Part 14
Unicode...
အယ်မူးရှိနေစဥ်အတွင်း စိုင်းနှင့် မျက်နှာချင်းမဆိုင်မိအောင်ထားသော်လည်း ကိုစိုင်းဇေယျာအောင်တို့က တမင်ဆုံအောင် မရမကလုပ်ယူနေသဖြင့် ရှောင်ရတိမ်းရနှင့် အယ်မူးပြန်သွားတော့မှ လွန်းလည်း စိတ်ကို ဒုန်းဒုန်းချနိုင်တော့သည်။
ထိုရက်ပိုင်းအတွင်း အိမ်ပြန်လာသည့်နေ့နောက်ပိုင်း ကိုကိုနှင့်လည်း အဆက်အသွယ်မလုပ်ဖြစ်။ အတန်းပျက်ထားသော lectureများကိုလည်း ပြန်လေ့လာရဦးမည်ဖြစ်သဖြင့် မည်သူနှင့်မှ မဆက်သွယ်ဖြစ်ဆိုလျှင် ပိုမှန်မည်။
လွန်း ဒီနေ့ နေ့လည်ပိုင်းအတန်းချိန်မရှိသဖြင့် ကွန်ဒိုသို့ပြန်ရန်လည်းပျင်း၍ ကိုကို့ကုမ္ပဏီသို့အလည်သွားရန် ဆုံးဖြတ်လိုက်သည်။ ခါတိုင်းလည်း အတန်းချိန်မရှိ၍ ဘယ်မှသွားစရာမရှိလျှင် ကိုကို့ဆီပဲ သွားတတ်သည်။
ကိုကိုအလုပ်ရှိလျှင် တတ်နိုင်သလောက် ကူလုပ်ပေးတတ်ပြီး အလုပ်မရှိလျှင်တော့ စကားပြောလိုက် ဝယ်လာသောမုန့်များစားလိုက်နှင့် အချိန်ဖြုန်းလေ့ရှိကြသည်။
လွန်း ဌာန၏ စင်ဝင်အောက်မှထွက်၍ တဖက်လမ်း ပလက်ဖောင်းကို ကူးမည်လုပ်စဥ် ကားတစ်စီးကအရှိန်ပြင်းစွာဖြင့် ဘေးမှဖြတ်မောင်းသွားသည်။ အရှိန်ပြင်းသဖြင့် လွန်း၏ခြေထောက်က ကားနှင့်ပွတ်တိုက်မိပြီး လဲကျသွားသည်။
လဲကျကျခြင်း လွန်းစိတ်တိုစွာ ထိုကားကိုတစ်ချက်ကြည့်လိုက်တော့ သူနှင့်ပွတ်တိုက်မိသည့်နေရာမှ ရှေ့အလွန်တွင် ထိုးရပ်သွားသည်။ လွန်းလည်း ခြေကျင်းဝတ်က နာကျင်လွန်းသဖြင့် ထိုကားကိုကြာကြာ ကြည့်မနေနိုင်။ သူ့ခြေကျင်းဝတ်ကို ဖိကိုင်ပြီးထရန် ကြိုးစားသော်လည်း မရ။
တစ်စုံတယောက် သူ့အနားသို့ ရောက်လာသည်ကိုတော့ သတိထားမိသည်။ မော့ကြည့်လိုက်တော့ ထိုသူက အားနာသောမျက်နှာထားဖြင့် လွန်းကိုတစ်လှည့်၊ သူ့ခြေထောက်ကိုတစ်လှည့်ကြည့်၍ ခေါင်းကုပ်နေသည်။ ထို့နောက်မှ ထိုင်းဘာသာစကားဖြင့်....
"ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျ၊ အမြန်လိုနေလို့ အရှိန်တင်မောင်းမိတာပါ၊ အဆင်ပြေရဲ့လား၊ ကျွန်တော်ဆေးခန်းလိုက်ပို့ပေးပါ့မယ်"
လွန်းဒေါသထွက်သော်လည်း ယဥ်ယဥ်ကျေးကျေးနှင့် တာဝန်သိတတ်စွာတောင်းပန်လာတော့ စိတ်လျှော့လိုက်သည်။ သူ့အကူအညီကတော့ ယူမှဖြစ်မည်။ သူတစ်ယောက်တည်းဆိုလျှင် လမ်းလျှောက်ရန်မဖြစ်နိုင်။
"ရပါတယ်၊ ခြေကျင်းဝတ်လိမ်သွားတာထင်တယ်၊ အဆင်ပြေမယ်ဆိုရင် ဆေးခန်းလိုက်ပို့ပေးပါဗျ"
"ဟုတ်ကဲ့၊ ရရဲ့လား ကျွန်တော့ကိုတွဲလိုက်ပါ"
လွန်း ထိုသူ၏အကူအညီဖြင့် ဆေးခန်းတွင် ဆေးစည်းကာ အိမ်ပါလိုက်ပို့မည်ဟု ဇွတ်အတင်းပြောသဖြင့် မငြင်းသာသည့်အဆုံး ကွန်ဒိုသို့သာ လမ်းညွှန်လိုက်သည်။
"လိုက်ပို့လို့ အဆင်ပြေရဲ့လားဗျ၊ အားနာလိုက်တာ၊ ပြောတော့ အမြန်လိုနေတယ်ဆိုလို့လေ...
ကျွန်တော့ကြောင့်နဲ့ ခင်ဗျားရဲ့ကိစ္စ အဆင်မပြေဖြစ်သွားပါဦးမယ်"
"ရပါတယ်၊ ကျွန်တော့အမှားပဲ၊ ကျွန်တော်တာဝန်ယူရမှာပေါ့...
တကယ်တော့ ကျွန်တော်က အတန်းလာတက်တာပါ။ နောက်ကျနေလို့ အမြန်မောင်းလိုက်တာ။ အတန်းပျက်တာ ကိစ္စမရှိပါဘူး..."
လွန်းလည်း ရှည်ရှည်ဝေးဝေးပြောနေလျှင် ထပ်၍အားနာနေရမည်စိုးသဖြင့် အသံတိတ်နေလိုက်တော့သည်။
ထိုသူက လွန်းအခန်းရှေ့ထိလိုက်ပို့ပေးပြီး နှုတ်ဆက်ကာ ပြန်ထွက်သွားသည်။ ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် ဘာမှမလုပ်နိုင်၊ ဘယ်မှသွားမရသည့်အဆုံး အိပ်ရာပေါ်တွင်သာ ခြေဆင်းထိုင်ရင်း ဂိမ်းဆော့နေလိုက်သည်။
ဒီပုံစံနှင့် ကိုကို့ဆီလည်း သွားလို့ရသည်ဆိုတောင် မသွားချင်ပါ။ သူ့အလုပ်နှင့်သူ ပူပန်နေရသူကို လွန်း သူ့အတွက်နှင့် ထပ်၍ အပူမပေးချင်တော့ပါ။ ဒီနေ့တော့ အခန်းထဲမှာပင် သူ့အချိန်များကို ကုန်ဆုံးစေတော့မည်။
ခြေထောက်ဒဏ်ရာကြောင့် လွန်း နှစ်ရက်လောက် ကျောင်းမသွားဖြစ်ပေ။ သုံးရက်မြောက်နေ့တွင် သက်သာလာပြီမို့ ကျောင်းသွားရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကောင်းလမ်းမလျှောက်နိုင်သေးပေမဲ့ တစ်ခုခုကို အားပြုကာလျှောက်ရင်တော့ အဆင်ပြေသည်။
ကျောင်းကို ချိုင်းထောက်နှင့်လည်း မလာချင်တာကြောင့် ထော့နဲ့ထော့နဲ့နှင့်သာ ဘေးတွင်တွေ့သမျှအမှီများကို ကိုင်၍ ဖြည်းဖြည်းချင်းလျှောက်နေရသည်။ ကျောင်းသို့ရောက်သောအခါ မိမိဌာနရှေ့တွင် ထိုသူကို တွေ့လိုက်ရ၏။
လွန်းကိုမြင်သောအခါ သူ့ဆီသို့ပြေးလာပြီး နှုတ်ဆက်ကာ လက်မောင်းကနေတွဲပြီး သူ့ကိုအားပြုစေသည်။ လွန်းခဏမျှကြောင်သွားသော်လည်း ဝတ်တရားအရ ပြန်၍နှုတ်ဆက်လိုက်ပါသည်။ ထို့နောက် ထိုသူကလွန်း၏ခြေထောက်ကိုကြည့်ကာ စကားစလာသည်။
"ခြေထောက်က သက်သာရဲ့လားဗျ"
"ဟုတ်၊ သက်သာပါတယ်"
"ကျွန်တော် စိတ်ပူနေတာပါ၊ လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ကျောင်းမလာလို့၊ ခြေထောက်က မသက်သာသေးတာလို့တော့ ထင်ပါတယ်၊ ခင်ဗျားဆီကို လာမေးချင်ပေမဲ့ နှောင့်ယှက်ရာကျမှာစိုးလို့ မလာဖြစ်ခဲ့တာ"
"ကျွန်တော်ကျောင်းမလာတာ ဘယ်လိုသိတာလဲ"
"ရှေ့နှစ်ရက်လုံး ကျွန်တော် ဌာနရှေ့မှာ လာစောင့်နေတာ၊ ခင်ဗျားကျောင်းလာရင် အခြေအနေမေးရအောင်လို့ပါ"
ထိုသူပြောသော စကားများကြောင့် လွန်း တော်တော်လေးအားနာသွားရသည်။
"ဒါနဲ့ ကျွန်တော်တို့ မိတ်မဆက်ရသေးဘူးထင်တယ်၊ ကျွန်တော့နာမည် Pharn Wichanပါ၊ သိပ္ပံနှင့်နည်းပညာဌာနက ကွန်ပျူတာနည်းပညာ ပထမနှစ်ကျောင်းသားပါ"
"ကျွန်တော်က လွန်းသုတပါ၊ အကုန်လုံးကတော့ လွန်းလို့ပဲခေါ်ပါတယ်၊ ကျွန်တော်က ဥပဒေ ပထမနှစ်ပါ။"
မိတ်ဆက်ပြီးသည်နှင့် အတန်းတက်ရတော့မည်ဆိုကာ လွန်းကစ၍ နှုတ်ဆက်လိုက်သည်။ အပြန်တွင် လွန်းကွန်ဒိုသို့လိုက်ပို့ပေးမည်ဟုပြောနေသဖြင့် အားနာစွာပင် ငြင်းခဲ့ရသေးသည်။
သို့သော် ညနေအတန်းဆင်းချိန်တွင် ဖန်းက ဌာနရှေ့ရောက်နေပြန်သည်။ ငြင်း၍မကောင်းတော့ဘူးဆိုတာ သိသည်မို့ နောက်ဆုံးတွင်တော့ လွန်း ဖန်းရဲ့ကားပေါ် ပါသွားလေသည်။
ကွန်ဒိုသို့ရောက်သောအခါ သူစိမ်းလည်းမဟုတ်တော့သည့်အတွက် ဖန်းကို အထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ လွန်းအတွက်ဟုဆိုကာ လက်မှ အထုပ်များဆွဲလာသေးသည်။ ခြေထောက်အတွက် ဆေးပစ္စည်းများ၊ စားစရာ သောက်စရာများ စုံလင်စွာ။
"ဒီမှာတစ်ယောက်တည်းနေတာလား လွန်း"
"ဟုတ်တယ်၊ အိမ်နဲ့ကျောင်းနဲ့က ဝေးလို့ ဒီမှာငှားနေတာ"
"ကျွန်တော်လည်း ဒီနားတစ်ဝိုက်မှာပဲ ဝယ်ထားတဲ့ကွန်ဒိုရှိတယ်၊ အခွင့်ကြုံရင် လွန်းကို အလည်ခေါ်ပါဦးမယ်"
"ရပါတယ်၊ အဆင်ပြေမှပါ"
မိတ်ဖြစ်ဆွေဖြစ် စကားလက်စုံကျပြီးသည်နှင့် ခဏကြာတော့ ဖန်းပြန်သွားသည်။ ထိုအခါမှ လွန်းလည်း ရေမိုးချိုးပြီး ညစာစားရန်ပြင်ရသည်။
ဖန်းကို နှစ်ကြိမ်သာ တွေ့ဖူးပေမဲ့ ပေါင်းသင်းဆက်ဆံလို့ရမှန်း လွန်းသိသည်။ သန့်ပြန့်သော ရုပ်ရည်နှင့် စနစ်ကျစွာဝတ်စားတတ်သည်ကို ကြည့်ခြင်းဖြင့် လူဆိုးလူပေတစ်ယောက်တော့ လုံးဝမဖြစ်နိုင်။
တာဝန်ယူတတ်သည့်စိတ်ဓါတ်လည်း အပြည့်အဝရှိသည်က ကိုယ်တွေ့ပင်။ စကားပြောကြည့်သောအခါတွင်လည်း ဖော်ရွေပျူငှာစွာပင်။
နောက်တခါ ထပ်တွေ့ဖြစ်လျှင် အားနာနေသည့်ဟန် မဖြစ်အောင် ကြိုးစားရမည်ဟု ကိုယ့်ကိုကိုယ် အသိပေးလိုက်သည်။
~~~~~~~~~~~~~~~~~~~~
အယ်မူးပြီးလျှင် ဖန်းက သူ့ကိုနားအလည်ပေးဆုံးသူပင်။ သူငယ်ချင်းအပေါင်းအသင်းနည်းသည့် လွန်းအဖို့ ဖန်းက အနီးစပ်ဆုံး အခင်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်လာခဲ့သည်။ ဌာနမတူသော်လည်း အတန်းချိန်များမရှိသည့်အခါ ဖန်းက လွန်းတို့ဌာနကို လာလေ့ရှိပြီး သူတို့တိုက်ခန်းများပင် နှစ်တိုက်တစ်တိုက်လိုဖြစ်နေပြီ။
စာသင်နှစ်များ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားပြီး နောက်ဆုံးနှစ်သို့ ရောက်လာလေပြီ။ သူတို့ရဲ့ သူငယ်ချင်းသံယောစဥ်ကလည်း အေးစက်မသွားပါဘဲ ယခင်လိုပင် နွေးထွေးဆဲ။
အကြောင်းအခွင့်မတိုက်ဆိုင်သည်ကြောင့် ဖန်းအကြောင်းကို ရှိုင်းသန့်ကိုတော့ မပြောပြဖြစ်။ ရှိုင်းသန့်ကလည်း လွန်း၏ကျောင်းကိစ္စများကို ဝင်မစွက်ဖက်တတ်သောကြောင့်လည်းပါသည်။
~~~~~~~~~~~~~~~~~~~
Zawgyi...
အယ္မူးရွိေနစဥ္အတြင္း စိုင္းႏွင့္ မ်က္ႏွာခ်င္းမဆိုင္မိေအာင္ထားေသာ္လည္း ကိုစိုင္းေဇယ်ာေအာင္တို႔က တမင္ဆုံေအာင္ မရမကလုပ္ယူေနသျဖင့္ ေရွာင္ရတိမ္းရႏွင့္ အယ္မူးျပန္သြားေတာ့မွ လြန္းလည္း စိတ္ကို ဒုန္းဒုန္းခ်နိဳင္ေတာ့သည္။
ထိုရက္ပိုင္းအတြင္း အိမ္ျပန္လာသည့္ေန႕ေနာက္ပိုင္း ကိုကိုႏွင့္လည္း အဆက္အသြယ္မလုပ္ျဖစ္။ အတန္းပ်က္ထားေသာ lectureမ်ားကိုလည္း ျပန္ေလ့လာရဦးမည္ျဖစ္သျဖင့္ မည္သူႏွင့္မွ မဆက္သြယ္ျဖစ္ဆိုလွ်င္ ပိုမွန္မည္။
လြန္း ဒီေန႕ ေန႕လည္ပိုင္းအတန္းခ်ိန္မရွိသျဖင့္ ကြန္ဒိုသို႔ျပန္ရန္လည္းပ်င္း၍ ကိုကို႔ကုမၸဏီသို႔အလည္သြားရန္ ဆုံးျဖတ္လိုက္သည္။ ခါတိုင္းလည္း အတန္းခ်ိန္မရွိ၍ ဘယ္မွသြားစရာမရွိလွ်င္ ကိုကို႔ဆီပဲ သြားတတ္သည္။
ကိုကိုအလုပ္ရွိလွ်င္ တတ္နိုင္သေလာက္ ကူလုပ္ေပးတတ္ၿပီး အလုပ္မရွိလွ်င္ေတာ့ စကားေျပာလိုက္ ဝယ္လာေသာမုန့္မ်ားစားလိုက္ႏွင့္ အခ်ိန္ျဖဳန္းေလ့ရွိၾကသည္။
လြန္း ဌာန၏ စင္ဝင္ေအာက္မွထြက္၍ တဖက္လမ္း ပလက္ေဖာင္းကို ကူးမည္လုပ္စဥ္ ကားတစ္စီးကအရွိန္ျပင္းစြာျဖင့္ ေဘးမွျဖတ္ေမာင္းသြားသည္။ အရွိန္ျပင္းသျဖင့္ လြန္း၏ေျခေထာက္က ကားႏွင့္ပြတ္တိုက္မိၿပီး လဲက်သြားသည္။
လဲက်က်ျခင္း လြန္းစိတ္တိုစြာ ထိုကားကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ သူႏွင့္ပြတ္တိုက္မိသည့္ေနရာမွ ေရွ႕အလြန္တြင္ ထိုးရပ္သြားသည္။ လြန္းလည္း ေျခက်င္းဝတ္က နာက်င္လြန္းသျဖင့္ ထိုကားကိုၾကာၾကာ ၾကည့္မေနနိုင္။ သူ႕ေျခက်င္းဝတ္ကို ဖိကိုင္ၿပီးထရန္ ႀကိဳးစားေသာ္လည္း မရ။
တစ္စုံတေယာက္ သူ႕အနားသို႔ ေရာက္လာသည္ကိုေတာ့ သတိထားမိသည္။ ေမာ့ၾကည့္လိုက္ေတာ့ ထိုသူက အားနာေသာမ်က္ႏွာထားျဖင့္ လြန္းကိုတစ္လွည့္၊ သူ႕ေျခေထာက္ကိုတစ္လွည့္ၾကည့္၍ ေခါင္းကုပ္ေနသည္။ ထို႔ေနာက္မွ ထိုင္းဘာသာစကားျဖင့္....
"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ခင္ဗ်၊ အျမန္လိုေနလို႔ အရွိန္တင္ေမာင္းမိတာပါ၊ အဆင္ေျပရဲ႕လား၊ ကြၽန္ေတာ္ေဆးခန္းလိုက္ပို႔ေပးပါ့မယ္"
လြန္းေဒါသထြက္ေသာ္လည္း ယဥ္ယဥ္ေက်းေက်းႏွင့္ တာဝန္သိတတ္စြာေတာင္းပန္လာေတာ့ စိတ္ေလွ်ာ့လိုက္သည္။ သူ႕အကူအညီကေတာ့ ယူမွျဖစ္မည္။ သူတစ္ေယာက္တည္းဆိုလွ်င္ လမ္းေလွ်ာက္ရန္မျဖစ္နိုင္။
"ရပါတယ္၊ ေျခက်င္းဝတ္လိမ္သြားတာထင္တယ္၊ အဆင္ေျပမယ္ဆိုရင္ ေဆးခန္းလိုက္ပို႔ေပးပါဗ်"
"ဟုတ္ကဲ့၊ ရရဲ႕လား ကြၽန္ေတာ့ကိုတြဲလိုက္ပါ"
လြန္း ထိုသူ၏အကူအညီျဖင့္ ေဆးခန္းတြင္ ေဆးစည္းကာ အိမ္ပါလိုက္ပို႔မည္ဟု ဇြတ္အတင္းေျပာသျဖင့္ မျငင္းသာသည့္အဆုံး ကြန္ဒိုသို႔သာ လမ္းၫႊန္လိုက္သည္။
"လိုက္ပို႔လို႔ အဆင္ေျပရဲ႕လားဗ်၊ အားနာလိုက္တာ၊ ေျပာေတာ့ အျမန္လိုေနတယ္ဆိုလို႔ေလ...
ကြၽန္ေတာ့ေၾကာင့္နဲ႕ ခင္ဗ်ားရဲ႕ကိစၥ အဆင္မေျပျဖစ္သြားပါဦးမယ္"
"ရပါတယ္၊ ကြၽန္ေတာ့အမွားပဲ၊ ကြၽန္ေတာ္တာဝန္ယူရမွာေပါ့...
တကယ္ေတာ့ ကြၽန္ေတာ္က အတန္းလာတက္တာပါ။ ေနာက္က်ေနလို႔ အျမန္ေမာင္းလိုက္တာ။ အတန္းပ်က္တာ ကိစၥမရွိပါဘူး..."
လြန္းလည္း ရွည္ရွည္ေဝးေဝးေျပာေနလွ်င္ ထပ္၍အားနာေနရမည္စိုးသျဖင့္ အသံတိတ္ေနလိုက္ေတာ့သည္။
ထိုသူက လြန္းအခန္းေရွ႕ထိလိုက္ပို႔ေပးၿပီး ႏႈတ္ဆက္ကာ ျပန္ထြက္သြားသည္။ ေျခေထာက္ ေထာ့နဲ႕ေထာ့နဲ႕ျဖင့္ ဘာမွမလုပ္နိုင္၊ ဘယ္မွသြားမရသည့္အဆုံး အိပ္ရာေပၚတြင္သာ ေျခဆင္းထိုင္ရင္း ဂိမ္းေဆာ့ေနလိုက္သည္။
ဒီပုံစံႏွင့္ ကိုကို႔ဆီလည္း သြားလို႔ရသည္ဆိုေတာင္ မသြားခ်င္ပါ။ သူ႕အလုပ္ႏွင့္သူ ပူပန္ေနရသူကို လြန္း သူ႕အတြက္ႏွင့္ ထပ္၍ အပူမေပးခ်င္ေတာ့ပါ။ ဒီေန႕ေတာ့ အခန္းထဲမွာပင္ သူ႕အခ်ိန္မ်ားကို ကုန္ဆုံးေစေတာ့မည္။
ေျခေထာက္ဒဏ္ရာေၾကာင့္ လြန္း ႏွစ္ရက္ေလာက္ ေက်ာင္းမသြားျဖစ္ေပ။ သုံးရက္ေျမာက္ေန႕တြင္ သက္သာလာၿပီမို႔ ေက်ာင္းသြားရန္ ဆုံးျဖတ္လိုက္သည္။ ေကာင္းေကာင္းလမ္းမေလွ်ာက္နိုင္ေသးေပမဲ့ တစ္ခုခုကို အားျပဳကာေလွ်ာက္ရင္ေတာ့ အဆင္ေျပသည္။
ေက်ာင္းကို ခ်ိဳင္းေထာက္ႏွင့္လည္း မလာခ်င္တာေၾကာင့္ ေထာ့နဲ႕ေထာ့နဲ႕ႏွင့္သာ ေဘးတြင္ေတြ႕သမွ်အမွီမ်ားကို ကိုင္၍ ျဖည္းျဖည္းခ်င္းေလွ်ာက္ေနရသည္။ ေက်ာင္းသို႔ေရာက္ေသာအခါ မိမိဌာနေရွ႕တြင္ ထိုသူကို ေတြ႕လိုက္ရ၏။
လြန္းကိုျမင္ေသာအခါ သူ႕ဆီသို႔ေျပးလာၿပီး ႏႈတ္ဆက္ကာ လက္ေမာင္းကေနတြဲၿပီး သူ႕ကိုအားျပဳေစသည္။ လြန္းခဏမွ်ေၾကာင္သြားေသာ္လည္း ဝတ္တရားအရ ျပန္၍ႏႈတ္ဆက္လိုက္ပါသည္။ ထို႔ေနာက္ ထိုသူကလြန္း၏ေျခေထာက္ကိုၾကည့္ကာ စကားစလာသည္။
"ေျခေထာက္က သက္သာရဲ႕လားဗ်"
"ဟုတ္၊ သက္သာပါတယ္"
"ကြၽန္ေတာ္ စိတ္ပူေနတာပါ၊ လြန္ခဲ့တဲ့ ႏွစ္ရက္ကလည္း ေက်ာင္းမလာလို႔၊ ေျခေထာက္က မသက္သာေသးတာလို႔ေတာ့ ထင္ပါတယ္၊ ခင္ဗ်ားဆီကို လာေမးခ်င္ေပမဲ့ ေႏွာင့္ယွက္ရာက်မွာစိုးလို႔ မလာျဖစ္ခဲ့တာ"
"ကြၽန္ေတာ္ေက်ာင္းမလာတာ ဘယ္လိုသိတာလဲ"
"ေရွ႕ႏွစ္ရက္လုံး ကြၽန္ေတာ္ ဌာနေရွ႕မွာ လာေစာင့္ေနတာ၊ ခင္ဗ်ားေက်ာင္းလာရင္ အေျခအေနေမးရေအာင္လို႔ပါ"
ထိုသူေျပာေသာ စကားမ်ားေၾကာင့္ လြန္း ေတာ္ေတာ္ေလးအားနာသြားရသည္။
"ဒါနဲ႕ ကြၽန္ေတာ္တို႔ မိတ္မဆက္ရေသးဘူးထင္တယ္၊ ကြၽန္ေတာ့နာမည္ Pharn Wichanပါ၊ သိပၸံႏွင့္နည္းပညာဌာနက ကြန္ပ်ဴတာသိပၸံ ပထမႏွစ္ေက်ာင္းသားပါ"
"ကြၽန္ေတာ္က လြန္းသုတပါ၊ အကုန္လုံးကေတာ့ လြန္းလို႔ပဲေခၚပါတယ္၊ ကြၽန္ေတာ္က ဥပေဒ ပထမႏွစ္ပါ။"
မိတ္ဆက္ၿပီးသည္ႏွင့္ အတန္းတက္ရေတာ့မည္ဆိုကာ လြန္းကစ၍ ႏႈတ္ဆက္လိုက္သည္။ အျပန္တြင္ လြန္းကြန္ဒိုသို႔လိုက္ပို႔ေပးမည္ဟုေျပာေနသျဖင့္ အားနာစြာပင္ ျငင္းခဲ့ရေသးသည္။
သို႔ေသာ္ ညေနအတန္းဆင္းခ်ိန္တြင္ ဖန္းက ဌာနေရွ႕ေရာက္ေနျပန္သည္။ ျငင္း၍မေကာင္းေတာ့ဘူးဆိုတာ သိသည္မို႔ ေနာက္ဆုံးတြင္ေတာ့ လြန္း ဖန္းရဲ႕ကားေပၚ ပါသြားေလသည္။
ကြန္ဒိုသို႔ေရာက္ေသာအခါ သူစိမ္းလည္းမဟုတ္ေတာ့သည့္အတြက္ ဖန္းကို အထဲသို႔ဝင္ရန္ ဖိတ္ေခၚလိုက္သည္။ လြန္းအတြက္ဟုဆိုကာ လက္မွ အထုပ္မ်ားဆြဲလာေသးသည္။ ေျခေထာက္အတြက္ ေဆးပစၥည္းမ်ား၊ စားစရာ ေသာက္စရာမ်ား စုံလင္စြာ။
"ဒီမွာတစ္ေယာက္တည္းေနတာလား လြန္း"
"ဟုတ္တယ္၊ အိမ္နဲ႕ေက်ာင္းနဲ႕က ေဝးလို႔ ဒီမွာငွားေနတာ"
"ကြၽန္ေတာ္လည္း ဒီနားတစ္ဝိုက္မွာပဲ ဝယ္ထားတဲ့ကြန္ဒိုရွိတယ္၊ အခြင့္ႀကဳံရင္ လြန္းကို အလည္ေခၚပါဦးမယ္"
"ရပါတယ္၊ အဆင္ေျပမွပါ"
မိတ္ျဖစ္ေဆြျဖစ္ စကားလက္စုံက်ၿပီးသည္ႏွင့္ ခဏၾကာေတာ့ ဖန္းျပန္သြားသည္။ ထိုအခါမွ လြန္းလည္း ေရမိုးခ်ိဳးၿပီး ညစာစားရန္ျပင္ရသည္။
ဖန္းကို ႏွစ္ႀကိမ္သာ ေတြ႕ဖူးေပမဲ့ ေပါင္းသင္းဆက္ဆံလို႔ရမွန္း လြန္းသိသည္။ သန့္ျပန့္ေသာ ႐ုပ္ရည္ႏွင့္ စနစ္က်စြာဝတ္စားတတ္သည္ကို ၾကည့္ျခင္းျဖင့္ လူဆိုးလူေပတစ္ေယာက္ေတာ့ လုံးဝမျဖစ္နိုင္။
တာဝန္ယူတတ္သည့္စိတ္ဓါတ္လည္း အျပည့္အဝရွိသည္က ကိုယ္ေတြ႕ပင္။ စကားေျပာၾကည့္ေသာအခါတြင္လည္း ေဖာ္ေ႐ြပ်ဴငွာစြာပင္။
ေနာက္တခါ ထပ္ေတြ႕ျဖစ္လွ်င္ အားနာေနသည့္ဟန္ မျဖစ္ေအာင္ ႀကိဳးစားရမည္ဟု ကိုယ့္ကိုကိုယ္ အသိေပးလိုက္သည္။
~~~~~~~~~~~~~~~~~~~~
အယ္မူးၿပီးလွ်င္ ဖန္းက သူ႕ကိုနားအလည္ေပးဆုံးသူပင္။ သူငယ္ခ်င္းအေပါင္းအသင္းနည္းသည့္ လြန္းအဖို႔ ဖန္းက အနီးစပ္ဆုံး အခင္ဆုံးသူငယ္ခ်င္းတစ္ဦးျဖစ္လာခဲ့သည္။ ဌာနမတူေသာ္လည္း အတန္းခ်ိန္မ်ားမရွိသည့္အခါ ဖန္းက လြန္းတို႔ဌာနကို လာေလ့ရွိၿပီး သူတို႔တိုက္ခန္းမ်ားပင္ ႏွစ္တိုက္တစ္တိုက္လိုျဖစ္ေနၿပီ။
စာသင္ႏွစ္မ်ား တစ္ႏွစ္ၿပီးတစ္ႏွစ္ကုန္ဆုံးသြားၿပီး ေနာက္ဆုံးႏွစ္သို႔ ေရာက္လာေလၿပီ။ သူတို႔ရဲ႕ သူငယ္ခ်င္းသံေယာစဥ္ကလည္း ေအးစက္မသြားပါဘဲ ယခင္လိုပင္ ေႏြးေထြးဆဲ။
အေၾကာင္းအခြင့္မတိုက္ဆိုင္သည္ေၾကာင့္ ဖန္းအေၾကာင္းကို ရွိုင္းသန့္ကိုေတာ့ မေျပာျပျဖစ္။ ရွိုင္းသန့္ကလည္း လြန္း၏ေက်ာင္းကိစၥမ်ားကို ဝင္မစြက္ဖက္တတ္ေသာေၾကာင့္လည္းပါသည္။

Коментарі