အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
အပိုင်း-၁၅
အပိုင်း-၁၆
အပိုင်း-၁၇
အပိုင်း-၁၈
အပိုင်း-၁၉
အပိုင်း-၂၀
အပိုင်း-၂၁
အပိုင်း-၂၂
အပိုင်း-၂၃
အပိုင်း-၂၄
အပိုင်း-၂၅
အပိုင်း-၂၆
အပိုင်း-၂၇
အပိုင်း-၂၈
အပိုင်း-၂၉
အပိုင်း-၃၀
အပိုင်း-၃၁
အပိုင်း-၃၂
အပိုင်း-၃၃
အပိုငျး_၃၄
အပိုင်း_၃၅
အပိုင်း_၃၆
အပိုင်း_၃၇
အပိုင်း-၃၈
အပိုင်း-၂၀
Zawgyi...
"ဟမ် နွေ နွေ့ကိုလား"
"အေး ဟုတ်တယ်"
"သူ ရန်ကုန်မှာတဲ့"
"ဒါဆို မင်းလွှတ်ထားတဲ့သူကို နွေနဲ့ဖုန်းပြောလို့ရအောင် လုပ်ပေးလို့ ပြောပေးပါဦး"
"အေး ငါပြောလိုက်မယ်"
__________________
တစ်ခုသော ညနေခင်းဝယ်။
"ဟယ်လို"
"ဟယ်လို"
"မုန်း မုန်းမာန်"
"နွေ ဟုတ်တယ်မလား"
"ဘာ ဒီကောင်"
"အေးအေး"
_______________________
"ကျွီ"
"ဟင်"
"မမ"
"ကောင်းမြတ်ထူး"
"......."
__________________
"နောက်ကျသွားပြီ နွေ"
"အားးးးး"
"မမ မမ"
"မောင်   လေးးး"
"ပြန်လာမှလားဟင်"
"ဟင့်အင်း မသေချာဘူး"
"ဘာလဲ မမ"
"ကူညီပါမောင်လေးရယ် မမမလေ မမရဲ့ မသန့်ရှင်းတော့တဲ့ ခန္ဓာကိုယ်ကို မမချစ်သူလက်ထဲ မထည့်ပေးနိုင်ဘူး အာ့ကြောင့် မမကို သနားရင် ကူညီပါနော်"
"ဟင့်အင်း"
"နော် မောင်လေး "
"ဟင်"
"အ"
"မမ မမ မမ "
______________________
Tbc...
----------------*--------------
______________________
Unicode...
ဒီနေ့ဟာ ဖေဖေနဲ့မေမေရဲ့ ရက်လည်ဆွမ်းကပ် တရားနာသည့်နေ့။သံဃာငါးပါးအား ပင့်ဖိတ်ပြီး နေအိမ်၌သာ အကျဉ်းချုံးကျင်းပလိုက်သည်။
ရေစက်ချ အမျှအတမ်းပေးဝေပြီးသည့်တိုင်အောင် ဦးငယ်၏အရိပ်အယောင်ကို မမြင်ရသေး။
'အဲ့လောက်ထိ ရက်စက်မှဖြစ်မှာလား ဦးငယ် ဒါဦးငယ်ရဲ့အမအရင်း သေသွားတာပါ ဘယ်အချိန်မှ အသိတရားရမှာလဲ ဦးငယ်ရယ် ဒီလောက်တောင် လောဘဇောတိုက်ပြီး ကုမ္ပဏီကို လိုချင်နေရင်လည်း ကျွန်တော်ပေးပါ့မယ် ကျေးဇူးပြုပြီး ဖေဖေနဲ့မေမေကိုသာ ကျွန်တော့်ဆီ ပြန်ခေါ်လာပေးပါ'
အတွေးတွေထဲ လည်ပတ်နေတုန်း အနားရောက်ကာ ခေါ်လိုက်သည့် လင်းနေအသံကြောင့် လှည့်ကြည့်လိုက်မိလေသည်။
"မုန်းမာန် ဟေ့ကောင် မုန်းမာန်"
"သြော် အေး သူငယ်ချင်းပြော"
"ငါလွှတ်ထားတဲ့လူတစ်ယောက်က ဖုန်းဆက်တယ် မင်းကောင်မလေးကိုပြန်တွေ့ပြီတဲ့"
"ဟမ် နွေ နွေ့ကိုလား"
"အေး ဟုတ်တယ်"
"ဒါဆို သူအခု ဘယ်မှာတဲ့လဲ"
"သူ ရန်ကုန်မှာတဲ့"
"ရန်ကုန်မှာ သူကဘာလုပ်နေတာလဲ"
"ဒါတော့ ငါမသိဘူး ငါ့လူပြောတာတော့ သူတစ်ယောက်တည်း မဟုတ်ဘူးတဲ့ လူမိုက်လိုလို ဘာလိုလိုလူတွေလဲပါတယ်တဲ့"
"ဒါဆို မင်းလွှတ်ထားတဲ့သူကို နွေနဲ့ဖုန်းပြောလို့ရအောင် လုပ်ပေးလုိ့ ပြောပေးပါဦး"
"အေး ငါပြောလိုက်မယ်"
နွေ ကျွန်တော်သိပ်ချစ်ရပါသောနွေ ကျွန်တော့်ရဲ့ ငယ်ချစ်ဦးကို ပြန်တွေ့ရတော့မည်။လွန်ခဲ့တဲ့ နှစ်တွေတုန်းက စုံစမ်းခဲ့ပေမယ့် သူမရဲ့ မိဘနှစ်ပါးဆုံးပြီးသွားကတည်းက သူမကိုမတွေ့ရတော့ဘူး ဆိုသည့်စကားသာ ကြားခဲ့ရသည်။အခုပြန်တွေ့ရင်တော့ သူမကို ဘယ်မှထွက်မသွားအောင် ကျွန်တော့်အနားမှာပဲ ထားတော့မည်။
__________________
တစ်ခုသော ညနေခင်းဝယ်။
ကုမ္ပဏီကအပြန် လန်းသွားအောင် ရေချိုးနေရင်း ဆူညံစွာမြည်နေသော ဖုန်းသံကြောင့် ရေချိုးခြင်းအား အမြန်အပြီးသတ်လိုက်ကာ ခန္ဓာကိုယ်အောက်ပိုင်းအား တဘတ်တစ်ထည်ပတ်၍ ဖုန်းရှိရာ စားပွဲဆီသို့ ထွက်လာခဲ့လိုက်လေသည်။
"ဟယ်လို"
"ဟယ်လို"
"ဟယ်လို ကျွတ် ဘယ်ကဖုန်းသရဲလဲ မသိပါဘူး"
စုတ်တစ်ချက်သပ်ကာ ဖုန်းချမြည်အပြု ကြားလိုက်ရသည့် အသံကြောင့် ရပ်တန့်သွားလေသည်။
"မုန်း မုန်းမာန်"
တိုးတိုးလေး။တကယ့်တိုးတိုးလေးနဲ့ ရင်းနှီးခဲ့ဖူးသည့် အသံပိုင်ရှင်လေး။
"နွေ ဟုတ်တယ်မလား"
"အင်း ဟုတ်တယ် မုန်းမာန်"
"နွေရယ် နင်ဘယ်တွေရောက်နေရတာလဲ ငါ့မှာနင့်ကိုရှာလိုက်ရတာ"
"အဟင်း အဲ့တာတွေနောက်မှပြောရအောင် အခုငါ့ကိုလာခေါ်ပေး"
"ဘယ်ကိုလာခေါ်ပေးရမှာလဲ ပြော နွေ"
"နင်ငါ့ကို မန္တလေးက (×××)ဟိုတယ်ကိုလာခေါ်ပေး အခန်းနံပါတ်က(×××)"
"နင်ဟိုတစ်နေ့ကမှ ရန်ကုန်မှာမဟုတ်ဘူးလား အခုကဘယ်လိုလုပ်"
"ငါလဲ ဘာလို့အလောတကြီးပြန်လာကြတာမှန်း သေချာမသိဘူး"
"နင့်စကားကြီးက ဘာစကားကြီးလဲ ဘာကိုအလောတကြီးပြန်လာမှန်း မသိရတာလဲ"
"ငါရှင်းပြမယ် မုန်းမာန် ငါ့မိဘတွေမရှိကတည်းက ငါ့ကို ကောင်းမြတ်ထူးက ဖမ်းခေါ်ထားတာ"
"ဘာ ဒီကောင်"
ထိုစကားကိုကြားတော့ မုန်းမာန်မျက်နှာဟာ ဒေါ်သကြောင့် နီမြန်းသွားလေသည်။
"အေး ငါ့ကိုအမြဲ အခန်းတစ်ခုထဲပိတ်ပြီး သော့ခတ်ထားခဲ့တာ အခုလဲ သူမရှိတုန်း နင့်ဆီဖုန်းဆက်ရတာ ငါ သူ့လက်ကလွတ်ချင်နေပြီ မုန်းမာန် အာ့ကြောင့် နင်ငါ့ကို လာခေါ်ပါနော် ကျန်တဲ့ကိစ္စတွေကို နောက်မှရှင်းပြတော့မယ် "
"အေး ငါအခုလာခေါ်မယ် နင်စောင့်နေနော်"
"အေးအေး"
ဖုန်းကို အလျင်အမြန်ချကာ ကားကိုနွေရှိရာ ဟိုတယ်ဆီသို့ အမြန်မောင်းနှင်လိုက်လေသည်။
_______________________
ကျွန်တော် ဒီလူကြီးလက်ထဲရောက်နေတာ ၃ ရက်လောက်ရှိတော့မည်။ဘယ်ဆီတွေရောက်လို့ ရောက်နေမှန်းလဲမသိ။ကျွန်တော့်ကို အရမ်းလှတဲ့ မမတစ်ဦးနဲ့ အခန်းတစ်ခုထဲ သော့ပိတ်ထားခဲ့တာ။အဲ့မမကလည်း ဘယ်ရောက်သွားတာလဲ မသိဘူး။အခု အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း။
"ကျွီ"
တံခါးဖွင့်သံကြောင့် ကကြိုးမော့ကြည့်မိတော့ မမလှလှ။
နွေ အခန်းထောင့်မှာ ဒူးနှစ်ဖက်ပိုက်ကာ ထိုင်နေသည့် ကောင်ငယ်လေးအနားသို့ တိုးကပ်သွားလိုက်လေသည်။
"မောင်လေး မမ မင်းကိုကြည့်နေတာ ရောက်ကတည်းက စကားလဲမပြောဘူး ဘာလို့လဲဟင် နောက်ပြီး မင်းကို ကောင်းမြတ်ထူးက ဘာလို့ခေါ်လာတာလဲ"
သူမမေးလိုက်တော့ မျက်ရည်တွေ ဝိုင်းကာကြည့်လာသည့် ကောင်လေး။ဆံပင်ဂုတ်ဝဲလေးနဲ့ မသိရင် မိန်းကလေးအတိုင်းပင်။
"အဟင့် အမေ့ရောဂါအတွက် ငွေလိုချင်ရင် သူနဲ့လိုက်ခဲ့ရမယ် ဆိုလို့ပါမမ"
ကောင်လေး၏စကားကြားတော့ သူမပိုလို့ပင် သနားသွားရသည်။
"အို မောင်လေးရယ် ဒါပေမယ့် အခုဘာမှ စိတ်မပူနဲ့တော့သိလား မမချစ်သူလာရင် မောင်လေးကိုပါခေါ်သွားမယ် ပြီးရင် အိမ်ပြန်ပို့ပေးမယ်နော် ဘာမှစိတ်မပူနဲ့ ငိုလည်းမငိုနဲ့တော့"
ပြောရင်း သူ့မျက်ရည်တွေကို သုတ်ပေးနေတဲ့ ဆံပင်အရှည်ကြီးနဲ့မမ၏စကားကြောင့် ကကြိုး ကျေးဇူးလဲတင်မိသလို ပျော်လဲပျော်ပါသည်။
"နင် ငါ့ဆီကနေ ဘယ်မှမသွားရဘူး နွေ"
"ဟင်"
"မမ"
ကကြိုး ထိုအသံကြောင့် ကြောက်အားလန့်အားဖြင့် မမနောက်သို့ ဝင်ပုန်းမိလေသည်။
"ကောင်းမြတ်ထူး"
"အေး ဟုတ်တယ် နင့်လင် ကောင်းမြတ်ထူး"
"နင် စကားပြောတာ ကြည့်ပြောနော် ကောင်းမြတ်ထူး ငါ့မှာ မုန်းမာန်ဆိုတဲ့ ချစ်ရသူတစ်ယောက်ပဲရှိတာ "
"အဟက် ဒီတော့ နင်ပြောတဲ့ နင့်ချစ်သူလာခေါ်မယ်ဆိုတာ အဲ့အကောင်ပေါ့ ဟုတ်လား"
"......."
"ဟုတ်လားလို့ ငါမေးနေတယ် ဖြေလေ ဘာလဲ အခုမှ အ သွားတာလား ဟမ်"
ကောင်းမြတ်ထူးသည် အနားသို့ရောက်လာကာ နွေ့ရဲ့ပါးနှစ်ဖက်အား သူ့လက်ဖဝါးအကြီးကြီးဖြင့် ညှစ်ကာ မေးလေသည်။
သို့သော်လည်း စကားတစ်ခွန်းမှ မဟသည့် နွေ့ကြောင့် ဒေါသတွေငယ်ထိပ်ရောက်သွားကာ အားဖြင့် နွေ့ပါးအား ရိုက်ချလိုက်လေသည်။
"ဖြန်းးး ကဲဟာ မဖြေချင်ဦး အေး နင်တွေ့မယ် ဟိုကောင်က နင့်ချစ်သူဆို ငါကနင့်လင်ပဲ အရင်ကမဟုတ်တောင် အခုနင့်ကို ငါ့မိန်းမဖြစ်အောင်လုပ်ပြမယ်"
ပြောရင်းဆိုရင်း နွေ့အင်္ကျီကို စဖြဲပါတော့သည်။
"ဟင့်အင်း မလုပ်ပါနဲ့ ကောင်းမြတ်ထူးရယ် ငါတောင်းပန်ပါတယ် မလုပ်ပါနဲ့ ငါရှစ်ခိုးဆို ခိုးပါ့မယ်"
"တော် နင့်အပေါက်ကို ပိတ်လိုက်တော့"
"ဟင့် အီး မလုပ်ပါနဲ့ မောင်လေးရေ မမကိုကယ်ပါဦး"
ထိုအခါမှ သတိဝင်လာသည့် ကကြိုးက အနားရှိ တုတ်နှင့် ကောင်းမြတ်ထူးခေါင်းအား ရိုက်ချလိုက်လေသည်။
ကောင်းမြတ်ထူးသည် သွေးအနည်းငယ်ကျလာသော သူ့ခေါင်းအားကိုင်ကာ..
"အားးး မင်း မင်း တွေ့မယ် ဟိတ်ကောင်တွေ လာစမ်း ဒီကောင့်ကိုကြိုးချည်ထားလိုက်စမ်း ပြီးမှ ငါဒီကောင်နဲ့စာရင်းရှင်းမယ်"
ကောင်းမြတ်ထူး၏ခေါ်သံကြောင့် အပြင်မှ လူနှစ်ယောက်ဝင်လာပြီး ကကြိုးအား ဖမ်းချုပ်ကာ လက်ရော ခြေထောက်ရော ကြိုးချည်ထားပြီး ပြန်ထွက်သွားကြလေသည်။
__________________
ဝစ်လစ်စလစ်ဖြစ်နေသော နွေ့ခန္ဓာကိုယ်အား တစ်ချက်ကြည့်လျက် ပြုံးလိုက်လေသည်။
"ငါတောင်းပန်ပါတယ် ကောင်းမြတ်ထူးရယ် ငါနင့်အနားမှနေဆိုလည်း နေပါ့မယ် အခုလိုတော့မလုပ်ပါနဲ့"
"နောက်ကျသွားပြီ နွေ"
"အားးးးး"
ငယ်သံပါအောင် အော်ဟစ်နေသည့်အပြင် ခန္ဓာကိုယ်အောက်ပိုင်းမှ သွေးတစ်ချို့စီးဆင်းလာသည့် မမအားကြည့်လျက် ကကြိုးငိုမိလေသည်။သူဘာတစ်မှ မကူညီနိုင်သောကြောင့်ပင်။
"အင့် ငါ ဟင့် တောင်းပန် အ ပါတယ်"
"အား ကောင်းလိုက်တာ အာ့ ဟာ့ ဟားးး"
ပြီးနောက် ကောင်းမြတ်ထူးသည် အဝတ်များအားပြန်ဆွဲချကာ အခန်းထဲမှ ထွက်သွားလေတော့သည်။
"မမ မမ"
ကကြိုး ခေါ်သံကြောင့် နွေ ခန္ဓာကိုယ်အောက်ပိုင်း၏ နာကျင်မှုတို့အား လစ်လျှူရှုလျက် ကုန်းထလိုက်လေသည်။
"မောင်   လေးးး"
ကကြိုးအနားသို့သွားကာ ကြိုးဖြည်ပေးလိုက်တော့ သူမအားကြည့်လျက် ငိုနေသော ကောင်လေး။
"မငိုပါနဲ့ အဟင့် ခဏနေရင် သူလာလိမ့်မယ် မောင်လေးကလိုက်သွားနော်"
"ကျွန်တော့်ကို လိုက်သွားဆိုတော့ မမက ဘယ်သွားမလို့လဲ"
"မမက ဟိုးအဝေးကြီးသွားမှာ"
"ပြန်လာမှလားဟင်"
"ဟင့်အင်း မသေချာဘူး"
ပြုံးလျက်ဖြင့် ခေါင်းခါပြမိတော့ ထိုကောင်ငယ်လေးက နားမလည်သလို ကြည့်နေလေသည်။
"မောင်လေး မမကိုတစ်ခုလောက် ကူညီပါလားဟင်"
"ဘာလဲ မမ"
"ဒီဓားနဲ့ မမ ဗိုက်ကိုထိုးပေးပါ့လား"
သူမ၏ လက်ထဲတွင်ကိုင်ထားသော ဓားကိုကြည့်လျက် ကကြိုးခေါင်းခါမိလေသည်။
"ဟင့်အင်း ကျွန်တော်မလုပ်နိုင်ဘူး မမ"
"ကူညီပါမောင်လေးရယ် မမ မမလေ မမရဲ့ မသန့်ရှင်းတော့တဲ့ ခန္ဓာကိုယ်ကို မမချစ်သူလက်ထဲ မထည့်ပေးနိုင်ဘူး အာ့ကြောင့် မမကို သနားရင် ကူညီပါနော်"
"ဟင့်အင်း"
သူဘယ်လောက် ခေါင်းခါကာ ငြင်းဆိုနေပါစေ မမသည် သူ့လက်ထဲသို့ ဓားထည့်ကာ ကူညီရန်ပြောဆဲပင်။
"နော် မောင်လေး "
"ဟင်"
"အ"
"မမ မမ မမ "
သူ့အားပြောရင်း သူမကိုင်တိုင် ဓားကိုကိုင်လျက် ထိုးချလိုက်လေသည်။
______________________
မုန်းမာန် ဟိုတယ်ရှေ့သို့ရောက်သည်နှင့် အလောတကြီးဆင်းကာ နွေပြောသည့် အခန်းနံပါတ်ကို အမြန်ရှာလိုက်လေသည်။
အခန်းကိုတွေ့သည်နှင့် တံခါးခေါက်ပါသော်လည်း လာမဖွင့်။ထုရိုက်ပါသော်လည်း လာမဖွင့်သောကြောင့် ဟိုတယ်မန်နေဂျာကို သွားခေါ်ကာ ဖွင့်ခိုင်းမှ ပွင့်လေသည်။
ဝင်ဝင်ချင်း မြင်လိုက်ရသည်က သွေးအိုင်ကြားထဲမှာ လဲကျနေသည့် မိန်းမပျိုတစ်ဦး။ဘေးနားမှာ ဓားကိုင်ကာ ကြည့်နေသော ကောင်လေးတစ်ယောက်။
ကကြိုး တံခါးခေါက်သံ ထုသံတွေ ကြားရပါသော်လည်း မဖွင့်ရဲ။မမ ဗိုက်က ဓားကိုဆွဲနှုတ်လိုက်စဉ် အခန်းတံခါးဖွင့်ကာ ဝင်လာသူကြောင့် အလန့်တကြား မော့ကြည့်လိုက်လေသည်။
ထိုသူသည် တစ်ဖြည်းဖြည်းအနားကပ်လာကာ ဒူးထောက် ချလိုက်လေသည်။ပြီးနောက် ရှိုက်ကြီးတငင်ငိုကြွေးရင်း သူ့အား အလွန်မုန်းတီးသည့် အကြည့်များဖြင့် ကြည့်လာကာ..
"ဘာလို့လဲ ဘာလို့ ဘာလို့ နွေ့ကိုသတ်ရတာလဲ ဘာလို့လဲ"
သူ့ပုခုံးနှစ်ဖက်အား ကိုင်ကာ ခန္ဓာကိုယ်ကိုလှုပ်၍မေးလာသူကြောင့်
"ဟင့်အင်း မမကို ကျွန်တော်မသတ်ဘူး"
"ဘာကွ မင်းက လက်ထဲမှာ ဓားကိုင်ထားပြီး မသတ်ဘူး ငြင်းချင်နေတာလား ဟမ်"
"တကယ်ပါ ကျွန်တော်မသတ်ပါဘူး ဟင့်"
ပြောရင်း ငိုနေသော ကောင်လေးအားကြည့်ပြီး မုန်းမာန် အံကိုတင်းတင်းကြိတ်မိသည်။
"မင်းကြောင့် မင်းကြောင့် ငါ့ချစ်သူ သေရတာ မင်းကြောင့် အရာအားလုံး မင်းကြောင့် မင်းကြောင့်ငါ့ရဲ့ ကမ္ဘာကိုပေးမယ့် အလင်းရောင်လေး ပျောက်ဆုံးသွားရတာ မင်းကြောင့် မင်းဘယ်လောက်ငြင်းပါစေ ငါမင်းကို ထောင်ထဲကထွက်မရအောင်လုပ်ပစ်မယ် မင်းစောင့်နေ"
ထိုသို့ပြောပြီး အခန်းအပြင်သို့ ထွက်သွားသူအား ကြည့်ရင်း ကကြိုးငိုမိလေတော့သည်။
Tbc...
----------------*--------------
viewersတွေရော vote တွေရော feedback တေရော Rl လေးတွေထဲ ထည့်ပေးတဲ့သူတွေရော အကုန်လုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်💜
______________________
© Kout Tay,
книга «My Heart For You».
အပိုင္း-၂၁
Коментарі