အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၉
Zawgyi...

'ဒီေန႔ဆို သူသြားတာ ၃ ရက္ေျမာက္ေနၿပီ.. ဖုန္းလဲမဆက္ဘူး ဘာေတြလုပ္ေနတာမွန္းလဲ မသိဘူး ငါ့ကိုမ်ား တစ္ေယာက္ထဲထားၿပီး ထြက္သြားတာလား ဟင့္အင္း အဲ့လိုေတာ့အျဖစ္မခံနိုင္ဘူး ငါ့ကိုသာတကယ္ထားသြားရင္ သူ႔ကိုေရကူးၿပီးလိုက္ရွာမယ္ အဲ မဟုတ္ေသးပါဘူး ခုငါကေရထဲမွာမွမဟုတ္တာ ဟာ ဘာပဲျဖစ္ျဖစ္ ျပန္ေတြ႕တဲ့တစ္ေန႔က်ရင္ေတာ့ သူ႔ကိုအျမႇီးတပ္ေပးၿပီး ေရထဲေခၚသြားမယ္ ၿပီးရင္ဘယ္မွထပ္ထြက္မသြားေအာင္ အက်ဥ္းခ်ထားပစ္မယ္'

ၾကမ္းခင္းအား ေရစိုအဝတ္ျဖင့္သုတ္ရင္း ကႀကိဳးတစ္ေယာက္ စဥ္းစားေနမိသည္။ခဏေနေတာ့ ေရစိုအဝတ္အားဖယ္ကာ အဝတ္ေျခာက္ျဖင့္ စိုေနသည့္ၾကမ္းခင္းပိုင္းအခ်ိဳ႕အား လိုက္သုတ္ေနလိုက္သည္။

"ဟား မသိေတာ့ဘူး ျပန္လာရင္ေတာ့ ေကာင္းေကာင္းအပစ္ေပးပစ္မယ္"

ေျပာရင္းဆိုရင္း အနည္းငယ္ေျခာက္ေသြ႕ေနၿပီျဖစ္သည့္ ၾကမ္းခင္းေပၚ ပက္လက္လွန္အိပ္လိုက္ေလသည္။

ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားသည္မသိ တစ္စံုတစ္ေယာက္က သူ႔ပါးအား လာထိေတြ႕မႈေၾကာင့္ နိုးလာရသည္။

"ဟင္ ဘယ္ ဘယ္သူလဲ"

မ်က္လံုးဖြင့္ဖြင္းျခင္းျမင္လိုက္ရတာက အေမ့ထက္အသက္ႀကီးသည့္ အမ်ိဳးသမီးတစ္ဦး။

သူ႔မက သူ႔အားၿပံဳးရယ္ျပကာျဖင့္ အိမ္ထဲသို႔ဝင္လာသည့္ မုန္းမာန္ကို လွမ္းေျပာလိုက္ေလသည္။

"သား မုန္းမာန္ ဒီေကာင္ေလးက ဘယ္သူလဲကြဲ႕"

မုန္းမာန္သည့္ သူ႔အား စူးစိုက္ၾကည့္ကာျဖင့္ ေျပာလာေလသည္။

"ေၾသာ္ သူလား သားခိုင္းဖို႔ေခၚထားတဲ့ေကာင္ေလးပါ ေနစရာမရွိဘူးဆိုလို႔ အိမ္ေဖာ္အနေနဲ႔ေခၚထားလိုက္တာ"

"သားရယ္ ကေလးက ငယ္ပါေသးတယ္ အလုပ္ေတြတအားမခိုင္းပါနဲ႔"

"ဘာပဲျဖစ္ျဖစ္ အခုေတာ့ ႀကီးေမကပဲ သူ႔ကိုစီစဥ္ၫႊန္ၾကားၿပီး ခိုင္းလိုက္ေတာ့ မဟုတ္လဲ သားက အခ်ိန္ျပည့္အိမ္ကပ္ေနနိုင္တာမွမဟုတ္တာ"

"ေအးပါ သားရယ္ ဒီသားငယ္ေလးက ခ်စ္ဖို႔ေကာင္းလိုက္တာကြယ္"

ႀကီးေမသည္ ကႀကိဳးဆံစမ်ားအား သပ္ကာျဖင့္ေျပာေနပံုၾကည့္ၿပီး မုန္းမာန္ နွာေခါင္းရွံု႔လိုက္ေလသည္။

'ဘယ္ေနရာက ခ်စ္ဖို႔ေကာင္းေနလို႔လဲ'

"ဒါဆို သား ကုမၸဏီမွာအလုပ္ရွိေသးလို႔ သြားလိုက္ဦးမယ္ေနာ္ ႀကီးေမလည္း ကိုယ့္အိမ္လိုသေဘာထားၿပီး သက္ေတာင့္သက္သာ သာေန ဘာအလုပ္မွလဲ လုပ္မေနနဲ႔ဦး လိုတာရွိရင္ ကႀကိဳးကိုသာ ခိုင္းလိုက္ ေၾသာ္ ကႀကိဳး အေပၚထပ္က အခန္းတစ္ခန္းကိုရွင္းၿပီး ႀကီးေမေနဖို႔ရာ စီစဥ္ေပးလိုက္ဦး"

"ဟုတ္"

ကႀကိဳးစကား ၾကားသည္နွင့္ မုန္းမာန္လည္း ကားရွိရာဆီ ထြက္လာခဲ့လိုက္သည္။

မုန္းမာန္ထြက္သြားသည္နွင့္ ၾကမ္းျပင္ေပၚထိုင္ေနရာမွထကာ အေပၚထပ္သို႔အခန္းရွင္းရန္ ျပင္လိုက္ေလသည္။

"ဘယ္သြားမလို႔လဲ သားရဲ႕"

"ဟို ႀကီး ႀကီးေမအတြက္ အခန္းရွင္းေပးမလို႔"

ေခါင္းေလးငံု႔ကာေျပာေနသည့္ ကႀကိဳးေၾကာင့္ ႀကီးေမမွာ အခ်စ္ေတြပိုလာရသည္။

"အမေလး ရပါတယ္သားရယ္ သားလဲ ပင္ပန္းေနေရာေပါ့ နားနားေနေန ေနပါဦးလား ကြဲ႕"

"ကြၽန္ေတာ္က ရပါတယ္ ႀကီးေမသာ နားပါ ခရီးပန္းလာေရာေပါ့"

"ကဲ လာ ထိုင္ပါဦး"

ႀကီးေမက သူ႔လက္အားဆြဲကာ ဧည့္ခန္းထဲကခံုေပၚထိုင္ခိုင္းတာေၾကာင့္ ဝင္ထို္င္လိုက္ေလသည္။

"ဒါနဲ႔ သားနာမည္က ကႀကိဳးဆို ဟုတ္လား"

"ဟုတ္ပါတယ္ ႀကီးေမ"

"သား မိဘေတြကေရ ဘယ္မွာလဲ"

"ဟို သား သားမိဘေတြက မရွိေတာ့ဘူး ေသသြားၿပီ"

"အို ကေလးရယ္ အရမ္းပင္ပန္းခဲ့မွာပဲ"

"အဟင့္ မ မမလဲ ဘယ္ေရာက္ေနမွန္း ကြၽန္ေတာ္မသိဘူး အီး ဟီး"

"သားရယ္"

ရွို္က္ႀကီးတင္ငိုယိုေနသည့္ ကႀကိဳးအား ရင္ခြင္ထဲထည့္ဖက္ကာ နွစ္သိမ့္ေပးမိသည္။

"တိတ္ပါ သားရယ္ တိတ္ပါ ျဖစ္ၿပီးခဲ့တာေတြလည္း ရွိပါေစေတာ့ ႀကီးေမတို႔ သား မမကို ဆက္ရွာၾကည့္ၾကတာေပါ့ေနာ္"

"အဲ့ အဲ့လိုရွာလို႔ရလား ဟင္ ႀကီးေမ"

"ရတာေပါ့ သားရဲ႕"

"ဒါ ဒါေပမယ့္ သားကို ဘယ္သူကရွာေပးမွာလဲ"

"မုန္းမာန္ကေပါ့သားရဲ႕"

"ဟင့္အင္း သူက သားကိုမုန္းေနတဲ့ဟာ မရွာေပးေလာက္ပါဘူး"

"ရွာေပးမွာပါ သားရယ္ ႀကီးေမေျပာေပးပါ့မယ္ ေနာ္"

"တ တကယ္ေျပာတာေနာ္ ႀကီးေမ"

"တကယ္ေပါ့ သားရဲ႕"

"ေက်းဇူးတင္ပါတယ္ ႀကီးေမ"

"မလိုပါဘူး သားရယ္"

သူ႔အား ၿပံဳးကာၾကည့္ေနသည့္ ႀကီးေမကို ကႀကိဳး တင္းက်ပ္ေနေအာင္ ဖက္ထားလိုက္မိသည္။
___________________

*Vibration*

"ဟယ္လို"

"ဟယ္လို ကိုကို"

"ဘာကိစၥရွိလို႔လဲ"

ေအးစက္စက္ျပန္ေျဖလာသည့္ မုန္းမာန္အသံေၾကာင့္ ဆူးၿပံဳးလိုက္သည္။

"ကိုကို ဒီေန႔ ဘယ္အခ်ိန္အားလဲ ဟင္"

"တစ္ေန႔လံုးမအားဘူး"

"ကိုကိုကလည္း ဆူးကိုနည္းနည္းေလးေတာင္ အခ်ိန္မေပးခ်င္ဘူးလား"

"ငါမအားဘူး ဒါပဲ"

က်သြားသည့္ဖုန္းေလးအား ၾကည့္ကာ

"ကိုကို မအားရင္ ဆူးကပဲ ကိုကို႔ဆီလာခဲ့ရမွာေပါ့ မဟုတ္ဘူးလား"

မဲ့ၿပံဳးတစ္ခ်က္ၿပံဳးကာ စားပြဲေပၚတင္ထားသည့္ အိတ္အားယူၿပီး မုန္းမာန္ရွိရာ ကုမၸဏီသို႔ ထြက္လာခဲ့လိုက္သည္။
_________________

"တီ တီ တီ တီ"

အခ်က္ေပးသံအခ်ိဳ႕ေၾကာင့္ လံုၿခံဳေရးဝန္ထမ္းတစ္ဦးအနားသို႔ အျမန္ေရာက္လာေလသည္။

"ဒီမွာ မိန္းကေလး ဝန္ထမ္းကဒ္မပါဘဲ ကုမၸဏီထဲကို ဝင္ခြင့္မရွိပါဘူး"

"ဟက္ ငါ ဘယ္သူလဲ နင္မသိဘူးလား"

"မိန္းကေလးဘာသာ ဘယ္သူပဲျဖစ္ေနေန ဒီကုမၸဏီရဲ႕ စည္းမ်ဥ္းအရ ဝင္ခြင့္မျပဳနိုင္ပါဘူး"

"နင္ကမ်ား ငါ့ကို ေအး နင္ေစာင့္ၾကည့္ေနလိုက္ ၿပီးမွ နင့္ကိုအလုပ္ထုတ္ခိုင္းပစ္မယ္"

လံုၿခံဳေရးဝန္ထမ္းအားေျပာၿပီး သူမဖုန္းကိုထုတ္ကာ မုန္းမာန္ဆီသို႔ ေခၚလိုက္ေလသည္။

"ဟယ္လို"

"ကိုကို႔ ကုမၸဏီကို ဆူးေရာက္ေနၿပီ ကို႔ကို႔ဝန္ထမ္းေတြက ဆူးကိုဝင္ခြင့္မေပးလို႔ ကိုကိုလာေခၚေပး"

"ဒီမွာ ဆူးနွင္းဆီ ကုမၸဏီေအာက္ဆံုးထပ္ထိ ဆင္းၿပီးမင္းကိုလာေခၚရေအာက္ မင္းက ငါ့အတြက္အေရးႀကီးတဲ့ ဧည့္သည္လည္းမဟုတ္သလို ငါဖိတ္ေခၚထားတဲ့လူလဲမဟုတ္ဘူး အာ့ေၾကာင့္ လာရာလမ္းအတိုင္း ျပန္ႂကြလိုက္ေတာ့"

"အဟင္း ကိုကိုက အဲ့လိုလား ဒါဆိုလဲ ဆူးနဲ႔ကိုကို႔ရဲ႕ video ဖိုင္ကို.."

"ေဟ့ ေဟ့ မင္းအဲ့ဖိုင္ကိုထုတ္ျပဖို႔ရာ မစဥ္းစားနဲ႔ေနာ္"

"ဒါဆိုလဲ ကိုကိုလာေခၚေလ အခုထိေတာ့ ေနာက္မက်ေသးပါဘူး ေနာက္ ၅ မိနစ္အတြင္းမွေရာက္မလာရင္ေတာ့ "

"ငါလာၿပီ"

ဖုန္းကိုခ်က္ခ်င္းခ်ကာ ေအာက္ဆံုးထပ္သို႔အလ်င္အျမန္ ဆင္းလာရသည္။

"ကဲ ဘယ့္နဲ႔ရွိစကိုကို ေနာက္ဆံုးေတာ့လည္း အေလ်ာ့ေပးရတာပဲမို႔လား ဟင္းဟင္း ဒါနဲ႔ သူဘာလို႔ ငါတို႔အေၾကာင္ူကို ထုတ္ေဖာ္ဖို႔ေျပာတိုင္း အသည္းအသန္ျငင္းေနရတာလဲ ဒီကိစၥကစဥ္းစားစရာပဲ ဘာပဲျဖစ္ျဖစ္ပါေလ အခုလုိခ်ဳပ္ကိုင္စရာတစ္ခု ငါ့အတြက္ရွိေနေတာ့လည္း မဆိုးပါဘူး"

ဖုန္းေလးအား လက္ထဲထြင္ လွည့္ကာျဖင့္ မုန္းမာန္အလာကိုေစာင့္ေနလိုက္သည္။ခဏေနေတာ့ သူ႔ျမင္ကြင္းထဲေရာက္လာသည့္ မုန္းမာန္။အေမာတေကာေျပးဆင္းလာရပံုပင္။ နက္ခ္တိုင္ပင္ အနည္းငယ္႐ြဲ႕ေစာင္းေနသည္။

"ေျပာထားတဲ့အခ်ိန္ထက္ ၄မိနစ္ေနာက္က်တယ္ ကိုကို ဒါေပမယ့္ ခြင့္လႊတ္ေပးလိုက္ပါ့မယ္ ကိုကို႔ မ်က္နွာေခ်ာေခ်ာေလးေၾကာင့္"

"အပိုေတြမေျပာစမ္းနဲ႔ ဘာကိစၥရွိလို႔ ငါနဲ႔ေတြ႕ခ်င္ရတာလဲ"

"ကိစၥကိုေနာက္မွေမးပါကိုကိုရယ္ အခုေတာ့ပံုပ်က္ေနတဲ့ ကိုကို႔နက္ခ္တိုင္ေလးကို အရင္ျပင္ေပးပါရေစ"

ေျပာရင္းဆိုရင္း နက္ခ္တိုင္ျပင္ေပးေနသည့္ သူမေၾကာင့္ မုန္းမာန္အျငင္းစကားေျပာဖို႔ခက္ေနသည္။မိန္းကေလးလဲျဖစ္သည့္အျပင္ သူမသည္လည္း လူကံုထံအသိုင္းအဝိုင္းကေပမို႔ လူအမ်ားၾကားထဲ သိကၡာက်စရာျဖစ္သြားမွာလဲ စိုးရသည္။

ေဘးပတ္ပတ္လည္၌ တီးတိုးစကားေျပာကာ ရပ္ၾကည့္ေနၾကသည့္ ဝန္ထမ္းအခ်ိဳ႕ေၾကာင့္ ဆူးၿပံဳးလိုက္သည္။ အခုဆို ကုမၸဏီကလူအခ်ိဳ႕က သူမနဲ႔မုန္းမာန္ၾကားက ဆက္ဆံေရးကိုရိပ္မိေလာက္မေပါ့။

"မင္းၿပီးၿပီဆိုရင္လဲ သြားရေအာင္"

"ဘာေလာစရာရွိလို႔လဲ ကိုကိုရယ္ မဟုတ္လဲ ကိုကို႔ရံုးခန္းကိုပဲသြားရမယ့္ဟာ ရံုးခန္းကထြက္မေျပးပါဘူး"

စကားကို နွစ္ကိုယ္ၾကား ၾကားယံုမ်ွမေျပာဘဲ နည္းနည္းအသံက်ယ္ေျပာလိုက္ကာ မုန္းမာန္လက္ေမာင္းတစ္ဖက္အား ခ်ိတ္၍တက္သြားသည့္အျပင္ ဝန္ထမ္းအခ်ိဳ႕အားလည္း ၿပံဳးျပနႈတ္ဆက္သြားေလသည္။

ကုမၸဏီရွိ ဝန္ထမ္းအခ်ိဳ႕မွာေတာ့ ပါးစပ္အေဟာင္းသားျဖင့္ က်န္ခဲ့ေလရဲ႕။
____________________


"လာရင္းကိစၥကိုေျပာ"

အလုပ္စားပြဲ၌ ဝင္ထိုင္ကာ ေမးလိုက္ေလသည္။

"အင္းးး ကိစၥကေတာ့ ဆူးနဲ႔ကိုကိုနဲ႔ ဘယ္ေတာ့မဂၤလာေဆာင္ၾကမလဲလို႔ လာေဆြးေႏြးတာ သိတဲ့အတိုင္းပဲ ဆူးကမိန္းကေလးမို႔လား ဒီေတာ့ အကယ္၍ ကိုယ္ဝန္ေတြ ဘာေတြမ်ားရွိလာခဲ့ရင္.."

သူမအား စူးစိုက္ၾကည့္ေနသည့္ မုန္းမာန္အား မ်က္လံုးေလးလွန္ၾကည့္ကာ ေျပာလိုက္ေလသည္။

"မင္းနဲ႔ငါနဲ႔ကိစၥက ျဖစ္သြားတာ ဘယ္နွရက္မွ မရွိေသးတာ တားေဆးစားလိုက္ေပါ့ အာ့ဆိုကိစၥၿပီးၿပီပဲဟာ"

"ဒါမ်ိဳးဆိုတာ ျဖစ္ၿပီးတာနဲ႔ ေဆးတန္းေသာက္မွဆိုတာ ကိုကိုမသိဘူးလား"

"ထားပါေတာ့ အေရးႀကီးတာ လက္ထပ္ဖို႔မို႔လား အခ်ိန္တစ္ခုေရာက္ရင္ လက္ထပ္မယ္ ခုမင္းသြားလိုက္ေတာ့ ငါမအားဘူး"

"အိုေကေလ ကိုကိုဘက္ကသာ ကတိတည္နိုင္ပါေစ"

ေအာင္နိုင္သူအၿပံဳးျဖင့္ အခန္းျပင္ထြက္သြားသူအား အေနာက္မွေန၍ မုန္းမာန္ မဲ့ၿပံဳးၿပံဳးကာ ၾကည့္လိုက္သည္။

"အဲ့မွာတင္ စိတ္ကူးယဥ္ၿပီး ရူးေနလိုက္"

Tbc..
------------------*------------------
တကယ္ပဲ မုန္းမာန္က ဆူးနဲ႔လက္မထပ္ျဖစ္ဘူးလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ေပးၾကပါလို႔
_____________________________

Unicode...

'ဒီနေ့ဆို သူသွားတာ ၃ ရက်မြောက်နေပြီ.. ဖုန်းလဲမဆက်ဘူး ဘာတွေလုပ်နေတာမှန်းလဲ မသိဘူး ငါ့ကိုများ တစ်ယောက်ထဲထားပြီး ထွက်သွားတာလား ဟင့်အင်း အဲ့လိုတော့အဖြစ်မခံနိုင်ဘူး ငါ့ကိုသာတကယ်ထားသွားရင် သူ့ကိုရေကူးပြီးလိုက်ရှာမယ် အဲ မဟုတ်သေးပါဘူး ခုငါကရေထဲမှာမှမဟုတ်တာ ဟာ ဘာပဲဖြစ်ဖြစ် ပြန်တွေ့တဲ့တစ်နေ့ကျရင်တော့ သူ့ကိုအမြှီးတပ်ပေးပြီး ရေထဲခေါ်သွားမယ် ပြီးရင်ဘယ်မှထပ်ထွက်မသွားအောင် အကျဉ်းချထားပစ်မယ်'

ကြမ်းခင်းအား ရေစိုအဝတ်ဖြင့်သုတ်ရင်း ကကြိုးတစ်ယောက် စဉ်းစားနေမိသည်။ခဏနေတော့ ရေစိုအဝတ်အားဖယ်ကာ အဝတ်ခြောက်ဖြင့် စိုနေသည့်ကြမ်းခင်းပိုင်းအချို့အား လိုက်သုတ်နေလိုက်သည်။

"ဟား မသိတော့ဘူး ပြန်လာရင်တော့ ကောင်းကောင်းအပစ်ပေးပစ်မယ်"

ပြောရင်းဆိုရင်း အနည်းငယ်ခြောက်သွေ့နေပြီဖြစ်သည့် ကြမ်းခင်းပေါ် ပက်လက်လှန်အိပ်လိုက်လေသည်။

ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်မသိ တစ်စုံတစ်ယောက်က သူ့ပါးအား လာထိတွေ့မှုကြောင့် နိုးလာရသည်။

"ဟင် ဘယ် ဘယ်သူလဲ"

မျက်လုံးဖွင့်ဖွင်းခြင်းမြင်လိုက်ရတာက အမေ့ထက်အသက်ကြီးသည့် အမျိုးသမီးတစ်ဦး။

သူ့မက သူ့အားပြုံးရယ်ပြကာဖြင့် အိမ်ထဲသို့ဝင်လာသည့် မုန်းမာန်ကို လှမ်းပြောလိုက်လေသည်။

"သား မုန်းမာန် ဒီကောင်လေးက ဘယ်သူလဲကွဲ့"

မုန်းမာန်သည့် သူ့အား စူးစိုက်ကြည့်ကာဖြင့် ပြောလာလေသည်။

"သြော် သူလား သားခိုင်းဖို့ခေါ်ထားတဲ့ကောင်လေးပါ နေစရာမရှိဘူးဆိုလို့ အိမ်ဖော်အနနေဲ့ခေါ်ထားလိုက်တာ"

"သားရယ် ကလေးက ငယ်ပါသေးတယ် အလုပ်တွေတအားမခိုင်းပါနဲ့"

"ဘာပဲဖြစ်ဖြစ် အခုတော့ ကြီးမေကပဲ သူ့ကိုစီစဉ်ညွှန်ကြားပြီး ခိုင်းလိုက်တော့ မဟုတ်လဲ သားက အချိန်ပြည့်အိမ်ကပ်နေနိုင်တာမှမဟုတ်တာ"

"အေးပါ သားရယ် ဒီသားငယ်လေးက ချစ်ဖို့ကောင်းလိုက်တာကွယ်"

ကြီးမေသည် ကကြိုးဆံစများအား သပ်ကာဖြင့်ပြောနေပုံကြည့်ပြီး မုန်းမာန် နှာခေါင်းရှုံ့လိုက်လေသည်။

'ဘယ်နေရာက ချစ်ဖို့ကောင်းနေလို့လဲ'

"ဒါဆို သား ကုမ္ပဏီမှာအလုပ်ရှိသေးလို့ သွားလိုက်ဦးမယ်နော် ကြီးမေလည်း ကိုယ့်အိမ်လိုသဘောထားပြီး သက်တောင့်သက်သာ သာနေ ဘာအလုပ်မှလဲ လုပ်မနေနဲ့ဦး လိုတာရှိရင် ကကြိုးကိုသာ ခိုင်းလိုက် သြော် ကကြိုး အပေါ်ထပ်က အခန်းတစ်ခန်းကိုရှင်းပြီး ကြီးမေနေဖို့ရာ စီစဉ်ပေးလိုက်ဦး"

"ဟုတ်"

ကကြိုးစကား ကြားသည်နှင့် မုန်းမာန်လည်း ကားရှိရာဆီ ထွက်လာခဲ့လိုက်သည်။

မုန်းမာန်ထွက်သွားသည်နှင့် ကြမ်းပြင်ပေါ်ထိုင်နေရာမှထကာ အပေါ်ထပ်သို့အခန်းရှင်းရန် ပြင်လိုက်လေသည်။

"ဘယ်သွားမလို့လဲ သားရဲ့"

"ဟို ကြီး ကြီးမေအတွက် အခန်းရှင်းပေးမလို့"

ခေါင်းလေးငုံ့ကာပြောနေသည့် ကကြိုးကြောင့် ကြီးမေမှာ အချစ်တွေပိုလာရသည်။

"အမလေး ရပါတယ်သားရယ် သားလဲ ပင်ပန်းနေရောပေါ့ နားနားနေနေ နေပါဦးလား ကွဲ့"

"ကျွန်တော်က ရပါတယ် ကြီးမေသာ နားပါ ခရီးပန်းလာရောပေါ့"

"ကဲ လာ ထိုင်ပါဦး"

ကြီးမေက သူ့လက်အားဆွဲကာ ဧည့်ခန်းထဲကခုံပေါ်ထိုင်ခိုင်းတာကြောင့် ဝင်ထိုင်လိုက်လေသည်။

"ဒါနဲ့ သားနာမည်က ကကြိုးဆို ဟုတ်လား"

"ဟုတ်ပါတယ် ကြီးမေ"

"သား မိဘတွေကရေ ဘယ်မှာလဲ"

"ဟို သား သားမိဘတွေက မရှိတော့ဘူး သေသွားပြီ"

"အို ကလေးရယ် အရမ်းပင်ပန်းခဲ့မှာပဲ"

"အဟင့် မ မမလဲ ဘယ်ရောက်နေမှန်း ကျွန်တော်မသိဘူး အီး ဟီး"

"သားရယ်"

ရှိုက်ကြီးတင်ငိုယိုနေသည့် ကကြိုးအား ရင်ခွင်ထဲထည့်ဖက်ကာ နှစ်သိမ့်ပေးမိသည်။

"တိတ်ပါ သားရယ် တိတ်ပါ ဖြစ်ပြီးခဲ့တာတွေလည်း ရှိပါစေတော့ ကြီးမေတို့ သား မမကို ဆက်ရှာကြည့်ကြတာပေါ့နော်"

"အဲ့ အဲ့လိုရှာလို့ရလား ဟင် ကြီးမေ"

"ရတာပေါ့ သားရဲ့"

"ဒါ ဒါပေမယ့် သားကို ဘယ်သူကရှာပေးမှာလဲ"

"မုန်းမာန်ကပေါ့သားရဲ့"

"ဟင့်အင်း သူက သားကိုမုန်းနေတဲ့ဟာ မရှာပေးလောက်ပါဘူး"

"ရှာပေးမှာပါ သားရယ် ကြီးမေပြောပေးပါ့မယ် နော်"

"တ တကယ်ပြောတာနော် ကြီးမေ"

"တကယ်ပေါ့ သားရဲ့"

"ကျေးဇူးတင်ပါတယ် ကြီးမေ"

"မလိုပါဘူး သားရယ်"

သူ့အား ပြုံးကာကြည့်နေသည့် ကြီးမေကို ကကြိုး တင်းကျပ်နေအောင် ဖက်ထားလိုက်မိသည်။
___________________

*Vibration*

"ဟယ်လို"

"ဟယ်လို ကိုကို"

"ဘာကိစ္စရှိလို့လဲ"

အေးစက်စက်ပြန်ဖြေလာသည့် မုန်းမာန်အသံကြောင့် ဆူးပြုံးလိုက်သည်။

"ကိုကို ဒီနေ့ ဘယ်အချိန်အားလဲ ဟင်"

"တစ်နေ့လုံးမအားဘူး"

"ကိုကိုကလည်း ဆူးကိုနည်းနည်းလေးတောင် အချိန်မပေးချင်ဘူးလား"

"ငါမအားဘူး ဒါပဲ"

ကျသွားသည့်ဖုန်းလေးအား ကြည့်ကာ

"ကိုကို မအားရင် ဆူးကပဲ ကိုကို့ဆီလာခဲ့ရမှာပေါ့ မဟုတ်ဘူးလား"

မဲ့ပြုံးတစ်ချက်ပြုံးကာ စားပွဲပေါ်တင်ထားသည့် အိတ်အားယူပြီး မုန်းမာန်ရှိရာ ကုမ္ပဏီသို့ ထွက်လာခဲ့လိုက်သည်။
_________________

"တီ တီ တီ တီ"

အချက်ပေးသံအချို့ကြောင့် လုံခြုံရေးဝန်ထမ်းတစ်ဦးအနားသို့ အမြန်ရောက်လာလေသည်။

"ဒီမှာ မိန်းကလေး ဝန်ထမ်းကဒ်မပါဘဲ ကုမ္ပဏီထဲကို ဝင်ခွင့်မရှိပါဘူး"

"ဟက် ငါ ဘယ်သူလဲ နင်မသိဘူးလား"

"မိန်းကလေးဘာသာ ဘယ်သူပဲဖြစ်နေနေ ဒီကုမ္ပဏီရဲ့ စည်းမျဉ်းအရ ဝင်ခွင့်မပြုနိုင်ပါဘူး"

"နင်ကများ ငါ့ကို အေး နင်စောင့်ကြည့်နေလိုက် ပြီးမှ နင့်ကိုအလုပ်ထုတ်ခိုင်းပစ်မယ်"

လုံခြုံရေးဝန်ထမ်းအားပြောပြီး သူမဖုန်းကိုထုတ်ကာ မုန်းမာန်ဆီသို့ ခေါ်လိုက်လေသည်။

"ဟယ်လို"

"ကိုကို့ ကုမ္ပဏီကို ဆူးရောက်နေပြီ ကို့ကို့ဝန်ထမ်းတွေက ဆူးကိုဝင်ခွင့်မပေးလို့ ကိုကိုလာခေါ်ပေး"

"ဒီမှာ ဆူးနှင်းဆီ ကုမ္ပဏီအောက်ဆုံးထပ်ထိ ဆင်းပြီးမင်းကိုလာခေါ်ရအောက် မင်းက ငါ့အတွက်အရေးကြီးတဲ့ ဧည့်သည်လည်းမဟုတ်သလို ငါဖိတ်ခေါ်ထားတဲ့လူလဲမဟုတ်ဘူး အာ့ကြောင့် လာရာလမ်းအတိုင်း ပြန်ကြွလိုက်တော့"

"အဟင်း ကိုကိုက အဲ့လိုလား ဒါဆိုလဲ ဆူးနဲ့ကိုကို့ရဲ့ video ဖိုင်ကို.."

"ဟေ့ ဟေ့ မင်းအဲ့ဖိုင်ကိုထုတ်ပြဖို့ရာ မစဉ်းစားနဲ့နော်"

"ဒါဆိုလဲ ကိုကိုလာခေါ်လေ အခုထိတော့ နောက်မကျသေးပါဘူး နောက် ၅ မိနစ်အတွင်းမှရောက်မလာရင်တော့ "

"ငါလာပြီ"

ဖုန်းကိုချက်ချင်းချကာ အောက်ဆုံးထပ်သို့အလျင်အမြန် ဆင်းလာရသည်။

"ကဲ ဘယ့်နဲ့ရှိစကိုကို နောက်ဆုံးတော့လည်း အလျော့ပေးရတာပဲမို့လား ဟင်းဟင်း ဒါနဲ့ သူဘာလို့ ငါတို့အကြောင်ူကို ထုတ်ဖော်ဖို့ပြောတိုင်း အသည်းအသန်ငြင်းနေရတာလဲ ဒီကိစ္စကစဉ်းစားစရာပဲ ဘာပဲဖြစ်ဖြစ်ပါလေ အခုလိုချုပ်ကိုင်စရာတစ်ခု ငါ့အတွက်ရှိနေတော့လည်း မဆိုးပါဘူး"

ဖုန်းလေးအား လက်ထဲထွင် လှည့်ကာဖြင့် မုန်းမာန်အလာကိုစောင့်နေလိုက်သည်။ခဏနေတော့ သူ့မြင်ကွင်းထဲရောက်လာသည့် မုန်းမာန်။အမောတကောပြေးဆင်းလာရပုံပင်။ နက်ခ်တိုင်ပင် အနည်းငယ်ရွဲ့စောင်းနေသည်။

"ပြောထားတဲ့အချိန်ထက် ၄မိနစ်နောက်ကျတယ် ကိုကို ဒါပေမယ့် ခွင့်လွှတ်ပေးလိုက်ပါ့မယ် ကိုကို့ မျက်နှာချောချောလေးကြောင့်"

"အပိုတွေမပြောစမ်းနဲ့ ဘာကိစ္စရှိလို့ ငါနဲ့တွေ့ချင်ရတာလဲ"

"ကိစ္စကိုနောက်မှမေးပါကိုကိုရယ် အခုတော့ပုံပျက်နေတဲ့ ကိုကို့နက်ခ်တိုင်လေးကို အရင်ပြင်ပေးပါရစေ"

ပြောရင်းဆိုရင်း နက်ခ်တိုင်ပြင်ပေးနေသည့် သူမကြောင့် မုန်းမာန်အငြင်းစကားပြောဖို့ခက်နေသည်။မိန်းကလေးလဲဖြစ်သည့်အပြင် သူမသည်လည်း လူကုံထံအသိုင်းအဝိုင်းကပေမို့ လူအများကြားထဲ သိက္ခာကျစရာဖြစ်သွားမှာလဲ စိုးရသည်။

ဘေးပတ်ပတ်လည်၌ တီးတိုးစကားပြောကာ ရပ်ကြည့်နေကြသည့် ဝန်ထမ်းအချို့ကြောင့် ဆူးပြုံးလိုက်သည်။ အခုဆို ကုမ္ပဏီကလူအချို့က သူမနဲ့မုန်းမာန်ကြားက ဆက်ဆံရေးကိုရိပ်မိလောက်မပေါ့။

"မင်းပြီးပြီဆိုရင်လဲ သွားရအောင်"

"ဘာလောစရာရှိလို့လဲ ကိုကိုရယ် မဟုတ်လဲ ကိုကို့ရုံးခန်းကိုပဲသွားရမယ့်ဟာ ရုံးခန်းကထွက်မပြေးပါဘူး"

စကားကို နှစ်ကိုယ်ကြား ကြားယုံမျှမပြောဘဲ နည်းနည်းအသံကျယ်ပြောလိုက်ကာ မုန်းမာန်လက်မောင်းတစ်ဖက်အား ချိတ်၍တက်သွားသည့်အပြင် ဝန်ထမ်းအချို့အားလည်း ပြုံးပြနှုတ်ဆက်သွားလေသည်။

ကုမ္ပဏီရှိ ဝန်ထမ်းအချို့မှာတော့ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့လေရဲ့။
____________________


"လာရင်းကိစ္စကိုပြော"

အလုပ်စားပွဲ၌ ဝင်ထိုင်ကာ မေးလိုက်လေသည်။

"အင်းးး ကိစ္စကတော့ ဆူးနဲ့ကိုကိုနဲ့ ဘယ်တော့မင်္ဂလာဆောင်ကြမလဲလို့ လာဆွေးနွေးတာ သိတဲ့အတိုင်းပဲ ဆူးကမိန်းကလေးမို့လား ဒီတော့ အကယ်၍ ကိုယ်ဝန်တွေ ဘာတွေများရှိလာခဲ့ရင်.."

သူမအား စူးစိုက်ကြည့်နေသည့် မုန်းမာန်အား မျက်လုံးလေးလှန်ကြည့်ကာ ပြောလိုက်လေသည်။

"မင်းနဲ့ငါနဲ့ကိစ္စက ဖြစ်သွားတာ ဘယ်နှရက်မှ မရှိသေးတာ တားဆေးစားလိုက်ပေါ့ အာ့ဆိုကိစ္စပြီးပြီပဲဟာ"

"ဒါမျိုးဆိုတာ ဖြစ်ပြီးတာနဲ့ ဆေးတန်းသောက်မှဆိုတာ ကိုကိုမသိဘူးလား"

"ထားပါတော့ အရေးကြီးတာ လက်ထပ်ဖို့မို့လား အချိန်တစ်ခုရောက်ရင် လက်ထပ်မယ် ခုမင်းသွားလိုက်တော့ ငါမအားဘူး"

"အိုကေလေ ကိုကိုဘက်ကသာ ကတိတည်နိုင်ပါစေ"

အောင်နိုင်သူအပြုံးဖြင့် အခန်းပြင်ထွက်သွားသူအား အနောက်မှနေ၍ မုန်းမာန် မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။

"အဲ့မှာတင် စိတ်ကူးယဉ်ပြီး ရူးနေလိုက်"

Tbc..
------------------*------------------
တကယ်ပဲ မုန်းမာန်က ဆူးနဲ့လက်မထပ်ဖြစ်ဘူးလားဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါလို့
_____________________________
© Kout Tay,
книга «My Heart For You».
အပိုင္း-၃၀
Коментарі