Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 17
Unicode...

ကျောင်းဖွင့်ရက်တွင် ရှိုင်းသန့်ကိုယ်တိုင် လွန်းကို ​လိုက်ပို့ဖြစ်သည်။ ​ကျောင်းပိတ်ရက်အိမ်မှာရှိ​နေစဥ် ကိုကို့ကို အရင်ကလို ​နွေး​နွေး​ထွေး​ထွေးမဆက်ဆံဖြစ်။ ရင်ထဲကခံစားချက်များကို အခြားသူမသိ​စေရန် အခန်းတွင်း၌သာ ​နေဖြစ်သည်။ တနင်္ဂ​နွေည​နေ ကွန်ဒိုသို့ပြန်မည်ပြင်​​​သော်လည်း ကိုကိုကတားသဖြင့် မပြန်ဖြစ်။

ဌာန​ရှေ့​ရောက်​သောအခါ လွန်း ကား​ပေါ်မှဆင်းရန်ပြင်စဥ် ရှိုင်းသန့်ကလှမ်း၍တားသည်။

"ညီညီ... ဒီ​ကျောင်းပိတ်ရက်အတွင်း ကိုကို့ကို စကားလာမ​ပြောဘူး...
ဖဲလ်ကိစ္စ​ကြောင့် ညီညီစိတ်ရှုပ်​နေတာ သိပါတယ်...
ကိုကို့ကို​ရော စိတ်ဆိုး​နေတုန်းလား..."

"ကိုကို့ကို စိတ်မဆိူးပါဘူး... ဒီအတိုင်းပဲ ညီညီအချိန်ယူဖို့လိုအပ်လို့ပါ..."

"ကိုကို နားလည်ပါပြီ... ဒီတစ်ပတ်ထဲ အိမ်က​နေပဲ ​ကျောင်းတက်​နော်...ကိုကိုကိုယ်တိုင် လိုက်မို့မယ်"

"မလိုပါဘူး ကိုကို... ည​နေကျ ကွန်ဒိုကိုပဲပြန်လိုက်ပါ့မယ်... ကိုကိုလည်း အလုပ်ရှုပ်ပါတယ်...
ညီညီလည်းထပ်ပြီး တစ်​ယောက်တည်း​နေဖို့ လိုဦးမယ်ထင်လို့ပါ"

"အင်းပါ ညီညီ့သ​ဘောပါ... ညီညီတစ်ခုခုလိုရင် ကိုကို့ကိုဖုန်းဆက်​​နော်"

လွန်း ​ခေါင်းကိုညင်သာစွာငြိမ့်ပြပြီး ကားထဲမှထွက်ခဲ့သည်။ ထို့​နောက် ဌာနဆီသို့ ​လေးလံစွာ ​လျှောက်လှမ်းခဲ့သည်။ အ​ဆောက်အဦးထဲအတွင်းသို့​ရောက်​သော် သူ့ကိုလက်ပြနှုတ်ဆက်​နေ​သော ဖန်းကို ​တွေ့ရသည်။ စိတ်မပါ​သော်လည်း အသက်မပါ​သောအပြုံးဖြင့် ပြန်၍နှုတ်ဆက်ဖြစ်သည်။

"​ဟေး...လွန်း...ဒီ​နေ့​နောက်ကျသလိုပဲ...
ဒီ​နေ့ အတန်းလစ်ပြီး မုန့်သွားစားရ​အောင်"

"ဖန်း...​ပြောရမှာအားနာပါတယ်... ငါဒီ​နေ့စိတ်မကြည်လို့..
​နောက်တခါမှပဲ လိုက်​တော့မယ်..
​​တောင်းပန်ပါတယ်​ ဖန်း"

"အို မဟုတ်တာ... ရပါတယ်...
ဘာ​တွေစိတ်မကြည်​နေတာလဲ...
ငါ့ကို ရင်ဖွင့်ချင်ရင် ရတယ်​နော်"

ဖန်းစကား​ကြောင့် လွန်းပြုံးမိသည်။ အနည်းဆုံး​​တော့ သူ့မှာ ရင်းနှီးယုံကြည်ရတဲ့ သူငယ်ချင်း အနားမှာရှိ​သေးတာပဲ။ ဒါ​ပေမဲ့ ဖန်းကို စိတ်အ​နှောင့်အယှက်ဖြစ်​စေမည်စိုးသဖြင့် ​ပြောပြဖို့ စိတ်မကူး​တော့။

ထပ်၍​လောကွတ်ပြုရန် စိတ်မပါ​တော့သဖြင့် ထိုမျှနှင့် စကားစကိုဖြတ်ကာ အတန်းထဲသို့သာ ဆက်​လျှောက်ခဲ့သည်။

စာသင်​​နေရ​သော်လည်း စိတ်မပါ​ပေ။ ​ခေါင်းထဲတွင် ဖဲလ်​ပြော​သောစကားများကိုသာ ခဏခဏ ပြန်လည်ကြား​ယောင်​နေမိသည်။

ကိုကိုကသာ မဖြစ်မ​နေ လက်ခံလိုက်မည်ဆိုလျှင် ထိုအ​ခြေအ​နေနှင့် လိုက်​လျောညီ​ထွေ​နေထိုင်တတ်ဖို့ လွန်းပြင်ဆင်ရဦးမည်။ ဖြစ်နိုင်လျှင် ကိုကိုနှင့် အ​ဝေးဆုံးကို ထွက်သွားနိုင်ရန် ကြိုးစားရဦးမည်။

ထို့အပြင် လျှို့ဝှက်ထားမိဆဲဖြစ်​သော သူတို့နှသ်​ယောက်၏ ဆက်နွယ်မှု...
ကိုကို့ထံမှ ဂရုစိုက်မှုများနှင့် ​မေတ္တာများ အပြည့်အဝရရှိ​နေခြင်းက သူ့ဆီမှ လျစ်လျူရှုမှုနှင့် ခါးသီးမှုများ ရလာမည့်အချိန်တွင် လွန်းကို ခံနိုင်ရည်ရှိ​စေပါ့မလား။
တွယ်ငြိ​နေ​ဆဲဖြစ်သည့် ညီအစ်ကိုစည်းထက်​ကျော်လွန်​သော သံ​ယောစဥ်​နှောင်ကြိုးတို့က ထိုအချိန်တွင် အမြစ်ပြတ် ဖြတ်​တောက်ဖို့ရန် ဖြစ်နိုင်ပါမည်လား။

လွန်း မစဥ်းစားတတ်​တော့။ ဖြစ်နိုင်လျှင် ကိုကို့ကိုသာ ​ပြေး၍ဖက်ထားချင်သည်။ သူ့ခံစားချက်များအားလုံးကို ဖွင့်​ပြောပြလိုက်ချင်သည်။

​မေ​မေမရှိ​တော့သည့်​နောက် ဒီ​​လောကကြီးမှာ လွန်းအတွက် အချစ်ရဆုံးလူသား...
အတွယ်တာရဆုံးလူသား...
အမြတ်နိုးရဆုံးလူသား...
အဆုံးရှုံးမခံနိုင်​သော လူသားဟာ ကိုကိုတစ်​ယောက်တည်းဆိုတာ... ကိုကိုသိ​​အောင် ​ပြောပြလိုက်ချင်သည်။

အဆုံးရှုံးမခံနိုင်ပါဘူး... ဒါ​ပေမဲ့ လက်လွှတ်ရဖို့ဖြစ်လာတဲ့အခါမှာ ချစ်ရသူက​ပျော်ရွှင်မယ်ဆို ရင့်ကျက်စွာနဲ့ လွှတ်​ပေးလိုက်မှာ...
ရှုံးနိမ့်သူက ကျွန်​တော်ပဲဖြစ်ပါ​စေ​တော့...
အ​ဝေးက​နေ ချစ်ရသူရဲ့​ပျော်ရွှင်မှုကို ခံစားမိတဲ့အခါ ဒီဆုံးရှုံးမှုက ကျွန်​တော့အတွက် ​အောင်နိုင်ခြင်းပဲ မဟုတ်ပါလား...

....................

"​ဖေ​ဖေ... ရှိုင်းရဲ့အ​ဖေအ​ကြောင်း ဘယ်​လောက်ထိသိလဲ... ​နောက်အိမ်​ထောင်နဲ့ရတဲ့ က​လေးက သူ့သားဆိုတာ ဟုတ်ရဲ့လား"

ညစာထမင်းဝိုင်းတွင် ထမင်းလက်စုံစားချိန် ဖဲလ်သူ့အ​ဖေကို ဦးမိုးနိုင်အ​ကြောင်း တီး​ခေါက်​မေးကြည့်သည်။

"​ဖေ​ဖေနဲ့က အလုပ်တွဲလုပ်တာ ကြာပြီဆို​တော့ သိသင့်သ​လောက်​တော့ သိပါတယ်။ အင်း...​နောက်အိမ်​ထောင်နဲ့ က​​​လေးက​တော့ သားအရင်းလို့​ပြောတာပဲ။
​ဖေ​ဖေလည်း အစက အံ့ဩ​နေတာ... လူရိုးလူ​အေးကြီးက သူသိပ်ချစ်တဲ့ sayaအပြင် ​​နောက်တစ်​ယောက်ရှိ​နေခဲ့တာကို​လေ...
အင်း​​လေ လူဆိုတာ​ပြောလို့မှမရတာ...
တခြားသူမမြင်နိုင်တဲ့ သူ့ရဲ့အ​မှောင်ဘက်ခြမ်းဆိုတာ ရှိတာပဲ​လေ..."

အိပ်ရာထက်တွင် ဖဲလ် သူ့အ​ဖေ​ပြော​သောစကားများကို ပြန်လည်​တွေးရင်း သူ၏သံသယတို့က ပို၍ခိုင်မာလာသည်။

သူတို့နှစ်​ယောက် လျှို့ဝှက်ချက် တစ်ခုခုရှိကိုရှိရမယ်...

....................

လွန်းနှင့် အ​​ချေအတင်ဖြစ်ပြီး​နောက်ပိုင်း ဖဲလ် ရှိုင်းသန့်ဆီသို့ ​နေ့တိုင်းလိုလိုသွားသည်။ တစ်ခါတရံ ရှိုင်းသန့်​အိမ်ပြန်၍ ​နေ့လည်စာစားလျှင် လိုက်လာတတ်သည်။ ​ကျောင်းပိတ်ရက်များတွင် လွန်းအိမ်ပြန်လာတတ်သည်ကိုသိသဖြင့် စ​နေ၊တနင်္ဂ​နွေ​နေ့များပါ ရှိုင်းသန့်အိမ်သို့ အမျိုးမျိုး​သော အ​ကြောင်းပြချက်များနှင့် သွားတတ်သည်။ အိမ်တွင် သူတို့နှစ်​ယောင် မည်သို့ပြုမူ​နေထိုင်သည်ကို စူးစမ်းချင်၍ဖြစ်သည်။ သို့​သော် သူ​မျှော်လင့်ထားသလို လွန်းအိမ်ပြန်မလာပါ။ ရှိုင်းသန့်စကားအရ သူနှင့်စကားများပြီး​နောက် အိမ်သို့ပြန်မလာဖြစ်​တော့ဟူ၍ သိရသည်။

ဇွဲမ​လျှော့​သော ဖဲလ်က ​နောက်တစ်မျိုး ကြံပြန်သည်။ ရှိုင်းသန့်မရှိ​သောအချိန်များတွင်ပါ အိမ်သို့​ရောက်လာတတ်သည်။ အိမ်​တော်ထိန်း​ဒေါ်​လေးနှင့် ရင်းနှီးမှုရ​စေရန် ကြိုးပမ်းသည်။

တစ်ရက်တွင် ရှိုင်းသန့်မရှိခိုက် အိမ်သို့​ရောက်ချလာသည်။

"​မင်္ဂလာပါ...​ဒေါ်​လေး
ရှိုင်းက အ​ရေးကြီးတဲ့ စာရွက်စာတမ်းတစ်ချို့ယူခိုင်းလိုက်လို့...
အဲဒါ သူ့အခန်းကိုလိုက်ပို့ပါလား"

"​ဪ ​အေး​အေး...သမီးဖဲလ်..
ဘယ်လိုဖိုင်မျိုးလဲ... ​ဒေါ်​လေးယူလာ​ပေးမယ်"

ဖဲလ် မျက်​မှောင်ကျုံ့သွားကာ...

"မဟုတ်တာ ​ဒေါ်​လေးရဲ့ ကိုယ်တိုင်ဝင်ယူလိုက်ပါ့မယ်... ​ဒေါ်​လေးလုပ်စရာရှိတာလုပ်ပါ...သူ့အခန်းကိုသာ လိုက်ပို့​ပေးပါ"

"သားရှိုင်းသန့်က သူ့အခန်းကို သူစိမ်းဝင်တာမကြိုက်လို့ကွဲ့..."

"​သမီးက သူစိမ်းလား... ပြီး​တော့သူကိုယ်တိုင် ယူခိုင်းလိုက်တာလို့ ​ပြောပြီးပြီ​​လေ..."

ဖဲလ် ​လေသံမာမာဖြင့် ​ဒေါ်​လေးကို ပြန်​ပြောလိုက်သည်။ ​​ဒေါ်​လေးက သက်ပြင်းချကာ အိမ်အ​ပေါ်ထပ်သို့ ဦး​ဆောင်တက်သွား​လေသည်။

ရှိုင်းသန့်အခန်း​ရှေ့​ရောက်​တော့ရပ်လိုက်ကာ...
"ဒီအခန်းပဲ သမီး"

ဖဲလ်ဒီအိမ်ကို မကြာခဏ​ရောက်ဖူး​သော်လည်းရှိုင်းသန့်က အိမ်​အောက်ထပ်တွင်သာ ​နေ​စေသည်။ အ​ပေါ်ထပ်သို့ တခါမျှမ​​ရောက်ဖူးတာ​ကြောင့် ​ဘေးဘီကိုပါ ဝေ့ဝဲကြည့်မိသည်။

"အဲဒါ လွန်းအခန်းလား"
ရပ်​နေသည့်​နေရာနှင့် မျက်နှာချင်းဆိုင်မှအခန်းကို လက်ညှိုးထိုးပြကာ​မေး​တော့ ​ဒေါ်​လေးက ​ခေါင်းကို​လေးပင်စွာ ငြိမ့်ပြပါသည်။

"​ဒေါ်​လေး လုပ်စရာရှိတာလုပ်​လေ...
ဖဲလ်ပဲ ဝင်ရှာလိုက်မယ်"

စကားဆုံးသည်နှင့် အခန်းတံခါးကိုတွန်းဖွင်ဝင်ပြီး ပြန်ပိတ်လိုက်သည်။

​ဒေါ်​လေးလည်း ​​အောက်ထပ်သို့ဆင်းလာရ​ပေမဲ့ စိတ်ထဲတွင်​တော့ ​လေးပင်​နေသည်။

သားရှိုင်းသန့်​​​ကြောင့်သာ ဒီမိန်းက​လေးကို လက်ခံရတာ...မကြည်ဖြူဘူးရယ်...

~~~~~~~~~~~~~~~~~~~~

Zawgyi...

ေက်ာင္းဖြင့္ရက္တြင္ ရွိုင္းသန့္ကိုယ္တိုင္ လြန္းကို ​လိုက္ပို႔ျဖစ္သည္။ ​ေက်ာင္းပိတ္ရက္အိမ္မွာရွိ​ေနစဥ္ ကိုကို႔ကို အရင္ကလို ​ေႏြး​ေႏြး​ေထြး​ေထြးမဆက္ဆံျဖစ္။ ရင္ထဲကခံစားခ်က္မ်ားကို အျခားသူမသိ​ေစရန္ အခန္းတြင္း၌သာ ​ေနျဖစ္သည္။ တနဂၤ​ေႏြည​ေန ကြန္ဒိုသို႔ျပန္မည္ျပင္​​​ေသာ္လည္း ကိုကိုကတားသျဖင့္ မျပန္ျဖစ္။

ဌာန​ေရွ႕​ေရာက္​ေသာအခါ လြန္း ကား​ေပၚမွဆင္းရန္ျပင္စဥ္ ရွိုင္းသန့္ကလွမ္း၍တားသည္။

"ညီညီ... ဒီ​ေက်ာင္းပိတ္ရက္အတြင္း ကိုကို႔ကို စကားလာမ​ေျပာဘူး...
ဖဲလ္ကိစၥ​ေၾကာင့္ ညီညီစိတ္ရႈပ္​ေနတာ သိပါတယ္...
ကိုကို႔ကို​ေရာ စိတ္ဆိုး​ေနတုန္းလား..."

"ကိုကို႔ကို စိတ္မဆိူးပါဘူး... ဒီအတိုင္းပဲ ညီညီအခ်ိန္ယူဖို႔လိုအပ္လို႔ပါ..."

"ကိုကို နားလည္ပါၿပီ... ဒီတစ္ပတ္ထဲ အိမ္က​ေနပဲ ​ေက်ာင္းတက္​ေနာ္...ကိုကိုကိုယ္တိုင္ လိုက္မို႔မယ္"

"မလိုပါဘူး ကိုကို... ည​ေနက် ကြန္ဒိုကိုပဲျပန္လိုက္ပါ့မယ္... ကိုကိုလည္း အလုပ္ရႈပ္ပါတယ္...
ညီညီလည္းထပ္ၿပီး တစ္​ေယာက္တည္း​ေနဖို႔ လိုဦးမယ္ထင္လို႔ပါ"

"အင္းပါ ညီညီ့သ​ေဘာပါ... ညီညီတစ္ခုခုလိုရင္ ကိုကို႔ကိုဖုန္းဆက္​​ေနာ္"

လြန္း ​ေခါင္းကိုညင္သာစြာၿငိမ့္ျပၿပီး ကားထဲမွထြက္ခဲ့သည္။ ထို႔​ေနာက္ ဌာနဆီသို႔ ​ေလးလံစြာ ​ေလွ်ာက္လွမ္းခဲ့သည္။ အ​ေဆာက္အဦးထဲအတြင္းသို႔​ေရာက္​ေသာ္ သူ႕ကိုလက္ျပႏႈတ္ဆက္​ေန​ေသာ ဖန္းကို ​ေတြ႕ရသည္။ စိတ္မပါ​ေသာ္လည္း အသက္မပါ​ေသာအၿပဳံးျဖင့္ ျပန္၍ႏႈတ္ဆက္ျဖစ္သည္။

"​ေဟး...လြန္း...ဒီ​ေန႕​ေနာက္က်သလိုပဲ...
ဒီ​ေန႕ အတန္းလစ္ၿပီး မုန့္သြားစားရ​ေအာင္"

"ဖန္း...​ေျပာရမွာအားနာပါတယ္... ငါဒီ​ေန႕စိတ္မၾကည္လို႔..
​ေနာက္တခါမွပဲ လိုက္​ေတာ့မယ္..
​​ေတာင္းပန္ပါတယ္​ ဖန္း"

"အို မဟုတ္တာ... ရပါတယ္...
ဘာ​ေတြစိတ္မၾကည္​ေနတာလဲ...
ငါ့ကို ရင္ဖြင့္ခ်င္ရင္ ရတယ္​ေနာ္"

ဖန္းစကား​ေၾကာင့္ လြန္းၿပဳံးမိသည္။ အနည္းဆုံး​​ေတာ့ သူ႕မွာ ရင္းႏွီးယုံၾကည္ရတဲ့ သူငယ္ခ်င္း အနားမွာရွိ​ေသးတာပဲ။ ဒါ​ေပမဲ့ ဖန္းကို စိတ္အ​ေႏွာင့္အယွက္ျဖစ္​ေစမည္စိုးသျဖင့္ ​ေျပာျပဖို႔ စိတ္မကူး​ေတာ့။

ထပ္၍​ေလာကြတ္ျပဳရန္ စိတ္မပါ​ေတာ့သျဖင့္ ထိုမွ်ႏွင့္ စကားစကိုျဖတ္ကာ အတန္းထဲသို႔သာ ဆက္​ေလွ်ာက္ခဲ့သည္။

စာသင္​​ေနရ​ေသာ္လည္း စိတ္မပါ​ေပ။ ​ေခါင္းထဲတြင္ ဖဲလ္​ေျပာ​ေသာစကားမ်ားကိုသာ ခဏခဏ ျပန္လည္ၾကား​ေယာင္​ေနမိသည္။

ကိုကိုကသာ မျဖစ္မ​ေန လက္ခံလိုက္မည္ဆိုလွ်င္ ထိုအ​ေျခအ​ေနႏွင့္ လိုက္​ေလ်ာညီ​ေထြ​ေနထိုင္တတ္ဖို႔ လြန္းျပင္ဆင္ရဦးမည္။ ျဖစ္နိုင္လွ်င္ ကိုကိုႏွင့္ အ​ေဝးဆုံးကို ထြက္သြားနိုင္ရန္ ႀကိဳးစားရဦးမည္။

ထို႔အျပင္ လွ်ို႔ဝွက္ထားမိဆဲျဖစ္​ေသာ သူတို႔ႏွသ္​ေယာက္၏ ဆက္ႏြယ္မႈ...
ကိုကို႔ထံမွ ဂ႐ုစိုက္မႈမ်ားႏွင့္ ​ေမတၱာမ်ား အျပည့္အဝရရွိ​ေနျခင္းက သူ႕ဆီမွ လ်စ္လ်ဴရႈမႈႏွင့္ ခါးသီးမႈမ်ား ရလာမည့္အခ်ိန္တြင္ လြန္းကို ခံနိုင္ရည္ရွိ​ေစပါ့မလား။
တြယ္ၿငိ​ေန​ဆဲျဖစ္သည့္ ညီအစ္ကိုစည္းထက္​ေက်ာ္လြန္​ေသာ သံ​ေယာစဥ္​ေႏွာင္ႀကိဳးတို႔က ထိုအခ်ိန္တြင္ အျမစ္ျပတ္ ျဖတ္​ေတာက္ဖို႔ရန္ ျဖစ္နိုင္ပါမည္လား။

လြန္း မစဥ္းစားတတ္​ေတာ့။ ျဖစ္နိုင္လွ်င္ ကိုကို႔ကိုသာ ​ေျပး၍ဖက္ထားခ်င္သည္။ သူ႕ခံစားခ်က္မ်ားအားလုံးကို ဖြင့္​ေျပာျပလိုက္ခ်င္သည္။

​ေမ​ေမမရွိ​ေတာ့သည့္​ေနာက္ ဒီ​​ေလာကႀကီးမွာ လြန္းအတြက္ အခ်စ္ရဆုံးလူသား...
အတြယ္တာရဆုံးလူသား...
အျမတ္နိုးရဆုံးလူသား...
အဆုံးရႈံးမခံနိုင္​ေသာ လူသားဟာ ကိုကိုတစ္​ေယာက္တည္းဆိုတာ... ကိုကိုသိ​​ေအာင္ ​ေျပာျပလိုက္ခ်င္သည္။

အဆုံးရႈံးမခံနိုင္ပါဘူး... ဒါ​ေပမဲ့ လက္လႊတ္ရဖို႔ျဖစ္လာတဲ့အခါမွာ ခ်စ္ရသူက​ေပ်ာ္႐ႊင္မယ္ဆို ရင့္က်က္စြာနဲ႕ လႊတ္​ေပးလိုက္မွာ...
ရႈံးနိမ့္သူက ကြၽန္​ေတာ္ပဲျဖစ္ပါ​ေစ​ေတာ့...
အ​ေဝးက​ေန ခ်စ္ရသူရဲ႕​ေပ်ာ္႐ႊင္မႈကို ခံစားမိတဲ့အခါ ဒီဆုံးရႈံးမႈက ကြၽန္​ေတာ့အတြက္ ​ေအာင္နိုင္ျခင္းပဲ မဟုတ္ပါလား...

....................

"​ေဖ​ေဖ... ရွိုင္းရဲ႕အ​ေဖအ​ေၾကာင္း ဘယ္​ေလာက္ထိသိလဲ... ​ေနာက္အိမ္​ေထာင္နဲ႕ရတဲ့ က​ေလးက သူ႕သားဆိုတာ ဟုတ္ရဲ႕လား"

ညစာထမင္းဝိုင္းတြင္ ထမင္းလက္စုံစားခ်ိန္ ဖဲလ္သူ႕အ​ေဖကို ဦးမိုးနိုင္အ​ေၾကာင္း တီး​ေခါက္​ေမးၾကည့္သည္။

"​ေဖ​ေဖနဲ႕က အလုပ္တြဲလုပ္တာ ၾကာၿပီဆို​ေတာ့ သိသင့္သ​ေလာက္​ေတာ့ သိပါတယ္။ အင္း...​ေနာက္အိမ္​ေထာင္နဲ႕ က​​​ေလးက​ေတာ့ သားအရင္းလို႔​ေျပာတာပဲ။
​ေဖ​ေဖလည္း အစက အံ့ဩ​ေနတာ... လူရိုးလူ​ေအးႀကီးက သူသိပ္ခ်စ္တဲ့ sayaအျပင္ ​​ေနာက္တစ္​ေယာက္ရွိ​ေနခဲ့တာကို​ေလ...
အင္း​​ေလ လူဆိုတာ​ေျပာလို႔မွမရတာ...
တျခားသူမျမင္နိုင္တဲ့ သူ႕ရဲ႕အ​ေမွာင္ဘက္ျခမ္းဆိုတာ ရွိတာပဲ​ေလ..."

အိပ္ရာထက္တြင္ ဖဲလ္ သူ႕အ​ေဖ​ေျပာ​ေသာစကားမ်ားကို ျပန္လည္​ေတြးရင္း သူ၏သံသယတို႔က ပို၍ခိုင္မာလာသည္။

သူတို႔ႏွစ္​ေယာက္ လွ်ို႔ဝွက္ခ်က္ တစ္ခုခုရွိကိုရွိရမယ္...

....................

လြန္းႏွင့္ အ​​ေခ်အတင္ျဖစ္ၿပီး​ေနာက္ပိုင္း ဖဲလ္ ရွိုင္းသန့္ဆီသို႔ ​ေန႕တိုင္းလိုလိုသြားသည္။ တစ္ခါတရံ ရွိုင္းသန့္​အိမ္ျပန္၍ ​ေန႕လည္စာစားလွ်င္ လိုက္လာတတ္သည္။ ​ေက်ာင္းပိတ္ရက္မ်ားတြင္ လြန္းအိမ္ျပန္လာတတ္သည္ကိုသိသျဖင့္ စ​ေန၊တနဂၤ​ေႏြ​ေန႕မ်ားပါ ရွိုင္းသန့္အိမ္သို႔ အမ်ိဳးမ်ိဳး​ေသာ အ​ေၾကာင္းျပခ်က္မ်ားႏွင့္ သြားတတ္သည္။ အိမ္တြင္ သူတို႔ႏွစ္​ေယာင္ မည္သို႔ျပဳမူ​ေနထိုင္သည္ကို စူးစမ္းခ်င္၍ျဖစ္သည္။ သို႔​ေသာ္ သူ​ေမွ်ာ္လင့္ထားသလို လြန္းအိမ္ျပန္မလာပါ။ ရွိုင္းသန့္စကားအရ သူႏွင့္စကားမ်ားၿပီး​ေနာက္ အိမ္သို႔ျပန္မလာျဖစ္​ေတာ့ဟူ၍ သိရသည္။

ဇြဲမ​ေလွ်ာ့​ေသာ ဖဲလ္က ​ေနာက္တစ္မ်ိဳး ႀကံျပန္သည္။ ရွိုင္းသန့္မရွိ​ေသာအခ်ိန္မ်ားတြင္ပါ အိမ္သို႔​ေရာက္လာတတ္သည္။ အိမ္​ေတာ္ထိန္း​ေဒၚ​ေလးႏွင့္ ရင္းႏွီးမႈရ​ေစရန္ ႀကိဳးပမ္းသည္။

တစ္ရက္တြင္ ရွိုင္းသန့္မရွိခိုက္ အိမ္သို႔​ေရာက္ခ်လာသည္။

"​မဂၤလာပါ...​ေဒၚ​ေလး
ရွိုင္းက အ​ေရးႀကီးတဲ့ စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ယူခိုင္းလိုက္လို႔...
အဲဒါ သူ႕အခန္းကိုလိုက္ပို႔ပါလား"

"​ဪ ​ေအး​ေအး...သမီးဖဲလ္..
ဘယ္လိုဖိုင္မ်ိဳးလဲ... ​ေဒၚ​ေလးယူလာ​ေပးမယ္"

ဖဲလ္ မ်က္​ေမွာင္က်ဳံ႕သြားကာ...

"မဟုတ္တာ ​ေဒၚ​ေလးရဲ႕ ကိုယ္တိုင္ဝင္ယူလိုက္ပါ့မယ္... ​ေဒၚ​ေလးလုပ္စရာရွိတာလုပ္ပါ...သူ႕အခန္းကိုသာ လိုက္ပို႔​ေပးပါ"

"သားရွိုင္းသန့္က သူ႕အခန္းကို သူစိမ္းဝင္တာမႀကိဳက္လို႔ကြဲ႕..."

"​သမီးက သူစိမ္းလား... ၿပီး​ေတာ့သူကိုယ္တိုင္ ယူခိုင္းလိုက္တာလို႔ ​ေျပာၿပီးၿပီ​​ေလ..."

ဖဲလ္ ​ေလသံမာမာျဖင့္ ​ေဒၚ​ေလးကို ျပန္​ေျပာလိုက္သည္။ ​​ေဒၚ​ေလးက သက္ျပင္းခ်ကာ အိမ္အ​ေပၚထပ္သို႔ ဦး​ေဆာင္တက္သြား​ေလသည္။

ရွိုင္းသန့္အခန္း​ေရွ႕​ေရာက္​ေတာ့ရပ္လိုက္ကာ...
"ဒီအခန္းပဲ သမီး"

ဖဲလ္ဒီအိမ္ကို မၾကာခဏ​ေရာက္ဖူး​ေသာ္လည္းရွိုင္းသန့္က အိမ္​ေအာက္ထပ္တြင္သာ ​ေန​ေစသည္။ အ​ေပၚထပ္သို႔ တခါမွ်မ​​ေရာက္ဖူးတာ​ေၾကာင့္ ​ေဘးဘီကိုပါ ေဝ့ဝဲၾကည့္မိသည္။

"အဲဒါ လြန္းအခန္းလား"
ရပ္​ေနသည့္​ေနရာႏွင့္ မ်က္ႏွာခ်င္းဆိုင္မွအခန္းကို လက္ညွိုးထိုးျပကာ​ေမး​ေတာ့ ​ေဒၚ​ေလးက ​ေခါင္းကို​ေလးပင္စြာ ၿငိမ့္ျပပါသည္။

"​ေဒၚ​ေလး လုပ္စရာရွိတာလုပ္​ေလ...
ဖဲလ္ပဲ ဝင္ရွာလိုက္မယ္"

စကားဆုံးသည္ႏွင့္ အခန္းတံခါးကိုတြန္းဖြင္ဝင္ၿပီး ျပန္ပိတ္လိုက္သည္။

​ေဒၚ​ေလးလည္း ​​ေအာက္ထပ္သို႔ဆင္းလာရ​ေပမဲ့ စိတ္ထဲတြင္​ေတာ့ ​ေလးပင္​ေနသည္။

သားရွိုင္းသန့္​​​ေၾကာင့္သာ ဒီမိန္းက​ေလးကို လက္ခံရတာ...မၾကည္ျဖဴဘူးရယ္...

© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі