Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 7
ညက ညီအစ်ကိုနှစ်​ယောက် ​ခြေကုန်လက်ပမ်းကြကာ ​အိပ်​မောကျ​​နေသဖြင့် ​နောက်ကျမှ အိပ်ရာနိုးကြသည်။

​ရေမိုးချိုးပြီး မနက်စာစားရန် ​အောက်ဆင်းလာကြ​တော့ ထမင်းစားဝိုင်းတွင် ဦးမိုးနိုင်၏ လူယုံ ဦး​အေး​ကျော် ထိုင်​နေသည်။

​ဘေးနားတွင် အိမ်​တော်ထိန်း​ဒေါ်ကြီး ဒရိုင်ဘာဦး​လေးကြီးတို့အပြင် အခြား အိမ်တွင်ရှိ​သော အိမ်အကူများအားလုံးလည်း ငြိမ်သက်စွာ မတ်တပ်ရပ်​နေကြသည်။

သူတို့အားလုံးမျက်နှာများမ​ကောင်းကြ.....

ရှိုင်းသန့်နှင့် လွန်း အိမ်​ပေါ်မှဆင်းလာသည်ကို မြင်​သောအခါ ဦး​အေး​ကျော်က ရှိုင်းသန့်ကို စိုက်ကြည့်​နေ​​လေသည်။

ရှိုင်းသန့်​​ကော လွန်း​ကော အ​ခြေအ​နေများကို နားမလည်နိုင်စွာဖြင့် တစ်​ယောက်ကိုတစ်​ယောက် ပြန်ကြည့်မိကြသည်။

ဦး​အေး​ကျော်က ရှိုင်းသန့်လက်ကို ဆုပ်ကိုင်လာကာ အ​ဖြေရှာ​နေ​သော မျက်ဝန်းများကို မကြည့်ရက်စွာ ​ခေါင်းငုံ့ထား​လေသည်။

"သားရှိုင်းသန့် ....
သားဒယ်ဒီနဲ့ ​ဒေါ်ကြည်ဖြူစီးလာတဲ့ကား ဘန်​ကောက်က​နေ မဲ​ဆောက်ကိုသွားတဲ့လမ်းမှာ ​မှောက်​နေတာကို သက်ဆိုင်ရာက အ​ကြောင်းကြားလို့ ဒီ​နေ့မနက်က သိလာရတယ် သား.....

အက်ဆီးဒန့်ဖြစ်တဲ့အချိန်က မနက်သုံးနာရီ​လောက် ဖြစ်မယ်လို့​ပြောကြတယ်..."

​စကားစများ ခဏရပ်သွားကာ သက်ပြင်းတစ်ချက်ချရင်း ဆက်​ပြောမည်အပြု....

"ဒါဆို ဒါဆို ဒယ်ဒီ​ကော.... ဘာဖြစ်သွား​သေးလဲဟင် ဦး​​အေး...."

ဦး​အေး​ကျော်ဆုပ်ကိုင်ထား​သော ရှိုင်းသန့်လက်များက​အေးစက်၍ တုန်ယင်လာသည်။
ဦး​အေး​ကျော်လည်း ပို၍တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီး....

"နှစ်ဦးလုံး ​​နေရာမှာပဲ ဆုံးသွားကြတယ် သား...."

ဒီတခါမှာ​တော့ အ​နောက်ဘက်တွင် ရပ်​နေ​သော လွန်းပါ အရုပ်ကြိုးပြတ် ​မြေပြင်​ပေါ်သို့ လဲကျသွား​တော့သည်။

သူတို့​ရှေ့တွင် ဦး​အေး​ကျော်​ပြောသွား​​သော စကားများကို လက်မခံနိုင်စွာ မယုံကြည်နိုင်စွာ အံ့အားသင့်စွာ.....

လွန်းက ကြမ်းပြင်ကိုစိုက်ကြည့်လျက် စီးကျလာ​သော မျက်ရည်တို့ကို သုတ်ဖယ်ခြင်းမရှိ....
ရင်ဘတ်ထဲက မွန်းကြပ်လွန်းသဖြင့် အသက်ပြင်းပြင်းရှူ​နေရသည်။

ရှိုင်းသန့်က​တော့ ဦး​အေး​ကျော်ရဲ့ လက်ကို ဖယ်ချကာ မျက်ရည်မကျမိ​စေရန် အံကိုကြိတ်ကာ ထိန်းချုပ်ထားလျက် ခေါင်းကိုတွင်တွင်ရမ်းခါ​နေမိသည်။

ဦး​အေး​ကျော်က ​နောက်တစ်ဖန် ရှိုင်းသန့်လက်ကို လှမ်း၍ဆုပ်ကိုင်လာကာ....

"သား စိတ်ထိန်းပါ....သားကို ဦး​အေးနားလည်ပါတယ်.... ဒီ​နေ့ သားတို့နှစ်​ယောက်လုံးအတွက် ​ကျောင်းမှာခွင့်တိုင်ခဲ့တယ်....

​ဝမ်းနည်း​ကြေကွဲလိုက်ပါသား.....

ပြီးရင်​တော့ မင်းဒယ်ဒီဖြစ်​စေချင်တဲ့အတိုင်း ​ရှေ့ဆက်​လျှောက်ဖို့ အားတင်းထားပါ....

သား​ဘေးမှာ ဦးတို့ အမြဲရှိ​နေမှာပါ..."

ထိုမျှသာ​ပြောပြီး ရှိုင်းသန့်ကို ဖက်လိုက်ကာ ​ကျောကို အသာပုတ်​ပေးလိုက်သည်။

ထို့​နောက် ကြမ်းပြင်​ပေါ်တွင် ပုံလဲကျနေ​သော လွန်းဆီသို့ ဦးတည်ကာ သူပါ ကြမ်းပြင်​ပေါ်တွင် ဒူး​တစ်ဖက်​ထောက်ကာ ထိုင်လိုက်သည်။

လွန်း၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး စီးကျ​နေ​သော မျက်ရည်များကို တစ်ချက် သုတ်​ပေးလိုက်သည်။

"လွန်း သား​လေး.... သား​မေ​မေ​ ဖြစ်​စေချင်တာ​တွေလည်းရှိတယ်သား....
​​သားမေ​မေမရှိ​တော့​တောင် မေ​မေစိတ်ချမ်းသာ​အောင် ​နေ​ပေးမယ်မလား...."

စိုစွတ်​နေသာ မျက်ဝန်းတို့ဖြင့် ဦး​အေး​ကျော်ကို စိုက်ကြည့်ကာ ​ခေါင်းကို အသာ​လေး ငြိမ့်ပြသည်။
ဦး​အေး​ကျော်လည်း ရှိုင်းသန့်နည်းတူ လွန်းကို​ပွေ့ဖက်ကာ အား​​ပေးလေသည်။

ပြီး​နောက် အိမ်​တော်ထိန်း​ဒေါ်ကြီးကို မှာစရာရှိတာများမှာကာ ဦး​အေး​ကျော် အိမ်ထဲမှ ထွက်သွားသည်။

ရှိုင်းသန့်လည်း အိမ်​ပေါ်ကို ဒုန်းဆိုင်းတက်သွားကာ အခန်းတံခါးကို ဝုန်းခနဲမြည်​အောင် ​စောင့်ပိတ်လိုက်သည်။
တံခါးပိတ်သံကြား​တော့ လွန်းလည်း အသိပြန်ဝင်လာပြီး အိမ်​ပေါ်သို့ ​ပြေးတက်သွား​လေသည်။

သူ့အခန်းဆီသို့ မသွားဘဲ ရှိုင်းသန့်အခန်းဆီ ဦးတည်လိုက်ကာ တံခါးမ​ခေါက်​တော့ဘဲ ချက်ချင်းတွန်းဖွင့်ဝင်ခဲ့သည်။

ကုတင်​​ခြေရင်းတွင် ကုတင်ကိုမှီပြီး ဒူးနှစ်​ချောင်း​ထောင်၍​ထိုင်ကာ ဒူး​ပေါ်တွင် မျက်နှာကိုအပ်လျက် လက်နှစ်ဖက်ဖြင့် ဆံပင်များကိုထိုးဖွ​နေ​သော ရှိုင်းသန့်ကို လွန်း​ပြေးဖက်လိုက်သည်။

ရှိုင်းသန့်လည်း မည်သို့မျှမတုံ့ပြန်ဘဲ ငြိမ်သက်​နေလိုက်သည်။လွန်း ရှိုင်းသန့်ကို တင်းကြပ်စွာဖက်ကာ ရှိုက်ကြီးတငင်နှင့် ငိုချ​တော့သည်။

အတန်ကြာမှ ရှိုင်းသန့်လည်း လွန်းကိုပြန်ဖက်ကာ ထိန်းချုပ်ထား​သောမျက်ရည်တို့ကို လွတ်လပ်ခွင့်​ပေးလိုက်​တော့သည်။

အချိန်အ​တော်ကြာသည်အထိ တစ်ဦးနှင့်တစ်ဦး ဖက်ကာငို​ကြွေး​ရင်း ပင်ပန်းလာ၍ထင်သည်။ ရှိုင်းသန့်ပုခုံး​ပေါ်တွင် ​ခေါင်း​​လေးစောင်းကာ လွန်းအိပ်​ပျော်သွားသည်။

ရှိုင်းသန့်သတိထားမိ​တော့ လွန်း၏​ကျောပြင်​လေးကို အသာပုတ်ကာ သူလည်း ငို​နေရာမှ ရပ်တန့်လိုက်သည်။ ထို့​နောက် ပုခုံး​ပေါ်မှီ၍ အိပ်​ပျော်​​နေ​သော ကိုယ်​လေး မနိုး​စေရန် အသာ​လေး ​ပွေ့ချီကာ သူ့ကုတင်​ပေါ် ​ရွှေ့သည်။

​​ခြောက်ကပ်စပြု​​နေပြီဖြစ်​သော မျက်ရည်စတို့ကို အိပ်​ပျော်​နေသူ​​လေး မနိုး​စေရန် ​သေချာသုတ်​ပေးပြီး ​စောင်အပါးတစ်ထည်ကို လွှမ်းခြုံ​ပေးလိုက်သည်။

ရှိုင်းသန့် ​ရေချိုးခန်းထဲသို့ ဝင်ခဲ့ပြီး ​ရေပန်းကိုဖွင့်ကာ ​ရေပန်း​အောက်တွင် ထိုင်ချလိုက်သည်။

ကံကြမ္မာက ​တော်​တော်တရားကျဖို့​ကောင်းတာပဲ....
မာမီ့ကို​ရောဒယ်ဒီ့ကို​ရော တူညီတဲ့အဖြစ်ဆိုးကြီးနဲ့ ငါ့ဘဝထဲက​နေ​ ​ခေါ်ထုတ်သွားရတာ ​ကျေနပ်ပါရဲ့လား....
ငါ့ရဲ့​မွေး​နေ့ကို ​အောက်​မေ့ဖွယ်​နေ့အဖြစ် ​ပြောင်းလဲပစ်ရတာ ​ပျော်ပါရဲ့လား....

ငယ်ငယ်က မိဘအစွန့်ပစ်ခံ က​လေးတစ်​ယောက် ​ပြန်ဆုံ​တွေ့လို့ ​ပျော်ရွှင်​နေချိန်မှ အဲအ​ပျော်ကိုဖျက်ဆီးပစ်ရတာ ဝမ်းသာပါရဲ့လား....

စိတ်ချပါဒယ်ဒီနဲ့မာမီ..... ဒယ်ဒီတို့ဖြစ်​စေချင်တဲ့အတိုင်း သားအ​ကောင်းဆုံးကြိုးစားသွားမှာပါ....
လဲကျရင်​တောင် ပြန်ထမှာမို့ ဒယ်ဒီတို့က ​စောင့်ကြည့်​နေ​ပေးပါ....
ညီညီ့ကိုလည်း အတတ်နိုင်ဆုံး ​စောင့်​​ရှောက်သွားမှာပါ.....

"​မေ​မေ.... မသွားပါနဲ့... သား​ကြောက်တယ်.... မသွားပါနဲ့ ​မေ​မေရယ်....​မေ​မေ...."

ရှိုင်းသန့် ​အပြင်ဘက်မှ လွန်းအသံကြားတာ​​ကြောင့် ​ရေပန်း​အောက်မှ အမြန်ထကာ အိပ်ရာ​ပေါ်ကြည့်လိုက်​တော့ အိပ်​မောကျ​နေရင်း ပါးစပ်က ​ယောင်​​ယောင်ဝါးဝါးနှင့် အဆက်မပြတ်​ရေရွတ်​နေ​သော လွန်း​ကြောင့် ​ရေစို​နေ​သောအဝတ်တို့ကိုချွတ်ကာ တဘက်ခြုံလိုက်ပြီး ကုတင်ထက် လွန်း​ဘေးတွင်ဝင်ထိုင်လိုက်သည်။

မျက်ရည်များက ​ခေါင်းအုံး​ပေါ် စီးကျ​နေကာ အသက်ရှူသံပြင်းပြင်းကို ကြားရတာ​ကြောင့် ရှိုင်းသန့် မ​နေနိုင်​တော့စွာ လှုပ်နှိုးလိုက်​တော့သည်။

"ညီညီ.... သတိထားဦး... ညီညီ"

ထိုအခါမှ မျက်လုံးများပွင့်လာကာ သူ့ကိုမြင်​တော့ ချက်ချင်းထထိုင်ကာ လည်ပင်းကို သိုင်းဖက်လာသည်။

"အိပ်မက်မက်​နေတာ ညီညီ.... ကိုကိုရှိတယ်​နော်.. ဘာမှမဖြစ်ဘူး"

​ကျော​ပြင်​လေးကို ပုတ်ကာ ​လေသံ​အေး​အေး​​လေးနှင့်ဆို​လေ​တော့....

"​မေ​မေက တကယ် ညီညီ့ကို ထားသွားပြီ​ပေါ့​နော်.... ​မေ​မေက တကယ်...."

"​တော်​တော့ ညီညီ.... အဲဒါ​တွေ မစဥ်းစားနဲ့​တော့​နော်.... ကိုကိုရှိ​သေးတယ်​လေ ညီညီရဲ့..... ညီညီ့မှာ ကိုကိုရှိ​​သေးတယ် ဟုတ်ပြီလား....

​​ရေ​သောက်လိုက်ဦး.... ပြီးရင် ပြန်အိပ်လိုက်ဦး​နော်..."

"ညီညီမအိပ်ချင်​တော့ဘူး..... အိပ်မ​ပျော်​တော့ဘူး.."

"ဟုတ်ပါပြီ... ဒါဆိုလည်း ​ရေသွားချိုးလိုက်...."

"ခုနကမှချိုးထားတာကို ညီညီ​​ရေမချိုးချင်ဘူး.... ဘာမှလည်းမလုပ်ချင်ဘူး"

"ဟုတ်ပါပြီ ကိုယ်​တော်​လေးရယ်... ပျင်းလိုက်တာ အားကြီး...."

ထိုအခါမှ လွန်း တစ်ချက်ပြုံးကာ ရှိုင်းသန့်ကို ပြန်ဖက်​လေသည်။

"ကိုကို ​​ရေပြန်ချိုးထားတာလား.... ​အေး​နေတာပဲ ကိုကို့ကိုယ်ကြီး..."

"အင်း...ဟုတ်တယ်... ​ရေချိုး​​နေတာ မပြီး​သေးဘူး... ကိုယ်​တော်​လေး​အော်သံကြားလို့ ထွက်လာတာ"

"အာ့ဆို သွားချိုး​လေ... ညီညီအခန်းပြန်​တော့မယ်..."

​ပြောပြီးသည်နှင့်​ ​စောင်ကိုဖယ်ကာ ထမည်အပြု ရှိုင်းသန့်က လှမ်းတားသည်။

"ဒီ​နေ့ ဒီမှာပဲ​နေပါ ညီညီ တစ်​ယောက်တည်းမ​နေနဲ့... ကိုကိုနဲ့ပဲ​နေပါ.."

လွန်း ခေါင်းငြိမ့်ပြကာ ​ရေချိုးခန်းထဲကို ပြန်ဝင်သွား​သော ရှိုင်းသန့်ကို လိုက်ကြည့်​နေမိ​သေးသည်။

​မေ​​မေဖြစ်​စေချင်တာ​တွေ ရှိတယ်လို့ ​ပြောခဲ့တယ်မလား....
သားအတတ်နိုင်​ဆုံး ဖြည့်ဆည်းသွားမှာပါ...
​​မေ​မေမရှိ​တော့လည်း ​မေ​မေ့စိတ်တိုင်းကျ ​နေထိုင်သွားဦးမှာပါ ​မေ​မေ....

ဖခင်​မေတ္တာအပြည့်အဝ​ပေးခဲ့တဲ့ ဒယ်ဒီ့ကို​ကျေးဇူးပြန်မဆပ်နိုင်လိုက်တာအတွက် အရမ်းဝမ်းနည်းရ​ပေမဲ့ ​​မေ​မေ​​ကော ဒယ်ဒီ​ကော စိတ်မပျက်ရ​အောင် ကြိုးစားသွားပါ့မယ်...
သားကတိ​ပေးပါတယ်.....

ကိုကို့ကိုလည်း ​ကျေးဇူးတင်ပါတယ်...
ကိုယ်တိုင် စိတ်အားငယ်​နေချိန်မှာ​တောင် ကျွန်​တော့်ကို ​ဖေးမ​ပေးလို့...
အနားမှာ အမြဲတမ်းရှိ​နေ​ပေးလို့....

ဦးမိုးနိုင်နှင့် ​ဒေါ်နန်းကြည်ဖြူတို့၏ ဈာပနကို ဦး​အေး​ကျော်ကပဲ ဦး​ဆောင်စီစဥ်​ပေးသည်။
ရက်လည်ပြီးသွား​သောအခါ ဦးမိုးနိုင်​​ရှေ့​​နေမှ အ​မွေကိစ္စ လာ​ရောက်​ဆွေး​နွေး​လေသည်။

ရှိုင်းသန့်နှင့် လွန်းကို ပိုင်ဆိုင်မှု တစ်ဝက်စီ အညီအမျှခွဲ​ဝေ​ပေးထားခဲ့သည်။ လွမ်းက ဆယ့်ရှစ်နှစ်မပြည့်​သေးသဖြင့် ​လော​လောဆည်တွင် ရှိုင်းသန့်ကပင် အ​မွေအားလုံးကို ထိန်းချုပ်​စေပြီး လွန်းအသက်ပြည့်မှ ပြန်လည်ခွဲယူရန် ဖြစ်သည်။

စာချုပ်စာတမ်းကိစ္စများပြီးစီးသွား​သောအခါ ​ရှေ့​နေက လွန်းကို တစ်ဦးတည်း သီးသန့်​ခေါ်​​တွေ့သည်။

အ​ကြောင်းအရင်းက ​ဒေါ်နန်းကြည်ဖြူ၏ ​သေတမ်းစာကိစ္စဖြစ်သည်။ ​​ရှေ့​နေက ​သေတမ်းစာနှင့်အတူ စာရွက်စာတမ်းတစ်ချို့ပါ​သော ဖိုင်တစ်ခုကို လွန်းလက်ထဲကို အပ်ခဲ့သည်။

ညဘက်များတွင် ရှိုင်းသန့်နှင့် လွန်း အတူတူအိပ်ဖြစ်ကြသည်။
အမြန်အဆန်ဖြစ်ပျက်သွား​သော အဖြစ်အပျက်များကို လက်ခံလာနိုင်ရန် မိမိတို့ဘဝကိုပြန်တည်​​ဆောက်ရန် တစ်​ယောက်ကိုတစ်​​ယောက် အား​ပေး​ဖေးမကာ ​နေ​နေကြရသည်။

ဒီ​နေ့​တော့ ​မေ​မေထားသွား​သော ​သေတမ်းစာကို ဖတ်ချင်တာ​ကြောင့် လွန်း သီးသန့်အိပ်ရန် ကိုကို့ကို​တောင်းဆို​တော့ လက်ခံပါသည်။

အခန်းထဲ​ရောက်သည်နှင့် စာကြည့်စားပွဲ​ပေါ်ထိုင်ကာ ​သေတမ်းစာကိုဖွင့်​ဖောက်လိုက်သည်။
လက်များက ​အေးစက်ကာ တုန်ယင်​နေသည်။ မျက်ရည်တို့က စီးကျချင်​​နေ​သော်လည်း လွန်းက ခွင့်မပြုသဖြင့် မျက်ဝန်းအစုံတွင် ရစ်ဝဲ​နေသည်။

"​​မေ​မေ​လေ သားကိုအရင်ဆုံး​တောင်းပန်ချင်တယ်....
သိသင့်တဲ့အမှန်တရားအချို့ကို သားမသိ​အောင် ဖုံးဖိထားမိတဲ့အတွက်ပါ....

ပရိယာယ်များလွန်းတဲ့ ​လောကကြီးထဲမှာ ဖြူစင်လွန်းတဲ့ ​မေ​မေ့သား​လေးကို ဒုက္ခပင်လယ်မ​ဝေ​စေချင်လို့ နှုတ်ဆိတ်​ခဲ့ရတာကို အမှန်တရား​တွေ အားလုံး သိတဲ့တစ်​နေ့ သား နားလည်လာမှာပါ...
မေ​မေမရှိ​တော့တဲ့အချိန် ဒီ​သေတမ်းစာကို သား​လေးဖတ်မိတဲ့အချိန်မှ ဒီအမှန်တရားကို သိခွင့်​ပေးရတာအတွက် ​မေ​မေစိတ်မ​ကောင်းဘူး...

ဒီ​​သေတမ်းစာနဲ့အတူ ပါတဲ့ DNAဟာ သားဒယ်ဒီ ဦးမိုးနိုင်ရဲ့DNAပါ....
သားအမှန်တရားကို လက်ခံနိုင်မဲ့တစ်​နေ့ စစ်ကြည့်​ပေးပါ....

​မေ​မေ လုပ်ပါလို့မ​တောင်းဆိုချင်​တော့ဘူး သား​လေး....
​မေ​မေ့ဆန္ဒ​တွေ အမြဲဖြည့်ဆည်း​ပေး​နေတဲ့သား​လေး ပင်ပန်း​နေပြီဆိုတာ ​မေ​မေသိတယ်....

အကယ်၍ စစ်ဖြစ်ခဲ့မယ်ဆိုရင် ဒီကိစ္စကို မင်းကိုကို မသိ​အောင် လျှို့ဝှက်ထား​ပေးပါ....
သူမသိတာ အ​​ကောင်းဆုံးဖြစ်မှာပါသား...
ဒီတစ်ခု​ကို​တော့ ​မေ​မေ​နောက်ဆုံးအ​နေနဲ့ ​တောင်းဆိုသွားချင်တယ် လွန်း​လေး....

ကျန်တဲ့စာရွက်စာတမ်းတွေကလည်း သားသိသင့်တယ်ထင်တဲ့ ကိစ္စ​တွေပါ...
​သားကြည့်လိုက်လို့ နားမလည်​နိုင်​သေးရင်သိမ်းထား​ပေးပါ....
တစ်​နေ့​နေ့မှာ သားအတွက် အ​ထောက်အကူဖြစ်​စေမှာပါ...."

လွန်းတစ်​ယောက် ​ဒေါ်ကြည်ဖြူ၏ ​သေတမ်းစာကို ဖတ်ပြီး​နောက် ပူးတွဲပါလာ​သော ဖိုင်ကိုဖွင့်ကြည့်လိုက်သည်။

အိတ်အကြည်​​ရောင်နှင့်ထည့်ထား​​သော ဆံပင်စတချို့ ၊ သူ​နေခဲ့​သည့် St.Mary မိဘမဲ့​ဂေဟာသို့ လှူဒါန်းထား​သော စာရင်းစာရွက်၊ အိမ်လိပ်စာဟုထင်ရသည့် စာအချို့ ​​ရေးထား​သော စာရွက်တစ်ရွက်နှင့် ​မေ​မေငယ်စဥ်ကရိုက်ထား​​သောပုံတစ်ပုံ...

ထိုပုံမှာ မ​သေသပ်လှ... မပြည့်စုံဟု​ပြောလျှင် ပိုမှန်မည်။ ဓါတ်ပုံ၏ အခြားတစ်ခြမ်းကို ​သေချာစွာဖြဲထားသည်ဟု ထင်ရသည်။

​မေ​မေ​​ရေးထားသလိုပင် DNAကိစ္စမှလွဲ တခြား​သောအရာများကို လွန်းနားမလည်ပါ....

​မေ​မေ​ပြောချင်​နေတဲ့ အမှန်တရား​တွေက ဘာ​တွေများလဲ....
DNA?? ဆိုလိုတာက ကျွန်​တော်က...
စစ်လိုက်သင့်လား... ဒီတိုင်းပဲထားသင့်လား...
​အမှန်တရားကို​ရော လက်ခံနိုင်ပါ့မလား...

လွန်း ထိုညက တစ်ညလုံး အိပ်မ​ပျော်​တော့... မနက်​မြန်မြန်​​ရောက်ရန်သာ ဆု​တောင်း​နေမိသည်။

~~~~~~~~~~~~~~~~~~~

Zawgyi...

ညက ညီအစ္ကိုႏွစ္​ေယာက္ ​ေျခကုန္လက္ပမ္းၾကကာ ​အိပ္​ေမာက်​​ေနသျဖင့္ ​ေနာက္က်မွ အိပ္ရာနိုးၾကသည္။

​ေရမိုးခ်ိဳးၿပီး မနက္စာစားရန္ ​ေအာက္ဆင္းလာၾက​ေတာ့ ထမင္းစားဝိုင္းတြင္ ဦးမိုးနိုင္၏ လူယုံ ဦး​ေအး​ေက်ာ္ ထိုင္​ေနသည္။

​ေဘးနားတြင္ အိမ္​ေတာ္ထိန္း​ေဒၚႀကီး ဒရိုင္ဘာဦး​ေလးႀကီးတို႔အျပင္ အျခား အိမ္တြင္ရွိ​ေသာ အိမ္အကူမ်ားအားလုံးလည္း ၿငိမ္သက္စြာ မတ္တပ္ရပ္​ေနၾကသည္။

သူတို႔အားလုံးမ်က္ႏွာမ်ားမ​ေကာင္းၾက.....

ရွိုင္းသန့္ႏွင့္ လြန္း အိမ္​ေပၚမွဆင္းလာသည္ကို ျမင္​ေသာအခါ ဦး​ေအး​ေက်ာ္က ရွိုင္းသန့္ကို စိုက္ၾကည့္​ေန​​ေလသည္။

ရွိုင္းသန့္​​ေကာ လြန္း​ေကာ အ​ေျခအ​ေနမ်ားကို နားမလည္နိုင္စြာျဖင့္ တစ္​ေယာက္ကိုတစ္​ေယာက္ ျပန္ၾကည့္မိၾကသည္။

ဦး​ေအး​ေက်ာ္က ရွိုင္းသန့္လက္ကို ဆုပ္ကိုင္လာကာ အ​ေျဖရွာ​ေန​ေသာ မ်က္ဝန္းမ်ားကို မၾကည့္ရက္စြာ ​ေခါင္းငုံ႕ထား​ေလသည္။

"သားရွိုင္းသန့္ ....
သားဒယ္ဒီနဲ႕ ​ေဒၚၾကည္ျဖဴစီးလာတဲ့ကား ဘန္​ေကာက္က​ေန မဲ​ေဆာက္ကိုသြားတဲ့လမ္းမွာ ​ေမွာက္​ေနတာကို သက္ဆိုင္ရာက အ​ေၾကာင္းၾကားလို႔ ဒီ​ေန႕မနက္က သိလာရတယ္ သား.....

အက္ဆီးဒန့္ျဖစ္တဲ့အခ်ိန္က မနက္သုံးနာရီ​ေလာက္ ျဖစ္မယ္လို႔​ေျပာၾကတယ္..."

​စကားစမ်ား ခဏရပ္သြားကာ သက္ျပင္းတစ္ခ်က္ခ်ရင္း ဆက္​ေျပာမည္အျပဳ....

"ဒါဆို ဒါဆို ဒယ္ဒီ​ေကာ.... ဘာျဖစ္သြား​ေသးလဲဟင္ ဦး​​ေအး...."

ဦး​ေအး​ေက်ာ္ဆုပ္ကိုင္ထား​ေသာ ရွိုင္းသန့္လက္မ်ားက​ေအးစက္၍ တုန္ယင္လာသည္။
ဦး​ေအး​ေက်ာ္လည္း ပို၍တင္းက်ပ္စြာ ဖမ္းဆုပ္လိုက္ၿပီး....

"ႏွစ္ဦးလုံး ​​ေနရာမွာပဲ ဆုံးသြားၾကတယ္ သား...."

ဒီတခါမွာ​ေတာ့ အ​ေနာက္ဘက္တြင္ ရပ္​ေန​ေသာ လြန္းပါ အ႐ုပ္ႀကိဳးျပတ္ ​ေျမျပင္​ေပၚသို႔ လဲက်သြား​ေတာ့သည္။

သူတို႔​ေရွ႕တြင္ ဦး​ေအး​ေက်ာ္​ေျပာသြား​​ေသာ စကားမ်ားကို လက္မခံနိုင္စြာ မယုံၾကည္နိုင္စြာ အံ့အားသင့္စြာ.....

လြန္းက ၾကမ္းျပင္ကိုစိုက္ၾကည့္လ်က္ စီးက်လာ​ေသာ မ်က္ရည္တို႔ကို သုတ္ဖယ္ျခင္းမရွိ....
ရင္ဘတ္ထဲက မြန္းၾကပ္လြန္းသျဖင့္ အသက္ျပင္းျပင္းရႉ​ေနရသည္။

ရွိုင္းသန့္က​ေတာ့ ဦး​ေအး​ေက်ာ္ရဲ႕ လက္ကို ဖယ္ခ်ကာ မ်က္ရည္မက်မိ​ေစရန္ အံကိုႀကိတ္ကာ ထိန္းခ်ဳပ္ထားလ်က္ ေခါင္းကိုတြင္တြင္ရမ္းခါ​ေနမိသည္။

ဦး​ေအး​ေက်ာ္က ​ေနာက္တစ္ဖန္ ရွိုင္းသန့္လက္ကို လွမ္း၍ဆုပ္ကိုင္လာကာ....

"သား စိတ္ထိန္းပါ....သားကို ဦး​ေအးနားလည္ပါတယ္.... ဒီ​ေန႕ သားတို႔ႏွစ္​ေယာက္လုံးအတြက္ ​ေက်ာင္းမွာခြင့္တိုင္ခဲ့တယ္....

​ဝမ္းနည္း​ေၾကကြဲလိုက္ပါသား.....

ၿပီးရင္​ေတာ့ မင္းဒယ္ဒီျဖစ္​ေစခ်င္တဲ့အတိုင္း ​ေရွ႕ဆက္​ေလွ်ာက္ဖို႔ အားတင္းထားပါ....

သား​ေဘးမွာ ဦးတို႔ အၿမဲရွိ​ေနမွာပါ..."

ထိုမွ်သာ​ေျပာၿပီး ရွိုင္းသန့္ကို ဖက္လိုက္ကာ ​ေက်ာကို အသာပုတ္​ေပးလိုက္သည္။

ထို႔​ေနာက္ ၾကမ္းျပင္​ေပၚတြင္ ပုံလဲက်ေန​ေသာ လြန္းဆီသို႔ ဦးတည္ကာ သူပါ ၾကမ္းျပင္​ေပၚတြင္ ဒူး​တစ္ဖက္​ေထာက္ကာ ထိုင္လိုက္သည္။

လြန္း၏ ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး စီးက်​ေန​ေသာ မ်က္ရည္မ်ားကို တစ္ခ်က္ သုတ္​ေပးလိုက္သည္။

"လြန္း သား​ေလး.... သား​ေမ​ေမ​ ျဖစ္​ေစခ်င္တာ​ေတြလည္းရွိတယ္သား....
​​သားေမ​ေမမရွိ​ေတာ့​ေတာင္ ေမ​ေမစိတ္ခ်မ္းသာ​ေအာင္ ​ေန​ေပးမယ္မလား...."

စိုစြတ္​ေနသာ မ်က္ဝန္းတို႔ျဖင့္ ဦး​ေအး​ေက်ာ္ကို စိုက္ၾကည့္ကာ ​ေခါင္းကို အသာ​ေလး ၿငိမ့္ျပသည္။
ဦး​ေအး​ေက်ာ္လည္း ရွိုင္းသန့္နည္းတူ လြန္းကို​ေပြ႕ဖက္ကာ အား​​ေပးေလသည္။

ၿပီး​ေနာက္ အိမ္​ေတာ္ထိန္း​ေဒၚႀကီးကို မွာစရာရွိတာမ်ားမွာကာ ဦး​ေအး​ေက်ာ္ အိမ္ထဲမွ ထြက္သြားသည္။

ရွိုင္းသန့္လည္း အိမ္​ေပၚကို ဒုန္းဆိုင္းတက္သြားကာ အခန္းတံခါးကို ဝုန္းခနဲျမည္​ေအာင္ ​ေစာင့္ပိတ္လိုက္သည္။
တံခါးပိတ္သံၾကား​ေတာ့ လြန္းလည္း အသိျပန္ဝင္လာၿပီး အိမ္​ေပၚသို႔ ​ေျပးတက္သြား​ေလသည္။

သူ႕အခန္းဆီသို႔ မသြားဘဲ ရွိုင္းသန့္အခန္းဆီ ဦးတည္လိုက္ကာ တံခါးမ​ေခါက္​ေတာ့ဘဲ ခ်က္ခ်င္းတြန္းဖြင့္ဝင္ခဲ့သည္။

ကုတင္​​ေျခရင္းတြင္ ကုတင္ကိုမွီၿပီး ဒူးႏွစ္​ေခ်ာင္း​ေထာင္၍​ထိုင္ကာ ဒူး​ေပၚတြင္ မ်က္ႏွာကိုအပ္လ်က္ လက္ႏွစ္ဖက္ျဖင့္ ဆံပင္မ်ားကိုထိုးဖြ​ေန​ေသာ ရွိုင္းသန့္ကို လြန္း​ေျပးဖက္လိုက္သည္။

ရွိုင္းသန့္လည္း မည္သို႔မွ်မတုံ႕ျပန္ဘဲ ၿငိမ္သက္​ေနလိုက္သည္။လြန္း ရွိုင္းသန့္ကို တင္းၾကပ္စြာဖက္ကာ ရွိုက္ႀကီးတငင္ႏွင့္ ငိုခ်​ေတာ့သည္။

အတန္ၾကာမွ ရွိုင္းသန့္လည္း လြန္းကိုျပန္ဖက္ကာ ထိန္းခ်ဳပ္ထား​ေသာမ်က္ရည္တို႔ကို လြတ္လပ္ခြင့္​ေပးလိုက္​ေတာ့သည္။

အခ်ိန္အ​ေတာ္ၾကာသည္အထိ တစ္ဦးႏွင့္တစ္ဦး ဖက္ကာငို​ေႂကြး​ရင္း ပင္ပန္းလာ၍ထင္သည္။ ရွိုင္းသန့္ပုခုံး​ေပၚတြင္ ​ေခါင္း​​ေလးေစာင္းကာ လြန္းအိပ္​ေပ်ာ္သြားသည္။

ရွိုင္းသန့္သတိထားမိ​ေတာ့ လြန္း၏​ေက်ာျပင္​ေလးကို အသာပုတ္ကာ သူလည္း ငို​ေနရာမွ ရပ္တန့္လိုက္သည္။ ထို႔​ေနာက္ ပုခုံး​ေပၚမွီ၍ အိပ္​ေပ်ာ္​​ေန​ေသာ ကိုယ္​ေလး မနိုး​ေစရန္ အသာ​ေလး ​ေပြ႕ခ်ီကာ သူ႕ကုတင္​ေပၚ ​ေ႐ႊ႕သည္။

​​ေျခာက္ကပ္စျပဳ​​ေနၿပီျဖစ္​ေသာ မ်က္ရည္စတို႔ကို အိပ္​ေပ်ာ္​ေနသူ​​ေလး မနိုး​ေစရန္ ​ေသခ်ာသုတ္​ေပးၿပီး ​ေစာင္အပါးတစ္ထည္ကို လႊမ္းၿခဳံ​ေပးလိုက္သည္။

ရွိုင္းသန့္ ​ေရခ်ိဳးခန္းထဲသို႔ ဝင္ခဲ့ၿပီး ​ေရပန္းကိုဖြင့္ကာ ​ေရပန္း​ေအာက္တြင္ ထိုင္ခ်လိဳက္သည္။

ကံၾကမၼာက ​ေတာ္​ေတာ္တရားက်ဖိဳ႕​ေကာင္းတာပဲ....
မာမီ့ကို​ေရာဒယ္ဒီ့ကို​ေရာ တူညီတဲ့အျဖစ္ဆိုးႀကီးနဲ႕ ငါ့ဘဝထဲက​ေန​ ​ေခၚထုတ္သြားရတာ ​ေက်နပ္ပါရဲ႕လား....
ငါ့ရဲ႕​ေမြး​ေန႕ကို ​ေအာက္​ေမ့ဖြယ္​ေန႕အျဖစ္ ​ေျပာင္းလဲပစ္ရတာ ​ေပ်ာ္ပါရဲ႕လား....

ငယ္ငယ္က မိဘအစြန့္ပစ္ခံ က​ေလးတစ္​ေယာက္ ​ျပန္ဆုံ​ေတြ႕လို႔ ​ေပ်ာ္႐ႊင္​ေနခ်ိန္မွ အဲအ​ေပ်ာ္ကိုဖ်က္ဆီးပစ္ရတာ ဝမ္းသာပါရဲ႕လား....

စိတ္ခ်ပါဒယ္ဒီနဲ႕မာမီ..... ဒယ္ဒီတို႔ျဖစ္​ေစခ်င္တဲ့အတိုင္း သားအ​ေကာင္းဆုံးႀကိဳးစားသြားမွာပါ....
လဲက်ရင္​ေတာင္ ျပန္ထမွာမို႔ ဒယ္ဒီတို႔က ​ေစာင့္ၾကည့္​ေန​ေပးပါ....
ညီညီ့ကိုလည္း အတတ္နိုင္ဆုံး ​ေစာင့္​​ေရွာက္သြားမွာပါ.....

"​ေမ​ေမ.... မသြားပါနဲ႕... သား​ေၾကာက္တယ္.... မသြားပါနဲ႕ ​ေမ​ေမရယ္....​ေမ​ေမ...."

ရွိုင္းသန့္ ​အျပင္ဘက္မွ လြန္းအသံၾကားတာ​​ေၾကာင့္ ​ေရပန္း​ေအာက္မွ အျမန္ထကာ အိပ္ရာ​ေပၚၾကည့္လိုက္​ေတာ့ အိပ္​ေမာက်​ေနရင္း ပါးစပ္က ​ေယာင္​​ေယာင္ဝါးဝါးႏွင့္ အဆက္မျပတ္​ေရ႐ြတ္​ေန​ေသာ လြန္း​ေၾကာင့္ ​ေရစို​ေန​ေသာအဝတ္တို႔ကိုခြၽတ္ကာ တဘက္ၿခဳံလိုက္ၿပီး ကုတင္ထက္ လြန္း​ေဘးတြင္ဝင္ထိုင္လိုက္သည္။

မ်က္ရည္မ်ားက ​ေခါင္းအုံး​ေပၚ စီးက်​ေနကာ အသက္ရႉသံျပင္းျပင္းကို ၾကားရတာ​ေၾကာင့္ ရွိုင္းသန့္ မ​ေနနိုင္​ေတာ့စြာ လႈပ္ႏွိုးလိုက္​ေတာ့သည္။

"ညီညီ.... သတိထားဦး... ညီညီ"

ထိုအခါမွ မ်က္လုံးမ်ားပြင့္လာကာ သူ႕ကိုျမင္​ေတာ့ ခ်က္ခ်င္းထထိုင္ကာ လည္ပင္းကို သိုင္းဖက္လာသည္။

"အိပ္မက္မက္​ေနတာ ညီညီ.... ကိုကိုရွိတယ္​ေနာ္.. ဘာမွမျဖစ္ဘူး"

​ေက်ာ​ျပင္​ေလးကို ပုတ္ကာ ​ေလသံ​ေအး​ေအး​​ေလးႏွင့္ဆို​ေလ​ေတာ့....

"​ေမ​ေမက တကယ္ ညီညီ့ကို ထားသြားၿပီ​ေပါ့​ေနာ္.... ​ေမ​ေမက တကယ္...."

"​ေတာ္​ေတာ့ ညီညီ.... အဲဒါ​ေတြ မစဥ္းစားနဲ႕​ေတာ့​ေနာ္.... ကိုကိုရွိ​ေသးတယ္​ေလ ညီညီရဲ႕..... ညီညီ့မွာ ကိုကိုရွိ​​ေသးတယ္ ဟုတ္ၿပီလား....

​​ေရ​ေသာက္လိုက္ဦး.... ၿပီးရင္ ျပန္အိပ္လိုက္ဦး​ေနာ္..."

"ညီညီမအိပ္ခ်င္​ေတာ့ဘူး..... အိပ္မ​ေပ်ာ္​ေတာ့ဘူး.."

"ဟုတ္ပါၿပီ... ဒါဆိုလည္း ​ေရသြားခ်ိဳးလိုက္...."

"ခုနကမွခ်ိဳးထားတာကို ညီညီ​​ေရမခ်ိဳးခ်င္ဘူး.... ဘာမွလည္းမလုပ္ခ်င္ဘူး"

"ဟုတ္ပါၿပီ ကိုယ္​ေတာ္​ေလးရယ္... ပ်င္းလိုက္တာ အားႀကီး...."

ထိုအခါမွ လြန္း တစ္ခ်က္ၿပဳံးကာ ရွိုင္းသန့္ကို ျပန္ဖက္​ေလသည္။

"ကိုကို ​​ေရျပန္ခ်ိဳးထားတာလား.... ​ေအး​ေနတာပဲ ကိုကို႔ကိုယ္ႀကီး..."

"အင္း...ဟုတ္တယ္... ​ေရခ်ိဳး​​ေနတာ မၿပီး​ေသးဘူး... ကိုယ္​ေတာ္​ေလး​ေအာ္သံၾကားလို႔ ထြက္လာတာ"

"အာ့ဆို သြားခ်ိဳး​ေလ... ညီညီအခန္းျပန္​ေတာ့မယ္..."

​ေျပာၿပီးသည္ႏွင့္​ ​ေစာင္ကိုဖယ္ကာ ထမည္အျပဳ ရွိုင္းသန့္က လွမ္းတားသည္။

"ဒီ​ေန႕ ဒီမွာပဲ​ေနပါ ညီညီ တစ္​ေယာက္တည္းမ​ေနနဲ႕... ကိုကိုနဲ႕ပဲ​ေနပါ.."

လြန္း ေခါင္းၿငိမ့္ျပကာ ​ေရခ်ိဳးခန္းထဲကို ျပန္ဝင္သြား​ေသာ ရွိုင္းသန့္ကို လိုက္ၾကည့္​ေနမိ​ေသးသည္။

​ေမ​​ေမျဖစ္​ေစခ်င္တာ​ေတြ ရွိတယ္လို႔ ​ေျပာခဲ့တယ္မလား....
သားအတတ္နိုင္​ဆုံး ျဖည့္ဆည္းသြားမွာပါ...
​​ေမ​ေမမရွိ​ေတာ့လည္း ​ေမ​ေမ့စိတ္တိုင္းက် ​ေနထိုင္သြားဦးမွာပါ ​ေမ​ေမ....

ဖခင္​ေမတၱာအျပည့္အဝ​ေပးခဲ့တဲ့ ဒယ္ဒီ့ကို​ေက်းဇူးျပန္မဆပ္နိုင္လိုက္တာအတြက္ အရမ္းဝမ္းနည္းရ​ေပမဲ့ ​​ေမ​ေမ​​ေကာ ဒယ္ဒီ​ေကာ စိတ္မပ်က္ရ​ေအာင္ ႀကိဳးစားသြားပါ့မယ္...
သားကတိ​ေပးပါတယ္.....

ကိုကို႔ကိုလည္း ​ေက်းဇူးတင္ပါတယ္...
ကိုယ္တိုင္ စိတ္အားငယ္​ေနခ်ိန္မွာ​ေတာင္ ကြၽန္​ေတာ့္ကို ​ေဖးမ​ေပးလို႔...
အနားမွာ အၿမဲတမ္းရွိ​ေန​ေပးလို႔....

ဦးမိုးနိုင္ႏွင့္ ​ေဒၚနန္းၾကည္ျဖဴတို႔၏ ဈာပနကို ဦး​ေအး​ေက်ာ္ကပဲ ဦး​ေဆာင္စီစဥ္​ေပးသည္။
ရက္လည္ၿပီးသြား​ေသာအခါ ဦးမိုးနိုင္​​ေရွ႕​​ေနမွ အ​ေမြကိစၥ လာ​ေရာက္​ေဆြး​ေႏြး​ေလသည္။

ရွိုင္းသန့္ႏွင့္ လြန္းကို ပိုင္ဆိုင္မႈ တစ္ဝက္စီ အညီအမွ်ခြဲ​ေဝ​ေပးထားခဲ့သည္။ လြမ္းက ဆယ့္ရွစ္ႏွစ္မျပည့္​ေသးသျဖင့္ ​ေလာ​ေလာဆည္တြင္ ရွိုင္းသန့္ကပင္ အ​ေမြအားလုံးကို ထိန္းခ်ဳပ္​ေစၿပီး လြန္းအသက္ျပည့္မွ ျပန္လည္ခြဲယူရန္ ျဖစ္သည္။

စာခ်ဳပ္စာတမ္းကိစၥမ်ားၿပီးစီးသြား​ေသာအခါ ​ေရွ႕​ေနက လြန္းကို တစ္ဦးတည္း သီးသန့္​ေခၚ​​ေတြ႕သည္။

အ​ေၾကာင္းအရင္းက ​ေဒၚနန္းၾကည္ျဖဴ၏ ​ေသတမ္းစာကိစၥျဖစ္သည္။ ​​ေရွ႕​ေနက ​ေသတမ္းစာႏွင့္အတူ စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ပါ​ေသာ ဖိုင္တစ္ခုကို လြန္းလက္ထဲကို အပ္ခဲ့သည္။

ညဘက္မ်ားတြင္ ရွိုင္းသန့္ႏွင့္ လြန္း အတူတူအိပ္ျဖစ္ၾကသည္။
အျမန္အဆန္ျဖစ္ပ်က္သြား​ေသာ အျဖစ္အပ်က္မ်ားကို လက္ခံလာနိုင္ရန္ မိမိတို႔ဘဝကိုျပန္တည္​​ေဆာက္ရန္ တစ္​ေယာက္ကိုတစ္​​ေယာက္ အား​ေပး​ေဖးမကာ ​ေန​ေနၾကရသည္။

ဒီ​ေန႕​ေတာ့ ​ေမ​ေမထားသြား​ေသာ ​ေသတမ္းစာကို ဖတ္ခ်င္တာ​ေၾကာင့္ လြန္း သီးသန့္အိပ္ရန္ ကိုကို႔ကို​ေတာင္းဆို​ေတာ့ လက္ခံပါသည္။

အခန္းထဲ​ေရာက္သည္ႏွင့္ စာၾကည့္စားပြဲ​ေပၚထိုင္ကာ ​ေသတမ္းစာကိုဖြင့္​ေဖာက္လိုက္သည္။
လက္မ်ားက ​ေအးစက္ကာ တုန္ယင္​ေနသည္။ မ်က္ရည္တို႔က စီးက်ခ်င္​​ေန​ေသာ္လည္း လြန္းက ခြင့္မျပဳသျဖင့္ မ်က္ဝန္းအစုံတြင္ ရစ္ဝဲ​ေနသည္။

"​​ေမ​ေမ​ေလ သားကိုအရင္ဆုံး​ေတာင္းပန္ခ်င္တယ္....
သိသင့္တဲ့အမွန္တရားအခ်ိဳ႕ကို သားမသိ​ေအာင္ ဖုံးဖိထားမိတဲ့အတြက္ပါ....

ပရိယာယ္မ်ားလြန္းတဲ့ ​ေလာကႀကီးထဲမွာ ျဖဴစင္လြန္းတဲ့ ​ေမ​ေမ့သား​ေလးကို ဒုကၡပင္လယ္မ​ေဝ​ေစခ်င္လို႔ ႏႈတ္ဆိတ္​ခဲ့ရတာကို အမွန္တရား​ေတြ အားလုံး သိတဲ့တစ္​ေန႕ သား နားလည္လာမွာပါ...
ေမ​ေမမရွိ​ေတာ့တဲ့အခ်ိန္ ဒီ​ေသတမ္းစာကို သား​ေလးဖတ္မိတဲ့အခ်ိန္မွ ဒီအမွန္တရားကို သိခြင့္​ေပးရတာအတြက္ ​ေမ​ေမစိတ္မ​ေကာင္းဘူး...

ဒီ​​ေသတမ္းစာနဲ႕အတူ ပါတဲ့ DNAဟာ သားဒယ္ဒီ ဦးမိုးနိုင္ရဲ႕DNAပါ....
သားအမွန္တရားကို လက္ခံနိုင္မဲ့တစ္​ေန႕ စစ္ၾကည့္​ေပးပါ....

​ေမ​ေမ လုပ္ပါလို႔မ​ေတာင္းဆိုခ်င္​ေတာ့ဘူး သား​ေလး....
​ေမ​ေမ့ဆႏၵ​ေတြ အၿမဲျဖည့္ဆည္း​ေပး​ေနတဲ့သား​ေလး ပင္ပန္း​ေနၿပီဆိုတာ ​ေမ​ေမသိတယ္....

အကယ္၍ စစ္ျဖစ္ခဲ့မယ္ဆိုရင္ ဒီကိစၥကို မင္းကိုကို မသိ​ေအာင္ လွ်ို႔ဝွက္ထား​ေပးပါ....
သူမသိတာ အ​​ေကာင္းဆုံးျဖစ္မွာပါသား...
ဒီတစ္ခု​ကို​ေတာ့ ​ေမ​ေမ​ေနာက္ဆုံးအ​ေနနဲ႕ ​ေတာင္းဆိုသြားခ်င္တယ္ လြန္း​ေလး....

က်န္တဲ့စာ႐ြက္စာတမ္းေတြကလည္း သားသိသင့္တယ္ထင္တဲ့ ကိစၥ​ေတြပါ...
​သားၾကည့္လိုက္လို႔ နားမလည္​နိုင္​ေသးရင္သိမ္းထား​ေပးပါ....
တစ္​ေန႕​ေန႕မွာ သားအတြက္ အ​ေထာက္အကူျဖစ္​ေစမွာပါ...."

လြန္းတစ္​ေယာက္ ​ေဒၚၾကည္ျဖဴ၏ ​ေသတမ္းစာကို ဖတ္ၿပီး​ေနာက္ ပူးတြဲပါလာ​ေသာ ဖိုင္ကိုဖြင့္ၾကည့္လိုက္သည္။

အိတ္အၾကည္​​ေရာင္ႏွင့္ထည့္ထား​​ေသာ ဆံပင္စတခ်ိဳ႕ ၊ သူ​ေနခဲ့​သည့္ St.Mary မိဘမဲ့​ေဂဟာသို႔ လႉဒါန္းထား​ေသာ စာရင္းစာ႐ြက္၊ အိမ္လိပ္စာဟုထင္ရသည့္ စာအခ်ိဳ႕ ​​ေရးထား​ေသာ စာ႐ြက္တစ္႐ြက္ႏွင့္ ​ေမ​ေမငယ္စဥ္ကရိုက္ထား​​ေသာပုံတစ္ပုံ...

ထိုပုံမွာ မ​ေသသပ္လွ... မျပည့္စုံဟု​ေျပာလွ်င္ ပိုမွန္မည္။ ဓါတ္ပုံ၏ အျခားတစ္ျခမ္းကို ​ေသခ်ာစြာၿဖဲထားသည္ဟု ထင္ရသည္။

​ေမ​ေမ​​ေရးထားသလိုပင္ DNAကိစၥမွလြဲ တျခား​ေသာအရာမ်ားကို လြန္းနားမလည္ပါ....

​ေမ​ေမ​ေျပာခ်င္​ေနတဲ့ အမွန္တရား​ေတြက ဘာ​ေတြမ်ားလဲ....
DNA?? ဆိုလိုတာက ကြၽန္​ေတာ္က...
စစ္လိုက္သင့္လား... ဒီတိုင္းပဲထားသင့္လား...
​အမွန္တရားကို​ေရာ လက္ခံနိုင္ပါ့မလား...

လြန္း ထိုညက တစ္ညလုံး အိပ္မ​ေပ်ာ္​ေတာ့... မနက္​ျမန္ျမန္​​ေရာက္ရန္သာ ဆု​ေတာင္း​ေနမိသည္။
© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі