Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 8
Unicode...

မနက်​ အိပ်ရာမှ ​စော​​စောထကာ ကိုကို့ကိုလိမ်ပြီး တစ်​ယောက်တည်း အပြင်ထွက်နိုင်ရန် မျက်နှာချို​သွေးသည့်အ​နေနှင့် သူကိုယ်တိုင် ကိုကိုကြိုက်​သော ထမင်း​ကြော်ကို မနက်စာအဖြစ် ပြင်ဆင်​လေသည်။

ရှိုင်းသန့်ဆင်းလာ​တော့ ထမင်း​ကြော်ကိုမြင်​တော့ လွန်း၏ပုခုံးကိုဖက်ပြီး ချီးကျူးလိုက်သည်။
ထို့​နောက် စားပွဲတွင် ဝင်ထိုင်ကာ မြိန်​ရေယှက်​ရေ စား​တော့သည်။
ထမင်း​ကြော်ကို အားရပါးရနှင့် ​ခေါင်းမ​ဖော်တမ်းစား​နေ​သောကိုကို့ကိုကြည့်ကာ လွန်းပြုံးမိသည်။

ထိုစဥ် အိမ်​​ထဲသို့ ဦး​အေး​ကျော်ဝင်လာကာ ရှိုင်းသန့်ကို ကုမ္ပဏီအလုပ်ကိစ္စများနှင့်ရင်းနှီး​စေရန် ​လေ့လာသင့်သည်ဟုဆိုကာ မနက်စာစားပြီးသည်နှင့် ​ခေါ်သွား​လေသည်။

လွန်းလည်း လိမ်​လည်စရာပင်မလိုဘဲ အခွင့်အ​ရေးရလိုက်ကာ ​ဒေါ်​​လေးကို ကိုကို့ကို ပြန်မ​ပြောရန်​မဲဆွယ်ပြီး တက္ကစီနှင့် အနီးနားရှိ ​ဆေးရုံတစ်ခုသို့ ထွက်ခဲ့လိုက်သည်။
စစ်​ဆေးရန် အချက်အလက်များထားခဲ့ပြီးနောက်သုံးရက်​နေမှ ပြန်လာယူရန် ချိန်းသဖြင့် မွန်းမတည့်မီ အိမ်သို့အမြန် ပြန်လာခဲ့သည်။

ကုမ္ပဏီ၏ CEO ဦးမိုးနိုင်သုတ ကွယ်လွန်သည့်အချိန်မှစ၍ သူ၏လူယုံ ဦး​အေး​ကျော်ကပဲ ကုမ္ပဏီကို ဦးစီး၍ ထိန်းသိမ်း​စောင့်​​ရှောက်ထားသည်။
ရှိုင်းသန့်လည်း အခုချက်ချင်း ဦးစီးရန် မဖြစ်နိုင်​သေး​ပေ။ အလုပ်ကိစ္စများနှင့် ပတ်သက်ပြီး ဘာမျှ မသိ​သေး​။

အထက်တန်း​နောက်ဆုံးနှစ်​ကျောင်းသားဖြစ်သဖြင့် အထက်တန်းကို​တော့ ​အောင်မှဖြစ်​ပေမည်။
ထိုမှတစ်ဆင့် စီးပွား​ရေးတက္ကသိုလ်တက်ကာ ကုမ္ပဏီကို ဦး​ဆောင်ရန် ရည်ရွယ်ထားသည်။
ထိုအချိန်ကာလအထိ ကုမ္ပဏီအား ဦး​အေး​ကျော်ကိုပဲ ရှိုင်းသန့် ယုံယုံကြည်ကြည်နှင့် အပ်နှံထားသည်။

ထို​နေ့က ရှိုင်းသန့် တ​နေကုန် ကုမ္ပဏီတွင်ရှိ​လေသည်။ ရုံးပိတ်ရက်ဖြစ်သဖြင့် ဝန်ထမ်းများနှင့် ​တွေ့ဆုံဆက်ဆံရန် အသင့်မဖြစ်​သေး​သော ရှိုင်းသန့်အတွက် အလုပ်ကိစ္စများ​လေ့လာရန် အသင့်​တော်ဆုံးအချိန်ဖြစ်သည်။

ည​နေ​စောင်း အိမ်ပြန်​ရောက်​တော့ အိမ်​ရှေ့စင်ဝင်​အောက်အထိ ထွက်ကြို​နေ​သော လွန်း​ကြောင့် ​ကြောင်အမ်းအမ်းဖြစ်သွား​သေးသည်။

ဟုတ်ပါသည်​​လေ... ရှိုင်းသန့်အပြင်သွားတိုင်း လွန်းက အမြဲပါတတ်သည်မလား...
တခါတရံ သူမပါ​သောအ​ခါများတွင်လည်း ပြန်လာလျှင် ယခုကဲ့သို့ မပြုမူတတ်​ပေ။

မနက်ကဝတ်သွား​သော အ​ပေါ်လက်ရှည်ကိုချွတ်ပြီး လက်တစ်ဖက်တွင် ချိတ်ထားကာ လက်တစ်ဖက်တွင် laptopအိတ်ကို ကိုင်လျက် ကား​ပေါ်က ဆင်းဆင်းချင်း....

"ပြန်လာပြီလား ကိုကို.... ​ပင်ပန်းသွားပြီလားဟင်... အလုပ်​​တွေအများကြီး လုပ်ရတာလား..."

ရှိုင်းသန့်မျက်နှာကိုပဲ စိုက်ကြည့်​နေကာ လက်ထဲမှ လက်ရှည်အင်္ကျီနှင့် laptopအိတ်ကို ဆွဲယူလျက် ​မေးခွန်း​မြောက်မြားစွာကို တရစပ်​မေး​တော့သည်။

"​မပင်ပန်းပါဘူး ညီညီရယ်.... အလုပ်က သင်ရုံပါ...တကယ်လုပ်ရတာမဟုတ်​သေးပါဘူး...
ပြီး​​တော့ ကိုကိုက လုပ်နိုင်ပါတယ်... စိတ်ပူမ​နေနဲ့"

လွန်း၏​ဆံပင်​တွေကို တစ်ချက်ဖွလျက် အ​မေး​တော်ရှိလာသည်များကို အပြုံးတစ်ပွင့်ဆင်မြန်းကာ ချိုချိုသာသာနှင့် ပြန်​ဖြေဖြစ်သည်။

​ရေမိုးချိုးပြီး​တော့ ညစာအဆင်သင့်ဖြစ်​ပြီဟု ကိုယ်တိုင်လာ​ပြောကာ လက်ကိုဆွဲ၍ ထမင်းစားဝိုင်းတွင် ထိုင်​စေသည်။

"ကိုကိုကြိုက်တဲ့ ဝက်နံရိုး​ပေါင်း....
ညီညီကိုယ်တိုင် ချက်ထားတာ ဟီး...
မ​ကောင်းလည်း စားရမှာ​နော်..."

"ဟမ်.... ဟုတ်​ကောဟုတ်ရဲ့လား ညီညီရယ်...
ဘယ်တုန်းက ဟင်းချက်တတ်သွားတာလဲ...
မှန်မှန်လိမ်​နော် ညီညီချက်တာဟုတ်ရဲ့လား"

"အထင်​သေးလိုက်တာ... ​ဒေါ်​လေးဆီက အားတဲ့အချိန်တိုင်း သင်ထားတာပါ​နော်....
သူ့ကိုစား​စေချင်လို့ကို...."

"ဟုတ်ပါပြီဗျာ..."

ထိုမျှသာ​ပြောပြီး ရှိုင်းသန့် လွန်းလက်ရာကို မြည်းစမ်းကြည့်လိုက်သည်။ တကယ်ပင် သူမထင်ထား​​လောက်​အောင် ​အရသာရှိလွန်း​နေသည်။
တကယ်ပဲ ဒီ​ကောင်​လေးက သူ့အကြိုက်​တွေကို ​ကောင်း​ကောင်းသိသလို သူကိုယ်တိုင်လုပ်​ပေး​လေ့ရှိ​ပေမဲ့ ဒီ​​နေ့က ထူးခြား​နေသလို...

တစ်​နေ့တည်းမှာပင် မနက်က ထမင်း​ကြော် ညကျ​တော့ ဝက်နံရိုး​ပေါင်း...
ဒီ​နေ့ သ​ဘော​ကောင်းလွန်း​နေသည်ဟုသာ​​မှတ်ချက်​ချလိုက်သည်။

ညစာစားပြီး အ​ခန်းထဲသို့ ပြန်​ရောက်​သော် ဒီ​နေ့ ညီညီလုပ်သမျှကို ပြန်​တွေး​နေမိသည်။

မာမီမရှိ​တော့ကတည်းက ​အေးစက်သွား​သော သူ့ရဲ့တစ်​နေ့တာ​ပေါင်းများစွာကို ပြန်လည်မြင်​ယောင်မိ​တော့ ယခုအပြုအမူများက သူ့ကို​နွေး​ထွေး​စေသည်ဟု ခံစားရသည်။

ယခုကဲ့သို့​ ​နေ့ရက်တိုင်း ဖြတ်သန်းရရင် ​ကောင်းမည်ဟု အ​တွေးဝင်မိသည်။ လွန်း၏ ချိုသာ​သောအပြုံများ၊ သူ့အ​ပေါ်ဂရုစိုက်မှုများဟာ သူ့အတွက် တန်ဖိုးထားရ​သောအရာများ ဖြစ်လာခဲ့သည်။
သူ့တွင် ညီညီ့လို ညီတစ်​ယောက်ရှိခြင်းကို ကံ​ကောင်းသည်ဟု ထင်ကာ ပြုံးမိသည်။

ထို့ထက် လွန်း၏ သွား​သေး​သေး​လေးများ​ပေါ်​အောင်အထိ လုပ်ယူတတ်​သော အပြုံး​လေးများက ရှိုင်းသန့်၏ အမြင်အာရုံထဲ ​​နေရာအပြည့်ယူထားတတ်သည်ကို ပြုံးမိသည်က ပိုပါသည်။

ညီညီ့ရဲ့ ထိုအပြုံးများကို ထာဝရမ​​ပျောက်ကွယ်သွား​​​စေရန် ဖန်တီး​ပေးချင်မိသည်မှာ ရင်ထဲက ဆန္ဒအစစ်အမှန် ဖြစ်လိမ့်မည်။

ချိန်းဆိုထားသည့်​ သုံးရက်​မြောက်နေ့တွင် လွန်း ​ကျောင်းက​နေ ကိုကိုမသိ​အောင် ခိုးထွက်ပြီး ​ဆေးရုံသို့ သွားသည်။

DNA test resultကိုသိပြီး​နောက် ​ကျောင်းသို့ပြန်​​ရောက်ချိန်တွင် ​ကျောင်းဆင်း​တော့မည်ဖြစ်သည်။ ​ကျောင်း၏ တစ်ဖက်လမ်းတွင် အိမ်ကလာကြို​သောကားကို ​တွေ့ရသဖြင့် ကား​​ပေါ်တွင်သာ ကိုကိုကျောင်းအဆင်းကို ထိုင်​စောင့်​နေလိုက်သည်။

ပျက်ယွင်း​နေ​သော မျက်နှာကို ကိုကိုမမြင်ခင် အမြန်ပြင်လိုက်​နိုင်သော်လည်း ရင်ထဲက ​ပေါက်ထွက်မတတ်ခံစား​နေရ​သေးသည်။ ​

​မေ​မေ သတိ​ပေးခဲ့သလို မစစ်ဖြစ်ခဲ့ရင်​ကောင်းသား....

ဒါ​ပေမဲ့လည်း လွန်း ​ပျော်ပါသည်။ အရင်တည်းက ကိုကို့အ​ပေါ် အစ်ကိုတစ်​ယောက်ထက် ပို​​သော ခံစားချက်ရိုင်းများ ဝင်လာချိန်တိုင်း မနည်း တိုက်ထုတ်ရတတ်သည်။
အခု​တော့ လုပ်စရာမလို​တော့ပါ။ ​သူ့ရင်တွင် ဖြစ်​ပေါ်လာသမျှ လွတ်လပ်စွာခံစား​တော့မည်။

​တောင်းပန်ပါတယ် ကိုကို....
ကိုကို​ပေးတဲ့ ​ဖြူစင်တဲ့မေတ္တာ​တွေကို အဖြူထည် သက်သက် လက်မခံနိုင်​တော့လို့....
ဒါ​ပေမဲ့ ညီညီ့ရဲ့အချစ်က​တော့ ရိုးသားဖြူစင်ပါတယ်...

ရှိုင်းသန့်​ကျောင်းဆင်းလာ​တော့ အိမ်သို့ပြန်ခဲ့ကြသည်။ အိမ်​ရောက်သည်အထိ စကားတစ်ခွန်းမှ မ​ပြော​​သော ကိုကို့ကို သတိထားမိ​ပေမဲ့ ​ကျောင်းတွင်ပြသနာဖြစ်လာသည်ထင်ကာ ညကျမှ ​သေချာ​မေး​တော့မည်ဟုထားလိုက်တာ သူ့ဘက်ကလည်း စကားစ​ပြောခြင်း မရှိခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~

Zawgyi...

မနက္​ အိပ္ရာမွ ​ေစာ​​ေစာထကာ ကိုကို႔ကိုလိမ္ၿပီး တစ္​ေယာက္တည္း အျပင္ထြက္နိုင္ရန္ မ်က္ႏွာခ်ိဳ​ေသြးသည့္အ​ေနႏွင့္ သူကိုယ္တိုင္ ကိုကိုႀကိဳက္​ေသာ ထမင္း​ေၾကာ္ကို မနက္စာအျဖစ္ ျပင္ဆင္​ေလသည္။

ရွိုင္းသန့္ဆင္းလာ​ေတာ့ ထမင္း​ေၾကာ္ကိုျမင္​ေတာ့ လြန္း၏ပုခုံးကိုဖက္ၿပီး ခ်ီးက်ဴးလိုက္သည္။
ထို႔​ေနာက္ စားပြဲတြင္ ဝင္ထိုင္ကာ ၿမိန္​ေရယွက္​ေရ စား​ေတာ့သည္။
ထမင္း​ေၾကာ္ကို အားရပါးရႏွင့္ ​ေခါင္းမ​ေဖာ္တမ္းစား​ေန​ေသာကိုကို႔ကိုၾကည့္ကာ လြန္းၿပဳံးမိသည္။

ထိုစဥ္ အိမ္​​ထဲသို႔ ဦး​ေအး​ေက်ာ္ဝင္လာကာ ရွိုင္းသန့္ကို ကုမၸဏီအလုပ္ကိစၥမ်ားႏွင့္ရင္းႏွီး​ေစရန္ ​ေလ့လာသင့္သည္ဟုဆိုကာ မနက္စာစားၿပီးသည္ႏွင့္ ​ေခၚသြား​ေလသည္။

လြန္းလည္း လိမ္​လည္စရာပင္မလိုဘဲ အခြင့္အ​ေရးရလိုက္ကာ ​ေဒၚ​​ေလးကို ကိုကို႔ကို ျပန္မ​ေျပာရန္​မဲဆြယ္ၿပီး တကၠစီႏွင့္ အနီးနားရွိ ​ေဆး႐ုံတစ္ခုသို႔ ထြက္ခဲ့လိုက္သည္။
စစ္​ေဆးရန္ အခ်က္အလက္မ်ားထားခဲ့ၿပီးေနာက္သုံးရက္​ေနမွ ျပန္လာယူရန္ ခ်ိန္းသျဖင့္ မြန္းမတည့္မီ အိမ္သို႔အျမန္ ျပန္လာခဲ့သည္။

ကုမၸဏီ၏ CEO ဦးမိုးနိုင္သုတ ကြယ္လြန္သည့္အခ်ိန္မွစ၍ သူ၏လူယုံ ဦး​ေအး​ေက်ာ္ကပဲ ကုမၸဏီကို ဦးစီး၍ ထိန္းသိမ္း​ေစာင့္​​ေရွာက္ထားသည္။
ရွိုင္းသန့္လည္း အခုခ်က္ခ်င္း ဦးစီးရန္ မျဖစ္နိုင္​ေသး​ေပ။ အလုပ္ကိစၥမ်ားႏွင့္ ပတ္သက္ၿပီး ဘာမွ် မသိ​ေသး​။

အထက္တန္း​ေနာက္ဆုံးႏွစ္​ေက်ာင္းသားျဖစ္သျဖင့္ အထက္တန္းကို​ေတာ့ ​ေအာင္မွျဖစ္​ေပမည္။
ထိုမွတစ္ဆင့္ စီးပြား​ေရးတကၠသိုလ္တက္ကာ ကုမၸဏီကို ဦး​ေဆာင္ရန္ ရည္႐ြယ္ထားသည္။
ထိုအခ်ိန္ကာလအထိ ကုမၸဏီအား ဦး​ေအး​ေက်ာ္ကိုပဲ ရွိုင္းသန့္ ယုံယုံၾကည္ၾကည္ႏွင့္ အပ္ႏွံထားသည္။

ထို​ေန႕က ရွိုင္းသန့္ တ​ေနကုန္ ကုမၸဏီတြင္ရွိ​ေလသည္။ ႐ုံးပိတ္ရက္ျဖစ္သျဖင့္ ဝန္ထမ္းမ်ားႏွင့္ ​ေတြ႕ဆုံဆက္ဆံရန္ အသင့္မျဖစ္​ေသး​ေသာ ရွိုင္းသန့္အတြက္ အလုပ္ကိစၥမ်ား​ေလ့လာရန္ အသင့္​ေတာ္ဆုံးအခ်ိန္ျဖစ္သည္။

ည​ေန​ေစာင္း အိမ္ျပန္​ေရာက္​ေတာ့ အိမ္​ေရွ႕စင္ဝင္​ေအာက္အထိ ထြက္ႀကိဳ​ေန​ေသာ လြန္း​ေၾကာင့္ ​ေၾကာင္အမ္းအမ္းျဖစ္သြား​ေသးသည္။

ဟုတ္ပါသည္​​ေလ... ရွိုင္းသန့္အျပင္သြားတိုင္း လြန္းက အၿမဲပါတတ္သည္မလား...
တခါတရံ သူမပါ​ေသာအ​ခါမ်ားတြင္လည္း ျပန္လာလွ်င္ ယခုကဲ့သို႔ မျပဳမူတတ္​ေပ။

မနက္ကဝတ္သြား​ေသာ အ​ေပၚလက္ရွည္ကိုခြၽတ္ၿပီး လက္တစ္ဖက္တြင္ ခ်ိတ္ထားကာ လက္တစ္ဖက္တြင္ laptopအိတ္ကို ကိုင္လ်က္ ကား​ေပၚက ဆင္းဆင္းခ်င္း....

"ျပန္လာၿပီလား ကိုကို.... ​ပင္ပန္းသြားၿပီလားဟင္... အလုပ္​​ေတြအမ်ားႀကီး လုပ္ရတာလား..."

ရွိုင္းသန့္မ်က္ႏွာကိုပဲ စိုက္ၾကည့္​ေနကာ လက္ထဲမွ လက္ရွည္အကၤ်ီႏွင့္ laptopအိတ္ကို ဆြဲယူလ်က္ ​ေမးခြန္း​ေျမာက္ျမားစြာကို တရစပ္​ေမး​ေတာ့သည္။

"​မပင္ပန္းပါဘူး ညီညီရယ္.... အလုပ္က သင္႐ုံပါ...တကယ္လုပ္ရတာမဟုတ္​ေသးပါဘူး...
ၿပီး​​ေတာ့ ကိုကိုက လုပ္နိုင္ပါတယ္... စိတ္ပူမ​ေနနဲ႕"

လြန္း၏​ဆံပင္​ေတြကို တစ္ခ်က္ဖြလ်က္ အ​ေမး​ေတာ္ရွိလာသည္မ်ားကို အၿပဳံးတစ္ပြင့္ဆင္ျမန္းကာ ခ်ိဳခ်ိဳသာသာႏွင့္ ျပန္​ေျဖျဖစ္သည္။

​ေရမိုးခ်ိဳးၿပီး​ေတာ့ ညစာအဆင္သင့္ျဖစ္​ၿပီဟု ကိုယ္တိုင္လာ​ေျပာကာ လက္ကိုဆြဲ၍ ထမင္းစားဝိုင္းတြင္ ထိုင္​ေစသည္။

"ကိုကိုႀကိဳက္တဲ့ ဝက္နံရိုး​ေပါင္း....
ညီညီကိုယ္တိုင္ ခ်က္ထားတာ ဟီး...
မ​ေကာင္းလည္း စားရမွာ​ေနာ္..."

"ဟမ္.... ဟုတ္​ေကာဟုတ္ရဲ႕လား ညီညီရယ္...
ဘယ္တုန္းက ဟင္းခ်က္တတ္သြားတာလဲ...
မွန္မွန္လိမ္​ေနာ္ ညီညီခ်က္တာဟုတ္ရဲ႕လား"

"အထင္​ေသးလိုက္တာ... ​ေဒၚ​ေလးဆီက အားတဲ့အခ်ိန္တိုင္း သင္ထားတာပါ​ေနာ္....
သူ႕ကိုစား​ေစခ်င္လို႔ကို...."

"ဟုတ္ပါၿပီဗ်ာ..."

ထိုမွ်သာ​ေျပာၿပီး ရွိုင္းသန့္ လြန္းလက္ရာကို ျမည္းစမ္းၾကည့္လိုက္သည္။ တကယ္ပင္ သူမထင္ထား​​ေလာက္​ေအာင္ ​အရသာရွိလြန္း​ေနသည္။
တကယ္ပဲ ဒီ​ေကာင္​ေလးက သူ႕အႀကိဳက္​ေတြကို ​ေကာင္း​ေကာင္းသိသလို သူကိုယ္တိုင္လုပ္​ေပး​ေလ့ရွိ​ေပမဲ့ ဒီ​​ေန႕က ထူးျခား​ေနသလို...

တစ္​ေန႕တည္းမွာပင္ မနက္က ထမင္း​ေၾကာ္ ညက်​ေတာ့ ဝက္နံရိုး​ေပါင္း...
ဒီ​ေန႕ သ​ေဘာ​ေကာင္းလြန္း​ေနသည္ဟုသာ​​မွတ္ခ်က္​ခ်လိဳက္သည္။

ညစာစားၿပီး အ​ခန္းထဲသို႔ ျပန္​ေရာက္​ေသာ္ ဒီ​ေန႕ ညီညီလုပ္သမွ်ကို ျပန္​ေတြး​ေနမိသည္။

မာမီမရွိ​ေတာ့ကတည္းက ​ေအးစက္သြား​ေသာ သူ႕ရဲ႕တစ္​ေန႕တာ​ေပါင္းမ်ားစြာကို ျပန္လည္ျမင္​ေယာင္မိ​ေတာ့ ယခုအျပဳအမူမ်ားက သူ႕ကို​ေႏြး​ေထြး​ေစသည္ဟု ခံစားရသည္။

ယခုကဲ့သို႔​ ​ေန႕ရက္တိုင္း ျဖတ္သန္းရရင္ ​ေကာင္းမည္ဟု အ​ေတြးဝင္မိသည္။ လြန္း၏ ခ်ိဳသာ​ေသာအၿပဳံမ်ား၊ သူ႕အ​ေပၚဂ႐ုစိုက္မႈမ်ားဟာ သူ႕အတြက္ တန္ဖိုးထားရ​ေသာအရာမ်ား ျဖစ္လာခဲ့သည္။
သူ႕တြင္ ညီညီ့လို ညီတစ္​ေယာက္ရွိျခင္းကို ကံ​ေကာင္းသည္ဟု ထင္ကာ ၿပဳံးမိသည္။

ထို႔ထက္ လြန္း၏ သြား​ေသး​ေသး​ေလးမ်ား​ေပၚ​ေအာင္အထိ လုပ္ယူတတ္​ေသာ အၿပဳံး​ေလးမ်ားက ရွိုင္းသန့္၏ အျမင္အာ႐ုံထဲ ​​ေနရာအျပည့္ယူထားတတ္သည္ကို ၿပဳံးမိသည္က ပိုပါသည္။

ညီညီ့ရဲ႕ ထိုအၿပဳံးမ်ားကို ထာဝရမ​​ေပ်ာက္ကြယ္သြား​​​ေစရန္ ဖန္တီး​ေပးခ်င္မိသည္မွာ ရင္ထဲက ဆႏၵအစစ္အမွန္ ျဖစ္လိမ့္မည္။

ခ်ိန္းဆိုထားသည့္​ သုံးရက္​ေျမာက္ေန႕တြင္ လြန္း ​ေက်ာင္းက​ေန ကိုကိုမသိ​ေအာင္ ခိုးထြက္ၿပီး ​ေဆး႐ုံသို႔ သြားသည္။

DNA test resultကိုသိၿပီး​ေနာက္ ​ေက်ာင္းသို႔ျပန္​​ေရာက္ခ်ိန္တြင္ ​ေက်ာင္းဆင္း​ေတာ့မည္ျဖစ္သည္။ ​ေက်ာင္း၏ တစ္ဖက္လမ္းတြင္ အိမ္ကလာႀကိဳ​ေသာကားကို ​ေတြ႕ရသျဖင့္ ကား​​ေပၚတြင္သာ ကိုကိုေက်ာင္းအဆင္းကို ထိုင္​ေစာင့္​ေနလိုက္သည္။

ပ်က္ယြင္း​ေန​ေသာ မ်က္ႏွာကို ကိုကိုမျမင္ခင္ အျမန္ျပင္လိုက္​နိုင္ေသာ္လည္း ရင္ထဲက ​ေပါက္ထြက္မတတ္ခံစား​ေနရ​ေသးသည္။ ​

​ေမ​ေမ သတိ​ေပးခဲ့သလို မစစ္ျဖစ္ခဲ့ရင္​ေကာင္းသား....

ဒါ​ေပမဲ့လည္း လြန္း ​ေပ်ာ္ပါသည္။ အရင္တည္းက ကိုကို႔အ​ေပၚ အစ္ကိုတစ္​ေယာက္ထက္ ပို​​ေသာ ခံစားခ်က္ရိုင္းမ်ား ဝင္လာခ်ိန္တိုင္း မနည္း တိုက္ထုတ္ရတတ္သည္။
အခု​ေတာ့ လုပ္စရာမလို​ေတာ့ပါ။ ​သူ႕ရင္တြင္ ျဖစ္​ေပၚလာသမွ် လြတ္လပ္စြာခံစား​ေတာ့မည္။

​ေတာင္းပန္ပါတယ္ ကိုကို....
ကိုကို​ေပးတဲ့ ​ျဖဴစင္တဲ့ေမတၱာ​ေတြကို အျဖဴထည္ သက္သက္ လက္မခံနိုင္​ေတာ့လို႔....
ဒါ​ေပမဲ့ ညီညီ့ရဲ႕အခ်စ္က​ေတာ့ ရိုးသားျဖဴစင္ပါတယ္...

ရွိုင္းသန့္​ေက်ာင္းဆင္းလာ​ေတာ့ အိမ္သို႔ျပန္ခဲ့ၾကသည္။ အိမ္​ေရာက္သည္အထိ စကားတစ္ခြန္းမွ မ​ေျပာ​​ေသာ ကိုကို႔ကို သတိထားမိ​ေပမဲ့ ​ေက်ာင္းတြင္ျပသနာျဖစ္လာသည္ထင္ကာ ညက်မွ ​ေသခ်ာ​ေမး​ေတာ့မည္ဟုထားလိုက္တာ သူ႕ဘက္ကလည္း စကားစ​ေျပာျခင္း မရွိခဲ့ပါ။
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі