Part 15
Unicode...
ရှိုင်းသန့်တစ်ယောက် ခုတလော အလုပ်ကိစ္စမှလွဲ၍ အပြင်ကိစ္စများ သိပ်စိတ်မရောက်ဖြစ်။
"သားရှိုင်းသန့်... ဦးအေးပြောရမှာတော့ စိတ်ထင့်ပေမဲ့ မပြောမဖြစ်မို့ ပြောရဦးမယ်ကွယ်....
ဒီကုမ္ပဏီနဲ့ Phluk Companyတို့က အကျိုးတူပူးပေါင်းလာတာ နှစ်တွေကြာပြီဆိုတာ မင်းလည်းသိပါတယ်...
မင်းဒယ်ဒီနဲ့က မိတ်ရင်းဆွေရင်းတွေလိုပါပဲကွာ...
မင်းဒယ်ဒီမဆုံးခင် လူကြီးချင်း မင်းတို့ ကလေးတွေကိစ္စဆွေးနွေးခဲ့ကြတယ်...
အရင်ကမပြောခဲ့ဘူးဆိုတာ သား သိချိန်မတန်သေးတာရယ်...ပြီးတော့ သူတို့ဘက်က ဒီကိစ္စကို ဘာမှပြောမလာတာရယ်ကြောင့်ပါ...
အခု ဦးအေးကနေတစ်ဆင့် သူတို့ကပြောလိုက်တယ်သား...
အကျိုးတူပူးပေါင်းမှု ဆက်တည်မြဲဖို့ မင်းတို့ လူငယ်ချင်းကိစ္စ ပြန်ပြီးဆွေးနွေးသင့်ပြီထင်တယ်တဲ့...
တကယ်လို့များ သားဘက်က ငြင်းမယ်ဆိုရင်....
သူတို့ cooperation projectကို ရပ်ဆိုင်းမယ်တဲ့...
သားသေချာစဥ်းစားဆုံးဖြတ်ပါ.... ဦးအေး ဝင်မစွက်ဖက်ပါဘူး...
သူတို့က ဦးအေးတို့နောက်မှာ ရှိနေလို့ ဒီလိုအခြေအနေထိ ရောက်လာတယ်ဆိုတာတော့ ဝန်ခံရမယ်...
သားဆုံးဖြတ်ပြီးရင် ကလေးမလေးနဲ့ သွားတွေ့လိုက်ပါ..."
"သူ့နာမည်က ဘာတဲ့လဲ ဦးအေး"
"Pearl Wicachatတဲ့ သားရှိုင်းသန့်..."
ရုံးခန်းအတွင်း ဆိုဖာပေါ်တွင် နောက်ကိုမှီလျက် ထိုင်နေရင်း စိတ်တို့က လေလွင့်နေသည်။ မနေ့ကဦးအေးကျော်ပြောသွားသော စကားများကို ပြန်လည်ကြားယောင်ရင်း စိတ်အစဥ်တို့က ဝင်္ကပါထဲတွင် မျက်စိလည်နေသလို...
ဦးအေးပြောသလို...သူတို့ဒီအခြေအနေထိ တိုးတက်အောင်မြင်လာတာ Phlukရှိနေလို့ပင်၊ ဆက်ပြီးမပူးပေါင်းတော့ဘူးဆိုလျှင် ဤအခြေအနေတွင် ဆက်လက်ရပ်တည်နိုင်ဖို့ ရှိုင်းသန့်အတော် ရုန်းကန်ရပေမည်။ ဒယ်ဒီ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစားတည်ဆောက်ထားသော အောင်မြင်မှုအသီးအပွင့်များကို ရှိုင်းသန့်ဆက်လက်ထိန်းသိမ်းရမည်။ သူ့ကြောင့်နှင့်တော့ ပြိုလဲလို့မဖြစ်ပေ။
တစ်ဖက်တွင်တော့ သူ့ရဲ့ နှလုံးသားက ထိုကောင်မလေးသည် မည်သူပင်ဖြစ်စေ၊ မည်သို့ပင် ချောမောလှပပါစေ စိတ်ဝင်စားလိမ့်မှာမဟုတ်ဟု သေချာပြောနေလေသည်။
ဒါဆို သူ့နှလုံးသားက ဘယ်သူ့ကို လိုလားတာလဲ....
ဒီအဖြေကိုလည်း သူမသိပေ။
ချစ်ရမည့်သူမရှိသေးဘူးဟူ၍သာ ထိုအဖြေကိုတောင်းနေသော မိမိစိတ်ကို ဖြေသိမ့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူနှင့်တွေ့၍ ဆွေးနွေးကြည့်ချင်သည်။ အကျိုးမယုတ်နိုင်ဟုဆိုကာ ဖဲလ်နှင့်တွေ့ရန် ဆုံးဖြတ်လိုက်သည်။
နောက်ရက်တွင် ဦးအေးအကူအညီဖြင့် ဖဲလ်နှင့် အဆက်အသွယ်ရကာ ကော်ဖီဆိုင်တစ်ဆိုင်တွင် ပထမဆုံးတွေ့ဖြစ်ကြသည်။
ဖဲလ် ကော်ဖီဆိုင်ထဲသို့ဝင်လာပြီး ရှိုင်းသန့်ကိုရှာလိုက်သည်။ အသားဖြူဖြူနှင့် လိုက်ဖက်ညီစွာ ခါးတိုရှပ်အင်္ကျီနှင့် ခြေမျက်စိထိဖုံးသော ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်ကို တပ်ဆင်ထားသည်။ မထူမပါးဒေါက်ဖိနပ်ကိုသာ စီးထားသော်လည်း အရပ်က သိသိသာသာရှည်ထွက်နေသည်။ ပုခုံးလောက်ရှိသော ဖြောင့်စင်းသည့်မဟော်ဂနီရောင်ဆံပင်တို့ကို စည်းနှောင်ခြင်းမရှိဘဲ ဖြန့်ကျက်ထားသည်။
သူ့အဖေပြောပြထားသဖြင့် ရှိုင်းသန့်ပုံကို မြင်ဖူးထားသည်။ ရှိုင်းသန့်ကိုတွေ့တော့ လက်ပြလိုက်ကာ ထိုင်ခုံတွင် ဝင်ထိုင်သည်။ နေကာမျက်မှန်ကိုချွတ်လိုက်ကာ သူကစ၍ နှုတ်ဆက်လိုက်သည်။
"Sawadee, Khun Shine Thant...
Pearl Wicachat..."
ညာဘက်လက်ကို ရှိုင်းသန့်ဆီကမ်းပေးတော့ ရှိုင်းသန့်လည်း လက်ကိုဆွဲကာ နှုတ်ဆက်လိုက်သည်။
"ရှိုင်းလို့ပဲခေါ်လို့ရမလား..."
"ဟုတ်ကဲ့ဗျ... ရပါတယ်... ဖဲလ်အဆင်ပြေသလိုခေါ်ပါ..."
"ဖဲလ်ကို လာတွေ့တယ်ဆိုတော့ လက်ခံလိုက်တာလား ရှိုင်း"
"လက်ခံတာမဟုတ်သေးပါဘူး... မင်းနဲ့တွေ့ကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် အရင်လေ့လာရအောင်ပါ..."
"အိုးး...ကောင်းပါတယ်...အချိန်အကြာကြီးတော့ မဆွဲစေချင်ဘူး...မြန်မြန်လက်ခံလိုက်တာ နှစ်ယောက်လုံးအတွက်ကောင်းမယ်"
"ဖဲလ်ဘက်ကရော... စိတ်မရှိရင်...ဘာလို့လက်ခံလိုက်တာလဲ...ကျွန်တော်သိလို့ရမလားခင်ဗျ"
ဖဲလ်က ရှိုင်းသန့်ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်ကာ...
"အကျိုးရှိလို့ပေါ့..."
"ဒါဆို...ကျွန်တော့ကိုစိတ်ဝင်စားလို့မဟုတ်ဘူးမလား..."
ရှိုင်းသန့်စကားဆုံးတော့ ဖဲလ် အကျယ်ကြီး အော်ရယ်လိုက်သည်။
"နီးတောင် မနီးစပ်ဘူး..."
"အခုလိုကြားရတာ ကျွန်တော်လည်း ဝမ်းသာပါတယ်"
"အဖေ့အမြင်မှာ ဖဲလ်တို့နှစ်ယောက် အဆင်ပြေတယ်လို့ ထင်ရအောင် နေပေးနိုင်မလား...
ရှိုင်း မဆုံးဖြတ်ရသေးခင် အချိန်အထိပေါ့..."
"ကျွန်တော့ဘက်က အဆင်ပြေပါတယ်"
"ဒါဆို ဖဲလ် မနက်ဖြန် ရှိုင်းဆီကို လာခဲ့မယ်... ok?..."
"ရပါတယ် ဖဲလ်...အမြဲကြိုဆိုလျက်ပါ..."
ထို့နောက် အချင်းချင်းနှုတ်ဆက်ကာ ဖဲလ်ကအရင် ထွက်သွားလေသည်။ ရှိုင်းသန့်လည်း ထိုအခါမှ သက်ပြင်းချနိုင်ကာ ဖဲလ်ကိုလျှော့မတွက်သင့်ကြောင်းပါ တခါတည်း သဘောပေါက်လိုက်သည်။
ဖဲလ်လိုချင်သည်ဆိုသော သူတို့နှစ်ယောက် လက်ထပ်မှရမည့် အကျိုးအမြတ်ကို ရှိုင်းသန့်သိချင်သည်။ ဖြစ်နိုင်လျှင် ဖဲလ်ကို အခြားနည်းနှင့် ကူညီရမည်။ ထိုအခါမှသာ ပူးပေါင်းမှုမဖျက်သိမ်းရန် ဖဲလ်အကူအညီကို ပြန်လည်ရယူရမည်။ ထို့ကြောင့် ဖဲလ်နှင့်မိတ်ဆွေဖြစ်ရသည်မှာ အကျိုးမယုတ်နိုင်ပေ။ အချင်းချင်း အပြန်အလှန်ကူညီနိုင်လိမ့်မည်ဟု ရှိုင်းသန့်ယုံကြည်မိသည်။
တစ်နေ့ ရှိုင်းသန့်ကုမ္ပဏီသိူ့ ဖဲလ်အလည်လာတာကြောင့် အလုပ်ကိစ္စများကို ခဏရပ်နားထားကာ သူ့ကိုအချိန်ပေးဖြစ်သည်။ လုံလောက်သော ရင်းနှီးမှုယူပြီးမှသာ သူတို့နှစ်ဦးလုံးအတွက် အကျိုးရှိနိုင်မည့် အပေးအယူကို ဆွေးနွေးသင့်သည် မဟုတ်ပါလား။
ဖဲလ်က အခြေအနေအချိန်အခါကို လိုက်၍ပြုမူနေထိုင်တတ်သည်။ သူ့အတွက် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ရှိုင်းသန့်၏ ကုမ္ပဏီကို လှည့်ပတ်ကြည့်ရှု၍ သိချင်သည်များကို မေးမြန်းသေးသည်။
ဖဲလ်ကို ရှိုင်းသန့်က အထူးဧည့်သည်အနေဖြင့် သတ်မှတ်ထားသည်ကတစ်ကြောင်း၊ ဖဲလ်၏ ပင်ကိုပုံစံစရိုက်ကိုမြင်နိုင်သည်ကတစ်ကြောင်း အားလုံးက သူ့ကိုရှိန်ကြသည်။ ရှိုင်းသန့်၏ အနီးဆုံးဧည့််သည်များလာလျှင် စပ်ဖြီးဖြီးနှင့် မျက်နှာပြောင်တတ်သော စိုင်းပင် တုပ်တုပ်မှမလှုပ်ရဲလောက်အောင်အထိ....
ဖဲလ်ပြန်သွားပြီဆိုမှ စိုင်း သက်ပြင်းချနိုင်တော့သည်။ စိုင်းအဖြစ်ကိုသိနေသော ရှိုင်းသန့်က သူ့ကိုကြည့်ပြီး သွားပေါ်ရုံမှရယ်ကာ စလိုက်သေးသည်။
"ငါတို့ ကိုစိုင်းကြီး... ဖဲလ်နဲ့ကျမှ အသံတိတ်လှချည်လား"
"ပြောကိုမပြောချင်ဘူးကွာ၊ မျက်နှာကလည်း တင်းပြီး မာထန်နေတာပဲ။ ငါ့ကို မချိပြုံးလေးတစ်ခါပဲ ပြုံးပြတာ မြင်ဖူးတယ်။ ဒီလောက် မျက်နှာကြောတင်းနေတာကို ငါကဘယ်လိုမျက်နှာနဲ့ ရွှတ်နောက်နောက် သွားပြောရဲမလဲ....
မင်းတကယ်ပဲ ဒီကောင်မလေးကို ယူတော့မှာလား..."
"မဆုံးဖြတ်ရသေးပါဘူးကွာ..."
ရှိုင်းသန့်စကားဆုံးတော့ စိုင်းတစ်ယောက် ခေါင်းကိုခါရမ်းကာ ရုံခန်းထဲကထွက်သွားတော့သည်။ ရှိုင်းသန့်လည်း ထိုင်ခုံကိုမှီ၍ သက်ပြင်းရှည်တစ်ချက် ချမိသည်။
အကယ်၍ ဖဲလ်နှင့်ညှိနှိုင်းမှု မအောင်မြင်ခဲ့သော် သူ့ဘဝကို ကုမ္ပဏီအတွက်နှင့် စတေးရမည်လား....
ဒယ်ဒီ့မျက်နှာကိုထောက်ပြီး မိတ်မပျက်စေရန် လက်ခံလိုက်ရမည်လား...
ဒါဆို သူ့ရဲ့ တစ်ဦးတည်းကျန်ခဲ့သော မိသားစုဝင် လွန်းကရော...
သဘောတူပါ့မလား...
ဒီကလေး သူမပါဘဲ လောကကြီးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့အသင့်ဖြစ်နေပါ့မလား....
သေချာတာတစ်ခုက....
ညီညီ့ကို ရုတ်တရက်ကြီး တစ်ယောက်တည်း ထားခဲ့ဖို့ကတော့ ကိုကိုအဆင်သင့်မဖြစ်သေးဘူး...........
ဒီတစ်ပတ်ကျောင်းပိတ်ရက် လွန်းအိမ်ပြန်ဖြစ်သည်။
မနက်ခင်း မနက်စာစားပြီးချိန် ကုမ္ပဏီသို့သွားရန် ရှိုင်းသန့် လွန်းကိုခေါ်သည်။ အိမ်တွင်နေလည်း လုပ်စရာမရှိမည့်အတူတူ သူနှင့် လိုက်ခဲ့ရမည်ဟု ရာဇသံပေးလေတော့ လွန်းလည်း မငြင်းနိုင်တော့ပေ။
ကုမ္ပဏီသို့ရောက်သောအခါ အလျင်ရောက်နှင့်နေသော စိုင်းတစ်ယောက် ပြာယာခတ်နေသည်ကို တွေ့ရသဖြင့် ရှိုင်းသန့် လှမ်းမေးလိုက်သည်။
"ဟိုမမ.... မမဖဲလ် ခဏနေလာမယ်တဲ့
မင်းမရောက်ခင်လေးကပဲ ရုံးခန်းဖုန်းကို ဆက်တယ်...
ကံဆိုးတဲ့ ငါက ဖုန်းကိုင်မိတာပေါ့ကွာ..."
"အဲဒါကို ဘာဖြစ်လို့ ဆပ်ပြာသည်လင်ပျောက်ဖြစ်နေတာလဲ"
"ဒီနေ့က စနေနေ့လေကွာ... တခြားဝန်ထမ်းတွေ မရှိဘူးလေ... အဲတော့ သူလျှောက်လုပ်သမျှ ငါတို့နှစ်ယောက်ပဲဒိုင်ခံဖြေရှင်းရတော့မှာပေါ့... ဒီလိုမှန်းသိ ဒီနေ့ခွင့်ယူပါတယ်"
စိုင်းစကားကြောင့် ရှိုင်းသန့်ရယ်ချင်သွားသော်လည်း ဖဲလ်လာမည်ဆိုသည်ကတော့ တကယ်ပင် သူ့အတွက်စိတ်အနှောင့်အယှက်ဖြစ်ရသည်။
"ဖဲလ်ဆိုတာ ဘယ်သူလဲ ကိုစိုင်း...
သူကဘာမို့လို့ အဲလောက်ကြောက်နေရတာလဲ..."
နှစ်ယောက်သား တိတ်ဆိတ်နေရင်း လွန်းကဝင်မေးတာကြောင့် ရှိုင်းသန့် အခုမှ လွန်းပါလာသည်ကို သတိထားမိသည်။ သူလွန်းကို ဖဲလ်အကြောင်း မပြောရသေးပေ။ ပြောဖို့ရန်လည်း တွန့်ဆုတ်နေမိသည်။
လွန်း၏အမေးကို စိုင်းကပြန်ဖြေမည်အပြု ရှိုင်းသန့်က လက်ပြကာ တားလိုက်သည်။ ထို့နောက် စိုင်းကို ဖဲလ်လာလျှင် ရုံးခန်းထဲ၌ ဧည့်ခံထားရန် မှာလိုက်ပြီး လွန်းကို meeting roomသို့ ဆွဲခေါ်သွားသည်။
"ကိုကို သူကဘယ်သူလဲဖြေဦးလေ"
"အင်းညီညီ... ကိုကိုလည်း အဲဒါပြောမလို့...
ဖဲလ်က ကိုကိုတို့ ကုမ္ပဏီနဲ့အကျိုးတူ ပူးပေါင်းထားတဲ့ကုမ္ပဏီကပဲ...ဒယ်ဒီမဆုံးခင် သူတို့လူကြီးချင်း ကိုကိုတို့ကို သဘောတူထားခဲ့တာ...
ဖဲလ်က...."
စကားစတို့ခဏ ပြတ်သွားပြီးမှ အသက်ပြင်းပြင်းရှူကာ ဆက်ပြောသည်။
"ကိုကို လက်ထပ်ရမဲ့သူပဲ"
ရှိုင်းသန့်၏အဖြေကို ကြားပြီးနောက် လွန်းနေရခက်လာသည်။ မမျှော်လင့်ထားပါသော ကိစ္စတစ်ခုကိုကြားလိုက်ရ၍လားမသိ အသက်ရှူနှုန်းတွေ မြန်လာသည်။ မျက်လုံးများက သူ့အလိုလိုပြူးကျယ်သွားပြီး ရင်ထဲတွင် စို့တက်လာသည်။ အတန်ကြာသည်အထိ ဘာစကားမှ မပြောနိုင်သလို ဘာမှလည်း မသိတော့၊ ကိုကိုက ဆက်ပြောနေသည်ထင်ရသော်လည်း မကြားနိုင်တော့။
သူပြောသည်များကို ကြားဟန်မရှိသော လွန်းကို ရှိုင်းသန့် ပုခုံးကိုကိုင်လှုပ်၍....
"ကိုကိုပြောတာ ကြားရဲ့လား ညီညီ..."
ထိုအခါမှ အသိပြန်ဝင်လာပြီး လွန်းကြောင်အမ်းအမ်းနှင့် ခေါင်းရမ်းမိလိုက်သည်။
"ကိုကို မဆုံးဖြတ်ရသေးဘူးလို့ပြောတာ...."
"ဘာကိုလဲ"
"လက်ထပ်ဖို့ ကိစ္စကိုလေ.... လူကြီးတွေ ဘယ်လိုပဲသဘောတူတူ ကိုကိုဆုံးဖြတ်မှ ဖြစ်မှာပါ"
"ဒါဆို ကိုကိုက ဘယ်လိုဆုံးဖြတ်မှာလဲ...
လက်ခံမှာလား..."
"မသိသေးဘူး ညီညီ... အချိန်ယူရဦးမယ်..."
"ဒါဆို လက်ခံတယ်ဆိုတဲ့အဖြေ ရှိနိုင်တဲ့သဘောလား..."
ညီညီ့အမေးကြောင့် ရှိုင်းသန့် သူ့ကိုတစ်ချက်ကြည့်ကာ အနားသို့ကပ်ပြီး သူ့ကိုဖက်ထားလိုက်သည်။
"ကိုကိုသိတယ်... ညီညီဒါကို ချက်ချင်းလက်ခံနိုင်မှာမဟုတ်ဘူးဆိုတာ... ဒါပေမဲ့ ညီညီ...
ကိုယ်က လက်မခံနိုင်ပေမဲ့ ဖြစ်ပျက်သွားတဲ့အရာတွေ အများကြီးရှိခဲ့ဖူးတာပဲ...
စိတ်ချပါ.... ကိုကို့ဆုံးဖြတ်ချက်က ဘယ်လိုပဲဖြစ်ပါစေ... ညီညီ့ကို ဘယ်တော့မှ တစ်ယောက်တည်းထားမသွားဘူး...ကိုကိုကတိပေးတယ်"
ရှိုင်းသန့်စကားအဆုံးတွင် လွန်းသူ့ရင်ခွင်ထဲမှ တွန်းထွက်ကာ သူ့ကိုမော့ကြည့်ရင်း ခနဲ့ပြုံးတစ်ခု ပြုံးသည်။
"အင်းပါ... ကိုကို့ကတိအတိုင်းပဲပေါ့..."
ထို့နောက် အခန်းထဲမှ လွန်းအရင် ထွက်သွားလေသည်။ ကြမ်းပြင်ကို ခပ်ကြမ်းကြမ်းနင်းရင်း နီရဲလာသော မျက်ဝန်းတစ်စုံကို တခြားသူများမရိပ်မိစေဖို့ မျက်နှာသစ်ရန် ဦးတည်ရာက သန့်စင်ခန်းဆီသို့....
~~~~~~~~~~~~~~~~~~~~
Note: ဒီအပိုင်းမှာ အရေးအသားက နည်းနည်းလေး မြန်မာကားဆန်သွားပါတယ်...
businessနဲ့ပတ်သက်ပြီး ပိစိလေးတောင် မသိတဲ့အတွက် ကြားဖူးနားဝတွေပဲရေးမိသွားပါတယ်😁
ခွင့်လွှတ် ဖြည့်တွေးပေးကြပါဦး🙏🏻
~~~~~~~~~~~~~~~~~~~~
Zawgyi...
Pearl Wicachat..."
"အကျိုးရှိလို့ပေါ့..."
"နီးတောင် မနီးစပ်ဘူး..."
သဘောတူပါ့မလား...
သေချာတာတစ်ခုက....
ဖဲလ်က...."
"ဘာကိုလဲ"
လက်ခံမှာလား..."
~~~~~~~~~~~~~~~~~~~~