အပိုင်း-၁၂
Zawgyi...
"မေမေ့သဘောကရော"
"အေး လင်းနေ ပြော "
"အေး ဘာထူးတာလဲ"
"ဘယ်နားမှာလဲ "
"အေး အေး "
Tbc...
-----------*-------------
Unicode...
နှစ်အနည်းငယ်ခန့်အကြာ...
ခြံဝန်းကျယ်ကြီး၏ အလယ်၌ ထီးထီးကြီးတည်ရှိနေသော အိမ်ကြီးတစ်အိမ်။ထိုအိမ်ကြီး၏ ဘေးပတ်ပတ်လည်၌ နှင်းဆီပန်းပင်များ၊ စံပယ်ပန်းရုံများ၊ဇွန်ပန်းရုံများ၊ဧကရာဇ်ပန်းပင်ကြီးများအပြင် အခြားသောပန်းပင်များစွာဖြင့် ဥယျာဉ်ငယ်လေးသဖွယ် စိုက်ပျိုးထားလျက်ရှိ၏။
အုန်းပင်အချို့၌တွင် အုန်းခွံဖြင့်ကပ်ကာ စိုက်ပျိုးထားသော သစ်ခွပင်ငယ်များကလည်း အရောင်အသွေးစုံလင်စွာဖြင့် ပွင့်ဖူးလျက်ရှိ၏။ထို့အပြင် အိမ်ကြီး၏ မျက်နှာသာရှေ့ရှိ ခြံစည်းရိုးအား အုတ်တံတိုင်းအစား ယုဇနပန်းပင်များဖြင့် လိုသလိုပုံသွင်းကာ အလှဆင်၍ ခတ်ထားလေသည်။အဆုပ်လိုက်ဖူးပွင့်နေသော အဖြူရောင်ယုဇနပန်းများက အိမ်ကြီး၏အလှအား ပိုတင့်တယ်စေလျက်ရှိသည်။
ဥယျာဉ်ငယ်အတွင်းရှိ ဧကရာဇ်ပင်ကြီး၏အောက်၊ ထိုင်ခုံအဖြူရောင်လေးပေါ်၌ ထိုင်ကာ သတင်းစာဖတ်နေသည့် အသက်၅၀ကျော် လူကြီးတစ်ဦး။ဘေးကထိုင်ခုံလေးပေါ်တွင်ထိုင်ကာ သစ်သီးခွဲပေးနေသော အရွယ်တင်နုပျိုကာ လှပနေဆဲဖြစ်သည့် အမျိုးသမီးကြီးတစ်ဦး။
ထိုစဉ် အိမ်ထဲသို့ဝင်လာသော အနက်ရောင်ကားတစ်စီး။
ကားပေါ်မှဆင်းလာသည့် ရဲဝန်ထမ်းဝတ်စုံဝတ်ထားသည့်အမျိုးသားတစ်ဦး။သူ၏ ထောင်ထောင်မောင်းမောင်းအရပ်၊ဖြူသောအသားအရေ၊လေးကိုင်းသဖွယ် ကွေးညွှတ်နေသော နှုတ်ခမ်း၊ မျက်ဆံညိုညိုတွေရှိသော မျက်ဝန်းတစ်စုံ၊ ထူထဲနေသော မျက်ခုံးမွှေးတို့အပြင် နက်မှောင်နေသော ဆံသားများကြောင့် ပို၍ပင် ရဲဝတ်စုံဖြင့် ကြည့်ကောင်းလှပေသည်။
ထိုသူသည် ယုဇနပင်အောက်၌ထိုင်နေသော အမျိုးသားကြီးနှင့် အမျိုးသမီးကြီးထံသို့ ဦးတည်သွားလိုက်ရင်း လွတ်နေသော ခုံဖြူလေးပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
ထိုအခါ အမျိုးသားကြီးမှ
"သား သားကို ဖေဖေပြောစရာရှိတယ်"
"ဟုတ် ဖေဖေ ဘာပြောမလို့လဲ"
"တစ်ခြားတော့မဟုတ်ပါဘူးကွယ် ဖေဖေလည်း အသက်ကရလာပြီဆိုတော့ အနားယူချင်ပီ။အနားမယူခင် သားကိုဖေဖေ ကုမ္ပဏီအလုပ်တွေ သင်ပေးခဲ့ချင်တယ် အဲ့ဒါကြောင့် ဒီ ဒုရဲအုပ်နေရာကနေ ထွက်စေချင်ပီ"
"မေမေ့သဘောကရော"
"မေမေကတော့ ဘာမှထွေထွေထူးထူးမပြောချင်ပါဘူးကွယ် သားစိတ်ချမ်းသာမယ့်အရာကိုသာလုပ် ငါ့သားလေးပျော်ဖို့က မေမေ့အတွက်အရေးကြီးဆုံးပဲ"
"ဟုတ်ကဲ့ပါမေမေ သားကိုအချိန်တစ်ရက်လောက် စဉ်းစားခွင့်ပြုပါဖေဖေ"
"အိုကေလေ သားသဘောပဲ သားစိတ်မပါရင် ဖေဖေအတင်းမတိုက်တွန်းပါဘူး မဟုတ်လည်း သားဦးငယ်ရှိနေတာပဲ သားမလုပ်ချင်သေးရင် သူ့ကိုအရင် သင်ပေးထားလိုက်မယ်လေ"
"ဟုတ် ဖေဖေ သား သွားနားတော့မယ် သားကိုခွင့်ပြုပါဦး"
"အေး အေး သား ကောင်းကောင်းအနားယူခဲ့"
ဖေဖေနဲ့မမေအား ခွင့်တောင်းပြီးနောက် သူလည်း အိမ်ကြီးပေါ်က သူ့အခန်းရှိရာဆီသို့ တက်လာခဲ့လိုက်လေသည်။
ကုတင်ပေါ်၌ ပက်လက်လှန်ချလိုက်ပြီး နဖူးပေါ်လက်တင်ရင်း တွေးတောနေမိသည်က...
'ငါ ဒုရဲအုပ်ဘဝကို စွန့်လွှတ်လိုက်သင့်ပြီလား'
အတွေးတွေထဲ နယ်ချဲ့နေမိစဉ် စားပွဲပေါ်က ဖုန်းလေးမြည်လာသည်ကြောင့် ကောက်ကိုင်ကြည့်လိုက်ရာ CID မှ သူ့သူငယ်ချင်း လင်းနေ ။
"အေး လင်းနေ ပြော "
"ဟေ့ကောင် သတင်းကတော့ နည်းနည်းထူးပြီ မင်းစုံစမ်းခိုင်းထားတဲ့ လွန်ခဲ့တဲ့ နှစ်က ယာဉ်တိုက်မှုဆိုတဲ့ဟာလေ "
"အေး ဘာထူးတာလဲ"
"ငါစုံစမ်းရင်း မင်းပြောတဲ့ ကားမောင်းသမားကို တွေ့ခဲ့တယ်"
ထိုစကားကို ကြားသည့်အခါ ပင်ပန်းလို့ ညှိုးနွမ်းနေသည့် မျက်နှာသည် ချက်ချင်းခက်ထန်သွားလျက်...
"ဘယ်နားမှာလဲ "
"ငါတို့ မန္တလေးနဲ့ မနီးမဝေးက ရွာတစ်ရွာမှာကွ"
"မင်းငါ့ကို တည်နေရာပို့လိုက် ငါအခုချက်ချင်းလာခဲ့မယ်"
"ဟ ဟိတ်ကောင် ဖြစ်နိုင်တာပြောဦး ခုတောင် သိပ်မကြာခင် နေဝင်တော့မယ့်ဟာ မနက်မှလာခဲ့ပေါ့"
"အေးပါ အဲ့ဒါဆိုလည်း မင်းသူ့ကို သေချာစောင့်ကြည့်ထားဦး"
"ငါ့အလုပ် ငါသိပါတယ် မုန်းမာန်ရ"
"အေး အာ့ဆို ဒါပဲကွာ ငါအနားယူလိုက်ဦးမယ်"
"အေး အေး "
'စောင့်နေပါ ဖေဖေနဲ့မေမေ သားကမကြာခင် အမှန်တရားကိုဖော်ထုတ်ပြီး အပြစ်လုပ်ခဲ့တဲ့သူတွေကို ပြန်ဆပ်ခိုင်းတော့မှာမို့ စောင့်နေပေးပါ'
*ဟုတ်ပါတယ် ကျွန်တော်က မုန်းမာန်ဝင်ထည် ဆိုတဲ့ လူပါ။ဒါပေမယ့် အရင်ကလို ပျော့ညံ့တဲ့ မုန်းမာန်ဝင့်ထည်မဟုတ်တော့ဘူး။ကုမ္ပဏီပိုင်ရှင် ဦးရဲနောင်နဲ့ ဒေါ်သက်ထားခင်တို့ရဲ့ တစ်ဦးတည်းသောသား မုန်းမာန်ဝင့်ထည်။နောက်ပြီး အရာရာကို လက်မရွံ့ဘဲ လုပ်တတ်တဲ့ ဒုရဲအုပ်မုန်းမာန်ဝင့်ထည်။နှစ်အနည်းငယ်ခန့်က လမ်းဘေးမှာ သတိလစ်နေတဲ့ ကျွန်တော့်ကို ဖေဖေမှ အိမ်ခေါ်လာခဲ့ပြီး မိဘမရှိတော့သည့် ကျွန်တော့်အား အမွေစားအမွေခံ သားတစ်ယောက်အဖြစ် မွေးစားလိုက်ခြင်းဖြစ်သည်။*
"ဝဋ်ဆိုတာပြန်လည်တတ်တယ် စောင့်နေပါ ခင်ဗျားတို့ဆီကို မကြာခင် ကျွန်တော်က ကျားတစ်ကောင်အသွင်ပြောင်းပြီး ပြန်ဆပ်ပေးဖို့ရာ လာခဲ့မှာမို့ "
မဲ့ပြုံးတစ်ချက်အား နှုတ်ခမ်းထက်ဆင်မြန်းရင်း ပြောလိုက်သော စကားက အနီးအနားက တစ်ယောက်ယောက်ကြားသွားလျှင် ကြက်သီးများပင် ဖြန်းဖြန်းထကာ ကြောက်ဒူးတုန်သွားစေနိုင်သည်။