Part 10
Unicode...
ကျောင်းပိတ်ရက်များတွင် ရှိုင်းသန့်တစ်ယောက် ကုမ္ပဏီအလုပ်များကတစ်ဖက် ကျောင်းစာကတစ်ဖက်နှင့် အားလပ်သည်မရှိ။
တဖြည်းဖြည်းနှင့် စာသင်နှစ်တစ်နှစ်ကုန်ဆုံးတော့မည်။ ရှိုင်းသန့်သည် အထက်တန်းနောက်ဆုံးနှစ်ပြီးလျှင် စီးပွားရေးတက္ကသိုလ်တစ်ခုတွင် ဝင်ခွင့်ဖြေကာ ကျောင်းတက်ရင်း ကုမ္ပဏီကိုဦးစီးပေမည်။
နောက်ဆုံး စာမေးပွဲကြီးနီးလာသော်လည်း ရုံးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေမြဲဖြစ်သော ကိုကို့ကို လွန်း စိတ်ပူလာမိသည်။
ခြံထဲရှိ သရက်ပင်အောက်တွင်ရှိသော ဒန်းပေါ်တွင် ထိုင်ကာ laptopတစ်လုံးနှင့် အလုပ်လုပ်နေသော ရှိုင်းသန့်ဘေးတွင် သံပုရာရည်ခွက်ကိုကိုင်ကာလွန်း ဝင်ထိုင်လိုက်သည်။
"ကိုကို့ကြည့်လိုက်တိုင်း အမြဲအလုပ်လုပ်နေတာပဲ...စာတွေကော လုပ်ဖြစ်ရဲ့လား... စာမေးပွဲနီးပြီနော်...."
ပြောရင်းနှင့် လက်ထဲက သံပုရာရည်ကို ရှိုင်းသန့်ဆီ ပေးလိုက်တော့ laptopပေါ်တွင် ပြေးလွှားနေသော လက်ချောင်းသွယ်သွယ်များက သံပုရာရည်ခွက်ကို လှမ်းယူသည်။
ရေငတ်နေသော လူတစ်ယောက်လို သံပုရာရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ခွက်ကို လွန်းဆီ ပြန်လှမ်းလိုက်သည်။ ခဏကြာတော့မှ...
"သိပါတယ် ကိုယ်တော်လေးရဲ့.... စာတွေက ရပါတယ်... စာမေးပွဲဖြေခါနီးကျရင် ပြန်ကြည့်မှာပါ.... စိတ်ပူမနေနဲ့ ဒီကိုကိုက သိပ်တော်တယ်..."
အခြားလက်ချောင်းများကွေးကာ လက်ညှိုးနှင့် လက်မကိုဆန့်လျက် လက်နှစ်ချောင်းကြားတွင် သူ့မေးစေ့ကို အပ်ပြီး ပြုံးတုံးတုံးမျက်နှာပေးဖြင့် လွန်းကိုကြည့်ကာ ဆိုလိုက်သည်။ ပြီးနောက်...
"ညီညီကော စာတွေရနေပြီလား ..... ကိုယ်တတ်ချင်တဲ့ တက္ကသိုလ်တက်ရဖို့ဆို အခုကတည်းက GPAကောင်းမှ ရမှာနော်....
ညီညီ့ရည်မှန်းချက်ကရော ဘာဖြစ်ချင်တာလဲ...
အခုတည်းက သိနေပြီလား..."
"ညီညီက ရှေ့နေဖြစ်ချင်တာ ကိုကို...
မှန်ကန်ဖြောင့်မတ်တဲ့ ရှေ့နေတစ်ယောက်...
မေမေအမြဲပြောလေ့ရှိတယ်...
အမှန်တရားဘက်မှာနေလို့ ဘယ်တော့မှ ကျဆုံးတယ်ဆိုတာ မရှိဘူးတဲ့...
ငွေများတရားနိုင်နေတဲ့ခေတ်ကြီးမှာ အမှန်တရားဘက်က မကျဆုံးအောင် အစွမ်းကုန် ကူညီပေးချင်တယ်...."
"ကိုကို့မျက်စိထဲမှာ အခုထိ ကလေးလို့ပဲမြင်နေသေးတာ... ညီညီတောင် အရွယ်ရောက်လာပြီပဲ... ကောင်းတယ်ညီညီ...
ကိုယ်ယုံကြည်တာကို ဆက်လုပ်...
ကိုကိုကလည်း အစွမ်းကုန်ကူညီပေးမယ်...."
လွန်း၏ခေါင်းလေးကို အသာပုတ်လိုက်ပြီး အလုပ်ဆက်လုပ်ရန် laptopဆီသို့ မျက်နှာမူလိုက်သည်။
"ကိုကိုကရော... ကိုကိုဖြစ်ချင်တာနဲ့ လုပ်နေရတာ ကိုက်ညီရဲ့လား...."
keyboardကိုနှိပ်တော့မည့် လက်ချောင်းများက ရုတ်တရက်ငြိမ်သက်သွားသည်။ အတန်ကြာမှ လွန်းကိုလှည့်ကြည့်ကာ....
"ထပ်တူကျပါတယ် ညီညီရဲ့.... ဒယ်ဒီ့ဆန္ဒက ကိုကိုဖြစ်ချင်တာပါပဲ... အဲအပေါ် နည်းနည်းမှ မငြိုငြင်မိဘူး... မာမီလည်း ဒီလိုပဲ ဖြစ်စေချင်မှာပါ..."
နောက်ဆုံးနားတွင် လွန်းကိုမကြည့်တော့ဘဲ အရှေ့ခြံအပြင်ဘက်သို့ မျှော်ကြည့်ကာ ရှိုင်းသန့်ပြောလိုက်သည်။
"ကိုကို့မာမီကို လွမ်းနေတယ်မလား..."
ခြံပြင်ကို စိုက်ကြည့်နေရင်းမှ ရှိုင်းသန့် တစ်ချက်သာပြုံးလိုက်သည်။
"ဒယ်ဒီက စီးပွားရေးတွေ အရမ်းလုပ်သလောက် မာမီက အဲဘက်ကိုနည်းနည်းမှ စိတ်မဝင်စားခဲ့ဘူး...
ကိုကို့ကိုမွေးပြီးတော့ အိမ်မှာပဲနားနားနေနေ နေတော့ဖို့ အလုပ်ထွက်လိုက်ဖို့ ဒယ်ဒီက တိုက်တွန်းခဲ့ပေမဲ့ မီးတွင်းကထွက်တာနဲ့ အလုပ်ပြန်လုပ်တယ်တဲ့....
မာမီက သူဝါသနာပါတဲ့ ဂျာနယ်လစ်အလုပ်လုပ်ရရင် အမြဲပေါ့ပါးနေခဲ့တာ....
သူယုံကြည်ရာအလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်တတ်တာ....
ကိုကို့ကိုလည်း ပစ်မထားတတ်ဘူး...
အလုပ်ပင်ပန်းလာရင် ကိုကိုက သူ့အားဆေးလေးဆိုပြီး အမြဲပြောလေ့ရှိတယ်...."
လေးလေးနက်နက်နှင့် တစ်လုံးချင်းစီစဥ်ကာ ပြောနေသော ကိုကို့ကို လွန်းစိုက်ကြည့်နေမိသည်။ ကိုကိုပြောသွားသည်များကို ကြည့်ခြင်းအားဖြင့် သူ့မာမီ့ကို ဘယ်လောက်လွမ်းနေကြောင်း ပေါ်လွင်လှသည်။
ရှိုင်းသန့်က မျက်ရည်မကျမိ... သူ့ကိုယ်စား ပူဆွေးပေးနေသလို လွန်းကသာ မျက်ရည်တွေဝဲတက်နေသည်။ ဒီအကြောင်းတွေဆက်ပြောနေလျှင် အဆင်မပြေတော့ဘူးဆိုတာ သိသည်မို့ စကားလမ်းကြောင်း လွှဲရန်ကြိုးစားလိုက်သည်။
"ကိုကိုသိလား... မြန်မာပြည်ထဲမှာလေ.. ညီညီအသွားချင်ဆုံးနေရာရှိတယ်..."
"ဟုတ်လား.... ဘယ်နေရာများလဲ"
"အင်းလေး"
"အင်းလေး??
အင်း ကြားတော့ ကြားဖူးတယ်...
မြန်မာပြည်ဘက်ဆို ငယ်ငယ်ကတခါပဲ ဒယ်ဒီခေါ်သွားလို့ ရန်ကုန်ကို ရောက်ဖူးတာ..."
"မိုက်တယ်ကိုကိုရ... အိုင်ကြီးက အကြီးကြီးပဲ...
ရေထဲမှာအိမ်လေးတွေဆောက်ပြီး နေကြတာတဲ့... ရေပေါ်စိုက်ခင်းတွေကော...ရေပေါ်ဈေးတွေကော...တစ်နေရာနဲ့ တစ်နေရာ လှေတွေနဲ့သွားရတာတဲ့... အဲဒေသက လှေကိုလည်း ခြေထောက်နဲ့လှော်သေးတယ်တဲ့..."
သူသွားချင်သော နေရာအကြောင်းပြောရသဖြင့် စိတ်ဝင်တစား လက်ဟန်ခြေဟန်များဖြင့် မနားတမ်း ပြောပြနေလေသည်။
"ညီညီကရောဘယ်လိုသိတာလဲ"
"အတန်းထဲက အဲဘက်ကပြောင်းလာတဲ့ ကောင်လေးတစ်ယောက်ပြောပြတာ...
ကြားကြားပြီးချင်း အင်တာနက်မှာ ရှာကြည့်လိုက်သေးတယ်.... တကယ်သွားလည်ချင်စရာကြီး..."
ပြောစရာစကားများမရှိတော့သလို နှစ်ဦးကြား လေထုက ငြိမ်သက်သွားသည်။ စကားလမ်းကြောင်းလွှဲပါသော်လည်း ရှိုင်းသန့်၏မျက်နှာပေါ်က လွမ်းရိပ်တို့က ပျောက်မသွားသေး။
"ညီညီကော... မိဘမဲ့ဂေဟာမှာတုန်းက ညီညီ့မေမေကိုမလွမ်းဘူးလား..."
ကိုကို့ကို ကြည့်ရတာ သူ့မာမီကို တော်တော်လွမ်းနေပုံရသည်။ သူနှင့် ထပ်တူကျသော ခံစားချက်တစ်ချို့ကို ထုတ်ပြောမှ စိတ်သက်သာရာ ရတော့မည်ထင်သည်။
"လွမ်းတာပေါ့ ကိုကိုရယ်... ညီညီဘာအပြစ်လုပ်မိလို့ ဒီလိုပစ်သွားတာလဲဆိုပြီး ညတိုင်း စဥ်းစားပြီးငိုခဲ့တယ်....
ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး.. ဘယ်သူ့ကိုမှလည်း သူငယ်ချင်းမလုပ်ချင်ဘူး...
ညီညီအိမ်ပြန်ချင်တာပဲသိတယ်...
တစ်နှစ်လောက်ကြာတဲ့အထိ မေမေ့ကိုနေ့တိုင်း မျှော်နေမိတုန်း... တစ်နှစ်ပြည့်တော့လည်း လာများခေါ်မလားဆိုပြီး တမ်းတမိတုန်း....
နောက်တော့ နေသားကျသွားတာပါပဲ... သူငယ်ချင်းတစ်ယောက်လည်း ရခဲ့တယ်...
အင်း... ပြောနေရင်း ဒီကောင့်ကိုတောင် သတိရတယ်...
အခုသူဘယ်လိုများဖြစ်နေပြီလဲ မသိဘူး...
ငယ်ငယ်ကတော့ ဆရာဝန်ရူး သိပ်ရူးတာ...
ညီညီက အမြဲ သူ့လူနာလုပ်ပေးရတာ..."
အငိုတစ်ဝက် အရယ်တစ်ဝက် စကားများဖြင့် လွန်း သူ့လွမ်းချင်းကို အဆုံးသတ်လိုက်သည်။
ထို့နောက် ကိုကို့ကို လှမ်းကြည့်မိတော့ မျက်မှောင်ကိုကုပ်ထားသည်။
~~~~~~~~~~~~~~~~~~~~
Zawgyi...
ေက်ာင္းပိတ္ရက္မ်ားတြင္ ရွိုင္းသန့္တစ္ေယာက္ ကုမၸဏီအလုပ္မ်ားကတစ္ဖက္ ေက်ာင္းစာကတစ္ဖက္ႏွင့္ အားလပ္သည္မရွိ။
တျဖည္းျဖည္းႏွင့္ စာသင္ႏွစ္တစ္ႏွစ္ကုန္ဆုံးေတာ့မည္။ ရွိုင္းသန့္သည္ အထက္တန္းေနာက္ဆုံးႏွစ္ၿပီးလွ်င္ စီးပြားေရးတကၠသိုလ္တစ္ခုတြင္ ဝင္ခြင့္ေျဖကာ ေက်ာင္းတက္ရင္း ကုမၸဏီကိုဦးစီးေပမည္။
ေနာက္ဆုံး စာေမးပြဲႀကီးနီးလာေသာ္လည္း ႐ုံးလုပ္ငန္းမ်ားႏွင့္ အလုပ္ရႈပ္ေနၿမဲျဖစ္ေသာ ကိုကို႔ကို လြန္း စိတ္ပူလာမိသည္။
ၿခံထဲရွိ သရက္ပင္ေအာက္တြင္ရွိေသာ ဒန္းေပၚတြင္ ထိုင္ကာ laptopတစ္လုံးႏွင့္ အလုပ္လုပ္ေနေသာ ရွိုင္းသန့္ေဘးတြင္ သံပုရာရည္ခြက္ကိုကိုင္ကာလြန္း ဝင္ထိုင္လိုက္သည္။
"ကိုကို႔ၾကည့္လိုက္တိုင္း အၿမဲအလုပ္လုပ္ေနတာပဲ...စာေတြေကာ လုပ္ျဖစ္ရဲ႕လား... စာေမးပြဲနီးၿပီေနာ္...."
ေျပာရင္းႏွင့္ လက္ထဲက သံပုရာရည္ကို ရွိုင္းသန့္ဆီ ေပးလိုက္ေတာ့ laptopေပၚတြင္ ေျပးလႊားေနေသာ လက္ေခ်ာင္းသြယ္သြယ္မ်ားက သံပုရာရည္ခြက္ကို လွမ္းယူသည္။
ေရငတ္ေနေသာ လူတစ္ေယာက္လို သံပုရာရည္ကို တစ္က်ိဳက္တည္း ေမာ့ေသာက္လိုက္ၿပီး ခြက္ကို လြန္းဆီ ျပန္လွမ္းလိုက္သည္။ ခဏၾကာေတာ့မွ...
"သိပါတယ္ ကိုယ္ေတာ္ေလးရဲ႕.... စာေတြက ရပါတယ္... စာေမးပြဲေျဖခါနီးက်ရင္ ျပန္ၾကည့္မွာပါ.... စိတ္ပူမေနနဲ႕ ဒီကိုကိုက သိပ္ေတာ္တယ္..."
အျခားလက္ေခ်ာင္းမ်ားေကြးကာ လက္ညွိုးႏွင့္ လက္မကိုဆန့္လ်က္ လက္ႏွစ္ေခ်ာင္းၾကားတြင္ သူ႕ေမးေစ့ကို အပ္ၿပီး ၿပဳံးတုံးတုံးမ်က္ႏွာေပးျဖင့္ လြန္းကိုၾကည့္ကာ ဆိုလိုက္သည္။ ၿပီးေနာက္...
"ညီညီေကာ စာေတြရေနၿပီလား ..... ကိုယ္တတ္ခ်င္တဲ့ တကၠသိုလ္တက္ရဖို႔ဆို အခုကတည္းက GPAေကာင္းမွ ရမွာေနာ္....
ညီညီ့ရည္မွန္းခ်က္ကေရာ ဘာျဖစ္ခ်င္တာလဲ...
အခုတည္းက သိေနၿပီလား..."
"ညီညီက ေရွ႕ေနျဖစ္ခ်င္တာ ကိုကို...
မွန္ကန္ေျဖာင့္မတ္တဲ့ ေရွ႕ေနတစ္ေယာက္...
ေမေမအၿမဲေျပာေလ့ရွိတယ္...
အမွန္တရားဘက္မွာေနလို႔ ဘယ္ေတာ့မွ က်ဆဳံးတယ္ဆိုတာ မရွိဘူးတဲ့...
ေငြမ်ားတရားနိုင္ေနတဲ့ေခတ္ႀကီးမွာ အမွန္တရားဘက္က မက်ဆဳံးေအာင္ အစြမ္းကုန္ ကူညီေပးခ်င္တယ္...."
"ကိုကို႔မ်က္စိထဲမွာ အခုထိ ကေလးလို႔ပဲျမင္ေနေသးတာ... ညီညီေတာင္ အ႐ြယ္ေရာက္လာၿပီပဲ... ေကာင္းတယ္ညီညီ...
ကိုယ္ယုံၾကည္တာကို ဆက္လုပ္...
ကိုကိုကလည္း အစြမ္းကုန္ကူညီေပးမယ္...."
လြန္း၏ေခါင္းေလးကို အသာပုတ္လိုက္ၿပီး အလုပ္ဆက္လုပ္ရန္ laptopဆီသို႔ မ်က္ႏွာမူလိုက္သည္။
"ကိုကိုကေရာ... ကိုကိုျဖစ္ခ်င္တာနဲ႕ လုပ္ေနရတာ ကိုက္ညီရဲ႕လား...."
keyboardကိုႏွိပ္ေတာ့မည့္ လက္ေခ်ာင္းမ်ားက ႐ုတ္တရက္ၿငိမ္သက္သြားသည္။ အတန္ၾကာမွ လြန္းကိုလွည့္ၾကည့္ကာ....
"ထပ္တူက်ပါတယ္ ညီညီရဲ႕.... ဒယ္ဒီ့ဆႏၵက ကိုကိုျဖစ္ခ်င္တာပါပဲ... အဲအေပၚ နည္းနည္းမွ မၿငိဳျငင္မိဘူး... မာမီလည္း ဒီလိုပဲ ျဖစ္ေစခ်င္မွာပါ..."
ေနာက္ဆုံးနားတြင္ လြန္းကိုမၾကည့္ေတာ့ဘဲ အေရွ႕ၿခံအျပင္ဘက္သို႔ ေမွ်ာ္ၾကည့္ကာ ရွိုင္းသန့္ေျပာလိုက္သည္။
"ကိုကို႔မာမီကို လြမ္းေနတယ္မလား..."
ၿခံျပင္ကို စိုက္ၾကည့္ေနရင္းမွ ရွိုင္းသန့္ တစ္ခ်က္သာၿပဳံးလိုက္သည္။
"ဒယ္ဒီက စီးပြားေရးေတြ အရမ္းလုပ္သေလာက္ မာမီက အဲဘက္ကိုနည္းနည္းမွ စိတ္မဝင္စားခဲ့ဘူး...
ကိုကို႔ကိုေမြးၿပီးေတာ့ အိမ္မွာပဲနားနားေနေန ေနေတာ့ဖို႔ အလုပ္ထြက္လိုက္ဖို႔ ဒယ္ဒီက တိုက္တြန္းခဲ့ေပမဲ့ မီးတြင္းကထြက္တာနဲ႕ အလုပ္ျပန္လုပ္တယ္တဲ့....
မာမီက သူဝါသနာပါတဲ့ ဂ်ာနယ္လစ္အလုပ္လုပ္ရရင္ အၿမဲေပါ့ပါးေနခဲ့တာ....
သူယုံၾကည္ရာအလုပ္ကိုပဲ တစိုက္မတ္မတ္လုပ္တတ္တာ....
ကိုကို႔ကိုလည္း ပစ္မထားတတ္ဘူး...
အလုပ္ပင္ပန္းလာရင္ ကိုကိုက သူ႕အားေဆးေလးဆိုၿပီး အၿမဲေျပာေလ့ရွိတယ္...."
ေလးေလးနက္နက္ႏွင့္ တစ္လုံးခ်င္းစီစဥ္ကာ ေျပာေနေသာ ကိုကို႔ကို လြန္းစိုက္ၾကည့္ေနမိသည္။ ကိုကိုေျပာသြားသည္မ်ားကို ၾကည့္ျခင္းအားျဖင့္ သူ႕မာမီ့ကို ဘယ္ေလာက္လြမ္းေနေၾကာင္း ေပၚလြင္လွသည္။
ရွိုင္းသန့္က မ်က္ရည္မက်မိ... သူ႕ကိုယ္စား ပူေဆြးေပးေနသလို လြန္းကသာ မ်က္ရည္ေတြဝဲတက္ေနသည္။ ဒီအေၾကာင္းေတြဆက္ေျပာေနလွ်င္ အဆင္မေျပေတာ့ဘူးဆိုတာ သိသည္မို႔ စကားလမ္းေၾကာင္း လႊဲရန္ႀကိဳးစားလိုက္သည္။
"ကိုကိုသိလား... ျမန္မာျပည္ထဲမွာေလ.. ညီညီအသြားခ်င္ဆုံးေနရာရွိတယ္..."
"ဟုတ္လား.... ဘယ္ေနရာမ်ားလဲ"
"အင္းေလး"
"အင္းေလး??
အင္း ၾကားေတာ့ ၾကားဖူးတယ္...
ျမန္မာျပည္ဘက္ဆို ငယ္ငယ္ကတခါပဲ ဒယ္ဒီေခၚသြားလို႔ ရန္ကုန္ကို ေရာက္ဖူးတာ..."
"မိုက္တယ္ကိုကိုရ... အိုင္ႀကီးက အႀကီးႀကီးပဲ...
ေရထဲမွာအိမ္ေလးေတြေဆာက္ၿပီး ေနၾကတာတဲ့... ေရေပၚစိုက္ခင္းေတြေကာ...ေရေပၚေဈးေတြေကာ...တစ္ေနရာနဲ႕ တစ္ေနရာ ေလွေတြနဲ႕သြားရတာတဲ့... အဲေဒသက ေလွကိုလည္း ေျခေထာက္နဲ႕ေလွာ္ေသးတယ္တဲ့..."
သူသြားခ်င္ေသာ ေနရာအေၾကာင္းေျပာရသျဖင့္ စိတ္ဝင္တစား လက္ဟန္ေျခဟန္မ်ားျဖင့္ မနားတမ္း ေျပာျပေနေလသည္။
"ညီညီကေရာဘယ္လိုသိတာလဲ"
"အတန္းထဲက အဲဘက္ကေျပာင္းလာတဲ့ ေကာင္ေလးတစ္ေယာက္ေျပာျပတာ...
ၾကားၾကားၿပီးခ်င္း အင္တာနက္မွာ ရွာၾကည့္လိုက္ေသးတယ္.... တကယ္သြားလည္ခ်င္စရာႀကီး..."
ေျပာစရာစကားမ်ားမရွိေတာ့သလို ႏွစ္ဦးၾကား ေလထုက ၿငိမ္သက္သြားသည္။ စကားလမ္းေၾကာင္းလႊဲပါေသာ္လည္း ရွိုင္းသန့္၏မ်က္ႏွာေပၚက လြမ္းရိပ္တို႔က ေပ်ာက္မသြားေသး။
"ညီညီေကာ... မိဘမဲ့ေဂဟာမွာတုန္းက ညီညီ့ေမေမကိုမလြမ္းဘူးလား..."
ကိုကို႔ကို ၾကည့္ရတာ သူ႕မာမီကို ေတာ္ေတာ္လြမ္းေနပုံရသည္။ သူႏွင့္ ထပ္တူက်ေသာ ခံစားခ်က္တစ္ခ်ိဳ႕ကို ထုတ္ေျပာမွ စိတ္သက္သာရာ ရေတာ့မည္ထင္သည္။
"လြမ္းတာေပါ့ ကိုကိုရယ္... ညီညီဘာအျပစ္လုပ္မိလို႔ ဒီလိုပစ္သြားတာလဲဆိုၿပီး ညတိုင္း စဥ္းစားၿပီးငိုခဲ့တယ္....
ဘယ္သူနဲ႕မွလည္း စကားမေျပာခ်င္ဘူး.. ဘယ္သူ႕ကိုမွလည္း သူငယ္ခ်င္းမလုပ္ခ်င္ဘူး...
ညီညီအိမ္ျပန္ခ်င္တာပဲသိတယ္...
တစ္ႏွစ္ေလာက္ၾကာတဲ့အထိ ေမေမ့ကိုေန႕တိုင္း ေမွ်ာ္ေနမိတုန္း... တစ္ႏွစ္ျပည့္ေတာ့လည္း လာမ်ားေခၚမလားဆိုၿပီး တမ္းတမိတုန္း....
ေနာက္ေတာ့ ေနသားက်သြားတာပါပဲ... သူငယ္ခ်င္းတစ္ေယာက္လည္း ရခဲ့တယ္...
အင္း... ေျပာေနရင္း ဒီေကာင့္ကိုေတာင္ သတိရတယ္...
အခုသူဘယ္လိုမ်ားျဖစ္ေနၿပီလဲ မသိဘူး...
ငယ္ငယ္ကေတာ့ ဆရာဝန္႐ူး သိပ္႐ူးတာ...
ညီညီက အၿမဲ သူ႕လူနာလုပ္ေပးရတာ..."
အငိုတစ္ဝက္ အရယ္တစ္ဝက္ စကားမ်ားျဖင့္ လြန္း သူ႕လြမ္းခ်င္းကို အဆုံးသတ္လိုက္သည္။
ထို႔ေနာက္ ကိုကို႔ကို လွမ္းၾကည့္မိေတာ့ မ်က္ေမွာင္ကိုကုပ္ထားသည္။

Коментарі