အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း_၃၆
Zawgyi...

"အခ်စ္ေရ.. ကိုယ္မေန့က ဘယ္သူ႔ကိုေတြ့ခဲ့လဲသိလား.."

"....."

"မုန္းမာန္ကို ဖ်က္စီးပစ္ခ်င္တဲ့သူတဲ့.. အသက္ေတာ့မေသေစခ်င္ဘူးထင္တယ္.. ဒါေပမယ့္ ဘယ္လိုလုပ္မလဲ ကိုယ္က သူ႔အသက္ကိုပါလိုခ်င္ေနတာ အဟက္.."

"အခ်စ္ေရာ သူ႔ကိုေတြ့ခ်င္ေနတယ္မို႔လား.. စိတ္မပူပါနဲ႔ ကိုယ္သူ႔ကိုသတ္ၿပီးရင္ သူ႔ခႏၶာကိုယ္ကို လာျပေပးမွာပါ"

"ကိုယ့္အခ်စ္ေလးပင္ပန္းေနေလာက္‌ေ‌ရာေပါ့.. ေကာင္းေကာင္းအိပ္ေနာ္ Good night.. ကိုယ္မင္းကို ခ်စ္တယ္"

နဖူးထက္ အနမ္းႏုႏုေလးေခြၽၿပီးေနာက္ သူလည္းအခန္းထဲမွ ထြက္လာခဲ့သည္။

ကုတင္ေပၚမွ အမ်ိဳးသမီးငယ္ေလးကေတာ့ အၿပံဳးမမည္ေသာ အၿပံဳးတစ္ခုကို ခ်ိတ္ဆြဲလ်က္ မလႈပ္မယွက္ ရိွေနေလရဲ့။

_________________

ခန႔္ညား မေန့က စိုင္းေကာင္းျမတ္ထူးနဲ႔ေတြ့ၿပီးကတည္းက မတံုမဆိုင္းဘဲ မႏၲေလးကိုျပန္လာခဲ့တာ အိမ္ျပန္ေရာက္ေတာ့ လူကမလႈပ္ခ်င္ေလာက္ေအာင္ ေညာင္းကိုက္ေနေလၿပီ။

ကႀကိဳးဆီဝင္ၿပီးအျပန္ သူေပးလိုက္တဲ့ေဆးကို ဆိုင္မွာသြားေမးေတာ့ ရလာတဲ့အေျဖေၾကာင့္ ေခါင္းထဲမွာလည္း Question mark ေတြကအျပၫ့္။

'သူက အဲ့ေဆးကို ဘာလုပ္မလို႔လဲ'
'အဲ့ေဆးကိုေရာ ဘယ္ကရတာလဲ'
'သူနဲ႔ ဒီေဆးနဲ႔က ဘယ္လိုသက္ဆိုင္ေနတာလဲ'

"ဟာ မသိေတာ့ဘူးကြာ.. ေရျမန္ျမန္ခ်ိဳးၿပီး boss ကိုသြားေတြ့ရမယ္ ဟူးးးး"

ေရခ်ိဳးၿပီး အလ်င္အျမန္ပင္ boss ရိွရာသို႔ ထြက္လာခဲ့ေသာ္လည္း ေသာ့ခတ္ထားတဲ့ အိမ္တံခါးကသာ ဆီးႀကိဳလ်က္ရိွသည္။

ေဘာင္းဘီအိတ္ကပ္ထဲမွ ဖုန္းကိုထုတ္ကာ boss ဆီဆက္လိုက္ေတာ့ (××××) club မွာဆိုေသာေၾကာင့္ သူ႔ဆိုင္ကယ္‌ေလးကို ထိုကလပ္ရိွရာသို႔ ဦးတည္ရျပန္သည္။

ကလပ္ထဲဝင္လိုက္သည္ႏွင့္ ျမင္လိုက္ရတဲ့ျမင္ကြင္းက သူ႔ႏွလံုးသားကို အပ္နဲ႔ တစ္တိတိထိုးေနသည့္ႏွယ္။

ေရာင္စံုမီးလံုးမ်ားၾကားမွာ ေရာင္စံုမိန္းမငယ္ေလးေတျြဖင့္ ေပ်ာ္ပါး‌ေနသၫ့္ Boss။

ရုတ္တစ္ရက္ ေဘးမွမိန္းမငယ္ေလးတစ္ေယာက္အား နမ္းလိုက္ေသာေၾကာင့္ ခန႔္ညား မ်က္ႏွာကို ေဘးသို႔လႊဲထားမိသည္။ခဏေလာက္ၾကာမွ Boss ရိွရာသို႔ ေလးပင္ေနသၫ့္ ေျခလွမ္းမ်ားျဖင့္ ေရႊ့မိသည္။

"Boss"

ေခၚသံၾကားလို႔ ေမာ့ၾကၫ့္လာသၫ့္ Boss မ်က္ဝန္းေတြက နီရဲေနေလၿပီ။

"ဪ ခန႔္ညား ေရာက္ၿပီလား ျမန္သားပဲ လာ ထိုင္"

Boss ရဲ့ ေခၚဆိုမႈေၾကာင့္ သူထိုင္လိုက္ရေပမယ့္လဲ စိတ္ထဲမွာေတာ့ တစ္စကၠန႔္ေတာင္ ေနခ်င္စိတ္ရိွမေန။

"ဘယ္လိုလဲ အေျခအေန"

"ဟုတ္ သူတို႔ဘက္က သေဘာတူလိုက္တယ္ Boss
အဲ့အစား Boss ဘက္ကသာ ကတိတည္ပါေစတဲ့ ေနာက္ၿပီး .."

အရက္တစ္ခြက္ေမာ့ေသာက္ေနရင္းမွ သူ႔စကားျပတ္သြားသည္ေၾကာင့္ ေမာ့ၾကၫ့္လာသၫ့္ မ်က္ဝန္းတစ္စံုအား ျပန္ၾကၫ့္ရင္း

"အသက္ပါလိုခ်င္ရင္ ရေစရမယ္တဲ့ Boss"

"အဟက္ ဟား ဟား ဟား အဲ့ေကာင္နဲ႔မုန္းမာန္ ရန္ၿငႇိဳးႀကီးႀကီးမားမားမ်ားရိွခဲ့ေလသလား စံုစမ္းၾကၫ့္ေပးဦး.. ၾကၫ့္ရတာ မုန္းမာန္ကိုအခြင့္သာတာနဲ႔ အေသသတ္ခ်င္ေနပံုပဲ ဟား ဟား"

"ဟုတ္ကဲ့ပါ Boss.. ဒါဆို ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါဦး"

"ဟာ မင္းကလည္း ေရာက္တာမွမၾကာေသးဘူး ျပန္ေတာ့မလို႔လား ေနပါဦး ေရာ ခ်ကြာ .."

သူ႔ေရ႔ွသို႔ အရက္တစ္ခြက္ ကမ္းေပးလာသၫ့္ Boss ေၾကာင့္ ခန႔္ညား အျမန္ျငင္းလိုက္ေလသည္။

"ကြၽန္ေတာ္မေသာက္ေတာ့ပါဘူး Boss ကြၽန္ေတာ္.."

"ခန႔္ညား မင္းကြာ မျငင္းစမ္းပါနဲ႔ ေနာက္ၿပီး တစ္ခ်ိန္လံုး ငါခိုင္းတာေတြပဲ လုပ္ေနရေတာ့ မင္းအတြက္ ဒီရက္မ်ိဳးဆိုတာ ရွားတယ္မို႔လား ေရာ့ပါကြာ ခ်စမ္းပါ မင္းကလဲ ဒါနဲ႔ မင္းေရာ စကီေလးတစ္ေပြေလာက္လိုခ်င္ေခၚဦးေလကြာ.."

"အာ ရပါတယ္ Boss ကြၽန္ေတာ္မေခၚေတာ့ပါဘူး"

"မင္း တကယ္ေျပာေနတာလား"

"တကယ္ပါ Boss"

"Ok ေလ ဒါဆိုလဲ ငါပဲေပါ့.. မြ.. ဟား ဟား"

ေျပာရင္း ‌ေဘးကမိန္းမငယ္ေလးအား လွမ္းနမ္းလိုက္ေသာေၾကာင့္ ‌နာက်င္ေနေသာ ရင္အစံုႏွင့္အတူ ေရ႔ွမွ အရက္ခြက္အား ေကာက္ေမာ့လိုက္ေလသည္။

လည္ေခ်ာင္းထဲကို ပူဆင္းသြားတဲ့အရည္ေတြကလည္း သူ႔ရင္ကို မေအးခ်မ္းႏိုင္ေစပါလား။

__________________

*ကြၽီ* *ဂ်ိမ္း*

ကားဘရိတ္အုပ္သံႏွင့္အတူ ၿခံတံခါးပိတ္သံကလည္း ၿပိဳင္တူထြက္ေပၚလာေလသည္။

ႀကီးေမ၏အ‌ေျပာ‌ေၾကာင့္ ၿခံေစာင့္လင္မယားကို ျပန္ေခၚထားေသာေၾကာင့္ ကႀကိဳး ၿခံတံခါးပိတ္ရသၫ့္အလုပ္ကိုေတာ့ မလုပ္ရေတာ့။

သို႔ေသာ္လည္း အိမ္ေအာက္ထပ္မွာ သူျပန္ေရာက္ေနၿပီဆိုသၫ့္အသိက စိတ္ကို လိႈက္ေမာေနေစလို ႏွလံုးသားတစ္ေနရာကလည္း နာက်င္မႈရိွေစျပန္သည္။

အိမ္ေပၚတက္လာသၫ့္ ‌ေျခသံတို႔အား လစ္လ်ွူရႈကာ ကုတင္တစ္ဖက္ျခမ္းတြင္ တံခါးေပါက္အားေက်ာေပးကာ ထိုင္ေနလိုက္သည္။

ခဏအၾကာ တံခါးဖြင့္သံႏွင့္အတူ အခန္းထဲသို႔ဝင္လာေသာ ေျခေထာက္တစ္စံု။

"ကႀကိဳး"

"...."

စကားျပန္မလာေသာေၾကာင့္ မုန္းမာန္ ကႀကိဳးအနားသို႔သြားကာ ပုခံုးေလးအား သူ႔ဘက္ဆြဲလွၫ့္လိုက္ေတာ့ မ်က္ရည္စအခ်ိဳ႕ရစ္သိုင္း‌ေနေသာ မ်က္ဝန္းမ်ားျဖင့္ ေမာ့ၾကၫ့္လာသၫ့္သူ။

ဘာေၾကာင့္ဆိုသၫ့္ အေၾကာင္းအရင္း ေမးျမန္းမၾကၫ့္ေတာ့ဘဲ မုန္းမာန္ သူ႔လက္ဖဝါးထဲက လက္စြပ္ေလးႏွစ္ကြင္းကို ျဖန႔္ျပလိုက္ေလသည္။

ၿပီးေနာက္ ယူ ဆိုသၫ့္ သေဘာျဖင့္ ေမ့ေငါ့ျပပါေသာ္လည္း ခုထိ စကားတစ္ခြန္းျပန္မ‌ေျပာသည့္အျပင္ မ်က္ႏွာလႊဲထားသၫ့္ေကာင္ေလးေၾကာင့္ သူပဲ လက္သြယ္သြယ္ေလးအား စြပ္ေပးလိုက္ေလသည္။

"အခုေတာ့ ဒါေလးစြပ္ထားလိုက္ဦး ေနာက္မွ တန္ဖိုးႀကီးတာ ဝယ္ေပးမယ္"

ဘာမွစကားျပန္‌မေျပာေသာ ေကာင္ေလးေၾကာင့္ မုန္းမာန္လဲ ေရခ်ိဳးခန္းထဲသာ ဝင္ခဲ့လိုက္သည္။

မုန္းမာန္ ေရခ်ိဳးခန္းထဲ ဝင္သြားသည္ႏွင့္ ကႀကိဳး မုန္းမာန္ စြပ္ေပးသြားသၫ့္ လက္စြပ္ေလးအား ငံု႔ၾကၫ့္လိုက္သည္။

'အဟက္ ဟုတ္ပါတယ္ လက္စြပ္ပါ ဒါေပမယ့္ လက္စြပ္မမည္ေသာ လက္စြပ္ေပါ့'

အမွန္တကယ္ပင္ လက္စြပ္ဟုေခၚထိုက္ပါေသာ္လည္း စိန္ေတြ ေရႊေတြ ပလက္တီနမ္ေတျြဖင့္ ျပဳလုပ္ထားေသာ လက္စြပ္ေတာ့မဟုတ္။ လူတိုင္းအသံုးျပဳ‌ၾကေသာ mask မွ ႀကိဳးေလးမ်ားျဖင့္ ျပဳလုပ္ထားေသာ ယုန္လက္စြပ္ကေလး။
ေရသူထီးေကာင္ေလးဟာ လူ့အသံုးအေဆာင္ေတြကို စံုစံုလင္လင္မသိေသးေသာ္ျငား ဒီလက္စြပ္ဟာ သူျမင္ဖူးေသာ လက္စြပ္မ်ားနဲ႔မတူ ကြဲျပားေနတာကိုေတာ့ ေသခ်ာသိပါသည္။

"ကြၽန္ေတာ့္ကို အဲ့ေလာက္ႀကီးထိ တန္ဖိုးမထားပါနဲ့လား ေမာင္ရယ္"

ခပ္တိုးတိုးေရရြတ္လိုက္ေသာ စကားကိုေတာ့ ေရခ်ိဳးခန္းထဲက ေမာင္ဆိုေသာ လူသားက မၾကားႏိုင္ေလရဲ့။

Tbc...

---------------*--------------

Unicode...

"အချစ်ရေ.. ကိုယ်မနေ့က ဘယ်သူ့ကိုတွေ့ခဲ့လဲသိလား.."

"....."

"မုန်းမာန်ကို ဖျက်စီးပစ်ချင်တဲ့သူတဲ့.. အသက်တော့မသေစေချင်ဘူးထင်တယ်.. ဒါပေမယ့် ဘယ်လိုလုပ်မလဲ ကိုယ်က သူ့အသက်ကိုပါလိုချင်နေတာ အဟက်.."

"အချစ်ရော သူ့ကိုတွေ့ချင်နေတယ်မို့လား.. စိတ်မပူပါနဲ့ ကိုယ်သူ့ကိုသတ်ပြီးရင် သူ့ခန္ဓာကိုယ်ကို လာပြပေးမှာပါ"

"ကိုယ့်အချစ်လေးပင်ပန်းနေလောက်ေ‌ရာပေါ့.. ကောင်းကောင်းအိပ်နော် Good night.. ကိုယ်မင်းကို ချစ်တယ်"

နဖူးထက် အနမ်းနုနုလေးချွေပြီးနောက် သူလည်းအခန်းထဲမှ ထွက်လာခဲ့သည်။

ကုတင်ပေါ်မှ အမျိုးသမီးငယ်လေးကတော့ အပြုံးမမည်သော အပြုံးတစ်ခုကို ချိတ်ဆွဲလျက် မလှုပ်မယှက် ရှိနေလေရဲ့။

_________________

ခန့်ညား မနေ့က စိုင်းကောင်းမြတ်ထူးနဲ့တွေ့ပြီးကတည်းက မတုံမဆိုင်းဘဲ မန္တလေးကိုပြန်လာခဲ့တာ အိမ်ပြန်ရောက်တော့ လူကမလှုပ်ချင်လောက်အောင် ညောင်းကိုက်နေလေပြီ။

ကကြိုးဆီဝင်ပြီးအပြန် သူပေးလိုက်တဲ့ဆေးကို ဆိုင်မှာသွားမေးတော့ ရလာတဲ့အဖြေကြောင့် ခေါင်းထဲမှာလည်း Question mark တွေကအပြည့်။

'သူက အဲ့ဆေးကို ဘာလုပ်မလို့လဲ'
'အဲ့ဆေးကိုရော ဘယ်ကရတာလဲ'
'သူနဲ့ ဒီဆေးနဲ့က ဘယ်လိုသက်ဆိုင်နေတာလဲ'

"ဟာ မသိတော့ဘူးကွာ.. ရေမြန်မြန်ချိုးပြီး boss ကိုသွားတွေ့ရမယ် ဟူးးးး"

ရေချိုးပြီး အလျင်အမြန်ပင် boss ရှိရာသို့ ထွက်လာခဲ့သော်လည်း သော့ခတ်ထားတဲ့ အိမ်တံခါးကသာ ဆီးကြိုလျက်ရှိသည်။

ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ boss ဆီဆက်လိုက်တော့ (××××) club မှာဆိုသောကြောင့် သူ့ဆိုင်ကယ်‌လေးကို ထိုကလပ်ရှိရာသို့ ဦးတည်ရပြန်သည်။

ကလပ်ထဲဝင်လိုက်သည်နှင့် မြင်လိုက်ရတဲ့မြင်ကွင်းက သူ့နှလုံးသားကို အပ်နဲ့ တစ်တိတိထိုးနေသည့်နှယ်။

ရောင်စုံမီးလုံးများကြားမှာ ရောင်စုံမိန်းမငယ်လေးတြွေဖင့် ပျော်ပါး‌နေသည့် Boss။

ရုတ်တစ်ရက် ဘေးမှမိန်းမငယ်လေးတစ်ယောက်အား နမ်းလိုက်သောကြောင့် ခန့်ညား မျက်နှာကို ဘေးသို့လွှဲထားမိသည်။ခဏလောက်ကြာမှ Boss ရှိရာသို့ လေးပင်နေသည့် ခြေလှမ်းများဖြင့် ရွှေ့မိသည်။

"Boss"

ခေါ်သံကြားလို့ မော့ကြည့်လာသည့် Boss မျက်ဝန်းတွေက နီရဲနေလေပြီ။

"ဪ ခန့်ညား ရောက်ပြီလား မြန်သားပဲ လာ ထိုင်"

Boss ရဲ့ ခေါ်ဆိုမှုကြောင့် သူထိုင်လိုက်ရပေမယ့်လဲ စိတ်ထဲမှာတော့ တစ်စက္ကန့်တောင် နေချင်စိတ်ရှိမနေ။

"ဘယ်လိုလဲ အခြေအနေ"

"ဟုတ် သူတို့ဘက်က သဘောတူလိုက်တယ် Boss
အဲ့အစား Boss ဘက်ကသာ ကတိတည်ပါစေတဲ့ နောက်ပြီး .."

အရက်တစ်ခွက်မော့သောက်နေရင်းမှ သူ့စကားပြတ်သွားသည်ကြောင့် မော့ကြည့်လာသည့် မျက်ဝန်းတစ်စုံအား ပြန်ကြည့်ရင်း

"အသက်ပါလိုချင်ရင် ရစေရမယ်တဲ့ Boss"

"အဟက် ဟား ဟား ဟား အဲ့ကောင်နဲ့မုန်းမာန် ရန်ငြှိုးကြီးကြီးမားမားများရှိခဲ့လေသလား စုံစမ်းကြည့်ပေးဦး.. ကြည့်ရတာ မုန်းမာန်ကိုအခွင့်သာတာနဲ့ အသေသတ်ချင်နေပုံပဲ ဟား ဟား"

"ဟုတ်ကဲ့ပါ Boss.. ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

"ဟာ မင်းကလည်း ရောက်တာမှမကြာသေးဘူး ပြန်တော့မလို့လား နေပါဦး ရော ချကွာ .."

သူ့ရှေ့သို့ အရက်တစ်ခွက် ကမ်းပေးလာသည့် Boss ကြောင့် ခန့်ညား အမြန်ငြင်းလိုက်လေသည်။

"ကျွန်တော်မသောက်တော့ပါဘူး Boss ကျွန်တော်.."

"ခန့်ညား မင်းကွာ မငြင်းစမ်းပါနဲ့ နောက်ပြီး တစ်ချိန်လုံး ငါခိုင်းတာတွေပဲ လုပ်နေရတော့ မင်းအတွက် ဒီရက်မျိုးဆိုတာ ရှားတယ်မို့လား ရော့ပါကွာ ချစမ်းပါ မင်းကလဲ ဒါနဲ့ မင်းရော စကီလေးတစ်ပွေလောက်လိုချင်ခေါ်ဦးလေကွာ.."

"အာ ရပါတယ် Boss ကျွန်တော်မခေါ်တော့ပါဘူး"

"မင်း တကယ်ပြောနေတာလား"

"တကယ်ပါ Boss"

"Ok လေ ဒါဆိုလဲ ငါပဲပေါ့.. မွ.. ဟား ဟား"

ပြောရင်း ‌ဘေးကမိန်းမငယ်လေးအား လှမ်းနမ်းလိုက်သောကြောင့် ‌နာကျင်နေသော ရင်အစုံနှင့်အတူ ရှေ့မှ အရက်ခွက်အား ကောက်မော့လိုက်လေသည်။

လည်ချောင်းထဲကို ပူဆင်းသွားတဲ့အရည်တွေကလည်း သူ့ရင်ကို မအေးချမ်းနိုင်စေပါလား။

__________________

*ကျွီ* *ဂျိမ်း*

ကားဘရိတ်အုပ်သံနှင့်အတူ ခြံတံခါးပိတ်သံကလည်း ပြိုင်တူထွက်ပေါ်လာလေသည်။

ကြီးမေ၏အ‌ပြော‌ကြောင့် ခြံစောင့်လင်မယားကို ပြန်ခေါ်ထားသောကြောင့် ကကြိုး ခြံတံခါးပိတ်ရသည့်အလုပ်ကိုတော့ မလုပ်ရတော့။

သို့သော်လည်း အိမ်အောက်ထပ်မှာ သူပြန်ရောက်နေပြီဆိုသည့်အသိက စိတ်ကို လှိုက်မောနေစေလို နှလုံးသားတစ်နေရာကလည်း နာကျင်မှုရှိစေပြန်သည်။

အိမ်ပေါ်တက်လာသည့် ‌ခြေသံတို့အား လစ်လျှူရှုကာ ကုတင်တစ်ဖက်ခြမ်းတွင် တံခါးပေါက်အားကျောပေးကာ ထိုင်နေလိုက်သည်။

ခဏအကြာ တံခါးဖွင့်သံနှင့်အတူ အခန်းထဲသို့ဝင်လာသော ခြေထောက်တစ်စုံ။

"ကကြိုး"

"...."

စကားပြန်မလာသောကြောင့် မုန်းမာန် ကကြိုးအနားသို့သွားကာ ပုခုံးလေးအား သူ့ဘက်ဆွဲလှည့်လိုက်တော့ မျက်ရည်စအချို့ရစ်သိုင်း‌နေသော မျက်ဝန်းများဖြင့် မော့ကြည့်လာသည့်သူ။

ဘာကြောင့်ဆိုသည့် အကြောင်းအရင်း မေးမြန်းမကြည့်တော့ဘဲ မုန်းမာန် သူ့လက်ဖဝါးထဲက လက်စွပ်လေးနှစ်ကွင်းကို ဖြန့်ပြလိုက်လေသည်။

ပြီးနောက် ယူ ဆိုသည့် သဘောဖြင့် မေ့ငေါ့ပြပါသော်လည်း ခုထိ စကားတစ်ခွန်းပြန်မ‌ပြောသည့်အပြင် မျက်နှာလွှဲထားသည့်ကောင်လေးကြောင့် သူပဲ လက်သွယ်သွယ်လေးအား စွပ်ပေးလိုက်လေသည်။

"အခုတော့ ဒါလေးစွပ်ထားလိုက်ဦး နောက်မှ တန်ဖိုးကြီးတာ ဝယ်ပေးမယ်"

ဘာမှစကားပြန်‌မပြောသော ကောင်လေးကြောင့် မုန်းမာန်လဲ ရေချိုးခန်းထဲသာ ဝင်ခဲ့လိုက်သည်။

မုန်းမာန် ရေချိုးခန်းထဲ ဝင်သွားသည်နှင့် ကကြိုး မုန်းမာန် စွပ်ပေးသွားသည့် လက်စွပ်လေးအား ငုံ့ကြည့်လိုက်သည်။

'အဟက် ဟုတ်ပါတယ် လက်စွပ်ပါ ဒါပေမယ့် လက်စွပ်မမည်သော လက်စွပ်ပေါ့'

အမှန်တကယ်ပင် လက်စွပ်ဟုခေါ်ထိုက်ပါသော်လည်း စိန်တွေ ရွှေတွေ ပလက်တီနမ်တြွေဖင့် ပြုလုပ်ထားသော လက်စွပ်တော့မဟုတ်။ လူတိုင်းအသုံးပြု‌ကြသော mask မှ ကြိုးလေးများဖြင့် ပြုလုပ်ထားသော ယုန်လက်စွပ်ကလေး။
ရေသူထီးကောင်လေးဟာ လူ့အသုံးအဆောင်တွေကို စုံစုံလင်လင်မသိသေးသော်ငြား ဒီလက်စွပ်ဟာ သူမြင်ဖူးသော လက်စွပ်များနဲ့မတူ ကွဲပြားနေတာကိုတော့ သေချာသိပါသည်။

"ကျွန်တော့်ကို အဲ့လောက်ကြီးထိ တန်ဖိုးမထားပါနဲ့လား မောင်ရယ်"

ခပ်တိုးတိုးရေရွတ်လိုက်သော စကားကိုတော့ ရေချိုးခန်းထဲက မောင်ဆိုသော လူသားက မကြားနိုင်လေရဲ့။

Tbc...

---------------*--------------

© Kout Tay,
книга «My Heart For You».
အပိုင္း_၃၇
Коментарі