အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၈
ုZawgyi...

"အကိုေရ"

လယ္ကြက္ထဲတြင္ ပုဆိုးတိုတိုဝတ္လ်က္ ပ်ိဳးပင္ခ်ေနေသာသူ႔အား ကန္သင္းေပၚ၌ရပ္ကာ လက္လွမ္းျပေနေသာ ေကာင္ငယ္ေလး။ဟိန္းသူ လွည့္ၾကည့္ေတာ့ ၿပံဳးျပကာ..

"အေမက ထမင္းခ်ိဳင့္ပို႔ခိုင္းလိုက္တယ္ ဘယ္နားကထိုင္ေစာင့္ေနရမလဲ"

သူ႔အား ေအာ္ေျပာေနေသာ ေကာင္ေလးကို ၾကည့္ရင္းၿပံဳးလိုက္မိသည္။

ဒီေန႔ အေမအိပ္ယာထေနာက္က်ေသာေၾကာင့္ မနက္ခင္း ထမင္းခ်ိဳင့္မမွီသျဖင့္ လာပို႔ေသာေကာင္ေလးအား..

"လာၿပီ လာၿပီ ခဏေလးေစာင့္"
"အြန္း အြန္း"

ဟိန္းသူ ပ်ိဳးပင္ခ်ျခင္းအား ခဏရပ္ကာ ေကာင္ငယ္ေလးဆီသို႔ သြားရေလသည္။

"လာ ဟိုအပင္ေအာက္ သြားရေအာင္"

အနီးရွိ သစ္ပင္ေအာက္သို႔ လက္ညႇိုးၫႊန္ျပလိုက္ေလသည္။

"အကို မပင္ပန္းဘူးလား ဟင္"
"ပင္ပန္းတာေပါ့ကြာ ပင္ပန္းေပမယ့္လည္း မင္းနဲ႔အေမ့အတြက္ ရွာရဦးမယ္ေလကြ ေတာ္ေသးတာေပါ့ အေဖခ်န္ခဲ့တဲ့ ဒီလယ္ကြက္ေသးေသးေလးကို မဆံုးခဲ့ရတာ ဒါလည္း သူေဌးရဲ႕ ေက်းဇူးေၾကာင့္ပါေလ သူ႔ဆီကေခ်းထားတဲ့ေငြနဲ႔ ဒီလယ္ကြက္ကို ျပန္ေ႐ြးနိုင္ခဲ့တာ နို႔မို႔ဆို ငတ္ေသေနေလာက္ၿပီ သူ႔ကိုဆပ္ရမယ့္ အေႂကြးက အတိုးရာ အရင္းေတြေရာ အမ်ားႀကီးက်န္ေသးတယ္ အဲ့တာေၾကာင့္ အကိုက ရွာေနတာေပါ့ကြ"
"ဟင့္ အကိုသနားပါတယ္"
"ကဲပါ ထားလိုက္ေတာ့ အကိုက မင္းနဲ႔အေမ့အတြက္ရွာေပးရတဲ့ဟာ မပင္ပန္းပါဘူးကြာ လာ ထိုင္"

ဟုဆိုကာ အပင္ေအာက္ရွိ သစ္႐ြက္ေႂကြမ်ားအား အနည္းငယ္မွွ်ဖယ္၍ တင္ျပင္ေခြထိုင္လိုက္ေလသည္။

"ဟာ အကိုကလည္း အဲ့လိုထိုင္ခ်ေတာ့ ထမင္းခ်ိဳင့္ကိုေျမႀကီးေတြ ေပကုန္မွာေပါ့"
"ရပါတယ္ကြာ အကိုက လက္နဲ႔ကိုင္စားမွာေပါ့ကြ"
"ၿပီးေရာ"
"ေျပာပါဦး ဒီေန႔ဘာဟင္းခ်က္လာတာလဲ"
"ဖြင့္ၾကည့္လိုက္ေလ အဟဲ"

သူ႔အားၿပံဳးစစျဖင့္ေျပာလာသည့္ေကာင္ေလးအား တစ္ခ်က္ မ်က္လံုးလွန္ၾကည့္လိုက္ၿပီး ခ်ိဳင့္အားဖြင့္လိုက္ေလသည္။

"ဟင္ ေနပါဦး ဒါက ဘာႀကီးလဲ"
"အဲ့တာ ခ်ဥ္ေပါင္႐ြက္ေလ"
"ဟမ္"

ဟိန္းသူ ကႀကိဳးေျပာသည့္ ခ်ဥ္ေပါင္႐ြက္ဆိုသည့္အရာအား ကိုင္ၾကည့္လိုက္ေလသည္။သူေျပာသလို ခ်ဥ္ေပါင္႐ြက္ေတာ့ ခ်ဥ္ေပါင္႐ြက္ပင္ သို႔ေပမယ့္ အ႐ြက္ေတြပါ ပါသည့္ ခ်ဥ္ေပါင္ပင္ႀကီးျဖစ္သည္။

"ဟာ ဟိတ္ေကာင္ ဒါခ်ဥ္ေပါင္႐ြက္မဟုတ္ဘူး ခ်ဥ္ေပါင္ပင္ႀကီးကြ"
"ဟမ္ ေမကေျပာတာေတာ့ သားငယ္ ဟင္းအိုးျပင္ထားၿပီးၿပီ ခရမ္းခ်ဥ္သီးအိရင္ ဒီစားပြဲေပၚက ခ်ဥ္ေပါင္႐ြက္ထည့္လိုက္လို႔ေျပာတာ အာ့နဲ႔ အဲ့ခ်ဥ္ေပါင္႐ြက္ဆိုတာကို ထည့္လိုက္တာေလ"
"မင္းဟာက အ႐ြက္ကိုသင္ၿပီးမွ ထည့္ရတာဟ"
"သိဘူးေလ ကြၽန္ေတာ္လည္း အေမေျပာတဲ့အတိုင္း ခ်က္တာပဲေလ"
"ထားပါေတာ့ ထားပါေတာ့ "

ဟုဆိုကာ ေနာက္ထပ္တစ္ဆင့္ကို ဖြင့္လိုက္ေလရာ တူးေခါက္ေနေသာ ေျမပဲဆံမ်ားက ႀကိဳဆိုေနေလ၏။ဟိန္းသူ သက္ျပင္းတစ္ခ်က္ခ်ကာ ကႀကိဳးအားေမာ့ၾကည့္လိုက္ေလသည္။
အံမယ္ သေကာင့္သားက သူ႔ဆူမွာဆိုးလို႔ထင္တယ္ သြားညီညီေလးေတြေပၚေအာင္ အစြမ္းကုန္ရယ္ျပေနတယ္။

"ကဲေျပာပါဦး ဒါကေရာ ဘယ္လိုျဖစ္တာလဲ"
"အဲ့တာက ေမကေျပာတယ္ သားဒီအိုးကို ခဏေမႊၿပီးရင္ ခ်လိုက္လို႔ေျပာတာ ကြၽန္ေတာ္လည္း ေမႊေနတုန္း ဖိုးလံုးက ဓာတ္ပံုရိုက္ရေအာင္လို႔ေျပာလို႔ သြားရိုက္လိုက္တာ ၿပီးမွအဲ့အိုးကို သတိရလို႔ သြားၾကည့္ေတာ့ အဲ့လိုျဖစ္သြားတာ အဟီး"

သူ႔အား ေခါင္းတစ္ကုတ္ကုတ္ျဖင့္ ရွင္းျပေနေသာ ကႀကိဳးအားၾကည့္ကာ..

"ေတာ္ေသးတာေပါ့ အိမ္မီးမေလာင္သြားတာ"
"အကိုကလည္း အိမ္မီးေလာင္သြားရင္ ကြၽန္ေတာ္တို႔ ဘယ္သြားေနရမွာလဲဗ်"
"ဒါေတာ့ သိေသးသားပဲ.. ဒါနဲ႔ အေမက ဘာလို႔ဟင္းမခ်က္တာလဲ"
"အေမက ေခါင္းေတြကိုက္ၿပီး ေနမေကာင္းဘူးလို႔ေျပာတယ္ အကို"
"ဟုတ္လား ဒါဆို အကိုတို႔အိပ္ယာကဖ်ာေအာက္မယ္ ပိုက္ဆံရွိတယ္ အေမ့ကို ေခါင္းကိုက္ေပ်ာက္ေဆး ဝယ္တိုက္လိုက္ဦး ေနာ္"
"ဟုတ္ အကို"
"ကဲ ငါလည္း ဒီေန႔ေတာ့ ေျမပဲဆံအတူးေလးနဲ႔ ညားရေတာ့မွာေပါ့ကြာ"
"အကိုကလည္း ေနာက္ေန႔ခ်က္မေကြၽးဘဲ ထားလိုက္မယ္ဗ်"
"ကြၽန္ေတာ္မ်ိဳးႀကီးကလည္း ခ်က္မေကြၽးေလႀကိဳက္ေလပါပဲဗ်ာ"

ဟိန္းသူေျပာလိုက္ေတာ့ ကႀကိဳးသည္သူ႔အား မ်က္ေစာင္းထိုး၊ နႈတ္ခမ္းဆူကာျဖင့္..

"ေတာ္ပီဗ်ာ စားစရာရွိတာစားေတာ့ ၿပီးရင္ကြၽန္ေတာ္ ဖိုးလံုးတို႔နဲ႔ ဒိုးပစ္မလို႔ ျမန္ျမန္စား"
"ဟုတ္ပါၿပီဗ်ာ ဟုတ္ပါၿပီ"

ကႀကိဳးေျပာမွ ဟိန္းသူစဥ္းစားမိသည္။ဒီေကာင္ေလးရဲ႕ ဂုတ္ေထာက္ေလာက္ရွိသည့္ ေ႐ႊအိုေရာင္ဆံပင္ေတြေၾကာင့္ ႐ြာထဲက လူပ်ိဳအခ်ိဳ႕က မိန္းကေလးနဲ႔မွားကာ လိုက္စေနာက္တတ္ၾကသည္။ကိုယ္ကိုယ္တိုင္ေတာင္ ေသခ်ာၾကည့္မိမွ ေယာက်္ားေလးမွန္းသိခဲ့တာေၾကာင့္ အခ်ိဳ႕လူငယ္ေတြ စေနာက္တာကိုအျပစ္မေျပာလိုေပ။ဘာပဲျဖစ္ျဖစ္ ေကာင္ငယ္ေလးကို ဆံသဆိုင္ တစ္ဆိုင္သို႔ ဆြဲေခၚရေတာ့မည္ပင္။
_______________________
ရဲစခန္းအတြင္းသို႔ အေျပးတစ္ပိုင္းဝင္သြားသည့္ လူ႐ြယ္တစ္ဦး။

"ဟို မီးေလာင္သြားတဲ့ကား.."
"ေၾသာ္ ကိုမုန္းမာန္ဝင့္ထည္လားခင္ဗ်"
"ဟုတ္ ဟုတ္ပါတယ္"
"ဒါဆို ဒီပံုေလးကို တစ္ခ်က္ေလာက္ၾကည့္ေပးၿပီး အတည္ျပဳေပးပါဦး"

မုန္းမာန္ စခန္းမွဴးျပသည့္ ဓာတ္ပံုေလးအား ေကာက္ယူၾကည့္လိုက္ေလေသာအခါ သူ႔ကမၻာႀကီး ခ်ာခ်ာလည္သြားသေယာင္ပင္။
ေသခ်ာပါသည္။ဒါဟာ သူ႔ေဖေဖနဲ႔ ေမေမ တြဲရိုက္ထားေသာ ကားေပၚတြင္အၿမဲတင္ထားသည့္ စံုတြဲဓာတ္ပံုပင္။
ဓာတ္ပံုေလး၏ ေမေမရွိေသာအျခမ္းမွာ မီးေလာင္ကြၽမ္းထားေသာေၾကာင့္ စံုတြဲဓာတ္ပံုမွန္း မသိသာေတာ့ေပ။

"ဒီထဲက လူက ကိုမုန္းမာန္ရဲ႕အေဖ ဟုတ္ပါသလား"
"ဟုတ္ ဟုတ္ပါတယ္"

သူဘယ္ေလာက္ထိတ္လန္႔ေနသလဲဆုိတာ တုန္ယင္ေနေသာ အသံမ်ားက သက္ေသပင္။

"ဒါဆို ကြၽန္ေတာ္တို႔ အေလာင္းေတြထား ထားတဲ့ အနီးနားက ေဆးရံုကို သြားရေအာင္"
"ဟုတ္ကဲ့"
_________________________
သစ္ရိပ္ဝါးရိပ္မ်ားျဖင့္ ေအးခ်မ္းေနေသာ ေဆးရံုေလးသည္ သူ႔ရင္တြင္းကအပူကိုေတာ့ျဖင့္ ေအးခ်မ္းမႈမေပးနိုင္ေပ။
ဘယ္ေလာက္ပဲ သက္ေသေတြရွိေနပါေစ ေဖေဖ၊ ေမေမတို႔ ေသဆံုးသြားသည္ကို အတၲႀကီးစြာျဖင့္ သူလက္မခံနိုင္ေသး။
'ေက်းဇူးျပဳ၍ ကြၽန္ေတာ္မ်ိဳးအား သနားငဲ့ညႇာေသာအားျဖင့္ ခုျဖစ္ေနတဲ့အရာေတြအားလံုး အမွန္ေတြမဟုတ္ပါရေစနဲ႔ အရွင္ဘုရားရယ္'
တစ္ေယာက္ထဲ တိုးတိတ္စြာ ေတာင္းဆုျပဳရင္း အေလာင္းေတြထားေသာ ရင္ခြဲရံုအေရွ႕သို႔ေရာက္ရွိလာေလသည္။

မ်က္စိေရွ႕ရွိ အေလာင္းေတြေပၚအုပ္ထားေသာ အျဖဴေရာင္အဝတ္စအားဖယ္လိုက္သည္နွင့္ တစ္ၿပိဳင္နက္ သူ႔မ်က္လံုးအား စံုမွိတ္ခ်လိုက္ေလသည္။
'ကြၽန္ေတာ့္အတြက္ လက္ခံဖို႔ရာ အဆင္သင့္မျဖစ္ေသးလို႔ပါ ေဖေဖနဲ႔ ေမေမ'
တစ္ခဏမ်ွၾကာၿပီးသည့္ေနာက္ အေလာင္းနွစ္ေလာင္းအားၾကည့္လိုက္ေလရာ..
မီးေလာင္ထားသည့္ဒဏ္ေၾကာင့္ ခနၶာကိုယ္၏အျခားေသာအစိတ္အပိုင္းမ်ားမွာ မီးေသြးခဲကဲ့သို႔မဲနက္ေနသည့္အျပင္ လက္ဖ်ံမ်ား၌ အရိုးေတြပင္ေပၚေနေပၿပီ။အေတာ့္ကို ရုပ္ပ်က္ဆင္းပ်က္နိုင္လွေပသည္။

"အျဖစ္ဆိုးလိုက္တာ ေဖေဖနဲ႔ ေမေမရယ္ ဒီလိုျဖစ္မယ္မွန္းသာသိရင္ သားဒီခရီးကိုမသြားဖို႔ တားခဲ့ပါတယ္.. အခုေတာ့ အခုေတာ့ သားဘယ္လိုေျဖဆည္ရမလဲ.. အီး ဟီး.."

လူေရွ႕သူေရွ႕မွာဆိုၿပီး သူမ်ာလိုဟန္ေဆာင္ၿပီးတင္းမထားနိုင္ေတာ့။ကိုယ္ခ်စ္ရတဲ့သူေတြေသဆံုးသြားရၿပီမို႔လား။ကိုယ့္အေပၚမွာပဲ ရက္စက္ေနတဲ့ ကံၾကမၼာကိုလည္း အျပစ္မတက္ရက္ေတာ့ေပ။

"စိတ္ထိန္းပါ ကိုမုန္းမာန္ လူဆိုတာ ခဏတာလာတဲ့ဧည့္သည္ေတြပါပဲ အခ်ိန္တန္ရင္ေတာ့ ကိုယ္စီကိုယ္စီေနရပ္ကို ျပန္ၾကရမွာပဲမို႔လား"

မုန္းမာန္ ပါးျပင္ေပၚရွိ မ်က္ရည္မ်ားအား သုတ္လိုက္ေလသည္။သူငိုေနလို႔ပဲ မျဖစ္ေသး အမွန္တရားကို ရွာေဖြရဦးမည္မဟုတ္လား။
ထို႔ေနာက္ အတည္ျပဳစရာရွိတာျပဳ၊ စခန္းမွဴးကိုပါ နႈတ္ဆက္၍ ေဆးရံုဝန္းထဲရွိ သူ႔ကားေလးဆီသို႔ ထြက္လာခဲ့ေလသည္။

"ဟဲလို လင္းေန"
"ေအး သူငယ္ခ်င္း ေျပာ"
"မင္း အဲ့ကေနအျမန္ဆံုးျပန္ခဲ့ေတာ့"
"ဟမ္ ဘာလို႔လဲ"
"ေဖေဖနဲ႔ ေမေမ ဆံုးၿပီ"
"ဘာ ဘယ္ ဘယ္လိုျဖစ္ရတာလဲ ငါ့ေကာင္ရ"
"ငါလဲမသိဘူး ကားအက္ဆီးဒန္႔ ျဖစ္ရာကေန မီးေလာင္သြားတာလို႔ေျပာတာပဲ.. မေသခ်ာဘူး တိတိက်က်သိခ်င္လို႔ မင္းအခုလက္ရွိစံုစမ္းထားတာကို ထားခဲ့ၿပီး ေမေမတို႔အမႈကို စံုစမ္းေပးဦး"
"ေအးပါ ဒါဆို ငါအခုပဲျပန္လာခဲ့မယ္"

က်သြားေသာ ဖုန္းေလးအား ခဏၾကည့္လ်က္ ကားကို ကုမၸဏီရွိရာဆီသို႔ ေမာင္းထြက္ခဲ့ေလသည္။
__________________________
"Boss အခန္းထဲမွာ ကိုဘုန္းျမတ္ေရာက္ေနပါတယ္"

ကုမၸဏီေရာက္ေရာက္ခ်င္း အတြင္းေရးမွဴးမေလး၏ စကားကိုၾကားလိုက္ရေသာေၾကာင့္

'စိတ္ေလ်ာ့ မုန္းမာန္ မင္းရင္ဆိုင္ရမွာေတြ အမ်ားႀကီးရွိေသးတယ္ ဟူးးးး' ဟု ေတြးရင္း ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ေလသည္။

"ငါ့တူေလး ဘယ္ေတြသြားေနတာလဲ"

အခန္းထဲဝင္လိုက္သည္နွင့္ ဦးငယ္၏ နႈတ္ဆက္စကားကိုၾကားလိုက္ရေလသည္။

"အဟင္း ဦးငယ္ၾကည့္ရတာ ကြၽန္ေတာ္ဘယ္သြားလဲဆိုတာထက္ပိုတဲ့ အေရးႀကီးကိစၥရွိမယ့္ပံုပဲ"
"ဒါေပါ့ကြ မင္း အစည္းအေဝးခန္းထဲသြားဖို႔ရာ အဆင္သင့္ျဖစ္ၿပီလားလို႔ လာေမးတာ ဟင္း ဟင္း"
"ဘာအစည္းအေဝးလဲ ကြၽန္ေတာ္ ဘယ္သူ႔ကိုမွ အစည္းအေဝးမေခၚထားပါဘူး"
"ဟား ဟား မင္းမေခၚထားေပမယ့္ ငါေခၚထားတယ္ေလ မင္းေမ့ေနတာလား ငါကလည္း ဒီကုမၸဏီရဲ႕ ဒုဥကၠဌဆိုတာကို ေအးေလ မင္းလိုအခုမွ ဒုဥကၠဌအမည္ခံၿပီး အလုပ္သင္ အဆင့္ပဲရွိတဲ့သူကေတာ့ ဘယ္ေခၚလို႔ရပါ့မလဲ ေၾသာ္ မင္းမသိမွာစိုးလို႔ ေျပာခဲ့ဦးမယ္ အခုက ရွယ္ယာရွင္အစည္းအေဝးေနာ္ .."
"ဗ်ာ အခုမွ အခုမွ ေဖေဖ၊ ေမေမတို႔ ဆံုးသြားတာ ဦးငယ္မလြန္ဘူးလား"
"အဲ့တာ မင္းအပိုင္းေလ ငါနဲ႔မွ မဆိုင္တာ"
"ေတာက္"

ပုခံုးတစ္ခ်က္တြန္႔ျပရင္း မဲ့ၿပံဳး ၿပံဳးျပကာ ထြက္သြားသူ၏ ေက်ာျပင္ေနာက္အားၾကည့္ရင္း ေတာက္ တစ္ခ်က္ေခါက္လိုက္မိေလသည္။

"နွင္းယု အခုခ်က္ခ်င္း ငါ့ရံုးခန္းထဲ လာခဲ့"

မုန္းမာန္ေျပာၿပီးသည္နွင့္တစ္ၿပိဳင္နက္ ရံုးခန္းထဲသို႔ အေျပးတစ္ပိုင္းဝင္လာေသာ အတြင္းေရးမွဴးမေလး။

"ငါ့ကို ေဖေဖ့ရဲ႕ ေရွ႕ေနကို ဖုန္းဆက္ၿပီး အစည္းအေဝးခန္းထဲလာဖို႔ရာေျပာလိုက္ ျမန္ျမန္ေလး"
"ဟုတ္ ဟုတ္ကဲ့ Boss"

ထို႔ေနာက္ သူကိုယ္တိုင္လည္း meeting room ထဲသို႔ထြက္လာခဲ့ေလသည္။

သူဝင္လိုက္သည္နွင့္ ဆူညံကာ တိုင္ပင္ေနၾကေသာ လူမ်ားသည္ ခ်က္ခ်င္းအသံတိတ္သြားေလသည္။

ခံုမွာဝင္ထိုင္ရင္း ေျပာမိသည္က..

"ကြၽန္ေတာ္တစ္ခုေလာက္ေျပာခ်င္လို႔ပါ ကြၽန္ေတာ့္ေဖေဖနဲ႔ ေမေမက အခုေလးတင္ဆံုးသြားတာပါ အေလာင္းေတြကို ေျမေတာင္မခ်ရေသးဘူး ခင္ဗ်ားတို႔က အခုခ်က္ခ်င္း ရွယ္ယာရွင္အစည္းအေဝးလုပ္မွျဖစ္မွာလား"

ထိုအခါ ထိုင္ေနသည့္လူမ်ားထဲမွ တစ္ေယာက္က ထေျပာေလသည္။

"အဲ့တာက ကိုမုန္းမာန္ရဲ႕ personal ကိစၥပါ အခုက စီးပြားေရး ကိုမုန္းမာန္ရဲ႕မိဘေတြဆံုးသြားတဲ့အသံၾကားတာနဲ႔ ရွယ္ယာေဈးေတြလည္း က်ကုန္သလို ကုမၸဏီကို ဒီ့ထက္ပိုထိခိုက္သြားမွာလဲစိုးရတယ္ ဒါေၾကာင့္ စီးပြားေရးကို ခင္ဗ်ားရဲ႕ personalနဲ႔ မေရာေစခ်င္ဘူး"

ထိုသူေျပာေတာ့ က်န္တဲ့သူမ်ားကပါ ဝိုင္းဝန္းေထာက္ခံၾကေလသည္။

"ေကာင္းၿပီေလ ဒါတို စၾကရေအာင္"

သူေျပာလိုက္သည္နွင့္ ကုမၸဏီဝန္ထမ္းနွစ္ဦးဝင္ေရာက္လာကာ မဲေပးဖို႔ရာ စီစဥ္ၾကေတာ့သည္။

"လက္ယာဘက္က ကိုမုန္းမာန္ကို ဥကၠဌအျဖစ္ခန္႔အပ္ဖို႔ရာ မဲေပးရမွာျဖစ္ၿပီး လက္ဝဲဘက္ကေတာ့ ကိုဘုန္းျမတ္ကို မဲေပးရမွာျဖစ္ပါတယ္.. လူႀကီးမင္းတို႔ ခန္႔အပ္ခ်င္တဲ့သူကို မဲေပးလို႔ရပါၿပီခင္ဗ်"

ထို႔ေနာက္ အလွိ်လ်ွိုမဲပံုးရွိရာဆီ သြားကာမဲထည့္ၾကေလသည္။

ထိုစဥ္ အတြင္းေရးမွဴးမေလးဝင္လာကာ သူ႔အနားသို႔ကပ္ၿပီး တိုးတိုးေလးေျပာလိုက္သည္က

"Boss ေရွ႕ေနႀကီးကို ဘယ္လိုမွ ဆက္သြယ္လို႔မရဘူး"
"ဟင္"

ဒါဆို သူဘယ္လိုလုပ္ရမလဲ သူကအခုမွ သင္ယူဆဲမို႔ ဥကၠဌအျဖစ္မဲေပးၾကမည္မဟုတ္ေပ။ေဖေဖတည္ေထာင္ထားတဲ့ ကုမၸဏီကို သားဆံုးရွံုးရေတာ့မယ္ထင္တယ္ ေဖေဖ။

"ထပ္ ဆက္သြယ္ၾကည့္ပါဦး"
"ဟုတ္ကဲ့ Boss"

'ေက်းဇူးျပဳ၍ ဒီတစ္ႀကိမ္ေလးေတာ့ ကြၽန္ေတာ့္ဘက္မွာရွိေနေပးပါလား ကံတရားရယ္'

Tbc...
------------------*------------------
ၾကာသြားလို႔ေတာင္းပန္ပါတယ္ရွင့္💜
-----------------------------------------------------

ုUnicode...

"အကိုရေ"

လယ်ကွက်ထဲတွင် ပုဆိုးတိုတိုဝတ်လျက် ပျိုးပင်ချနေသောသူ့အား ကန်သင်းပေါ်၌ရပ်ကာ လက်လှမ်းပြနေသော ကောင်ငယ်လေး။ဟိန်းသူ လှည့်ကြည့်တော့ ပြုံးပြကာ..

"အမေက ထမင်းချိုင့်ပို့ခိုင်းလိုက်တယ် ဘယ်နားကထိုင်စောင့်နေရမလဲ"

သူ့အား အော်ပြောနေသော ကောင်လေးကို ကြည့်ရင်းပြုံးလိုက်မိသည်။

ဒီနေ့ အမေအိပ်ယာထနောက်ကျသောကြောင့် မနက်ခင်း ထမင်းချိုင့်မမှီသဖြင့် လာပို့သောကောင်လေးအား..

"လာပြီ လာပြီ ခဏလေးစောင့်"
"အွန်း အွန်း"

ဟိန်းသူ ပျိုးပင်ချခြင်းအား ခဏရပ်ကာ ကောင်ငယ်လေးဆီသို့ သွားရလေသည်။

"လာ ဟိုအပင်အောက် သွားရအောင်"

အနီးရှိ သစ်ပင်အောက်သို့ လက်ညှိုးညွှန်ပြလိုက်လေသည်။

"အကို မပင်ပန်းဘူးလား ဟင်"
"ပင်ပန်းတာပေါ့ကွာ ပင်ပန်းပေမယ့်လည်း မင်းနဲ့အမေ့အတွက် ရှာရဦးမယ်လေကွ တော်သေးတာပေါ့ အဖေချန်ခဲ့တဲ့ ဒီလယ်ကွက်သေးသေးလေးကို မဆုံးခဲ့ရတာ ဒါလည်း သူဌေးရဲ့ ကျေးဇူးကြောင့်ပါလေ သူ့ဆီကချေးထားတဲ့ငွေနဲ့ ဒီလယ်ကွက်ကို ပြန်ရွေးနိုင်ခဲ့တာ နို့မို့ဆို ငတ်သေနေလောက်ပြီ သူ့ကိုဆပ်ရမယ့် အကြွေးက အတိုးရာ အရင်းတွေရော အများကြီးကျန်သေးတယ် အဲ့တာကြောင့် အကိုက ရှာနေတာပေါ့ကွ"
"ဟင့် အကိုသနားပါတယ်"
"ကဲပါ ထားလိုက်တော့ အကိုက မင်းနဲ့အမေ့အတွက်ရှာပေးရတဲ့ဟာ မပင်ပန်းပါဘူးကွာ လာ ထိုင်"

ဟုဆိုကာ အပင်အောက်ရှိ သစ်ရွက်ကြွေများအား အနည်းငယ်မျှဖယ်၍ တင်ပြင်ခွေထိုင်လိုက်လေသည်။

"ဟာ အကိုကလည်း အဲ့လိုထိုင်ချတော့ ထမင်းချိုင့်ကိုမြေကြီးတွေ ပေကုန်မှာပေါ့"
"ရပါတယ်ကွာ အကိုက လက်နဲ့ကိုင်စားမှာပေါ့ကွ"
"ပြီးရော"
"ပြောပါဦး ဒီနေ့ဘာဟင်းချက်လာတာလဲ"
"ဖွင့်ကြည့်လိုက်လေ အဟဲ"

သူ့အားပြုံးစစဖြင့်ပြောလာသည့်ကောင်လေးအား တစ်ချက် မျက်လုံးလှန်ကြည့်လိုက်ပြီး ချိုင့်အားဖွင့်လိုက်လေသည်။

"ဟင် နေပါဦး ဒါက ဘာကြီးလဲ"
"အဲ့တာ ချဉ်ပေါင်ရွက်လေ"
"ဟမ်"

ဟိန်းသူ ကကြိုးပြောသည့် ချဉ်ပေါင်ရွက်ဆိုသည့်အရာအား ကိုင်ကြည့်လိုက်လေသည်။သူပြောသလို ချဉ်ပေါင်ရွက်တော့ ချဉ်ပေါင်ရွက်ပင် သို့ပေမယ့် အရွက်တွေပါ ပါသည့် ချဉ်ပေါင်ပင်ကြီးဖြစ်သည်။

"ဟာ ဟိတ်ကောင် ဒါချဉ်ပေါင်ရွက်မဟုတ်ဘူး ချဉ်ပေါင်ပင်ကြီးကွ"
"ဟမ် မေကပြောတာတော့ သားငယ် ဟင်းအိုးပြင်ထားပြီးပြီ ခရမ်းချဉ်သီးအိရင် ဒီစားပွဲပေါ်က ချဉ်ပေါင်ရွက်ထည့်လိုက်လို့ပြောတာ အာ့နဲ့ အဲ့ချဉ်ပေါင်ရွက်ဆိုတာကို ထည့်လိုက်တာလေ"
"မင်းဟာက အရွက်ကိုသင်ပြီးမှ ထည့်ရတာဟ"
"သိဘူးလေ ကျွန်တော်လည်း အမေပြောတဲ့အတိုင်း ချက်တာပဲလေ"
"ထားပါတော့ ထားပါတော့ "

ဟုဆိုကာ နောက်ထပ်တစ်ဆင့်ကို ဖွင့်လိုက်လေရာ တူးခေါက်နေသော မြေပဲဆံများက ကြိုဆိုနေလေ၏။ဟိန်းသူ သက်ပြင်းတစ်ချက်ချကာ ကကြိုးအားမော့ကြည့်လိုက်လေသည်။
အံမယ် သကောင့်သားက သူ့ဆူမှာဆိုးလို့ထင်တယ် သွားညီညီလေးတွေပေါ်အောင် အစွမ်းကုန်ရယ်ပြနေတယ်။

"ကဲပြောပါဦး ဒါကရော ဘယ်လိုဖြစ်တာလဲ"
"အဲ့တာက မေကပြောတယ် သားဒီအိုးကို ခဏမွှေပြီးရင် ချလိုက်လို့ပြောတာ ကျွန်တော်လည်း မွှေနေတုန်း ဖိုးလုံးက ဓာတ်ပုံရိုက်ရအောင်လို့ပြောလို့ သွားရိုက်လိုက်တာ ပြီးမှအဲ့အိုးကို သတိရလို့ သွားကြည့်တော့ အဲ့လိုဖြစ်သွားတာ အဟီး"

သူ့အား ခေါင်းတစ်ကုတ်ကုတ်ဖြင့် ရှင်းပြနေသော ကကြိုးအားကြည့်ကာ..

"တော်သေးတာပေါ့ အိမ်မီးမလောင်သွားတာ"
"အကိုကလည်း အိမ်မီးလောင်သွားရင် ကျွန်တော်တို့ ဘယ်သွားနေရမှာလဲဗျ"
"ဒါတော့ သိသေးသားပဲ.. ဒါနဲ့ အမေက ဘာလို့ဟင်းမချက်တာလဲ"
"အမေက ခေါင်းတွေကိုက်ပြီး နေမကောင်းဘူးလို့ပြောတယ် အကို"
"ဟုတ်လား ဒါဆို အကိုတို့အိပ်ယာကဖျာအောက်မယ် ပိုက်ဆံရှိတယ် အမေ့ကို ခေါင်းကိုက်ပျောက်ဆေး ဝယ်တိုက်လိုက်ဦး နော်"
"ဟုတ် အကို"
"ကဲ ငါလည်း ဒီနေ့တော့ မြေပဲဆံအတူးလေးနဲ့ ညားရတော့မှာပေါ့ကွာ"
"အကိုကလည်း နောက်နေ့ချက်မကျွေးဘဲ ထားလိုက်မယ်ဗျ"
"ကျွန်တော်မျိုးကြီးကလည်း ချက်မကျွေးလေကြိုက်လေပါပဲဗျာ"

ဟိန်းသူပြောလိုက်တော့ ကကြိုးသည်သူ့အား မျက်စောင်းထိုး၊ နှုတ်ခမ်းဆူကာဖြင့်..

"တော်ပီဗျာ စားစရာရှိတာစားတော့ ပြီးရင်ကျွန်တော် ဖိုးလုံးတို့နဲ့ ဒိုးပစ်မလို့ မြန်မြန်စား"
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"

ကကြိုးပြောမှ ဟိန်းသူစဉ်းစားမိသည်။ဒီကောင်လေးရဲ့ ဂုတ်ထောက်လောက်ရှိသည့် ရွှေအိုရောင်ဆံပင်တွေကြောင့် ရွာထဲက လူပျိုအချို့က မိန်းကလေးနဲ့မှားကာ လိုက်စနောက်တတ်ကြသည်။ကိုယ်ကိုယ်တိုင်တောင် သေချာကြည့်မိမှ ယောက်ျားလေးမှန်းသိခဲ့တာကြောင့် အချို့လူငယ်တွေ စနောက်တာကိုအပြစ်မပြောလိုပေ။ဘာပဲဖြစ်ဖြစ် ကောင်ငယ်လေးကို ဆံသဆိုင် တစ်ဆိုင်သို့ ဆွဲခေါ်ရတော့မည်ပင်။
_______________________
ရဲစခန်းအတွင်းသို့ အပြေးတစ်ပိုင်းဝင်သွားသည့် လူရွယ်တစ်ဦး။

"ဟို မီးလောင်သွားတဲ့ကား.."
"သြော် ကိုမုန်းမာန်ဝင့်ထည်လားခင်ဗျ"
"ဟုတ် ဟုတ်ပါတယ်"
"ဒါဆို ဒီပုံလေးကို တစ်ချက်လောက်ကြည့်ပေးပြီး အတည်ပြုပေးပါဦး"

မုန်းမာန် စခန်းမှူးပြသည့် ဓာတ်ပုံလေးအား ကောက်ယူကြည့်လိုက်လေသောအခါ သူ့ကမ္ဘာကြီး ချာချာလည်သွားသယောင်ပင်။
သေချာပါသည်။ဒါဟာ သူ့ဖေဖေနဲ့ မေမေ တွဲရိုက်ထားသော ကားပေါ်တွင်အမြဲတင်ထားသည့် စုံတွဲဓာတ်ပုံပင်။
ဓာတ်ပုံလေး၏ မေမေရှိသောအခြမ်းမှာ မီးလောင်ကျွမ်းထားသောကြောင့် စုံတွဲဓာတ်ပုံမှန်း မသိသာတော့ပေ။

"ဒီထဲက လူက ကိုမုန်းမာန်ရဲ့အဖေ ဟုတ်ပါသလား"
"ဟုတ် ဟုတ်ပါတယ်"

သူဘယ်လောက်ထိတ်လန့်နေသလဲဆိုတာ တုန်ယင်နေသော အသံများက သက်သေပင်။

"ဒါဆို ကျွန်တော်တို့ အလောင်းတွေထား ထားတဲ့ အနီးနားက ဆေးရုံကို သွားရအောင်"
"ဟုတ်ကဲ့"
_________________________
သစ်ရိပ်ဝါးရိပ်များဖြင့် အေးချမ်းနေသော ဆေးရုံလေးသည် သူ့ရင်တွင်းကအပူကိုတော့ဖြင့် အေးချမ်းမှုမပေးနိုင်ပေ။
ဘယ်လောက်ပဲ သက်သေတွေရှိနေပါစေ ဖေဖေ၊ မေမေတို့ သေဆုံးသွားသည်ကို အတ္တကြီးစွာဖြင့် သူလက်မခံနိုင်သေး။
'ကျေးဇူးပြု၍ ကျွန်တော်မျိုးအား သနားငဲ့ညှာသောအားဖြင့် ခုဖြစ်နေတဲ့အရာတွေအားလုံး အမှန်တွေမဟုတ်ပါရစေနဲ့ အရှင်ဘုရားရယ်'
တစ်ယောက်ထဲ တိုးတိတ်စွာ တောင်းဆုပြုရင်း အလောင်းတွေထားသော ရင်ခွဲရုံအရှေ့သို့ရောက်ရှိလာလေသည်။

မျက်စိရှေ့ရှိ အလောင်းတွေပေါ်အုပ်ထားသော အဖြူရောင်အဝတ်စအားဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်လုံးအား စုံမှိတ်ချလိုက်လေသည်။
'ကျွန်တော့်အတွက် လက်ခံဖို့ရာ အဆင်သင့်မဖြစ်သေးလို့ပါ ဖေဖေနဲ့ မေမေ'
တစ်ခဏမျှကြာပြီးသည့်နောက် အလောင်းနှစ်လောင်းအားကြည့်လိုက်လေရာ..
မီးလောင်ထားသည့်ဒဏ်ကြောင့် ခန္ဓာကိုယ်၏အခြားသောအစိတ်အပိုင်းများမှာ မီးသွေးခဲကဲ့သို့မဲနက်နေသည့်အပြင် လက်ဖျံများ၌ အရိုးတွေပင်ပေါ်နေပေပြီ။အတော့်ကို ရုပ်ပျက်ဆင်းပျက်နိုင်လှပေသည်။

"အဖြစ်ဆိုးလိုက်တာ ဖေဖေနဲ့ မေမေရယ် ဒီလိုဖြစ်မယ်မှန်းသာသိရင် သားဒီခရီးကိုမသွားဖို့ တားခဲ့ပါတယ်.. အခုတော့ အခုတော့ သားဘယ်လိုဖြေဆည်ရမလဲ.. အီး ဟီး.."

လူရှေ့သူရှေ့မှာဆိုပြီး သူမျာလိုဟန်ဆောင်ပြီးတင်းမထားနိုင်တော့။ကိုယ်ချစ်ရတဲ့သူတွေသေဆုံးသွားရပြီမို့လား။ကိုယ့်အပေါ်မှာပဲ ရက်စက်နေတဲ့ ကံကြမ္မာကိုလည်း အပြစ်မတက်ရက်တော့ပေ။

"စိတ်ထိန်းပါ ကိုမုန်းမာန် လူဆိုတာ ခဏတာလာတဲ့ဧည့်သည်တွေပါပဲ အချိန်တန်ရင်တော့ ကိုယ်စီကိုယ်စီနေရပ်ကို ပြန်ကြရမှာပဲမို့လား"

မုန်းမာန် ပါးပြင်ပေါ်ရှိ မျက်ရည်များအား သုတ်လိုက်လေသည်။သူငိုနေလို့ပဲ မဖြစ်သေး အမှန်တရားကို ရှာဖွေရဦးမည်မဟုတ်လား။
ထို့နောက် အတည်ပြုစရာရှိတာပြု၊ စခန်းမှူးကိုပါ နှုတ်ဆက်၍ ဆေးရုံဝန်းထဲရှိ သူ့ကားလေးဆီသို့ ထွက်လာခဲ့လေသည်။

"ဟဲလို လင်းနေ"
"အေး သူငယ်ချင်း ပြော"
"မင်း အဲ့ကနေအမြန်ဆုံးပြန်ခဲ့တော့"
"ဟမ် ဘာလို့လဲ"
"ဖေဖေနဲ့ မေမေ ဆုံးပြီ"
"ဘာ ဘယ် ဘယ်လိုဖြစ်ရတာလဲ ငါ့ကောင်ရ"
"ငါလဲမသိဘူး ကားအက်ဆီးဒန့် ဖြစ်ရာကနေ မီးလောင်သွားတာလို့ပြောတာပဲ.. မသေချာဘူး တိတိကျကျသိချင်လို့ မင်းအခုလက်ရှိစုံစမ်းထားတာကို ထားခဲ့ပြီး မေမေတို့အမှုကို စုံစမ်းပေးဦး"
"အေးပါ ဒါဆို ငါအခုပဲပြန်လာခဲ့မယ်"

ကျသွားသော ဖုန်းလေးအား ခဏကြည့်လျက် ကားကို ကုမ္ပဏီရှိရာဆီသို့ မောင်းထွက်ခဲ့လေသည်။
__________________________
"Boss အခန်းထဲမှာ ကိုဘုန်းမြတ်ရောက်နေပါတယ်"

ကုမ္ပဏီရောက်ရောက်ချင်း အတွင်းရေးမှူးမလေး၏ စကားကိုကြားလိုက်ရသောကြောင့်

'စိတ်လျော့ မုန်းမာန် မင်းရင်ဆိုင်ရမှာတွေ အများကြီးရှိသေးတယ် ဟူးးးး' ဟု တွေးရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်လေသည်။

"ငါ့တူလေး ဘယ်တွေသွားနေတာလဲ"

အခန်းထဲဝင်လိုက်သည်နှင့် ဦးငယ်၏ နှုတ်ဆက်စကားကိုကြားလိုက်ရလေသည်။

"အဟင်း ဦးငယ်ကြည့်ရတာ ကျွန်တော်ဘယ်သွားလဲဆိုတာထက်ပိုတဲ့ အရေးကြီးကိစ္စရှိမယ့်ပုံပဲ"
"ဒါပေါ့ကွ မင်း အစည်းအဝေးခန်းထဲသွားဖို့ရာ အဆင်သင့်ဖြစ်ပြီလားလို့ လာမေးတာ ဟင်း ဟင်း"
"ဘာအစည်းအဝေးလဲ ကျွန်တော် ဘယ်သူ့ကိုမှ အစည်းအဝေးမခေါ်ထားပါဘူး"
"ဟား ဟား မင်းမခေါ်ထားပေမယ့် ငါခေါ်ထားတယ်လေ မင်းမေ့နေတာလား ငါကလည်း ဒီကုမ္ပဏီရဲ့ ဒုဥက္ကဌဆိုတာကို အေးလေ မင်းလိုအခုမှ ဒုဥက္ကဌအမည်ခံပြီး အလုပ်သင် အဆင့်ပဲရှိတဲ့သူကတော့ ဘယ်ခေါ်လို့ရပါ့မလဲ သြော် မင်းမသိမှာစိုးလို့ ပြောခဲ့ဦးမယ် အခုက ရှယ်ယာရှင်အစည်းအဝေးနော် .."
"ဗျာ အခုမှ အခုမှ ဖေဖေ၊ မေမေတို့ ဆုံးသွားတာ ဦးငယ်မလွန်ဘူးလား"
"အဲ့တာ မင်းအပိုင်းလေ ငါနဲ့မှ မဆိုင်တာ"
"တောက်"

ပုခုံးတစ်ချက်တွန့်ပြရင်း မဲ့ပြုံး ပြုံးပြကာ ထွက်သွားသူ၏ ကျောပြင်နောက်အားကြည့်ရင်း တောက် တစ်ချက်ခေါက်လိုက်မိလေသည်။

"နှင်းယု အခုချက်ချင်း ငါ့ရုံးခန်းထဲ လာခဲ့"

မုန်းမာန်ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရုံးခန်းထဲသို့ အပြေးတစ်ပိုင်းဝင်လာသော အတွင်းရေးမှူးမလေး။

"ငါ့ကို ဖေဖေ့ရဲ့ ရှေ့နေကို ဖုန်းဆက်ပြီး အစည်းအဝေးခန်းထဲလာဖို့ရာပြောလိုက် မြန်မြန်လေး"
"ဟုတ် ဟုတ်ကဲ့ Boss"

ထို့နောက် သူကိုယ်တိုင်လည်း meeting room ထဲသို့ထွက်လာခဲ့လေသည်။

သူဝင်လိုက်သည်နှင့် ဆူညံကာ တိုင်ပင်နေကြသော လူများသည် ချက်ချင်းအသံတိတ်သွားလေသည်။

ခုံမှာဝင်ထိုင်ရင်း ပြောမိသည်က..

"ကျွန်တော်တစ်ခုလောက်ပြောချင်လို့ပါ ကျွန်တော့်ဖေဖေနဲ့ မေမေက အခုလေးတင်ဆုံးသွားတာပါ အလောင်းတွေကို မြေတောင်မချရသေးဘူး ခင်ဗျားတို့က အခုချက်ချင်း ရှယ်ယာရှင်အစည်းအဝေးလုပ်မှဖြစ်မှာလား"

ထိုအခါ ထိုင်နေသည့်လူများထဲမှ တစ်ယောက်က ထပြောလေသည်။

"အဲ့တာက ကိုမုန်းမာန်ရဲ့ personal ကိစ္စပါ အခုက စီးပွားရေး ကိုမုန်းမာန်ရဲ့မိဘတွေဆုံးသွားတဲ့အသံကြားတာနဲ့ ရှယ်ယာဈေးတွေလည်း ကျကုန်သလို ကုမ္ပဏီကို ဒီ့ထက်ပိုထိခိုက်သွားမှာလဲစိုးရတယ် ဒါကြောင့် စီးပွားရေးကို ခင်ဗျားရဲ့ personalနဲ့ မရောစေချင်ဘူး"

ထိုသူပြောတော့ ကျန်တဲ့သူများကပါ ဝိုင်းဝန်းထောက်ခံကြလေသည်။

"ကောင်းပြီလေ ဒါတို စကြရအောင်"

သူပြောလိုက်သည်နှင့် ကုမ္ပဏီဝန်ထမ်းနှစ်ဦးဝင်ရောက်လာကာ မဲပေးဖို့ရာ စီစဉ်ကြတော့သည်။

"လက်ယာဘက်က ကိုမုန်းမာန်ကို ဥက္ကဌအဖြစ်ခန့်အပ်ဖို့ရာ မဲပေးရမှာဖြစ်ပြီး လက်ဝဲဘက်ကတော့ ကိုဘုန်းမြတ်ကို မဲပေးရမှာဖြစ်ပါတယ်.. လူကြီးမင်းတို့ ခန့်အပ်ချင်တဲ့သူကို မဲပေးလို့ရပါပြီခင်ဗျ"

ထို့နောက် အလျှိလျှိုမဲပုံးရှိရာဆီ သွားကာမဲထည့်ကြလေသည်။

ထိုစဉ် အတွင်းရေးမှူးမလေးဝင်လာကာ သူ့အနားသို့ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်က

"Boss ရှေ့နေကြီးကို ဘယ်လိုမှ ဆက်သွယ်လို့မရဘူး"
"ဟင်"

ဒါဆို သူဘယ်လိုလုပ်ရမလဲ သူကအခုမှ သင်ယူဆဲမို့ ဥက္ကဌအဖြစ်မဲပေးကြမည်မဟုတ်ပေ။ဖေဖေတည်ထောင်ထားတဲ့ ကုမ္ပဏီကို သားဆုံးရှုံးရတော့မယ်ထင်တယ် ဖေဖေ။

"ထပ် ဆက်သွယ်ကြည့်ပါဦး"
"ဟုတ်ကဲ့ Boss"

'ကျေးဇူးပြု၍ ဒီတစ်ကြိမ်လေးတော့ ကျွန်တော့်ဘက်မှာရှိနေပေးပါလား ကံတရားရယ်'

Tbc...
------------------*------------------
ကြာသွားလို့တောင်းပန်ပါတယ်ရှင့်💜
-----------------------------------------------------









© Kout Tay,
книга «My Heart For You».
အပိုင္း-၁၉
Коментарі