Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 22
Unicode...

လွန်း အိမ်မှထွက်သွားသည့်အချိန်မှစ၍ ရှိုင်းသန့် သူ့ကို အဆက်အသွယ်မလုပ်​တော့။ မိမိကိုယ်တိုင် လွန်းနှင့်ပတ်သက်၍ ဘာဖြစ်​စေချင်မှန်းမသိသလို စဥ်းလည်းမစဥ်းစားချင်။ ဒီ​ကောင်​လေးကို သူ့အ​တွေးထဲက​နေ ထုတ်ထားလိုက်သည်။ သူ့တွင် ထို့ထက်အ​​ရေးကြီး​သောအရာများကို လုပ်​ဆောင်ရန်ရှိ​နေ​သေးသည်မဟုတ်ပါလား။

ဖဲလ်ကလည်း သူတို့ကိစ္စကို ပို၍ဖိအား​ပေးလာခဲ့သည်။ အစက လွန်းမျက်နှာနှင့် လက်ခံရန်တွန့်ဆုတ်ခဲ့​သော်လည်း အခုသူ့တွင် ပြန်လှည့်ကြည့်စရာလူလည်းမရှိ​တော့တာ​ကြောင့် လက်ခံဖြစ်ခဲ့သည်။ လက်ခံပြီးချင်းမှာပင် ဖဲလ်ကလူကြီးမိဘများ​ရှေ့တွင် ​စေ့စပ်ထားရန်ပါတိုက်တွန်းသည်။ ရှိုင်းသန့်အခုချိန်တွင် အများကြီးမ​တွေးချင်​တော့။ ဖဲလ်ဆန္ဒအတိုင်းသာလုပ်ရန် ​​ပြောဖြစ်သည်။

​စေ့စပ်ပြီးသည့်​နေ့ ညတွင် ရှိုင်းသန့်အလုပ်ကိစ္စများကို လျစ်လျူရှုထား​လေသည်။ လက်သူကြွယ်တွင်ဝတ်ဆင်ထား​သော ​စေ့စပ်လက်စွပ်ကိုကိုက်ကြည့်ရင်း သူ့နားထဲတွင် ပဲတင်ထပ်​နေသံက လွန်း၏အဓိပ္ပါယ်​ဖော်ရခက်​သောစကားများ...

ဒီ​ကောင်​လေးက သူပအ​ပေါ်မှာ အစ်ကိုတစ်​ယောက်ထက်ပိုတဲ့ ခံစားချက်ရှိ​နေတာပဲ...
ဘယ်​လောက်​တောင်ကြာ​နေပြီလဲ...
ဒီ​ကောင်​လေးက ဒါ​ကြောင့်သူ့ကို ခင်တွယ်လွန်း​နေတာပဲ...
ဒါဆိုသူက​ရော...
လွန်းအ​ပေါ်မှာထားတဲ့ သူ့ခံစားချက်က​ရော...
ညီတစ်​ယောက်လိုပဲဆိုတာ ​သေချာရဲ့လား...

ဒီ​ကောင်​လေး သူ့အ​ပေါ် ဂရုစိုက်​ပေးချိန်တိုင်း၊ လိုချင်တာတစ်ခုခုရှိလို့ချွဲတိုင်း၊ သူ့ကိုစိတ်ပူသည့်အမူအရာလုပ်ပြတိုင်း၊ သူ့ကိုချစ်လိုက်တာလို့ ​ပြောလာချိန်တိုင်း ​ကျေနပ်မိသည်​လေ...ပြုံးမိသည်​လေ...ရင်ထဲက​နေ ​နွေး​ထွေးမှုကို ခံစားမိသည်​လေ...
ဒါ​တွေက သံ​ယောစဥ်နှင့် ချစ်ခြင်း​မေတ္တာ​တွေပါပဲ...
ဒါ​ပေမဲ့ ဘယ်လိုချစ်ခြင်းမျိုးလဲ...

ဒီ​ကောင်​လေး သူကလွဲပြီး တခြား​အ​နေနီးတဲ့သူတစ်​ယောက်ရှိတယ်လို့​​ပြောခဲ့စဥ်က သူစိတ်ထင့်ဖူးသည်​လေ...ရန်လုပ်ဖူးသည်​လေ...
စိုင်းနှင့် စလိုက်​နောက်လိုက် ရိုက်လိုက်ပုတ်လိုက်လုပ်​နေကြတာကို မြင်ရရင် စိုင်းကို​တောင် အမြင်မကြည်ဖြစ်ဖူးသည်​လေ...
ဖဲလ်နှင့်ကိစ္စ မတင်မကျဖြစ်​​နေခြင်းကလည်း ဒီ​ကောင်​လေး​ကြောင့်ပဲမလား...

သူ့ကိုစိတ်ဆိုးပါသည်။ ​ဒေါသထွက်ပါသည်။ ဒီလိုအမှန်တရားကို နှစ်ရှည်လများဖုံးကွယ်ထားတာကိုး။
ဒါကိုလက်ခံနိုင်ဖို့ အချိန်ယူရမယ်​လေ...
သူဒီ​ကောင်​လေးအ​ပေါ် ဘယ်လိုပဲ သ​ဘောထားခဲ့ပါ​စေ။ အခု သူစိမ်း​တွေဖြစ်သွားကြပြီပဲ... သူ့အ​ပေါ် ဘယ်လိုခံစားချက်ရှိလဲဆိုတာ မသိချင်​တော့ပါဘူး... ကြာရင်သူ့ကို​မေ့နိုင်မှာပါ...
ဖဲလ်ကိုလက်ခံလိုက်တာလည်း ငါ့အတွက်၊ ကုမ္ပဏီအတွက်၊ ဒယ်ဒီ့ဂုဏ်သိက္ခာအတွက် အ​ကောင်းဆုံးဖြစ်မှာပါ...
ကိုယ့်လမ်းကိုပဲ ​ရှေ့ဆက်လျှောက်ကြတာ​ပေါ့...ငါတစ်ခါ​တွေးထားဖူးတဲ့ ဘဝလမ်းခွဲဆိုတာ ဒီ​​နေရာပဲ လွန်း....

ရှိုင်းသန့် အ​တွေး​ပေါင်းများစွာဖြင့် သက်ပြင်းရှည်တစ်ချက်ချရင်း အိပ်ရာ​ပေါ်တွင်သာ လှဲချလိုက်တော့သည်။

.............

"စေ့စပ်ထားပြီးပြီဆိုလည်း လက်ထပ်မဲ့ကိစ္စကိုငြင်းပါ... မဟုတ်ရင် ကျွန်​တော်က ပွဲကိုဖျက်ရလိမ့်မယ် မမ"

​ဒေါသများဖြင့် ​ပြောလာ​သောဖန်းကို ဖဲလ်နားမလည်စွာ ​ငေးကြည့်သည်။

"မင်းနဲ့ဘာဆိုင်လို့လဲ ဖန်း... ကိုယ့်ဘာသာ​အေး​ဆေး​နေစမ်း"

"မ​နေနိုင်ဘူး မမ... ကျွန်​တော်နဲ့ဆိုင်တယ်...
ကျွန်​တော်ချစ်တဲ့သူ အသည်းကွဲပြီးနာကျင်​နေတာကို ကျွန်​တော်လက်ပိုက်မကြည့်နိုင်ဘူး"

"ဘာ.... မင်းချစ်တဲ့သူ... ဧကန္တ ဟို​ကောင်​လေးများလား"

"ဟုတ်တယ်... မမလက်ထပ်မဲ့လူရဲ့ ညီအရင်းမဟုတ်တဲ့ ညီ"

ဖန်း၏စကားဆုံးသည်နှင့် ဖဲလ်အကျယ်ကြီး​အော်ရယ်သည်။

"​မောင်​လေး... နင်က​လေ အမြဲအရှုံးသမားပဲ..
ထားပါ.. မင်းသိထားဖို့က ငါကရှိုင်းကို မဖြစ်ဖြစ်​အောင်လက်ထပ်မှာပဲ...
မင်း​ကြောင့်နဲ့​တော့ ငါ့အစီအစဥ်​တွေ အပျက်စီးမခံနိုင်ဘူး"

"မမ သူ့ကိုလည်း ချစ်တာမဟုတ်ဘဲနဲ့ဗျာ..."

ဖန်း၏စကားမဆုံး​သေး ဖဲလ်ကဖြတ်၍​ပြောသည်။

"ချစ်တာ မချစ်တာ​တွေ မစဥ်းစားနိုင်ပါဘူး...ငါလည်းမင်းလိုပဲ ရုန်းထွက်ချင်တယ်
မင်း​တောင် ဒီအိမ်ရဲ့တာဝန်​တွေ မယူချင်လို့ အိမ်​ပေါ်ကဆင်းသွား​သေးတာပဲ...
​အေး...မင်း​ကြောင့်ပဲ ငါက ကုမ္ပဏီကို ဦးစီးဖို့ဖြစ်လာရတာ...
ငါမလုပ်ချင်တဲ့အလုပ်​တွေ မင်း​ခေါင်း​ရှောင်ထွက်သွားလို့ လုပ်​နေရတာ...
ပဲရစ်မှာ ဒီဇိုင်နာ​ကျောင်းတက်ပြီး အဲမှာပဲ ဒီဇိုင်နာလုပ်ချင်တဲ့ ငါ့ရဲ့ရည်မှန်းချက်ကို အ​ကောင်အထည်​ဖော်ခွင့်မ​ပေးတဲ့အိမ်က​နေ ငါလည်းရုန်းထွက်ချင်တယ်...
ရှိုင်းနဲ့လက်ထပ်ပြီး သူ့အကူအညီနဲ့ ​ကျောင်းသွားတက်ဖို့ စီစဥ်ပြီးသား...
မင်း ငါ့ရည်မှန်းချက်ကို​တော့ မဖျက်စီးဘူးမလား ဖန်း"

ဖန်း ​ခေါင်းကိုခါရမ်းကာ ဖဲလ်၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

"အဲဒါက သူ့ကိုလက်ထပ်မှဖြစ်မှာလား မမရယ်...
ကျွန်​တော်အိမ်ပြန်လာပြီး ကုမ္ပဏီအလုပ်​တွေ လုပ်ပါ့မယ်...
မမ ပဲရစ်ကိုသွားလို့ရ​အောင် ကျွန်​တော်ကူ​ပြော​ပေးမယ်​လေ"

"​တော်စမ်း... မင်း​ပြောလိုက်​တော့​ကော ရမယ်ထင်လား...
မင်းဒီမှာရပ်လိုက်ရင်​ကောင်းမယ် ဖန်း...
ငါမင်းကို ဒီထက်ပိုမမုန်းချင်ဘူး"

ပုခုံး​ပေါ်က ဖန်း၏လက်များကိုဖယ်ချကာ အိမ်​ပေါ်သို့​ပြေးတက်သွား​တော့သည်။

​ဖေ​ဖေနဲ့​မေ​မေကို မင်း​ကောင်း​ကောင်းနားမလည်ပါဘူး ​မောင်​လေး...
ငါ့ရည်မှန်းချက်​တွေ မဖြစ်​​မြောက်သလို အ​ကောင်အထည်​ပေါ်​နေပြီဖြစ်တဲ့ မင်းရည်မှန်းချက်​တွေကိုလည်း မဖျက်စီးချင်ဘူး...
ကြာရင် အဲ​ကောင်​လေးကို မင်း​မေ့သွားမှာပါ...
ဟုတ်တယ်...ငါ့​ရွေးချယ်မှု...ဒါငါတို့​မောင်နှမနှစ်ယောက်လုံးအတွက် အ​ကောင်းဆုံးပဲ...

..........

စိုင်း ဘန်​ကောက်သို့ ပြန်​ရောက်ချိန်တွင် ရှိုင်းသန့်နှင့်ဖဲလ်တို့​စေ့စပ်လိုက်ပြီဆို​သောသတင်း​ကြောင့် အံ့ဩမိသည်။ ​စေ့စပ်ပြီးသည့်အ​​​ကြောင်းကို သတင်းအဖြစ် အသိ​ပေးခြင်းမျိုးသာ..မျက်နှာလည်းမ​ကောင်းတာ​ကြောင့် စိုင်းထိုအ​ကြောင်းကို ထပ်မ​မေး​တော့ဘဲ လိပ်စာကိုစုံစမ်းရပြီဟူ​သောကိစ္စကိုသာ ​ပြောလိုက်​တော့သည်။

"ဘယ်မှာတဲ့လဲ"

"မဲ​ဆောက်ဘက်မှာတဲ့"

ပြတင်း​​ပေါက်မှတဆင့် အပြင်ကို​ငေးကြည့်ရင်းမှ စိုင်း၏အ​ဖြေ​ကိုကြားပြီး​သော် မျက်​မှောင်ကျုံ့သွားသည်။ ထို့​နောက်စိုင်းဘက်သို့လှည့်ကာ...

"ငါ့၁၈နှစ်ပြည့်​မွေး​နေ့တုန်းကလည်း ဒယ်ဒီတို့မဲ​ဆောက်ဘက်ကိုသွားကြတာပဲ...
ဧကန္တ ဒီလိပ်စာ​နောက်ကိုလိုက်တာဖြစ်ရမယ်
သွားမယ် ​ဟေ့​ကောင်"

စားပွဲ​ပေါ်မှကား​သော့ကိုဆွဲယူကာ ချက်ချင်းလိုက်သွားရန် ပြင်ဆင်သည်။ စိုင်းလည်း ​ကြောင်​တောင်​တောင်ရပ်​နေရင်းမှ ကိုယ်တိုင်ပင်မသိလိုက်ဘဲ ရှိုင်းသန့်​နောက်သာ လိုက်လာမိသည်။

.........

ဆယ်ရက်​လောက်အပြင်မထွက်​​ကျောင်းမသွားဘဲ​နေပြီးမှ မွန်းကြပ်မှုနှင့် ရင်ထဲကဒဏ်ရာက အနည်းငယ်သက်သာလာပြီမို့ ​နေ့စဥ်ဒူဝအလုပ်များကိုပြန်လုပ်ရန် လွန်း အားတင်းလိုက်ပါသည်။ ထို့​နောက် ​ကျောင်းသို့အရင်မသွား​သေးဘဲ credit cardနှင့် ဘဏ်စာအုပ်တို့ကို ​​ဒေါ်​လေးဆီအပ်ထားရန် ရှိုင်းသန့်မရှိသည့်အချိန် အိမ်သို့သွားရမည်။

သူ့ကိုမြင်​တော့ ​ဒေါ်​လေးက စိုးရိမ်တကြီးနှင့် လက်နှစ်ဖက်ကိုဆုပ်ကိုင်လာကာ အဆင်​ပြေရဲ့လားဟူ၍ ကရုဏာအသံဖြင့် ​မေးသည်။

"​ပြေပါတယ် ​ဒေါ်​လေးရဲ့.... ကျွန်​တော် ခါတိုင်းလည်း ဒီလိုပဲ​နေတာကို...
​ဒေါ်​လေးကို ဒါ​တွေလာ​ပေးတာ... ကိုကိုပြန်လာရင် ​ပေး​ပေးပါဦး"

"အင်း...မင်းကိုကို ဒီမနက်ပဲ မဲ​ဆောက်ဘက်ထွက်သွားတယ်
​ဒေါ်​လေး​တောင် ခုနကဖုန်းဆက်လို့သိတာ...အ​​ရေးကြီးလို့ထင်ပါရဲ့...
ဒီဟာ​တွေ​တော့ ​​ဒေါ်​လေးမယူထားပါရ​စေနဲ့ကွယ်...ကိုယ်တိုင်ပဲ သားရှိုင်းသန့်အခန်းထဲ သွားထားလိုက်ပါ"

အမှတ်တရများစွာပြည့်နှက်​နေ​သော ကိုကို့အခန်းကို မသွားချင်ပါ​သော်လည်း ​ဒေါ်​လေးကိုနားလည်သည်​ကြောင့် အ​ပေါ်ထပ်သို့တက်ခဲ့သည်။ အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရင်း အခန်းတံခါးကို တွန်းဖွင့်ဝင်ခဲ့သည်။

ကိုကို့စာကြည့်စားပွဲ​ပေါ်သို့ ကတ်နှင့်စာအုပ်များကို တင်​နေစဥ် ​ဘေးက ပွင့်လျက်သားရှိ​နေ​သော ဖိုင်တွဲကိုမြင်၍ ဘာရယ်မဟုတ် စပ်စုဖြစ်သည်။ အလုပ်ကိစ္စနှင့်သက်ဆိုင်​သောဖိုင်တွဲဟု ထင်မိ​သော်လည်း CD​ခွေနှင့် စာအိတ်​ပေါ်တွင်​တွေ့ရ​သောလိပ်စာ​ကြောင့် လွန်း​တွေဝေမ​နေဘဲ စာအိတ်ထဲမှစာကို ဖတ်ကြည့်လိုက်သည်။ စာထဲတွင်ပါဝင်​သောအ​ကြောင်းအရာများ​ကြောင့် ထိုကိစ္စကိုပို၍စိတ်ဝင်စားကာ အခြားအရာများကိုလည်း စူးစမ်းမိသည်။

CDကိုဖွင့်ရန် စက်ပစ္စည်းများအသင့်မရှိသဖြင့် ထိုဖိုင်တွဲကိုယူပြီး လွန်း ကွန်ဒိုဆီသို့ ပြန်ခဲ့သည်။ ကွန်ဒိုသို့​ရောက်​သောအခါ CDနှစ်ချပ်ကိုဖွင့်ကြည့်ပြီး​တော့မှ လွန်း အားလုံး သ​ဘော​ပေါက်သွားသည်။

ကိုကို့မာမီ ​သေဆုံးတဲ့ကိစ္စပဲ...
ကိုကို​ပြောကတည်းက ယုံကြည်ခဲ့ပါတယ်...

အခုလိုသိရ​တော့လည်း ကိုကို့မာမီဖို့ တရားမျှတမှုရ​တော့မှာမို့ ဝမ်းသာမိပါသည်။

ဒါနဲ့ ကိုကိုမဲ​ဆောက်ကိုသွားတာ ဒီကိစ္စ​ကြောင့်များလား...

ထိုအခါမှ လွန်း တစ်ခုခုကိုသတိရသွားသည်။ ​မေ​မေထားခဲ့​သော မိဘမဲ့​ကျောင်းအလှူစာရင်းနှင့် ​မေ​မေ့ဓါတ်ပုံ...

လွန်း ချက်ချင်းထကာ အလှူစာရင်းကို စစ်​ဆေးကြည့်သည်။ လစဥ်လှူဒါန်းမှုရှိခဲ့ပြီး ထိုလှူဒါန်းမှုများအားလုံးက အလှူရှင်တစ်ဦးတည်း၊ ​နေရပ်လိပ်စာတစ်ခုတည်း....
အလှူရှင်၏​နေရပ်လိပ်စာမှာ မဲ​ဆောက်မြို့ဟူ၍သာ...
ထို့​နောက် အိမ်လိပ်စာစာရွက်​လေးကို ကြည့်ရင်း အတန်ကြာ ​တွေ​ဝေ​နေမိသည်။ ထို့​နောက် မသိစိတ်ကပင် မဲ​ဆောက်သို့လိုက်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်လားမသိ၊ ချက်ချင်းထကာ ပြင်ဆင်​တော့သည်။

ဘာ​တွေလဲ.... လွန်းနားမလည်​တော့...
​မေ​မေ့​သေတမ်းစာနှင့် ကိုကို့မာမီကိစ္စက ဆက်စပ်​နေတာလား... တိုက်ဆိုင်မှုပဲလား...
တိုက်ဆိုင်တာ​နေမှာပါ...
ဒါ​ဆို​မေ​မေကဘာကိုအသိ​ပေးချင်ခဲ့တာလဲ...
ကိုကို့မာမီကိစ္စကို ကူညီ​ပေး​စေချင်တာလား...
ဒါဆို အလှူစာရင်းက​ရော...
ဟုတ်မှာပါ...​မေ​မေက ကူညီ​စေချင်တာပဲ​နေမှာ...

ရှိုင်းသန့်တို့ မဲ​ဆောက်ကို​ရောက်​တော့ မိုးချုပ်​တော့မည်ဖြစ်၍ မနက်မှအိမ်လိပ်စာကိုရှာရန် ဆုံးဖြတ်ပြီး ဟိုတယ်တစ်ခုတွင် တည်းခိုသည်။ ထို​နေ့ညမှာပင် လွန်းလည်း မဲ​ဆောက်သို့ ​ရောက်သည်။

မနက်သို့​ရောက်​သောအခါ မြန်မာ​​ရွှေ့​ပြောင်းအလုပ်သမားတို့​နေထိုက်​သော ရပ်ကွက်တစ်ခုတွင် ထိုအိမ်ကို​တွေ့သည်။ သူတို့အိမ်​ရှေ့တံခါးကို​ခေါက်​တော့ လူကြီးတစ်​ယောက်က လာဖွင့်​ပေးသည်။

"ဘာကိစ္စရှိလို့လဲ ​မောင်ရင်တို့"

ထိုအခါ ရှိုင်းသန့်က သူ့​ဘောင်းဘီအိတ်ကတ်ထဲမှ ဓါတ်ပုံကိုထုတ်ကာ...

"ဟုတ်ကဲ့ ဒီလူကိုသိလားခင်ဗျ...သူဒီမှာ​နေတာလား"

ထိုလူကြီးက ဓါတ်ပုံကိုစိုက်ကြည့်ကာ ​ခေါင်းခါပြသည်။

"မသိဘူးကွဲ့...အရင်ပိုင်ရှင်ဖြစ်မယ်... ဒါနဲ့​မောင်ရင်တို့နာမည် ဘယ်လို​ခေါ်သလဲ...အကယ်၍များ သူကဆက်သွယ်ခဲ့တယ်ဆို ​မောင်ရင်တို့လာရှာတာကို ​ပြော​ပေးမယ်​လေ"

ရှိုင်းသန့်နှင့်စိုင်းတို့ တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီး​နောက် ရှိုင်းသန့်က ထိုလူ့ဘက်ပြန်လှည့်၍

"သူက စိုင်း​ဇေယျာ​အောင်... ကျွန်​တော့နာမည်က ရှိုင်းသန့်သုတပါ...ဟို ဦးမိုးနိုင်သုတနဲ့ ​ဒေါ်ဆာယာရဲ့သားပါ... ဒီလူက ကျွန်​တော့ကိုမသိ​တောင် ကျွန်​တော့မိဘ​တွေကို​တော့ သိမှာပါ...
အဲဒါ​ကြောင့် တကယ်လို့များ တစ်ခုခုသိခဲ့ရင် ကျွန်​တော်တို့ကို ပြန်ဆက်သွယ်​ပေးပါခင်ဗျ"

ရှိုင်းသန့်​ပြောရင်းနှင့် သူ့လိပ်စာကတ်ကို ထိူလူ့ဆီသို့ ကမ်း​ပေးသည်။ ထို့​နောက် စိတ်ပျက်အားငယ်စွာနှင့် တခါတည်း ဘန်​ကောက်ကိုသာ ပြန်ခဲ့​တော့သည်။

ရှိုင်းသန့်တို့ပြန်ပြီး ခဏအကြာ လွန်းလည်ူ ထိုအိမ်သို့ ​ရောက်သည်။ ထိူလူကြီးပင် တံခါးလာဖွင့်သည်။ လွန်းထိုလူကြီးကို သူ့အ​မေဓါတ်ပုံထုတ်ပြပြီး...

"ဟို ဒီအမျိုးသမီးကို သိလားခင်ဗျ"

ထိုလူကြီးက ရှိုင်းသန့်တို့အလှည့်တုန်းကလိုပင် ​ခေါင်းရမ်းပြသည်။

"မသိဘူးကွဲ့... အရင်ပိုင်ရှင်နဲ့သိတာဖြစ်မယ်... ဒါနဲ့​မောင့်ရင့်နာမည်ဘယ်လို​ခေါ်သလဲ... အကယ်၍များ ဆက်သွယ်လာခဲ့မယ်ဆို ​မောင်ရင်လာရှာတာကို​ပြော​ပေးမယ်​လေ"

"ဟုတ် ကျွန်​တော့နာမည် လွန်းသုတပါ...တစ်ခုခုထူးခြားရင် ကျ"

"လွန်း ဟုတ်လား"

~~~~~~~~~~~~~~~~~~~~~

Zawgyi...

လြန္း အိမ္မွထြက္သြားသည့္အခ်ိန္မွစ၍ ရွိုင္းသန့္ သူ႕ကို အဆက္အသြယ္မလုပ္​ေတာ့။ မိမိကိုယ္တိုင္ လြန္းႏွင့္ပတ္သက္၍ ဘာျဖစ္​ေစခ်င္မွန္းမသိသလို စဥ္းလည္းမစဥ္းစားခ်င္။ ဒီ​ေကာင္​ေလးကို သူ႕အ​ေတြးထဲက​ေန ထုတ္ထားလိုက္သည္။ သူ႕တြင္ ထို႔ထက္အ​​ေရးႀကီး​ေသာအရာမ်ားကို လုပ္​ေဆာင္ရန္ရွိ​ေန​ေသးသည္မဟုတ္ပါလား။

ဖဲလ္ကလည္း သူတို႔ကိစၥကို ပို၍ဖိအား​ေပးလာခဲ့သည္။ အစက လြန္းမ်က္ႏွာႏွင့္ လက္ခံရန္တြန့္ဆုတ္ခဲ့​ေသာ္လည္း အခုသူ႕တြင္ ျပန္လည့္ၾကည့္စရာလူလည္းမရွိ​ေတာ့တာ​ေၾကာင့္ လက္ခံျဖစ္ခဲ့သည္။ လက္ခံၿပီးခ်င္းမွာပင္ ဖဲလ္ကလူႀကီးမိဘမ်ား​ေရွ႕တြင္ ​ေစ့စပ္ထားရန္ပါတိုက္တြန္းသည္။ ရွိုင္းသန့္အခုခ်ိန္တြင္ အမ်ားႀကီးမ​ေတြးခ်င္​ေတာ့။ ဖဲလ္ဆႏၵအတိုင္းသာလုပ္ရန္ ​​ေျပာျဖစ္သည္။

​ေစ့စပ္ၿပီးသည့္​ေန႕ ညတြင္ ရွိုင္းသန့္အလုပ္ကိစၥမ်ားကို လ်စ္လ်ဴရႈထား​ေလသည္။ လက္သူႂကြယ္တြင္ဝတ္ဆင္ထား​ေသာ ​ေစ့စပ္လက္စြပ္ကိုကိုက္ၾကည့္ရင္း သူ႕နားထဲတြင္ ပဲတင္ထပ္​ေနသံက လြန္း၏အဓိပၸါယ္​ေဖာ္ရခက္​ေသာစကားမ်ား...

ဒီ​ေကာင္​ေလးက သူပအ​ေပၚမွာ အစ္ကိုတစ္​ေယာက္ထက္ပိုတဲ့ ခံစားခ်က္ရွိ​ေနတာပဲ...
ဘယ္​ေလာက္​ေတာင္ၾကာ​ေနၿပီလဲ...
ဒီ​ေကာင္​ေလးက ဒါ​ေၾကာင့္သူ႕ကို ခင္တြယ္လြန္း​ေနတာပဲ...
ဒါဆိုသူက​ေရာ...
လြန္းအ​ေပၚမွာထားတဲ့ သူ႕ခံစားခ်က္က​ေရာ...
ညီတစ္​ေယာက္လိုပဲဆိုတာ ​ေသခ်ာရဲ႕လား...

ဒီ​ေကာင္​ေလး သူ႕အ​ေပၚ ဂ႐ုစိုက္​ေပးခ်ိန္တိုင္း၊ လိုခ်င္တာတစ္ခုခုရွိလို႔ခြၽဲတိုင္း၊ သူ႕ကိုစိတ္ပူသည့္အမူအရာလုပ္ျပတိုင္း၊ သူ႕ကိုခ်စ္လိုက္တာလို႔ ​ေျပာလာခ်ိန္တိုင္း ​ေက်နပ္မိသည္​ေလ...ၿပဳံးမိသည္​ေလ...ရင္ထဲက​ေန ​ေႏြး​ေထြးမႈကို ခံစားမိသည္​ေလ...
ဒါ​ေတြက သံ​ေယာစဥ္ႏွင့္ ခ်စ္ျခင္း​ေမတၱာ​ေတြပါပဲ...
ဒါ​ေပမဲ့ ဘယ္လိုခ်စ္ျခင္းမ်ိဳးလဲ...

ဒီ​ေကာင္​ေလး သူကလြဲၿပီး တျခား​အ​ေနနီးတဲ့သူတစ္​ေယာက္ရွိတယ္လို႔​​ေျပာခဲ့စဥ္က သူစိတ္ထင့္ဖူးသည္​ေလ...ရန္လုပ္ဖူးသည္​ေလ...
စိုင္းႏွင့္ စလိုက္​ေနာက္လိုက္ ရိုက္လိုက္ပုတ္လိုက္လုပ္​ေနၾကတာကို ျမင္ရရင္ စိုင္းကို​ေတာင္ အျမင္မၾကည္ျဖစ္ဖူးသည္​ေလ...
ဖဲလ္ႏွင့္ကိစၥ မတင္မက်ျဖစ္​​ေနျခင္းကလည္း ဒီ​ေကာင္​ေလး​ေၾကာင့္ပဲမလား...

သူ႕ကိုစိတ္ဆိုးပါသည္။ ​ေဒါသထြက္ပါသည္။ ဒီလိုအမွန္တရားကို ႏွစ္ရွည္လမ်ားဖုံးကြယ္ထားတာကိုး။
ဒါကိုလက္ခံနိုင္ဖို႔ အခ်ိန္ယူရမယ္​ေလ...
သူဒီ​ေကာင္​ေလးအ​ေပၚ ဘယ္လိုပဲ သ​ေဘာထားခဲ့ပါ​ေစ။ အခု သူစိမ္း​ေတြျဖစ္သြားၾကၿပီပဲ... သူ႕အ​ေပၚ ဘယ္လိုခံစားခ်က္ရွိလဲဆိုတာ မသိခ်င္​ေတာ့ပါဘူး... ၾကာရင္သူ႕ကို​ေမ့နိုင္မွာပါ...
ဖဲလ္ကိုလက္ခံလိုက္တာလည္း ငါ့အတြက္၊ ကုမၸဏီအတြက္၊ ဒယ္ဒီ့ဂုဏ္သိကၡာအတြက္ အ​ေကာင္းဆုံးျဖစ္မွာပါ...
ကိုယ့္လမ္းကိုပဲ ​ေရွ႕ဆက္ေလွ်ာက္ၾကတာ​ေပါ့...ငါတစ္ခါ​ေတြးထားဖူးတဲ့ ဘဝလမ္းခြဲဆိုတာ ဒီ​​ေနရာပဲ လြန္း....

ရွိုင္းသန့္ အ​ေတြး​ေပါင္းမ်ားစြာျဖင့္ သက္ျပင္းရွည္တစ္ခ်က္ခ်ရင္း အိပ္ရာ​ေပၚတြင္သာ လွဲခ်လိဳက္ေတာ့သည္။

.............

"ေစ့စပ္ထားၿပီးၿပီဆိုလည္း လက္ထပ္မဲ့ကိစၥကိုျငင္းပါ... မဟုတ္ရင္ ကြၽန္​ေတာ္က ပြဲကိုဖ်က္ရလိမ့္မယ္ မမ"

​ေဒါသမ်ားျဖင့္ ​ေျပာလာ​ေသာဖန္းကို ဖဲလ္နားမလည္စြာ ​ေငးၾကည့္သည္။

"မင္းနဲ႕ဘာဆိုင္လို႔လဲ ဖန္း... ကိုယ့္ဘာသာ​ေအး​ေဆး​ေနစမ္း"

"မ​ေနနိုင္ဘူး မမ... ကြၽန္​ေတာ္နဲ႕ဆိုင္တယ္...
ကြၽန္​ေတာ္ခ်စ္တဲ့သူ အသည္းကြဲၿပီးနာက်င္​ေနတာကို ကြၽန္​ေတာ္လက္ပိုက္မၾကည့္နိုင္ဘူး"

"ဘာ.... မင္းခ်စ္တဲ့သူ... ဧကႏၲ ဟို​ေကာင္​ေလးမ်ားလား"

"ဟုတ္တယ္... မမလက္ထပ္မဲ့လူရဲ႕ ညီအရင္းမဟုတ္တဲ့ ညီ"

ဖန္း၏စကားဆုံးသည္ႏွင့္ ဖဲလ္အက်ယ္ႀကီး​ေအာ္ရယ္သည္။

"​ေမာင္​ေလး... နင္က​ေလ အၿမဲအရႈံးသမားပဲ..
ထားပါ.. မင္းသိထားဖို႔က ငါကရွိုင္းကို မျဖစ္ျဖစ္​ေအာင္လက္ထပ္မွာပဲ...
မင္း​ေၾကာင့္နဲ႕​ေတာ့ ငါ့အစီအစဥ္​ေတြ အပ်က္စီးမခံနိုင္ဘူး"

"မမ သူ႕ကိုလည္း ခ်စ္တာမဟုတ္ဘဲနဲ႕ဗ်ာ..."

ဖန္း၏စကားမဆုံး​ေသး ဖဲလ္ကျဖတ္၍​ေျပာသည္။

"ခ်စ္တာ မခ်စ္တာ​ေတြ မစဥ္းစားနိုင္ပါဘူး...ငါလည္းမင္းလိုပဲ ႐ုန္းထြက္ခ်င္တယ္
မင္း​ေတာင္ ဒီအိမ္ရဲ႕တာဝန္​ေတြ မယူခ်င္လို႔ အိမ္​ေပၚကဆင္းသြား​ေသးတာပဲ...
​ေအး...မင္း​ေၾကာင့္ပဲ ငါက ကုမၸဏီကို ဦးစီးဖို႔ျဖစ္လာရတာ...
ငါမလုပ္ခ်င္တဲ့အလုပ္​ေတြ မင္း​ေခါင္း​ေရွာင္ထြက္သြားလို႔ လုပ္​ေနရတာ...
ပဲရစ္မွာ ဒီဇိုင္နာ​ေက်ာင္းတက္ၿပီး အဲမွာပဲ ဒီဇိုင္နာလုပ္ခ်င္တဲ့ ငါ့ရဲ႕ရည္မွန္းခ်က္ကို အ​ေကာင္အထည္​ေဖာ္ခြင့္မ​ေပးတဲ့အိမ္က​ေန ငါလည္း႐ုန္းထြက္ခ်င္တယ္...
ရွိုင္းနဲ႕လက္ထပ္ၿပီး သူ႕အကူအညီနဲ႕ ​ေက်ာင္းသြားတက္ဖို႔ စီစဥ္ၿပီးသား...
မင္း ငါ့ရည္မွန္းခ်က္ကို​ေတာ့ မဖ်က္စီးဘူးမလား ဖန္း"

ဖန္း ​ေခါင္းကိုခါရမ္းကာ ဖဲလ္၏ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။

"အဲဒါက သူ႕ကိုလက္ထပ္မွျဖစ္မွာလား မမရယ္...
ကြၽန္​ေတာ္အိမ္ျပန္လာၿပီး ကုမၸဏီအလုပ္​ေတြ လုပ္ပါ့မယ္...
မမ ပဲရစ္ကိုသြားလို႔ရ​ေအာင္ ကြၽန္​ေတာ္ကူ​ေျပာ​ေပးမယ္​ေလ"

"​ေတာ္စမ္း... မင္း​ေျပာလိုက္​ေတာ့​ေကာ ရမယ္ထင္လား...
မင္းဒီမွာရပ္လိုက္ရင္​ေကာင္းမယ္ ဖန္း...
ငါမင္းကို ဒီထက္ပိုမမုန္းခ်င္ဘူး"

ပုခုံး​ေပၚက ဖန္း၏လက္မ်ားကိုဖယ္ခ်ကာ အိမ္​ေပၚသို႔​ေျပးတက္သြား​ေတာ့သည္။

​ေဖ​ေဖနဲ႕​ေမ​ေမကို မင္း​ေကာင္း​ေကာင္းနားမလည္ပါဘူး ​ေမာင္​ေလး...
ငါ့ရည္မွန္းခ်က္​ေတြ မျဖစ္​​ေျမာက္သလို အ​ေကာင္အထည္​ေပၚ​ေနၿပီျဖစ္တဲ့ မင္းရည္မွန္းခ်က္​ေတြကိုလည္း မဖ်က္စီးခ်င္ဘူး...
ၾကာရင္ အဲ​ေကာင္​ေလးကို မင္း​ေမ့သြားမွာပါ...
ဟုတ္တယ္...ငါ့​ေ႐ြးခ်ယ္မႈ...ဒါငါတို႔​ေမာင္ႏွမႏွစ္ေယာက္လုံးအတြက္ အ​ေကာင္းဆုံးပဲ...

.............

စိုင္း ဘန္​ေကာက္သို႔ ျပန္​ေရာက္ခ်ိန္တြင္ ရွိုင္းသန့္ႏွင့္ဖဲလ္တို႔​ေစ့စပ္လိုက္ၿပီဆို​ေသာသတင္း​ေၾကာင့္ အံ့ဩမိသည္။ ​ေစ့စပ္ၿပီးသည့္အ​​​ေၾကာင္းကို သတင္းအျဖစ္ အသိ​ေပးျခင္းမ်ိဳးသာ..မ်က္ႏွာလည္းမ​ေကာင္းတာ​ေၾကာင့္ စိုင္းထိုအ​ေၾကာင္းကို ထပ္မ​ေမး​ေတာ့ဘဲ လိပ္စာကိုစုံစမ္းရၿပီဟူ​ေသာကိစၥကိုသာ ​ေျပာလိုက္​ေတာ့သည္။

"ဘယ္မွာတဲ့လဲ"

"မဲ​ေဆာက္ဘက္မွာတဲ့"

ျပတင္း​​ေပါက္မွတဆင့္ အျပင္ကို​ေငးၾကည့္ရင္းမွ စိုင္း၏အ​ေျဖ​ကိုၾကားၿပီး​ေသာ္ မ်က္​ေမွာင္က်ဳံ႕သြားသည္။ ထို႔​ေနာက္စိုင္းဘက္သို႔လွည့္ကာ...

"ငါ့၁၈ႏွစ္ျပည့္​ေမြး​ေန႕တုန္းကလည္း ဒယ္ဒီတို႔မဲ​ေဆာက္ဘက္ကိုသြားၾကတာပဲ...
ဧကႏၲ ဒီလိပ္စာ​ေနာက္ကိုလိုက္တာျဖစ္ရမယ္
သြားမယ္ ​ေဟ့​ေကာင္"

စားပြဲ​ေပၚမွကား​ေသာ့ကိုဆြဲယူကာ ခ်က္ခ်င္းလိုက္သြားရန္ ျပင္ဆင္သည္။ စိုင္းလည္း ​ေၾကာင္​ေတာင္​ေတာင္ရပ္​ေနရင္းမွ ကိုယ္တိုင္ပင္မသိလိုက္ဘဲ ရွိုင္းသန့္​ေနာက္သာ လိုက္လာမိသည္။

.........

ဆယ္ရက္​ေလာက္အျပင္မထြက္​​ေက်ာင္းမသြားဘဲ​ေနၿပီးမွ မြန္းၾကပ္မႈႏွင့္ ရင္ထဲကဒဏ္ရာက အနည္းငယ္သက္သာလာၿပီမို႔ ​ေန႕စဥ္ဒူဝအလုပ္မ်ားကိုျပန္လုပ္ရန္ လြန္း အားတင္းလိုက္ပါသည္။ ထို႔​ေနာက္ ​ေက်ာင္းသို႔အရင္မသြား​ေသးဘဲ credit cardႏွင့္ ဘဏ္စာအုပ္တို႔ကို ​​ေဒၚ​ေလးဆီအပ္ထားရန္ ရွိုင္းသန့္မရွိသည့္အခ်ိန္ အိမ္သို႔သြားရမည္။

သူ႕ကိုျမင္​ေတာ့ ​ေဒၚ​ေလးက စိုးရိမ္တႀကီးႏွင့္ လက္ႏွစ္ဖက္ကိုဆုပ္ကိုင္လာကာ အဆင္​ေျပရဲ႕လားဟူ၍ က႐ုဏာအသံျဖင့္ ​ေမးသည္။

"​ေျပပါတယ္ ​ေဒၚ​ေလးရဲ႕.... ကြၽန္​ေတာ္ ခါတိုင္းလည္း ဒီလိုပဲ​ေနတာကို...
​ေဒၚ​ေလးကို ဒါ​ေတြလာ​ေပးတာ... ကိုကိုျပန္လာရင္ ​ေပး​ေပးပါဦး"

"အင္း...မင္းကိုကို ဒီမနက္ပဲ မဲ​ေဆာက္ဘက္ထြက္သြားတယ္
​ေဒၚ​ေလး​ေတာင္ ခုနကဖုန္းဆက္လို႔သိတာ...အ​​ေရးႀကီးလို႔ထင္ပါရဲ႕...
ဒီဟာ​ေတြ​ေတာ့ ​​ေဒၚ​ေလးမယူထားပါရ​ေစနဲ႕ကြယ္...ကိုယ္တိုင္ပဲ သားရွိုင္းသန့္အခန္းထဲ သြားထားလိုက္ပါ"

အမွတ္တရမ်ားစြာျပည့္ႏွက္​ေန​ေသာ ကိုကို႔အခန္းကို မသြားခ်င္ပါ​ေသာ္လည္း ​ေဒၚ​ေလးကိုနားလည္သည္​ေၾကာင့္ အ​ေပၚထပ္သို႔တက္ခဲ့သည္။ အသက္ကိုျဖည္းျဖည္းခ်င္းရႉသြင္းရင္း အခန္းတံခါးကို တြန္းဖြင့္ဝင္ခဲ့သည္။

ကိုကို႔စာၾကည့္စားပြဲ​ေပၚသို႔ ကတ္ႏွင့္စာအုပ္မ်ားကို တင္​ေနစဥ္ ​ေဘးက ပြင့္လ်က္သားရွိ​ေန​ေသာ ဖိုင္တြဲကိုျမင္၍ ဘာရယ္မဟုတ္ စပ္စုျဖစ္သည္။ အလုပ္ကိစၥႏွင့္သက္ဆိုင္​ေသာဖိုင္တြဲဟု ထင္မိ​ေသာ္လည္း CD​ေခြႏွင့္ စာအိတ္​ေပၚတြင္​ေတြ႕ရ​ေသာလိပ္စာ​ေၾကာင့္ လြန္း​ေတြေဝမ​ေနဘဲ စာအိတ္ထဲမွစာကို ဖတ္ၾကည့္လိုက္သည္။ စာထဲတြင္ပါဝင္​ေသာအ​ေၾကာင္းအရာမ်ား​ေၾကာင့္ ထိုကိစၥကိုပို၍စိတ္ဝင္စားကာ အျခားအရာမ်ားကိုလည္း စူးစမ္းမိသည္။

CDကိုဖြင့္ရန္ စက္ပစၥည္းမ်ားအသင့္မရွိသျဖင့္ ထိုဖိုင္တြဲကိုယူၿပီး လြန္း ကြန္ဒိုဆီသို႔ ျပန္ခဲ့သည္။ ကြန္ဒိုသို႔​ေရာက္​ေသာအခါ CDႏွစ္ခ်ပ္ကိုဖြင့္ၾကည့္ၿပီး​ေတာ့မွ လြန္း အားလုံး သ​ေဘာ​ေပါက္သြားသည္။

ကိုကို႔မာမီ ​ေသဆုံးတဲ့ကိစၥပဲ...
ကိုကို​ေျပာကတည္းက ယုံၾကည္ခဲ့ပါတယ္...

အခုလိုသိရ​ေတာ့လည္း ကိုကို႔မာမီဖို႔ တရားမွ်တမႈရ​ေတာ့မွာမို႔ ဝမ္းသာမိပါသည္။

ဒါနဲ႕ ကိုကိုမဲ​ေဆာက္ကိုသြားတာ ဒီကိစၥ​ေၾကာင့္မ်ားလား...

ထိုအခါမွ လြန္း တစ္ခုခုကိုသတိရသြားသည္။ ​ေမ​ေမထားခဲ့​ေသာ မိဘမဲ့​ေက်ာင္းအလႉစာရင္းႏွင့္ ​ေမ​ေမ့ဓါတ္ပုံ...

လြန္း ခ်က္ခ်င္းထကာ အလႉစာရင္းကို စစ္​ေဆးၾကည့္သည္။ လစဥ္လႉဒါန္းမႈရွိခဲ့ၿပီး ထိုလႉဒါန္းမႈမ်ားအားလုံးက အလႉရွင္တစ္ဦးတည္း၊ ​ေနရပ္လိပ္စာတစ္ခုတည္း....
အလႉရွင္၏​ေနရပ္လိပ္စာမွာ မဲ​ေဆာက္ၿမိဳ႕ဟူ၍သာ...
ထို႔​ေနာက္ အိမ္လိပ္စာစာ႐ြက္​ေလးကို ၾကည့္ရင္း အတန္ၾကာ ​ေတြ​ေဝ​ေနမိသည္။ ထို႔​ေနာက္ မသိစိတ္ကပင္ မဲ​ေဆာက္သို႔လိုက္သြားရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္လားမသိ၊ ခ်က္ခ်င္းထကာ ျပင္ဆင္​ေတာ့သည္။

ဘာ​ေတြလဲ.... လြန္းနားမလည္​ေတာ့...
​ေမ​ေမ့​ေသတမ္းစာႏွင့္ ကိုကို႔မာမီကိစၥက ဆက္စပ္​ေနတာလား... တိုက္ဆိုင္မႈပဲလား...
တိုက္ဆိုင္တာ​ေနမွာပါ...
ဒါ​ဆို​ေမ​ေမကဘာကိုအသိ​ေပးခ်င္ခဲ့တာလဲ...
ကိုကို႔မာမီကိစၥကို ကူညီ​ေပး​ေစခ်င္တာလား...
ဒါဆို အလႉစာရင္းက​ေရာ...
ဟုတ္မွာပါ...​ေမ​ေမက ကူညီ​ေစခ်င္တာပဲ​ေနမွာ...

ရွိုင္းသန့္တို႔ မဲ​ေဆာက္ကို​ေရာက္​ေတာ့ မိုးခ်ဳပ္​ေတာ့မည္ျဖစ္၍ မနက္မွအိမ္လိပ္စာကိုရွာရန္ ဆုံးျဖတ္ၿပီး ဟိုတယ္တစ္ခုတြင္ တည္းခိုသည္။ ထို​ေန႕ညမွာပင္ လြန္းလည္း မဲ​ေဆာက္သို႔ ​ေရာက္သည္။

မနက္သို႔​ေရာက္​ေသာအခါ ျမန္မာ​​ေ႐ႊ႕​ေျပာင္းအလုပ္သမားတို႔​ေနထိုက္​ေသာ ရပ္ကြက္တစ္ခုတြင္ ထိုအိမ္ကို​ေတြ႕သည္။ သူတို႔အိမ္​ေရွ႕တံခါးကို​ေခါက္​ေတာ့ လူႀကီးတစ္​ေယာက္က လာဖြင့္​ေပးသည္။

"ဘာကိစၥရွိလို႔လဲ ​ေမာင္ရင္တို႔"

ထိုအခါ ရွိုင္းသန့္က သူ႕​ေဘာင္းဘီအိတ္ကတ္ထဲမွ ဓါတ္ပုံကိုထုတ္ကာ...

"ဟုတ္ကဲ့ ဒီလူကိုသိလားခင္ဗ်...သူဒီမွာ​ေနတာလား"

ထိုလူႀကီးက ဓါတ္ပုံကိုစိုက္ၾကည့္ကာ ​ေခါင္းခါျပသည္။

"မသိဘူးကြဲ႕...အရင္ပိုင္ရွင္ျဖစ္မယ္... ဒါနဲ႕​ေမာင္ရင္တို႔နာမည္ ဘယ္လို​ေခၚသလဲ...အကယ္၍မ်ား သူကဆက္သြယ္ခဲ့တယ္ဆို ​ေမာင္ရင္တို႔လာရွာတာကို ​ေျပာ​ေပးမယ္​ေလ"

ရွိုင္းသန့္ႏွင့္စိုင္းတို႔ တစ္​ေယာက္မ်က္ႏွာတစ္​ေယာက္ၾကည့္ၿပီး​ေနာက္ ရွိုင္းသန့္က ထိုလူ႕ဘက္ျပန္လွည့္၍

"သူက စိုင္း​ေဇယ်ာ​ေအာင္... ကြၽန္​ေတာ့နာမည္က ရွိုင္းသန့္သုတပါ...ဟို ဦးမိုးနိုင္သုတနဲ႕ ​ေဒၚဆာယာရဲ႕သားပါ... ဒီလူက ကြၽန္​ေတာ့ကိုမသိ​ေတာင္ ကြၽန္​ေတာ့မိဘ​ေတြကို​ေတာ့ သိမွာပါ...
အဲဒါ​ေၾကာင့္ တကယ္လို႔မ်ား တစ္ခုခုသိခဲ့ရင္ ကြၽန္​ေတာ္တို႔ကို ျပန္ဆက္သြယ္​ေပးပါခင္ဗ်"

ရွိုင္းသန့္​ေျပာရင္းႏွင့္ သူ႕လိပ္စာကတ္ကို ထိူလူ႕ဆီသို႔ ကမ္း​ေပးသည္။ ထို႔​ေနာက္ စိတ္ပ်က္အားငယ္စြာႏွင့္ တခါတည္း ဘန္​ေကာက္ကိုသာ ျပန္ခဲ့​ေတာ့သည္။

ရွိုင္းသန့္တို႔ျပန္ၿပီး ခဏအၾကာ လြန္းလည္ူ ထိုအိမ္သို႔ ​ေရာက္သည္။ ထိူလူႀကီးပင္ တံခါးလာဖြင့္သည္။ လြန္းထိုလူႀကီးကို သူ႕အ​ေမဓါတ္ပုံထုတ္ျပၿပီး...

"ဟို ဒီအမ်ိဳးသမီးကို သိလားခင္ဗ်"

ထိုလူႀကီးက ရွိုင္းသန့္တို႔အလွည့္တုန္းကလိုပင္ ​ေခါင္းရမ္းျပသည္။

"မသိဘူးကြဲ႕... အရင္ပိုင္ရွင္နဲ႕သိတာျဖစ္မယ္... ဒါနဲ႕​ေမာင့္ရင့္နာမည္ဘယ္လို​ေခၚသလဲ... အကယ္၍မ်ား ဆက္သြယ္လာခဲ့မယ္ဆို ​ေမာင္ရင္လာရွာတာကို​ေျပာ​ေပးမယ္​ေလ"

"ဟုတ္ ကြၽန္​ေတာ့နာမည္ လြန္းသုတပါ...တစ္ခုခုထူးျခားရင္ က်"

"လြန္း ဟုတ္လား"
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі