အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း_၃၅
Zawgyi...

"သားငယ္... မေျပးရဘူးေလ.. လဲလိမ့္မယ္.. ေျဖးေျဖးေလး သြားမွေပါ့"

"ခစ္ ခစ္ ခစ္"

ကစားကြင္းတစ္ခုထဲတြင္ ပတ္ေျပးေနေသာ ကေလးငယ္ကို စိုးရိမ္စိတ္ျဖင့္ သတိေပးစကားျပဳလ်က္ လိုက္ဖမ္းေနေသာ မိခင္တစ္ဦး။

တစ္ခစ္ခစ္ ရယ္ေမာလ်က္ ေျပးေနပါေသာ ကေလးငယ္မွာလဲ ခ်စ္စဖြယ္အတိ။

"ေဖေဖ့ရဲ႕ ဗိုက္ထဲက ကေလးေလးလဲ အျပင္ေရာက္လာရင္ အဲ့လိုေလး ခ်စ္ဖို႔ေကာင္းေနမွာပဲေနာ္"

လမ္းေဘးပလပ္ေဖာင္းေပၚမွေန၍ ကစားကြင္းထဲက ပံုရိပ္မ်ားကို ရပ္ၾကည့္လ်က္ မိမိဗိုက္ေလးအား ပြတ္သပ္ရင္း ဆိုမိသည္။

တစ္ခဏမ်ွ ရပ္ၾကည့္ၿပီးသည့္ေနာက္ သူအလာတုန္းက မွတ္ထားခဲ့သည့္လမ္းမအတိုင္း အိမ္ႀကီးဆီသို႔ ျပန္လာခဲ့သည္။

__________________

"ေဟာ.. သားငယ္ေတာင္ ျပန္လာပါေရာလား.. ဘယ္လိုလဲ သားမုန္းမာန္နဲ႔ေရာ ေတြ႕ခဲ့ရဲ႕လား.."

အိမ္ေရွ႕ဧည့္ခန္းထဲတြင္ထိုင္ကာ TV ၾကည့္ေနေသာ ႀကီးေမထံမွ အေမးစကားအား ကႀကိဳး ၿပံဳးျပလ်က္ျဖင့္ ေျဖလိုင္ေလသည္။

"ဟုတ္ ေတြ႕ခဲ့ပါတယ္ ႀကီးေမ.. ေမာင္က အလုပ္ရႈပ္ေနတဲ့ၾကားက ထမင္းကိုလဲ ကုန္ေအာင္စားသြားပါတယ္ ႀကီးေမ"

"ဟယ္ ဟုတ္လား..တာ္ေသးတာေပါ့ ႀကီးေမက သားမုန္းမာန္နဲ႔ မေတြ႕ခဲ့မွာစိုးေနတာ.. ဒါဆို သားငယ္ အရမ္းေပ်ာ္ခဲ့မွာပဲေနာ္.."

"ဟီး.. ေပ်ာ္တာေပါ့ ႀကီးေမကလည္း"

"ၾကည့္ပါဦး.. သား ဘယ္ေလာက္ေပ်ာ္ေနမွန္း သားမ်က္နွာေပၚမွာပါ ေပၚေနတယ္.. ကဲ ဒါဆိုလဲ အေပၚထပ္မွာ သြားနားေတာ့ သားငယ္ တစ္ခုခုစားခ်င္ရင္ ႀကီးေမကိုေျပာေနာ္ သား.."

"ဟုတ္ကဲ ႀကီးေမ.."

ကႀကိဳး ႀကီးေမအား နႈတ္ဆက္ၿပီး မီးဖိုခန္းထဲတြင္ ခ်ိဳင့္ျပန္ထားကာ အေပၚထပ္သို႔ တက္လာခဲ့လိုက္သည္။

ထမင္းခ်ိဳင့္ထဲက ထမင္းဟင္းေတြကို ေမာင့္ကိုမေကြၽးဘဲ လမ္းေဘးက ေခြးေလးအား ေကြၽးခဲ့သည္ကိုေတာ့ မေျပာလိုက္ေပ။ႀကီးေမက အသက္ရေနၿပီမို႔လား။ကိုယ့္ေၾကာင့္ စိတ္ဆင္းရဲေနမွာကိုေတာ့ အျဖစ္မခံနိုင္။ေနာက္ၿပီး ေမာင့္ကို အျပစ္မျမင္ေစခ်င္တာလဲ ပါသည္။

အိပ္ယာထက္တြင္ ပက္လက္လွန္ကာ မ်က္နွာက်က္အား အေၾကာင္းမဲ့ ေငးေမာၾကည့္ေနမိသည္။

"ေဒါက္.. ေဒါက္.. ေဒါက္"

"ဘယ္သူလဲ"

"ႀကီးေမပါ သားငယ္.. ေအာက္ထပ္မွာ ေမာင္ခန္႔ညားေရာက္ေနလို႔"

"ဟင္ ဟုတ္လားႀကီးေမ.. သားဆင္းလာခဲ့မယ္ေနာ္"

"ေအးေအး သား"

ကႀကိဳး ကိုခန္႔ညားကို ေတြ႕ခ်င္ေနသည္မွာ ၾကာၿပီျဖစ္တာေၾကာင့္ အိမ္အေပၚထပ္မွာ အေျပးဆင္းခဲ့ေလသည္။

"ဟဲ့ ဟဲ့ ေျဖးေျဖးဆင္းေလ သားရဲ႕.."

ကႀကိဳး ကိုယ့္အျပစ္နွင့္ကိုယ္မို႔ ေလွကားေပၚမွေန၍ ႀကီးေမအား သြားေတြေပၚေအာင္ ရယ္ျပလိုက္ေလသည္။

"ဒီကေလးကေတာ့ေလ ဘယ္ေလာက္ေျပာေျပာကို မမွတ္ဘူး.. မွတ္သြားေအာင္ တစ္ခါေလာက္ေတာ့ တုတ္နဲ႔ နာနာေလး ရိုက္ေပးမွထင္တယ္"

ႀကီးေမက ေျပာရင္း သူ႔အနားလ်ွာက္လာကာ လက္သီးဆုပ္ျဖင့္ နဖူးအား ခပ္ဖြဖြေလး လာထုသည္။

"ႀကီးေမကလဲ"

"ႀကီးေမကမလဲနဲ႔.. ေနာက္တစ္ခါဆို တကယ္ရိုက္ေတာ့မွာ.. သြား ထိုင္ေန.. ႀကီးေမ သံပုရာရည္ေလးေဖ်ာ္လာခဲ့မယ္"

"ဟီး.. ဟုတ္"

ထို႔ေနာက္ ဧည့္ခန္းထဲရွိ ကိုခန္႔ညားအနားသို႔ သြားထိုင္လိုက္ေလသည္။

"ကိုခန္႔ညားတို႔မ်ား ေတာင္ႀကီးသြားတာ အခုမွပဲ ေပၚလာေတာ့တယ္ ဟြန္႔"

"အဲ့ေတာ့ ငါ့ညီက စိတ္ေကာက္ေနတယ္ေပါ့ေလ ကဲ စိတ္ေကာက္ေနတဲ့ေကာင္ေလးအတြက္ ေဟာဒီက အစ္ကိုက ေတာင္ႀကီးအျပန္ လက္ေဆာင္ေတြ ဝယ္လာခဲ့ပါတယ္ ခင္ဗ်"

"တကယ္လား ဘာေတြလဲ ဟင္"

"အစံုပါပဲဗ်ာ.. ရွမ္းေခါပုတ္ေလးေတြက အစ ပါတယ္"

"ဟုတ္ ေက်းဇူးပါဗ်"

"ကဲ ဒါဆို အစ္ကိုျပန္ဦးမယ္ မင္း ဦးငယ္ဆီကိုလဲ သြားရဦးမွာမို႔"

"ဟုတ္ အဲ ခဏ အစ္ကို ကြၽန္ေတာ္ ျပစရာရွိလို႔"

"အင္း ျပေလ"

"ခဏေလး ကြၽန္ေတာ္သြားယူလိုက္ဦးမယ္ ေစာင့္ေနဦး"

"ေအး ေအး"

ေျပာၿပီး ကပ်ာကယာျဖင့္ အိမ္အေပၚထပ္သို႔ ေျပးထြက္သြားျပန္ေလသည္။

ခန္႔ညားလဲ ဧည့္ခန္းမွာထိုင္ေစာင့္ရင္း Boss ေျပာခဲ့သည့္ စကားမ်ားအား ျပန္ၾကားေယာင္မိေနသည္။

"ခန္႔ညား အဲ့ ေကာင္ေလး ကႀကိဳးကို မင္း ေသခ်ာကပ္ထား တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ အဲ့ေကာင္ေလးက ငါ့တို႔ရဲ႕ ငါးစာျဖစ္လာနိုင္တယ္"

ခန္႔ညား ထိုစကားကို ၾကားတုန္းက ကႀကိဳးအတြက္ စိတ္မေကာင္းျဖစ္မိသည္။Boss ေၾကာင့္မဟုတ္ဘဲ သူ ကႀကိဳးကို ညီငယ္ေလးတစ္ေယာက္လို ခင္မိသည္။ Boss ကိုမုန္းမာန္ကို က်ရွံုးေစခ်င္တာသိေပမယ့္ မဆိုင္တဲ့ ေကာင္ေလးကိုေတာ့ သူမထိခိုက္ေစခ်င္။Boss ကိုလဲ သူနားမခ်နိုင္။ကိုယ္က သူ႔လက္ေအာက္က တပည့္ဆိုတာထက္ သူ႔ကို ခ်စ္မိေနတာက ပိုဆိုးသည္။ ခ်စ္ရသူအလိုက် ဘာမဆို ျဖည့္ဆည္းေပးခ်င္မိသည့္ စိတ္ကလည္း ခ်စ္မိသူတိုင္းပင္ျဖစ္လိမ့္မည္။

"ဒီဟာေလး ကိုခန္႔ညား"

သူ႔ရဲ႕ အေတြးလြန္ေနသည့္ စိတ္ေတြကို ေဆးေတာင့္ေလးေတြ လာေပးသည့္ ေကာင္ေလးက လက္ရွိအခ်ိန္ကို ျပန္ေခၚသြားေလသည္။

"အင္း ဒါေတြက ဘာလုပ္ဖို႔လဲ ငါ့ညီ"

ခန္႔ညား ကႀကိဳးအား ျပန္ေမးလိုက္ေလသည္။

"ဟို အဲ့ေဆးကို သိခ်င္လို႔ ကိုခန္႔ညား သိလာဟင္ ဘာေဆးလဲဆိုတာ"

"ဟင့္အင္း အစ္ကိုမသိဘူး... ငါ့ညီ သိခ်င္ရင္ အစ္ကို ဒီကအျပန္ ေဆးဆိုင္တစ္ဆိုင္ကိုျဖစ္ျဖစ္ ဝင္ေမးခဲ့လိုက္မယ္ေလ"

"အဲ့လိုရလားအစ္ကို ဒါဆို အေျဖသိရရင္ ကြၽန္ေတာ့္ကို အျမန္ေျပာျပေနာ္ အစ္ကို"

"ေအးပါ ဒါဆို အစ္ကိုျပန္ၿပီေနာ္"

"ဟုတ္ အစ္ကို ဆိုင္ကယ္ ေျဖးေျဖးေမာင္းသြားဦးေနာ္"

"ေအး ေအး"

ကိုခန္႔ညား ထြက္သြားၿပီးကာမွ ႀကီးေမလည္း သံပုရာရည္ေဖ်ာ္ကာ ျပန္ထြက္လာေလသည္။

"ေဟာ့ေတာ္ ေမာင္ခန္႔ညားက ျပန္သြားၿပီလား"

"ဟုတ္တယ္ ႀကီးေမ ဝင္စရာေလး ရွိေသးလို႔တဲ့"

"ေအးပါကြယ္ ႀကီးေမလည္း ၿခံထဲဆင္းၿပီး သံပုရာသီး သြားခူးေနလို႔ ၾကာသြားတယ္"

"ၿခံထဲမွာ အဲ့လိုအပင္ေတြလဲ ရွိတာပဲလား ႀကီးေမ"

"ရွိတာေပါ့ သားရဲ႕ အပင္ေတြအမ်ားႀကီးရွိေသးတယ္ သေဘၤာသီးပင္ေတြက အစရွိတယ္"

"ဟုတ္လား ဒါဆို ခဏေနရင္ သားၿခံထဲ ေလ်ွာက္ပတ္ၾကည့္ဦးမယ္ေနာ္ ႀကီးေမ"

"ၾကည့္ေပါ့ သားရဲ႕ ၿခံထဲဆင္းခ်င္တာမ်ား ႀကီးေမကို ခြင့္မေတာင္းလဲ ရပါတယ္ကြဲ႕"

ႀကီးေမသည္ ကႀကိဳးပါးေလးအား ဖ်စ္ညႇစ္ကာ ေျပာလိုက္ေလသည္။

"ဟုတ္ ႀကီးေမ"

___________________

"မုန္းမာန္"

meeting room မွအထြက္ နာမည္လွမ္းေခၚလိုက္သည့္ အသံေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ဦးငယ္။

"ဘာေျပာစရာရွိလို႔လဲ ဦးငယ္"

"ေျပာစရာက ေထြေထြထူးထူးေတာ့ မဟုတ္ပါဘူး .. မင္း ကိုယ္ယူထားတဲ့ ေယာက္်ားကို နည္းနည္းေလာက္ေတာ့ ျပန္ၾကည့္ပါဦးကြာ"

"အခု ကႀကိဳးက ဘာျဖစ္ေနလို႔လဲ ဦးငယ္"

"ကႀကိဳးက ဘာမွမျဖစ္ေပမယ့္ ျမင္ေနရတဲ့ သူကေတာ့ အဆင္မေျပဘူးေလ"

"ဘာကို အဆင္မေျပျဖစ္ေနတာလဲ"

"ဟ ဘာကိုျဖစ္ရမွာလဲ မင္းတို႔ လက္ထပ္ထားတာလည္းျကာေနၿပီ အခုထိ ကႀကိဳးလက္မွာ လက္ထပ္လက္စြပ္မရွိတာကေတာ့ မဟုတ္ေသးဘူးေလ"

"ေၾသာ္ အဲ့တာလား"

"ေအး အဲ့တာ မင္းဘက္ကေတာ့ ဘာမဟုတ္တဲ့ ကိစၥတစ္ခုလို႔ ထင္ခ်င္ထင္လိမ့္မယ္ ဒါေပမယ့္ ကႀကိဳးဘက္ကိုေတာ့ တစ္ခါေလာက္ျဖစ္ျဖစ္ စဥ္းစားၾကည့္ေပါ့.. ယူထားၾကတာၾကာၿပီ လက္ထပ္လက္စြပ္ေလးေတာင္မရွိေတာ့ သူဘယ္ေလာက္ သိမ္ငယ္လိုက္မလဲ ေတြးၾကည့္ေပါ့ကြာ.. ကဲ ငါသြားၿပီ"

သူ႔ေရွ႕က ထြက္ခြာသြားသည့္ ဦးငယ္ေက်ာျပင္အား ၾကည့္ၿပီး 'ဦးငယ္ေျပာသြားတာလဲ ဟုတ္တာပဲ ငါ့မဝတ္ရင္ေတာင္ ရွိေတာ့ရွိသင့္တာေပါ့' ဟု မုန္းမာန္ေတြးလိုက္ၿပီး ဖုန္းနံပါတ္တစ္ခုအား နွိပ္လိုက္ေလသည္။

__________________

*Ringing*

"ဟယ္လို ကိုခန္႔ညား"

"ေအး ညီ ေမးခိုင္းတဲ့ ေဆးအေၾကာင္း သိရၿပီ"

"ဟင္ ဟုတ္လား ဘာတဲ့လဲဟင္"

"ဟို အဲ့ဒါက ကိုယ္ဝန္ပ်က္က်တဲ့ ေဆးလို႔ေျပာတယ္"

"ဗ်ာ.. တကယ္ပဲလား အစ္ကို နားၾကားမွားလာတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္"

"ဘယ္ကလာ နားၾကားမွားရမွာလဲ ညီကလဲ အစ္ကိုကိုယ္တိုင္ေတာင္ နွစ္ခါ ျပန္ေမးယူရတယ္"

"အာ့ အာ့ဆို တကယ္ေျပာေနတာေပါ့ေနာ္"

"အင္း တကယ္.. ဟယ္လို ဟယ္လို ညီ"

ကႀကိဳး ကိုခန္႔ညားကို စကားဆက္မေျပာနိုင္ေလာက္ေအာင္ပင္ ရင္ထဲက နာက်င္မႈက အဆမတန္ပင္။မ်က္ဝန္းမွာလဲ မ်က္ရည္မ်ားစီးက်လ်က္။

'ဘာလို႔မ်ား အဲ့ေလာက္ထိ လုပ္ရက္ရတာလဲ ေမာင္ရယ္။ ေမာင္ေျပာေတာ့ ကိုယ္ဝန္ေဆာင္အားေဆးဆို။ အခုေတာ့.. အခုေတာ့။ ေမာင္.. ခင္ဗ်ား သိပ္ရက္စက္တယ္ဗ်ာ။ ကြၽန္ေတာ့္မွာေတာ့ ေမာင့္ဂရုစိုက္မႈေတြၾကား အေပ်ာ္ႀကီးေပ်ာ္ေနခဲ့ရတာ။ေမာင္ကေတာ့ ကြၽန္ေတာ္နဲ႔ ရင္ေသြးေလးအေပၚကို လုပ္ရက္လိုက္တာဗ်ာ'

တစ္ဖက္က ခန္႔ညားမွာေတာ့ ဖုန္းကိုင္ရင္းျဖင့္ နားမလည္နိုင္စြာ ရွိလ်က္။

Tbc...

---------------------*---------------------
ၾကာသြားတယ္ ဟုတ္...
ကိုယ့္ကိုယ္ကိုယ္ အားမလိုအားမရျဖစ္ေနလို႔ပါ
အေရွ႕ခန္းေတြျပန္ဖတ္ၾကည့္မိေတာ့ စာလံုးေပါင္းအမွားေတြ က်က်န္ခဲ့တာေတြနဲ႔ Viewer ကလည္း အပိုင္း ၁ မွာ 840 ေက်ာ္ရွိေပမယ့္ တစ္ျဖည္းျဖည္းခ်င္း ေလ်ာ့ေလ်ာ့လာေတာ့ အေရးအသားမေကာင္းလို႔လား ဇာတ္ေကာင္ေတြကို ေသခ်ာပံုမေဖာ္နိုင္လို႔လားဆိုၿပီး ေတြးစိတ္ညစ္ေနလို႔ ၾကာသြားတာရယ္

ေတာင္းပန္ပါတယ္ရွင့္💜
___________________


Unicode...

"သားငယ်... မပြေးရဘူးလေ.. လဲလိမ့်မယ်.. ဖြေးဖြေးလေး သွားမှပေါ့"

"ခစ် ခစ် ခစ်"

ကစားကွင်းတစ်ခုထဲတွင် ပတ်ပြေးနေသော ကလေးငယ်ကို စိုးရိမ်စိတ်ဖြင့် သတိပေးစကားပြုလျက် လိုက်ဖမ်းနေသော မိခင်တစ်ဦး။

တစ်ခစ်ခစ် ရယ်မောလျက် ပြေးနေပါသော ကလေးငယ်မှာလဲ ချစ်စဖွယ်အတိ။

"ဖေဖေ့ရဲ့ ဗိုက်ထဲက ကလေးလေးလဲ အပြင်ရောက်လာရင် အဲ့လိုလေး ချစ်ဖို့ကောင်းနေမှာပဲနော်"

လမ်းဘေးပလပ်ဖောင်းပေါ်မှနေ၍ ကစားကွင်းထဲက ပုံရိပ်များကို ရပ်ကြည့်လျက် မိမိဗိုက်လေးအား ပွတ်သပ်ရင်း ဆိုမိသည်။

တစ်ခဏမျှ ရပ်ကြည့်ပြီးသည့်နောက် သူအလာတုန်းက မှတ်ထားခဲ့သည့်လမ်းမအတိုင်း အိမ်ကြီးဆီသို့ ပြန်လာခဲ့သည်။

__________________

"ဟော.. သားငယ်တောင် ပြန်လာပါရောလား.. ဘယ်လိုလဲ သားမုန်းမာန်နဲ့ရော တွေ့ခဲ့ရဲ့လား.."

အိမ်ရှေ့ဧည့်ခန်းထဲတွင်ထိုင်ကာ TV ကြည့်နေသော ကြီးမေထံမှ အမေးစကားအား ကကြိုး ပြုံးပြလျက်ဖြင့် ဖြေလိုင်လေသည်။

"ဟုတ် တွေ့ခဲ့ပါတယ် ကြီးမေ.. မောင်က အလုပ်ရှုပ်နေတဲ့ကြားက ထမင်းကိုလဲ ကုန်အောင်စားသွားပါတယ် ကြီးမေ"

"ဟယ် ဟုတ်လား..တ်ာသေးတာပေါ့ ကြီးမေက သားမုန်းမာန်နဲ့ မတွေ့ခဲ့မှာစိုးနေတာ.. ဒါဆို သားငယ် အရမ်းပျော်ခဲ့မှာပဲနော်.."

"ဟီး.. ပျော်တာပေါ့ ကြီးမေကလည်း"

"ကြည့်ပါဦး.. သား ဘယ်လောက်ပျော်နေမှန်း သားမျက်နှာပေါ်မှာပါ ပေါ်နေတယ်.. ကဲ ဒါဆိုလဲ အပေါ်ထပ်မှာ သွားနားတော့ သားငယ် တစ်ခုခုစားချင်ရင် ကြီးမေကိုပြောနော် သား.."

"ဟုတ်ကဲ ကြီးမေ.."

ကကြိုး ကြီးမေအား နှုတ်ဆက်ပြီး မီးဖိုခန်းထဲတွင် ချိုင့်ပြန်ထားကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

ထမင်းချိုင့်ထဲက ထမင်းဟင်းတွေကို မောင့်ကိုမကျွေးဘဲ လမ်းဘေးက ခွေးလေးအား ကျွေးခဲ့သည်ကိုတော့ မပြောလိုက်ပေ။ကြီးမေက အသက်ရနေပြီမို့လား။ကိုယ့်ကြောင့် စိတ်ဆင်းရဲနေမှာကိုတော့ အဖြစ်မခံနိုင်။နောက်ပြီး မောင့်ကို အပြစ်မမြင်စေချင်တာလဲ ပါသည်။

အိပ်ယာထက်တွင် ပက်လက်လှန်ကာ မျက်နှာကျက်အား အကြောင်းမဲ့ ငေးမောကြည့်နေမိသည်။

"ဒေါက်.. ဒေါက်.. ဒေါက်"

"ဘယ်သူလဲ"

"ကြီးမေပါ သားငယ်.. အောက်ထပ်မှာ မောင်ခန့်ညားရောက်နေလို့"

"ဟင် ဟုတ်လားကြီးမေ.. သားဆင်းလာခဲ့မယ်နော်"

"အေးအေး သား"

ကကြိုး ကိုခန့်ညားကို တွေ့ချင်နေသည်မှာ ကြာပြီဖြစ်တာကြောင့် အိမ်အပေါ်ထပ်မှာ အပြေးဆင်းခဲ့လေသည်။

"ဟဲ့ ဟဲ့ ဖြေးဖြေးဆင်းလေ သားရဲ့.."

ကကြိုး ကိုယ့်အပြစ်နှင့်ကိုယ်မို့ လှေကားပေါ်မှနေ၍ ကြီးမေအား သွားတွေပေါ်အောင် ရယ်ပြလိုက်လေသည်။

"ဒီကလေးကတော့လေ ဘယ်လောက်ပြောပြောကို မမှတ်ဘူး.. မှတ်သွားအောင် တစ်ခါလောက်တော့ တုတ်နဲ့ နာနာလေး ရိုက်ပေးမှထင်တယ်"

ကြီးမေက ပြောရင်း သူ့အနားလျှာက်လာကာ လက်သီးဆုပ်ဖြင့် နဖူးအား ခပ်ဖွဖွလေး လာထုသည်။

"ကြီးမေကလဲ"

"ကြီးမေကမလဲနဲ့.. နောက်တစ်ခါဆို တကယ်ရိုက်တော့မှာ.. သွား ထိုင်နေ.. ကြီးမေ သံပုရာရည်လေးဖျော်လာခဲ့မယ်"

"ဟီး.. ဟုတ်"

ထို့နောက် ဧည့်ခန်းထဲရှိ ကိုခန့်ညားအနားသို့ သွားထိုင်လိုက်လေသည်။

"ကိုခန့်ညားတို့များ တောင်ကြီးသွားတာ အခုမှပဲ ပေါ်လာတော့တယ် ဟွန့်"

"အဲ့တော့ ငါ့ညီက စိတ်ကောက်နေတယ်ပေါ့လေ ကဲ စိတ်ကောက်နေတဲ့ကောင်လေးအတွက် ဟောဒီက အစ်ကိုက တောင်ကြီးအပြန် လက်ဆောင်တွေ ဝယ်လာခဲ့ပါတယ် ခင်ဗျ"

"တကယ်လား ဘာတွေလဲ ဟင်"

"အစုံပါပဲဗျာ.. ရှမ်းခေါပုတ်လေးတွေက အစ ပါတယ်"

"ဟုတ် ကျေးဇူးပါဗျ"

"ကဲ ဒါဆို အစ်ကိုပြန်ဦးမယ် မင်း ဦးငယ်ဆီကိုလဲ သွားရဦးမှာမို့"

"ဟုတ် အဲ ခဏ အစ်ကို ကျွန်တော် ပြစရာရှိလို့"

"အင်း ပြလေ"

"ခဏလေး ကျွန်တော်သွားယူလိုက်ဦးမယ် စောင့်နေဦး"

"အေး အေး"

ပြောပြီး ကပျာကယာဖြင့် အိမ်အပေါ်ထပ်သို့ ပြေးထွက်သွားပြန်လေသည်။

ခန့်ညားလဲ ဧည့်ခန်းမှာထိုင်စောင့်ရင်း Boss ပြောခဲ့သည့် စကားများအား ပြန်ကြားယောင်မိနေသည်။

"ခန့်ညား အဲ့ ကောင်လေး ကကြိုးကို မင်း သေချာကပ်ထား တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဲ့ကောင်လေးက ငါ့တို့ရဲ့ ငါးစာဖြစ်လာနိုင်တယ်"

ခန့်ညား ထိုစကားကို ကြားတုန်းက ကကြိုးအတွက် စိတ်မကောင်းဖြစ်မိသည်။Boss ကြောင့်မဟုတ်ဘဲ သူ ကကြိုးကို ညီငယ်လေးတစ်ယောက်လို ခင်မိသည်။ Boss ကိုမုန်းမာန်ကို ကျရှုံးစေချင်တာသိပေမယ့် မဆိုင်တဲ့ ကောင်လေးကိုတော့ သူမထိခိုက်စေချင်။Boss ကိုလဲ သူနားမချနိုင်။ကိုယ်က သူ့လက်အောက်က တပည့်ဆိုတာထက် သူ့ကို ချစ်မိနေတာက ပိုဆိုးသည်။ ချစ်ရသူအလိုကျ ဘာမဆို ဖြည့်ဆည်းပေးချင်မိသည့် စိတ်ကလည်း ချစ်မိသူတိုင်းပင်ဖြစ်လိမ့်မည်။

"ဒီဟာလေး ကိုခန့်ညား"

သူ့ရဲ့ အတွေးလွန်နေသည့် စိတ်တွေကို ဆေးတောင့်လေးတွေ လာပေးသည့် ကောင်လေးက လက်ရှိအချိန်ကို ပြန်ခေါ်သွားလေသည်။

"အင်း ဒါတွေက ဘာလုပ်ဖို့လဲ ငါ့ညီ"

ခန့်ညား ကကြိုးအား ပြန်မေးလိုက်လေသည်။

"ဟို အဲ့ဆေးကို သိချင်လို့ ကိုခန့်ညား သိလာဟင် ဘာဆေးလဲဆိုတာ"

"ဟင့်အင်း အစ်ကိုမသိဘူး... ငါ့ညီ သိချင်ရင် အစ်ကို ဒီကအပြန် ဆေးဆိုင်တစ်ဆိုင်ကိုဖြစ်ဖြစ် ဝင်မေးခဲ့လိုက်မယ်လေ"

"အဲ့လိုရလားအစ်ကို ဒါဆို အဖြေသိရရင် ကျွန်တော့်ကို အမြန်ပြောပြနော် အစ်ကို"

"အေးပါ ဒါဆို အစ်ကိုပြန်ပြီနော်"

"ဟုတ် အစ်ကို ဆိုင်ကယ် ဖြေးဖြေးမောင်းသွားဦးနော်"

"အေး အေး"

ကိုခန့်ညား ထွက်သွားပြီးကာမှ ကြီးမေလည်း သံပုရာရည်ဖျော်ကာ ပြန်ထွက်လာလေသည်။

"ဟော့တော် မောင်ခန့်ညားက ပြန်သွားပြီလား"

"ဟုတ်တယ် ကြီးမေ ဝင်စရာလေး ရှိသေးလို့တဲ့"

"အေးပါကွယ် ကြီးမေလည်း ခြံထဲဆင်းပြီး သံပုရာသီး သွားခူးနေလို့ ကြာသွားတယ်"

"ခြံထဲမှာ အဲ့လိုအပင်တွေလဲ ရှိတာပဲလား ကြီးမေ"

"ရှိတာပေါ့ သားရဲ့ အပင်တွေအများကြီးရှိသေးတယ် သင်္ဘောသီးပင်တွေက အစရှိတယ်"

"ဟုတ်လား ဒါဆို ခဏနေရင် သားခြံထဲ လျှောက်ပတ်ကြည့်ဦးမယ်နော် ကြီးမေ"

"ကြည့်ပေါ့ သားရဲ့ ခြံထဲဆင်းချင်တာများ ကြီးမေကို ခွင့်မတောင်းလဲ ရပါတယ်ကွဲ့"

ကြီးမေသည် ကကြိုးပါးလေးအား ဖျစ်ညှစ်ကာ ပြောလိုက်လေသည်။

"ဟုတ် ကြီးမေ"

___________________

"မုန်းမာန်"

meeting room မှအထွက် နာမည်လှမ်းခေါ်လိုက်သည့် အသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ ဦးငယ်။

"ဘာပြောစရာရှိလို့လဲ ဦးငယ်"

"ပြောစရာက ထွေထွေထူးထူးတော့ မဟုတ်ပါဘူး .. မင်း ကိုယ်ယူထားတဲ့ ယောက်ျားကို နည်းနည်းလောက်တော့ ပြန်ကြည့်ပါဦးကွာ"

"အခု ကကြိုးက ဘာဖြစ်နေလို့လဲ ဦးငယ်"

"ကကြိုးက ဘာမှမဖြစ်ပေမယ့် မြင်နေရတဲ့ သူကတော့ အဆင်မပြေဘူးလေ"

"ဘာကို အဆင်မပြေဖြစ်နေတာလဲ"

"ဟ ဘာကိုဖြစ်ရမှာလဲ မင်းတို့ လက်ထပ်ထားတာလည်းကြာနေပြီ အခုထိ ကကြိုးလက်မှာ လက်ထပ်လက်စွပ်မရှိတာကတော့ မဟုတ်သေးဘူးလေ"

"သြော် အဲ့တာလား"

"အေး အဲ့တာ မင်းဘက်ကတော့ ဘာမဟုတ်တဲ့ ကိစ္စတစ်ခုလို့ ထင်ချင်ထင်လိမ့်မယ် ဒါပေမယ့် ကကြိုးဘက်ကိုတော့ တစ်ခါလောက်ဖြစ်ဖြစ် စဉ်းစားကြည့်ပေါ့.. ယူထားကြတာကြာပြီ လက်ထပ်လက်စွပ်လေးတောင်မရှိတော့ သူဘယ်လောက် သိမ်ငယ်လိုက်မလဲ တွေးကြည့်ပေါ့ကွာ.. ကဲ ငါသွားပြီ"

သူ့ရှေ့က ထွက်ခွာသွားသည့် ဦးငယ်ကျောပြင်အား ကြည့်ပြီး 'ဦးငယ်ပြောသွားတာလဲ ဟုတ်တာပဲ ငါ့မဝတ်ရင်တောင် ရှိတော့ရှိသင့်တာပေါ့' ဟု မုန်းမာန်တွေးလိုက်ပြီး ဖုန်းနံပါတ်တစ်ခုအား နှိပ်လိုက်လေသည်။

__________________

*Ringing*

"ဟယ်လို ကိုခန့်ညား"

"အေး ညီ မေးခိုင်းတဲ့ ဆေးအကြောင်း သိရပြီ"

"ဟင် ဟုတ်လား ဘာတဲ့လဲဟင်"

"ဟို အဲ့ဒါက ကိုယ်ဝန်ပျက်ကျတဲ့ ဆေးလို့ပြောတယ်"

"ဗျာ.. တကယ်ပဲလား အစ်ကို နားကြားမှားလာတာတော့ မဟုတ်လောက်ပါဘူးနော်"

"ဘယ်ကလာ နားကြားမှားရမှာလဲ ညီကလဲ အစ်ကိုကိုယ်တိုင်တောင် နှစ်ခါ ပြန်မေးယူရတယ်"

"အာ့ အာ့ဆို တကယ်ပြောနေတာပေါ့နော်"

"အင်း တကယ်.. ဟယ်လို ဟယ်လို ညီ"

ကကြိုး ကိုခန့်ညားကို စကားဆက်မပြောနိုင်လောက်အောင်ပင် ရင်ထဲက နာကျင်မှုက အဆမတန်ပင်။မျက်ဝန်းမှာလဲ မျက်ရည်များစီးကျလျက်။

'ဘာလို့များ အဲ့လောက်ထိ လုပ်ရက်ရတာလဲ မောင်ရယ်။ မောင်ပြောတော့ ကိုယ်ဝန်ဆောင်အားဆေးဆို။ အခုတော့.. အခုတော့။ မောင်.. ခင်ဗျား သိပ်ရက်စက်တယ်ဗျာ။ ကျွန်တော့်မှာတော့ မောင့်ဂရုစိုက်မှုတွေကြား အပျော်ကြီးပျော်နေခဲ့ရတာ။မောင်ကတော့ ကျွန်တော်နဲ့ ရင်သွေးလေးအပေါ်ကို လုပ်ရက်လိုက်တာဗျာ'

တစ်ဖက်က ခန့်ညားမှာတော့ ဖုန်းကိုင်ရင်းဖြင့် နားမလည်နိုင်စွာ ရှိလျက်။

Tbc...

---------------------*---------------------
ကြာသွားတယ် ဟုတ်...
ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေလို့ပါ
အရှေ့ခန်းတွေပြန်ဖတ်ကြည့်မိတော့ စာလုံးပေါင်းအမှားတွေ ကျကျန်ခဲ့တာတွေနဲ့ Viewer ကလည်း အပိုင်း ၁ မှာ 840 ကျော်ရှိပေမယ့် တစ်ဖြည်းဖြည်းချင်း လျော့လျော့လာတော့ အရေးအသားမကောင်းလို့လား ဇာတ်ကောင်တွေကို သေချာပုံမဖော်နိုင်လို့လားဆိုပြီး တွေးစိတ်ညစ်နေလို့ ကြာသွားတာရယ်

တောင်းပန်ပါတယ်ရှင့်💜
___________________






© Kout Tay,
книга «My Heart For You».
အပိုင္း_၃၆
Коментарі