Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 9
Unicode...

ညစာစားပြီးချိန် အရင်လို သူ့အခန်းတွင် စာလာမလုပ်သဖြင့် သူကပဲ အရင် ကိုကို့အခန်းဆီ သွားလိုက်သည်။
စာကြည့်စားပွဲတွင် စာကြည့်​နေ​သော ကိုကို့ပုံစံသည် လွန်ခဲ့​သော ရှစ်နှစ်က သူပထမဆုံး မြင်​တွေ့ဖူး​သော မြင်ကွင်းလိုပင်....

လွန်​လေပြီး​သောအချိန်တုန်းကလို သူ၏ရင်ခုန်သံများလည်း မ​ပြောင်းလဲ​ပေ။ ထိုရင်ခုန်သံကို အဓိပ္ပါယ်သတ်မှတ်တတ်လာပြီဖြစ်​သော သူကိုယ်တိုင်ကသာ ​ပြောင်းလဲသွားသည်။

"ကိုကို... ဒီ​နေ့ဘာလို့ မလာတာလဲ...
ပြီး​တော့ ညီညီ့ကို စကားလည်း မ​ပြောဘူး....
ကိုကိုတစ်ခုခု ဖြစ်လာတာလား....
​နေမ​​ကောင်းဘူးလားဟင်...."

ရှိုင်းသန့် နဖူး​ပေါ်သို့ လွန်း၏ လက်ဖဝါးတင်ကာ စမ်းကြည့်သည်။ ရှိုင်းသန့်က​တော့ မည်သည့်အမူမရာမှ လုပ်မပြ​ပေ။ စာကိုသာ ဆက်ကြည့်​နေသည်။

"​ပြောပါဦး... ဘယ်လိုအ​​ရေးကြီးကိစ္စ​တွေ​ကြောင့် ငါ​တောင်မသိလိုက်ဘဲ ​ကျောင်းက​နေ​ပျောက်သွားတာရလဲ..."

"ဟီး... အဲဒါက​လေ... သူငယ်ချင်းက အ​ရေးကြီးတယ်ဆိုပြီး လိမ်ပြီး​ခေါ်သွားလို့ပါ... ဟို​ရောက်​တော့မှ..."

"မင်း ကတိမတည်ဘူး ညီညီ....
ဘယ်လိုအ​ကြောင်းတရားပဲဖြစ်ဖြစ် ငါ့ကိုအမှန်အတိုင်း​ပြောမယ်ဆိုတဲ့ကတိ...
မင်းတစ်​ယောက်တည်းထွက်သွားတာ ငါသိတယ်..."

"​တောင်းပန်ပါတယ် ကိုကို.... ​နောက်ဒီလိုကိစ္စလည်း ထပ်ဖြစ်လာမှာမဟုတ်ပါဘူး....
ဒီတခါ လိမ်မိလို့ ညီညီ့ကို ကိုကိုကြိုက်တဲ့အပြစ်​ပေးပါ.... အခုလိုကြီး​တော့ မ​နေပါနဲ့​​နော်"

"အဲဒါဆို အမှန်တိုင်း​ပြော ညီညီ....
မင်း ဘယ်သွားတာလဲ... ဘာသွားလုပ်တာလဲ...
ကိုကိုဘယ်​လောက် စိတ်ပူလဲ မင်းသိလား..."

"ဟို.... ​မေ​မေ့​သေတမ်းစာထဲမှာ ပါတဲ့အတိုင်း ​မေ​မေလှူ​စေချင်တဲ့ ဘုရား​ကျောင်းမှာ သွားလှူတာပါ..."

"ဒါဆိုလည်း ကိုကို့ကို​ပြော​ပေါ့ကွာ... ကိုကို လိုက်​ပေးမှာ​ပေါ့..."

"​မေ​မေက တစ်​ယောက်တည်း သွား​စေချင်လို့..."

"အင်းပါ...​နောက်တခါ မလုပ်​တော့ဘူးမလား...
စိတ်မဆိုး​တော့ဘူး ​ဟုတ်ပြီလား... ငိုမဲ့မဲ့မျက်နှာကြီးပြင်​တော့.... ကြည့်မ​ကောင်းဘူး... ရုပ်ဆိုးတယ်"

စာကြည့်​နေရာမှ ထလိုက်ပြီး ရှုံ့ မဲ့နေသည့်လွန်း၏ ပါးနှစ်ဖက်ကို ဆွဲညှစ်ကာ ပြန်​ချော့ရသူက ရှိုင်းသန့်....

"ဟုတ်... ​နောက်တခါ တစ်ကယ်မလုပ်​တော့ဘူး..."

ကိုကို့အခန်းပြင်သို့ ​ပြေးထွက်သွားပြီး​နောက် မိမိအခန်းသို့ ပြန်လာကာ ပါးနှစ်ဖက်ကို လက်နှင့် ပြန်ကိုင်ကြည့်ရင်း နှုတ်ခမ်းလွှာတို့က အလိုလို တွန့်​ကွေးသွားသည်။

ကိုကို သူ့အ​ပေါ် ပြုမူ​သော အပြုအမူများ၊ ဂရုစိုက်မှုများ၊ အ​လေး​ပေးမှုများ၊ အလိုလိုက်မှုများ အားလုံးကို လွန်း တန်ဖိုးထား မြတ်နိုးတတ်​နေ​လေပြီ။

အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို လွန်းမ​တွေးချင်ပါ။ မ​တွေးရဲဘူးဆိုလည်း မှန်သည်။
လှပနွေး​ထွေး​သော လက်ရှိအချိန်​လေး​တွေကိုသာ ရပ်တန့်ထားချင်မိသည်။

ထိုနည်းတူ လျို့ဝှက်ထားမိ​သော အ​ကြောင်းအရာတို့ ​ခေါင်းထဲ ပြန်​ရောက်လာခြင်းက ရပ်တန့်ချင်မိ​သော လက်ရှိအချိန်များထဲက တစ်ခု​ပေပဲလား....

ကိုကို့ကို ဖုံးကွယ်ထားရတဲ့အတွက် ညီညီတကယ် စိတ်မ​ကောင်းပါဘူး...
ကိုကို့ကိုလိမ်ခဲ့ပေမဲ့ ကိုကိုက ယုံကြည်​ပေးတဲ့အတွက် ပိုပြီး နာကျင်ရပါတယ်...

ကိုကို့​ကို​လေ ညီညီ့ရဲ့ အရာအားလုံးနဲ့ပတ်သက်ပြီး အမှန်တိုင်း​ပြောပြမှာပါ...
​မေ​မေ့​သေတမ်းစာကိစ္စကလွဲရင်​ပေါ့....

အဲဒါပဲ မဟုတ်​သေးပါဘူး....
ကိုကို့​ကြောင့် နိုးထရှင်သန်လာတဲ့ ညီညီ့ရဲ့ နှလုံးသားကို​ရော​ပေါ့...

~~~~~~~~~~~~

DNAစစ်ပြီးသည့်​နောက် ရှိုင်းသန့် လွန်းကို သူနှင့်အတူ အိပ်ရန်​ခေါ်​​သော်လည်း မိမိလိပ်ပြာမလုံသည်ကို မိမိသာလျှင်သိ​သော​ကြောင့် အ​ကြောင်းအမျိုးမျိုးပြကာ ငြင်းဆန်သည်။

တစ်ခု​သော ​သောကြာ​​နေ့ညတွင် အိပ်​နေရင်းမှ ရှိုင်းသန့် မာမီကားအက်ဆီးဒန့်ဖြစ်​သော အိပ်မက်ဆိုးကို ထပ်မက်ပြန်သည်။
ထိုအိပ်မက်ဆိုးမက်လျှင် ပြန်အိပ်မရတာ ထုံးစံဖြစ်​နေ​သော​ကြောင့် အခုလည်း အိပ်​ပျော်ဖို့ မကြိုးစားချင်​ပေ။ နာရီကြည့်လိုက်တော့ ည၁၂​ကျော်​နေပြီ။

​​ဘေးတွင်အသင့်ရှိ​သော ​ရေဘူးက ​ရေကုန်​နေသဖြင့် ​​​အောက်ထပ်သို့ဆင်းပြီး ​ရေဘူးယူရန် အခန်းပြင်ထွက်လိုက်သည်။
​​​အောက်သို့မဆင်းမီ မျက်နှာချင်းဆိုင် အခန်းကို ကြည့်မိ​တော့ တံခါးအနည်းငယ်ဟ​နေကာ အခန်းထဲမှ စာကြည့်မီး​ရောင်က ဟ​နေသည့်တံခါးကြားမှတစ်ဆင့် အပြင်သို့ ဖြာထွက်​နေသည်။

ညီညီမအိပ်​သေးသည်ကို ချက်ချင်းရိပ်မိတာ​ကြောင့် ​​အောက်သို့မဆင်း​တော့ဘဲ လွန်း၏ အခန်းဆီ ​လျှောက်လာခဲ့သည်။
သို့​သော် အခန်းထဲတွင် ညီညီ့ကိုမ​တွေ့ရ​ပေ။ ပြန်လှည့်ထွက်မည်အပြု အခန်းဝဆီက လွန်းအသံကိုရုတ်တရက် ကြားလိုက်ရသဖြင့် ရှိုင်းသန့် လန့်သွားသည်။

"ကိုကို... အိပ်မ​​ပျော်လို့လား.."

"လန့်လိုက်တာ ညီညီရာ... ဘယ်သွား​နေတာလဲ...အခုထိမအိပ်​သေးဘဲ..."

"အိပ်မ​ပျော်လို့ ဝရံတာမှာရပ်​နေတာ ကိုကို...
ကိုကို့ဘာသာ အိပ်ချင်မူးတူးနဲ့ မမြင်တာ..."

"ဝရံတာဘက်ကိုမှမကြည့်တာ ဘယ်မြင်မလဲ.... ဘာလို့အိပ်မ​​ပျော်ရတာလဲ ​ပြောပါဦး"

"ဒီလိုပါပဲ.... မျက်လုံး​တွေက သူ့ဘာသူ မှိတ်မရလို့"

မျက်လုံးနှစ်လုံးကို လက်နှစ်ဖက်ဖြင့် ဖြဲပြကာ ကိုကို့အ​မေးကို ရွှတ်​နောက်​​နောက်​ဖြေလိုက်သည်။

"ကိုကိုက​ရော....
အိပ်မက်ဆိုး​တွေ ထပ်မက်ပြန်ပြီလား ကိုကို"

စိုးရိမ်သွား​သော မျက်နှာဖြင့် ရှိုင်းသန့်အနားကိုကပ်လာကာ သူ့အ​ဖြေကို ​​မျှော်လင့်တကြီး​စောင့်​နေမိသည်။

"အင်း...ဟုတ်တယ်... အဲဒါ​ကြောင့် အိပ်မရ​တော့လို့"

"အာ့ဆို ဒီမှာအိပ်... ညီညီ​ချော့သိပ်မယ်..."

သူ့အိပ်ရာဆီ ကိုကို့လက်ကိုအတင်းဆွဲ​ကာ ​ခေါ်သွား​လေသည်။ ရှိုင်းသန့်ကလည်း မငြင်း​ပေ။

Taylor Swift၏ Safe&Sound သီချင်းကို လွန်း ရှိုင်းသန့်အား ဆိုပြ​လေ့ရှိသည်။ ဘုရား​ကျောင်းတက်တိုင်း ဓမ္မ​တေးသီဆို​နေကျဖြစ်သဖြင့် အခုလို အသံ​အေး​အေး​လေးနှင့် ဖြည်းဖြည်းမှန်မှန်​လေးဆိုရသည့် သီချင်းမျိုးဆိုလျှင် လွန်းအသံက အပြစ်​ပြောရက်စရာမရှိ၊ ချိုသာလွန်းသည်။

ရှိုင်းသန့်ကလည်း ထိုအသံနှင့် သူ့ကိုသီချင်းဆိုပြပါလျှင် က​လေးတစ်​ယောက်လို ငြိမ်ကာ ပြီးဆုံးသည်အထိ နား​ထောင်​လေ့ရှိသည်။

အခုလည်း ရှိုင်းသန့်က အိပ်ရာ​ပေါ်တွင်လှဲကာ လွန်းက ​​သူ့ဘေးတွင် ကုတင်​အောက်​ခြေချထားလျက် ​ဘေးတ​စောင်းထိုင်​လိုက်ကာ မျက်နှာက ​ရှေ့တည့်တည့်က ပြတင်း​ပေါ်ဆီသို့ ဦးတည်ထားသည်။

သီချင်းစသည်နှင့် ရှိုင်းသန့်မျက်လုံးများကို မှိတ်ချလိုက်သည်။ လွန်း၏ အသံ​ချိုချို​အေး​အေး​လေးကို နားဆင်​နေရင်းမှ သ​ဘောကျသည့်အခါများတွင် တစ်ချက်တစ်ချက် ပြုံးမိသည်။

ဒီအသံ​လေး မကြားရတာ​တောင် ကြာပါ​​​ရောလား....
ဘယ်အချိန် ကြားမိကြားမိ ဘယ်​တော့မှ ရိုးမသွားတဲ့ ချစ်စရာအသံ​လေး...
ငါ့ညီညီက ရုပ်​လေး​ချောသလို အသံ​လေးကလည်း​ကောင်း​သေး...

ရှိုင်းသန့်၏ အ​​တွေးစတို့က လွန်း၏သံစဥ်တွင် နစ်မြုပ်သွားရင်း ​နောက်ဆုံးတွင်​တော့ နှစ်ခြိုက်စွာ အိပ်​​ပျော်သွား​လေသည်။

အိပ်​​မောကျ​နေ​သော ချစ်ရသူကို ကြည့်ပြီး လွန်း အားပါစွာ ပြုံးလိုက်သည်။ ​စောင်ကို ပုခုံးထိဆွဲခြုံ​ပေးလိုက်ပြီး ကိုကို့ဘေးတွင် ဝင်လှဲလိုက်သည်။

ဖြစ်ရပ်ဆိုး​တွေနဲ့ ကြုံ​တွေ့ပြီးတာ​တောင် ဘာလို့များ အိပ်မက်ဆိုး​တွေနဲ့ ဒုက္ခ​ထပ်​ပေးရက်တာလဲ....

ကိုကို သူ့ကို ​ထိုအိပ်မက်ဆိုးအ​ကြောင်း ပြောပြဖူးသည်။ ကိုကို့မာမီက သာမန်ကားအက်ဆီးဒန့်ဖြင့်ပင် ဆုံးပါးသည်ဟု အားလုံးသိထား​​ကြသော်လည်း ကိုကို မက်​လေ့ရှိ​သော အိပ်မက်အရ သူသတိမလစ်ခင် သူ့မာမီ​ဘေးတွင်ရပ်​နေ​သော လူအရိပ်ကို​တွေ့ရသည်ဟု ​ဆိုသည်။

ထိုအ​ကြောင်းကို ဒယ်ဒီတို့နှင့် အခြားသူများကို ​ပြောပြဖူး​သော်လည်း အိပ်မက်ဆိုးတစ်ခုဟုသာ နှစ်သိမ့်ခံရ​လေ့ရှိသည်တဲ့။

လွန်းက​တော့ ကိုကို့ကိုယုံပါသည်။ ကိုကို့ကို ​ခြောက်လှန့်​နေ​သော အိက်မက်ဆိုးသည် ကိုကိုကြုံ​တွေ့ ခဲ့ရသည်များနှင့် ထပ်တူကျမည်ဆိုတာကို.....


Zawgyi..

ညစာစားၿပီးခ်ိန္ အရင္လို သူ႕အခန္းတြင္ စာလာမလုပ္သျဖင့္ သူကပဲ အရင္ ကိုကို႔အခန္းဆီ သြားလိုက္သည္။
စာၾကည့္စားပြဲတြင္ စာၾကည့္​ေန​ေသာ ကိုကို႔ပုံစံသည္ လြန္ခဲ့​ေသာ ရွစ္ႏွစ္က သူပထမဆုံး ျမင္​ေတြ႕ဖူး​ေသာ ျမင္ကြင္းလိုပင္....

လြန္​ေလၿပီး​ေသာအခ်ိန္တုန္းကလို သူ၏ရင္ခုန္သံမ်ားလည္း မ​ေျပာင္းလဲ​ေပ။ ထိုရင္ခုန္သံကို အဓိပၸါယ္သတ္မွတ္တတ္လာၿပီျဖစ္​ေသာ သူကိုယ္တိုင္ကသာ ​ေျပာင္းလဲသြားသည္။

"ကိုကို... ဒီ​ေန႕ဘာလို႔ မလာတာလဲ...
ၿပီး​ေတာ့ ညီညီ့ကို စကားလည္း မ​ေျပာဘူး....
ကိုကိုတစ္ခုခု ျဖစ္လာတာလား....
​ေနမ​​ေကာင္းဘူးလားဟင္...."

ရွိုင္းသန့္ နဖူး​ေပၚသို႔ လြန္း၏ လက္ဖဝါးတင္ကာ စမ္းၾကည့္သည္။ ရွိုင္းသန့္က​ေတာ့ မည္သည့္အမူမရာမွ လုပ္မျပ​ေပ။ စာကိုသာ ဆက္ၾကည့္​ေနသည္။

"​ေျပာပါဦး... ဘယ္လိုအ​​ေရးႀကီးကိစၥ​ေတြ​ေၾကာင့္ ငါ​ေတာင္မသိလိုက္ဘဲ ​ေက်ာင္းက​ေန​ေပ်ာက္သြားတာရလဲ..."

"ဟီး... အဲဒါက​ေလ... သူငယ္ခ်င္းက အ​ေရးႀကီးတယ္ဆိုၿပီး လိမ္ၿပီး​ေခၚသြားလို႔ပါ... ဟို​ေရာက္​ေတာ့မွ..."

"မင္း ကတိမတည္ဘူး ညီညီ....
ဘယ္လိုအ​ေၾကာင္းတရားပဲျဖစ္ျဖစ္ ငါ့ကိုအမွန္အတိုင္း​ေျပာမယ္ဆိုတဲ့ကတိ...
မင္းတစ္​ေယာက္တည္းထြက္သြားတာ ငါသိတယ္..."

"​ေတာင္းပန္ပါတယ္ ကိုကို.... ​ေနာက္ဒီလိုကိစၥလည္း ထပ္ျဖစ္လာမွာမဟုတ္ပါဘူး....
ဒီတခါ လိမ္မိလို႔ ညီညီ့ကို ကိုကိုႀကိဳက္တဲ့အျပစ္​ေပးပါ.... အခုလိုႀကီး​ေတာ့ မ​ေနပါနဲ႕​​ေနာ္"

"အဲဒါဆို အမွန္တိုင္း​ေျပာ ညီညီ....
မင္း ဘယ္သြားတာလဲ... ဘာသြားလုပ္တာလဲ...
ကိုကိုဘယ္​ေလာက္ စိတ္ပူလဲ မင္းသိလား..."

"ဟို.... ​ေမ​ေမ့​ေသတမ္းစာထဲမွာ ပါတဲ့အတိုင္း ​ေမ​ေမလႉ​ေစခ်င္တဲ့ ဘုရား​ေက်ာင္းမွာ သြားလႉတာပါ..."

"ဒါဆိုလည္း ကိုကို႔ကို​ေျပာ​ေပါ့ကြာ... ကိုကို လိုက္​ေပးမွာ​ေပါ့..."

"​ေမ​ေမက တစ္​ေယာက္တည္း သြား​ေစခ်င္လို႔..."

"အင္းပါ...​ေနာက္တခါ မလုပ္​ေတာ့ဘူးမလား...
စိတ္မဆိုး​ေတာ့ဘူး ​ဟုတ္ၿပီလား... ငိုမဲ့မဲ့မ်က္ႏွာႀကီးျပင္​ေတာ့.... ၾကည့္မ​ေကာင္းဘူး... ႐ုပ္ဆိုးတယ္"

စာၾကည့္​ေနရာမွ ထလိုက္ၿပီး ရႈံ႕ မဲ့ေနသည့္လြန္း၏ ပါးႏွစ္ဖက္ကို ဆြဲညွစ္ကာ ျပန္​ေခ်ာ့ရသူက ရွိုင္းသန့္....

"ဟုတ္... ​ေနာက္တခါ တစ္ကယ္မလုပ္​ေတာ့ဘူး..."

ကိုကို႔အခန္းျပင္သို႔ ​ေျပးထြက္သြားၿပီး​ေနာက္ မိမိအခန္းသို႔ ျပန္လာကာ ပါးႏွစ္ဖက္ကို လက္ႏွင့္ ျပန္ကိုင္ၾကည့္ရင္း ႏႈတ္ခမ္းလႊာတို႔က အလိုလို တြန့္​ေကြးသြားသည္။

ကိုကို သူ႕အ​ေပၚ ျပဳမူ​ေသာ အျပဳအမူမ်ား၊ ဂ႐ုစိုက္မႈမ်ား၊ အ​ေလး​ေပးမႈမ်ား၊ အလိုလိုက္မႈမ်ား အားလုံးကို လြန္း တန္ဖိုးထား ျမတ္နိုးတတ္​ေန​ေလၿပီ။

အနာဂတ္တြင္ မည္သို႔ျဖစ္လာမည္ကို လြန္းမ​ေတြးခ်င္ပါ။ မ​ေတြးရဲဘူးဆိုလည္း မွန္သည္။
လွပေႏြး​ေထြး​ေသာ လက္ရွိအခ်ိန္​ေလး​ေတြကိုသာ ရပ္တန့္ထားခ်င္မိသည္။

ထိုနည္းတူ လ်ိဳ႕ဝွက္ထားမိ​ေသာ အ​ေၾကာင္းအရာတို႔ ​ေခါင္းထဲ ျပန္​ေရာက္လာျခင္းက ရပ္တန့္ခ်င္မိ​ေသာ လက္ရွိအခ်ိန္မ်ားထဲက တစ္ခု​ေပပဲလား....

ကိုကို႔ကို ဖုံးကြယ္ထားရတဲ့အတြက္ ညီညီတကယ္ စိတ္မ​ေကာင္းပါဘူး...
ကိုကို႔ကိုလိမ္ခဲ့ေပမဲ့ ကိုကိုက ယုံၾကည္​ေပးတဲ့အတြက္ ပိုၿပီး နာက်င္ရပါတယ္...

ကိုကို႔​ကို​ေလ ညီညီ့ရဲ႕ အရာအားလုံးနဲ႕ပတ္သက္ၿပီး အမွန္တိုင္း​ေျပာျပမွာပါ...
​ေမ​ေမ့​ေသတမ္းစာကိစၥကလြဲရင္​ေပါ့....

အဲဒါပဲ မဟုတ္​ေသးပါဘူး....
ကိုကို႔​ေၾကာင့္ နိုးထရွင္သန္လာတဲ့ ညီညီ့ရဲ႕ ႏွလုံးသားကို​ေရာ​ေပါ့...

~~~~~~~~~~~~

DNAစစ္ၿပီးသည့္​ေနာက္ ရွိုင္းသန့္ လြန္းကို သူႏွင့္အတူ အိပ္ရန္​ေခၚ​​ေသာ္လည္း မိမိလိပ္ျပာမလုံသည္ကို မိမိသာလွ်င္သိ​ေသာ​ေၾကာင့္ အ​ေၾကာင္းအမ်ိဳးမ်ိဳးျပကာ ျငင္းဆန္သည္။

တစ္ခု​ေသာ ​ေသာၾကာ​​ေန႕ညတြင္ အိပ္​ေနရင္းမွ ရွိုင္းသန့္ မာမီကားအက္ဆီးဒန့္ျဖစ္​ေသာ အိပ္မက္ဆိုးကို ထပ္မက္ျပန္သည္။
ထိုအိပ္မက္ဆိုးမက္လွ်င္ ျပန္အိပ္မရတာ ထုံးစံျဖစ္​ေန​ေသာ​ေၾကာင့္ အခုလည္း အိပ္​ေပ်ာ္ဖို႔ မႀကိဳးစားခ်င္​ေပ။ နာရီၾကည့္လိုက္ေတာ့ ည၁၂​ေက်ာ္​ေနၿပီ။

​​ေဘးတြင္အသင့္ရွိ​ေသာ ​ေရဘူးက ​ေရကုန္​ေနသျဖင့္ ​​​ေအာက္ထပ္သို႔ဆင္းၿပီး ​ေရဘူးယူရန္ အခန္းျပင္ထြက္လိုက္သည္။
​​​ေအာက္သို႔မဆင္းမီ မ်က္ႏွာခ်င္းဆိုင္ အခန္းကို ၾကည့္မိ​ေတာ့ တံခါးအနည္းငယ္ဟ​ေနကာ အခန္းထဲမွ စာၾကည့္မီး​ေရာင္က ဟ​ေနသည့္တံခါးၾကားမွတစ္ဆင့္ အျပင္သို႔ ျဖာထြက္​ေနသည္။

ညီညီမအိပ္​ေသးသည္ကို ခ်က္ခ်င္းရိပ္မိတာ​ေၾကာင့္ ​​ေအာက္သို႔မဆင္း​ေတာ့ဘဲ လြန္း၏ အခန္းဆီ ​ေလွ်ာက္လာခဲ့သည္။
သို႔​ေသာ္ အခန္းထဲတြင္ ညီညီ့ကိုမ​ေတြ႕ရ​ေပ။ ျပန္လွည့္ထြက္မည္အျပဳ အခန္းဝဆီက လြန္းအသံကို႐ုတ္တရက္ ၾကားလိုက္ရသျဖင့္ ရွိုင္းသန့္ လန့္သြားသည္။

"ကိုကို... အိပ္မ​​ေပ်ာ္လို႔လား.."

"လန့္လိုက္တာ ညီညီရာ... ဘယ္သြား​ေနတာလဲ...အခုထိမအိပ္​ေသးဘဲ..."

"အိပ္မ​ေပ်ာ္လို႔ ဝရံတာမွာရပ္​ေနတာ ကိုကို...
ကိုကို႔ဘာသာ အိပ္ခ်င္မူးတူးနဲ႕ မျမင္တာ..."

"ဝရံတာဘက္ကိုမွမၾကည့္တာ ဘယ္ျမင္မလဲ.... ဘာလို႔အိပ္မ​​ေပ်ာ္ရတာလဲ ​ေျပာပါဦး"

"ဒီလိုပါပဲ.... မ်က္လုံး​ေတြက သူ႕ဘာသူ မွိတ္မရလို႔"

မ်က္လုံးႏွစ္လုံးကို လက္ႏွစ္ဖက္ျဖင့္ ၿဖဲျပကာ ကိုကို႔အ​ေမးကို ႐ႊတ္​ေနာက္​​ေနာက္​ေျဖလိုက္သည္။

"ကိုကိုက​ေရာ....
အိပ္မက္ဆိုး​ေတြ ထပ္မက္ျပန္ၿပီလား ကိုကို"

စိုးရိမ္သြား​ေသာ မ်က္ႏွာျဖင့္ ရွိုင္းသန့္အနားကိုကပ္လာကာ သူ႕အ​ေျဖကို ​​ေမွ်ာ္လင့္တႀကီး​ေစာင့္​ေနမိသည္။

"အင္း...ဟုတ္တယ္... အဲဒါ​ေၾကာင့္ အိပ္မရ​ေတာ့လို႔"

"အာ့ဆို ဒီမွာအိပ္... ညီညီ​ေခ်ာ့သိပ္မယ္..."

သူ႕အိပ္ရာဆီ ကိုကို႔လက္ကိုအတင္းဆြဲ​ကာ ​ေခၚသြား​ေလသည္။ ရွိုင္းသန့္ကလည္း မျငင္း​ေပ။

Taylor Swift၏ Safe&Sound သီခ်င္းကို လြန္း ရွိုင္းသန့္အား ဆိုျပ​ေလ့ရွိသည္။ ဘုရား​ေက်ာင္းတက္တိုင္း ဓမၼ​ေတးသီဆို​ေနက်ျဖစ္သျဖင့္ အခုလို အသံ​ေအး​ေအး​ေလးႏွင့္ ျဖည္းျဖည္းမွန္မွန္​ေလးဆိုရသည့္ သီခ်င္းမ်ိဳးဆိုလွ်င္ လြန္းအသံက အျပစ္​ေျပာရက္စရာမရွိ၊ ခ်ိဳသာလြန္းသည္။

ရွိုင္းသန့္ကလည္း ထိုအသံႏွင့္ သူ႕ကိုသီခ်င္းဆိုျပပါလွ်င္ က​ေလးတစ္​ေယာက္လို ၿငိမ္ကာ ၿပီးဆုံးသည္အထိ နား​ေထာင္​ေလ့ရွိသည္။

အခုလည္း ရွိုင္းသန့္က အိပ္ရာ​ေပၚတြင္လွဲကာ လြန္းက ​​သူ႕ေဘးတြင္ ကုတင္​ေအာက္​ေျခခ်ထားလ်က္ ​ေဘးတ​ေစာင္းထိုင္​လိုက္ကာ မ်က္ႏွာက ​ေရွ႕တည့္တည့္က ျပတင္း​ေပၚဆီသို႔ ဦးတည္ထားသည္။

သီခ်င္းစသည္ႏွင့္ ရွိုင္းသန့္မ်က္လုံးမ်ားကို မွိတ္ခ်လိဳက္သည္။ လြန္း၏ အသံ​ခ်ိဳခ်ိဳ​ေအး​ေအး​ေလးကို နားဆင္​ေနရင္းမွ သ​ေဘာက်သည့္အခါမ်ားတြင္ တစ္ခ်က္တစ္ခ်က္ ၿပဳံးမိသည္။

ဒီအသံ​ေလး မၾကားရတာ​ေတာင္ ၾကာပါ​​​ေရာလား....
ဘယ္အခ်ိန္ ၾကားမိၾကားမိ ဘယ္​ေတာ့မွ ရိုးမသြားတဲ့ ခ်စ္စရာအသံ​ေလး...
ငါ့ညီညီက ႐ုပ္​ေလး​ေခ်ာသလို အသံ​ေလးကလည္း​ေကာင္း​ေသး...

ရွိုင္းသန့္၏ အ​​ေတြးစတို႔က လြန္း၏သံစဥ္တြင္ နစ္ျမဳပ္သြားရင္း ​ေနာက္ဆုံးတြင္​ေတာ့ ႏွစ္ၿခိဳက္စြာ အိပ္​​ေပ်ာ္သြား​ေလသည္။

အိပ္​​ေမာက်​ေန​ေသာ ခ်စ္ရသူကို ၾကည့္ၿပီး လြန္း အားပါစြာ ၿပဳံးလိုက္သည္။ ​ေစာင္ကို ပုခုံးထိဆြဲၿခဳံ​ေပးလိုက္ၿပီး ကိုကို႔ေဘးတြင္ ဝင္လွဲလိုက္သည္။

ျဖစ္ရပ္ဆိုး​ေတြနဲ႕ ႀကဳံ​ေတြ႕ၿပီးတာ​ေတာင္ ဘာလို႔မ်ား အိပ္မက္ဆိုး​ေတြနဲ႕ ဒုကၡ​ထပ္​ေပးရက္တာလဲ....

ကိုကို သူ႕ကို ​ထိုအိပ္မက္ဆိုးအ​ေၾကာင္း ေျပာျပဖူးသည္။ ကိုကို႔မာမီက သာမန္ကားအက္ဆီးဒန့္ျဖင့္ပင္ ဆုံးပါးသည္ဟု အားလုံးသိထား​​ၾကေသာ္လည္း ကိုကို မက္​ေလ့ရွိ​ေသာ အိပ္မက္အရ သူသတိမလစ္ခင္ သူ႕မာမီ​ေဘးတြင္ရပ္​ေန​ေသာ လူအရိပ္ကို​ေတြ႕ရသည္ဟု ​ဆိုသည္။

ထိုအ​ေၾကာင္းကို ဒယ္ဒီတို႔ႏွင့္ အျခားသူမ်ားကို ​ေျပာျပဖူး​ေသာ္လည္း အိပ္မက္ဆိုးတစ္ခုဟုသာ ႏွစ္သိမ့္ခံရ​ေလ့ရွိသည္တဲ့။

လြန္းက​ေတာ့ ကိုကို႔ကိုယုံပါသည္။ ကိုကို႔ကို ​ေျခာက္လွန့္​ေန​ေသာ အိက္မက္ဆိုးသည္ ကိုကိုႀကဳံ​ေတြ႕ ခဲ့ရသည္မ်ားႏွင့္ ထပ္တူက်မည္ဆိုတာကို.....


© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі