော်တစ်ယောက်ပဲ ပိုင်ဆိုင်ချင်တယ်...
ဒါပေမဲ့လေ...ကိုကိုပျော်မယ်ဆို ဒီစိတ်ကူးတွေအားလုံးကို ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးပစ်ဖို့ ပြင်ဆင်ပြီးသားပါ...
ဒါကြောင့် ကိုကိုကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ်...
ကျေးဇူးပြုပြီး ကျွန်တော့ရဲ့အချစ်ကို မစော်ကားပါနဲ့တော့"
ဝေ့သီနေသော မျက်ရည်များက အရှိန်ပြင်းစွာကျဆင်းလာလေပြီ။ လွန်း ထိန်းမထားချင်တော့။ တခြားသူတွေ ဒီကိစ္စနှင့်ပတ်သက်ပြီး သူ့ကို ဘယ်လိုပဲမြင်ပါစေ။ ဒေါသထွက်သော်လည်း ဂရုမစိုက်ပေမဲ့ ရင်နှင့်အမျှချစ်ရသောကိုကိုကိုယ်တိုင် စွပ်စွဲလာတာကိုတော့ကြိတ်မှိတ်ပြီး မခံစားနိုင်တော့ပါ။ ရင်ထဲကရှိသမျှ ခံစားချက်အလုံးစုံကို သိသွားမှာသိပ်ကြောက်သည့်လူရှေ့တွင်ပဲ ဖွင့်ချမိတော့သည်။
ရှိုင်းသန့်လည်း လွန်းကိုကြောင်၍ကြည့်နေသည်။ သူပြောသွားသည်များကို နားလည်သလိုလို နားမလည်သလိုလို။ ထို့နောက် လွန်းကပင်ဆက်၍ ပြောလေသည်။
"အခု ကျွန်တော့်ပစ္စည်းတွေသိမ်းပြီး ကွန်ဒိုမှာပဲ နေလိုက်ပါတော့မယ်...
နောက်လကစပြီး ငှားရမ်းခကို ကျွန်တော့ဘာသာပေးလိုက်ပါ့မယ်...
ကျွန်တော့ credit cardတွေနဲ့ဘဏ်စာအုပ်ကို အားတဲ့နေ့ကျ ဒေါ်လေးဆီပေးထားလိုက်ပါ့မယ်..."
ထိုမျှပြောပြီးသည်နှင့် လွန်း လိုအပ်သည့်ပစ္စည်းများကိုယူကာ ခရီးဆောင်အိတ်ထဲသို့ ထည့်နေလေသည်။
ရှိုင်းသန့်က ကြောင်၍ပင်ရပ်ကြည့်နေသည်။ ခဏကြာမှ..
"အလိုက်တသိ ထွက်သွားပေးတာ ကျေးဇူးပဲ"
ဟုဆိုကာ အခန်းအပြင်သို့ထွက်သွားပြီး တံခါးကိုပြန်ပိတ်ပေးခဲ့သည်။
ပစ္စည်းများထည့်နေရာမှ ပိတ်သွားသောတံခါးကိုကြည့်ရင်း လွန်းဝမ်းနည်းမိသည်။ ဒီလိုနေ့ရောက်လာမယ်ဆိုတာကြိုသိပေမဲ့ တကယ်တမ်းကြုံတွေ့ရတော့ မလွယ်ကူပါလား။
နှလုံးသားက တော်ရုံနာကျင်တာမှ မဟုတ်တာ။
တခြားဘယ်သူ့အတွက်မှ မရည်ရွယ်ဖူးတဲ့ တစ်ယောက်သောသူအတွက်သာ သစ်လွင်လတ်ဆတ်စွာ သိမ်းဆည်းထားတဲ့ နှလုံးသားကိုမှ ထိုသူက သွေးစိမ်းရှင်ရှင်ထွက်တဲ့အထိ ဓါးနှင့်ထိုးဆွနေခြင်းလေ။
ဖုံးကွယ်ပြီးချစ်ရတဲ့အချစ်ကို သူမြင်သွားချိန်မှာ တုံ့ပြန်မှုက ထွက်သွားပေးလို့ကျေးဇူးပဲတဲ့လား...
ကိုကို့ကိုချစ်ရတာ လောင်ကျွမ်းနေတဲ့ မီးပုံတစ်ခုလို ပူလောင်လိုက်တာ...
ဒါပေမဲ့ အဲဒီမီးပုံထဲ တမင်ခုန်ဆင်းတဲ့သူက ကိုယ်တိုင်ပဲလေ...
ကျေနပ်ပါတယ်။ အဲဒီပူလောင်မှုကို သဘောကျတယ်...
..........
ထိုနေ့မှစ၍ လွန်းတိုက်ခန်းမှာပင် ဖြစ်သလိုနေသည်။ မသောက်စဖူး ဘီယာဘူးများဝယ်ကာ တနေကုန်ထိုင်သောက်ပစ်သည်အထိ။ ဒီခါးသက်သည့်အရသာက ကွဲအက်နေသောနှလုံးသားကို တစ်ဖက်တလမ်းက ကုစားသည်လေ။ ကျောင်းလည်းပုံမှန်မသွားဖြစ်။ တစ်ယောက်တည်း တိုက်ပိတ်နေကာ ဖုန်းကိုပါ ပိတ်ထားသေးသည်။
တစ်ခုသောညနေခင်းတွင် အိမ်ရှေ့ဆိုဖာပေါ်၌ ဘီယာဘူးကိုင်ကာ မှိုင်တွေနေစဥ် လူခေါ်ဘဲလ်တီးသံကြား၍ အသိစိတ်ဝင်လာကာ သွားဖွင့်ပေးသည်။ တံခါးအပြင်တွင် တွေ့ရသူက ဖန်း...
"လွန်း... ဘာလို့ဖုန်းပိတ်ထားတာလဲ...အတန်းလည်းလာမတက်ဘူးတဲ့... တစ်ခုခုဖြစ်နေတာလား"
ဖန်းက ပြောရင်းဖြင့် တိုက်ခန်းထဲသို့ ဝင်သွားသည်။ ဧည့်ခန်းစားပွဲပေါ်တွင် ပြန့်ကျဲနေသော ဘီယာဘူးခွံတစ်ချို့ကိုတွေ့တော့ စိတ်ပူသွားကာ လွန်းဘက်သို့ပြန်လှည့်၍ သူ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီးမေးလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ လွန်း...မင်းဘီယာမသောက်တတ်ပါဘူး...
ငါ့ကိုပြောပြကွာ... ငါစိတ်ပူလာပြီ လွန်း"
ဆုပ်ကိုင်ထားသောပုခုံးနှစ်ဖက်ကို လှုပ်ရမ်းပြီးမေးလေတော့ လွန်းက သူ့ကိုကြည့်ပြီး ပြုံးပြသည်။
"ဖန်း...မင်းလူတစ်ယောက်ကို တိတ်တိတ်လေးချစ်ဖူးလား...
သူသိသွားရင် သူ့အနားကထွက်သွားရမှာကြောက်လို့ ဖွင့်မပြောဘဲ ကြိတ်ချစ်နေရတဲ့ ခံစားချက်ကိုသိလား"
မျက်ရည်စတို့ စီးကျလာကာ ဖန်းကိုကြည့်ပြီး တစ်လုံးချင်စီပြောလာသည်။ ဘယ်လောက်တောင်ငိုထားလိုက်လဲ... ဖြူစွတ်သောမျက်နှာလေးက ပန်းရောင်သန်းနေပြီ... မျက်လုံးများသာမက နှာဖျားနှင့် နားရွက်များပါမကျန် ရဲတွတ်နေသည်။
မေးတတ်လိုက်တာ လွန်းရယ်... အဲဒီခံစားချက်ကို ငါကောင်းကောင်းသိတာပေါ့...
လွန်း၏အမေးကို ဖန်းကခေါင်းငြိမ့်ပြသည်။ ထို့နောက်...
"သူသိသွားပြီး မင်းကိုငြင်းလိုက်တာလား"
"အဲလိုပဲ ဆိုပါတော့"
သူ့ပုခုံးပေါ်က ဖန်း၏လက်နှစ်ဖက်ကို ဖယ်ချကာ စားပွဲပေါ်ရှိသောက်လက်စ ဘီယာဘူးကိုမော့လိုက်ပြီး ဆိုဖာပေါ်တွင် သူ့ကိုယ်သူ လှဲချလိုက်သည်။
ဖန်းက လွန်း၏အနားသို့အသာတိုးလာကာ ဘေးကဆိုဖာခုံတွင် ဝင်ထိုင်သည်။
"တခြားပြောစရာကော မရှိတော့ဘူးလား လွန်း"
"ငါကိုကို့ကို သိပ်ချစ်တယ်"
"ဘာ... ကိုကိုဆိုတာ မင်းအစ်ကိုကို ဆိုလိုတာလား"
"အစ်ကိုရင်းမဟုတ်ဘူး ဖန်း... ငါလည်းသူ့ကို အစ်ကိုတစ်ယောက်ထက်ပိုပြီးပဲ ချစ်ခဲ့ဖူးတယ်"
မျက်နှာကြက်ကိုကြည့်ကာ ငိုသံစွက်၍ပြောလာသော လွန်းကို ဖန်းအံ့ဩစွာကြည့်နေမိသည်။ ခဏအကြာတွင် မျက်နှာကြက်ဆီမှ အကြည့်မလွှဲသေးဘဲ ထပ်၍ပြောလာသည်။
"ငါသိနေတာ ကြာခဲ့ပြီ...တော်တော်ကိုကြာပြီ...
အသက်ဆယ့်ငါးနှစ်တည်းကဆိုပါတော့...
အဲကတည်းက ငါကိုကို့ကိုပဲ အရူးအမူးချစ်ခဲ့တာ... စွဲလမ်းခဲ့တာ... တွယ်တာခဲ့တာ...
သူသိသွားရင် ငါ့ကိုမောင်းထုတ်မှာကြောက်လို့ ညီတစ်ယောက်လိုပဲနေပေးခဲ့တာ...
အခုတော့ အားလုံးပြီးသွားပြီပေါ့"
အရည်ကြည်တို့ ပြည့်နှက်နေသောမျက်လုံးများကို ပိတ်ချလိုက်တော့ ဘေးနှစ်ဖက်ဆီမှမျက်ရည်များက လျှံကျလာသည်။
ဖန်းဆက်ပြီး မကြည့်ရက်စွာ မျက်နှာကိုအောက်သို့ ငိုက်ချထားသည်။
"အခု တစ်ခုခုစားလိုက်ပါလား...ငါခေါက်ဆွဲပြုတ်ပေးရမလား"
"ရပါတယ် ဖန်း...ငါ့အတွက်နဲ့ မင်းပင်ပန်းပါတယ်... အိပ်ပျော်အောင်ပဲကြိုးစားလိုက်မယ်"
ဖန်းလည်းဆက်မတိုက်တွန်းတော့ဘဲ လွန်းအိပ်ပျော်စေရန် တိတ်ဆိတ်စွာနေပေးလိုက်သည်။ ခဏကြာတော့ ဆိုဖာပေါ်တွင်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။ ဖန်း အခန်းထဲမှစောင်ပါးတစ်ထည်ကိုယူကာ သူ့ကိုလွှမ်းခြုံပေးသည်။ လွန်းကိုစိုက်ကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ ဝရံတာဘက်သို့ ထွက်လာခဲ့သည်။
ဆေးလိပ်ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကိုထုတ်၍ အသင့်ပါလာသော မီးခြစ်ကိုထုတ်ကာ မီးညှိပြီး ခပ်ပြင်းပြင်းရှိုက်၍ အငွေ့များကိုဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
နာကျင်ရပါတယ်။ ငါချစ်တဲ့မင်းက တခြားသူတစ်ယောက်အတွက် ပူလောင်နေတာမြင်ရတော့ ပိုနာကျင်ရပါတယ်...
ငါတွေဝေနေခဲ့ဖူးတယ်...ငါ့နှလုံးသားက မင်းသအသံတွေကိုပဲ ဆက်တိုက်ကြားနေရတဲ့အချိန်မှာ...
ငါတုန်လှုပ်နေခဲ့ဖူးတယ်...ငါ့နှလုံးသားရဲ့ ပဲ့တင်သံဟာ မင်းဆိုတာ သိသွားခဲ့ရင် ငါ့ဆီကနေထွက်ပြေးသွားမှာကို တွေးမိတဲ့အချိန်မှာ...
မင်းကိုဆုံးရှုံးရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး...
မင်းနဲ့ သူငယ်ချင်းလိုပဲဖြစ်ဖြစ် ဆက်နေရခွင့်ကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူး...
တော်ပါပြီ... ဒီအဆင့်နဲ့ပဲ ကျေနပ်ပါပြီ...
ဒါကြောင့်မဖြစ်နိုင်တဲ့လမ်းကို ငါတမင်မရွေးချယ်ခဲ့တာ...
အပြန်အလှန်မရှိတဲ့ တစ်လမ်းသွားလမ်းမကြီးပေါ်မှာပဲ ငါတစ်ယောက်တည်း ဆက်လျှောက်နေမိတာ...
~~~~~~~~~~~~~~~~~~~~
Zawgyi...
ဓါတ္ပုံေနာက္ေက်ာတြင္ ေရးထားေသာမျပည့္စုံသည့္လိပ္စာက ဘန္ေကာက္တြင္ မဟုတ္သည္မို႔ အျခားၿမိဳ႕မ်ားတြင္ရွာရန္ လူမ်ားေစလႊတ္ထားေၾကာင္း စိုင္းက ေျပာျပသည္။ ထို႔ေနာက္ သူ၏ ဘိုးဘြားမ်ား ႏွစ္ပတ္လည္ျဖစ္သျဖင့္ မိသားစုလိုက္ ေတာင္ႀကီးဘက္သို႔တစ္ပတ္ၾကာ သြားရန္ ခြင့္ေတာင္းသည္။
ရွိုင္းသန့္လည္း အေထြအထူးစုံစမ္းရန္ မလိုေသးတာတစ္ေၾကာင္း၊ မိသားစုအေရးျဖစ္သျဖင့္ ကိုယ္ခ်င္းစာတာတစ္ေၾကာင္း ေတြေဝမႈမရွိဘဲ ခြင့္ေပးလိုက္သည္။
ခြင့္ယူထားေသာ စိုင္း၏အလုပ္မ်ားပါ ထပ္ေပါင္းလုပ္ရရ၍ ရွိုင္းသန့္ အလုပ္ထဲတြင္သာ စိတ္ႏွစ္ထားသည္။ မဟုတ္လွ်င္ အထပ္ထပ္ၾကားေယာင္ေနရေသာခphone recordingေၾကာင့္ စိတ္ေျခာက္ခ်ားရသည္။
အေရးႀကီးသည့္ အစည္းအေဝးတစ္ခုရွိေသာေန႕တြင္ ကုမၸဏီသို႔ ဖဲလ္ေရာက္လာသည္။ ဒီရက္ပိုင္း ဖဲလ္ေပ်ာက္ေနသည္မွာၾကာၿပီ။ အိမ္ကိုေရာ ကုမၸဏီပါ ေရာက္မလာသျဖင့္ ရွိုင္းသန့္ သူ႕ကို ေမ့ေမ့ေပ်ာက္ေပ်ာက္ပင္ ျဖစ္ေနၿပီ။ အစည္းအေဝးခ်ိန္နီးမွ ေရာက္ခ်လာေသာေၾကာင့္ အနည္းငယ္ေတာ့ စိတ္ခုသြားသည္။
"ဖဲလ္ ေျပာရမွာအားနာပါတယ္... ခဏေန အစည္းအေဝးရွိတာေၾကာင့္ ဒီေန႕ဧည့္ခံနိုင္မယ္မထင္ဘူး... ၾကာလည္းၾကာမွာဆိုေတာ့ ဖဲလ္ေစာင့္ေနရရင္လည္း အဆင္ေျပမွာမဟုတ္ဘူးထင္တယ္"
"အစည္းအေဝးက ခဏေနမွမလား...အခ်ိန္ရေသးတာပဲ.. ဖဲလ္ေျပာမွာက ပိုအေရးႀကီးတယ္"
တဇြတ္ထိုးဖဲလ္ေၾကာင့္ ရွိုင္းသန့္အေတာ္စိတ္ညစ္သြားရသည္။
"ခဏေနမွဆိုေပမဲ့ ျပင္ဆင္ရမွာေတြရွိေသးတာမို႔... ေတာင္းပန္ပါတယ္ဖဲလ္"
ရွိုင္းသန့္စကားမ်ားကို နားမေယာင္၊ ဖဲလ္က သူ႕လ္ဆြဲအိတ္ထဲမွဖုန္းကိုထုတ္ကာ ဓါတ္ပုံတစ္ပုံကိုျပရင္း...
"ဒီကိစၥထက္ ဘယ္ဟာက ပိုအေရးႀကီးဦးမွာလဲ ရွိုင္း...
မင္းညီမဟုတ္တဲ့ လြန္းသုတက မင္းကို အခ်ိန္အၾကာႀကီး လွည့္စားေနတဲ့ကိစၥေလ"
ရွိုင္းသန့္ ဖဲလ္လက္ထဲမွ ဖုန္းကိုလုၿပီး ဓါတ္ပုံကိုေသခ်ာစြာစူးစမ္းၾကည့္သည္။ ေခါင္းကို တြင္တြင္ခါရင္း...
"မဟုတ္ဘူး... မျဖစ္နိုင္ဘူး... ဒါတမင္လုပ္ထားတာမလား..
ဒါမွမဟုတ္ နာမည္တူတာ.."
"မယုံရင္ ဖုံးကြယ္ထားတဲ့ကာယကံရွင္ကို ကိုယ္တိုင္သြားေမးေလ... လုပ္ႀကံရေအာင္လည္း ဖဲလ္အဲေလာက္ထိ မယုတ္မာဘူး...
သူ႕အခန္းထဲက ေလာ့ခတ္ထားတဲ့ေသတၱာထဲက ဒီစာ႐ြက္ကိုျပခိုင္းၿပီး အတည္ျပဳေပါ့"
ဖဲလ္၏ဖုန္းကို သူ႕လက္ထဲသို႔ျပန္ထည့္ေပးၿပီး ကားေသာ့ကိုယူကာ ႐ုံခန္းထဲမွေျပးထြက္သြားသည္။ စၾကၤံေလွ်ာက္လမ္းတြင္ သူ႕႐ုံးခန္းသို႔လာေနေသာ အတြင္းေရးမႉးမေလးႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ေတာ့...
"Boss...အစည္းအေဝးစေတာ့မွာေလ.. ဘယ္သြားမလို႔လဲ"
ထိုေကာင္မေလးစကားေၾကာင့္ ရွိုင္းသန့္ေျခလွမ္းတို႔ ရပ္တန့္သြားကာ သူ႕ကိုျပန္လွည့္ၾကည့္ၿပီး...
"ဖ်က္လိုက္ေတာ့" ဟူ၍သာေျပာကာ ကားပါကင္ဆီသို႔ ေျခလွမ္းက်ဲမ်ားျဖင့္ ဆက္ေလွ်ာ္ခဲ့သည္။
အရွိန္ျပင္းစြာ ေမာင္းႏွင္လာေသာ ကားေလး၏ ဦးတည္ရာက လြန္း၏တကၠသိုလ္ဆီသို႔။ ဌာနေရွ႕ေရာက္ေသာအခါ လြန္းကို ဖုန္းဆက္သည္။
ဖုန္းမကိုင္ဘဲ မက္ေဆ့ခ်္တစ္ေစာင္ဝင္လာသည္။ စာသင္ေန၍ ဖုန္းေျပာလို႔မရေၾကာင္း...
အေရးႀကီး၍ ခ်က္ခ်င္းထြက္လာခဲ့ရန္ ျပန္ပို႔လိုက္ၿပီး စီယာတိုင္ကိုလက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္၍ ေခါင္းကိုငုံ႕ကာ လက္ႏွစ္ဖက္ေပၚသို႔ နဖူးကို အပ္ထားသည္။
မိနစ္၂၀ခန့္ၾကာေသာအခါ လြန္းကားထဲကို ဝင္လာသည္။
"စာသင္ေနရင္း ထြက္မရလို႔ နည္းနည္းၾကာသြားတယ္ ကိုကို...
ဘာအေရးႀကီးလို႔လဲ"
လြန္းဝင္လာသည္ႏွင့္ မည္သည့္စကားမွျပန္မေျပာဘဲ ကားစက္ႏွိုးကာ တရၾကမ္းေမာင္းထြက္ေတာ့ လြန္းစိတ္ပူစြာ ကိုကို႔ကိုၾကည့္ၿပီး ေမးလိုက္သည္။
"ဘယ္သြားမွာလဲ ကိုကို...
ဘာျဖစ္လို႔လဲ... ကိုကိုဘာျဖစ္လာတာလဲ"
လြန္းဘာပဲေျပာေျပာ ဂ႐ုမစိုက္ဘဲ အိမ္သို႔သာ အျမန္ေရာက္ခ်င္ေသာ ဆႏၵႏွင့္ ေမာင္းႏွင္ေလသည္။
အိမ္သို႔ေရာက္ေသာအခါ လြန္းလက္ကိုခပ္ၾကမ္းၾကမ္းဆြဲကာ လြန္းအခန္းဆီသို႔ ေခၚသြားသည္။ ထို႔ေနာက္ အခန္းတံခါးကို အားႏွင့္ပိတ္ခ်လိဳက္ၿပီး ေဒါသတို႔ျပည့္ႏွက္ေနေသာ မ်က္ဝန္းတို႔ျဖင့္ လြန္းကိုၾကည့္ကာ ေျပာမထြက္ေသာစကားမ်ားကို အားယူ၍ တစ္လုံးခ်င္းစီထြက္က်လာေအာင္ ႀကိဳးစားသည္။
"မင္းကိုယ္တိုင္ အဲဒီစာ႐ြက္ကိုထုတ္ျပမွာလား...
ငါကိုယ္တိုင္ရွာရမွာလား"
ကိုကိုဆိုလိုေသာအေၾကာင္းအရာကို လြန္း ခ်က္ခ်င္းနားလည္လိုက္ပါသည္။ ေခါင္းကို တဆတ္ဆတ္ၿငိမ့္ကာ ဝိုင္းစက္ေနေသာမ်က္ဝန္းအစုံျဖင့္ ကိုကို႔ကိုၾကည့္ကာ...
"ဟုတ္ပါတယ္ ကိုကို... အဲဒါအမွန္ပါ...
ညီညီဖုံးကြယ္ထားမိတဲ့ အမွန္တရားပါ"
"မယုံဘူး...မဟုတ္ဘူး... မင္းငါ့ကို အဲစာ႐ြက္ခုခ်က္ခ်င္းျပစမ္း"
ေလသံတို႔က တင္းမာလာကာ တခ်က္တခ်က္ျပတ္ေတာက္သြားေသာအေနအထားက ရွိုင္းသန့္၏ တုန္လႈပ္ေျခာက္ခ်ားေနေသာစိတ္ကို ေပၚလြင္ေစသည္။ လြန္း ျငင္းဆန္ျခင္းမရွိဘဲ ဗီရိုထဲမွေသတၱာကိုဖြင့္ကာ ထိုစာ႐ြက္ကို ကိုကို႔ဆီေပးလိုက္သည္။ ရွိုင္းသန့္စာ႐ြက္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး အတန္ၾကာစိုက္ၾကည့္ေလသည္။ နားထင္မွေခြၽးေစးမ်ားက ေရခ်ိဳးထားသကဲ့သို႔ ႐ႊဲ႐ႊဲစိုေနၿပီ။
"ဘာလို႔လဲ... ဒီေလာက္အၾကာႀကီး ဘာလို႔ဖုံးကြယ္ထားရတာလဲ"
"ကိုကို႔ကို ေျပာရမွာေၾကာက္လို႔ပါ... ေမေမကလည္း ကိုကို႔ကို မသိေစခ်င္ခဲ့ဘူး"
"မင္းတို႔က ငါ့အေပၚဘာလို႔ဒီလိုလုပ္ရက္ၾကတာလဲ...ဘာေတြမ်ားႀကံစည္ထားၾကလို႔လဲ... ဟမ္"
ရွိုင္းသန့္ေဒါသတို႔ျဖင့္ ေအာ္ေျပာမိေတာ့ လြန္းမ်က္ဝန္းတို႔ထက္ မ်က္ရည္စတို႔ ဝဲတက္လာသည္။
"ကိုကို ကြၽန္ေတာ့ကို စြန့္ပစ္သြားမွေၾကာက္လို႔ပါ"
တတ္နိုင္သမွ် အသံကိုတိုးကာ ၾကမ္းျပင္သို႔စိုက္ၾကည့္၌ တစ္လုံးခ်င္းေျပာမိသည္။
"ငါကေတာ့ မင္းကို ငါ့ညီအရင္းတစ္ေယာက္လို ခ်စ္ေပးလိုက္ရတာ...တြယ္တာလိုက္ရတာ...ဂ႐ုစိုက္လိုက္ရတာ...
မင္းကေတာ့ ဒယ္ဒီ့သားအရင္းမဟုတ္မွန္းသိရင္ စြန့္ပစ္မွာေၾကာက္လို႔ဟုတ္လား... မင္းအဲေလာက္ ဒီအေမြေတြကို မက္တာလား... အဲေလာက္ ေလာဘႀကီးလား..."
ဒီတခါေတာ့ ေခါင္းငုံ႕ထားရာမွ လြန္းေမာ့လာကာ ရွိုင္းသန့္၏မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံေစလိုက္သည္။
ဘာလို႔အဲလိုေတြးရက္ရတာလဲ ကိုကိုရယ္...
လြန္းထိုစကားကို စိတ္ထဲကေနသာေရ႐ြတ္မိသည္။
"တျခားအရာေတြေကာ ေတြးေပးလို႔မရဘူးလား ကိုကို...
ကြၽန္ေတာ္ေၾကာက္တာ ဒီအေမြေတြမရမွာမဟုတ္ဘူး...
ကြၽန္ေတာ္ေၾကာက္တာ ကိုကို႔အနားမွာမေနရေတာ့မွာ...
ကိုကို႔မုန္းတီးမႈေတြကိုလက္ခံရမွာ... ကိုကို႔ဂ႐ုစိုက္မႈေတြ မရေတာ့မွာ...
ဟုတ္တယ္ ကြၽန္ေတာ္ေလာဘႀကီးတယ္...
ကိုကိုေပးတဲ့ ေႏြးေထြးမႈေတြကို တစ္ေယာက္တည္းပိုင္ဆိုင္ခ်င္တယ္...
ကိုကို႔လိုအပ္ခ်က္ေတြကို ကြၽန္ေတာ္တစ္ေယာင္ပဲ ျဖည့္ဆည္းေပးခ်င္တယ္...
ကိုကို႔လက္ေမာင္းေပၚမွာ အိပ္ခြင့္ရတဲ့သူက ကြၽန္ေတာ္တစ္ေယာက္တည္း ျဖစ္ခ်င္တယ္...
ကြၽန္ေတာ့္ရဲ႕အရာရာတိုင္းဟာ ကိုကိုရွိမွ ျပည့္စုံသလို ကိုကို႔ရဲ႕ဘဝကိုလည္း ကြၽန္ေတာ္ရွိမွ အဓိပၸါယ္ရွိေစခ်င္တယ္...
ကိုကို႔ရဲ႕ခ်စ္ျခင္းေမတၱာကို ကြၽန္ေတာ္တစ္ေယာက္ပဲ ပိုင္ဆိုင္ခ်င္တယ္...
ဒါေပမဲ့ေလ...ကိုကိုေပ်ာ္မယ္ဆို ဒီစိတ္ကူးေတြအားလုံးကို ကြၽန္ေတာ္ကိုယ္တိုင္ ဖ်က္ဆီးပစ္ဖို႔ ျပင္ဆင္ၿပီးသားပါ...
ဒါေၾကာင့္ ကိုကိုႀကိဳက္သလိုဆုံးျဖတ္နိုင္ပါတယ္...
ေက်းဇူးျပဳၿပီး ကြၽန္ေတာ့ရဲ႕အခ်စ္ကို မေစာ္ကားပါနဲ႕ေတာ့"
ေဝ့သီေနေသာ မ်က္ရည္မ်ားက အရွိန္ျပင္းစြာက်ဆင္းလာေလၿပီ။ လြန္း ထိန္းမထားခ်င္ေတာ့။ တျခားသူေတြ ဒီကိစၥႏွင့္ပတ္သက္ၿပီး သူ႕ကို ဘယ္လိုပဲျမင္ပါေစ။ ေဒါသထြက္ေသာ္လည္း ဂ႐ုမစိုက္ေပမဲ့ ရင္ႏွင့္အမွ်ခ်စ္ရေသာကိုကိုကိုယ္တိုင္ စြပ္စြဲလာတာကိုေတာ့ဘႀကိတ္မွိတ္ၿပီး မခံစားနိုင္ေတာ့ပါ။ ရင္ထဲကရွိသမွ် ခံစားခ်က္အလုံးစုံကို သိသြားမွာသိပ္ေၾကာက္သည့္လူေရွ႕တြင္ပဲ ဖြင့္ခ်မိေတာ့သည္။
ရွိုင္းသန့္လည္း လြန္းကိုေၾကာင္၍ၾကည့္ေနသည္။ သူေျပာသြားသည္မ်ားကို နားလည္သလိုလို နားမလည္သလိုလို။ ထို႔ေနာက္ လြန္းကပင္ဆက္၍ ေျပာေလသည္။
"အခု ကြၽန္ေတာ့္ပစၥည္းေတြသိမ္းၿပီး ကြန္ဒိုမွာပဲ ေနလိုက္ပါေတာ့မယ္...
ေနာက္လကစၿပီး ငွားရမ္းခကို ကြၽန္ေတာ့ဘာသာေပးလိုက္ပါ့မယ္...
ကြၽန္ေတာ့ credit cardေတြနဲ႕ဘဏ္စာအုပ္ကို အားတဲ့ေန႕က် ေဒၚေလးဆီေပးထားလိုက္ပါ့မယ္..."
ထိုမွ်ေျပာၿပီးသည္ႏွင့္ လြန္း လိုအပ္သည့္ပစၥည္းမ်ားကိုယူကာ ခရီးေဆာင္အိတ္ထဲသို႔ ထည့္ေနေလသည္။
ရွိုင္းသန့္က ေၾကာင္၍ပင္ရပ္ၾကည့္ေနသည္။ ခဏၾကာမွ..
"အလိုက္တသိ ထြက္သြားေပးတာ ေက်းဇူးပဲ"
ဟုဆိုကာ အခန္းအျပင္သို႔ထြက္သြားၿပီး တံခါးကိုျပန္ပိတ္ေပးခဲ့သည္။
ပစၥည္းမ်ားထည့္ေနရာမွ ပိတ္သြားေသာတံခါးကိုၾကည့္ရင္း လြန္းဝမ္းနည္းမိသည္။ ဒီလိုေန႕ေရာက္လာမယ္ဆိုတာႀကိဳသိေပမဲ့ တကယ္တမ္းႀကဳံေတြ႕ရေတာ့ မလြယ္ကူပါလား။
ႏွလုံးသားက ေတာ္႐ုံနာက်င္တာမွ မဟုတ္တာ။
တျခားဘယ္သူ႕အတြက္မွ မရည္႐ြယ္ဖူးတဲ့ တစ္ေယာက္ေသာသူအတြက္သာ သစ္လြင္လတ္ဆတ္စြာ သိမ္းဆည္းထားတဲ့ ႏွလုံးသားကိုမွ ထိုသူက ေသြးစိမ္းရွင္ရွင္ထြက္တဲ့အထိ ဓါးႏွင့္ထိုးဆြေနျခင္းေလ။
ဖုံးကြယ္ၿပီးခ်စ္ရတဲ့အခ်စ္ကို သူျမင္သြားခ်ိန္မွာ တုံ႕ျပန္မႈက ထြက္သြားေပးလို႔ေက်းဇူးပဲတဲ့လား...
ကိုကို႔ကိုခ်စ္ရတာ ေလာင္ကြၽမ္းေနတဲ့ မီးပုံတစ္ခုလို ပူေလာင္လိုက္တာ...
ဒါေပမဲ့ အဲဒီမီးပုံထဲ တမင္ခုန္ဆင္းတဲ့သူက ကိုယ္တိုင္ပဲေလ...
ေက်နပ္ပါတယ္။ အဲဒီပူေလာင္မႈကို သေဘာက်တယ္...
..........
ထိုေန႕မွစ၍ လြန္းတိုက္ခန္းမွာပင္ ျဖစ္သလိုေနသည္။ မေသာက္စဖူး ဘီယာဘူးမ်ားဝယ္ကာ တေနကုန္ထိုင္ေသာက္ပစ္သည္အထိ။ ဒီခါးသက္သည့္အရသာက ကြဲအက္ေနေသာႏွလုံးသားကို တစ္ဖက္တလမ္းက ကုစားသည္ေလ။ ေက်ာင္းလည္းပုံမွန္မသြားျဖစ္။ တစ္ေယာက္တည္း တိုက္ပိတ္ေနကာ ဖုန္းကိုပါ ပိတ္ထားေသးသည္။
တစ္ခုေသာညေနခင္းတြင္ အိမ္ေရွ႕ဆိုဖာေပၚ၌ ဘီယာဘူးကိုင္ကာ မွိုင္ေတြေနစဥ္ လူေခၚဘဲလ္တီးသံၾကား၍ အသိစိတ္ဝင္လာကာ သြားဖြင့္ေပးသည္။ တံခါးအျပင္တြင္ ေတြ႕ရသူက ဖန္း...
"လြန္း... ဘာလို႔ဖုန္းပိတ္ထားတာလဲ...အတန္းလည္းလာမတက္ဘူးတဲ့... တစ္ခုခုျဖစ္ေနတာလား"
ဖန္းက ေျပာရင္းျဖင့္ တိုက္ခန္းထဲသို႔ ဝင္သြားသည္။ ဧည့္ခန္းစားပြဲေပၚတြင္ ျပန့္က်ဲေနေသာ ဘီယာဘူးခြံတစ္ခ်ိဳ႕ကိုေတြ႕ေတာ့ စိတ္ပူသြားကာ လြန္းဘက္သို႔ျပန္လွည့္၍ သူ႕ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီးေမးလိုက္သည္။
"ဘာေတြျဖစ္ေနတာလဲ လြန္း...မင္းဘီယာမေသာက္တတ္ပါဘူး...
ငါ့ကိုေျပာျပကြာ... ငါစိတ္ပူလာၿပီ လြန္း"
ဆုပ္ကိုင္ထားေသာပုခုံးႏွစ္ဖက္ကို လႈပ္ရမ္းၿပီးေမးေလေတာ့ လြန္းက သူ႕ကိုၾကည့္ၿပီး ၿပဳံးျပသည္။
"ဖန္း...မင္းလူတစ္ေယာက္ကို တိတ္တိတ္ေလးခ်စ္ဖူးလား...
သူသိသြားရင္ သူ႕အနားကထြက္သြားရမွာေၾကာက္လို႔ ဖြင့္မေျပာဘဲ ႀကိတ္ခ်စ္ေနရတဲ့ ခံစားခ်က္ကိုသိလား"
မ်က္ရည္စတို႔ စီးက်လာကာ ဖန္းကိုၾကည့္ၿပီး တစ္လုံးခ်င္စီေျပာလာသည္။ ဘယ္ေလာက္ေတာင္ငိုထားလိုက္လဲ... ျဖဴစြတ္ေသာမ်က္ႏွာေလးက ပန္းေရာင္သန္းေနၿပီ... မ်က္လုံးမ်ားသာမက ႏွာဖ်ားႏွင့္ နား႐ြက္မ်ားပါမက်န္ ရဲတြတ္ေနသည္။
ေမးတတ္လိုက္တာ လြန္းရယ္... အဲဒီခံစားခ်က္ကို ငါေကာင္းေကာင္းသိတာေပါ့...
လြန္း၏အေမးကို ဖန္းကေခါင္းၿငိမ့္ျပသည္။ ထို႔ေနာက္...
"သူသိသြားၿပီး မင္းကိုျငင္းလိုက္တာလား"
"အဲလိုပဲ ဆိုပါေတာ့"
သူ႕ပုခုံးေပၚက ဖန္း၏လက္ႏွစ္ဖက္ကို ဖယ္ခ်ကာ စားပြဲေပၚရွိေသာက္လက္စ ဘီယာဘူးကိုေမာ့လိုက္ၿပီး ဆိုဖာေပၚတြင္ သူ႕ကိုယ္သူ လွဲခ်လိဳက္သည္။
ဖန္းက လြန္း၏အနားသို႔အသာတိုးလာကာ ေဘးကဆိုဖာခုံတြင္ ဝင္ထိုင္သည္။
"တျခားေျပာစရာေကာ မရွိေတာ့ဘူးလား လြန္း"
"ငါကိုကို႔ကို သိပ္ခ်စ္တယ္"
"ဘာ... ကိုကိုဆိုတာ မင္းအစ္ကိုကို ဆိုလိုတာလား"
"အစ္ကိုရင္းမဟုတ္ဘူး ဖန္း... ငါလည္းသူ႕ကို အစ္ကိုတစ္ေယာက္ထက္ပိုၿပီးပဲ ခ်စ္ခဲ့ဖူးတယ္"
မ်က္ႏွာၾကက္ကိုၾကည့္ကာ ငိုသံစြက္၍ေျပာလာေသာ လြန္းကို ဖန္းအံ့ဩစြာၾကည့္ေနမိသည္။ ခဏအၾကာတြင္ မ်က္ႏွာၾကက္ဆီမွ အၾကည့္မလႊဲေသးဘဲ ထပ္၍ေျပာလာသည္။
"ငါသိေနတာ ၾကာခဲ့ၿပီ...ေတာ္ေတာ္ကိုၾကာၿပီ...
အသက္ဆယ့္ငါးႏွစ္တည္းကဆိုပါေတာ့...
အဲကတည္းက ငါကိုကို႔ကိုပဲ အ႐ူးအမူးခ်စ္ခဲ့တာ... စြဲလမ္းခဲ့တာ... တြယ္တာခဲ့တာ...
သူသိသြားရင္ ငါ့ကိုေမာင္းထုတ္မွာေၾကာက္လို႔ ညီတစ္ေယာက္လိုပဲေနေပးခဲ့တာ...
အခုေတာ့ အားလုံးၿပီးသြားၿပီေပါ့"
အရည္ၾကည္တို႔ ျပည့္ႏွက္ေနေသာမ်က္လုံးမ်ားကို ပိတ္ခ်လိဳက္ေတာ့ ေဘးႏွစ္ဖက္ဆီမွမ်က္ရည္မ်ားက လွ်ံက်လာသည္။
ဖန္းဆက္ၿပီး မၾကည့္ရက္စြာ မ်က္ႏွာကိုေအာက္သို႔ ငိုက္ခ်ထားသည္။
"အခု တစ္ခုခုစားလိုက္ပါလား...ငါေခါက္ဆြဲျပဳတ္ေပးရမလား"
"ရပါတယ္ ဖန္း...ငါ့အတြက္နဲ႕ မင္းပင္ပန္းပါတယ္... အိပ္ေပ်ာ္ေအာင္ပဲႀကိဳးစားလိုက္မယ္"
ဖန္းလည္းဆက္မတိုက္တြန္းေတာ့ဘဲ လြန္းအိပ္ေပ်ာ္ေစရန္ တိတ္ဆိတ္စြာေနေပးလိုက္သည္။ ခဏၾကာေတာ့ ဆိုဖာေပၚတြင္ပင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားေလသည္။ ဖန္း အခန္းထဲမွေစာင္ပါးတစ္ထည္ကိုယူကာ သူ႕ကိုလႊမ္းၿခဳံေပးသည္။ လြန္းကိုစိုက္ၾကည့္ၿပီး သက္ျပင္းတစ္ခ်က္ခ်ကာ ဝရံတာဘက္သို႔ ထြက္လာခဲ့သည္။
ေဆးလိပ္ဘူးထဲမွ ေဆးလိပ္တစ္လိပ္ကိုထုတ္၍ အသင့္ပါလာေသာ မီးျခစ္ကိုထုတ္ကာ မီးညွိၿပီး ခပ္ျပင္းျပင္းရွိုက္၍ အေငြ႕မ်ားကိုျဖည္းညင္းစြာ မႈတ္ထုတ္လိုက္သည္။
နာက်င္ရပါတယ္။ ငါခ်စ္တဲ့မင္းက တျခားသူတစ္ေယာက္အတြက္ ပူေလာင္ေနတာျမင္ရေတာ့ ပိုနာက်င္ရပါတယ္...
ငါေတြေဝေနခဲ့ဖူးတယ္...ငါ့ႏွလုံးသားက မင္းသအသံေတြကိုပဲ ဆက္တိုက္ၾကားေနရတဲ့အခ်ိန္မွာ...
ငါတုန္လႈပ္ေနခဲ့ဖူးတယ္...ငါ့ႏွလုံးသားရဲ႕ ပဲ့တင္သံဟာ မင္းဆိုတာ သိသြားခဲ့ရင္ ငါ့ဆီကေနထြက္ေျပးသြားမွာကို ေတြးမိတဲ့အခ်ိန္မွာ...
မင္းကိုဆုံးရႈံးရဖို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ဘူး...
မင္းနဲ႕ သူငယ္ခ်င္းလိုပဲျဖစ္ျဖစ္ ဆက္ေနရခြင့္ကို ဘယ္ေတာ့မွ အဆုံးရႈံးမခံနိုင္ဘူး...
ေတာ္ပါၿပီ... ဒီအဆင့္နဲ႕ပဲ ေက်နပ္ပါၿပီ...
ဒါေၾကာင့္မျဖစ္နိုင္တဲ့လမ္းကို ငါတမင္မေ႐ြးခ်ယ္ခဲ့တာ...
အျပန္အလွန္မရွိတဲ့ တစ္လမ္းသြားလမ္းမႀကီးေပၚမွာပဲ ငါတစ္ေယာက္တည္း ဆက္ေလွ်ာက္ေနမိတာ...

Коментарі