အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၃၈
Zawgyi…

ူ"ေနမေကာင္းဘူးလား သား.. မ်က္နွာကလဲ ျဖဴေဖ်ာ့ေနတာပဲ.. ႀကီးေမ သားကို မနက္ကတည္းက ၾကည့္ေနတာ တစ္မွိုင္မွိုင္တစ္ေတြေတြနဲ႔ .. ဘာျဖစ္ေနတာလဲ သားငယ္"

အိမ္အေပၚထပ္ ဧည့္ခန္း၌ထိုင္ကာ နံေဘးရွိ ျပတင္းေပါက္မွေန၍ မိုးျပာေရာင္မ်ားေပ်ာက္ကြယ္ကာ အညိဳေရာင္သမ္းလ်က္ရွိေသာ ေကာင္းကင္အား ေငးၾကည့္ေနမိသည္။

"သား ေနေကာင္းပါတယ္ ႀကီးေမ.. သား ဘာမွမျဖစ္ပါဘူး"

ႀကီးေမအား ေဖ်ာ့ေတာ့ေတာ့ေလး ၿပံဳးျပကာ ေျပာလိုက္သည္။

"ဒါဆိုလည္း ေကာင္းပါၿပီကြယ္.. သား ပ်င္းေနရင္ ၿခံထဲဆင္းလိုက္ပါလား စိတ္ေလး လန္းဆန္းသြားေအာင္လို႔"

"ဟုတ္ ႀကီးေမ"

_________________

"သူျပန္လာၿပီလား မသိဘူး မၾကာခင္ မိုး႐ြာေတာ့မယ္ ထင္တယ္"

အခုခ်ိန္ထိ မ႐ြာေသးဘဲ အံု႔တံု႔တံု႔ရွိေနေသးသည့္ ေကာင္းကင္အား ေမာ့ၾကည့္ရင္း ညည္းတြားမိသည္။

"ေမႊးလိုက္တာ ဘယ္ကပါလိမ့္"

ေမႊးပ်ံ့လ်က္ရွိေသာ ပန္းရနံ႔ေနာက္သို႔လိုက္ရင္း ေတြ႕လိုက္ရသည္က လူနွစ္ေယာက္ ဖက္လို႔ရသည့္ ပင္စည္ရွိေသာ အပင္တစ္ပင္။တစ္ပင္လံုး၏ ကိုင္းဖ်ားမ်ား၌လည္း ဝါထိန္ေနေသာ ပန္းေသးေသးေလးမ်ားက ေနရာယူလ်က္ရွိ၏။

"အားးး ေမႊးေနတာ ဒီအပင္ကပဲ"

အေပၚကိုေမာ့ၾကည့္ေနရာမွ မိုးဖြားမ်ား က်လာေသာေၾကာင့္ ေခါင္းေပၚ လက္နွစ္ဖက္ျဖင့္ အုပ္မိုးကာ ေအာက္ကိုငံု႔ၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည္က သူ႔အတြက္ အံ့ၾသဖြယ္ရာအတိ။

"အိုးးးး ပန္းေတြ.. အဝါေရာင္ ပန္းေသးေသးေလးေတြ"

ေျမျပင္ေပၚ၌ ေႂကြက်ေနေသာ ပန္းကေလးမ်ား။

"ဟြန္႔ နွေျမာစရာႀကီး ဘာလို႔အဲ့ေလာက္အမ်ားႀကီး ေျကြက်ရတာလဲလို႔ ခုေတာ့ အလကားျဖစ္ကုန္ၿပီ နွေျမာပါတယ္"

ေျမျပင္ေပၚသို႔ ငုတ္တုပ္ေလးထိုင္ခ်၍ ဒူးနွစ္ဖက္ကို လက္နွစ္ဖက္ျဖင့္ ဖက္တြယ္ၿပီး နႈတ္ခမ္းေလးေရွ႕သို႔ဆူေထာ္ကာ ေျပာေနေသာ ေကာင္ေလး။

________________

*ကြၽီ*

"ေဟာ သားႀကီးျပန္လာၿပီပဲ..."

"ဟုတ္ ႀကီးေမ"

မုန္းမာန္ လည္ပင္းက နက္(ခ္)တိုင္ကို ေျဖေလ်ာ့ရင္း ဧည့္ခန္းထဲရွိ ဆက္တီခံုေပၚသို႔ ဝင္ထိုင္လိုက္သည္။

"ကဲ ေျပာပါဦး မေန႔ညက အိမ္ျပန္မအိပ္ရတဲ့ အေၾကာင္းအရင္းေလး"

ႀကီးေမက ေရတစ္ခြက္ ကမ္းေပးရင္း ေမးလာသည္။

"မေန႔ညက မိတ္ေဆြတစ္ခ်ိဳ႕နဲ႔ စကားေျပာရင္း ညဥ့္နက္သြားလို႔ အနီးနားက ဟိုတယ္မွာ အိပ္ျဖစ္လိုက္လို႔ပါ ႀကီးေမရဲ႕"

"ဟြန္း  ဟြန္း ဆင္ေျခေတြ ဆင္လတ္ေတြ"

"အဟား ႀကီးေမကလည္း သားက တကယ္ေျပာတာပါဗ်"

"သားေနာ္ ႀကီးေမ ရႈပ္ရႈပ္ယွက္ယွက္ေတြ မႀကိဳက္ဘူးေနာ္.. ေနာက္ၿပီး သားငယ္ေလးကလည္း ကိုယ္ဝန္ႀကီးနဲ႔ဟာကို ဆင္ျခင္စမ္းပါ သားရယ္.. တကယ္လို႔ ေနာက္ကေန ဇယားေတြပါလာရင္ေတာ့ ႀကီးေမ အဆိုး မဆိုးနဲ႔ေနာ္ ႀကိဳေျပာထားတာ"

"ဟုတ္ပါၿပီ ႀကီးေမရယ္ သား ဆင္ျခင္ပါ့မယ္.. ႀကီးေမလည္း သားကို ဆံုးမရလို႔ ေမာေနပါဦးမယ္ လာ ထိုင္ၿပီး အနားယူပါဦး"

"ဟြန္႔"

ႀကီးေမက သူ႔အား မ်က္ေစာင္းတစ္ခ်က္ထိုးကာ ေဘးသို႔ဝင္ထိုင္သည္။

"ဒါနဲ႔ ႀကီးေမ ဟိုတစ္ေယာက္ေရာ"

"ဘာ ဟိုတစ္ေယာက္လဲ ကိုယ့္ေယာက်္ားကို ကိုယ္ အဲ့လိုေခၚစရာလား.. သားငယ္အေပၚမွာ ၾကင္နာစမ္းပါ သားရယ္"

"ဟုတ္ကဲ့ပါ ႀကီးေမရယ္"

"ေျပာလိုက္ရင္ေတာ့ ဟုတ္ ဟုတ္နဲ႔ပဲ နားမေထာင္တာတစ္ခုပဲရွိတာ"

"နားေထာင္ပါ့မယ္ဗ်ာ.. ကဲ ေျပာေတာ့ ဘယ္သြားလဲလို႔"

"ဘယ္သူ႔ကိုေျပာတာလဲ"

ႀကီးေမသည္ သူ႔အား မထံုတက္ေတးအမူအယာျဖင့္ ေမးေလသည္။

"ဟာဗ်ာ ႀကီးေမကလည္း သားေယာက်္ားပိစိေလးကိုေမးတာ ရၿပီလား"

ထိုအခါမွ ႀကီးေမက ၿပံဳးတံု႔တံု႔ျဖင့္..

"အခုနေလးတင္ ၿခံထဲ ခဏဆင္းၾကည့္ခ်င္တယ္လို႔ေျပာၿပီး ထြက္သြားတယ္"

"ဟင္ မိုးဖြဲေတြက်ေနတာကို အခုထိ ျပန္မလာေသးဘူးေပါ့.. ဟာကြာ ဒီေကာင္ေလးကေတာ့ အေအးမိေတာ့မွာပဲ"

ေျပာရင္းဆိုရင္း အိမ္အဝင္ေပါက္မွာ ထား ထားသည့္ ထီးတစ္ေခ်ာင္းအား ယူဖြင့္ကာ ၿခံထဲဆင္းရန္ျပင္ေနသည့္သူ။

ထိုစဥ္ ပန္းပင္ေတြၾကားထဲမွ ေျပးထြက္လာသူတစ္ဦး။

လက္တစ္ဖက္ျဖင့္ ငယ္ထိပ္ကိုမိုးထားၿပီး က်န္လက္တစ္ဖက္အားျဖန္႔ကာ တစ္စံုတစ္ခုကို တင္ယူလာသည့္ပံု။

မုန္းမာန္မွာ ကပ်ာကယာျဖင့္ ဖြင့္ထားသည့္ထီးအား အျမန္ျပန္ပိတ္ကာ ေနရာတြင္ ပစ္ခ်လိုက္ၿပီး ခံုေပၚသို႔ ပံုမပ်က္ အခန္႔သား ျပန္ထိုင္လိုက္သည္။

ေဘးက ႀကီးေမမွာေတာ့ သူ႔လုပ္ရက္အား နားမလည္စြာ ႏႈတ္ခမ္းမ်ား ဖြင့္ဟလ်က္ အံ့ၾသတႀကီး ၾကည့္ေနေလသည္။

"ဒီေလာက္ မိုးဖြဲေတြက်ေနတာကို ၿခံထဲဆင္းၿပီး ဘာလုပ္ေနတာလဲ.. ေနမေကာင္းျဖစ္လာရင္ အပိုအလုပ္ေတြ ရႈပ္ေအာင္လို႔.. ကိုယ့္ေယာက်္ားျပန္လာတာေတာင္ ခရီးဦးႀကိဳမျပဳနိုင္တဲ့အထိ ၿခံထဲက အဲ့ေလာက္ေတာင္ စိတ္ဝင္စားဖို႔ေကာင္းေနတာလား .. မင္းကို ငါ အဲ့တာေၾကာင့္ စိတ္ပ်က္မိတာ.."

အိမ္ထဲ ဝင္ဝင္ျခင္း ဆီးကာ အဆူခံလိုက္ရေသာေၾကာင့္ မ်က္ရည္မ်ားက ခ်က္ခ်င္းရစ္သိုင္းလာရသည္။

ေခါင္းေလးငံု႔ နႈတ္ခမ္းကိုဖိကိုက္ကာ မည္မ်ွဝမ္းနည္းေနေၾကာင္းကို ခ်စ္ရပါေသာထိုလူသား မျမင္နိုင္ေစရန္ ကာကြယ္မိသည္။

မိမိအား ဆူၿပီး အိမ္အေပၚထပ္ကို တက္သြားသည့္ ေျခသံၾကားမွ ေခါင္းေမာ့ကာ ေက်ာျပင္က်ယ္ႀကီးအား ေငးၾကည့္လိုက္သည္။

ထိုစဥ္ ႀကီးေမကအနားသို႔ေရာက္လာကာ သူ႔လက္နွစ္ဖက္အား ခပ္ဖြဖြဆုပ္ကိုင္လာေတာ့ ကႀကိဳးႀကီးေမရင္ခြင္ထဲသို႔ဝင္ကာ ရွိုက္ငိုမိသည္။

"အင့္ ႀကီးေမ သားကေလ ေမာင့္ကို ဂရုမစိုက္တာမဟုတ္ပါဘူး ဟင့္ မေန႔က ေမာင္ျပန္မလာလို႔ တစ္ညလံုး စိတ္ပူၿပီး အိပ္မရတာ သားအသိဆံုးပါ ႀကီးေမရယ္ အီး ဟီး "

"ဟုတ္တာေပါ့ ဟုတ္တာေပါ့ ႀကီးေမလည္း သိပါတယ္သားရယ္ အဲ့ေကာင္ကိုက ႀကီးေမသားေလးကို အျပစ္ျမင္ေနတာရယ္ ေနာက္ေန႔က်ရင္ ႀကီးေမသြားဆူေပးမယ္ေနာ္.. အခုေတာ့ မငိုနဲ႔ေတာ့ေနာ္ ကိုယ္ဝန္ႀကီးနဲ႔ဟာကို သားငိုေတာ့ သားဗိုက္ထဲက ကေလးေလးပါ ဝမ္းနည္းေနမွာေပါ့ သားရဲ႕ ေနာ္ မငိုနဲ႔ေတာ့ေနာ္ သား "

"ဟုတ္ ႀကီးေမ"

ကႀကိဳး ပါးျပင္ေပၚက မ်က္ရည္မ်ားကို လက္ဖမိုးျဖင့္ သုတ္ကာ ႀကီးေမအား ၿပံဳးျပလိုက္သည္။

"သား လက္ထဲက ဘာေလးေတြလဲ သားရဲ႕"

ႀကီးေမက သူ႔လက္ထဲတြင္ ဆုပ္ကိုင္ထားေသာ အရာမ်ားကို ၾကည့္ကာ ေမးလာသည္။

ထိုအခါမွ ကႀကိဳးကပ်ာကယာျဖင့္ လက္ဖဝါးအား ျဖန္႔ျပလိုက္ေလသည္။

"ဟင့္ သြားပါၿပီ ႀကီးေမရယ္ သားၿခံထဲဆင္းတုန္းက ဒီလိုပန္းေလးေတြအမ်ားႀကီး ေႂကြက်ေနလို႔ေကာက္လာတာ အခုေတာ့ ပံုပ်က္သြားၿပီ"

သူ ဆုပ္ကိုင္လိုက္ေသာေၾကာင့္ တစ္စစီပ်က္စီးေနေသာ ပန္းပြင့္မ်ားအား နွေမ်ာတသၾကည့္ကာ ေျပာလိုက္သည္။"

"အိုး ဒါ ပိေတာက္ပန္းေလးေတြပဲ"

"ပိေတာက္ပန္း ဟုတ္လားႀကီးေမ"

"ဟုတ္တယ္ သားရဲ႕ ပိေတာက္ပန္းေတြေတာင္ ပြင့္ေနၿပီဆိုေတာ့ မၾကာခင္ သၾကၤန္ေတာင္ေရာက္ေတာ့မွာ"

"သၾကၤန္ ဟုတ္လားႀကီးေမ"

"ဒါေပါ့ သားရဲ႕ အတာသၾကၤန္လို႔ေခၚတယ္.. ႀကီးေမတို႔ ဗုဒၶဘာသာျမန္မာလူမ်ိဳးေတြက နွစ္ေဟာင္းကေန နွစ္သစ္ကိုကူးေျပာင္းတဲ့အခ်ိန္မွာ အတာသၾကၤန္ဆိုတဲ့
ေရကစားျခင္း၊ တရားဘာဝနာပြားမ်ားျခင္း၊ သက္ႀကီး႐ြယ္အိုမ်ားကို ကန္ေတာ့ျခင္း စတဲ့ကုသိုလ္ေတြကို ျပဳလုပ္ၾကတယ္.. နွစ္ေဟာင္းက မေကာင္းမႈအညစ္အေၾကးေတြကို နွစ္သစ္မွာ ပါမလာေအာင္ေပါ့ကြယ္"

"ႀကီးေမ အာ့ဆို သားလဲ သၾကၤန္ေရာက္ရင္ ေရကစား ို႔ရလားဟင္"

"ရတာေပါ့ သားရဲ႕"

"တကယ္လား ႀကီးေမ"

"တကယ္ေပါ့ကြယ္.. လာ အခုေတာ့ ေရေလးအရင္ေသာက္လိုက္ဦး ခုနငိုထားရတာ ေမာေနေရာေပါ့"

"ဟုတ္ ႀကီးေမ"

ႀကီးေမတိုက္သည့္ ေရတစ္ခြက္အား ေသာက္ၿပီးေနာက္ ကႀကိဳး လူဆိုးေကာင္ရွိရာ အိမ္အေပၚထပ္သို႔ တက္လာခဲ့လိုက္သည္။

*ဟြန္႔ လူဆိုးေကာင္အစုတ္ပလုပ္ႀကီး*

Tbc...

--------------------*----------------------

Unicode…

ူ"နေမကောင်းဘူးလား သား.. မျက်နှာကလဲ ဖြူဖျော့နေတာပဲ.. ကြီးမေ သားကို မနက်ကတည်းက ကြည့်နေတာ တစ်မှိုင်မှိုင်တစ်တွေတွေနဲ့ .. ဘာဖြစ်နေတာလဲ သားငယ်"

အိမ်အပေါ်ထပ် ဧည့်ခန်း၌ထိုင်ကာ နံဘေးရှိ ပြတင်းပေါက်မှနေ၍ မိုးပြာရောင်များပျောက်ကွယ်ကာ အညိုရောင်သမ်းလျက်ရှိသော ကောင်းကင်အား ငေးကြည့်နေမိသည်။

"သား နေကောင်းပါတယ် ကြီးမေ.. သား ဘာမှမဖြစ်ပါဘူး"

ကြီးမေအား ဖျော့တော့တော့လေး ပြုံးပြကာ ပြောလိုက်သည်။

"ဒါဆိုလည်း ကောင်းပါပြီကွယ်.. သား ပျင်းနေရင် ခြံထဲဆင်းလိုက်ပါလား စိတ်လေး လန်းဆန်းသွားအောင်လို့"

"ဟုတ် ကြီးမေ"

_________________

"သူပြန်လာပြီလား မသိဘူး မကြာခင် မိုးရွာတော့မယ် ထင်တယ်"

အခုချိန်ထိ မရွာသေးဘဲ အုံ့တုံ့တုံ့ရှိနေသေးသည့် ကောင်းကင်အား မော့ကြည့်ရင်း ညည်းတွားမိသည်။

"မွှေးလိုက်တာ ဘယ်ကပါလိမ့်"

မွှေးပျံ့လျက်ရှိသော ပန်းရနံ့နောက်သို့လိုက်ရင်း တွေ့လိုက်ရသည်က လူနှစ်ယောက် ဖက်လို့ရသည့် ပင်စည်ရှိသော အပင်တစ်ပင်။တစ်ပင်လုံး၏ ကိုင်းဖျားများ၌လည်း ဝါထိန်နေသော ပန်းသေးသေးလေးများက နေရာယူလျက်ရှိ၏။

"အားးး မွှေးနေတာ ဒီအပင်ကပဲ"

အပေါ်ကိုမော့ကြည့်နေရာမှ မိုးဖွားများ ကျလာသောကြောင့် ခေါင်းပေါ် လက်နှစ်ဖက်ဖြင့် အုပ်မိုးကာ အောက်ကိုငုံ့ကြည့်လိုက်တော့ မြင်လိုက်ရသည်က သူ့အတွက် အံ့သြဖွယ်ရာအတိ။

"အိုးးးး ပန်းတွေ.. အဝါရောင် ပန်းသေးသေးလေးတွေ"

မြေပြင်ပေါ်၌ ကြွေကျနေသော ပန်းကလေးများ။

"ဟွန့် နှမြောစရာကြီး ဘာလို့အဲ့လောက်အများကြီး ကြွေကျရတာလဲလို့ ခုတော့ အလကားဖြစ်ကုန်ပြီ နှမြောပါတယ်"

မြေပြင်ပေါ်သို့ ငုတ်တုပ်လေးထိုင်ချ၍ ဒူးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်ပြီး နှုတ်ခမ်းလေးရှေ့သို့ဆူထော်ကာ ပြောနေသော ကောင်လေး။

________________

*ကျွီ*

"ဟော သားကြီးပြန်လာပြီပဲ..."

"ဟုတ် ကြီးမေ"

မုန်းမာန် လည်ပင်းက နက်(ခ်)တိုင်ကို ဖြေလျော့ရင်း ဧည့်ခန်းထဲရှိ ဆက်တီခုံပေါ်သို့ ဝင်ထိုင်လိုက်သည်။

"ကဲ ပြောပါဦး မနေ့ညက အိမ်ပြန်မအိပ်ရတဲ့ အကြောင်းအရင်းလေး"

ကြီးမေက ရေတစ်ခွက် ကမ်းပေးရင်း မေးလာသည်။

"မနေ့ညက မိတ်ဆွေတစ်ချို့နဲ့ စကားပြောရင်း ညဉ့်နက်သွားလို့ အနီးနားက ဟိုတယ်မှာ အိပ်ဖြစ်လိုက်လို့ပါ ကြီးမေရဲ့"

"ဟွန်း  ဟွန်း ဆင်ခြေတွေ ဆင်လတ်တွေ"

"အဟား ကြီးမေကလည်း သားက တကယ်ပြောတာပါဗျ"

"သားနော် ကြီးမေ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူးနော်.. နောက်ပြီး သားငယ်လေးကလည်း ကိုယ်ဝန်ကြီးနဲ့ဟာကို ဆင်ခြင်စမ်းပါ သားရယ်.. တကယ်လို့ နောက်ကနေ ဇယားတွေပါလာရင်တော့ ကြီးမေ အဆိုး မဆိုးနဲ့နော် ကြိုပြောထားတာ"

"ဟုတ်ပါပြီ ကြီးမေရယ် သား ဆင်ခြင်ပါ့မယ်.. ကြီးမေလည်း သားကို ဆုံးမရလို့ မောနေပါဦးမယ် လာ ထိုင်ပြီး အနားယူပါဦး"

"ဟွန့်"

ကြီးမေက သူ့အား မျက်စောင်းတစ်ချက်ထိုးကာ ဘေးသို့ဝင်ထိုင်သည်။

"ဒါနဲ့ ကြီးမေ ဟိုတစ်ယောက်ရော"

"ဘာ ဟိုတစ်ယောက်လဲ ကိုယ့်ယောက်ျားကို ကိုယ် အဲ့လိုခေါ်စရာလား.. သားငယ်အပေါ်မှာ ကြင်နာစမ်းပါ သားရယ်"

"ဟုတ်ကဲ့ပါ ကြီးမေရယ်"

"ပြောလိုက်ရင်တော့ ဟုတ် ဟုတ်နဲ့ပဲ နားမထောင်တာတစ်ခုပဲရှိတာ"

"နားထောင်ပါ့မယ်ဗျာ.. ကဲ ပြောတော့ ဘယ်သွားလဲလို့"

"ဘယ်သူ့ကိုပြောတာလဲ"

ကြီးမေသည် သူ့အား မထုံတက်တေးအမူအယာဖြင့် မေးလေသည်။

"ဟာဗျာ ကြီးမေကလည်း သားယောက်ျားပိစိလေးကိုမေးတာ ရပြီလား"

ထိုအခါမှ ကြီးမေက ပြုံးတုံ့တုံ့ဖြင့်..

"အခုနလေးတင် ခြံထဲ ခဏဆင်းကြည့်ချင်တယ်လို့ပြောပြီး ထွက်သွားတယ်"

"ဟင် မိုးဖွဲတွေကျနေတာကို အခုထိ ပြန်မလာသေးဘူးပေါ့.. ဟာကွာ ဒီကောင်လေးကတော့ အအေးမိတော့မှာပဲ"

ပြောရင်းဆိုရင်း အိမ်အဝင်ပေါက်မှာ ထား ထားသည့် ထီးတစ်ချောင်းအား ယူဖွင့်ကာ ခြံထဲဆင်းရန်ပြင်နေသည့်သူ။

ထိုစဉ် ပန်းပင်တွေကြားထဲမှ ပြေးထွက်လာသူတစ်ဦး။

လက်တစ်ဖက်ဖြင့် ငယ်ထိပ်ကိုမိုးထားပြီး ကျန်လက်တစ်ဖက်အားဖြန့်ကာ တစ်စုံတစ်ခုကို တင်ယူလာသည့်ပုံ။

မုန်းမာန်မှာ ကပျာကယာဖြင့် ဖွင့်ထားသည့်ထီးအား အမြန်ပြန်ပိတ်ကာ နေရာတွင် ပစ်ချလိုက်ပြီး ခုံပေါ်သို့ ပုံမပျက် အခန့်သား ပြန်ထိုင်လိုက်သည်။

ဘေးက ကြီးမေမှာတော့ သူ့လုပ်ရက်အား နားမလည်စွာ နှုတ်ခမ်းများ ဖွင့်ဟလျက် အံ့သြတကြီး ကြည့်နေလေသည်။

"ဒီလောက် မိုးဖွဲတွေကျနေတာကို ခြံထဲဆင်းပြီး ဘာလုပ်နေတာလဲ.. နေမကောင်းဖြစ်လာရင် အပိုအလုပ်တွေ ရှုပ်အောင်လို့.. ကိုယ့်ယောက်ျားပြန်လာတာတောင် ခရီးဦးကြိုမပြုနိုင်တဲ့အထိ ခြံထဲက အဲ့လောက်တောင် စိတ်ဝင်စားဖို့ကောင်းနေတာလား .. မင်းကို ငါ အဲ့တာကြောင့် စိတ်ပျက်မိတာ.."

အိမ်ထဲ ဝင်ဝင်ခြင်း ဆီးကာ အဆူခံလိုက်ရသောကြောင့် မျက်ရည်များက ချက်ချင်းရစ်သိုင်းလာရသည်။

ခေါင်းလေးငုံ့ နှုတ်ခမ်းကိုဖိကိုက်ကာ မည်မျှဝမ်းနည်းနေကြောင်းကို ချစ်ရပါသောထိုလူသား မမြင်နိုင်စေရန် ကာကွယ်မိသည်။

မိမိအား ဆူပြီး အိမ်အပေါ်ထပ်ကို တက်သွားသည့် ခြေသံကြားမှ ခေါင်းမော့ကာ ကျောပြင်ကျယ်ကြီးအား ငေးကြည့်လိုက်သည်။

ထိုစဉ် ကြီးမေကအနားသို့ရောက်လာကာ သူ့လက်နှစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင်လာတော့ ကကြိုးကြီးမေရင်ခွင်ထဲသို့ဝင်ကာ ရှိုက်ငိုမိသည်။

"အင့် ကြီးမေ သားကလေ မောင့်ကို ဂရုမစိုက်တာမဟုတ်ပါဘူး ဟင့် မနေ့က မောင်ပြန်မလာလို့ တစ်ညလုံး စိတ်ပူပြီး အိပ်မရတာ သားအသိဆုံးပါ ကြီးမေရယ် အီး ဟီး "

"ဟုတ်တာပေါ့ ဟုတ်တာပေါ့ ကြီးမေလည်း သိပါတယ်သားရယ် အဲ့ကောင်ကိုက ကြီးမေသားလေးကို အပြစ်မြင်နေတာရယ် နောက်နေ့ကျရင် ကြီးမေသွားဆူပေးမယ်နော်.. အခုတော့ မငိုနဲ့တော့နော် ကိုယ်ဝန်ကြီးနဲ့ဟာကို သားငိုတော့ သားဗိုက်ထဲက ကလေးလေးပါ ဝမ်းနည်းနေမှာပေါ့ သားရဲ့ နော် မငိုနဲ့တော့နော် သား "

"ဟုတ် ကြီးမေ"

ကကြိုး ပါးပြင်ပေါ်က မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်ကာ ကြီးမေအား ပြုံးပြလိုက်သည်။

"သား လက်ထဲက ဘာလေးတွေလဲ သားရဲ့"

ကြီးမေက သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော အရာများကို ကြည့်ကာ မေးလာသည်။

ထိုအခါမှ ကကြိုးကပျာကယာဖြင့် လက်ဖဝါးအား ဖြန့်ပြလိုက်လေသည်။

"ဟင့် သွားပါပြီ ကြီးမေရယ် သားခြံထဲဆင်းတုန်းက ဒီလိုပန်းလေးတွေအများကြီး ကြွေကျနေလို့ကောက်လာတာ အခုတော့ ပုံပျက်သွားပြီ"

သူ ဆုပ်ကိုင်လိုက်သောကြောင့် တစ်စစီပျက်စီးနေသော ပန်းပွင့်များအား နှမျောတသကြည့်ကာ ပြောလိုက်သည်။"

"အိုး ဒါ ပိတောက်ပန်းလေးတွေပဲ"

"ပိတောက်ပန်း ဟုတ်လားကြီးမေ"

"ဟုတ်တယ် သားရဲ့ ပိတောက်ပန်းတွေတောင် ပွင့်နေပြီဆိုတော့ မကြာခင် သင်္ကြန်တောင်ရောက်တော့မှာ"

"သင်္ကြန် ဟုတ်လားကြီးမေ"

"ဒါပေါ့ သားရဲ့ အတာသင်္ကြန်လို့ခေါ်တယ်.. ကြီးမေတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတဲ့အချိန်မှာ အတာသင်္ကြန်ဆိုတဲ့
ရေကစားခြင်း၊ တရားဘာဝနာပွားများခြင်း၊ သက်ကြီးရွယ်အိုများကို ကန်တော့ခြင်း စတဲ့ကုသိုလ်တွေကို ပြုလုပ်ကြတယ်.. နှစ်ဟောင်းက မကောင်းမှုအညစ်အကြေးတွေကို နှစ်သစ်မှာ ပါမလာအောင်ပေါ့ကွယ်"

"ကြီးမေ အာ့ဆို သားလဲ သင်္ကြန်ရောက်ရင် ရေကစာိးု့ရလားဟင်"

"ရတာပေါ့ သားရဲ့"

"တကယ်လား ကြီးမေ"

"တကယ်ပေါ့ကွယ်.. လာ အခုတော့ ရေလေးအရင်သောက်လိုက်ဦး ခုနငိုထားရတာ မောနေရောပေါ့"

"ဟုတ် ကြီးမေ"

ကြီးမေတိုက်သည့် ရေတစ်ခွက်အား သောက်ပြီးနောက် ကကြိုး လူဆိုးကောင်ရှိရာ အိမ်အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

*ဟွန့် လူဆိုးကောင်အစုတ်ပလုပ်ကြီး*

Tbc...

--------------------*----------------------



© Kout Tay,
книга «My Heart For You».
Коментарі