အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၈
Unicode...

*ဘုန်း...ဒုန်း...အင့်...ခွပ်...*

မုန်းမာန်တစ်ယောက် စိုင်းကောင်းမြတ်ထူး၏ နေ့လည်ကျောင်းဆင်းရင် ကျောင်းအနောက်ဘက်ကို တစ်ယောက်ထဲ တိတ်တိတ်လေးလာခဲ့ ဆိုသောစာကြောင့် ရောက်လာခဲ့စဉ် ရောက်ရောက်ချင်း သူ့အား ဆွဲကာ မြေပြင်သို့ တွန်းလှဲ၍ အဆက်မပြတ်ထိုးနေသောကြောင့်ကြောင်အနေမိတော့သည်။

ကဲကွာ ~ကဲကွာ ~ခွပ်~ ခွပ်~

"ပြောစမ်း ဟေ့ကောင် မင်းပြောစမ်း ၁၀တန်းအစ်ကိုကြီးတွေကို မင်းသွားပြောခိုင်းလိုက်တာမို့လား ဟမ်..."

"မ မဟုတ်ပါဘူး အကိုလေးရယ်.. ကျွန်တော် မပြောခိုင်းပါဘူး..."

"မင်း မပြောခိုင်းဘဲနဲ့ ဟိုကောင်မက ခေါ်ပီးရောက်လာပါ့မလားကွ ဟမ်.."

"တကယ်ပါ အကိုလေးရယ် ကျွန်တော် မပြောခိုင်းရပါဘူး.."

"မလိမ်နဲ့ ဟေ့ကောင် မင်းငါ့လာပီး လိမ်နေလဲ အပိုပဲ..တကယ်လို့ မင်းလိမ်နေရင်လည်း လိမ်တာနဲ့ တန်အောင်တော့ ထိုးရမှာပေါ့ကွာ..."

"ဟေ့ကောင်တွေ မင်းတို့ ငါ့အစားထိုးပေးကြကွာ... ငါဒီကောင့်ကို ထိုးရမှာ ငါ့လက်သနမှာစိုးလို့.."

"စိတ်သာချ ငါ့ကောင်ရေ ငါတို့က ဒီကောင့်ကို ထိုးချင်လွန်းလို့ လက်ယားနေတာ ကြာလှပီ..ကဲကြာတယ်ကွာ ထိုးလိုက်ကြစို့လား..."

"တောင်း တောင်းပန်ပါတယ် အကိုတို့ရယ် မလုပ်ကြပါနဲ့..."

"ဟား ဟား ဟား ဒီမယ် ဟေ့ကောင် တောင်းပန်တိုင်းသာရကြေးဆို ငါမင်းနှမကို စော်ကားပီး တောင်းပန်ပါတယ်လို့ ပြောရင်ရမလားကွ ဟမ် ဟား ဟား ဟား..ကဲဈေးဆစ်နေတာနဲ့ကြာတယ် ထိုးစရာရှိတာ ထိုးကြစို့ ကဲကွာ.."

*ခွပ်~ အ~ ခွပ်~အင့် ~ မလုပ်~ ခွပ်~ ကဲကွာ ကဲကွာ ~ခွပ်~ ခွပ်~*

*မုန်းသည် ။သူတို့ပြုသမျှ နုနေရတဲ့ ကိုယ့်ဘဝကိုလဲမုန်းသည်။ဒီ ပိန်သေးပီး လှီနေတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရလို့လဲ မုန်းသည်။သူတို့ရန်လာစတိုင်း ဘာမှမလုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လဲမုန်းသည်။*

ထိုအချိန်...

"ဟေ့ကောင်တွေ မင်းတို့အဲ့တာဘာလုပ်နေကြတာလဲ"

"အသံနှင့်အတူ အနားသို့ရောက်လာသော ကျောင်းစောင့်ဉီးလေးကြီးနှစ်ယောက်..."

"ဟာ မင်းတို့ ကိုယ်နဲ့ရွယ်တူတစ်ယောက်ကို ဘာလို့ဒီလောက်တောင် ထိုးထားရတာလဲကွ ဟမ်...ပြောစမ်း မင်းတို့က လူမိုက်တွေလား ဘာတွေလဲ..ဒီအရွယ် ပညာသင်ရမယ့်အရွယ်ကို ကျောင်းလာပီး လူမိုက်လာလုပ်နေကြတယ်.."
"ဒီမှာ ဦးလေးကြီး ခင်ဗျားနဲ့မဆိုင်ပဲ ဝင်မပါစမ်းပါနဲ့ဗျာ ကိုယ်လမ်းကိုယ် သွားစရာရှိတာ သွား သွားစမ်းပါဗျာ သွား"

"ဟာ ဒီကောင် တော်တော်မိုက်ရိုင်းတာပဲ"

"ဟေ့ကောင် စကားနဲ့ပြောလဲ ရမယ့်ကောင်တွေမဟုတ်လောက်ဘူး ကြာတယ်ကွာ ကျောင်းအုပ်ကြီးရုံးခန်းကိုသာ ပို့လိုက်ကြစို့.."

"အေး လာခဲ့ မင်းတို့ကောင်တွေ ကို မှတ်လောက်သားလောက်အောင် ဆုံးမခိုင်းရမယ်.."

ကောင်းမြတ်ထူးတို့ ဝိုင်းထိုးကြလို့ တစ်စစီကျိုးပဲ့ကျန်နေခဲ့တဲ့ မျက်မှန်လေးကတော့ မြေပြင်ပေါ်မှာ အထီးကျန်စွာ ကျန်နေခဲ့လေရဲ့...

ထို့နောက်...

ကျောင်းအုပ်ကြီးရုံးခန်းတွင်...

"ကဲ မင်းတို့က ဘာလို့ကိုယ်နဲ့ အတန်းတူသူငယ်ချင်းကို ဝိုင်းထိုးကြတာလဲ ပြောစမ်း.."

"ဟို အဲ့တာက ဟိုဟာ ဒီကောင် ဟုတ်တယ် ဒီကောင် ကောင်းမြတ်ထူးက ထိုးခိုင်းလို့ပါ.."

"ဟုတ် ဟုတ်ပါတယ် ဆရာကြီး သူထိုးခိုင်းလို့ပါ..."

"ဟာ ဟိတ်ကောင်တွေ မင်းတို့.."

ထိုစဉ်...

"ဝင်ခွင့်ပြုပါ ဆရာကြီး"အသံနှင့်အတူ ဝင်လာသော မနက်က ၁၀တန်းအကိုကြီးသုံးယောက်ထဲမှ တစ်ယောက်

ကျောင်းအုပ်ဆရာကြီးမှ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးနောက်...

"ဘာပြောစရာရှိလို့လဲ သား"

"ဟို ကျွန်တော် ကျောင်းပြောင်းဖို့ပါ ဆရာကြီး"

"ဪ အေး အာ့ဆို ခဏစောင့်ဉီး သား"

"ဒါနဲ့ ဆရာ့ကို သူတို့ အတန်းပိုင်ဆရာတွေကို တစ်ချက်လောက် သွားခေါ်ပေးပါဦး"

"ဟုတ် ဆရာကြီး"

ဆရာကြီးလည်း မုန်းမာန်တို့ဘက်အား ပြန်လှည့်၍

"ကဲ အခုန အကြောင်းပြန်ဆက်ကြရအောင် မင်းတို့ထဲက ဘယ်သူက ဉီးဆောင်ပြီး ထိုးခိုင်းတာလဲ"

"ဒီကောင် ကောင်းမြတ်ထူးက ကျွန်တော်တို့သုံးယောက်လုံးကို မုန်းမာန်ကို ထိုးဖို့ပြောခဲ့တာပါ ဆရာကြီး"

"ဟေ့ကောင်တွေ မင်းတို့အဲ့လိုတော့မပြောနဲ့လေ မင်းတို့ပဲ ထိုးဖို့စောင့်နေတာ လက်ယားနေပီလို့ပြောခဲ့တာလေ"

"အဲ့တာကလဲ မင်းထိုးခိုင်းလို့ပဲလေ မင်းမထိုးခိုင်းရင် ဘယ်သူကထိုးမွာလဲ"

"ဟ မင်းတို့အဲ့လိုတော့ ကိုယ်လက်ရုံးပီး မေပြာနဲ့လေကွ"

ခဏအကြာတွင် အတန်းပိုင်ဆရာနဲ့ ဆရာမရောက်လာသည်နှင့်အတူ

"ဟေ့ကောင်တွေ ဒါကျောင်းအုပ်ကြီးရုံးခန်းဆိုတာရော သိသေးရဲ့လား...ကျောင်းအုပ်ကြီးတစ်ယောက်လုံးရှေ့မှာ ထိုင်နေတာရော မြင်ကြရဲ့လားကွ ဟမ်"အငြင်းပွားနေကြသော လေးယောက်အား အတန်းပိုင်ဆရာမှ တိုးတိုးတိတ်တိတ်ဆူလိုက်လေသည်။

"ဟို ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော် တစ်ခုလောက်ဝင်ပြောလို့ရမလား ဆရာကြီး "၁၀တန်းအကိုကြီးမှ ခွင့်တောင်းလိုက်လေရာ

"ပြောကြည့်လေ သားဘာတွေသိထားလို့လဲ"

"ဟုတ် ကျွန်တော်တို့ကို မုန့်စားကျောင်းဆင်းချိန်တုန်းက ညီမလေးတစ်ယောက်ကလာပြီး သူ့သူငယ်ချင်းကို ဝိုင်းအနိုင်ကျင့်နေကြလို့ ကူညီပါဆိုပြီး လာပြောပါတယ်...ကျွန်တော်တို့သွားကြည့်တော့ ဒီဘက်ကညီလေး မုန်းမာန်ကို အနိုင်ကျင့်နေကြတာတွေ့လို့ နောက်တစ်ခါ ဒီလိုလုပ်ရင် ဆရာကြီးနဲ့ တိုင်မယ်လို့လဲပြောခဲ့ပါသေးတယ် ခင်ျဗာ့"

"မင်းတို့တွေ ဒီအကိုကြီးပြောတာအမှန်တွေပဲလား ဖြေစမ်း"

"ဟုတ် ဟုတ်ပါတယ်ဆရာကြီး"

"ဒါဆို မင်းတို့က အကြီးတွေရဲ့စကားကိုတောင် ပမာမခန့်လုပ်နေကြတာပေါ့ ... မင်းတို့တွေ အခုမှ အသက်ကငယ်ငယ်လေးတွေရှိသေးတယ် မိုက်ချင်နေကြပြီ...အခုထဲက ဆုံးမထားမှ နောင်တစ်ချိန် လိမ္မာကြမှာ"

"နောက်ပီး မင်းတို့သုံးယောက်... မင်းတို့က သူထိုးခိုင်းတိုင်းထိုးရအောင် မင်းတို့ကဘာတွေလဲ သူ့ကျွန်တွေလား...ဒါဆို သူက မင်းတို့ကို ချီးစားလို့ ခိုင်းရင်ရော စားကြမှာလား.."

"မ မစားပါဘူး ဆရာကြီး"

"အေး အဲ့တာဆို နောက်တစ်ခါ သူများကဒါလုပ်လို့ဆိုတိုင်း မလုပ်မိစေနဲ့...လုပ်ခဲ့မယ်ဆိုရင်တောင် ဖြစ်လာမယ့် အကျိုးဆက်ကို အသိဉာဏ်လေးနဲ့တွေးပီးလုပ် ကြားလား"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"အေး အဲ့တာဆို မင်းတို့သုံးယောက်သွားလို့ရပီ"

"ဟုတ်"

"မင်းတို့ နှစ်ယော်ကတော့ မနက်ဖြန် မနက် မိဘတွေခ်ေါပီးလာခဲ့ကြ"

ထိုအခါ စိုင်းကောင်းမြတ်ထူးမှ

"မိဘတွေ မခေါ်လို့ မရဘူးလားဆရာကြီး ဒါတွေက ကျွန်တော်လုပ်ခဲ့တာမို့ ကျွန်တော့်ကိုပဲ အပြစ်ပေးလို့ မရဘူးလား ဆရာကြီး"

"မရဘူး မင်းလုပ်ထားတဲ့ အပြစ်ကကြီးလို့ မင်းမိဘတွေကို ခေါ်ပီး ညှိနှိုင်းမှ ရမယ်...ပြောစရာမရှိတော့ရင် သွားလို့ရပီ"

"ဟုတ် ဆရာကြီး"

မုန်းမာန်နဲ့ ကောင်းမြတ်ထူးတို့ နှစ်ယောက်အခန်းထဲမှ ထွက်သွားသောအခါ ဆရာကြီးမှ

"မင်းတို့ အတန်းပိုင်နှစ်ယောက်ကရော ဘာလုပ်နေကြတာလဲ... ကိုယ့်ကျောင်းသားတွေ ဒီလို ဆိုးသွမ်းနေကြတာကို မသိဘူးလား...ဒီလိုပုံစံအတိုင်းသာ ဆက်လုပ်နေကြရင် ငါတို့ကျောင်းက မလိမ္မာတဲ့| ဆိုးသွမ်းတဲ့ ကလေးတွေကို မွေးထုတ်ပေးတဲ့ ကျောင်းဖြစ်သွားလိမ့်မယ်..."

"ကျွန်တော်တို့ရဲ့ ပေါ့ဆမှုအတွက်တောင်းပန်ပါတယ် ဆရာကြီး"

"အေး နေက်တစ်ခါ ကိုယ့်ကျောင်းသားတွေကို သေချာဂရုစိုက်ပီး ကြည့်ရှုစောင့်ရှောက်ပေးပါ..ထပ်ပြီး ငါတို့ကျောင်းမှာ ကျောင်းသားအချင်းချင်းအနိုင်ကျင့်ခံရတယ်ဆိုတဲ့ အသံ ထပ်မကြားချင်ဘူး...မင်းတို့နားလည်မယ်လို့ထင်ပါတယ်.."

"ဟုတ် နားလည်ပါတယ် ဆရာကြီး"

"မင်းတို့သွားလို့ရပြီ"

"ဟုတ်ကဲ့ပါ ဆရာကြီး"

Tbc....

-----------*-----------

Zawgyi...

*ဘုန္း...ဒုန္း...အင့္...ခြပ္...*

မုန္းမာန္တစ္ေယာက္ စိုင္းေကာင္းျမတ္ထူး၏ ေန့လည္ေက်ာင္းဆင္းရင္ ေက်ာင္းအေနာက္ဘက္ကို တစ္ေယာက္ထဲ တိတ္တိတ္ေလးလာခဲ့ ဆိုေသာစာေၾကာင့္ ေရာက္လာခဲ့စဉ္ ေရာက္ေရာက္ခ်င္း သူ႔အား ဆြဲကာ ေျမျပင္သို႔ တြန္းလွဲ၍ အဆက္မျပတ္ထိုးေနေသာေၾကာင့္ေၾကာင္အေနမိေတာ့သည္။

ကဲကြာ ~ကဲကြာ ~ခြပ္~ ခြပ္~

"ေျပာစမ္း ေဟ့ေကာင္ မင္းေျပာစမ္း ၁၀တန္းအစ္ကိုႀကီးေတြကို မင္းသြားေျပာခိုင္းလိုက္တာမို႔လား ဟမ္..."

"မ မဟုတ္ပါဘူး အကိုေလးရယ္.. ကြၽန္ေတာ္ မေျပာခိုင္းပါဘူး..."

"မင္း မေျပာခိုင္းဘဲနဲ႔ ဟိုေကာင္မက ေခၚပီးေရာက္လာပါ့မလားကြ ဟမ္.."

"တကယ္ပါ အကိုေလးရယ္ ကြၽန္ေတာ္ မေျပာခိုင္းရပါဘူး.."

"မလိမ္နဲ႔ ေဟ့ေကာင္ မင္းငါ့လာပီး လိမ္ေနလဲ အပိုပဲ..တကယ္လို႔ မင္းလိမ္ေနရင္လည္း လိမ္တာနဲ႔ တန္ေအာင္ေတာ့ ထိုးရမွာေပါ့ကြာ..."

"ေဟ့ေကာင္ေတြ မင္းတို႔ ငါ့အစားထိုးေပးၾကကြာ... ငါဒီေကာင့္ကို ထိုးရမွာ ငါ့လက္သနမွာစိုးလို႔.."

"စိတ္သာခ် ငါ့ေကာင္ေရ ငါတို႔က ဒီေကာင့္ကို ထိုးခ်င္လြန္းလို႔ လက္ယားေနတာ ၾကာလွပီ..ကဲၾကာတယ္ကြာ ထိုးလိုက္ၾကစို႔လား..."

"ေတာင္း ေတာင္းပန္ပါတယ္ အကိုတို႔ရယ္ မလုပ္ၾကပါနဲ႔..."

"ဟား ဟား ဟား ဒီမယ္ ေဟ့ေကာင္ ေတာင္းပန္တိုင္းသာရေၾကးဆို ငါမင္းႏွမကို ေစာ္ကားပီး ေတာင္းပန္ပါတယ္လို႔ ေျပာရင္ရမလားကြ ဟမ္ ဟား ဟား ဟား..ကဲေဈးဆစ္ေနတာနဲ႔ၾကာတယ္ ထိုးစရာရိွတာ ထိုးၾကစို႔ ကဲကြာ.."

*ခြပ္~ အ~ ခြပ္~အင့္ ~ မလုပ္~ ခြပ္~ ကဲကြာ ကဲကြာ ~ခြပ္~ ခြပ္~*

*မုန္းသည္ ။သူတို႔ျပဳသမ်ွ ႏုေနရတဲ့ ကိုယ့္ဘဝကိုလဲမုန္းသည္။ဒီ ပိန္ေသးပီး လွီေနတဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားရလို႔လဲ မုန္းသည္။သူတို႔ရန္လာစတိုင္း ဘာမွမလုပ္ႏိုင္တဲ့ ကိုယ့္ကိုယ္ကိုယ္လဲမုန္းသည္။*

ထိုအခ်ိန္...

"ေဟ့ေကာင္ေတြ မင္းတို႔အဲ့တာဘာလုပ္ေနၾကတာလဲ"

"အသံႏွင့္အတူ အနားသို႔ေရာက္လာေသာ ေက်ာင္းေစာင့္ဉီးေလးႀကီးႏွစ္ေယာက္..."

"ဟာ မင္းတို႔ ကိုယ္နဲ႔ရြယ္တူတစ္ေယာက္ကို ဘာလို႔ဒီေလာက္ေတာင္ ထိုးထားရတာလဲကြ ဟမ္...ေျပာစမ္း မင္းတို႔က လူမိုက္ေတြလား ဘာေတြလဲ..ဒီအရြယ္ ပညာသင္ရမယ့္အရြယ္ကို ေက်ာင္းလာပီး လူမိုက္လာလုပ္ေနၾကတယ္.."
"ဒီမွာ ဦးေလးႀကီး ခင္ဗ်ားနဲ႔မဆိုင္ပဲ ဝင္မပါစမ္းပါနဲ႔ဗ်ာ ကိုယ္လမ္းကိုယ္ သြားစရာရိွတာ သြား သြားစမ္းပါဗ်ာ သြား"

"ဟာ ဒီေကာင္ ေတာ္ေတာ္မိုက္ရိုင္းတာပဲ"

"ေဟ့ေကာင္ စကားနဲ႔ေျပာလဲ ရမယ့္ေကာင္ေတြမဟုတ္ေလာက္ဘူး ၾကာတယ္ကြာ ေက်ာင္းအုပ္ႀကီးရံုးခန္းကိုသာ ပို႔လိုက္ၾကစို႔.."

"ေအး လာခဲ့ မင္းတို႔ေကာင္ေတြ ကို မွတ္ေလာက္သားေလာက္ေအာင္ ဆံုးမခိုင္းရမယ္.."

ေကာင္းျမတ္ထူးတို႔ ဝိုင္းထိုးၾကလို႔ တစ္စစီက်ိဳးပဲ့က်န္ေနခဲ့တဲ့ မ်က္မွန္ေလးကေတာ့ ေျမျပင္ေပၚမွာ အထီးက်န္စြာ က်န္ေနခဲ့ေလရဲ့...

ထို႔ေနာက္...

ေက်ာင္းအုပ္ႀကီးရံုးခန္းတြင္...

"ကဲ မင္းတို႔က ဘာလို႔ကိုယ္နဲ႔ အတန္းတူသူငယ္ခ်င္းကို ဝိုင္းထိုးၾကတာလဲ ေျပာစမ္း.."

"ဟို အဲ့တာက ဟိုဟာ ဒီေကာင္ ဟုတ္တယ္ ဒီေကာင္ ေကာင္းျမတ္ထူးက ထိုးခိုင္းလို႔ပါ.."

"ဟုတ္ ဟုတ္ပါတယ္ ဆရာႀကီး သူထိုးခိုင္းလို႔ပါ..."

"ဟာ ဟိတ္ေကာင္ေတြ မင္းတို႔.."

ထိုစဉ္...

"ဝင္ခြင့္ျပဳပါ ဆရာႀကီး"အသံႏွင့္အတူ ဝင္လာေသာ မနက္က ၁၀တန္းအကိုႀကီးသံုးေယာက္ထဲမွ တစ္ေယာက္

ေက်ာင္းအုပ္ဆရာႀကီးမွ ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ၿပီးေနာက္...

"ဘာေျပာစရာရိွလို႔လဲ သား"

"ဟို ကြၽန္ေတာ္ ေက်ာင္းေျပာင္းဖို႔ပါ ဆရာႀကီး"

"ဪ ေအး အာ့ဆို ခဏေစာင့္ဉီး သား"

"ဒါနဲ႔ ဆရာ့ကို သူတို႔ အတန္းပိုင္ဆရာေတြကို တစ္ခ်က္ေလာက္ သြားေခၚေပးပါဦး"

"ဟုတ္ ဆရာႀကီး"

ဆရာႀကီးလည္း မုန္းမာန္တို႔ဘက္အား ျပန္လွၫ့္၍

"ကဲ အခုန အေၾကာင္းျပန္ဆက္ၾကရေအာင္ မင္းတို႔ထဲက ဘယ္သူက ဉီးေဆာင္ၿပီး ထိုးခိုင္းတာလဲ"

"ဒီေကာင္ ေကာင္းျမတ္ထူးက ကြၽန္ေတာ္တို႔သံုးေယာက္လံုးကို မုန္းမာန္ကို ထိုးဖို႔ေျပာခဲ့တာပါ ဆရာႀကီး"

"ေဟ့ေကာင္ေတြ မင္းတို႔အဲ့လိုေတာ့မေျပာနဲ႔ေလ မင္းတို႔ပဲ ထိုးဖို႔ေစာင့္ေနတာ လက္ယားေနပီလို႔ေျပာခဲ့တာေလ"

"အဲ့တာကလဲ မင္းထိုးခိုင္းလို႔ပဲေလ မင္းမထိုးခိုင္းရင္ ဘယ္သူကထိုးမြာလဲ"

"ဟ မင္းတို႔အဲ့လိုေတာ့ ကိုယ္လက္ရံုးပီး ေမျပာနဲ႔ေလကြ"

ခဏအၾကာတြင္ အတန္းပိုင္ဆရာနဲ႔ ဆရာမေရာက္လာသည္ႏွင့္အတူ

"ေဟ့ေကာင္ေတြ ဒါေက်ာင္းအုပ္ႀကီးရံုးခန္းဆိုတာေရာ သိေသးရဲ့လား...ေက်ာင္းအုပ္ႀကီးတစ္ေယာက္လံုးေရ႔ွမွာ ထိုင္ေနတာေရာ ျမင္ၾကရဲ့လားကြ ဟမ္"အျငင္းပြားေနၾကေသာ ေလးေယာက္အား အတန္းပိုင္ဆရာမွ တိုးတိုးတိတ္တိတ္ဆူလိုက္ေလသည္။

"ဟို ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္ တစ္ခုေလာက္ဝင္ေျပာလို႔ရမလား ဆရာႀကီး "၁၀တန္းအကိုႀကီးမွ ခြင့္ေတာင္းလိုက္ေလရာ

"ေျပာၾကၫ့္ေလ သားဘာေတြသိထားလို႔လဲ"

"ဟုတ္ ကြၽန္ေတာ္တို႔ကို မုန႔္စားေက်ာင္းဆင္းခ်ိန္တုန္းက ညီမေလးတစ္ေယာက္ကလာၿပီး သူ႔သူငယ္ခ်င္းကို ဝိုင္းအႏိုင္က်င့္ေနၾကလို႔ ကူညီပါဆိုၿပီး လာေျပာပါတယ္...ကြၽန္ေတာ္တို႔သြားၾကၫ့္ေတာ့ ဒီဘက္ကညီေလး မုန္းမာန္ကို အႏိုင္က်င့္ေနၾကတာေတြ့လို႔ ေနာက္တစ္ခါ ဒီလိုလုပ္ရင္ ဆရာႀကီးနဲ႔ တိုင္မယ္လို႔လဲေျပာခဲ့ပါေသးတယ္ ခင္်ဗာ့"

"မင္းတို႔ေတြ ဒီအကိုႀကီးေျပာတာအမွန္ေတြပဲလား ေျဖစမ္း"

"ဟုတ္ ဟုတ္ပါတယ္ဆရာႀကီး"

"ဒါဆို မင္းတို႔က အႀကီးေတြရဲ့စကားကိုေတာင္ ပမာမခန႔္လုပ္ေနၾကတာေပါ့ ... မင္းတို႔ေတြ အခုမွ အသက္ကငယ္ငယ္ေလးေတြရိွေသးတယ္ မိုက္ခ်င္ေနၾကၿပီ...အခုထဲက ဆံုးမထားမွ ေနာင္တစ္ခ်ိန္ လိမၼာၾကမွာ"

"ေနာက္ပီး မင္းတို႔သံုးေယာက္... မင္းတို႔က သူထိုးခိုင္းတိုင္းထိုးရေအာင္ မင္းတို႔ကဘာေတြလဲ သူ႔ကြၽန္ေတြလား...ဒါဆို သူက မင္းတို႔ကို ခ်ီးစားလို႔ ခိုင္းရင္ေရာ စားၾကမွာလား.."

"မ မစားပါဘူး ဆရာႀကီး"

"ေအး အဲ့တာဆို ေနာက္တစ္ခါ သူမ်ားကဒါလုပ္လို႔ဆိုတိုင္း မလုပ္မိေစနဲ႔...လုပ္ခဲ့မယ္ဆိုရင္ေတာင္ ျဖစ္လာမယ့္ အက်ိဳးဆက္ကို အသိဉာဏ္ေလးနဲ႔ေတြးပီးလုပ္ ၾကားလား"

"ဟုတ္ကဲ့ပါ ဆရာႀကီး"

"ေအး အဲ့တာဆို မင္းတို႔သံုးေယာက္သြားလို႔ရပီ"

"ဟုတ္"

"မင္းတို႔ ႏွစ္ေယာ္ကေတာ့ မနက္ျဖန္ မနက္ မိဘေတြခ္ေါပီးလာခဲ့ၾက"

ထိုအခါ စိုင္းေကာင္းျမတ္ထူးမွ

"မိဘေတြ မေခၚလို႔ မရဘူးလားဆရာႀကီး ဒါေတြက ကြၽန္ေတာ္လုပ္ခဲ့တာမို႔ ကြၽန္ေတာ့္ကိုပဲ အျပစ္ေပးလို႔ မရဘူးလား ဆရာႀကီး"

"မရဘူး မင္းလုပ္ထားတဲ့ အျပစ္ကႀကီးလို႔ မင္းမိဘေတြကို ေခၚပီး ၫွိႏိႈင္းမွ ရမယ္...ေျပာစရာမရိွေတာ့ရင္ သြားလို႔ရပီ"

"ဟုတ္ ဆရာႀကီး"

မုန္းမာန္နဲ႔ ေကာင္းျမတ္ထူးတို႔ ႏွစ္ေယာက္အခန္းထဲမွ ထြက္သြားေသာအခါ ဆရာႀကီးမွ

"မင္းတို႔ အတန္းပိုင္ႏွစ္ေယာက္ကေရာ ဘာလုပ္ေနၾကတာလဲ... ကိုယ့္ေက်ာင္းသားေတြ ဒီလို ဆိုးသြမ္းေနၾကတာကို မသိဘူးလား...ဒီလိုပံုစံအတိုင္းသာ ဆက္လုပ္ေနၾကရင္ ငါတို႔ေက်ာင္းက မလိမၼာတဲ့| ဆိုးသြမ္းတဲ့ ကေလးေတြကို ေမြးထုတ္ေပးတဲ့ ေက်ာင္းျဖစ္သြားလိမ့္မယ္..."

"ကြၽန္ေတာ္တို႔ရဲ့ ေပါ့ဆမႈအတြက္ေတာင္းပန္ပါတယ္ ဆရာႀကီး"

"ေအး ေနက္တစ္ခါ ကိုယ့္ေက်ာင္းသားေတြကို ေသခ်ာဂရုစိုက္ပီး ၾကၫ့္ရႈေစာင့္ေရွာက္ေပးပါ..ထပ္ၿပီး ငါတို႔ေက်ာင္းမွာ ေက်ာင္းသားအခ်င္းခ်င္းအႏိုင္က်င့္ခံရတယ္ဆိုတဲ့ အသံ ထပ္မၾကားခ်င္ဘူး...မင္းတို႔နားလည္မယ္လို႔ထင္ပါတယ္.."

"ဟုတ္ နားလည္ပါတယ္ ဆရာႀကီး"

"မင္းတို႔သြားလို႔ရၿပီ"

"ဟုတ္ကဲ့ပါ ဆရာႀကီး"

Tbc....

-----------*-----------

© Kout Tay,
книга «My Heart For You».
အပိုင္း-၉
Коментарі