Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 16
Unicode...

လွန်း မျက်နှာသစ်ပြီး ရုံးခန်းထဲဝင်လာ​တော့ ဖဲလ်ဆိုသည့်မိန်းက​လေးက ​​ရောက်နှင့်​နေပြီး ကိုကိုနှင့် စကားလက်ဆုံကျ​နေသည်။ လွန်းဝင်လာသည်ကို မြင်​တော့ ရှိုင်းသန့်က သူ့​ဘေးတွင် ဝင်ထိုင်​စေကာ ဖဲလ်နှင့်မိတ်ဆက်​ပေးသည်။

"ဖဲလ်.... ဒါက ကိုယ့်ညီ လွန်းသုတတဲ့...

ညီညီ ဒါက Pearl Wicachat"

ဖဲလ်က လွန်းကို ​​ခြေဆုံး​ခေါင်းဆုံးကြည့်​နေ၍ လွန်း​နေရခက်သွားသည်။

"ရှိုင်းအဖေနဲ့နောက်မိန်းမရဲ့သား​ပေါ့....
​တွေ့ရတာဝမ်းသာပါတယ်​နော်..."

လွန်းကိုစိုက်ကြည့်ကာ တစ်လုံးချင်း​ပြော၍ ညာဘက်လက်ကို လွန်းဆီသို့ ကမ်း​ပေးသည်။ ဖဲလ်စကား​ကြောင့် ​​ဒေါသထွက် ခံပြင်း၍ စိတ်ထဲရှိသည့်အတိုင်း ​ကောက်ကာငင်ကာပြန်​ပြောချင်​သော်လည်း ကိုကိုစိတ်ခုမည်စိုးသဖြင့် သည်းခံလိုက်ကာ ကမ်း​ပေးလာ​သောလက်ကို ပြန်ဆွဲ၍ နှုတ်ဆက်လိုက်သည်။

ဖဲလ်ဆို​သော အမျိုးသမီးနှင့် ထို့ထက်ပို၍ မည်သည့်စကားမျှမဆိုချင်​တော့။ ​နေ့လည်စာအတွက် သွား၍ပြင်ဆင်မည်ဟုဆိုကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ဖဲလ်နှင့် မျက်နှာချင်းမဆိုင်မိ​စေရန် ဆု​တောင်း​နေသည့် စိုင်းအဖို့ အခွင့်​ကောင်းကို​တွေ့သွား​လေ​တော့ လွန်းကို ကူလုပ်မည်ဆိုကာ သူပါ လွန်း​နောက်မှ လိုက်သွားသည်။

ရုံးခန်းထဲတွင် ရှိုင်းသန့်နှင့်ဖဲလ်တို့ နှစ်​ယောက်သာ ကျန်ခဲ့သည်။ လွန်းနှင့်စိုင်းတို့ထွက်သွားပြီး ခဏအကြာ ရှိုင်းသန့်က ဖဲလ်ကိုအလိုမကျ​သောအကြည့်ဖြင့် ကြည့်၍...

"ဖဲလ်... ​ကျေးဇူးပြုပြီး လွန်းကို ခုနကလို မဆက်ဆံပါနဲ့...
ကိုယ့်အ​ဖေရဲ့​​သွေးမို့ သူဟာ ကိုယ့်ညီပါပဲ...
အကယ်၍ ဖဲလ်ဘက်က လွန်းကိုမကြည်ဖြူနိုင်ဘူးဆိုရင် ကိုယ်လည်း လက်ထပ်ဖို့ကိစ္စကို ငြင်းရလိမ့်မယ်..."

ဖဲလ်က သူ့ရင့်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိကာ အံ့ဩ​သောအမူအရာဖြင့်

"အို့... ဘယ်လို​ပြောလိုက်တယ် ရှိုင်း....
ဖဲလ်က မှန်တာ​ပြောတာ​လေ...
တရားမဝင်တဲ့သားအတွက်နဲ့ ကိုယ့်အ​ဖေရဲ့ စီးပွား​ရေးကို မဖျက်ချင်စမ်းပါနဲ့...
ရှိုင်းသိပါတယ် ဒီကိစ္စက လက်ခံမှဖြစ်မယ်ဆိုတာ...."

ဖဲလ်စကားများ​ကြောင့် ရှိုင်းသန့်​​ဒေါသတို့ ဆူတက်လာကာ လက်သီးကိုကျစ်ကျစ်ပါ​​​​အောင် ဆုပ်ထားမိသည်။ ​ပြောစရာစကားတို့ ရှာ​​​​သော်လည်း ​ဒေါသ​ကြောင့်ထင်၊ စကားတစ်ခွန်းမျှ ထွက်မလာ။

ထိုအချိန်တွင် တံခါးဆီမှ ဝုန်းကနဲမြည်​အောင် ဖွင့်လိုက်သည့်အသံကို ကြားလိုက်ရသည်။ တံခါး​နောက်ကွယ်တွင်​တော့ စူးရှ​သောအကြည့်တို့က ဖဲလ်ဆီမှာသာ ရှိ​နေ​သော လွန်းကို​တွေ့ရ​သည်။

"အစ်မဖဲလ်​ပြောတာ ဟုတ်ပါတယ်...
ကျွန်​တော့်အ​မေက ဒယ်ဒီ့ရဲ့​နောက်မိန်းမပါ...
ဒါ​ပေမဲ့ ကျွန်​တော်က တရားမဝင်သားမဟုတ်ဘူး...
ကျွန်​တော့်အ​မေနဲ့အ​ဖေက တရားဝင်လက်ထပ်​ပေါင်းသင်းခဲ့တာပါ....

ပြီး​တော့ ကျွန်​တော့်​ကြောင့် ဒယ်ဒီနဲ့အစ်ကို ကြိုးစားထားတဲ့အရာ​တွေ မပျက်ဆီး​စေရပါဘူး...
အစ်မဖဲလ်က မကြည်ဖြူဘူးဆို ကျွန်​တော်က အလိုက်တသိ အစ်မတို့ဆီက​နေထွက်သွား​မှာပါ...
ကျွန်​တော့်​​ကြောင့်ဆိုပြီး အစ်ကိုနဲ့ ဒီကုမ္ပဏီကို မခြိမ်း​ခြောက်ပါနဲ့..."

စီးကျလာ​​​သော မျက်ရည်တို့ကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်းဖယ်သုတ်ပြီး​နောက် ပွင့်​နေ​သော တံခါးဆီမှ ပြန်၍ထွက်ခွာ​သွား​လေသည်။ ရှိုင်းသန့်လည်း ​ဒေါသထွက်​နေရာမှ လွန်းအပြုအမူအ​ပြောအဆိုတို့ကို မြင်ပြီးသော် မိမိကိုယ်ကိုပင် သတိမထားမိဘဲ လွန်း​နောက်မှ​ပြေးလိုက်သွားမိသည်။

ရင်ထဲတွင် ဗ​လောင်ဆူ​နေ​သော မျိုးစုံ​​သော ခံစားချက်​တို့​ကြောင့်သာ ဒီ​နေရာက​နေ ​အမြန်ဆုံး​ပြေးထွက်ချင်​ပေမဲ့ ​ခြေ​ထောက်တို့က သူ့အမိန့်ကိုမနာခံချင်။ နံရံ​ထောင့်တွင်ကပ်ထား​သော ပစ္စည်းထည့်သည့်ပုံးတစ်ခုကို ခလုတ်တိုက်ကာ အရှိန်လွန်၍ ပစ်လဲကျသည်။ လွန်း​နောက်မှ ​ပြေးလိုက်လာ​သော ရှိုင်းသန့်က လဲကျသွား​သောလွန်းကို ဆွဲထူကာ သူ့ကိုမှီ၍ရပ်​စေသည်။

"ညီညီ အဆင်​ပြေရဲ့လား.. ရရဲ့လား"

လွန်းက ခွန်းတုံ့မပြန်။

"ခုနက ဘာ​တွေ​ပြောသွားတာလဲ ညီညီ...
ဟမ်...ထွက်သွား​ပေးမယ်ဟုတ်လား...
ဘယ်သူက ထွက်သွားခိုင်း​နေလို့လဲ...
သူမင်းကို လက်မခံတာနဲ့ပဲ ငါကမင်းကို ​မောင်းထုတ်စရာလား...

ဘာလို့ အဲလို​တွေ​လျှောက်​ပြောရတာလဲ ညီညီရယ်....
ကိုကို အဲလိုမလုပ်ဘူးဆိုတာ ညီညီသိရဲ့သားနဲ့...
ကိုကို ကတိ​ပေးထားတယ်​လေကွာ...
ကိုကို သူ့ကို"

"​တော်ပါ​တော့ ကိုကို...
ညီညီသိပါတယ်... ​ဒါ​ပေမဲ့ သူ့ကိုက လက်ထပ်မှဖြစ်မယ်မလား...
ညီညီ့​ကြောင့်နဲ့ ဒယ်ဒီ့ကိုမျက်နှာမပျက်ပါ​စေနဲ့ ကိုကို...
ညီညီအဆင်​ပြေပါတယ်..."

လွန်းထိုမျှသာ​ပြောပြီး ရှိုင်းသန့်နှင့် အကြည့်လွှဲကာ ​​ရှေ့သို့ဆက်​လျှောက်ရန်ပြင်​တော့ ​ခြေ​ကျင်းဝတ်က ဆစ်ခနဲကျင်တက်လာတာ​ကြောင့် ဟန်ချက်ပျက်သွားကာ ယိုင်သွားသည်။ ရှိုင်းသန့်က အချိန်မှီလှမ်းထိန်းလိုက်ပြီး...

"အရှိန်ပြင်းလို့ထင်တယ် နာ​နေ​သေးတယ်မလား...လမ်း​လျှောက်နိုင်ရဲ့လား...
အိမ်ပြန်ရ​အောင်... အိမ်​​ရောက်ရင် ကိုကို​ဆေးလိမ်း​ပေးမယ်"

"ဟင် ကိုကိုအိမ်ပြန်လို့မဖြစ်​သေးဘူး​လေ... ရုံးခန်းထဲမှာ..."

"စိုင်းရှိတာပဲ... သူကြည့်လုပ်လိမ့်မယ်..."

​ရှိုင်းသန့် ​ပြောပြီးသည်နှင့် လွန်းကိုမ ချီ၍ ​အောက်ထပ်သို့ ဆင်းခဲ့သည်။ သူတို့နှစ်​ယောက်ကို ရုံးခန်းထဲမှထွက်၍ ကြည့်​နေကြ​သော အခြားသူနှစ်​ယောက်ကို​တော့ သတိမထားမိ။

ရှိုင်းသန့်နှင့်လွန်းကို ရုံးခန်းအ​ပေါက်ဝမှ လက်ပိုက်ကြည့်ရင်း ဖဲလ်ကစကားစလိုက်သည်။

"စိုင်း...သူတို့က တကယ်ပဲ ညီအစ်ကိုအရင်း​တွေလား... မင်း​ကော ဘယ်လိုထင်လဲ"

ဖဲလ်အ​မေး​ကြောင့် စိုင်း တစ်ချက်​ကြောင်သွားကာ ထစ်ထစ်​ငေါ့​​ငေါ့ဖြင့် ​ဖြေဖြစ်သည်။

"အဲ....ကျ..ကျွန်​တော်လည်း မသိဘူး...
ညီအစ်ကိုအရင်း​တွေလို့​တော့​ထင်တာပဲ...
တခါတ​လေကျလည်း မထင်ဘူး..
အင်း... အဲလိုပဲ"

"ဘယ်လို တခါတ​လေကျ မထင်တာလဲ"

"ဟို.... တခါတ​လေ အခုလိုပဲ....သူတို့နှစ်​ယောက်က အပို​တေသိပ်လုပ်တာ...
ကျွန်​တော်ပဲ ညီအစ်ကို မရှိလို့လား​တော့ မသိဘူး....သူတို့ကပဲ သံ​ယောစဥ်ကြီးလားမ​ပြောတတ်ဘူး...
ရှိုင်းသန့်က​တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စရင် စိတ်ဆိုးတတ်တယ်...အင်း... ဟုတ်တယ်"

စိုင်းအ​ဖြေများ​ကို ကြားပြီး​နောက် ဖဲလ်ခဏမျှ ​တွေ​ဝေသွားကာ ရုံးခန်းထဲက ဆိုဖာ​ပေါ်တွင် ပစ်ချထား​သော ပိုက်ဆံအိတ်ကို ​ကောက်ယူပြီး​နောက် စိုင်းကိုပင်နှုတ်မဆက်ဘဲ ကုမ္ပဏီမှ ထွက်သွား​လေသည်။

~~~~~~~~~~~~~~~~~~~~

Zawgyi...

လြန္း မ်က္ႏွာသစ္ၿပီး ႐ုံးခန္းထဲဝင္လာ​ေတာ့ ဖဲလ္ဆိုသည့္မိန္းက​ေလးက ​​ေရာက္ႏွင့္​ေနၿပီး ကိုကိုႏွင့္ စကားလက္ဆုံက်​ေနသည္။ လြန္းဝင္လာသည္ကို ျမင္​ေတာ့ ရွိုင္းသန့္က သူ႕​ေဘးတြင္ ဝင္ထိုင္​ေစကာ ဖဲလ္ႏွင့္မိတ္ဆက္​ေပးသည္။

"ဖဲလ္.... ဒါက ကိုယ့္ညီ လြန္းသုတတဲ့...

ညီညီ ဒါက Pearl Wicachat"

ဖဲလ္က လြန္းကို ​​ေျခဆုံး​ေခါင္းဆုံးၾကည့္​ေန၍ လြန္း​ေနရခက္သြားသည္။

"ရွိုင္းအေဖနဲ႕ေနာက္မိန္းမရဲ႕သား​ေပါ့....
​ေတြ႕ရတာဝမ္းသာပါတယ္​ေနာ္..."

လြန္းကိုစိုက္ၾကည့္ကာ တစ္လုံးခ်င္း​ေျပာ၍ ညာဘက္လက္ကို လြန္းဆီသို႔ ကမ္း​ေပးသည္။ ဖဲလ္စကား​ေၾကာင့္ ​​ေဒါသထြက္ ခံျပင္း၍ စိတ္ထဲရွိသည့္အတိုင္း ​ေကာက္ကာငင္ကာျပန္​ေျပာခ်င္​ေသာ္လည္း ကိုကိုစိတ္ခုမည္စိုးသျဖင့္ သည္းခံလိုက္ကာ ကမ္း​ေပးလာ​ေသာလက္ကို ျပန္ဆြဲ၍ ႏႈတ္ဆက္လိုက္သည္။

ဖဲလ္ဆို​ေသာ အမ်ိဳးသမီးႏွင့္ ထို႔ထက္ပို၍ မည္သည့္စကားမွ်မဆိုခ်င္​ေတာ့။ ​ေန႕လည္စာအတြက္ သြား၍ျပင္ဆင္မည္ဟုဆိုကာ အခန္းထဲမွ ထြက္လာခဲ့သည္။ ဖဲလ္ႏွင့္ မ်က္ႏွာခ်င္းမဆိုင္မိ​ေစရန္ ဆု​ေတာင္း​ေနသည့္ စိုင္းအဖို႔ အခြင့္​ေကာင္းကို​ေတြ႕သြား​ေလ​ေတာ့ လြန္းကို ကူလုပ္မည္ဆိုကာ သူပါ လြန္း​ေနာက္မွ လိုက္သြားသည္။

႐ုံးခန္းထဲတြင္ ရွိုင္းသန့္ႏွင့္ဖဲလ္တို႔ ႏွစ္​ေယာက္သာ က်န္ခဲ့သည္။ လြန္းႏွင့္စိုင္းတို႔ထြက္သြားၿပီး ခဏအၾကာ ရွိုင္းသန့္က ဖဲလ္ကိုအလိုမက်​ေသာအၾကည့္ျဖင့္ ၾကည့္၍...

"ဖဲလ္... ​ေက်းဇူးျပဳၿပီး လြန္းကို ခုနကလို မဆက္ဆံပါနဲ႕...
ကိုယ့္အ​ေဖရဲ႕​​ေသြးမို႔ သူဟာ ကိုယ့္ညီပါပဲ...
အကယ္၍ ဖဲလ္ဘက္က လြန္းကိုမၾကည္ျဖဴနိုင္ဘူးဆိုရင္ ကိုယ္လည္း လက္ထပ္ဖို႔ကိစၥကို ျငင္းရလိမ့္မယ္..."

ဖဲလ္က သူ႕ရင့္ဘတ္ကို လက္တစ္ဖက္ျဖင့္ဖိကာ အံ့ဩ​ေသာအမူအရာျဖင့္

"အို႔... ဘယ္လို​ေျပာလိုက္တယ္ ရွိုင္း....
ဖဲလ္က မွန္တာ​ေျပာတာ​ေလ...
တရားမဝင္တဲ့သားအတြက္နဲ႕ ကိုယ့္အ​ေဖရဲ႕ စီးပြား​ေရးကို မဖ်က္ခ်င္စမ္းပါနဲ႕...
ရွိုင္းသိပါတယ္ ဒီကိစၥက လက္ခံမွျဖစ္မယ္ဆိုတာ...."

ဖဲလ္စကားမ်ား​ေၾကာင့္ ရွိုင္းသန့္​​ေဒါသတို႔ ဆူတက္လာကာ လက္သီးကိုက်စ္က်စ္ပါ​​​​ေအာင္ ဆုပ္ထားမိသည္။ ​ေျပာစရာစကားတို႔ ရွာ​​​​ေသာ္လည္း ​ေဒါသ​ေၾကာင့္ထင္၊ စကားတစ္ခြန္းမွ် ထြက္မလာ။

ထိုအခ်ိန္တြင္ တံခါးဆီမွ ဝုန္းကနဲျမည္​ေအာင္ ဖြင့္လိုက္သည့္အသံကို ၾကားလိုက္ရသည္။ တံခါး​ေနာက္ကြယ္တြင္​ေတာ့ စူးရွ​ေသာအၾကည့္တို႔က ဖဲလ္ဆီမွာသာ ရွိ​ေန​ေသာ လြန္းကို​ေတြ႕ရ​သည္။

"အစ္မဖဲလ္​ေျပာတာ ဟုတ္ပါတယ္...
ကြၽန္​ေတာ့္အ​ေမက ဒယ္ဒီ့ရဲ႕​ေနာက္မိန္းမပါ...
ဒါ​ေပမဲ့ ကြၽန္​ေတာ္က တရားမဝင္သားမဟုတ္ဘူး...
ကြၽန္​ေတာ့္အ​ေမနဲ႕အ​ေဖက တရားဝင္လက္ထပ္​ေပါင္းသင္းခဲ့တာပါ....

ၿပီး​ေတာ့ ကြၽန္​ေတာ့္​ေၾကာင့္ ဒယ္ဒီနဲ႕အစ္ကို ႀကိဳးစားထားတဲ့အရာ​ေတြ မပ်က္ဆီး​ေစရပါဘူး...
အစ္မဖဲလ္က မၾကည္ျဖဴဘူးဆို ကြၽန္​ေတာ္က အလိုက္တသိ အစ္မတို႔ဆီက​ေနထြက္သြား​မွာပါ...
ကြၽန္​ေတာ့္​​ေၾကာင့္ဆိုၿပီး အစ္ကိုနဲ႕ ဒီကုမၸဏီကို မၿခိမ္း​ေျခာက္ပါနဲ႕..."

စီးက်လာ​​​ေသာ မ်က္ရည္တို႔ကို လက္ဖဝါးျဖင့္ ခပ္ၾကမ္းၾကမ္းဖယ္သုတ္ၿပီး​ေနာက္ ပြင့္​ေန​ေသာ တံခါးဆီမွ ျပန္၍ထြက္ခြာ​သြား​ေလသည္။ ရွိုင္းသန့္လည္း ​ေဒါသထြက္​ေနရာမွ လြန္းအျပဳအမူအ​ေျပာအဆိုတို႔ကို ျမင္ၿပီးေသာ္ မိမိကိုယ္ကိုပင္ သတိမထားမိဘဲ လြန္း​ေနာက္မွ​ေျပးလိုက္သြားမိသည္။

ရင္ထဲတြင္ ဗ​ေလာင္ဆူ​ေန​ေသာ မ်ိဳးစုံ​​ေသာ ခံစားခ်က္​တို႔​ေၾကာင့္သာ ဒီ​ေနရာက​ေန ​အျမန္ဆုံး​ေျပးထြက္ခ်င္​ေပမဲ့ ​ေျခ​ေထာက္တို႔က သူ႕အမိန့္ကိုမနာခံခ်င္။ နံရံ​ေထာင့္တြင္ကပ္ထား​ေသာ ပစၥည္းထည့္သည့္ပုံးတစ္ခုကို ခလုတ္တိုက္ကာ အရွိန္လြန္၍ ပစ္လဲက်သည္။ လြန္း​ေနာက္မွ ​ေျပးလိုက္လာ​ေသာ ရွိုင္းသန့္က လဲက်သြား​ေသာလြန္းကို ဆြဲထူကာ သူ႕ကိုမွီ၍ရပ္​ေစသည္။

"ညီညီ အဆင္​ေျပရဲ႕လား.. ရရဲ႕လား"

လြန္းက ခြန္းတုံ႕မျပန္။

"ခုနက ဘာ​ေတြ​ေျပာသြားတာလဲ ညီညီ...
ဟမ္...ထြက္သြား​ေပးမယ္ဟုတ္လား...
ဘယ္သူက ထြက္သြားခိုင္း​ေနလို႔လဲ...
သူမင္းကို လက္မခံတာနဲ႕ပဲ ငါကမင္းကို ​ေမာင္းထုတ္စရာလား...

ဘာလို႔ အဲလို​ေတြ​ေလွ်ာက္​ေျပာရတာလဲ ညီညီရယ္....
ကိုကို အဲလိုမလုပ္ဘူးဆိုတာ ညီညီသိရဲ႕သားနဲ႕...
ကိုကို ကတိ​ေပးထားတယ္​ေလကြာ...
ကိုကို သူ႕ကို"

"​ေတာ္ပါ​ေတာ့ ကိုကို...
ညီညီသိပါတယ္... ​ဒါ​ေပမဲ့ သူ႕ကိုက လက္ထပ္မွျဖစ္မယ္မလား...
ညီညီ့​ေၾကာင့္နဲ႕ ဒယ္ဒီ့ကိုမ်က္ႏွာမပ်က္ပါ​ေစနဲ႕ ကိုကို...
ညီညီအဆင္​ေျပပါတယ္..."

လြန္းထိုမွ်သာ​ေျပာၿပီး ရွိုင္းသန့္ႏွင့္ အၾကည့္လႊဲကာ ​​ေရွ႕သို႔ဆက္​ေလွ်ာက္ရန္ျပင္​ေတာ့ ​ေျခ​က်င္းဝတ္က ဆစ္ခနဲက်င္တက္လာတာ​ေၾကာင့္ ဟန္ခ်က္ပ်က္သြားကာ ယိုင္သြားသည္။ ရွိုင္းသန့္က အခ်ိန္မွီလွမ္းထိန္းလိုက္ၿပီး...

"အရွိန္ျပင္းလို႔ထင္တယ္ နာ​ေန​ေသးတယ္မလား...လမ္း​ေလွ်ာက္နိုင္ရဲ႕လား...
အိမ္ျပန္ရ​ေအာင္... အိမ္​​ေရာက္ရင္ ကိုကို​ေဆးလိမ္း​ေပးမယ္"

"ဟင္ ကိုကိုအိမ္ျပန္လို႔မျဖစ္​ေသးဘူး​ေလ... ႐ုံးခန္းထဲမွာ..."

"စိုင္းရွိတာပဲ... သူၾကည့္လုပ္လိမ့္မယ္..."

​ရွိုင္းသန့္ ​ေျပာၿပီးသည္ႏွင့္ လြန္းကိုမ ခ်ီ၍ ​ေအာက္ထပ္သို႔ ဆင္းခဲ့သည္။ သူတို႔ႏွစ္​ေယာက္ကို ႐ုံးခန္းထဲမွထြက္၍ ၾကည့္​ေနၾက​ေသာ အျခားသူႏွစ္​ေယာက္ကို​ေတာ့ သတိမထားမိ။

ရွိုင္းသန့္ႏွင့္လြန္းကို ႐ုံးခန္းအ​ေပါက္ဝမွ လက္ပိုက္ၾကည့္ရင္း ဖဲလ္ကစကားစလိုက္သည္။

"စိုင္း...သူတို႔က တကယ္ပဲ ညီအစ္ကိုအရင္း​ေတြလား... မင္း​ေကာ ဘယ္လိုထင္လဲ"

ဖဲလ္အ​ေမး​ေၾကာင့္ စိုင္း တစ္ခ်က္​ေၾကာင္သြားကာ ထစ္ထစ္​ေငါ့​​ေငါ့ျဖင့္ ​ေျဖျဖစ္သည္။

"အဲ....က်..ကြၽန္​ေတာ္လည္း မသိဘူး...
ညီအစ္ကိုအရင္း​ေတြလို႔​ေတာ့​ထင္တာပဲ...
တခါတ​ေလက်လည္း မထင္ဘူး..
အင္း... အဲလိုပဲ"

"ဘယ္လို တခါတ​ေလက် မထင္တာလဲ"

"ဟို.... တခါတ​ေလ အခုလိုပဲ....သူတို႔ႏွစ္​ေယာက္က အပို​ေတသိပ္လုပ္တာ...
ကြၽန္​ေတာ္ပဲ ညီအစ္ကို မရွိလို႔လား​ေတာ့ မသိဘူး....သူတို႔ကပဲ သံ​ေယာစဥ္ႀကီးလားမ​ေျပာတတ္ဘူး...
ရွိုင္းသန့္က​ေတာ့ ဒီကိစၥနဲ႕ပတ္သက္ၿပီး စရင္ စိတ္ဆိုးတတ္တယ္...အင္း... ဟုတ္တယ္"

စိုင္းအ​ေျဖမ်ား​ကို ၾကားၿပီး​ေနာက္ ဖဲလ္ခဏမွ် ​ေတြ​ေဝသြားကာ ႐ုံးခန္းထဲက ဆိုဖာ​ေပၚတြင္ ပစ္ခ်ထား​ေသာ ပိုက္ဆံအိတ္ကို ​ေကာက္ယူၿပီး​ေနာက္ စိုင္းကိုပင္ႏႈတ္မဆက္ဘဲ ကုမၸဏီမွ ထြက္သြား​ေလသည္။

© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі