Part 6
Unicode...
ညနေကျောင်းဆင်းချိန်တွင် အိမ်ကလာကြိုသောကားပေါ် မတက်သေးဘဲ ကျောင်းပေါက်ဝတွင် လွန်းတစ်ယောက်တည်း ရပ်နေသည်။
ခဏနေတော့ ကျောင်းထဲမှ ရှိုင်းသန့်ထွက်လာကာ သူ့ကိုမြင်သဖြင့် လာမကြိုသေးဟုထင်ကာ ကျောင်းရှေ့ကို ဝေ့ဝဲကြည့်လိုက်တော့ အိမ်က ကားကိုတွေ့လိုက်ရသည်။
"အိမ်က ကားကိုမမြင်ဘူးလား.... ကားထဲမဝင်ဘဲ ဘာရပ်လုပ်နေတာလဲ"
"ကိုကို့ကို စောင့်နေတာလေ...."
"ခါတိုင်းလည်း ကားထဲမှာပဲ စောင့်နေကျကို"
"ဟူးးး... မုန့်ထုပ်ပေးထားလို့...ဟုတ်ပြီလား"
နှုတ်ခမ်းကို တစ်ချက်ဆူလိုက်ကာ
ရှိုင်းသန့်ကိုပင်မစောင့်တော့ ခြေကိုစောင့်နင်းကာ ကားရှိရာသို့ တုပ်တုပ် တုပ်တုပ်နှင့် လျှောက်သွားလေသည်။
ရှိုင်းသန့်လည်း ပြုံးစိစိဖြင့် အနောက်မှ အမြန်ပြေးလိုက်လာပြီး ကားအနောက်ခန်းထဲဝင်ထိုင်လိုက်သည်။
ဘေးကိုကြည့်လိုက်တော့ အခုထိ ဆူပုတ်နေဆဲဖြစ်သော ကလေးလူကြီးလေးကို မြင်လိုက်ရသဖြင့် ရယ်ချင်နေသော်လည်း မရယ်ရဲဘဲ ပါးစပ်ကိုသာတင်းတင်း စိထားရလေသည်။
ဒီကောင်လေးက ရှိုင်းသန့်ကိုမခင် ခင်အောင် တမင်လုပ်နေသလိုပင်၊ မလုပ်တော့လည်း မလုပ်၊ လုပ်တော့လည်း ဟန်ပင်မဆောင်၊ သူကစ၍ စိတ်ဆိုးလိုက်သေးသည်။
သူစိတ်ဆိုးလည်း ဒယ်ဒီ့ရှေ့ရောက်လျှင် ဂိမ်းစက်မျက်နှာနှင့် သူ့ကိုပြန်ခေါ်မှာသိသည်မို့ထင်သည်။
ဟန်ဆောင်မှုမပါဘဲ သူ့ကိုအစ်ကိုတစ်ယောက်လို တွယ်တာချင်မှန်း ရှိုင်းသန့် သဘောပေါက်လိုက်သည်။
စိတ်ဆိုးစိတ်ကောက်နေသည့်အချိန်နှင့် လူကြီးတစ်ယောက်လို ပြောဆိုနေသည့်အချိန်များတွင် ဒီကောင်လေးက တော်တော် ချစ်ဖို့ကောင်းသည်။
ထိုအချိန်များတွင် သူ့ပါးဖောင်းဖောင်းလေးတွေကို ဆွဲဖဲ့ကာ အားရပါးရရယ်ပစ်ချင်သည်။
သေချာပါသည်။ရှိုင်းသန့် ဒီကောင်လေးအပေါ် မုန်းတီးနာကြည်းစိတ်များ မရှိတော့ပြီဆိုတာ....
ဘယ်တုန်းက ထိုစိတ်တွေ ပျောက်ကွယ်သွားတာလဲတော့ သူကိုယ်တိုင်ပင် မတွေးတတ်....
ညတိုင်းလိုလို လွန်းအခန်းထဲတွင် အိမ်စာအတူတူလုပ်ဖြစ်ကြသည်။ အားလပ်ရက်များတွင် ဘောလုံးအတူတူကန်ကြသည်။
တစ်ရက်က မကြုံစဖူး နှစ်ယောက်သား ရုပ်ရှင်သွားကြည့်ချင်သည်ဟု ပူဆာသဖြင့် ဦးမိုးနိုင် အိမ်ကကားနှင့် အကြိုအပို့သူကိုယ်တိုင် လုပ်ပေးရသေးသည်။
ဦးမိုးနိုင်လည်း သူ့ကတိအတိုင်း ဂိမ်းစက်ဝယ်ပေးလိုက်တော့ လွန်းကိုပါ အတူတူဆော့ရအောင် ခေါ်ကာ အိမ်စာလုပ်ပြီးသည်နှင့် ညအိပ်ရာမဝင်ခင်အထိ ရှိုင်းသန့်အခန်းတွင် ဂိမ်းဆော့ကြသည်။
ကုတင်ကိုမှီကာ ကြမ်းပြင်တွင် ခြေဆင်းထိုင်ပြီး ဂိမ်းဆော့နေကြရာမှ.....
"ကိုကို...."
"အေး ပြောလေ..."
"ကျွန်တော့ကို ဒီဂိမ်းစက်ကြောင့် ခေါ်တာမလားဟင်... အခုဂိမ်းစက်ရပြီဆိုတော့...."
တိုးဝင်သွားသောအသံနှင့် စကားဆုံးအောင်မပြောဘဲ ခေါင်းငုံ့ထားသော လွန်းကိုကြည့်ကာ ရှိုင်းသန့် စချင်လာတာကြောင့်
"အင်းဟုတ်တယ်.... နောက်ရက်ကစ မင်းအခန်းမလာတော့ဘူး... ငါ့အခန်းလည်း မလာနဲ့တော့..."
ခေါင်းငုံ့ထားရာမှ ရှိုက်သံကြားရတာကြောင့် ရှိုင်းသန့် လွန်းမျက်နှာလေးကို လက်နှစ်ဖက်ဖြင့်ယူကာ မော့လိုက်တော့ မျက်ရည်လည်းမထွက်ပါဘဲ ရှိုက်နေသော လွန်းကြောင့် ချော့ချင်စိတ်ပျောက်သွားကာ အော်ရယ်လိုက်သည်။
"ဘာလဲ... မင်းကငါ့ကို ဟန်ဆောင်နေတယ် ထင်နေသေးတာလား... ဒယ်ဒီ့ရှေ့မဟုတ်တောင် မင်းကို ဒီလို.... ဒီလိုတွေ လုပ်သေးတာပဲ"
ပြောလည်းပြော လွန်းရဲ့ခါးကို လက်ညှိုးနှစ်ချောင်းဖြင့် ကလိယားထိုးတော့ တွန့်လိမ်သွားသော ကိုယ်လေးရဲ့ မျက်နှာထက်က ခုနကနှင့်ဆန့်ကျင်စွာ ရယ်မောပျော်ရွှင်လျက်...
"အာ့ဆို... ကျွန်တော်က ကိုကို့ညီဖြစ်သွားပြီပေါ့နော်"
"အေးပါကွာ....လွန်းသုတက ငါ့ညီလေးပါ"
ခေါင်းလေးကိုပုတ်ကာ ပြုံး၍ဆိုလေတော့....
"ဟီး....ပျော်လိုက်တာ... ညီညီလို့ခေါ် ပါလားဟင်"
"မခေါ်ချင်ပါဘူး...ဘယ်သူကသင်ပေးလိုက်ပြန်တာလဲ အဲလိုအခေါ်အဝေါ်ကို..."
"ကိုယ့်ဘာသာ ချစ်ဖို့ကောင်းတယ်ထင်လို့ ထွင်လိုက်တာ ဟီးး....
မရဘူးနော် ညီညီလို့ခေါ် နော်နော် ကိုကိုလို့.....
ခေါ်ပါလို့...နော်"
ခြေဆင်းထိုင်နေသော ရှိုင်းခန့်ခြေထောက်ကို လှုပ်ကာ နှုတ်ခမ်းဆူဆူဖြင့် တတွတ်တွတ်ပူဆာနေသော လွန်းပုံစံလေးကြောင့် ရှိုင်းသန့် အူယားကာ ပါးနှစ်ဖက်ကို ဆွဲဖဲ့လိုက်တော့သည်။
"ကဲ ဟုတ်ပါပြီ ညီညီ.... အခုသွားအိပ်တော့ မိုးချုပ်နေပြီ..."
"ဟုတ်.... ကိုကို"
စပ်ဖြီးဖြီးမျက်နှာလေးနှင့် လိုချင်တာရသွားသည့် ကလေးတစ်ယောက်လို ပြေးထွက်သွားသော လွန်းကိုကြည့်ရင်း ရှိုင်းသန့် ပြုံးလိုက်သည်။
ဟုတ်ပါတယ်....
ဒယ်ဒီတို့ဘာသာ ဘယ်လိုအမှားတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီကလေးမှာက အပြစ်မရှိဘူးမလား....
သူ့ကို ခင်တွယ်လွန်းရှာသော ဒီကလေးကိုလည်းသူ့ကြောင့်ထပ်ပြီး မျက်ရည်မကျစေချင်တော့...
ကိုကို့ရဲ့ ညီလေးအဖြစ်လက်ခံပြီး ကိုယ်တို့ရွေးချယ်ကြမဲ့ ဘဝလမ်းခွဲမရောက်ခင်အထိ ကောင်းတူဆိုးတူ ဖြတ်သန်းကြတာပေါ့ ညီညီ....
အချိန်တွေ ကြာလာသည်နှင့်အမျှ ညီအစ်ကိုနှစ်ဦးကြား ဆက်ဆံရေးသည်လည်း ပို၍နွေးထွေးလာခဲ့သည်။
အကြီးအကျယ်ရန်ဖြစ်ကြသော အခါများ ရှိသော်လည်း ကြာကြာမနေနိုင်ကြပါ။ တစ်ယောက်ကိုတစ်ယောက် ပြန်ချော့တတ်သည်။
ဒေါ်ကြည်ဖြူသည် အစတွင် အိမ်ရှင်မနေရာမှာပင်နေသော်လည်း အိမ်မှာနေရတာ ပျင်းသည်ဟုဆိုကာ ဦးမိုးနိုင်၏ ကုမ္ပဏီ၌ အလုပ်လုပ်သည်။
နောက်ပိုင်းတွင် မိဘနှစ်ပါးလုံး အိမ်ကိုညဥ့်နက်မှပြန်လာကြသည်အထိ အလုပ်ရှုပ်နေတတ်သည်။ ညစာအတူမစားရသော ရက်များပင် မရေမတွက်နိုင်အောင်အထိ။
ရှိုင်းသန့်၏ အသက်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့မှာပင် အတူတူရှိမပေးနိုင်သော ဒယ်ဒီ့ကို သိပ်မကျေနပ်။
မွေးနေ့လက်ဆောင်ဆိုပြီး ခြံထဲတွင် ထိုးထားသော အနက်ရောင် Maserati Ghibliကားလေးရယ် လက်ဆောင်ဘူးလေးနှင့်ထည့်ထားသော ကားသော့လေးရယ်ကိုသာ ထားသွားခဲ့သည်။
လွန်းကိုခေါ်ကာ သူငယ်ချင်းများကို မုန့်လိုက်ကျွေးရန်၊ ဒီနေ့လည်း အိမ်ပြန်နောက်ကျမှာမို့ သူတို့ကိုမစောင့်ဘဲ မွေးနေ့ကိတ်ခွဲလိုက်ရန်တို့ကိုရေးထားသော စာရွက်ကိုလည်း လက်ဆောင်ဘူးပေါ်တွင် ကပ်ထားသေးသည်။
မွေးနေ့တိုင်း တနေကုန် အတူမရှိတောင် မွေးနေ့ကိတ်ခွဲချိန်တော့ ရှိနေပေးတတ်သော ဒယ်ဒီ့ကို စိတ်ဆိုးသော်လည်း မွေးနေ့လက်ဆောင်မျက်နှာကြောင့် စိတ်လျှော့လိုက်ကာ လွန်းကိုခေါ်ပြီး အပြင်ထွက်ခဲ့လိုက်သည်။
အပြင်မှာ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးပြီး မွေးနေ့ကိတ်ဝင်ယူကာ အိမ်သို့သာ တန်းပြန်လာခဲ့သည်။
အိမ်ပြန်နောက်ကျမည်ဟု ပြောထားသော်လည်း အလုပ်လက်စပြတ်၍ စောပြန်နိုင်မည်လား မျှော်လင့်ချက်ဖြင့် ဒယ်ဒီတို့ကို စောင့်နေခဲ့သေးသည်။
ည၁၀နာရီ ထိုးသည်အထိ ဧည့်ခန်းတွင် ထိုင်နေသော ကိုကို့ကိုကြည့်ကာ လွန်း စိတ်မကောင်းဖြစ်မိသည်။
မွေးနေ့ကိတ်ပေါ် ဖယောင်းတိုင်များထွန်းကာ သူကိုယ်တိုင်ပင် မွေးနေ့သီချင်းဆိုပြီး ရှိုင်းသန့်ဆီ ယူသွားလိုက်သည်။
ထိုအခါမှ မျက်ရည်ဝဲစပြုနေသော ရှိုင်းသန့်မျက်လုံးများက အရောင်တောက်လာပြီး မွေးနေ့ကိတ်ကိုကြည့်လိုက် လွန်းကိုကြည့်လိုက်နှင့် ပြုံးမိသည်။ ဝဲနေသော မျက်ရည်များကလည်း မျက်ဝန်းများဆီမှ စီးကျလာသည်။
"ကိုကိုရယ်... ဒယ်ဒီက ဒီတစ်နှစ်ထဲပါ...
ကြည့်ပါဦး ကလေးလေးကျနေတာပဲ...
ဆယ်နှစ်ပြည့်တာလား ဆယ့်ရှစ်နှစ်ပြည့်တာလား... ဒီကလေးက"
လွန်း ပြောလည်းပြော လက်မဖြင့် ကျလာသော မျက်ရည်များကို ဖိသုတ်ပေးလိုက်သည်။
"ဒယ်ဒီမရှိပေမဲ့ ညီညီရှိပါတယ်... ကိုကို...
ကိုကို့နားမှာ ညီညီအမြဲရှိတယ်"
"ဒီကောင်လေး စကားတွေ တော်တော်တတ်လာတယ်ထင်တယ်...."
ကျနေဆဲဖြစ်သော မျက်ရည်များကို လက်ဖမိုးဖြင့် ဖိဖိသုတ်ရင်း ရယ်သံတစ်ဝက်နှင့် လွန်းကို ပြောလိုက်သည်။
ရှိုင်းသန့် စိတ်ထဲတွင်တော့ ကြည်နူးမိပါသည်။ သူ့ဆီမှာ ဘယ်သူမှရှိမနေတော့ရင်တောင် လွန်းကတော့ ဆက်ရှိနေပေးမည်ကို သူသိသည်။
"အာ့ဆို မွေးနေ့ကိတ်ခွံ့တော့...
အာာာာာာ"
မွေးနေ့ကိတ်ကို စိုက်ကြည့်ကာ ပါးစပ်ကို အကျယ်ကြီးဟထားလိုက်သည်။
ထိုအခါမှ မွေးနေ့ရှင်က မွေးနေ့ကိတ်ကိုလှီးကာ တစ်လုတ်ခွံ့လိုက်သည်။
ကောင်းလိုက်တာဟူ၍ တမြုံ့မြုံ့နှင့်ဝါးကာ နောက်တစ်လုတ်ပြီး တစ်လုတ်ခွံ့ရန် ချစ်စဖွယ်အမူအရာများနှင့် ကြံစည်တော့သည်။
စားနေရင်းမှ ဘောင်းဘီအိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို နှိုက်ယူလိုက်ကာ...
"Happy Birthdayကိုကို....
တန်ဖိုးတော့ မရှိပေမဲ့ ညီညီကိုယ်တိုင် လုပ်ထားတာလေး ဟီး....
ကိုကို ကားသော့မှာ ချိတ်ပါလား လှမယ်ထင်တယ်"
အညိုရောင်ကျောက်ပြားလေးပေါ်တွင် Shineဟုထွင်းထားပြီး အပေါ်နားက အပေါက်လေးဖောက်ကာ ကြိုးလေးနှင့် တွဲချည်ထားသော သော့ချိတ်လေးကို ရှိုင်းသန့်ဆီပေးလိုက်သည်။
"ဘယ်တုန်းက ဒါမျိုးတွေ လုပ်တတ်သွားတာလဲ.... ကိုကိုတောင် မသိလိုက်ဘူး"
"ဟီး ကိုကို့အတွက် လုပ်ပေးချင်လို့ အတန်းထဲက ကောင်မလေးတွေဆီက နည်းနာယူလာတာ...
ကိုကိုမသိအောင် လုပ်ပါတယ်ဆို ဘယ်လိုလုပ်သိမှာလဲ...
မကြိုက်ဘူးလား.."
"မကြိုက်ဘူးလို့ ပြောမိလို့လား.... "
"အဲဒါဆို...."
ခပ်ညစ်ညစ်အသံဖြင့် တစ်ချက်ရယ်ကာ လွန်းရဲ့ လက်က ရှိုင်းသန့်မသိလိုက်ခင်မှာပဲ ကိတ်မုန့်ပေါ်က ခရင်မ်တွေဆီကို...
ထိုမှတစ်ဆင့် လျင်မြန်သော အရှိန်ဖြင့် ရှိုင်းသန့်မျက်နှာဆီ ရောက်သွားလေသည်။
"ဟာ...ဟေ့ကောင်....
ငါက မွေးနေ့ရှင်နော်"
"အဲတော့ ဘာဖြစ်တုန်းး"
လက်တွင် ခရင်မ်များပေပွကာ သူ့ကိုလျှာထုတ်ပြီးလှောင်နေသော လွန်းကို ကြည့်ပြီး ရှိုင်းသန့်လည်း ကိတ်မုန့်ကခရင်မ်များကို လက်နှင့်အပြည့်ယူကာ လိုက်ဖမ်းတော့ ထွက်ပြေးလေသည်။
အတန်ကြာ ဧည့်ခန်းကိုပတ်ကာ စိမ်ပြေးလိုက်တမ်းကစားပြီးမှ လွန်းတစ်ယောက်မောသွားကာ အရှုံးပေးလိုက်သည်။
"တော်ပြီ ကိုကို မောနေပြီ... နည်းနည်းပဲနော်..
ကိုကို့တုန်းက နည်းနည်းပဲသုတ်တာနော်.."
သူ့မျက်နှာဆီ ဦးတည်လာသော ခရင်မ်အပြည့်နှင့် ရှိုင်းသန့်လက်ကို မနိုင့်တနိုင်နှင့် ဖမ်းချုပ်ရင်း ပါးစပ်ကလည်း တဖွဖွပြောနေသည်။
အင်အားချင်းမမျှသဖြင့် ခဏတွင်းမှာပင် လွန်းခန္ဓာကိုယ်တစ်ခုလုံး ရှိုင်းသန့် လက်နှစ်ဖက်အတွင်းသို့ ရောက်သွားသည်။
အနောက်ဖက်မှ သိုင်းဖက်ကာ လက်တစ်ဖက်တည်းနှင့် လွန်းရဲ့ လက်နှစ်ဖက်ကို ချုပ်ထားပြီး ကျန်လက်တစ်ဖက်ကခရင်မ်များကို လွန်းမျက်နှာတစ်ခုလုံး နေရာလွတ်မကျန် သုတ်လိမ်းပေးလိုက်သည်။
"သူ့ကိုကျ နည်းနည်းလေးသုတ်တာကို ဗြဲ...."
မျက်နှာတစ်ခုလုံး ဖွေးဖွေးဖြူနေသော ခရင်မ်များနှင့် တရှုံ့ရှုံ့လုပ်ကာ ငိုချင်ယောင်ဆောင်နေသော လွန်းမျက်နှာကိုကြည့်ကာ ရှိုင်းသန့် လက်ညှိုးထိုးပြီး အားရပါးရ ရယ်ပစ်လိုက်သည်။
ထိုနေ့ညက ညဥ့်နက်မှ အိပ်ရာဝင်ဖြစ်ကြသော်လည်း သူတို့အိပ်ပျော်သည်အထိ ဦးမိုးနိုင်တို့ အိမ်ပြန်ရောက်မလာသေးပေ။
~~~~~~~~~~~~~~~~
Zawgyi...
"ကိုကို...."
"အေး ပြောလေ..."
ပြောလည်းပြော လွန်းရဲ့ခါးကို လက်ညှိုးနှစ်ချောင်းဖြင့် ကလိယားထိုးတော့ တွန့်လိမ်သွားသော ကိုယ်လေးရဲ့ မျက်နှာထက်က ခုနကနဲ့ဆန့်ကျင်စွာ ရယ်မောပျော်ရွှင်လျက်...
ခေါ်ပါလို့...နော်"
"ဟုတ်.... ကိုကို"
ဟုတ်ပါတယ်....
ဒယ်ဒီတို့ဘာသာ ဘယ်လိုအမှားတေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီကလေးမှာက အပြစ်မရှိဘူးမလား....
အာာာာာာ"
"Happy Birthdayကိုကို....
မကြိုက်ဘူးလား.."
"အဲဒါဆို...."
"ဟာ...ဟေ့ကောင်....
ငါက မွေးနေ့ရှင်နော်"
"အဲတော့ ဘာဖြစ်တုန်းး"