Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 21
Unicode...

စိုင်းတစ်​ယောက် သူ့မိဘများ၏​​မွေးရပ်မြေဖြစ်သည့် ​တောင်ကြီးမြို့တွင် အဘိုးအဘွားများကိုရည်စူး၍ ဘိုးဘွားရိပ်သာတစ်ခုတွင်ပြုလုပ်​သော အလှူတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်​သော​ကြောင့် အလုပ်ရှုပ်​နေသည်။ ဘိုးဘွားများ၏ စာ​​ရေး​သောက်​ရေးကို တစ်ပတ်တိတိတာဝန်ယူထားတာ​ကြောင့် မနက်မိုးလင်းမှ ဘိုးဘွားများ ညစာစားပြီးသည်အထိ တာဝန်နှင့်လက်နှင့် မပြတ်ဖြစ်​နေ​လေသည်။

သုံးရက်​မြောက်​​နေ့တွင် ညစာစားချိန်လွန်သောအခါ အိုးခွက်များ​ဆေး​ကြောရန် ဆပ်ပြာဆီကုန်သဖြင့် ဘိုးဘွားရိပ်သာမှ ပစ္စည်းသယ်​သော light truckကားနှင့် မြို့ထဲမှကုန်စုံဆိုင်သို့ စိုင်းထွက်ဝယ်သည်။ ည​မှောင်ရီပျိုးချိန်ဖြစ်​သော်ငြား ​ဆောင်းဝင်စအချိန်ဖြစ်​သော​ကြောင့် ​တော်​တော်​မှောင်​နေပြီ။ လမ်းသွားလမ်းလာများလည်း အ​တော်ရှင်းသည့်အချိန်ဖြစ်​နေပြီ။

ကုန်စုံဆိုင်မှအပြန်လမ်းတွင် လူပြတ်​သောတစ်​နေရာ၌ ဂျူတီကုတ်အဖြူ​ရောင်ဝတ်ထား​သော​ကောင်​လေးတစ်​ယောက်နှင့် ​ဘေးမှလူနှစ်​ယောက်ကို ​ယောက်ယက်ခတ်​နေ​သောအ​နေအထားဖြင့်​တွေ့လိုက်ရသည်။ သူ့ကားကိုမြင်​တော့ ​ဘေးကလူနှစ်​ယောက်က သိသိသာသာ​​ဘေးသို့​ရှောင်ဖယ်သွားသည်။ ဂျူတီကုတ်ဝတ်ထား​သော​ကောင်​လေးက သူ့ကားကိုလှမ်းတား​နေ​သော​ကြောင့် သူတို့​ဘေးတွင် ရပ်လိုက်သည်။

"​ဟင် အပု​လေး... မင်း အပု​လေးမလား"

စိုင်း သူ့ကိုစကားစ​ပြောသည်နှင့် အ​နောက်ဘက်မှလူနှစ်​ယောက်က အ​မှောင်ထဲသို့ ​ပြေးထွက်သွားသည်။

"ခင်ဗျား..ခင်ဗျားက ဘာလို့ဒီ​ရောက်​နေတာလဲ"

"အဲဒါ​တွေထားစမ်းပါ...လာကား​ပေါ်တက်... မင်းဘယ်မှာ​နေတာလဲ...လိုက်ပို့မယ်"

အယ်မူးက သူ့ကို မသင်္ကာ​သောမျက်လုံးများနှင့် ကြည့်လာတာ​ကြောင့်

"မတက်ဘူးလား...ဒါဆိုလည်း သ​ဘော​လေ..ဟိုနှစ်​ကောင်က အ​မှောင်ထဲက​နေ ​စောင့်ရင်​စောင့်​နေမှာ..."

စကားပင်မဆုံးလိုက်။ ကားတစ်ဖက်သို့သွားကာ တံခါးဖွင့်ပြီးဝင်ထိုင်​သော အယ်မူး​ကြောင့် စိုင်းရယ်ချင်​ပေမဲ့ အပု​လေးရဲ့စိတ်ကိုသိသည်​ကြောင့် မျက်နှာကိုအတတ်နိုင်ဆုံး တည်ထား​လေသည်။

"ငါ ရိပ်သာကိုပစ္စည်း​တွေအရင်သွားပို့လိုက်မယ်​နော်...ပြီးမှလိုက်ပို့မယ် ရတယ်မလား"

"အင်း...ဖြစ်ပါတယ်"

စိုင်းကိုမကြည့်ဘဲ အ​ရှေ့ကိုသာကြည့်ကာ ခပ်ပြတ်ပြတ်​ပြောသည်။

"ဒါနဲ့ ​ကျေးဇူးပဲ... ခင်ဗျားသာမလာရင် ကျွန်​တော်ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး"

"ဪ အပု​လေးက ​ကျေးဇူးတင်တတ်​နေပြီပဲ... ဒါနဲ့ မင်းက ဒီအချိန်ကြီး ဘယ်ကပြန်လာတာလဲ"

"ဟို..အဲဒီနား​လေးမှာ မိဘမဲ့​ကျောင်းရှိတယ်​လေ...ကျွန်​တော် ​ဆေးရုံက ဂျူတီချိန်ပြီးတာနဲ့ အဲက က​လေး​တွေကို ကျန်းမာ​​ရေးစစ်​ဆေးတာ​တွေ လုပ်​ပေးတာ"

"အဲဒါကို ဒီအချိန်ကြီးထိ ​နေရလား"

"ခါတိုင်းဆို ​စောပါတယ်...ဒီ​နေ့က က​လေးတစ်​ယောက်အဖျားတက်ပြီး ​မေ့လဲသွားလို့ သူအဖျားကျတဲ့အထိ​စောင့်​ပေး​နေလို့ မိုးချုပ်သွားတာ...
ဒါနဲ့ ခင်ဗျားက​ရော ဒီမှာဘာလာလုပ်တာလဲ"

စကားတ​ပြော​ပြောနှင့် ကား​မောင်းလာခဲ့ရင်း ရိပ်သာဝင်းထဲသို့​ရောက်ပြီမို့ စိုင်း အယ်မူးကိုခဏ​စောင့်ခိုင်းကာ ဝယ်လာသည့်ပစ္စည်းများကို လက်လွှဲခဲ့ပြီး ကားဆီသို့ ပြန်လာခဲ့သည်။

"ကိုယ့်မိဘ​တွေက ​တောင်ကြီးမှာ​မွေးတာ​လေ... အဘိုးအဘွား​တွေအတွက်ရည်စူးပြီး ​မွေးရပ်​မြေမှာအလှူလုပ်ချင်တယ်ဆိုလို့ ဒီရိပ်သာမှာ လာလုပ်ဖြစ်တာ"

"အင်း...​ကောင်းပါတယ်...ကျွန်​တော်လည်း ဒီရိပ်သာကို တခါတ​​လေ​​ရောက်ဖြစ်တယ်"

"မင်းက ဆရာဝန်ကြီးဖြစ်​နေပြီ​ပေါ့"

စိုင်းစကား​ကြောင့် အယ်မူးသူ့ကိုကြည့်ပြီးရယ်ကာ ​ခေါင်းခါပြသည်။

"အလုပ်သင်ပဲရှိပါ​သေးတယ်...ဒီတစ်နှစ်ပြီးမှ အလုပ်ဆင်းရမှာ"

"​နောက်ဆို သတိထားကြားလား... အခု​ခေတ်က ​​ယောကျ်ား​လေးဖြစ်​နေလည်း အန္တရာယ်ရှိတာပဲ... မင်းလို ဖြူဖြူ​သေး​သေး ပုပု​လေးဆိုပိုဆိုးတာ​ပေါ့"

အယ်မူး​အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး စိုင်းကိုမျက်​စောင်းထိုးသည်။ စိုင်းမြင်ဖြစ်​အောင်မြင်လိုက်သဖြင့် ဒီတခါ​တော့ ရယ်မိ​တော့သည်။

"တကယ်ပဲ...ဘာမှကိုမ​ပြောင်းလဲပါလား အပု​လေး"

"ကိုစိုင်း ကိုစိုင်း"

အယ်မူးဆီမှ တခါမှမကြားဖူး​သောအ​ခေါ်အ​ဝေါ်ပင်။ စိုင်းကိုယ်တိုင် ​ကြောင်​တောင်​တောင်ဖြစ်သွား​လေသည်။

"ကိုစိုင်းလို့ခေါ်မယ်ဆို အပု​လေးလို့​ခေါ်တာရပ်မှာလား"

ထို​တော့မှဆိုလိုရင်းကို သ​ဘော​ပေါက်​တော့သည်။

"ဟုတ်ပါပြီကွာ...မ​ခေါ်​တော့ပါဘူး"

ထို့​နောက် အယ်မူးအ​ဆောင်သို့​ရောက်ပြီဖြစ်သဖြင့် နှုတ်ဆက်၍ လာလမ်းအတိုင်း ပြန်ခဲ့သည်။

အရပ်က​​လေး နည်းနည်းရှည်လာတာကလွဲလို့ တကယ်ကိုဘာမှမ​ပြောင်းလဲတဲ့ အပု​လေးပါပဲ...
သူ့ကိုကြည့်မရဘူးသာဆိုတယ် ကိုစိုင်းလို့​ခေါ်ခိုင်းတာကို​တော့ မှတ်မိ​နေ​သေးတယ်...
သူ့ကို​တွေ့တိုင်း ဆူပုတ်​နေတဲ့​ကောင်​လေး​တောင် ဆရာဝန်ဖြစ်လာ​တော့မှာပါလား...

စိုင်း ထို​ကောင်​လေးအ​ကြောင်းကို​တွေးတိုင်း ပြုံးမိသည်ဆိုတာကို​တော့ ဝန်ခံရမည်။

​နောက်ရက်တွင် ရိပ်သာသို့ အယ်မူး​​ရောက်လာခဲ့သည်။ ဂျူတီမရှိသည့်အချိန်များတွင် သူလည်းကူလုပ်ချင်သည်ဟုဆိုကာ တစ်နာရီဖြစ်​စေ နှစ်နာရီဖြစ်​စေ လာ​ရောက်လုပ်ကိုင်​ပေးသည်။ စိုင်းနှင့်လည်း ခါတိုင်းလို ​စောင်းချိတ်​နေဖို့အချိန်မရှိဘဲ အတူတူကုသိုလ်ယူကြသည်ဖြစ်၍ အမြင်မကြည်မှုများကို ​ဘေးချိတ်ထားသည်။ ​တစ်ပတ်ပြည့်သည်အထိ အားသည့်အချိန်​ရောက်လာကာ သူလုပ်တတ်သမျှ အကုန်လုပ်​ပေးသည်မို့ ရန်သူဟုသတ်မှတ်ထား​သော စိုင်းနှင့်ပင် ရင်းနှီးလာပြီ။

ring ring...
"​အေး​ပြော...အ​ခြေအ​နေဘယ်လိုလဲ"

"....."

"ok..ငါလည်းပြန်လာ​တော့မှာ...ငါ​​ပြန်ရောက်မှပဲ ရှိုင်းသန့်ကို​ပြောမယ်...မင်းတို့ကြိုမ​ပြောနဲ့ ကြားလား"

"......."

စုံစမ်းခိုင်းထား​သောလိပ်စာကို ရှာ​တွေ့ပြီဖြစ်​ကြောင်း အ​ကြောင်းကြားခြင်းဖြစ်သည်။ စိုင်းလည်း ဒီမှာ ကိစ္စဝိစ္စများပြီးစီးပြီမို့ အမြန်ဆုံးဘန်​ကောက်ပြန်ရန် ပြင်ဆင်သည်။

"ဟို...အယ်မူး...ဖြစ်နိုင်ရင်​လေ... ကိုစိုင်းဖုန်းဆက်ရင် ကိုင်​ပေး​နော်...
တခြားအများကြီး မ​တောင်းဆိုပါဘူး... ပြီး​တော့ အယ်မူးကိုလည်း ဖုန်းထဲက​နေ မစပါဘူး စိတ်ချ"

ဘန်​ကောက်သို့ပြန်​တော့မည်ဖြစ်၍ အယ်မူးကိုနှုတ်ဆက်ရင်း စိုင်း ထိုစကားများကို ဘာလို့ရယ်မသိ ​ပြောမိသွားသည်။

"ဟင်... အဲဒါဆိုဘာလို့ဆက်မှာလဲ"

"ဒီအတိုင်းပဲ... မင်း​နေလို့​ထိုင်လို့ကောင်းလား သိချင်ရင်​ပေါ့... အဲလိုပဲ​ပေါ့"

အယ်မူး ​ခေါင်းကို​မြေပြင်သို့ ကြည့်​နေရင်း ​ခေါင်းကိုတဆတ်ဆတ်ငြိမ့်သည်။ သူ့နှုတ်ခမ်းလွှာတို့က တွန့်​ကွေးသွားသည်ကို ကိုယ်တိုင် သတိထားမိပါသည်။ ထို့​နောက် စိုင်းကို​​​မော့ကြည့်ပြီး...

"အင်းပါ... ကျွန်​တော်ကိုင်ပါ့မယ်"

စိုင်း ဝမ်းသာအားရဖြစ်သွားကာ ​နောက်တစ်ကြိမ် အယ်မူးကိုနှုတ်ဆက်ပြီး ကား​ပေါ်သို့ ​ပြေးတက်သွားသည်။

~~~~~~~~~~~~~~~~~~~~

Zawgyi...

စိုင္းတစ္​ေယာက္ သူ႕မိဘမ်ား၏​​ေမြးရပ္ေျမျဖစ္သည့္ ​ေတာင္ႀကီးၿမိဳ႕တြင္ အဘိုးအဘြားမ်ားကိုရည္စူး၍ ဘိုးဘြားရိပ္သာတစ္ခုတြင္ျပဳလုပ္​ေသာ အလႉတြင္ ကိုယ္တိုင္ပါဝင္လုပ္ကိုင္​ေသာ​ေၾကာင့္ အလုပ္ရႈပ္​ေနသည္။ ဘိုးဘြားမ်ား၏ စာ​​ေရး​ေသာက္​ေရးကို တစ္ပတ္တိတိတာဝန္ယူထားတာ​ေၾကာင့္ မနက္မိုးလင္းမွ ဘိုးဘြားမ်ား ညစာစားၿပီးသည္အထိ တာဝန္ႏွင့္လက္ႏွင့္ မျပတ္ျဖစ္​ေန​ေလသည္။

သုံးရက္​ေျမာက္​​ေန႕တြင္ ညစာစားခ်ိန္လြန္ေသာအခါ အိုးခြက္မ်ား​ေဆး​ေၾကာရန္ ဆပ္ျပာဆီကုန္သျဖင့္ ဘိုးဘြားရိပ္သာမွ ပစၥည္းသယ္​ေသာ light truckကားႏွင့္ ၿမိဳ႕ထဲမွကုန္စုံဆိုင္သို႔ စိုင္းထြက္ဝယ္သည္။ ည​ေမွာင္ရီပ်ိဳးခ်ိန္ျဖစ္​ေသာ္ျငား ​ေဆာင္းဝင္စအခ်ိန္ျဖစ္​ေသာ​ေၾကာင့္ ​ေတာ္​ေတာ္​ေမွာင္​ေနၿပီ။ လမ္းသြားလမ္းလာမ်ားလည္း အ​ေတာ္ရွင္းသည့္အခ်ိန္ျဖစ္​ေနၿပီ။

ကုန္စုံဆိုင္မွအျပန္လမ္းတြင္ လူျပတ္​ေသာတစ္​ေနရာ၌ ဂ်ဴတီကုတ္အျဖဴ​ေရာင္ဝတ္ထား​ေသာ​ေကာင္​ေလးတစ္​ေယာက္ႏွင့္ ​ေဘးမွလူႏွစ္​ေယာက္ကို ​ေယာက္ယက္ခတ္​ေန​ေသာအ​ေနအထားျဖင့္​ေတြ႕လိုက္ရသည္။ သူ႕ကားကိုျမင္​ေတာ့ ​ေဘးကလူႏွစ္​ေယာက္က သိသိသာသာ​​ေဘးသို႔​ေရွာင္ဖယ္သြားသည္။ ဂ်ဴတီကုတ္ဝတ္ထား​ေသာ​ေကာင္​ေလးက သူ႕ကားကိုလွမ္းတား​ေန​ေသာ​ေၾကာင့္ သူတို႔​ေဘးတြင္ ရပ္လိုက္သည္။

"​ဟင္ အပု​ေလး... မင္း အပု​ေလးမလား"

စိုင္း သူ႕ကိုစကားစ​ေျပာသည္ႏွင့္ အ​ေနာက္ဘက္မွလူႏွစ္​ေယာက္က အ​ေမွာင္ထဲသို႔ ​ေျပးထြက္သြားသည္။

"ခင္ဗ်ား..ခင္ဗ်ားက ဘာလို႔ဒီ​ေရာက္​ေနတာလဲ"

"အဲဒါ​ေတြထားစမ္းပါ...လာကား​ေပၚတက္... မင္းဘယ္မွာ​ေနတာလဲ...လိုက္ပို႔မယ္"

အယ္မူးက သူ႕ကို မသကၤာ​ေသာမ်က္လုံးမ်ားႏွင့္ ၾကည့္လာတာ​ေၾကာင့္

"မတက္ဘူးလား...ဒါဆိုလည္း သ​ေဘာ​ေလ..ဟိုႏွစ္​ေကာင္က အ​ေမွာင္ထဲက​ေန ​ေစာင့္ရင္​ေစာင့္​ေနမွာ..."

စကားပင္မဆုံးလိုက္။ ကားတစ္ဖက္သို႔သြားကာ တံခါးဖြင့္ၿပီးဝင္ထိုင္​ေသာ အယ္မူး​ေၾကာင့္ စိုင္းရယ္ခ်င္​ေပမဲ့ အပု​ေလးရဲ႕စိတ္ကိုသိသည္​ေၾကာင့္ မ်က္ႏွာကိုအတတ္နိုင္ဆုံး တည္ထား​ေလသည္။

"ငါ ရိပ္သာကိုပစၥည္း​ေတြအရင္သြားပို႔လိုက္မယ္​ေနာ္...ၿပီးမွလိုက္ပို႔မယ္ ရတယ္မလား"

"အင္း...ျဖစ္ပါတယ္"

စိုင္းကိုမၾကည့္ဘဲ အ​ေရွ႕ကိုသာၾကည့္ကာ ခပ္ျပတ္ျပတ္​ေျပာသည္။

"ဒါနဲ႕ ​ေက်းဇူးပဲ... ခင္ဗ်ားသာမလာရင္ ကြၽန္​ေတာ္ဘာလုပ္ရမွန္းသိမွာမဟုတ္ဘူး"

"ဪ အပု​ေလးက ​ေက်းဇူးတင္တတ္​ေနၿပီပဲ... ဒါနဲ႕ မင္းက ဒီအခ်ိန္ႀကီး ဘယ္ကျပန္လာတာလဲ"

"ဟို..အဲဒီနား​ေလးမွာ မိဘမဲ့​ေက်ာင္းရွိတယ္​ေလ...ကြၽန္​ေတာ္ ​ေဆး႐ုံက ဂ်ဴတီခ်ိန္ၿပီးတာနဲ႕ အဲက က​ေလး​ေတြကို က်န္းမာ​​ေရးစစ္​ေဆးတာ​ေတြ လုပ္​ေပးတာ"

"အဲဒါကို ဒီအခ်ိန္ႀကီးထိ ​ေနရလား"

"ခါတိုင္းဆို ​ေစာပါတယ္...ဒီ​ေန႕က က​ေလးတစ္​ေယာက္အဖ်ားတက္ၿပီး ​ေမ့လဲသြားလို႔ သူအဖ်ားက်တဲ့အထိ​ေစာင့္​ေပး​ေနလို႔ မိုးခ်ဳပ္သြားတာ...
ဒါနဲ႕ ခင္ဗ်ားက​ေရာ ဒီမွာဘာလာလုပ္တာလဲ"

စကားတ​ေျပာ​ေျပာႏွင့္ ကား​ေမာင္းလာခဲ့ရင္း ရိပ္သာဝင္းထဲသို႔​ေရာက္ၿပီမို႔ စိုင္း အယ္မူးကိုခဏ​ေစာင့္ခိုင္းကာ ဝယ္လာသည့္ပစၥည္းမ်ားကို လက္လႊဲခဲ့ၿပီး ကားဆီသို႔ ျပန္လာခဲ့သည္။

"ကိုယ့္မိဘ​ေတြက ​ေတာင္ႀကီးမွာ​ေမြးတာ​ေလ... အဘိုးအဘြား​ေတြအတြက္ရည္စူးၿပီး ​ေမြးရပ္​ေျမမွာအလႉလုပ္ခ်င္တယ္ဆိုလို႔ ဒီရိပ္သာမွာ လာလုပ္ျဖစ္တာ"

"အင္း...​ေကာင္းပါတယ္...ကြၽန္​ေတာ္လည္း ဒီရိပ္သာကို တခါတ​​ေလ​​ေရာက္ျဖစ္တယ္"

"မင္းက ဆရာဝန္ႀကီးျဖစ္​ေနၿပီ​ေပါ့"

စိုင္းစကား​ေၾကာင့္ အယ္မူးသူ႕ကိုၾကည့္ၿပီးရယ္ကာ ​ေခါင္းခါျပသည္။

"အလုပ္သင္ပဲရွိပါ​ေသးတယ္...ဒီတစ္ႏွစ္ၿပီးမွ အလုပ္ဆင္းရမွာ"

"​ေနာက္ဆို သတိထားၾကားလား... အခု​ေခတ္က ​​ေယာက်္ား​ေလးျဖစ္​ေနလည္း အႏၲရာယ္ရွိတာပဲ... မင္းလို ျဖဴျဖဴ​ေသး​ေသး ပုပု​ေလးဆိုပိုဆိုးတာ​ေပါ့"

အယ္မူး​ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ၿပီး စိုင္းကိုမ်က္​ေစာင္းထိုးသည္။ စိုင္းျမင္ျဖစ္​ေအာင္ျမင္လိုက္သျဖင့္ ဒီတခါ​ေတာ့ ရယ္မိ​ေတာ့သည္။

"တကယ္ပဲ...ဘာမွကိုမ​ေျပာင္းလဲပါလား အပု​ေလး"

"ကိုစိုင္း ကိုစိုင္း"

အယ္မူးဆီမွ တခါမွမၾကားဖူး​ေသာအ​ေခၚအ​ေဝၚပင္။ စိုင္းကိုယ္တိုင္ ​ေၾကာင္​ေတာင္​ေတာင္ျဖစ္သြား​ေလသည္။

"ကိုစိုင္းလို႔ေခၚမယ္ဆို အပု​ေလးလို႔​ေခၚတာရပ္မွာလား"

ထို​ေတာ့မွဆိုလိုရင္းကို သ​ေဘာ​ေပါက္​ေတာ့သည္။

"ဟုတ္ပါၿပီကြာ...မ​ေခၚ​ေတာ့ပါဘူး"

ထို႔​ေနာက္ အယ္မူးအ​ေဆာင္သို႔​ေရာက္ၿပီျဖစ္သျဖင့္ ႏႈတ္ဆက္၍ လာလမ္းအတိုင္း ျပန္ခဲ့သည္။

အရပ္က​​ေလး နည္းနည္းရွည္လာတာကလြဲလို႔ တကယ္ကိုဘာမွမ​ေျပာင္းလဲတဲ့ အပု​ေလးပါပဲ...
သူ႕ကိုၾကည့္မရဘူးသာဆိုတယ္ ကိုစိုင္းလို႔​ေခၚခိုင္းတာကို​ေတာ့ မွတ္မိ​ေန​ေသးတယ္...
သူ႕ကို​ေတြ႕တိုင္း ဆူပုတ္​ေနတဲ့​ေကာင္​ေလး​ေတာင္ ဆရာဝန္ျဖစ္လာ​ေတာ့မွာပါလား...

စိုင္း ထို​ေကာင္​ေလးအ​ေၾကာင္းကို​ေတြးတိုင္း ၿပဳံးမိသည္ဆိုတာကို​ေတာ့ ဝန္ခံရမည္။

​ေနာက္ရက္တြင္ ရိပ္သာသို႔ အယ္မူး​​ေရာက္လာခဲ့သည္။ ဂ်ဴတီမရွိသည့္အခ်ိန္မ်ားတြင္ သူလည္းကူလုပ္ခ်င္သည္ဟုဆိုကာ တစ္နာရီျဖစ္​ေစ ႏွစ္နာရီျဖစ္​ေစ လာ​ေရာက္လုပ္ကိုင္​ေပးသည္။ စိုင္းႏွင့္လည္း ခါတိုင္းလို ​ေစာင္းခ်ိတ္​ေနဖို႔အခ်ိန္မရွိဘဲ အတူတူကုသိုလ္ယူၾကသည္ျဖစ္၍ အျမင္မၾကည္မႈမ်ားကို ​ေဘးခ်ိတ္ထားသည္။ ​တစ္ပတ္ျပည့္သည္အထိ အားသည့္အခ်ိန္​ေရာက္လာကာ သူလုပ္တတ္သမွ် အကုန္လုပ္​ေပးသည္မို႔ ရန္သူဟုသတ္မွတ္ထား​ေသာ စိုင္းႏွင့္ပင္ ရင္းႏွီးလာၿပီ။

ring ring...
"​ေအး​ေျပာ...အ​ေျခအ​ေနဘယ္လိုလဲ"

"....."

"ok..ငါလည္းျပန္လာ​ေတာ့မွာ...ငါ​​ျပန္ေရာက္မွပဲ ရွိုင္းသန့္ကို​ေျပာမယ္...မင္းတို႔ႀကိဳမ​ေျပာနဲ႕ ၾကားလား"

"......."

စုံစမ္းခိုင္းထား​ေသာလိပ္စာကို ရွာ​ေတြ႕ၿပီျဖစ္​ေၾကာင္း အ​ေၾကာင္းၾကားျခင္းျဖစ္သည္။ စိုင္းလည္း ဒီမွာ ကိစၥဝိစၥမ်ားၿပီးစီးၿပီမို႔ အျမန္ဆုံးဘန္​ေကာက္ျပန္ရန္ ျပင္ဆင္သည္။

"ဟို...အယ္မူး...ျဖစ္နိုင္ရင္​ေလ... ကိုစိုင္းဖုန္းဆက္ရင္ ကိုင္​ေပး​ေနာ္...
တျခားအမ်ားႀကီး မ​ေတာင္းဆိုပါဘူး... ၿပီး​ေတာ့ အယ္မူးကိုလည္း ဖုန္းထဲက​ေန မစပါဘူး စိတ္ခ်"

ဘန္​ေကာက္သို႔ျပန္​ေတာ့မည္ျဖစ္၍ အယ္မူးကိုႏႈတ္ဆက္ရင္း စိုင္း ထိုစကားမ်ားကို ဘာလို႔ရယ္မသိ ​ေျပာမိသြားသည္။

"ဟင္... အဲဒါဆိုဘာလို႔ဆက္မွာလဲ"

"ဒီအတိုင္းပဲ... မင္း​ေနလို႔​ထိုင္လို႔ေကာင္းလား သိခ်င္ရင္​ေပါ့... အဲလိုပဲ​ေပါ့"

အယ္မူး ​ေခါင္းကို​ေျမျပင္သို႔ ၾကည့္​ေနရင္း ​ေခါင္းကိုတဆတ္ဆတ္ၿငိမ့္သည္။ သူ႕ႏႈတ္ခမ္းလႊာတို႔က တြန့္​ေကြးသြားသည္ကို ကိုယ္တိုင္ သတိထားမိပါသည္။ ထို႔​ေနာက္ စိုင္းကို​​​ေမာ့ၾကည့္ၿပီး...

"အင္းပါ... ကြၽန္​ေတာ္ကိုင္ပါ့မယ္"

စိုင္း ဝမ္းသာအားရျဖစ္သြားကာ ​ေနာက္တစ္ႀကိမ္ အယ္မူးကိုႏႈတ္ဆက္ၿပီး ကား​ေပၚသို႔ ​ေျပးတက္သြားသည္။

© Zinc ,
книга «clandestine - နှလုံးသားက လျှို့ဝှက်ခိုင်းသည်(ႏွလံုးသားက လၽွို႔ဝွက္ခိုင္းသည္)».
Коментарі