အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၆
Zawgyi...

ရြာထဲရိွ မုန႔္ဆိုင္တစ္ဆိုင္၌ ဝင္ကာ ေဆးလိပ္ဝယ္ေနစဉ္..

"အရူးဗ်ိဳ႕ အရူး"

ဟူ​ေသာ အသံ‌ေၾကာင့္ အျပင္သို႔ၾကၫ့္မိလိုက္ေလရာ ရြာလယ္လမ္းမသို႔ ဝင္လာပါေသာ ေယာက္်ားေလးလိုလို မိန္းကေလးလိုလို ခ်ာတိတ္တစ္ေယာက္။သူအေသအခ်ာ ၾကၫ့္မိမွ ေကာင္ေလးတစ္ေယာက္ျဖစ္ေနသည္။

"ေမာင္ေလး ေရာ့"

ဆိုင္ရွင္အမ၏ အသံ‌ေၾကာင့္ လမ္းဘက္ကို ၾကၫ့္ေနရာမွ ျပန္လွၫ့္၍

"ဘယ္ေလာက္က်လဲ အမ"
"၂၀၀ဖိုး ေမာင္ေလး"
"ဟုတ္ ဒီမွာ အမ"

ပိုက္ဆံ ၂၀၀ ထုတ္ေပးၿပီး ထိုေကာင္ေလးဆီသို႔ ေလ်ွာက္သြားလိုက္ေလသည္။

"ညီေလး မင္းက ဘယ္ကလဲ ဘယ္သူ႔ဆီလာတာလဲ"

အနီးကပ္ၾကၫ့္မိမွ အေတာ္ေခ်ာသၫ့္ ေကာင္ေလးပင္။မ်က္လံုးေမွးေမွးေလး၊ အသား‌အေရက ျဖဴတာလဲမဟုတ္သလို ဝါတာလဲမဟုတ္ တစ္မ်ိဳးေလးပင္။

သူေမးလိုက္သၫ့္အခါ လျခမ္းေကြးေလးလိုျဖစ္သြားသၫ့္ ေကာ့ၫြွတ္‌ေန‌ေသာ မ်က္ေတာင္ရွည္မ်ားဝန္းရံထားသည့္ မ်က္ဝန္းေလးႏွင့္ ပါးလႊာၿပီး ေဆးဆိုးထားျခင္းမရွိသၫ့္ ပန္းဆီ‌ေရာင္ႏႈတ္ခမ္းပါးေလးနဲ႔ ၿပံဳးျပလာသၫ့္ ေရႊအိုေရာင္ ဆံပင္ပိုင္ရွင္ေလး။

"ကြၽန္ေတာ့္ကို ကူညီပါဦး ဦးေလး"
"ဘာ ဟ ငါ့အသက္က အဲ့ေလာက္ေတာင္ႀကီးသြားၿပီလား မင္းထက္ႀကီးမယ္လို႔ေတာ့ ထင္မိပါတယ္ ဒါေပမယ့္ ဦးေလးဆိုတာႀကီးကေတာ့ မဟုတ္ေသးဘူးေလကြာ"
"အဲ ကြၽန္ေတာ္ဘယ္လို‌ေျပာရမွန္းမသိလို႔ပါဗ် ေတာင္းပန္ပါတယ္"
"ထားပါေတာ့ ခုမင္းကဘယ္သြားမွာလဲ ေနပါဦး မင္းက ဘာေတြဝတ္ထားတာလဲ"
"ကြၽန္ေတာ္လဲ မသိဘူး ကြၽန္ေတာ္ကုန္းေပၚေရာက္ေတာ့ ဘာမွမပါတာနဲ႔ ေရခ်ိဳးေနတဲ့ ‌ေကာင္မေလးေတြဆီက ခိုးလာတာ"
"ဒ့ါ‌ေပမယ့္ မင္းဝတ္ထားတာဘာလဲေတာင္ မင္းမသိဘူးလား"
" မသိလို႔ေပါ့ဗ် ကြၽန္ေတာ္ဘာေတြ ဝတ္ထားမိလို႔လဲ"
"မင္းဝတ္ထားတာ မိန္းကေလး အတြင္းခံဘရာနဲ႔ စကပ္ကြ"
"ဗ်ာ"
"ေတာ္ေသးတယ္ မင္းကို ေခြးလိုက္မဆြဲတာ"
"ကြၽန္ေတာ္က ဘယ္လိုလုပ္သိမွာလဲလို႔"

ဟိန္းသူ သူ႔အားႏႈတ္ခမ္းဆူကာ ေဘးသို႔မ်က္ႏွာလႊဲသြားသၫ့္ ေေကာင္ေလးအား ၾကၫ့္ရင္း ၿပံဳးလိုက္မိသည္။

"ဒါနဲ႔ မင္းကဘယ္သူ႔ဆီလာတာလဲ"
"ဘယ္သူ႔ဆီမွမဟုတ္ဘူး သြားစရာမရိွလို႔ ဒီထဲဝင္လာတာ"
"ကဲ ဟုတ္ပါၿပီ ဒါဆို လာ ငါ့အိမ္သြားရေအာင္"
"အင္း"

သူေခၚေတာ့ ၿပံဳးရယ္ကာ အေနာက္မွ လိုက္ပါလာသၫ့္ ေကာင္ငယ္ေလး။

________________________

"ဒီေန့ မနက္ ေဖေဖနဲ႔ေမေမ နယ္ဘက္က ေျမကြက္တစ္ခုကို သြားၾကၫ့္စရာရိွတယ္ သား"

ဇြန္းသံ၊ ခရင္းသံေတာင္မၾကားရေအာင္ တိတ္ဆိတ္ေနေသာ breakfastဝိုင္းကို ၿဖိဳခြင္းလိုက္သည္က သတင္းစာဖတ္ရင္း ေကာ္ဖီေသာက္‌ေနေသာ ေဖေဖ့ရဲ့အသံ။

"ဟုတ္ ေဖေဖ ခရီးကေဝးလား ေဖေဖ ေဝးရင္ မနက္ျဖန္မွ သားသြားလိုက္မယ္ေလ ဒီေန့ေတာ့ ကုမၸဏီ‌ ေငြအဝင္အထြက္ စာရင္းေတြ စစ္စရာရိွလို႔ မအားေသးဘူး"

သူေျပာေတာ့ ေဖေဖက ဖတ္လက္စ သတင္းစာအား စားပြဲေပၚသို႔ခ်ကာ..

"သိပ္မေဝးပါဘူး သားရယ္ ေနာက္ၿပီး ဒီေျမကြက္က လိုခ်င္တဲ့သူေတြ တအားမ်ားေနေတာ့ ေဖေဖအရင္ဦးေအာင္ သြားဝယ္မျွဖစ္မွာ"
"ဟုတ္ ေဖေဖ အဆင္ေျပရင္ရပါတယ္ ဦးေကာင္းကိုေရာ ေခၚသြားမွာမို႔လား"
"မေခၚေတာ့ဘူး သား ဦးေကာင္း ေနမေကာင္းလို႔ ကားမေမာင္းႏိုင္ဘူး "
"ေဖေဖက အသက္အရြယ္က ရိွ‌ေသးတယ္ ေမာင္းလို႔ အဆင္ေျပပါ့မလား"
"မင္းကလည္း အသက္အရြယ္ပဲ ၾကၫ့္မေနနဲ႔ေလကြာ ငါခုထိ သန္တုန္း၊ ျမန္တုန္း အလတ္ႀကီးရိွပါေသးတယ္ကြ"
"ဟားဟား ေဖေဖ့သေဘာပါဗ်ာ ေဖေဖအဆင္ေျပရင္ ၿပီးတာပါပဲ"
"ကဲ သားအဖႏွစ္ေယာက္ ‌စကားေျပာေနတာနဲ႔ သြားဖို႔အခ်ိန္ေနာက္က်ေတာ့မယ္"
"ဟုတ္ပါၿပီဗ်ာ ဒါဆိုလည္းသြားရေအာင္"

အိမ္‌ေရွ႔သို႔ ထြက္သြားေသာ ေဖေဖနဲ႔ ေမေမ့ေနာက္ လိုက္ရင္း..

"ကားကို ဂရုစိုက္ေမာင္းေနာ္ ေဖေဖ ေမေမလည္း ကားေပၚမွာ အိပ္မေနနဲ႔ဦး"
"ေအးပါကြ"
"အမေလး ဟုတ္ကဲ့ပါ ကိုယ္ေတာ္ေလးရဲ့ ကြၽန္မရွင့္အေဖကိုပဲ ၾကၫ့္ေနပါ့မယ္"
"ဟားဟားဟား"

မုန္းမာန္ ၿခံဝန္းထဲမွ ထြက္ခြာသြားေသာ ကားေလးအားၾကၫ့္ကာ တဟားဟားေအာ္ရယ္မိေလသည္။ျပီးေနာက္ လက္ဆြဲအိတ္ အနက္ေလးအား ယူကာ သူလည္း ကုမၸဏီရိွရာဆီသို႔ ကားေလးအား ေမာင္းထြက္ခဲ့ေလသည္။

ၿမိဳ႕ျပင္သို႔ ဦးတည္ေနေသာ ကားေလးတစ္စီး။

*Ringing*

"ဟဲလို ဦးရဲေနာင္ ေျပာေနပါတယ္"
"ကြၽန္ေတာ့္ကို ဘယ္အခ်ိန္မွ ကုမၸဏီလႊဲေပးမွာလဲ ဦးရဲေနာင္"
"ဒီမွာ အာကာ ငါမင္းကို မေပးနိုင္ဘူးလို႔ ဘယ္နွခါေျပာရမွာလဲ ငါ့ပိုင္ဆိုင္မႈအကုန္လံုးက ငါ့သား မုန္းမာန္ဝင့္ထည္အတြက္ပဲ မင္းနားလည္မယ္လို႔ထင္ပါတယ္"

ထိုစဥ္ ဦးရဲေနာင္ ေျပာေနေသာ ဖုန္းကို ဆြဲယူကာ ေျပာလိုက္ေသာ ေဒၚသက္ထားခင္။

"ဒီမွာ အာကာ ငါနင့္ကို ငါ့ေမာင္အရင္းမို႔ သည္းခံၿပီး ေန ေနတာေနာ္ နင္ ဒီ့ထက္လြန္မလာနဲ႔ နင့္ကိုလည္း ငါ ငါ့သားနဲ႔ တန္းတူညီတူထားခဲ့တာ ငါတို႔မွာ မိဘလက္ထက္ကတည္းက ဘာေတြပိုင္ဆိုင္မႈရွိလို႔လဲ ငါ ဦးရဲေနာင္နဲ႔ ယူၿပီးမွ နင္လည္း ေကာင္းစားလာတာပါ ၿပီးေတာ့ ဒါ သူတည္ေထာင္ထားတဲ့ ကုမၸဏီ သူေပးခ်င္တဲ့သူကို ေပးမွာပဲ နင္အဲ့ေလာက္ ေလာဘေဇာတိုက္မေနပါနဲ႔"
"အဟက္ ဟုတ္ၿပီေလ ခင္ဗ်ားတို႔ကိုယ္တုိင္ ဒီလမ္းကို ေ႐ြးခ်ယ္ခဲ့တာေနာ္ ၿပီးမွေနာင္တမရနဲ႔ ဘိုင့္ဘိုင္ ခုကတည္း ႀကိဳနႈတ္ဆက္ခဲ့ပါတယ္"

ထို႔ေနာက္ အဆက္အသြယ္ျပတ္သြားသည့္ ဖုန္းေလးနဲ႔အတူ တျဖည္းျဖည္းခ်င္း ေမာင္းနွင္လာေသာ ကားငယ္ေလးမွာ ရုတ္တရက္ မီးေတြထေတာက္လာၿပီးေနာက္ အစိတ္စိတ္အမႊာမႊာ ကြဲထြက္လာေသာ ကားေလးရဲ႕ အပုိင္းအစမ်ား။

Tbc...
-----------------*--------------------

Unicode...

Zawgyi...

ရွာထဲရှိ မုန့်ဆိုင်တစ်ဆိုင်၌ ဝင်ကာ ဆေးလိပ်ဝယ်နေစဉ်..

"အရူးဗျို့ အရူး"

ဟူ​သော အသံ‌ကြောင့် အပြင်သို့ကြည့်မိလိုက်လေရာ ရွာလယ်လမ်းမသို့ ဝင်လာပါသော ယောက်ျားလေးလိုလို မိန်းကလေးလိုလို ချာတိတ်တစ်ယောက်။သူအသေအချာ ကြည့်မိမှ ကောင်လေးတစ်ယောက်ဖြစ်နေသည်။

"မောင်လေး ရော့"

ဆိုင်ရှင်အမ၏ အသံ‌ကြောင့် လမ်းဘက်ကို ကြည့်နေရာမှ ပြန်လှည့်၍

"ဘယ်လောက်ကျလဲ အမ"
"၂၀၀ဖိုး မောင်လေး"
"ဟုတ် ဒီမှာ အမ"

ပိုက်ဆံ ၂၀၀ ထုတ်ပေးပြီး ထိုကောင်လေးဆီသို့ လျှောက်သွားလိုက်လေသည်။

"ညီလေး မင်းက ဘယ်ကလဲ ဘယ်သူ့ဆီလာတာလဲ"

အနီးကပ်ကြည့်မိမှ အတော်ချောသည့် ကောင်လေးပင်။မျက်လုံးမှေးမှေးလေး၊ အသား‌အရေက ဖြူတာလဲမဟုတ်သလို ဝါတာလဲမဟုတ် တစ်မျိုးလေးပင်။

သူမေးလိုက်သည့်အခါ လခြမ်းကွေးလေးလိုဖြစ်သွားသည့် ကော့ညွှတ်‌နေ‌သော မျက်တောင်ရှည်များဝန်းရံထားသည့် မျက်ဝန်းလေးနှင့် ပါးလွှာပြီး ဆေးဆိုးထားခြင်းမရှိသည့် ပန်းဆီ‌ရောင်နှုတ်ခမ်းပါးလေးနဲ့ ပြုံးပြလာသည့် ရွှေအိုရောင် ဆံပင်ပိုင်ရှင်လေး။

"ကျွန်တော့်ကို ကူညီပါဦး ဦးလေး"
"ဘာ ဟ ငါ့အသက်ပ အဲ့လောက်တောင်ကြီးသွားပြီလား မင်းထက်ကြီးမယ်လို့တော့ ထင်မိပါတယ် ဒါပေမယ့် ဦးလေးဆိုတာကြီးကတော့ မဟုတ်သေးဘူးလေကွာ"
"အဲ ကျွန်တော်ဘယ်လို‌ပြောရမှန်းမသိလို့ပါဗျ တောင်းပန်ပါတယ်"
"ထားပါတော့ ခုမင်းကဘယ်သွားမှာလဲ နေပါဦး မင်းက ဘာတွေဝတ်ထားတာလဲ"
"ကျွန်တော်လဲ မသိဘူး ကျွန်တော်ကုန်းပေါ်ရောက်တော့ ဘာမှမပါတာနဲ့ ရေချိုးနေတဲ့ ‌ကောင်မလေးတွေဆီက ခိုးလာတာ"
"ဒ့ါ‌ပေမယ့် မင်းဝတ်ထားတာဘာလဲတောင် မင်းမသိဘူးလား"
" မသိလို့ပေါ့ဗျ ကျွန်တော်ဘာတွေ ဝတ်ထားမိလို့လဲ"
"မင်းဝတ်ထားတာ မိန်းကလေး အတွင်းခံဘရာနဲ့ စကပ်ကွ"
"ဗျာ"
"တော်သေးတယ် မင်းကို ခွေးလိုက်မဆွဲတာ"
"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲလို့"

ဟိန်းသူ သူ့အားနှုတ်ခမ်းဆူကာ ဘေးသို့မျက်နှာလွှဲသွားသည့် ကောင်လေးအား ကြည့်ရင်း ပြုံးလိုက်မိသည်။

"ဒါနဲ့ မင်းကဘယ်သူ့ဆီလာတာလဲ"
"ဘယ်သူ့ဆီမှမဟုတ်ဘူး သွားစရာမရှိလို့ ဒီထဲဝင်လာတာ"
"ကဲ ဟုတ်ပါပြီ ဒါဆို လာ ငါ့အိမ်သွားရအောင်"
"အင်း"

သူခေါ်တော့ ပြုံးရယ်ကာ အနောက်မှ လိုက်ပါလာသည့် ကောင်ငယ်လေး။

________________________

"ဒီနေ့ မနက် ဖေဖေနဲ့မေမေ နယ်ဘက်က မြေကွက်တစ်ခုကို သွားကြည့်စရာရှိတယ် သား"

ဇွန်းသံ၊ ခရင်းသံတောင်မကြားရအောင် တိတ်ဆိတ်နေသော breakfastဝိုင်းကို ဖြိုခွင်းလိုက်သည်က သတင်းစာဖတ်ရင်း ကော်ဖီသောက်‌နေသော ဖေဖေ့ရဲ့အသံ။

"ဟုတ် ဖေဖေ ခရီးကဝေးလား ဖေဖေ ဝေးရင် မနက်ဖြန်မှ သားသွားလိုက်မယ်လေ ဒီနေ့တော့ ကုမ္ပဏီ‌ ငွေအဝင်အထွက် စာရင်းတွေ စစ်စရာရှိလို့ မအားသေးဘူး"

သူပြောတော့ ဖေဖေက ဖတ်လက်စ သတင်းစာအား စားပွဲပေါ်သို့ချကာ..

"သိပ်မဝေးပါဘူး သားရယ် နောက်ပြီး ဒီမြေကွက်က လိုချင်တဲ့သူတွေ တအားများနေတော့ ဖေဖေအရင်ဦးအောင် သွားဝယ်မြှဖစ်မှာ"
"ဟုတ် ဖေဖေ အဆင်ပြေရင်ရပါတယ် ဦးကောင်းကိုရော ခေါ်သွားမှာမို့လား"
"မခေါ်တော့ဘူး သား ဦးကောင်း နေမကောင်းလို့ ကားမမောင်းနိုင်ဘူး "
"ဖေဖေက အသက်အရွယ်က ရှိ‌သေးတယ် မောင်းလို့ အဆင်ပြေပါ့မလား"
"မင်းကလည်း အသက်အရွယ်ပဲ ကြည့်မနေနဲ့လေကွာ ငါခုထိ သန်တုန်း၊ မြန်တုန်း အလတ်ကြီးရှိပါသေးတယ်ကွ"
"ဟားဟား ဖေဖေ့သဘောပါဗျာ ဖေဖေအဆင်ပြေရင် ပြီးတာပါပဲ"
"ကဲ သားအဖနှစ်ယောက် ‌စကားပြောနေတာနဲ့ သွားဖို့အချိန်နောက်ကျတော့မယ်"
"ဟုတ်ပါပြီဗျာ ဒါဆိုလည်းသွားရအောင်"

အိမ်‌ရှေ့သို့ ထွက်သွားသော ဖေဖေနဲ့ မေမေ့နောက် လိုက်ရင်း..

"ကားကို ဂရုစိုက်မောင်းနော် ဖေဖေ မေမေလည်း ကားပေါ်မှာ အိပ်မနေနဲ့ဦး"
"အေးပါကွ"
"အမလေး ဟုတ်ကဲ့ပါ ကိုယ်တော်လေးရဲ့ ကျွန်မရှင့်အဖေကိုပဲ ကြည့်နေပါ့မယ်"
"ဟားဟားဟား"

မုန်းမာန် ခြံဝန်းထဲမှ ထွက်ခွာသွားသော ကားလေးအားကြည့်ကာ တဟားဟားအော်ရယ်မိလေသည်။ပြီးနောက် လက်ဆွဲအိတ် အနက်လေးအား ယူကာ သူလည်း ကုမ္ပဏီရှိရာဆီသို့ ကားလေးအား မောင်းထွက်ခဲ့လေသည်။

မြို့ပြင်သို့ ဦးတည်နေသော ကားလေးတစ်စီး။

*Ringing*

"ဟဲလို ဦးရဲနောင် ပြောနေပါတယ်"
"ကျွန်တော့်ကို ဘယ်အချိန်မှ ကုမ္ပဏီလွှဲပေးမှာလဲ ဦးရဲနောင်"
"ဒီမှာ အာကာ ငါမင်းကို မပေးနိုင်ဘူးလို့ ဘယ်နှခါပြောရမှာလဲ ငါ့ပိုင်ဆိုင်မှုအကုန်လုံးက ငါ့သား မုန်းမာန်ဝင့်ထည်အတွက်ပဲ မင်းနားလည်မယ်လို့ထင်ပါတယ်"

ထိုစဉ် ဦးရဲနောင် ပြောနေသော ဖုန်းကို ဆွဲယူကာ ပြောလိုက်သော ဒေါ်သက်ထားခင်။

"ဒီမှာ အာကာ ငါနင့်ကို ငါ့မောင်အရင်းမို့ သည်းခံပြီး နေ နေတာနော် နင် ဒီ့ထက်လွန်မလာနဲ့ နင့်ကိုလည်း ငါ ငါ့သားနဲ့ တန်းတူညီတူထားခဲ့တာ ငါတို့မှာ မိဘလက်ထက်ကတည်းက ဘာတွေပိုင်ဆိုင်မှုရှိလို့လဲ ငါ ဦးရဲနောင်နဲ့ ယူပြီးမှ နင်လည်း ကောင်းစားလာတာပါ ပြီးတော့ ဒါ သူတည်ထောင်ထားတဲ့ ကုမ္ပဏီ သူပေးချင်တဲ့သူကို ပေးမှာပဲ နင်အဲ့လောက် လောဘဇောတိုက်မနေပါနဲ့"
"အဟက် ဟုတ်ပြီလေ ခင်ဗျားတို့ကိုယ်တိုင် ဒီလမ်းကို ရွေးချယ်ခဲ့တာနော် ပြီးမှနောင်တမရနဲ့ ဘိုင့်ဘိုင် ခုကတည်း ကြိုနှုတ်ဆက်ခဲ့ပါတယ်"

ထို့နောက် အဆက်အသွယ်ပြတ်သွားသည့် ဖုန်းလေးနဲ့အတူ တဖြည်းဖြည်းချင်း မောင်းနှင်လာသော ကားငယ်လေးမှာ ရုတ်တရက် မီးတွေထတောက်လာပြီးနောက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်လာသော ကားလေးရဲ့ အပိုင်းအစများ။

Tbc...
-----------------*--------------------


© Kout Tay,
книга «My Heart For You».
အပိုင္း-၁၇
Коментарі