အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၃
Zawgyi...

"ဘာ မင္းတို႔ေတြတစ္ေယာက္မွ ေစာက္သံုးမက်ၾကဘူး ဒီအလုပ္ေလးတစ္ခုကိုေတာင္ ျဖစ္ေျမာက္ေအာင္မလုပ္နိုင္ရင္ ေရွ႕ဆက္ၿပီး မင္းတို႔ကို ငါ ဘယ္လိုယံုၾကည္ရေတာ့မွာလဲ ေတာက္!!!"

ေတာက္တစ္ခ်က္အား ျပင္းျပင္းေခါက္ကာ ေဒါသထြက္ေနေသာ Boss အားၾကည့္ရင္း ခန္႔ညား သက္ျပင္းခ်မိသည္။

"အရမ္းလဲ ေဒါသမထြက္ပါနဲ႔ Boss မေန႔က clubမွာ လုပ္ႀကံတာမေအာင္ျမင္ရင္ေတာင္ ကြၽန္ေတာ္တို႔ထည့္လိုက္တဲ့ေဆးက ျပင္းလို႔ မုန္းမာန္ သူ႔အိမ္မွာေတာ့ တစ္ခုမဟုတ္ရင္ တစ္ခုျဖစ္နိုင္ပါေသးတယ္"

အာကာ ထိုစကားအား ေခတၲစဥ္းစားၿပီးေနာက္

"အခုခ်က္ခ်င္း မုန္းမာန္အိမ္ကိုသြားမယ္ ကား အဆင္သင့္ျပင္ထားလိုက္"
"Yes Boss"
____________________

အခန္းျပတင္းမွ တစ္စတစ္စျဖင့္ ဝင္ေရာက္လာေသာ ေနေရာင္ျခည္ အလင္းတန္းေလးက မုန္းမာန္ မ်က္နွာဆီသို႔ စူးရွစြာက်ေရာက္လာသည္။

"အင္းးးးး"

ညည္းသံတစ္ခ်က္ျပဳၿပီးေနာက္ အိပ္ယာမွ လူးလဲကာထလိုက္စဥ္ မိုက္ခနဲ႔ျဖစ္သြားသည့္ေခါင္းေၾကာင့္ လက္နွစ္ဖက္ျဖင့္ အျမန္ပင္ ထိန္းကိုင္လိုက္ေလသည္။

ထိုစဥ္ ေဘးဘက္မွ ျမင္လိုက္ရသည့္ အျဖဴေရာင္ခနၶာကိုယ္ေလးေၾကာင့္ ကိုက္ေနသည့္ေခါင္းပင္ ခ်ာခ်ာလည္သြားသလိုပင္။

'ဘယ္သူလဲ ငါ့အိပ္ယာေပၚေရာက္ေနတာ ဘယ္သူလဲ'

အလ်င္အျမန္ပင္ ထိုေသးငယ္ေသာ ခနၶာကိုယ္ေလးအား သူ႔ဘက္ဆြဲလွည့္လိုက္မိေတာ့..

"အ့! ဟင့္ နာတယ္"
"ဟင္"

မုန္းမာန္ မ်က္လံုးအစံုျပဴးက်ယ္သြားသည္က ခနၶကိုယ္မွာ အဝတ္ဆိုလို႔တစ္ထည္ပင္မရွိေသာ ေကာင္ေလးေၾကာင့္ပင္။

"မင္း မင္းက ဘယ္လိုလုပ္ ငါ့အခန္းထဲေရာက္ေနရတာလဲ ေနာက္ၿပီး ဘာလို႔အက်ၤီဝတ္မထားရတာလဲ"
"ဘာဗ် အ့! ခင္ဗ်ားႀကီး လူစကားေျပာေနာ္ ခင္ဗ်ားကသာ ကြၽန္ေတာ္အိပ္ေနတဲ့အခန္းထဲဝင္လာၿပီးေတာ့ ေနာက္ၿပီး ခင္ဗ်ားလုပ္လို႔ ကြၽန္ေတာ္တစ္ကိုယ္လံုး လႈပ္လို႔မရေအာင္ကို နာက်င္ေနတာ သိရဲ႕လား"
"ဟား ဟား အဲ့ေတာ့ မင္းေျပာသမ်ွကို ငါကယံုၾကည္ေပးရမွာေပါ့ ဟုတ္လား ဒီမွာေကာင္ေလး ဒီအိမ္မွာရွိတဲ့ဘယ္သူ႔ကိုေမးေမး ဒီအခန္းက ငါ့အခန္းဆိုတာသိၾကတယ္ အခုမွ အႀကံနဲ႔ ငါကပဲ မင္းအခန္းထဲဝင္ၿပီး မင္းကိုတစ္ခုခုလုပ္လိုက္ပါတယ္ဆိုၿပီးေျပာလည္း ဘယ္သူကမွယံုမွာမဟုတ္ဘူး တကယ္လို႔လုပ္ခဲ့ရင္ေတာင္ ငါမင္းကို တာဝန္မယူနိုင္ဘူး မင္းေရာငါေရာ ေယာက်္ားေလးေတြပဲ ထူးၿပီးကိုယ္ဝန္ရဖို႔ဆိုတာလဲ မျဖစ္နိုင္ဘူး အဓိကအခ်က္က ငါကမင္းကိုတာဝန္ယူရေအာင္ gay လဲမဟုတ္ဘူး ေနာက္ၿပီး မင္းကငါ့ခ်စ္သူကို သတ္ထားတဲ့သူမို႔ ပိုၿပီးေတာ့ေတာင္မျဖစ္နိုင္ဘူး ရွင္းၿပီလား"

သူကပဲ စကားေတြ တရစပ္ေျပာသြားၿပီး ေနာက္သို႔ တစ္ခ်က္မွလွည့္မၾကည့္ဘဲ အိပ္ယာေပၚမွ ထကာ ေရခ်ိဳးခန္းထဲဝင္သြားသူေၾကာင့္ ကႀကိဳးပို၍ပင္ဝမ္းနည္းမိသည္။

အိပ္ယာခင္းတြင္ စြန္းထင္းေနေသာ ေသြးမ်ားအားၾကည့္ၿပီး မ်က္ရည္ပင္က်လာမိသည္။

"အဟင့္ ခင္ဗ်ားအတြက္ ေယာက်္ားေလးနွစ္ေယာက္ဆိုေပမယ့္ ကြၽန္ေတာ္အတြက္ကေတာ့ ရိုးရိုးေယာက်္ားေလး မဟုတ္ဘူးေလဗ်ာ"

တစ္ခဏမ်ွ ငိုေနရင္းမွ မ်က္ရည္မ်ားအား သုတ္ကာ ကုတင္ေပၚမွဆင္းရန္ျပင္လိုက္စဥ္ ခနၶာကိုယ္ေအာက္ပိုင္းမွ စူးေအာင့္ကာ နာက်င္လာေသာေၾကာင့္ ျပန္လွဲေနလိုက္ရသည္။

မုန္းမာန္ ေရခ်ိဳးခန္းထဲကထြက္လာခ်ိန္ထိ မသြားေသးဘဲ အိပ္ယာေပၚလွဲေနသူေၾကာင့္ ပို၍ေဒါသထြက္သြားေလသည္။

ထို႔ေၾကာင့္ ကႀကိဳးအနားသို႔ ေလ်ွာက္လာၿပီး လက္အားေဆာင့္ဆြဲလိုက္ေလသည္။

အိပ္ယာေပၚအသာေလး လွဲေနစဥ္ ရုတ္တရက္ႀကီး လက္အားေဆာင့္ဆြဲခံလိုက္ရေသာေၾကာင့္ လူမွာ ဖင္ထိုက္လ်က္သားျဖစ္သြားေပမယ့္လည္း နာက်င္လွေသာေၾကာင့္ မ်က္ရည္မ်ားဝိုင္းကာ ေအာ္မိသည္အထိပင္။

"အား!!!"
"ဒီမွာ ကႀကိဳး မင္းသရုပ္ေဆာင္တာ ေတာ္သင့္ၿပီထင္တယ္ေနာ္ မင္းအႀကံဉာဏ္ေတြအကုန္လံုး ငါ့ဆီကိုဘာတစ္ခုမွအက်ိဳးမသက္ေရာက္တာမို႔ ငါဒီ့ထက္ေဒါသထြက္မလာခင္ မင္းအရင္ဒီေနရာကထြက္သြားသင့္တယ္လို႔ ထင္တယ္"
"အဟင့္ ကြၽန္ေတာ္သရုပ္ေဆာင္ေနတာ မဟုတ္ ဟင့္ "

ထိုစဥ္ ပြင့္လာပါေသာ တံခါးခ်က္နွင္အတူ ဝင္လာပါေသာ လူတစ္ေယာက္။

"OMG ငါ့တူ ဒါက ဘယ္လိုျဖစ္"

အာကာမွာ အလြန္အမင္းအံ့ၾသတစ္ႀကီးျဖစ္သြားသည့္ မ်က္နွာအား ေဆာင္က်ဥ္းလ်က္ အခန္းထဲသို႔ဝင္လာေလသည္။

မုန္းမာန္မွာ ဦးငယ္အားမၾကည္ၾကည့္ ၾကည့္လ်က္ျဖင့္

"ဦးငယ္ ဦးငယ္ ဒီအသက္အ႐ြယ္ေတာင္ေရာက္ေနၿပီ လူ႔က်င့္ဝတ္ကိုေတာင္မသိဘူးလား ဘာလို႔သူမ်ားအခန္းထဲမဝင္ခင္ တံခါးမေခါက္ရတာလဲ"
"အစက ေခါက္မလို႔ပါပဲကြာ စကားသံေတြ ငိုေနတဲ့အသံေတြၾကားေတာ့ စိုးရိမ္ၿပီးဝင္လာမိတာ"
"ထားပါေတာ့ ဘာကိစၥရွိလို႔လဲ"
"ကိစၥကေထြေထြထူးထူးေတာ့မဟုတ္ပါဘူး ဒါနဲ႔ ဟိုဘက္က ေကာင္ေလးလား မထင္ရဘူးေနာ္ ေကာင္မေလးတစ္ေယာက္နဲ႔ေတာ္ေတာ္တူတာပဲ ဒါနဲ႔ မဟုတ္မလြဲေရာ မုန္းမာန္ မင္း သူ႔ကို.."

သူတစ္ခါမွ မျမင္ဖူးသည့္လူက သူ႔အား ေသခ်ာစိုက္ၾကည့္ကာ ေျပာေနသည္ေၾကာင့္ ကႀကိဳးအနည္းငယ္ ေၾကာက္စိတ္ဝင္မိေလသည္။

မုန္းမာန္ အက်ၤီလဲေနရာမွ လွည့္ၾကည့္လိုက္ၿပီး

"ဟာဗ်ာ ဘာလဲ ေျပာ ေျပာ ဟင္"

ဦးငယ္ လက္ညႇိုးထိုးျပသည့္ ေသြးကြက္ႀကီးအား ၾကည့္ရင္း မုန္းမာန္ အခုမွ မ်က္လံုးျပဴးမ်က္ဆံျပဴးျဖစ္လ်က္။

'ငါ ငါ တကယ္ပဲ သူ႔ကို"

"ဟိတ္ေကာင္ မုန္းမာန္ ေၾကာင္ၾကည့္မေနနဲ႔ေလ မင္းလုပ္ထားတဲ့ ကိစၥဟာကို.. အရင္ဆံုး ဆရာဝန္ဆီဖုန္းဆက္ ျမန္ျမန္ ေတာ္ေသးတာေပါ့ မေသတာ ၾကည့္ပါဦး ေသြးေတြစြန္းေနတာမ်ား ျမင္လို႔မေကာင္းဘူး"

ထိုအခါမွ သတိဝင္လာကာ ဆရာဝန္ဆီ အျမန္ဆံုးဖုန္းဆက္ရသည္။
____________________

လိုအပ္သည့္ ေဆးမ်ားထိုးေပးကာ ျပန္သြားသည့္ ဆရာဝန္အား လိုက္ပို႔ရန္ အိမ္အကူတစ္ေယာက္ကို ေခၚမိရာမွ မီးေလာင္ရာ ေလပင့္ဆိုသလို တစ္အိမ္လံုး သူနဲ႔ကႀကိဳးရဲ႕ အျဖစ္မွန္ကို သိသြားၾကေလသည္။

စိတ္ညစ္ညစ္ျဖင့္ ဧည့္ခန္းမွထိုင္ေနတုန္း ေရာက္လာသည့္ ဦးငယ္။

"ဘယ္လိုဆက္လုပ္မွာလဲ မုန္းမာန္ အခုတစ္အိမ္လံုးလဲသိသြားၿပီ ဗူးေပါက္တစ္ရာကို လိုက္ပိတ္ဖို႔ရာက အလြယ္ေလးေပမယ့္ ပါးစပ္ေပါက္တစ္ရာကို လိုက္ပိတ္ဖို႔ရာက မျဖစ္နိုင္ဘူး မုန္းမာန္ မင္းဘက္က အခုလိုျဖစ္ၿပီးတာေတာင္ တာဝန္မယူနိုင္ဘူးလို႔ေျပာရင္ ပိုဆိုးလာလိမ့္မယ္"

လက္နွစ္ဖက္ျဖင့္ မ်က္နွာအား ပြတ္သပ္လိုက္ၿပီး

"ကြၽန္ေတာ္လဲ ဘာဆက္လုပ္ရမလဲ မသိေတာ့ဘူးဦးငယ္ အခုခ်ိန္ထိ ေရာက္လာမွေတာ့ တာဝန္ယူရံုပဲက်န္ေတာ့တာေပါ့"

ေျပာၿပီး ထကာ အေပၚထပ္သို႔တက္သြားသည့္ မုန္းမာန္အားၾကည့္ရင္း ၿပံဳးလိုက္သည့္ အာကာ။

'ငါက မင္းကို မိန္းကေလးတစ္ေယာက္နဲ႔မွားၿပီး အရွက္ခြဲရံုေလာက္ပဲ ဒါေပမယ့္ မင္းကိုယ္တိုင္ကိုက အဆင္းကို ဘီးတပ္ေပးလိုက္သလိုမ်ိဳး မိန္းကေလးနဲ႔ေတာင္ မဟုတ္ဘူး ေယာက္်ားေလးတစ္ေယာက္နဲ႔ကို ျဖစ္သြားတာပဲဟာ ငါ့အတြက္ေတာ့ ပိုေကာင္းတာေပါ့ ဟား ဟား'
________________

အိမ္အေပၚထပ္ရွိ ေဆးအရွိန္ေၾကာင့္ အိပ္ေမာက်ေနေသာ ကႀကိဳးအား ရပ္ၾကည့္လ်က္ျဖင့္..

"ငါမင္းကို လက္ထပ္မယ္ကႀကိဳး ခမ္းခမ္းနားနားေတာ့မဟုတ္ဘူး ေနာက္ၿပီး ငါမင္းကို ခ်စ္လြန္းလို႔ေတာ့ မထင္လိုက္နဲ႔ မင္းကို အရမ္းမုန္းလြန္းလို႔ ငါ့အသည္းထဲကကို စြဲေနေအာင္ မုန္းတာ အခုကစၿပီး  မင္းေအးေအးခ်မ္းခ်မ္းေနရမယ္လို႔လဲ မစဥ္းစားနဲ႔ေတာ့ ေန႔ရက္တိုင္းကို ငရဲက်ေနသလိုမ်ိဳး ခံစားေနရမယ္"

တစ္ျဖည္းျဖည္း အနားမွထြက္ခြာသြားေသာ အရိပ္ေလးအား ကႀကိဳး မ်က္လံုးအနည္းငယ္ဖြင့္ၾကည့္ရင္း

'ဘယ္အခ်ိန္ထဲက ကြၽန္ေတာ့္နွလံုးသားထဲ ဝင္ေရာက္လာမွန္းမသိေပမယ့္လည္း ကြၽန္ေတာ္ကေတာ့ ခင္ဗ်ားကို ခ်စ္တယ္ ကိုမုန္းမာန္.. ကြၽန္ေတာ့္အထင္ ခင္ဗ်ားနာမည္ကို စၾကားမိတုန္းကမ်ားလား အဟက္ စိတ္ခ်ပါ ကြၽန္ေတာ္ ခင္ဗ်ားအနားမွာ ေပးဆပ္ရင္းနဲ႔ ရွင္သန္သြားပါ့မယ္'

Tbc...
-----------------*-----------------

Unicode...

"ဘာ မင်းတို့တွေတစ်ယောက်မှ စောက်သုံးမကျကြဘူး ဒီအလုပ်လေးတစ်ခုကိုတောင် ဖြစ်မြောက်အောင်မလုပ်နိုင်ရင် ရှေ့ဆက်ပြီး မင်းတို့ကို ငါ ဘယ်လိုယုံကြည်ရတော့မှာလဲ တောက်!!!"

တောက်တစ်ချက်အား ပြင်းပြင်းခေါက်ကာ ဒေါသထွက်နေသော Boss အားကြည့်ရင်း ခန့်ညား သက်ပြင်းချမိသည်။

"အရမ်းလဲ ဒေါသမထွက်ပါနဲ့ Boss မနေ့က clubမှာ လုပ်ကြံတာမအောင်မြင်ရင်တောင် ကျွန်တော်တို့ထည့်လိုက်တဲ့ဆေးက ပြင်းလို့ မုန်းမာန် သူ့အိမ်မှာတော့ တစ်ခုမဟုတ်ရင် တစ်ခုဖြစ်နိုင်ပါသေးတယ်"

အာကာ ထိုစကားအား ခေတ္တစဉ်းစားပြီးနောက်

"အခုချက်ချင်း မုန်းမာန်အိမ်ကိုသွားမယ် ကား အဆင်သင့်ပြင်ထားလိုက်"
"Yes Boss"
____________________

အခန်းပြတင်းမှ တစ်စတစ်စဖြင့် ဝင်ရောက်လာသော နေရောင်ခြည် အလင်းတန်းလေးက မုန်းမာန် မျက်နှာဆီသို့ စူးရှစွာကျရောက်လာသည်။

"အင်းးးးး"

ညည်းသံတစ်ချက်ပြုပြီးနောက် အိပ်ယာမှ လူးလဲကာထလိုက်စဉ် မိုက်ခနဲ့ဖြစ်သွားသည့်ခေါင်းကြောင့် လက်နှစ်ဖက်ဖြင့် အမြန်ပင် ထိန်းကိုင်လိုက်လေသည်။

ထိုစဉ် ဘေးဘက်မှ မြင်လိုက်ရသည့် အဖြူရောင်ခန္ဓာကိုယ်လေးကြောင့် ကိုက်နေသည့်ခေါင်းပင် ချာချာလည်သွားသလိုပင်။

'ဘယ်သူလဲ ငါ့အိပ်ယာပေါ်ရောက်နေတာ ဘယ်သူလဲ'

အလျင်အမြန်ပင် ထိုသေးငယ်သော ခန္ဓာကိုယ်လေးအား သူ့ဘက်ဆွဲလှည့်လိုက်မိတော့..

"အ့! ဟင့် နာတယ်"
"ဟင်"

မုန်းမာန် မျက်လုံးအစုံပြူးကျယ်သွားသည်က ခန္ဓကိုယ်မှာ အဝတ်ဆိုလို့တစ်ထည်ပင်မရှိသော ကောင်လေးကြောင့်ပင်။

"မင်း မင်းက ဘယ်လိုလုပ် ငါ့အခန်းထဲရောက်နေရတာလဲ နောက်ပြီး ဘာလို့အင်္ကျီဝတ်မထားရတာလဲ"
"ဘာဗျ အ့! ခင်ဗျားကြီး လူစကားပြောနော် ခင်ဗျားကသာ ကျွန်တော်အိပ်နေတဲ့အခန်းထဲဝင်လာပြီးတော့ နောက်ပြီး ခင်ဗျားလုပ်လို့ ကျွန်တော်တစ်ကိုယ်လုံး လှုပ်လို့မရအောင်ကို နာကျင်နေတာ သိရဲ့လား"
"ဟား ဟား အဲ့တော့ မင်းပြောသမျှကို ငါကယုံကြည်ပေးရမှာပေါ့ ဟုတ်လား ဒီမှာကောင်လေး ဒီအိမ်မှာရှိတဲ့ဘယ်သူ့ကိုမေးမေး ဒီအခန်းက ငါ့အခန်းဆိုတာသိကြတယ် အခုမှ အကြံနဲ့ ငါကပဲ မင်းအခန်းထဲဝင်ပြီး မင်းကိုတစ်ခုခုလုပ်လိုက်ပါတယ်ဆိုပြီးပြောလည်း ဘယ်သူကမှယုံမှာမဟုတ်ဘူး တကယ်လို့လုပ်ခဲ့ရင်တောင် ငါမင်းကို တာဝန်မယူနိုင်ဘူး မင်းရောငါရော ယောက်ျားလေးတွေပဲ ထူးပြီးကိုယ်ဝန်ရဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး အဓိကအချက်က ငါကမင်းကိုတာဝန်ယူရအောင် gay လဲမဟုတ်ဘူး နောက်ပြီး မင်းကငါ့ချစ်သူကို သတ်ထားတဲ့သူမို့ ပိုပြီးတော့တောင်မဖြစ်နိုင်ဘူး ရှင်းပြီလား"

သူကပဲ စကားတွေ တရစပ်ပြောသွားပြီး နောက်သို့ တစ်ချက်မှလှည့်မကြည့်ဘဲ အိပ်ယာပေါ်မှ ထကာ ရေချိုးခန်းထဲဝင်သွားသူကြောင့် ကကြိုးပို၍ပင်ဝမ်းနည်းမိသည်။

အိပ်ယာခင်းတွင် စွန်းထင်းနေသော သွေးများအားကြည့်ပြီး မျက်ရည်ပင်ကျလာမိသည်။

"အဟင့် ခင်ဗျားအတွက် ယောက်ျားလေးနှစ်ယောက်ဆိုပေမယ့် ကျွန်တော်အတွက်ကတော့ ရိုးရိုးယောက်ျားလေး မဟုတ်ဘူးလေဗျာ"

တစ်ခဏမျှ ငိုနေရင်းမှ မျက်ရည်များအား သုတ်ကာ ကုတင်ပေါ်မှဆင်းရန်ပြင်လိုက်စဉ် ခန္ဓာကိုယ်အောက်ပိုင်းမှ စူးအောင့်ကာ နာကျင်လာသောကြောင့် ပြန်လှဲနေလိုက်ရသည်။

မုန်းမာန် ရေချိုးခန်းထဲကထွက်လာချိန်ထိ မသွားသေးဘဲ အိပ်ယာပေါ်လှဲနေသူကြောင့် ပို၍ဒေါသထွက်သွားလေသည်။

ထို့ကြောင့် ကကြိုးအနားသို့ လျှောက်လာပြီး လက်အားဆောင့်ဆွဲလိုက်လေသည်။

အိပ်ယာပေါ်အသာလေး လှဲနေစဉ် ရုတ်တရက်ကြီး လက်အားဆောင့်ဆွဲခံလိုက်ရသောကြောင့် လူမှာ ဖင်ထိုက်လျက်သားဖြစ်သွားပေမယ့်လည်း နာကျင်လှသောကြောင့် မျက်ရည်များဝိုင်းကာ အော်မိသည်အထိပင်။

"အား!!!"
"ဒီမှာ ကကြိုး မင်းသရုပ်ဆောင်တာ တော်သင့်ပြီထင်တယ်နော် မင်းအကြံဉာဏ်တွေအကုန်လုံး ငါ့ဆီကိုဘာတစ်ခုမှအကျိုးမသက်ရောက်တာမို့ ငါဒီ့ထက်ဒေါသထွက်မလာခင် မင်းအရင်ဒီနေရာကထွက်သွားသင့်တယ်လို့ ထင်တယ်"
"အဟင့် ကျွန်တော်သရုပ်ဆောင်နေတာ မဟုတ် ဟင့် "

ထိုစဉ် ပွင့်လာပါသော တံခါးချက်နှင်အတူ ဝင်လာပါသော လူတစ်ယောက်။

"OMG ငါ့တူ ဒါက ဘယ်လိုဖြစ်"

အာကာမှာ အလွန်အမင်းအံ့သြတစ်ကြီးဖြစ်သွားသည့် မျက်နှာအား ဆောင်ကျဉ်းလျက် အခန်းထဲသို့ဝင်လာလေသည်။

မုန်းမာန်မှာ ဦးငယ်အားမကြည်ကြည့် ကြည့်လျက်ဖြင့်

"ဦးငယ် ဦးငယ် ဒီအသက်အရွယ်တောင်ရောက်နေပြီ လူ့ကျင့်ဝတ်ကိုတောင်မသိဘူးလား ဘာလို့သူများအခန်းထဲမဝင်ခင် တံခါးမခေါက်ရတာလဲ"
"အစက ခေါက်မလို့ပါပဲကွာ စကားသံတွေ ငိုနေတဲ့အသံတွေကြားတော့ စိုးရိမ်ပြီးဝင်လာမိတာ"
"ထားပါတော့ ဘာကိစ္စရှိလို့လဲ"
"ကိစ္စကထွေထွေထူးထူးတော့မဟုတ်ပါဘူး ဒါနဲ့ ဟိုဘက်က ကောင်လေးလား မထင်ရဘူးနော် ကောင်မလေးတစ်ယောက်နဲ့တော်တော်တူတာပဲ ဒါနဲ့ မဟုတ်မလွဲရော မုန်းမာန် မင်း သူ့ကို.."

သူတစ်ခါမှ မမြင်ဖူးသည့်လူက သူ့အား သေချာစိုက်ကြည့်ကာ ပြောနေသည်ကြောင့် ကကြိုးအနည်းငယ် ကြောက်စိတ်ဝင်မိလေသည်။

မုန်းမာန် အင်္ကျီလဲနေရာမှ လှည့်ကြည့်လိုက်ပြီး

"ဟာဗျာ ဘာလဲ ပြော ပြော ဟင်"

ဦးငယ် လက်ညှိုးထိုးပြသည့် သွေးကွက်ကြီးအား ကြည့်ရင်း မုန်းမာန် အခုမှ မျက်လုံးပြူးမျက်ဆံပြူးဖြစ်လျက်။

'ငါ ငါ တကယ်ပဲ သူ့ကို"

"ဟိတ်ကောင် မုန်းမာန် ကြောင်ကြည့်မနေနဲ့လေ မင်းလုပ်ထားတဲ့ ကိစ္စဟာကို.. အရင်ဆုံး ဆရာဝန်ဆီဖုန်းဆက် မြန်မြန် တော်သေးတာပေါ့ မသေတာ ကြည့်ပါဦး သွေးတွေစွန်းနေတာများ မြင်လို့မကောင်းဘူး"

ထိုအခါမှ သတိဝင်လာကာ ဆရာဝန်ဆီ အမြန်ဆုံးဖုန်းဆက်ရသည်။
____________________

လိုအပ်သည့် ဆေးများထိုးပေးကာ ပြန်သွားသည့် ဆရာဝန်အား လိုက်ပို့ရန် အိမ်အကူတစ်ယောက်ကို ခေါ်မိရာမှ မီးလောင်ရာ လေပင့်ဆိုသလို တစ်အိမ်လုံး သူနဲ့ကကြိုးရဲ့ အဖြစ်မှန်ကို သိသွားကြလေသည်။

စိတ်ညစ်ညစ်ဖြင့် ဧည့်ခန်းမှထိုင်နေတုန်း ရောက်လာသည့် ဦးငယ်။

"ဘယ်လိုဆက်လုပ်မှာလဲ မုန်းမာန် အခုတစ်အိမ်လုံးလဲသိသွားပြီ ဗူးပေါက်တစ်ရာကို လိုက်ပိတ်ဖို့ရာက အလွယ်လေးပေမယ့် ပါးစပ်ပေါက်တစ်ရာကို လိုက်ပိတ်ဖို့ရာက မဖြစ်နိုင်ဘူး မုန်းမာန် မင်းဘက်က အခုလိုဖြစ်ပြီးတာတောင် တာဝန်မယူနိုင်ဘူးလို့ပြောရင် ပိုဆိုးလာလိမ့်မယ်"

လက်နှစ်ဖက်ဖြင့် မျက်နှာအား ပွတ်သပ်လိုက်ပြီး

"ကျွန်တော်လဲ ဘာဆက်လုပ်ရမလဲ မသိတော့ဘူးဦးငယ် အခုချိန်ထိ ရောက်လာမှတော့ တာဝန်ယူရုံပဲကျန်တော့တာပေါ့"

ပြောပြီး ထကာ အပေါ်ထပ်သို့တက်သွားသည့် မုန်းမာန်အားကြည့်ရင်း ပြုံးလိုက်သည့် အာကာ။

'ငါက မင်းကို မိန်းကလေးတစ်ယောက်နဲ့မှားပြီး အရှက်ခွဲရုံလောက်ပဲ ဒါပေမယ့် မင်းကိုယ်တိုင်ကိုက အဆင်းကို ဘီးတပ်ပေးလိုက်သလိုမျိုး မိန်းကလေးနဲ့တောင် မဟုတ်ဘူး ယောက်ျားလေးတစ်ယောက်နဲ့ကို ဖြစ်သွားတာပဲဟာ ငါ့အတွက်တော့ ပိုကောင်းတာပေါ့ ဟား ဟား'
________________

အိမ်အပေါ်ထပ်ရှိ ဆေးအရှိန်ကြောင့် အိပ်မောကျနေသော ကကြိုးအား ရပ်ကြည့်လျက်ဖြင့်..

"ငါမင်းကို လက်ထပ်မယ်ကကြိုး ခမ်းခမ်းနားနားတော့မဟုတ်ဘူး နောက်ပြီး ငါမင်းကို ချစ်လွန်းလို့တော့ မထင်လိုက်နဲ့ မင်းကို အရမ်းမုန်းလွန်းလို့ ငါ့အသည်းထဲကကို စွဲနေအောင် မုန်းတာ အခုကစပြီး  မင်းအေးအေးချမ်းချမ်းနေရမယ်လို့လဲ မစဉ်းစားနဲ့တော့ နေ့ရက်တိုင်းကို ငရဲကျနေသလိုမျိုး ခံစားနေရမယ်"

တစ်ဖြည်းဖြည်း အနားမှထွက်ခွာသွားသော အရိပ်လေးအား ကကြိုး မျက်လုံးအနည်းငယ်ဖွင့်ကြည့်ရင်း

'ဘယ်အချိန်ထဲက ကျွန်တော့်နှလုံးသားထဲ ဝင်ရောက်လာမှန်းမသိပေမယ့်လည်း ကျွန်တော်ကတော့ ခင်ဗျားကို ချစ်တယ် ကိုမုန်းမာန်.. ကျွန်တော့်အထင် ခင်ဗျားနာမည်ကို စကြားမိတုန်းကများလား အဟက် စိတ်ချပါ ကျွန်တော် ခင်ဗျားအနားမှာ ပေးဆပ်ရင်းနဲ့ ရှင်သန်သွားပါ့မယ်'

Tbc...
-----------------*-----------------
© Kout Tay,
книга «My Heart For You».
အပိုင္း-၂၄
Коментарі