Part 13
Unicode...
လွန်းတစ်ယောက် အယ်မူးရောက်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် ခုရက်ပိုင်း အတန်းမတက်ပေ။ သူငယ်ငယ်က ခင်မင်ရသော တစ်ဦးတည်းသော သူငယ်ချင်းက ဆရာဝန်ဖြစ်ချင်သည်ဟူသော သူ့ရည်မှန်းချက်ပင် ပြည့်တော့မည်။
စောအယ်မူးက ဘားအံမြို့နယ်မှ ၄ဘာသာဂုဏ်ထူးဖြင့် ဆယ်တန်းအောင်ကာ တောင်ကြီးဆေးတက္ကသိုလ်တွင် တက်ရောက်လျက်ရှိသည်။
ကျောင်းကိစ္စဖြင့် ပထမဆုံးအခေါက် ဘန်ကောက်သို့ရောက်သည့်အချိန် ရှော့ပင်းမောတစ်ခုတွင် လွန်းနှင့် အမှတ်မထင် ပြန်ဆုံမိလေသည်။
ထို့နောက် အချင်းချင်း အဆက်အသွယ်ရသွားကြကာ အခုက ဒုတိယအကြိမ် အလည်သက်သက်လာခဲ့ခြင်းဖြစ်သည်။
တစ်ပတ်လောက် နေမှာမို့ လွန်း သူ၏ကွန်ဒိုမှာပဲ အယ်မူးကို တည်းခိုင်းလိုက်သည်။ ဘန်ကောက်မြို့တွင်း လည်စရာပတ်စရာ နေရာလပ်မကျန် အယ်မူးကို လိုက်ပို့ဖြစ်သည်။
ဒီနေ့တော့ လွန်း အတန်းမတက်လို့ မဖြစ်ပါ။ tutorialဖြေရမည်ဖြစ်သဖြင့် ဖြေရမည့်ဘာသာကိုတော့ သွားတက်ရပေမည်။ ထို့ကြောင့် ကွန်ဒိုတွင် အယ်မူးကိုတစ်ယောက်တည်း ထားခဲ့ရသည်။
tutorialဖြေရမည်ကိုသာ အာရုံစိုက်နေသဖြင့် အယ်မူးဖို့ နေ့လည်စာ စီစဥ်ပေးခဲ့ရန် မေ့သွားခဲ့သည်။ ထိုင်းစကားမပြောတတ်သော သူ့သူငယ်ချင်းအဖို့ ကိုယ်တိုင်ထွက်စားရန်က ခက်ခဲမည်ကို သိသည်မို့ လွန်းခေါင်းခြောက်ရတော့သည်။ ခဏနေမှ အကြံရလာကာ ကိုကို့ဆီ ဖုန်းခေါ်လိုက်သည်။
"ကိုကို စကားပြောဖို့ အားလားဟင်.."
"အင်းရပါတယ် ညီညီ... ဘာလဲပြောလေ.."
"ဟိုလေ ညီညီကအခုကျောင်းမှာ... တိုက်ခန်းမှာ အယ်မူးတစ်ယောက်တည်းကျန်ခဲ့တာ သူ့ဖို့နေ့လည်စာလည်း မလုပ်ထားပေးမိဘူး...
အဲဒါ ကိုကို့ဆီက မြန်မာလိုပြောတတ်တဲ့ ဝန်ထမ်းတစ်ယောက်လောက် သူ့ဆီ နေ့လည်စာသွားပို့ပေးခိုင်းပါ့လား.... ညီညီ tutorialဖြေရမှာမို့..."
"ဪ...ရတယ်လေ ညီညီ... ကိုကိုသွားပို့ခိုင်းလိုက်မယ်... စာကိုသာ သေချာအာရုံစိုက်ဖြေနော်..."
"ဟုတ်ကိုကို...ချစ်တယ် မွ... ဟီး"
ပြောပြီးသည်နှင့် ချက်ချင်းဖုန်းကို ချသွားသည်။
ဒီကောင်လေးက ဒီအတိုင်းပဲ... သူလိုချင်တာကို လုပ်ပေးမယ်ပြောလိုက်ရင် အခုလိုလေး ချွဲလိုက်သေးတာ...
ညီညီနှင့်ဖုန်းပြောပြီး ခဏကြာတော့ စိုင်း ရုံးခန်းထဲဝင်လာသည်။ မျက်နှာခပ်ညှိုးညှိုးနှင့် အပြစ်ရှိသောကလေးတစ်ယောက်လို မရဲတရဲနှင့် ရှိုင်းသန့်နား ချဥ်းကပ်လာသည်။
မနေ့က သူ့စကားများကြောင့် ရှိုင်းသန့် စိတ်တိုနေသေးသည်ဟု ထင်မှတ်နေဟန်ရှိသည်။
"ဟို.... မနေ့ကလေ..ငါ..."
"မနေ့ကကိစ္စဆို ပြန်မပြောနဲ့တော့...."
"ငါတောင်းပန်ပါတယ်...မနေ့ကလည်း မင်းဒေါသထွက်နေလို့ မပြောလိုက်ရဘူး..."
"တောင်းပန်တယ်ဆို တစ်ခုလုပ်ပေး..."
"အေးပြောလေ...လုပ်ပေးမယ်"
"ငါ့ညီ ကွန်ဒိုကို နေ့လည်စာသွားပို့ပေး... "
"အင်းရတယ်လေ... ငါအခုသွားလိုက်မယ်..."
ရှိုင်းသန့်ဆက်ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း အခန်းဝကိုတန်းရောက်သွားသော စိုင်းကြောင့် ဘာမှမပြောလိုက်ရပေ။
နေ့လည်စာထမင်းဘူးနှင့် အအေးခွက်ကိုဆွဲကာ လွန်း၏ကွန်ဒိုသို့ စိုင်းရောက်ချလာသည်။ အခန်းရှေ့ရောက်တော့ လူခေါ်ခေါင်းလောင်းတီးသော်လည်း တော်တော်နှင့် လာမဖွင့်ပေးသဖြင့် လွန်းကို ကျိန်ဆဲမိသေးသည်။
ဆယ်ချက်လောက် ဆက်တိုက် ထပ်တီးလိုက်မှ တံခါးပွင့်လာခဲ့သည်။ သို့သော် တံခါးလာဖွင့်သူက လွန်းမဟုတ်ပေ။ စိုင်းကို ကြောင်တောင်တောင်နှင့်စိုက်ကြည့်နေသည်။
စိုင်းလည်း အခန်းမှားသွားပြီထင်ကာ အခန်းနံပါတ်ကိုသေချာပြန်ကြည့်သေးသည်။ မှန်ပါသည်။ ဒါ လွန်းအခန်း... သို့ပေမဲ့သေချာအောင် ထိုင်းဘာသာစကားဖြင့်မေးလိုက်သည်။
"ဒါ လွန်းရဲ့အခန်းမဟုတ်လားဗျ"
ထိုကောင်လေးက မျက်မှောင်တစ်ချက်ကျုံ့သွားကာ စိုင်းပြောသည်ကို နားမလည်သည့်ပုံစံဖြင့် ခေါင်းကိုကုပ်နေသည်။
"Are you looking for Loon? He's in his class now."
ဟမ်... ဒီကောင်လေးက ထိုင်းလိုမတတ်ဘူးလား...
နောက်တော့မှ လွန်းပြောသော သူ့သူငယ်ချင်းရောက်နေသည်ဆိုတာကို သတိရမိသည်။ ထိုအခါမှ ကိုယ့်ခေါင်းကိုတစ်ချက်ရိုက်လိုက်ကာ...
"လွန်းသူငယ်ချင်းမလား... ဟိုကရင်ပြည်နယ်ဘက်ကဆိုတာလား..."
"ဟမ်... ခင်ဗျားက မြန်မာလိုပြောတတ်ရဲ့သားနဲ့ ဘာလို့အစတည်းက မပြောလဲ...
ဟုတ်တယ်...သူ့သူငယ်ချင်း...
ခင်ဗျားက သူနဲ့ဘယ်လိုပတ်သက်တာလဲ...
အခုက ဘာကိစ္စရှိလို့လဲ..."
ခုနက သူတွေ့ခဲ့ရသော ခေါင်းကုပ်နေသည့် ပုံစံနှင့်ခြားနားစွာ လက်တစ်ဖက်ကို ခါးမှာထောက်ကာ ခပ်ကျယ်ကျယ်လေသံနှင့် တရစပ်ပြောလေသော ထိုကောင်လေးကြောင့် စိုင်း မျက်လုံးပြူးမိသည်။
အသားခပ်ဖွေးဖွေး သူ့ချိုင်းလောက်သာရှိသောအရပ်နှင့် ခေါင်းလျှော်ထားသဖြင့် ရေသုတ်ထားသော အုံကျနေသည့်ဆံပင်တို့က နီရဲနေသော ပါးနှစ်ဖက်ကို တစ်ဝက်ထိဖုံးကွယ်ထားသည်။ ဖြူဖွေးသွယ်လျနေသော လက်ချောင်းတို့က နေလောင်ဒဏ်ခံနိုင်စွမ်းရှိမည်မထင်။ လွန်းထက်ပင် ပို၍သေးညှပ်ကာ အသားလည်း ပိုဖွေးသည်။
စိုင်း သူက မြန်မာပြည်ဘက်မှ လာသည်ဆိုသည်ကို မရိပ်မိတာလည်း သဘာဝကျပါသည်။
ထိုကောင်လေး အပြုအမူများကို လိုက်ကြည့်နေမိသည်။ ပြီးတော့မှ လာရင်းကိစ္စသတိရကာ...
"အင်း...ဟို လွန်းရဲ့ အစ်ကိုက နေ့လည်စာ လာပို့ခိုင်းလို့..."
"ဪ ဒါဆိုခင်ဗျားက သူ့အစ်ကိုသူငယ်ချင်းလား"
"ဟုတ်တယ်... စိုင်းဇေယျာအောင်လို့ခေါ်တယ်ဗျ... ခင်ဗျား ခင်ဗျားနဲ့ ရိုင်းတယ်မထင်ဘူးလား..."
"ဟုတ်ကဲ့ ရိုင်းသွားရင်တောင်းပန်ပါတယ်.. ကိုစိုင်းဇေယျာအောင်..."
ရွဲ့နေတာ အသိသာကြီး...
စိုင်းတို့က အဲလိုရွဲ့တဲ့တဲ့ပြောလာရင် စလိုက်ရမှ ကျေနပ်တဲ့အမျိုး....
"အထဲပေးမဝင်တော့ဘူးလား... ဒီက ကိုစိုင်းက စိတ်ချရပါတယ်... လွန်းမရှိလည်း မင်းကို ဘာမှမလုပ်ဘူး..."
အယ်မူး အောက်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်ကာ စိုင်းကို မျက်စောင်းထိုးသည်။ အခုထိ တံခါးကို တစ်ကိုယ်စာသာ ဖွင့်ထားပြီး အခန်းရှေ့တွင် ရပ်နေကြသည်မှာ ကြာနေပြီဖြစ်သည်။
"လွန်းမှ မရှိဘဲ ဝင်ပြီး ဘာလုပ်ဦးမှာလဲ...
နေ့လည်စာလာပို့တယ်ဆို ပေးပြီး ပြန်တော့ပေါ့..."
"တစ်ယောက်တည်းစားရမှာ ပျင်းနေမှာပေါ့.... ကိုစိုင်းလည်း အလုပ်မရှိဘူး....စောင့်ပေးမယ်လေ..."
"ခင်ဗျားလွန်လာပြီနော်..."
"စိတ်လျှော့ပါ....အပုလေးရဲ့.... စတာပါ... လွန်းရဲ့အစ်ကိုက နေ့လည်စာစားပြီးတဲ့အထိ နေခိုင်းလို့ပါ... ပြီးမှပြန်လာခဲ့လို့ မှာလိုက်လို့...."
စိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ အကုန်ရှိုင်းသန့်အပေါ်ပုံချကာ အထဲဝင်ရရေး တို့အရေးလုပ်နေသည်။ ဘာရယ်မဟုတ် ဒီလူပုစိတ်တိုလေးကို ထပ်၍ စနောက်ချင်သောကြောင့်ဖြစ်သည်။
အယ်မူး လက်လျှော့လိုက်ကာ ခေါင်းတရမ်းရမ်းဖြင့် တံခါးဖွင့်ပေးလိုက်တော့ တုံ့ဆိုင်းခြင်းမရှိ အထဲသို့ အမြန်ဝင်ရောက်သွားတော့သည်။
အထဲရောက်တော့ အယ်မူးထမင်းစားနေတုန်း ဝရံတာဘက်ထွက်လာကာ ရှိုင်းသန့်ဆီ ဖုန်းဆက်လိုက်သည်။ ထိုအခါမှ အကြောင်းစုံသိကာ သူ၏ နမော်နမဲ့ဖြစ်ရပ်ကို ပြန်တွေးမိရင်း ကျေနပ်ပြုံးပြုံးလေသည်။
"စားပြီးပြီ...ပြန်လို့ရပါပြီ"
"လွန်းက ခဏနေလာတော့မယ်ဆို... လွန်းလာတဲ့အထိ စောင့်လိုက်မယ်လေ..."
"မလာသေးဘူး... ညနေမှပြန်လာမှာ....ထမင်းစားပြီးရင်ပြန်မှာဆို..."
"အင်းပါ...အပုလေးရဲ့... စိတ်ချည်းပဲ..."
ပြုံးစိစိမျက်နှာနှင့် အယ်မူးကို စိုက်ကြည့်ကာပြောလေတော့ အယ်မူးဆက်ပြီး သည်းမခံချင်တော့။ ဒေါသအိုးတို့ ဖောက်ခွဲပစ်လိုက်ချင်သည်။ သို့သော်လည်း ဒါကကိုယ့်နယ်မဟုတ်။ တိုက်ခန်းတွင်လည်း သူတို့နှစ်ယောက်သာရှိသည်။
သည်းခံ အယ်မူး.... သည်းခံလိုက်....
တံခါးကို ဖွင့်လိုက်ကာ လက်တစ်ဖက်က အပြင်ဘက်ဆီသို့ ဆန့်ထားလိုက်သည်။ ထွက်သွားဟူသော ပုံစံဖြင့်....
တော်ပါပြီလေ... ဆက်မစတော့ပါဘူး...
တော်ကြာ ငိုသွားမှဖြင့် ဟိုညီအစ်ကိုက ငါ့ကိုအထင်တွေလွဲနေမှ....
စိုင်း ရယ်ချင်နေသည်ကို မရယ်မိအောင် ပါးစပ်ကိုတင်းတင်းစေ့ကာ ခေါင်းငြိမ့်ပြ၍ အပြင်သို့ထွက်လိုက်သည်။
"သွားပြီနော်... အပုလေး"
ဒုန်း....
စိုင်း သူ့ကိုယ်သူ မထိန်းနိုင်တော့။ တခိခိရယ်ရင်းနှင့် ကုမ္ပဏီသို့ ပြန်လာခဲ့သည်။
ညနေခင်း လွန်းပြန်ရောက်တော့ အယ်မူး နေ့လည်ကအကြောင်းအရာများကို ပြန်ပြောဖြစ်သည်။ အများစုက နေ့လည်စာ လာပို့သော စိုင်းကို ကြည့်မရသည့်အကြောင်းများဖြစ်သည်။
"အေးကွာ... ငါမင်းကို နေ့လည်စာလာပို့မဲ့အကြောင်း အသိပေးဖို့မေ့သွားတာ...
ဟုတ်တယ် အယ်မူး... ငါလည်း သူ့ကိုသိပ်ကြည့်မရဘူး.... ကိုကို့သူငယ်ချင်းမို့သာ သည်းခံနေတာ...စကားပြောရင် အနှောင့်အသွားကိုမလွတ်ဘူး...
ကိုကိုကလည်း တခြားသူတွေအများကြီးရှိတာကို... သူ့ကျမှ ရွေးလွှတ်ရတယ်လို့..."
"ထားလိုက်ပါတော့...လွန်းရာ.. ငါ့ကြောင့်နဲ့ မင်းတို့ညီအစ်ကို စကားမများစေချင်ဘူး..."
"ဘာပဲဖြစ်ဖြစ်လေ... သူ့သူငယ်ချင်းလုပ်သွားပုံကို ပြန်ပြောမှကိုဖြစ်မယ်..."
အယ်မူးလည်း ကြီးတဲ့အမှု ငယ်စေရန် ဘာမျှထပ်မဆိုတော့ဘဲ တိတ်တိတ်ကလေးနေလိုက်တော့သည်။
နောက်ရက်တွင် လွန်းတို့ ဘယ်မှလျှောက်မလည်ဖြစ်ပေ။ အယ်မူးကို ကိုကိုနှင့် မိတ်ဆက်ပေးချင်တာတစ်ကြောင်း၊ အစားပုံမှန်မစားသော ကိုကို့ကို ကိုယ်တိုင် ချက်ကျွေးချင်တာတစ်ကြောင်း လိုအပ်သောပစ္စည်းများဝယ်ပြီး အိမ်ကိုပြန်လာဖြစ်သည်။
တနင်္ဂနွေလည်းဖြစ်သည်မို့ ဒီနေ့ ရှိုင်းသန့် အလုပ်နားကာ အိမ်မှာပဲရှိနေသည်။ မနက်စောစော ကွန်ဒိုမှထွက်လာသဖြင့် မနက်ဆယ်နာရီလောက်တွင် လွန်းတို့ အိမ်သို့ရောက်သည်။
အထုပ်များဆွဲကာ အိမ်ထဲသို့ ဝင်ခဲ့လိုက်ပြီး မီးဖိုချောင်ဆီသို့ ဦးတည်လိုက်သည်။ ဟင်းချက်ရန် လိုအပ်သည်များကို ဒေါ်လေးကိုပြင်ဆင်ခိုင်းရင်း ကိုကို့ကိုမတွေ့ရသဖြင့် မေးသေးသည်။
"သားရှိုင်းသန့်အပေါ်ထပ်မှာ...သားလွန်း...
သူ့သူငယ်ချင်းလည်းရောက်နေတော့ အလုပ်လုပ်နေကြတယ်ထင်ရဲ့...
နားရက်ကို နားနားနေနေ နေပါပြောလည်း မရပါဘူးကွယ်...
သားလွန်းပြောမှပဲ ရတော့မယ်...."
လွန်းတို့ဝယ်လာသော အသားများကိုရေဆေးရင်း ပြောလာသော ဒေါ်လေးစကားများကြောင့် လွန်းသက်ပြင်းချမိသည်။
ထို့နောက် အယ်မူးကိုခေါ်ကာ အပေါ်ထပ်သို့တက်ခဲ့သည်။ ဝရံတာဘက်ကိုကြည့်တော့ လူအရိပ်အယောင်ပင် မတွေ့ရ။ သေချာပါပြီ။ ကိုကို့အခန်းထဲမှာ...
တံခါးကိုတောင်မခေါက်ဘဲ တွန်းဖွင့်လိုက်တော့ ထင်သည့်အတိုင်း ကိုကိုနှင့် ကိုစိုင်းကိုတွေ့လိုက်ရသည်။ စာကြည့်စားပွဲပေါ်တင်ထားသော laptopကို ရှိုင်းသန့်က ထိုင်နေရင်းမှ ကြည့်နေသည်။ စိုင်းက ရှိုင်းသန့်ထိုင်နေသော ထိုင်ခုံအမှီကို လက်တစ်ဖက်တင်၍ ကျန်လက်တစ်ဖက်က စာကြည့်စားပွဲကိုထောက်ကာ laptopကို မတ်တပ်ရပ်ရင်းမှ ငုံ့၍ ကြည့်နေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသော တခဏ လွန်းရင်ဘတ်ထဲတွင် လှိုင်းများရိုက်ခတ်သွားသလို...
ဒေါသတို့ဆူထွက်လာပြီး အခန်းတွင်းသို့ ဒုန်းဆိုင်းဝင်လာကာ...
"အဲဒါဘာလုပ်နေကြတာလဲ...အလုပ်လုပ်မယ်ဆိုလည်း ဧည့်ခန်းမှာလုပ်ကြပါ့လား...
ကိုကိုဘယ်တုန်းက သူ့ကိုအခန်းထဲ ခေါ်လာဖူးလို့လဲ..."
လွန်းအော်ပြောတာကြောင့် နှစ်ယောက်သား laptopဆီမှ အကြည့်ခွာပြီး လွန်းကို လှည့်ကြည့်ကြသည်။
"ညီညီရာ...အလန့်တကြား... အခန်းထဲခေါ်တော့ ဘာဖြစ်လို့လဲ... ခုနကအပြင်မှာ ဟိုဘက်အိမ်က တအားဆူနေလို့ အာရုံစိုက်မရလို့ အခန်းထဲဝင်လာတာပါ ညီညီရာ...
သူငယ်ချင်းကို အခန်းထဲခေါ်တာ အဲလောက်ဒေါသထွက်စရာလိုလို့လား..."
"အေးလေ...ဟုတ်သားပဲ...မင်းက...
ဘာဖြစ်တာတုန်း... ငါမင်း အစ်ကိုကို ကိုက်မစားပါဘူးဟ..."
"ကိုစိုင်းနော်...."
"တော်ကြတော့.... မင်းတို့နှစ်ယောက်က တွေ့တိုင်း ကိုက်နေကြတာပဲ... ကဲလာ အောက်ပြန်ဆင်းမယ်..."
ရှိုင်းသန့် စိတ်မရှည်စွာ နှစ်ယောက်လုံးကို ငေါက်ပစ်လိုက်သည်။ အခုချိန်ထိ အခန်းဝတွင် ကြောင်တောင်တောင်နှင့် သူတို့သုံးယောက်ကို တလှည့်စီကြည့်နေသော ကောင်လေးကိုတော့ တစ်ယောက်မှ သတိမထားမိကြ။
အခန်းဝရှေ့ ပထမဆုံးရောက်လာသော ရှိုင်းသန့်က အယ်မူးကိုမြင်သည်မို့ နောက်ပြန်လှည့်ကာ လွန်းကိုမေးလိုက်သည်။
"ညီညီ ဒါမင်းသူငယ်ချင်း...စောအယ်မူးဆိုတာလား..."
ဆိုတော့မှ စိုင်းကို ဂြိုကြည့်ကြည့်နေသောလွန်းက အသိပြန်ဝင်လာပြီး အယ်မူးကိုမေ့နေသည်ကို သတိရသွားသည်။
"အင်းဟုတ်တယ်... အယ်မူးဆောရီးကွာ... ငါမင်းပါလာတာကို မေ့သွားတယ်..."
"ရ..ရပါတယ် ငါကဘာမှမဖြစ်ဘူး... မင်းတို့သာ အဆင်ပြေအောင်..."
"ဟေး....အပုလေးကော ပါလာတာလား..."
အယ်မူးစကားပင် မဆုံးလိုက်... အနောက်ဘက်မှ စိုင်းက လက်တစ်ဖက်ကို အပေါ်မြှောက်ကာ ဝေ့ယမ်းပြီး ခပ်ကျယ်ကျယ်အော်ပြောသည်။
အယ်မူး စိုင်းကို တစ်ချက်လှမ်းကြည့်ကာ မျက်လုံးကိုအပေါ်သို့လှန်ပြီး သက်ပြင်းချလိုက်သည်။
ရှိုင်းသန့်ကတော့ စိတ်ရှုပ်သွားသည်ထင်။ အယ်မူးကိုမိတ်ဆက်ပြီးသည်နှင့် အောက်ထပ်သို့ အရင်ဆုံး ပြေးဆင်သွားသည်။
ထို့နောက် လွန်းက အယ်မူးကို သူ့အခန်းဆီသို့ ဆွဲခေါ်သွားသည်။ အနောက်ကနေ လှမ်းအော်လိုက်သော စိုင်းရဲ့အသံကိုလည်း နှစ်ယောက်လုံးကြားလိုက်ရပါသည်။
"ဟေးလွန်း... မင်းအစ်ကိုကိုကျ ပြောဆိုပြီး မင်းကကျ အပုလေးကို အခန်းထဲခေါ်တယ်ပေါ့..."
လွန်း စိုင်းဘက်သို့လှည့်ပြီး လက်ခလယ်ထောင်ပြကာ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။
လွန်းဒေါသထွက်နေသည်ကို သိသည်မို့ အယ်မူးလည်း စကားတစ်ခွန်းမှ မဟဖြစ်။ ခဏကြာတော့ အောက်သို့ဆင်းကာ ချက်ပြုတ်မှုလုပ်ငန်း စတင်ကြသည်။
ကိုကို့ကို စားစေချင်လွန်း၍ ချက်ထားသော်လည်း ကိုယ်တိုင်ကတော့ စားမဝင်ပါ။ အကြောင်းက အစ်ကိုစိုင်းသည် သူ့ကိုတစ်လှည့် အယ်မူးကိုတစ်လှည့် ထမင်းစားနေရင်း စနေသည်မို့...
သူကိုယ်တိုင် ကိုစိုင်းကိုကြည့်မရတာက ပြသနာမဟုတ်...ကိုယ့်အိမ်လာလည်သော ဧည့်သည်ကို အနှောင့်အယှက်ဖြစ်စေသဖြင့် လွန်းမှာ အယ်မူးကို မျက်နှာပူနေရသည်။
ရှိုင်းသန့်ကလည်း ဝင်ဝင်ပြောပါသေးသည်။ သို့ပေမဲ့ ကြည့်ရတာ သူလည်း စိုင်းကိုမနိုင်။ အစက တနေကုန်နေရန် စဥ်းစားထားသော်လည်း ရိုက်ထုတ်တောင် ထွက်သွားမှာမဟုတ်သည့် စိုင်းကြောင့် သူတို့ကပင် ထမင်းစားပြီးသည်နှင့် ကွန်ဒိုသို့သာ ပြန်ခဲ့လိုက်တော့သည်။
အပြန်လမ်းတစ်လျှောက် အယ်မူးတစ်ယောက် စိုင်းကို ကျိန်ဆဲနေတော့သည်။
တော်တော်မျက်ခွက်ပြောင်တဲ့ လူကြီးပဲ...
အလိုက်ကမ်းဆိုးကမသိ... အားနာမှုမရှိနဲ့...
ဘယ်ဘဝကရေစက်ကြောင့် သူများနိုင်ငံ တစ်ပတ်ပဲလာလည်တာ ဒင်းနဲ့က နှစ်ရက်တောင် တွေ့လိုက်ရတာလဲ....
နောက်ရက်တွေ မတွေ့ရပါစေတော့နှင့် ဘုရားသခင်.....
~~~~~~~~~~~~~~~~~~~~
Zawgyi...
လြန္းတစ္ေယာက္ အယ္မူးေရာက္ေနသည္ဆိုေသာ အေၾကာင္းျပခ်က္ျဖင့္ ခုရက္ပိုင္း အတန္းမတက္ေပ။ သူငယ္ငယ္က ခင္မင္ရေသာ တစ္ဦးတည္းေသာ သူငယ္ခ်င္းက ဆရာဝန္ျဖစ္ခ်င္သည္ဟူေသာ သူ႕ရည္မွန္းခ်က္ပင္ ျပည့္ေတာ့မည္။
ေစာအယ္မူးက ဘားအံၿမိဳ႕နယ္မွ ၄ဘာသာဂုဏ္ထူးျဖင့္ ဆယ္တန္းေအာင္ကာ ေတာင္ႀကီးေဆးတကၠသိုလ္တြင္ တက္ေရာက္လ်က္ရွိသည္။
ေက်ာင္းကိစၥျဖင့္ ပထမဆုံးအေခါက္ ဘန္ေကာက္သို႔ေရာက္သည့္အခ်ိန္ ေရွာ့ပင္းေမာတစ္ခုတြင္ လြန္းႏွင့္ အမွတ္မထင္ ျပန္ဆုံမိေလသည္။
ထို႔ေနာက္ အခ်င္းခ်င္း အဆက္အသြယ္ရသြားၾကကာ အခုက ဒုတိယအႀကိမ္ အလည္သက္သက္လာခဲ့ျခင္းျဖစ္သည္။
တစ္ပတ္ေလာက္ ေနမွာမို႔ လြန္း သူ၏ကြန္ဒိုမွာပဲ အယ္မူးကို တည္းခိုင္းလိုက္သည္။ ဘန္ေကာက္ၿမိဳ႕တြင္း လည္စရာပတ္စရာ ေနရာလပ္မက်န္ အယ္မူးကို လိုက္ပို႔ျဖစ္သည္။
ဒီေန႕ေတာ့ လြန္း အတန္းမတက္လို႔ မျဖစ္ပါ။ tutorialေျဖရမည္ျဖစ္သျဖင့္ ေျဖရမည့္ဘာသာကိုေတာ့ သြားတက္ရေပမည္။ ထို႔ေၾကာင့္ ကြန္ဒိုတြင္ အယ္မူးကိုတစ္ေယာက္တည္း ထားခဲ့ရသည္။
tutorialေျဖရမည္ကိုသာ အာ႐ုံစိုက္ေနသျဖင့္ အယ္မူးဖို႔ ေန႕လည္စာ စီစဥ္ေပးခဲ့ရန္ ေမ့သြားခဲ့သည္။ ထိုင္းစကားမေျပာတတ္ေသာ သူ႕သူငယ္ခ်င္းအဖို႔ ကိုယ္တိုင္ထြက္စားရန္က ခက္ခဲမည္ကို သိသည္မို႔ လြန္းေခါင္းေျခာက္ရေတာ့သည္။ ခဏေနမွ အႀကံရလာကာ ကိုကို႔ဆီ ဖုန္းေခၚလိုက္သည္။
"ကိုကို စကားေျပာဖို႔ အားလားဟင္.."
"အင္းရပါတယ္ ညီညီ... ဘာလဲေျပာေလ.."
"ဟိုေလ ညီညီကအခုေက်ာင္းမွာ... တိုက္ခန္းမွာ အယ္မူးတစ္ေယာက္တည္းက်န္ခဲ့တာ သူ႕ဖို႔ေန႕လည္စာလည္း မလုပ္ထားေပးမိဘူး...
အဲဒါ ကိုကို႔ဆီက ျမန္မာလိုေျပာတတ္တဲ့ ဝန္ထမ္းတစ္ေယာက္ေလာက္ သူ႕ဆီ ေန႕လည္စာသြားပို႔ေပးခိုင္းပါ့လား.... ညီညီ tutorialေျဖရမွာမို႔..."
"ဪ...ရတယ္ေလ ညီညီ... ကိုကိုသြားပို႔ခိုင္းလိုက္မယ္... စာကိုသာ ေသခ်ာအာ႐ုံစိုက္ေျဖေနာ္..."
"ဟုတ္ကိုကို...ခ်စ္တယ္ မြ... ဟီး"
ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းဖုန္းကို ခ်သြားသည္။
ဒီေကာင္ေလးက ဒီအတိုင္းပဲ... သူလိုခ်င္တာကို လုပ္ေပးမယ္ေျပာလိုက္ရင္ အခုလိုေလး ခြၽဲလိုက္ေသးတာ...
ညီညီႏွင့္ဖုန္းေျပာၿပီး ခဏၾကာေတာ့ စိုင္း ႐ုံးခန္းထဲဝင္လာသည္။ မ်က္ႏွာခပ္ညွိုးညွိုးႏွင့္ အျပစ္ရွိေသာကေလးတစ္ေယာက္လို မရဲတရဲႏွင့္ ရွိုင္းသန့္နား ခ်ဥ္းကပ္လာသည္။
မေန႕က သူ႕စကားမ်ားေၾကာင့္ ရွိုင္းသန့္ စိတ္တိုေနေသးသည္ဟု ထင္မွတ္ေနဟန္ရွိသည္။
"ဟို.... မေန႕ကေလ..ငါ..."
"မေန႕ကကိစၥဆို ျပန္မေျပာနဲ႕ေတာ့...."
"ငါေတာင္းပန္ပါတယ္...မေန႕ကလည္း မင္းေဒါသထြက္ေနလို႔ မေျပာလိုက္ရဘူး..."
"ေတာင္းပန္တယ္ဆို တစ္ခုလုပ္ေပး..."
"ေအးေျပာေလ...လုပ္ေပးမယ္"
"ငါ့ညီ ကြန္ဒိုကို ေန႕လည္စာသြားပို႔ေပး... "
"အင္းရတယ္ေလ... ငါအခုသြားလိုက္မယ္..."
ရွိုင္းသန့္ဆက္ေျပာရန္ ပါးစပ္ျပင္လိုက္ေသာ္လည္း အခန္းဝကိုတန္းေရာက္သြားေသာ စိုင္းေၾကာင့္ ဘာမွမေျပာလိုက္ရေပ။
ေန႕လည္စာထမင္းဘူးႏွင့္ အေအးခြက္ကိုဆြဲကာ လြန္း၏ကြန္ဒိုသို႔ စိုင္းေရာက္ခ်လာသည္။ အခန္းေရွ႕ေရာက္ေတာ့ လူေခၚေခါင္းေလာင္းတီးေသာ္လည္း ေတာ္ေတာ္ႏွင့္ လာမဖြင့္ေပးသျဖင့္ လြန္းကို က်ိန္ဆဲမိေသးသည္။
ဆယ္ခ်က္ေလာက္ ဆက္တိုက္ ထပ္တီးလိုက္မွ တံခါးပြင့္လာခဲ့သည္။ သို႔ေသာ္ တံခါးလာဖြင့္သူက လြန္းမဟုတ္ေပ။ စိုင္းကို ေၾကာင္ေတာင္ေတာင္ႏွင့္စိုက္ၾကည့္ေနသည္။
စိုင္းလည္း အခန္းမွားသြားၿပီထင္ကာ အခန္းနံပါတ္ကိုေသခ်ာျပန္ၾကည့္ေသးသည္။ မွန္ပါသည္။ ဒါ လြန္းအခန္း... သို႔ေပမဲ့ေသခ်ာေအာင္ ထိုင္းဘာသာစကားျဖင့္ေမးလိုက္သည္။
"ဒါ လြန္းရဲ႕အခန္းမဟုတ္လားဗ်"
ထိုေကာင္ေလးက မ်က္ေမွာင္တစ္ခ်က္က်ဳံ႕သြားကာ စိုင္းေျပာသည္ကို နားမလည္သည့္ပုံစံျဖင့္ ေခါင္းကိုကုပ္ေနသည္။

ဟမ္... ဒီေကာင္ေလးက ထိုင္းလိုမတတ္ဘူးလား...
ေနာက္ေတာ့မွ လြန္းေျပာေသာ သူ႕သူငယ္ခ်င္းေရာက္ေနသည္ဆိုတာကို သတိရမိသည္။ ထိုအခါမွ ကိုယ့္ေခါင္းကိုတစ္ခ်က္ရိုက္လိုက္ကာ...
"လြန္းသူငယ္ခ်င္းမလား... ဟိုကရင္ျပည္နယ္ဘက္ကဆိုတာလား..."
"ဟမ္... ခင္ဗ်ားက ျမန္မာလိုေျပာတတ္ရဲ႕သားနဲ႕ ဘာလို႔အစတည္းက မေျပာလဲ...
ဟုတ္တယ္...သူ႕သူငယ္ခ်င္း...
ခင္ဗ်ားက သူနဲ႕ဘယ္လိုပတ္သက္တာလဲ...
အခုက ဘာကိစၥရွိလို႔လဲ..."
ခုနက သူေတြ႕ခဲ့ရေသာ ေခါင္းကုပ္ေနသည့္ ပုံစံႏွင့္ျခားနားစြာ လက္တစ္ဖက္ကို ခါးမွာေထာက္ကာ ခပ္က်ယ္က်ယ္ေလသံႏွင့္ တရစပ္ေျပာေလေသာ ထိုေကာင္ေလးေၾကာင့္ စိုင္း မ်က္လုံးျပဴးမိသည္။
အသားခပ္ေဖြးေဖြး သူ႕ခ်ိဳင္းေလာက္သာရွိေသာအရပ္ႏွင့္ ေခါင္းေလွ်ာ္ထားသျဖင့္ ေရသုတ္ထားေသာ အုံက်ေနသည့္ဆံပင္တို႔က နီရဲေနေသာ ပါးႏွစ္ဖက္ကို တစ္ဝက္ထိဖုံးကြယ္ထားသည္။ ျဖဴေဖြးသြယ္လ်ေနေသာ လက္ေခ်ာင္းတို႔က ေနေလာင္ဒဏ္ခံနိုင္စြမ္းရွိမည္မထင္။ လြန္းထက္ပင္ ပို၍ေသးညွပ္ကာ အသားလည္း ပိုေဖြးသည္။
စိုင္း သူက ျမန္မာျပည္ဘက္မွ လာသည္ဆိုသည္ကို မရိပ္မိတာလည္း သဘာဝက်ပါသည္။
ထိုေကာင္ေလး အျပဳအမူမ်ားကို လိုက္ၾကည့္ေနမိသည္။ ၿပီးေတာ့မွ လာရင္းကိစၥသတိရကာ...
"အင္း...ဟို လြန္းရဲ႕ အစ္ကိုက ေန႕လည္စာ လာပို႔ခိုင္းလို႔..."
"ဪ ဒါဆိုခင္ဗ်ားက သူ႕အစ္ကိုသူငယ္ခ်င္းလား"
"ဟုတ္တယ္... စိုင္းေဇယ်ာေအာင္လို႔ေခၚတယ္ဗ်... ခင္ဗ်ား ခင္ဗ်ားနဲ႕ ရိုင္းတယ္မထင္ဘူးလား..."
"ဟုတ္ကဲ့ ရိုင္းသြားရင္ေတာင္းပန္ပါတယ္.. ကိုစိုင္းေဇယ်ာေအာင္..."
႐ြဲ႕ေနတာ အသိသာႀကီး...
စိုင္းတို႔က အဲလို႐ြဲ႕တဲ့တဲ့ေျပာလာရင္ စလိုက္ရမွ ေက်နပ္တဲ့အမ်ိဳး....
"အထဲေပးမဝင္ေတာ့ဘူးလား... ဒီက ကိုစိုင္းက စိတ္ခ်ရပါတယ္... လြန္းမရွိလည္း မင္းကို ဘာမွမလုပ္ဘူး..."
အယ္မူး ေအာက္ႏႈတ္ခမ္းကို တစ္ခ်က္ဖိကိုက္လိုက္ကာ စိုင္းကို မ်က္ေစာင္းထိုးသည္။ အခုထိ တံခါးကို တစ္ကိုယ္စာသာ ဖြင့္ထားၿပီး အခန္းေရွ႕တြင္ ရပ္ေနၾကသည္မွာ ၾကာေနၿပီျဖစ္သည္။
"လြန္းမွ မရွိဘဲ ဝင္ၿပီး ဘာလုပ္ဦးမွာလဲ...
ေန႕လည္စာလာပို႔တယ္ဆို ေပးၿပီး ျပန္ေတာ့ေပါ့..."
"တစ္ေယာက္တည္းစားရမွာ ပ်င္းေနမွာေပါ့.... ကိုစိုင္းလည္း အလုပ္မရွိဘူး....ေစာင့္ေပးမယ္ေလ..."
"ခင္ဗ်ားလြန္လာၿပီေနာ္..."
"စိတ္ေလွ်ာ့ပါ....အပုေလးရဲ႕.... စတာပါ... လြန္းရဲ႕အစ္ကိုက ေန႕လည္စာစားၿပီးတဲ့အထိ ေနခိုင္းလို႔ပါ... ၿပီးမွျပန္လာခဲ့လို႔ မွာလိုက္လို႔...."
စိုင္း ဟုတ္သည္ရွိ မဟုတ္သည္ရွိ အကုန္ရွိုင္းသန့္အေပၚပုံခ်ကာ အထဲဝင္ရေရး တို႔အေရးလုပ္ေနသည္။ ဘာရယ္မဟုတ္ ဒီလူပုစိတ္တိုေလးကို ထပ္၍ စေနာက္ခ်င္ေသာေၾကာင့္ျဖစ္သည္။
အယ္မူး လက္ေလွ်ာ့လိုက္ကာ ေခါင္းတရမ္းရမ္းျဖင့္ တံခါးဖြင့္ေပးလိုက္ေတာ့ တုံ႕ဆိုင္းျခင္းမရွိ အထဲသို႔ အျမန္ဝင္ေရာက္သြားေတာ့သည္။
အထဲေရာက္ေတာ့ အယ္မူးထမင္းစားေနတုန္း ဝရံတာဘက္ထြက္လာကာ ရွိုင္းသန့္ဆီ ဖုန္းဆက္လိုက္သည္။ ထိုအခါမွ အေၾကာင္းစုံသိကာ သူ၏ နေမာ္နမဲ့ျဖစ္ရပ္ကို ျပန္ေတြးမိရင္း ေက်နပ္ၿပဳံးၿပဳံးေလသည္။
"စားၿပီးၿပီ...ျပန္လို႔ရပါၿပီ"
"လြန္းက ခဏေနလာေတာ့မယ္ဆို... လြန္းလာတဲ့အထိ ေစာင့္လိုက္မယ္ေလ..."
"မလာေသးဘူး... ညေနမွျပန္လာမွာ....ထမင္းစားၿပီးရင္ျပန္မွာဆို..."
"အင္းပါ...အပုေလးရဲ႕... စိတ္ခ်ည္းပဲ..."
ၿပဳံးစိစိမ်က္ႏွာႏွင့္ အယ္မူးကို စိုက္ၾကည့္ကာေျပာေလေတာ့ အယ္မူးဆက္ၿပီး သည္းမခံခ်င္ေတာ့။ ေဒါသအိုးတို႔ ေဖာက္ခြဲပစ္လိုက္ခ်င္သည္။ သို႔ေသာ္လည္း ဒါကကိုယ့္နယ္မဟုတ္။ တိုက္ခန္းတြင္လည္း သူတို႔ႏွစ္ေယာက္သာရွိသည္။
သည္းခံ အယ္မူး.... သည္းခံလိုက္....
တံခါးကို ဖြင့္လိုက္ကာ လက္တစ္ဖက္က အျပင္ဘက္ဆီသို႔ ဆန့္ထားလိုက္သည္။ ထြက္သြားဟူေသာ ပုံစံျဖင့္....
ေတာ္ပါၿပီေလ... ဆက္မစေတာ့ပါဘူး...
ေတာ္ၾကာ ငိုသြားမွျဖင့္ ဟိုညီအစ္ကိုက ငါ့ကိုအထင္ေတြလြဲေနမွ....
စိုင္း ရယ္ခ်င္ေနသည္ကို မရယ္မိေအာင္ ပါးစပ္ကိုတင္းတင္းေစ့ကာ ေခါင္းၿငိမ့္ျပ၍ အျပင္သို႔ထြက္လိုက္သည္။
"သြားၿပီေနာ္... အပုေလး"
ဒုန္း....
စိုင္း သူ႕ကိုယ္သူ မထိန္းနိုင္ေတာ့။ တခိခိရယ္ရင္းႏွင့္ ကုမၸဏီသို႔ ျပန္လာခဲ့သည္။
ညေနခင္း လြန္းျပန္ေရာက္ေတာ့ အယ္မူး ေန႕လည္ကအေၾကာင္းအရာမ်ားကို ျပန္ေျပာျဖစ္သည္။ အမ်ားစုက ေန႕လည္စာ လာပို႔ေသာ စိုင္းကို ၾကည့္မရသည့္အေၾကာင္းမ်ားျဖစ္သည္။
"ေအးကြာ... ငါမင္းကို ေန႕လည္စာလာပို႔မဲ့အေၾကာင္း အသိေပးဖို႔ေမ့သြားတာ...
ဟုတ္တယ္ အယ္မူး... ငါလည္း သူ႕ကိုသိပ္ၾကည့္မရဘူး.... ကိုကို႔သူငယ္ခ်င္းမို႔သာ သည္းခံေနတာ...စကားေျပာရင္ အေႏွာင့္အသြားကိုမလြတ္ဘူး...
ကိုကိုကလည္း တျခားသူေတြအမ်ားႀကီးရွိတာကို... သူ႕က်မွ ေ႐ြးလႊတ္ရတယ္လို႔..."
"ထားလိုက္ပါေတာ့...လြန္းရာ.. ငါ့ေၾကာင့္နဲ႕ မင္းတို႔ညီအစ္ကို စကားမမ်ားေစခ်င္ဘူး..."
"ဘာပဲျဖစ္ျဖစ္ေလ... သူ႕သူငယ္ခ်င္းလုပ္သြားပုံကို ျပန္ေျပာမွကိုျဖစ္မယ္..."
အယ္မူးလည္း ႀကီးတဲ့အမႈ ငယ္ေစရန္ ဘာမွ်ထပ္မဆိုေတာ့ဘဲ တိတ္တိတ္ကေလးေနလိုက္ေတာ့သည္။
ေနာက္ရက္တြင္ လြန္းတို႔ ဘယ္မွေလွ်ာက္မလည္ျဖစ္ေပ။ အယ္မူးကို ကိုကိုႏွင့္ မိတ္ဆက္ေပးခ်င္တာတစ္ေၾကာင္း၊ အစားပုံမွန္မစားေသာ ကိုကို႔ကို ကိုယ္တိုင္ ခ်က္ေကြၽးခ်င္တာတစ္ေၾကာင္း လိုအပ္ေသာပစၥည္းမ်ားဝယ္ၿပီး အိမ္ကိုျပန္လာျဖစ္သည္။
တနဂၤေႏြလည္းျဖစ္သည္မို႔ ဒီေန႕ ရွိုင္းသန့္ အလုပ္နားကာ အိမ္မွာပဲရွိေနသည္။ မနက္ေစာေစာ ကြန္ဒိုမွထြက္လာသျဖင့္ မနက္ဆယ္နာရီေလာက္တြင္ လြန္းတို႔ အိမ္သို႔ေရာက္သည္။
အထုပ္မ်ားဆြဲကာ အိမ္ထဲသို႔ ဝင္ခဲ့လိုက္ၿပီး မီးဖိုေခ်ာင္ဆီသို႔ ဦးတည္လိုက္သည္။ ဟင္းခ်က္ရန္ လိုအပ္သည္မ်ားကို ေဒၚေလးကိုျပင္ဆင္ခိုင္းရင္း ကိုကို႔ကိုမေတြ႕ရသျဖင့္ ေမးေသးသည္။
"သားရွိုင္းသန့္အေပၚထပ္မွာ...သားလြန္း...
သူ႕သူငယ္ခ်င္းလည္းေရာက္ေနေတာ့ အလုပ္လုပ္ေနၾကတယ္ထင္ရဲ႕...
နားရက္ကို နားနားေနေန ေနပါေျပာလည္း မရပါဘူးကြယ္...
သားလြန္းေျပာမွပဲ ရေတာ့မယ္...."
လြန္းတို႔ဝယ္လာေသာ အသားမ်ားကိုေရေဆးရင္း ေျပာလာေသာ ေဒၚေလးစကားမ်ားေၾကာင့္ လြန္းသက္ျပင္းခ်မိသည္။
ထို႔ေနာက္ အယ္မူးကိုေခၚကာ အေပၚထပ္သို႔တက္ခဲ့သည္။ ဝရံတာဘက္ကိုၾကည့္ေတာ့ လူအရိပ္အေယာင္ပင္ မေတြ႕ရ။ ေသခ်ာပါၿပီ။ ကိုကို႔အခန္းထဲမွာ...
တံခါးကိုေတာင္မေခါက္ဘဲ တြန္းဖြင့္လိုက္ေတာ့ ထင္သည့္အတိုင္း ကိုကိုႏွင့္ ကိုစိုင္းကိုေတြ႕လိုက္ရသည္။ စာၾကည့္စားပြဲေပၚတင္ထားေသာ laptopကို ရွိုင္းသန့္က ထိုင္ေနရင္းမွ ၾကည့္ေနသည္။ စိုင္းက ရွိုင္းသန့္ထိုင္ေနေသာ ထိုင္ခုံအမွီကို လက္တစ္ဖက္တင္၍ က်န္လက္တစ္ဖက္က စာၾကည့္စားပြဲကိုေထာက္ကာ laptopကို မတ္တပ္ရပ္ရင္းမွ ငုံ႕၍ ၾကည့္ေနသည္။
ထိုျမင္ကြင္းကိုျမင္လိုက္ရေသာ တခဏ လြန္းရင္ဘတ္ထဲတြင္ လွိုင္းမ်ားရိုက္ခတ္သြားသလို...
ေဒါသတို႔ဆူထြက္လာၿပီး အခန္းတြင္းသို႔ ဒုန္းဆိုင္းဝင္လာကာ...
"အဲဒါဘာလုပ္ေနၾကတာလဲ...အလုပ္လုပ္မယ္ဆိုလည္း ဧည့္ခန္းမွာလုပ္ၾကပါ့လား...
ကိုကိုဘယ္တုန္းက သူ႕ကိုအခန္းထဲ ေခၚလာဖူးလို႔လဲ..."
လြန္းေအာ္ေျပာတာေၾကာင့္ ႏွစ္ေယာက္သား laptopဆီမွ အၾကည့္ခြာၿပီး လြန္းကို လွည့္ၾကည့္ၾကသည္။
"ညီညီရာ...အလန့္တၾကား... အခန္းထဲေခၚေတာ့ ဘာျဖစ္လို႔လဲ... ခုနကအျပင္မွာ ဟိုဘက္အိမ္က တအားဆူေနလို႔ အာ႐ုံစိုက္မရလို႔ အခန္းထဲဝင္လာတာပါ ညီညီရာ...
သူငယ္ခ်င္းကို အခန္းထဲေခၚတာ အဲေလာက္ေဒါသထြက္စရာလိုလို႔လား..."
"ေအးေလ...ဟုတ္သားပဲ...မင္းက...
ဘာျဖစ္တာတုန္း... ငါမင္း အစ္ကိုကို ကိုက္မစားပါဘူးဟ..."
"ကိုစိုင္းေနာ္...."
"ေတာ္ၾကေတာ့.... မင္းတို႔ႏွစ္ေယာက္က ေတြ႕တိုင္း ကိုက္ေနၾကတာပဲ... ကဲလာ ေအာက္ျပန္ဆင္းမယ္..."
ရွိုင္းသန့္ စိတ္မရွည္စြာ ႏွစ္ေယာက္လုံးကို ေငါက္ပစ္လိုက္သည္။ အခုခ်ိန္ထိ အခန္းဝတြင္ ေၾကာင္ေတာင္ေတာင္ႏွင့္ သူတို႔သုံးေယာက္ကို တလွည့္စီၾကည့္ေနေသာ ေကာင္ေလးကိုေတာ့ တစ္ေယာက္မွ သတိမထားမိၾက။
အခန္းဝေရွ႕ ပထမဆုံးေရာက္လာေသာ ရွိုင္းသန့္က အယ္မူးကိုျမင္သည္မို႔ ေနာက္ျပန္လွည့္ကာ လြန္းကိုေမးလိုက္သည္။
"ညီညီ ဒါမင္းသူငယ္ခ်င္း...ေစာအယ္မူးဆိုတာလား..."
ဆိုေတာ့မွ စိုင္းကို ၿဂိဳၾကည့္ၾကည့္ေနေသာလြန္းက အသိျပန္ဝင္လာၿပီး အယ္မူးကိုေမ့ေနသည္ကို သတိရသြားသည္။
"အင္းဟုတ္တယ္... အယ္မူးေဆာရီးကြာ... ငါမင္းပါလာတာကို ေမ့သြားတယ္..."
"ရ..ရပါတယ္ ငါကဘာမွမျဖစ္ဘူး... မင္းတို႔သာ အဆင္ေျပေအာင္..."
"ေဟး....အပုေလးေကာ ပါလာတာလား..."
အယ္မူးစကားပင္ မဆုံးလိုက္... အေနာက္ဘက္မွ စိုင္းက လက္တစ္ဖက္ကို အေပၚျမႇောက္ကာ ေဝ့ယမ္းၿပီး ခပ္က်ယ္က်ယ္ေအာ္ေျပာသည္။
အယ္မူး စိုင္းကို တစ္ခ်က္လွမ္းၾကည့္ကာ မ်က္လုံးကိုအေပၚသို႔လွန္ၿပီး သက္ျပင္းခ်လိဳက္သည္။
ရွိုင္းသန့္ကေတာ့ စိတ္ရႈပ္သြားသည္ထင္။ အယ္မူးကိုမိတ္ဆက္ၿပီးသည္ႏွင့္ ေအာက္ထပ္သို႔ အရင္ဆုံး ေျပးဆင္သြားသည္။
ထို႔ေနာက္ လြန္းက အယ္မူးကို သူ႕အခန္းဆီသို႔ ဆြဲေခၚသြားသည္။ အေနာက္ကေန လွမ္းေအာ္လိုက္ေသာ စိုင္းရဲ႕အသံကိုလည္း ႏွစ္ေယာက္လုံးၾကားလိုက္ရပါသည္။
"ေဟးလြန္း... မင္းအစ္ကိုကိုက် ေျပာဆိုၿပီး မင္းကက် အပုေလးကို အခန္းထဲေခၚတယ္ေပါ့..."
လြန္း စိုင္းဘက္သို႔လွည့္ၿပီး လက္ခလယ္ေထာင္ျပကာ အခန္းတံခါးကို ေဆာင့္ပိတ္လိုက္သည္။
လြန္းေဒါသထြက္ေနသည္ကို သိသည္မို႔ အယ္မူးလည္း စကားတစ္ခြန္းမွ မဟျဖစ္။ ခဏၾကာေတာ့ ေအာက္သို႔ဆင္းကာ ခ်က္ျပဳတ္မႈလုပ္ငန္း စတင္ၾကသည္။
ကိုကို႔ကို စားေစခ်င္လြန္း၍ ခ်က္ထားေသာ္လည္း ကိုယ္တိုင္ကေတာ့ စားမဝင္ပါ။ အေၾကာင္းက အစ္ကိုစိုင္းသည္ သူ႕ကိုတစ္လွည့္ အယ္မူးကိုတစ္လွည့္ ထမင္းစားေနရင္း စေနသည္မို႔...
သူကိုယ္တိုင္ ကိုစိုင္းကိုၾကည့္မရတာက ျပသနာမဟုတ္...ကိုယ့္အိမ္လာလည္ေသာ ဧည့္သည္ကို အေႏွာင့္အယွက္ျဖစ္ေစသျဖင့္ လြန္းမွာ အယ္မူးကို မ်က္ႏွာပူေနရသည္။
ရွိုင္းသန့္ကလည္း ဝင္ဝင္ေျပာပါေသးသည္။ သို႔ေပမဲ့ ၾကည့္ရတာ သူလည္း စိုင္းကိုမနိုင္။ အစက တေနကုန္ေနရန္ စဥ္းစားထားေသာ္လည္း ရိုက္ထုတ္ေတာင္ ထြက္သြားမွာမဟုတ္သည့္ စိုင္းေၾကာင့္ သူတို႔ကပင္ ထမင္းစားၿပီးသည္ႏွင့္ ကြန္ဒိုသို႔သာ ျပန္ခဲ့လိုက္ေတာ့သည္။
အျပန္လမ္းတစ္ေလွ်ာက္ အယ္မူးတစ္ေယာက္ စိုင္းကို က်ိန္ဆဲေနေတာ့သည္။
ေတာ္ေတာ္မ်က္ခြက္ေျပာင္တဲ့ လူႀကီးပဲ...
အလိုက္ကမ္းဆိုးကမသိ... အားနာမႈမရွိနဲ႕...
ဘယ္ဘဝကေရစက္ေၾကာင့္ သူမ်ားနိုင္ငံ တစ္ပတ္ပဲလာလည္တာ ဒင္းနဲ႕က ႏွစ္ရက္ေတာင္ ေတြ႕လိုက္ရတာလဲ....
ေနာက္ရက္ေတြ မေတြ႕ရပါေစေတာ့ႏွင့္ ဘုရားသခင္.....

Коментарі