အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၂၇
Zawgyi...

"အား ကြၽတ္ ကြၽတ္ "

မ်က္နွာအား ရွံု႔မဲ့ကာျဖင့္ နိုးထလာေသာ ေကာင္ေလးတစ္ေယာက္။

"အ အား အား နာလိုက္တာ အေမေရကယ္ပါဦး "

ေမွာက္လ်က္အိပ္ေပ်ာ္ေနရာမွ ခါးအားမတ္ကာထလိုက္ေသာေၾကာင့္ ခါးပတ္ျဖင့္အရိုက္ခံထားရေသာ ေက်ာတစ္ေလ်ွာက္ရွိ ဒဏ္ရာေတြရဲ႕ နာက်င္မႈကိုအလူးအလဲပင္ခံစားလိုက္ရသည္။

ေက်ာနာေနလို႔ဟူသည့္ အေၾကာင္းျပခ်က္ျဖင့္ အိပ္ယာမွမထလို႔ကလဲမျဖစ္။သူ႔အတြက္မနက္စာျပင္ေပးရဦးမည္မို႔လား။အားယူကာ ကုန္းရံုးထလိုက္ၿပီး တံခါးအားတြန္းဖြင့္လိုက္ေလသည္။

တံခါးဖြင့္လိုက္သည္နွင့္ မ်က္စိေရွ႕တည့္တည့္ျမင္လိုက္ရသည္က မီးဖိုခန္း။

'အင္ ဒါနဲ႔ အခုငါအိပ္ေပ်ာ္ေနတဲ့ အခန္းကဘယ္အခန္းလဲ'

အေတြးတစ္စနွင့္အတူ တံခါးအားျပန္ဆြဲဖြင့္လိုက္ေလသည္။အျပင္ကအလင္းေရာင္က အခုမွအခန္းထဲအတင္းတိုးဝင္လာကာ ပစၥည္းအနည္းငယ္ အစုလိုက္အၿပံဳလိုက္ရွိေနသည္ကိုျမင္လိုက္ရသည္။

' ဒါသူေျပာတဲ့ ငါေနရမယ့္ စတိုခန္းဆိုတဲ့ေနရာပဲျဖစ္လိမ့္မယ္ထင္တယ္။ဘာပဲျဖစ္ျဖစ္ပါေလ ၿပီးရင္ေတာ့ ဒီအခန္းကိုအရင္ ရွင္းရမယ္ အခုေတာ့ ထမင္းခ်က္လိုက္ဦးမယ္'

"အင္းး ထမင္းမခ်က္ခင္ သူေျပာတဲ့အမ်ားသံုးေရခ်ိဳးခန္းကိုရွာရမယ္ ဒီေဘးအခန္းကိုဖြင့္ၾကည့္ဦးမွပါ"

ေျပာရင္းဆိုရင္း စတိုခန္းေဘးရွိအခန္းကိုဆြဲဖြင့္ၾကည့္လိုက္ေလသည္။

"ငါမွန္းရင္လြဲခဲပါတယ္ ဒါေရခ်ိဳးခန္းပဲဟာ ဒါေပမယ့္ ဟိုလူႀကီးအခန္းထဲကလိုမ်ိဳးလဲမဟုတ္ဘူး အကိုတို႔ဆီမွာခ်ိဳးရသလို ခြက္နဲ႔ခပ္ခ်ိဳးရမွာပဲ အား ခ်ိဳးမယ္ ခ်ိဳးမယ္ ေရေလးေတြေရ မင္းတို႔ကိုလြမ္းလိုက္တာ ေရသာခ်ိဳးရတာ ကူးလို႔လဲမရဘူး ငါကေရကူးခ်င္တာပါဆို ဟြန္႔"

နႈတ္ခမ္းအား ေရွ႕သိုု႔ဆူထုတ္ကာျဖင့္ ကန္ထဲမွေရအခ်ိဳ႕အား ေရခြက္ျဖင့္ ခပ္ကာခ်ိဳးလိုက္ေလသည္။

____________________

"အင္းးး"

ညည္းသံတစ္ခ်က္နွင့္အတူ လက္နွစ္ဖက္အား ဆန္႔ကာျဖင့္ အပ်င္းေၾကာဆန္႔လိုက္ေလသည္။ၿပီးေနာက္ သူ႔ရဲ႕ နံနက္ခင္းတိုင္းလုပ္ေနက်အေလ့အထျဖစ္တဲ့ ေလ့က်င့္ခန္းအနည္းငယ္အားလုပ္ကာ ေရခ်ိဳးခန္းထဲသို႔ ဝင္လာခဲ့လိုက္သည္။

'ဒီအခ်ိန္ ဟိုေကာင္ေလးဘာေတြလုပ္ေနတာပါလိမ့္ နိုးေရာနိုးၿပီလားမသိဘူး ထားလိုက္ပါ ငါ့ကိစၥမွမဟုတ္တာ'

အေတြးအား လက္စသတ္ကာ ေရအျမန္ခ်ိဳးၿပီး ျပန္ထြက္လာခဲ့လိုက္သည္။

အဝတ္လဲခန္းထဲရွိ ဗီရိုအားဖြင့္ကာ ကုတ္အက်ၤီအျပာရင့္ေရာင္၊ စတိုင္ေဘာင္းဘီအျပာရင့္ေရာင္နွင့္ အတြင္းဝတ္ရွပ္အက်ီၤလက္ရွည္အျဖဴေရာင္တို႔ကို တြဲဖက္ဝတ္ဆင္လိုက္ေလသည္။ၿပီးေနာက္ leather shoe အညိဳေရာင္ကို စီး၍ေအာက္ထပ္သို႔ဆင္းလာခဲ့လိုက္သည္။
_________________

ေရမိုးခ်ိဳး မ်က္နွာသစ္၍ မီးဖိုခန္းထဲသို႔ ဟန္ပါပါဝင္လိုက္ၿပီးကာမွ ဘယ္ကစလုပ္ရမွန္းမသိေသာေၾကာင့္ တစ္ေယာက္ထဲ ခံုေပၚထိုင္ရင္း ငိုင္ေနမိသည္။

အေပၚထပ္မွ ဆင္းလာသည့္ေျခသံသဲ့သဲ့ကိုၾကားလိုက္ရေသာေၾကာင့္ အျမန္ပင္ထိုင္ေနရာမွထကာ မီးဖိုေဘးသို႔ သြားရပ္ေနလိုက္ရသည္။

မုန္းမာန္ ေအာက္ထပ္ေရာက္သည္နွင့္ မီးဖိုခန္းအတြင္းသို႔သာတန္းဝင္လာခဲ့လိုက္သည္။သူ႔ေရွ႕တည့္တည့္ရွိ ေခါင္းကုတ္ဖင္ကုတ္ျဖင့္ မီးဖိုေဘးရပ္ေနေသာ ကႀကိဳးအား မ်က္ေမွာင္က်ံဳ႕ၾကည့္လိုက္သည္။

"မနက္စာ ဘာလုပ္ထားလဲ"

ေျပာရင္း ထိုင္ခံုတစ္လံုးအားဆြဲကာ စားပြဲေရွ႕တြင္ထိုင္လိုက္ေလသည္။

သူေျပာေတာ့ သူ႔အား ငိုမဲ့မဲ့မ်က္နွာျဖင့္ လွည့္ၾကည့္လာေသာ ကႀကိဳးေၾကာင့္ မုန္းမာန္နည္းနည္းေတာ့ ေၾကာင္သြားမိသည္။
စိတ္ထဲ၌လည္း ငါလဲသူ႔ဘာမွမလုပ္ရေသးပါဘူးဟု တစ္ခါတည္းေတြးမိလိုက္ေလသည္။

"ဘာျဖစ္တာလဲ"

ကႀကိဳးသူ႔အား မ်က္ေမွာင္က်ံဳ႕ကာေမးလာသူကို မရဲတရဲျဖင့္ေျဖလိုက္ေလသည္။

"ဟို ဟို ထမင္းက ဘယ္လိုခ်က္ရတာလဲ ဟင္"

"အမ္ ထမင္း မင္းထမင္းမခ်က္ဖူးဘူးလား"

"ဟင့္အင္း"

"ဟားးး ငါေတာ့ ဘယ္လိုလူမ်ိဳးကို ယူထားမိတာပါလိမ့္ ထားပါေတာ့ မဟုတ္လည္း ကြာရွင္းရေတာ့မယ့္ဟာ အခုခ်ိန္မွေတာ့ သည္းခံေနရေတာ့မွာပဲ လာ ငါျပမယ္"

ထိုင္ေနရာမွထကာေျပာလာသူေၾကာင့္ ကႀကိဳး မုန္းမာန္အနားသို႔ တိုးကပ္သြားမိသည္။

"ဒီမွာျမင္လား ဒါကို ထမင္းေပါင္းအိုးလို႔ေခၚတယ္"

"ဟုတ္"

"လာ ဒီခြက္ထဲကို ဆန္ထည့္မယ္ ဆန္ထည့္တဲ့အခါ ခ်င့္ခ်ိန္ၿပီးလိုသေလာက္ပဲထည့္ရမွာေနာ္ အိမ္မွာ မင္းနဲ႔ငါနဲ႔ နွစ္ေယာက္ပဲရွိတာဆိုေတာ့ ဒီဆန္ခ်ိန္တဲ့ခြက္နဲ႔ သံုးခြက္ေလာက္ဆို ရမယ္ထင္တယ္ ဒီေန႔ေစာင့္ၾကည့္ေပါ့ ပိုတယ္ဆိုရင္ ေနာက္ေန႔ေတြ နွစ္ခြက္ေလာက္ပဲထည့္ သိလား"

"ဟုတ္"

"ေနာက္ၿပီး ေရထည့္ရမယ္ ေရထည့္ရတဲ့အခ်ိဳးအစားေတာ့ ငါလဲမသိဘူး ငယ္ငယ္ကႀကီးေမေျပာထားတာေတာ့ရွိတယ္ အဲ ေရထည့္မတည္ခင္ အရင္ဆံုး ဆန္ေဆးရမွာေနာ္ ၿပီးမွေရထည့္ရမွာ ေရထည့္တဲ့အခါ ဆန္ေပၚကေန လက္ညႇိုးေလးစိုက္ထားလိုက္ လက္ဆစ္တစ္ဆစ္ျမႇုပ္တဲ့အထိ ေရထည့္ ၿပီးရင္ ေပါင္းမဲ့အိုးထဲျပန္ထည့္ အဖံုး ဖံုး ဒီမီႀကိဳးကို ဟိုပလက္ေပါက္မွာ ထိုးမယ္ ခလုပ္ဖြင့္မယ္ ၿပီးရင္ ဒီမွာရွိတဲ့ warm နဲ႔ cook ဆိုနဲ႔ေနရာမွာ cook ကိုနွိပ္ေပးရမယ္ ထမင္းက်က္တဲ့အခါ warm ဆိုတဲ့ေနရာကိုေျပာင္းသြားလိမ့္မယ္ အဲ့အခါ ခလုတ္ကိုပိတ္ၿပီး မီးႀကိဳးကို ျဖဳတ္ထားလိုက္ေတာ့ ငါေျပာတာေတြမွတ္မိလား ဟမ္ မွတ္မိလားလို႔ေမးေနတယ္ "

"ခ်စ္ ခ်စ္ အဲ မဟုတ္ပါဘူး မွတ္ မွတ္မိတယ္ အဟီး"

ကႀကိဳး သူ႔ေရွ႕မွတစ္ခုခ်င္းသင္ျပေပးေနတဲ့ လူႀကီးအားၾကည့္ရင္း တစ္ျဖည္းျဖည္း အသည္းယားလာေလသည္။

'ဟာ ေနာက္ကေန ညႇစ္ပစ္လိုက္ရင္ကေတာ့လား အီး ခ်စ္စရာႀကီး ဘာလို႔ဒီေလာက္ ေခ်ာေမာေနရတာပါလိမ့္'

အေနာက္မွေန၍ မုန္းမာန္အားစိုက္ၾကည့္ကာ အေတြးပင္လယ္ထဲ လက္ပစ္ကူးေနစဥ္ သူ႔အားလွည့္ၾကည့္ကာ ေမးလာသည္ေၾကာင့္ အလန္႔တၾကားျဖစ္ကာ စကားလံုးေတြပင္မွားထြက္လာရသည္။

"ရုပ္ကိုကစပ္ၿဖီးၿဖီးနဲ႔ မနက္စာဘာလုပ္ထားလဲ"

"အမ္ ခုပဲခ်က္ထားတယ္ေလ"

"ဘာ ခ်က္ ထမင္းလား"

"အင္းေလ ထမင္းေပါ့ မနက္စာဘာစားခ်င္ေသးတာလဲ"

"ဟားးး ငါကမနက္စာကို ေကာ္ဖီနဲ႔မုန္႔နဲ႔စားတာ မင္းမသိဘူးလား"

"ဘယ္လို႔လုပ္သိမွာလဲ ေျပာမွမေျပာထားဘဲနဲ႔"

မုန္းမာန္ သူ႔အား နႈတ္ခမ္းတစ္ေထာ္ေထာ္ျဖင့္ ကတ္ကတ္လန္ေအာင္ ျပန္ေျပာေနသည့္ေကာင္ေလးေၾကာင့္ ၾကက္ေသပင္ေသသြားရေလသည္။ဒီလိုေျပာပံုမ်ိဳးနဲ႔ဆို ဒီေကာင္ေလးသူ႔ကိုတစ္စက္မွမေၾကာက္ဘူးဘဲ။

"အာ့ဆိုလည္း ခုေကာ္ဖီေဖ်ာ္ေတာ့"

"ေကာ္ဖီကဘယ္လိုေဖ်ာ္ရတာလဲ"

"ဟာ မင္းေကာ္ဖီေတာင္မေဖ်ာ္တတ္ဘူးလား"

"ေသာက္မွမေသာ္ဖူးတာ ဘယ္လိုလုပ္ေဖ်ာ္တတ္မွာလဲ"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ကြၽန္ေတာ္မ်ိဳးပဲ ထေဖ်ာ္လိုက္ပါေတာ့မယ္ ဟိုထဲက ေပါင္မုန္႔ ထုတ္ေပး ၿပီးေတာ့မွတ္ထား ငါ့အတြက္ေကာ္ဖီေဖ်ာ္ရင္ သၾကားလံုးဝမထည့္နဲ႔ ေပး အဲ့ေပါင္မုန္႔ ေသခ်ာၾကည့္ထား ေပါင္မုန္႔ကို ဒီစက္ထဲထည့္ၿပီး မီးကင္ရတယ္"

"ဟုတ္ သိၿပီ သိၿပီ"

ကႀကိဳး ေခါင္းၿငိမ့္ျပကာ ေျပာလိုက္သည္။

"ၿပီးေရာ ေနာက္ေန႔ေတြ ကိုယ့္ဘာသာကို လုပ္ေတာ့ မနက္မိုးလင္းတာနဲ႔ မနက္စာ အဆင္သင့္ျဖစ္ပါေစ"

"ဟုတ္ကဲ့ပါ စိတ္ခ်"

"ၿပီးေရာ "

"ၿပီးရင္လဲ ျမန္ျမန္သြားေတာ့ သြား ရံုးေနာက္က်လိမ့္မယ္ ျမန္ျမန္ ျမန္ျမန္"

ကႀကိဳး မုန္းမာန္အား မီးဖိုခန္းထဲမွ အတင္းတြန္းထုတ္လိုက္ေတာ့

"ဟာ အဲ့လို႔ၿပီးတာကိုေျပာတာမဟုတ္ဘူး ေနပါဦး ေကာ္ဖီေလးေတာ့ တစ္ငံုေလာက္ ေသာက္ပါရေစ ေၾသာ္ ဒီမွာ ေဆး မင္းဒဏ္ရာေတြကိုလိမ္းလိုက္ဦး"

"အင္းပါ ျမန္ျမန္ထြက္ေတာ့"

မုန္းမာန္မွာ တစ္သက္နဲ႔တစ္ကိုယ္ မနက္စာကိုပါးစပ္ထဲအတင္းထိုးသြတ္ၿပီး ရံုးသြားရတာ ဒီတစ္ခါပဲႀကံဳဖူးေတာ့သည္။ဘယ့္နွယ့္ ကိုယ့္အိမ္မွာကိုယ္ေတာင္ ေအးေဆးမနက္စာမစားရဘူး လူကိုအတင္းနွင္ထုတ္ေနတာ။

ကႀကိဳးမွာလည္း မုန္းမာန္ထြက္သြားသည္နွင့္တစ္ၿပိဳင္နက္ အေပၚထပ္ရွိ မုန္းမာန္အခန္းထဲသို႔ ဝင္လာခဲ့လိုက္သည္။

"သူမရွိတဲ့အခ်ိန္ေတာ့ သူ႔စကားနားမေထာင္နိုင္ပါဘူး"

မုန္းမာန္အိပ္ယာထက္ရွိ ေမြ့ယာ၊ ေစာင္၊ ေခါင္းအံုးကအစ သူလိုအပ္သည့္အရာမ်ားအား ေအာက္ထပ္ရွိ သူ႔စတိုခန္းေဘးတြင္ ခဏပံုထားလိုက္ေလသည္။

ၿပီးေနာက္ စတိုခန္းထဲကပစၥည္းအခ်ိဳ႕အား ရွင္းလင္းလိုက္ေလသည္။ ျပတင္းေပါက္ေလးတစ္ခုေတြ႕ေသာေၾကာင့္ ဖြင့္လိုက္ေတာ့ အျပင္ရွိအလင္းေရာင္အခ်ိဳ႕ အခန္းထဲသို႔ ခ်ဥ္းနွီးဝင္ေရာက္လာေလသည္။

"ဟား အခုမွပဲ ရွင္းရွင္းလင္းလင္းျမင္ရေတာ့တယ္ ဟင္ ဟိုဟာ ေရေတြ အမ်ားႀကီးပါလား ဟား ဟုတ္ၿပီ ၿပီးရင္ အဲ့ထဲဆင္းရမယ္ အခုေတာ့ ဆက္ရွင္းလိုက္ဦးမယ္"

စတိုခန္းထဲသို႔ အေပၚထပ္မွယူခဲ့သည့္ ေမြ့ယာအားခ်လိုက္ေလသည္။ၿပီးေနာက္ ေခါင္းအံုး၊ ဖက္လံုး စသည္တို႔ကိုပါ ထားလိုက္ၿပီး ေမြ့ယာေပၚ ဝင္လွဲလိုက္ေလသည္။

"ဟားးး အခါမွပဲ ေနသာထိုင္သာရွိသြားေတာ့တယ္ အဲ ထမင္းအိုး က်က္ၿပီလားမသိဘူး သြားၾကည့္လိုက္ဦးမယ္"

ေျပာေျပာဆိုဆိုလွဲေနရာမွထကာ မီးဖိုခန္းထဲ ျပန္ဝင္လာခဲ့ေလသည္။

"က်က္ၿပီပဲ ဒါဆို ဟိုခလုတ္ပိတ္ၿပီး ႀကိဳးျဖဳတ္လိုက္ေတာ့မယ္ အယ္ ဒါနဲ႔ ဟင္းက ဘယ္လိုခ်က္ရတာလဲ မသိဘူး သူ႔ကိုေမးဖို႔ရာကလည္း သူကရံုးသြားၿပီဆိုေတာ့ ဘယ္လိုလုပ္ရပါ့မလဲ ဟာ မသိေတာ့ဘူး သူျပန္လာမွေမးၿပီး ခ်က္ေတာ့မယ္ အိမ္သန္႔ရွင္းေရးလုပ္ရဦးမွာပဲ"

ဧည့္ခန္းထဲသို႔ဝင္လာခ်ိန္ ၾကမ္းျပင္ေပၚမွ ခပ္မာမာအရာတစ္ခုအား တက္နင္းမိၿပီး ေခ်ာ္လဲသြားေလသည္။

"အေမ့"

အာေမဋိတ္သံေလးအဆံုး ထြက္ေပၚလာသည့္ အသံေၾကာင့္ လူက တုန္တက္သြားေလသည္။

"ေဟ့ မလႈပ္နဲ႔ေနာ္ မလႈပ္နဲ႔ မလႈပ္နဲ႔ဆိုမလႈပ္နဲ႔ လက္ေျမႇာက္ထားစမ္း လက္ေျမႇာက္ထား"

ရုတ္တစ္ရက္ထြက္ေပၚလာသည့္အသံတစ္ခုေၾကာင့္ ကႀကိဳးေၾကာက္လန္႔ေနသည္မွာ ေဇာေခြၽးေတြပင္ျပန္လာရသည္။ဘယ္သူမွန္းလဲမသိသလို ေနာက္လဲလွည့္မၾကည့္ရဲ။

"ဟား ဟား ဟား ဟား မင္းကိုငါသတိေပးခဲ့တယ္ေနာ္ ငါ့လက္ကလြတ္ေအာင္ေျပးရင္ေျပး မေျပးနိုင္ရင္ေတာ့ မင္းကို ငါကိုယ္တိုင္သတ္ပစ္ရလိမ့္မယ္လို႔ ဘယ္လိုလဲ အခုေရာ ထပ္ေျပးဦးမလား "

"အီး ဟီး ဘယ္မွေျပးေနလို႔လဲလို႔"

ကႀကိဳးတစ္ေယာက္ မ်က္စိစံုမွိတ္ကာ ထငိုမိသည္အထိပင္။သူ႔စိတ္ထဲ၌လည္း မမကိုသတ္တဲ့လူႀကီး ငါ့ကိုလာသတ္တာျဖစ္လိမ့္မယ္ဟု ေတြးလိုက္မိေလသည္။

"အဟင့္ ခင္ဗ်ားႀကီးေရ ကြၽန္ေတာ့္ကိုဒီလူႀကီးလက္ထဲမွာ ထားခဲ့ေတာ့မွာလားဗ် လာကယ္ပါဦးလား အီး ဟီး ႐ႊတ္"

ငိုေနရသည္မွာ နွာရည္ေတြပင္ ထြက္လာၿပီ။

"ဒိုင္း!!!"

"အား!!"

ေသနတ္ပစ္သံေၾကာင့္ ကႀကိဳး ၾကမ္းျပင္ေပၚ ဝမ္းလ်ားေမွာက္ခ်လိုက္ေလသည္။

"အီး ဟီး ငါေသသြားၿပီလား မသိဘူး အဟင့္"

'ေနပါဦး နာလဲမနာပါလား ေသြးလဲမထြက္ဘူး'

ဝမ္းလ်ားေမွာက္လ်က္ျဖင့္ သူ႔ကိုယ္သူစစ္ေဆးၾကည့္ၿပီးေနာက္ အားတင္းကာ အသံလာရာဆီ လွည့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည္က လႈပ္ရွားေနေသာလူေတြပါဝင္သည့္ ဖန္သားျပင္တစ္ခု။

"အမ္ ဘာလဲဟ အခုနလူဘယ္ေရာက္သြားတာလဲ"

ေဘးဘီဝဲယာသို႔လွည့္ပတ္ကာ ရွာမိေတာ့လည္းမေတြ႕ရသည္ေၾကာင့္ ထိုဖန္သားျပင္နားသို႔ တိုးကပ္သြားလိုက္ေလသည္။

"ဒီထဲမွာ လူေတြဘာဝင္လုပ္ေနတာပါလိမ့္ ဟိတ္ ဟိတ္လူ ထြက္ခဲ့ေလ ထြက္ခဲ့"

ဖန္သားျပင္ထဲက လူေတြက သူ႔ကိုရွိတယ္လို႔ေတာင္မထင္ေသာေၾကာင့္ ကႀကိဳးစိတ္တိုလာရသည္။

"ေနဗ်ာ မထြက္လဲ"

ေျခေဆာင့္ကာ အနားမွထြက္ခြာလာေတာ့ ထပ္မံတက္နင္းမိသည့္ ခပ္မာမာအရာတစ္ခုေၾကာင့္ ငံု႔ၾကည့္လိုက္ေလသည္။

"ဒါကဘာလဲ"

အေတြးနွင့္အတူ အခုန သူေခ်ာ္လဲသြားတာ ဒါေၾကာင့္ပဲဟု စဥ္းစားလိုက္မိေလသည္။

"ဒါဆို ငါက ဒါကိုတက္နင္းမိလို႔ ဟိုဟာႀကီးေပၚလာတာမ်ားလားမသိဘူး ဒါနဲ႔ ဒီအိစိအိစိေလးေတြကဘာပါလိမ့္"

remote control ေပၚက ခလုတ္မ်ားအား တစ္ခုခ်င္းစီလိုက္နွိပ္လိုက္ေတာ့ ပိတ္သြားသည့္ TV ဖန္သားျပင္။

"အယ္ ဟိုဟာႀကီးပိတ္သြားၿပီ ဒါဆို အခုနအသံေတြက အဲ့ထဲကပဲျဖစ္လိမ့္မယ္ ဟူး ေတာ္ပါေသးရဲ႕ ငါက ငါေသသြားၿပီထင္ေနတာ"

"လူသားေတြရဲ႕ ကိစၥေတြတင္မဟုတ္ဘူး အသံုးအေဆာင္ပစၥည္းကအစ ရႈပ္ေထြးေပြလီလိုက္တာေနာ္ ေၾသာ္ လူ႔ဘဝ လူ႔ဘဝ သူတို႔ေတြ ဒါေတြအကုန္လံုးကို မွတ္ထားရတာ သနားစရာေကာင္းလိုက္တာ ကြၽတ္ ကြၽတ္ ကြၽတ္ "

ေ႐ႊအိုေရာင္ဆံႏြယ္အခ်ိဳ႕ လႈပ္ခါသြားသည္အထိ ေခါင္းၿငိမ့္လိုက္ ေခါင္းခါလိုက္ လုပ္ေနပါေသာ ကႀကိဳး။
_____________________

"ကြၽန္မ ေရာက္ပါၿပီ Boss"

စာရင္းဇယားအခ်ိဳ႕အား စစ္ေဆးေနသည္ကိုလက္စသတ္ကာ ေမာ့ၾကည့္လိုက္ေလသည္။

"ငါဒီေန႔ အလုပ္ေတြအကုန္လံုး လက္စသတ္ၿပီးတာနဲ႔ မနက္ျဖန္မနက္ခင္း ဒါမွမဟုတ္ရင္ ညတြင္းခ်င္းပဲ ေတာင္ႀကီးကိုသြားမွာ ငါမရွိတဲ့တစ္ခ်ိန္လံုး ဒီရံုးခန္းထဲကိုလည္း ဘယ္သူမွမဝင္ေစနဲ႔ ငါနဲ႔ဘယ္ေလာက္ပဲရင္းနွီးပါတယ္ေျပာေျပာ မဝင္ေစနဲ႔ ေနာက္ၿပီး မင္း ဦးငယ္ကို ေစာင့္ၾကည့္ထားေပးပါ "

"ဟုတ္ကဲ့ Boss"

"Ok မင္းသြားလို႔ရၿပီ"

ေခါင္းၿငိမ့္ကာအရိုအေသေပး၍ အတြင္းေရးမွဴးမေလးထြက္သြားသည္နွင့္ မုန္းမာန္ အိမ္ဖုန္းသို႔လွမ္းဆက္လိုက္ေလသည္။

ဖုန္းဝင္ေသာ္လည္း မကိုင္ေသာေၾကာင့္ ကႀကိဳးတစ္ေယာက္ ဘယ္ေတြေလ်ွာက္သြားေနတာလဲဟု ေတြးလိုက္မိသည္။

တစ္ဖက္က ကႀကိဳးမွာလည္း အိမ္သန္႔ရွင္းေရးလုပ္ေနတုန္း ျမည္လာသည့္ ဖုန္းသံေၾကာင့္ ေျခမကိုင္မ လက္မကိုင္မိျဖစ္ေနေတာ့သည္။

အသံျမည္ရာအနားသို႔ ကပ္ကာ ဘာလုပ္ရမွန္းမသိေသာေၾကာင့္ ထပ္မျမည္ေစရန္ တြန္႔လိမ္ေနေသာႀကိဳးတို႔ျဖင့္ဆက္သြယ္ထားေသာ အရာတစ္ခုအားေကာက္ကိုင္လိုက္ေတာ့ စူးခနဲထြက္လာသည့္ အသံ။

"ဖုန္းေခၚေနတာၾကာလွၿပီ ဘာေတြလုပ္ေနလို႔ မကိုင္ဘဲေနေနတာလဲ"

ကႀကိဳး မုန္းမာန္အသံအား ၾကားလိုက္ရေသာေၾကာင့္ ထခုန္မိမတတ္ပင္ ဝမ္းသာသြားရသည္။

"ကိုမုန္းမာန္ တကယ္ပဲ ကိုမုန္းမာန္လား"

"ဟုတ္တယ္ ငါ့အခန္း...."

"ကိုမုန္းမာန္သိလား အခုနကေလ ဧည့္ခန္းထဲက ဖန္ျပင္ႀကီးထဲမွာ လူေတြသိလား ကြၽန္ေတာ္က ထြက္ခဲ့လို႔ေျပာတာကို ထြက္လဲမလာဘူး ေနာက္ၿပီး..."

"ေန ေနပါဦး ငါေျပာမယ့္စကားလဲ ၿပီးေအာင္နားေထာင္ပါဦး"

"အင္း အင္း ဘာေျပာမလို႔လဲ ေျပာေလ"

"ငါ့အခန္းထဲက ခရီးေဆာင္အိတ္ထဲကို ငါ့အဝတ္အစားအခ်ိဳ႕နဲ႔ လိုအပ္တာေတြထည့္ထားလိုက္ ဒီေန႔ည မဟုတ္ရင္ မနက္ျဖန္ည ငါခရီးထြက္စရာရွိတယ္ "

"ဟို ခရီးေဆာင္အိတ္က ဘယ္လိုမ်ိဳးလဲ "

"ဟား ဒီေကာင္ေတာ့လား ဘာမွသိတယ္ရယ္လို႔ကိုမရွိဘူး အဝတ္လဲခန္းထဲက ညာဘက္ေထာင့္မွာရွိတဲ့ ဗီရိုအညိဳေရာင္ရဲ႕ ေအာက္ဆံုးအထပ္မွာ ခရီးဆာင္အိတ္ေတြၾကည့္ သက္သက္ခြဲထည့္ထားတယ္ အဲ့ထဲက တစ္အိတ္ယူၿပီး ထည့္ထားလိုက္ နားလည္လား"

"ဟုတ္ နားလည္ၿပီ"

"အာ့ဆို ၿပီးေရာ"

"အယ္ ေန ေနဦးေလ ကြၽန္ေတာ္ေျပာရမယ့္အလွည့္ေလ ကိုမုန္းမာန္ ကိုမုန္းမာန္..."

"မုန္းခ်င္စရာႀကီး သူမ်ားကေျပာလို႔ေတာင္မၿပီးေသးတဲ့ဟာကို ဟြန္႔"

ကႀကိဳးတစ္ေယာက္ ဖုန္းကိုစိုက္ၾကည့္လ်က္ ဆူပုတ္ကာေျပာၿပီးေနာက္ ဖုန္းခြက္ထဲသို႔ေဆာင့္ေအာင့္ခ်လိုက္ေလသည္။

"ေမတၲာကိုမရွိဘူး"
____________________

"ေဒါက္ ေဒါက္ ေဒါက္"

"ဝင္ခဲ့ပါ"

အသံျပဳလိုက္ၿပီးေနာက္ အခန္းထဲဝင္လာသူကိုၾကည့္လိုက္ေတာ့ ဦးငယ္။

"ဘာကိစၥရွိလို႔လဲ ဦးငယ္"

"ကိစၥကေတာ့ မင္း ဟိုေကာင္ေလးနဲ႔အဆင္ေျပလား"

"ဘာလို႔ေမးတာလဲ ဦးငယ္ ကႀကိဳးနဲ႔ ဦးငယ္နဲ႔ ဘာဆိုင္လို႔လဲ"

"ဘာမွေတာ့မဆိုင္ေပမယ့္ ငါသတင္းၾကားမိထားရသေလာက္ အဲ့ေကာင္ေလးက မင္းခ်စ္သူကိုသတ္ထားတာဆို"

အာကာ နႈတ္ဆိတ္ေနေသာ မုန္းမာန္အား မ်က္လံုးတစ္ခ်က္လွန္ၾကည့္လ်က္ ဆက္ေျပာလိုက္ေလသည္။

"ေနာက္ၿပီး အဲ့အမႈကလည္း အခုထိတရားခံဘယ္သူမွန္းမသိေသးဘူးလို႔လဲၾကားတယ္ ကႀကိဳးကိုလည္း တရားခံပါလို႔မေျပာနိုင္ေသးဘူးတဲ့"

"အဲ့ေတာ့ ဦးငယ္က ဘာေျပာခ်င္တာလဲ"

"ငါ့အထင္ေတာ့ ကႀကိဳးက သူကိုယ္တိုင္သတ္ၿပီးမွ မင္းခ်စ္သူက သူ႔ကိုယ္သူသတ္ေသတာပါဆိုတာမ်ိဳးေျပာေနရင္ေရာ"

ေမာ့ၾကည့္လာေသာ မုန္းမာန္ရဲ႕ ေမ်ွာ္လင့္ခ်က္မ်က္ဝန္းေတြကိုျမင္လိုက္ရေတာ့ အာကာတစ္ခ်က္ၿပံဳးမိသည္။

sorry ပဲေကာင္ေလးေရ မင္းကိုသနားေပမယ့္လည္း မင္းေယာက်္ားကိုေတာ့ ၿပိဳလဲေအာင္လုပ္ရမွာမို႔ ငါ့ကိုအျပစ္မဆိုလိုက္ပါနဲ႔။

"ဓားရိုးေပၚမွာ လက္ေဗြရာနွစ္ခုလို႔ေျပာတယ္မို႔လား သူသတ္ၿပီးမွ မင္းခ်စ္သူလက္ေဗြရာေပၚေအာင္လုပ္လိုက္ရင္ေရာ မျဖစ္နိုင္ဘူးလား"

"ဟင္ ဒါ ဒါဆို"

"ေသခ်ာတာေပါ့ မင္းခ်စ္သူကိုသတ္တာ အဲ့ေကာင္ေလးပဲ"

ေသြးပ်က္စျပဳေနေသာ မုန္းမာန္အား ၾကည့္ၿပီး အာကာအခန္းထဲမွထြက္လာခဲ့ေလသည္။

"ငါကေတာ့ ဗုံးေထာင္ခဲ့ၿပီးၿပီေကာင္ေလး မင္းကေတာ့ စနက္တံျဖဳတ္ေပးလိုက္ေပါ့ ဟား ဟား"

အခန္းထဲကမုန္းမာန္မွာေတာ့ မယံုၾကည္နိုင္ျခင္းမ်ားစြာျဖင့္ က်န္ခဲ့ေလသည္။

"ငါက မင္းကို အခုမွ အရမ္းျဖဴစင္တဲ့ေကာင္ေလးလို႔ သတ္မွတ္ယံုရွိေသးတယ္ တကယ့္တကယ္မွာေတာ့ မင္းက အေတာ္ေကာက္က်စ္တဲ့ေျမေခြးတစ္ေကာင္ပါလား ကႀကိဳး"

Tbc...
-------------*-------------
update ေပးလိုက္လို႔ ဝမ္းနည္းသြားၿပီ ထင္ပါရဲ႕😝💜
-------------------------------

Unicode...

"အား ကျွတ် ကျွတ် "

မျက်နှာအား ရှုံ့မဲ့ကာဖြင့် နိုးထလာသော ကောင်လေးတစ်ယောက်။

"အ အား အား နာလိုက်တာ အမေရေကယ်ပါဦး "

မှောက်လျက်အိပ်ပျော်နေရာမှ ခါးအားမတ်ကာထလိုက်သောကြောင့် ခါးပတ်ဖြင့်အရိုက်ခံထားရသော ကျောတစ်လျှောက်ရှိ ဒဏ်ရာတွေရဲ့ နာကျင်မှုကိုအလူးအလဲပင်ခံစားလိုက်ရသည်။

ကျောနာနေလို့ဟူသည့် အကြောင်းပြချက်ဖြင့် အိပ်ယာမှမထလို့ကလဲမဖြစ်။သူ့အတွက်မနက်စာပြင်ပေးရဦးမည်မို့လား။အားယူကာ ကုန်းရုံးထလိုက်ပြီး တံခါးအားတွန်းဖွင့်လိုက်လေသည်။

တံခါးဖွင့်လိုက်သည်နှင့် မျက်စိရှေ့တည့်တည့်မြင်လိုက်ရသည်က မီးဖိုခန်း။

'အင် ဒါနဲ့ အခုငါအိပ်ပျော်နေတဲ့ အခန်းကဘယ်အခန်းလဲ'

အတွေးတစ်စနှင့်အတူ တံခါးအားပြန်ဆွဲဖွင့်လိုက်လေသည်။အပြင်ကအလင်းရောင်က အခုမှအခန်းထဲအတင်းတိုးဝင်လာကာ ပစ္စည်းအနည်းငယ် အစုလိုက်အပြုံလိုက်ရှိနေသည်ကိုမြင်လိုက်ရသည်။

' ဒါသူပြောတဲ့ ငါနေရမယ့် စတိုခန်းဆိုတဲ့နေရာပဲဖြစ်လိမ့်မယ်ထင်တယ်။ဘာပဲဖြစ်ဖြစ်ပါလေ ပြီးရင်တော့ ဒီအခန်းကိုအရင် ရှင်းရမယ် အခုတော့ ထမင်းချက်လိုက်ဦးမယ်'

"အင်းး ထမင်းမချက်ခင် သူပြောတဲ့အများသုံးရေချိုးခန်းကိုရှာရမယ် ဒီဘေးအခန်းကိုဖွင့်ကြည့်ဦးမှပါ"

ပြောရင်းဆိုရင်း စတိုခန်းဘေးရှိအခန်းကိုဆွဲဖွင့်ကြည့်လိုက်လေသည်။

"ငါမှန်းရင်လွဲခဲပါတယ် ဒါရေချိုးခန်းပဲဟာ ဒါပေမယ့် ဟိုလူကြီးအခန်းထဲကလိုမျိုးလဲမဟုတ်ဘူး အကိုတို့ဆီမှာချိုးရသလို ခွက်နဲ့ခပ်ချိုးရမှာပဲ အား ချိုးမယ် ချိုးမယ် ရေလေးတွေရေ မင်းတို့ကိုလွမ်းလိုက်တာ ရေသာချိုးရတာ ကူးလို့လဲမရဘူး ငါကရေကူးချင်တာပါဆို ဟွန့်"

နှုတ်ခမ်းအား ရှေ့သို့ဆူထုတ်ကာဖြင့် ကန်ထဲမှရေအချို့အား ရေခွက်ဖြင့် ခပ်ကာချိုးလိုက်လေသည်။

____________________

"အင်းးး"

ညည်းသံတစ်ချက်နှင့်အတူ လက်နှစ်ဖက်အား ဆန့်ကာဖြင့် အပျင်းကြောဆန့်လိုက်လေသည်။ပြီးနောက် သူ့ရဲ့ နံနက်ခင်းတိုင်းလုပ်နေကျအလေ့အထဖြစ်တဲ့ လေ့ကျင့်ခန်းအနည်းငယ်အားလုပ်ကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

'ဒီအချိန် ဟိုကောင်လေးဘာတွေလုပ်နေတာပါလိမ့် နိုးရောနိုးပြီလားမသိဘူး ထားလိုက်ပါ ငါ့ကိစ္စမှမဟုတ်တာ'

အတွေးအား လက်စသတ်ကာ ရေအမြန်ချိုးပြီး ပြန်ထွက်လာခဲ့လိုက်သည်။

အဝတ်လဲခန်းထဲရှိ ဗီရိုအားဖွင့်ကာ ကုတ်အင်္ကျီအပြာရင့်ရောင်၊ စတိုင်ဘောင်းဘီအပြာရင့်ရောင်နှင့် အတွင်းဝတ်ရှပ်အကျီင်္လက်ရှည်အဖြူရောင်တို့ကို တွဲဖက်ဝတ်ဆင်လိုက်လေသည်။ပြီးနောက် leather shoe အညိုရောင်ကို စီး၍အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
_________________

ရေမိုးချိုး မျက်နှာသစ်၍ မီးဖိုခန်းထဲသို့ ဟန်ပါပါဝင်လိုက်ပြီးကာမှ ဘယ်ကစလုပ်ရမှန်းမသိသောကြောင့် တစ်ယောက်ထဲ ခုံပေါ်ထိုင်ရင်း ငိုင်နေမိသည်။

အပေါ်ထပ်မှ ဆင်းလာသည့်ခြေသံသဲ့သဲ့ကိုကြားလိုက်ရသောကြောင့် အမြန်ပင်ထိုင်နေရာမှထကာ မီးဖိုဘေးသို့ သွားရပ်နေလိုက်ရသည်။

မုန်းမာန် အောက်ထပ်ရောက်သည်နှင့် မီးဖိုခန်းအတွင်းသို့သာတန်းဝင်လာခဲ့လိုက်သည်။သူ့ရှေ့တည့်တည့်ရှိ ခေါင်းကုတ်ဖင်ကုတ်ဖြင့် မီးဖိုဘေးရပ်နေသော ကကြိုးအား မျက်မှောင်ကျုံ့ကြည့်လိုက်သည်။

"မနက်စာ ဘာလုပ်ထားလဲ"

ပြောရင်း ထိုင်ခုံတစ်လုံးအားဆွဲကာ စားပွဲရှေ့တွင်ထိုင်လိုက်လေသည်။

သူပြောတော့ သူ့အား ငိုမဲ့မဲ့မျက်နှာဖြင့် လှည့်ကြည့်လာသော ကကြိုးကြောင့် မုန်းမာန်နည်းနည်းတော့ ကြောင်သွားမိသည်။
စိတ်ထဲ၌လည်း ငါလဲသူ့ဘာမှမလုပ်ရသေးပါဘူးဟု တစ်ခါတည်းတွေးမိလိုက်လေသည်။

"ဘာဖြစ်တာလဲ"

ကကြိုးသူ့အား မျက်မှောင်ကျုံ့ကာမေးလာသူကို မရဲတရဲဖြင့်ဖြေလိုက်လေသည်။

"ဟို ဟို ထမင်းက ဘယ်လိုချက်ရတာလဲ ဟင်"

"အမ် ထမင်း မင်းထမင်းမချက်ဖူးဘူးလား"

"ဟင့်အင်း"

"ဟားးး ငါတော့ ဘယ်လိုလူမျိုးကို ယူထားမိတာပါလိမ့် ထားပါတော့ မဟုတ်လည်း ကွာရှင်းရတော့မယ့်ဟာ အခုချိန်မှတော့ သည်းခံနေရတော့မှာပဲ လာ ငါပြမယ်"

ထိုင်နေရာမှထကာပြောလာသူကြောင့် ကကြိုး မုန်းမာန်အနားသို့ တိုးကပ်သွားမိသည်။

"ဒီမှာမြင်လား ဒါကို ထမင်းပေါင်းအိုးလို့ခေါ်တယ်"

"ဟုတ်"

"လာ ဒီခွက်ထဲကို ဆန်ထည့်မယ် ဆန်ထည့်တဲ့အခါ ချင့်ချိန်ပြီးလိုသလောက်ပဲထည့်ရမှာနော် အိမ်မှာ မင်းနဲ့ငါနဲ့ နှစ်ယောက်ပဲရှိတာဆိုတော့ ဒီဆန်ချိန်တဲ့ခွက်နဲ့ သုံးခွက်လောက်ဆို ရမယ်ထင်တယ် ဒီနေ့စောင့်ကြည့်ပေါ့ ပိုတယ်ဆိုရင် နောက်နေ့တွေ နှစ်ခွက်လောက်ပဲထည့် သိလား"

"ဟုတ်"

"နောက်ပြီး ရေထည့်ရမယ် ရေထည့်ရတဲ့အချိုးအစားတော့ ငါလဲမသိဘူး ငယ်ငယ်ကကြီးမေပြောထားတာတော့ရှိတယ် အဲ ရေထည့်မတည်ခင် အရင်ဆုံး ဆန်ဆေးရမှာနော် ပြီးမှရေထည့်ရမှာ ရေထည့်တဲ့အခါ ဆန်ပေါ်ကနေ လက်ညှိုးလေးစိုက်ထားလိုက် လက်ဆစ်တစ်ဆစ်မြှုပ်တဲ့အထိ ရေထည့် ပြီးရင် ပေါင်းမဲ့အိုးထဲပြန်ထည့် အဖုံး ဖုံး ဒီမီကြိုးကို ဟိုပလက်ပေါက်မှာ ထိုးမယ် ခလုပ်ဖွင့်မယ် ပြီးရင် ဒီမှာရှိတဲ့ warm နဲ့ cook ဆိုနဲ့နေရာမှာ cook ကိုနှိပ်ပေးရမယ် ထမင်းကျက်တဲ့အခါ warm ဆိုတဲ့နေရာကိုပြောင်းသွားလိမ့်မယ် အဲ့အခါ ခလုတ်ကိုပိတ်ပြီး မီးကြိုးကို ဖြုတ်ထားလိုက်တော့ ငါပြောတာတွေမှတ်မိလား ဟမ် မှတ်မိလားလို့မေးနေတယ် "

"ချစ် ချစ် အဲ မဟုတ်ပါဘူး မှတ် မှတ်မိတယ် အဟီး"

ကကြိုး သူ့ရှေ့မှတစ်ခုချင်းသင်ပြပေးနေတဲ့ လူကြီးအားကြည့်ရင်း တစ်ဖြည်းဖြည်း အသည်းယားလာလေသည်။

'ဟာ နောက်ကနေ ညှစ်ပစ်လိုက်ရင်ကတော့လား အီး ချစ်စရာကြီး ဘာလို့ဒီလောက် ချောမောနေရတာပါလိမ့်'

အနောက်မှနေ၍ မုန်းမာန်အားစိုက်ကြည့်ကာ အတွေးပင်လယ်ထဲ လက်ပစ်ကူးနေစဉ် သူ့အားလှည့်ကြည့်ကာ မေးလာသည်ကြောင့် အလန့်တကြားဖြစ်ကာ စကားလုံးတွေပင်မှားထွက်လာရသည်။

"ရုပ်ကိုကစပ်ဖြီးဖြီးနဲ့ မနက်စာဘာလုပ်ထားလဲ"

"အမ် ခုပဲချက်ထားတယ်လေ"

"ဘာ ချက် ထမင်းလား"

"အင်းလေ ထမင်းပေါ့ မနက်စာဘာစားချင်သေးတာလဲ"

"ဟားးး ငါကမနက်စာကို ကော်ဖီနဲ့မုန့်နဲ့စားတာ မင်းမသိဘူးလား"

"ဘယ်လို့လုပ်သိမှာလဲ ပြောမှမပြောထားဘဲနဲ့"

မုန်းမာန် သူ့အား နှုတ်ခမ်းတစ်ထော်ထော်ဖြင့် ကတ်ကတ်လန်အောင် ပြန်ပြောနေသည့်ကောင်လေးကြောင့် ကြက်သေပင်သေသွားရလေသည်။ဒီလိုပြောပုံမျိုးနဲ့ဆို ဒီကောင်လေးသူ့ကိုတစ်စက်မှမကြောက်ဘူးဘဲ။

"အာ့ဆိုလည်း ခုကော်ဖီဖျော်တော့"

"ကော်ဖီကဘယ်လိုဖျော်ရတာလဲ"

"ဟာ မင်းကော်ဖီတောင်မဖျော်တတ်ဘူးလား"

"သောက်မှမသော်ဖူးတာ ဘယ်လိုလုပ်ဖျော်တတ်မှာလဲ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော်မျိုးပဲ ထဖျော်လိုက်ပါတော့မယ် ဟိုထဲက ပေါင်မုန့် ထုတ်ပေး ပြီးတော့မှတ်ထား ငါ့အတွက်ကော်ဖီဖျော်ရင် သကြားလုံးဝမထည့်နဲ့ ပေး အဲ့ပေါင်မုန့် သေချာကြည့်ထား ပေါင်မုန့်ကို ဒီစက်ထဲထည့်ပြီး မီးကင်ရတယ်"

"ဟုတ် သိပြီ သိပြီ"

ကကြိုး ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ပြီးရော နောက်နေ့တွေ ကိုယ့်ဘာသာကို လုပ်တော့ မနက်မိုးလင်းတာနဲ့ မနက်စာ အဆင်သင့်ဖြစ်ပါစေ"

"ဟုတ်ကဲ့ပါ စိတ်ချ"

"ပြီးရော "

"ပြီးရင်လဲ မြန်မြန်သွားတော့ သွား ရုံးနောက်ကျလိမ့်မယ် မြန်မြန် မြန်မြန်"

ကကြိုး မုန်းမာန်အား မီးဖိုခန်းထဲမှ အတင်းတွန်းထုတ်လိုက်တော့

"ဟာ အဲ့လို့ပြီးတာကိုပြောတာမဟုတ်ဘူး နေပါဦး ကော်ဖီလေးတော့ တစ်ငုံလောက် သောက်ပါရစေ သြော် ဒီမှာ ဆေး မင်းဒဏ်ရာတွေကိုလိမ်းလိုက်ဦး"

"အင်းပါ မြန်မြန်ထွက်တော့"

မုန်းမာန်မှာ တစ်သက်နဲ့တစ်ကိုယ် မနက်စာကိုပါးစပ်ထဲအတင်းထိုးသွတ်ပြီး ရုံးသွားရတာ ဒီတစ်ခါပဲကြုံဖူးတော့သည်။ဘယ့်နှယ့် ကိုယ့်အိမ်မှာကိုယ်တောင် အေးဆေးမနက်စာမစားရဘူး လူကိုအတင်းနှင်ထုတ်နေတာ။

ကကြိုးမှာလည်း မုန်းမာန်ထွက်သွားသည်နှင့်တစ်ပြိုင်နက် အပေါ်ထပ်ရှိ မုန်းမာန်အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

"သူမရှိတဲ့အချိန်တော့ သူ့စကားနားမထောင်နိုင်ပါဘူး"

မုန်းမာန်အိပ်ယာထက်ရှိ မွေ့ယာ၊ စောင်၊ ခေါင်းအုံးကအစ သူလိုအပ်သည့်အရာများအား အောက်ထပ်ရှိ သူ့စတိုခန်းဘေးတွင် ခဏပုံထားလိုက်လေသည်။

ပြီးနောက် စတိုခန်းထဲကပစ္စည်းအချို့အား ရှင်းလင်းလိုက်လေသည်။ ပြတင်းပေါက်လေးတစ်ခုတွေ့သောကြောင့် ဖွင့်လိုက်တော့ အပြင်ရှိအလင်းရောင်အချို့ အခန်းထဲသို့ ချဉ်းနှီးဝင်ရောက်လာလေသည်။

"ဟား အခုမှပဲ ရှင်းရှင်းလင်းလင်းမြင်ရတော့တယ် ဟင် ဟိုဟာ ရေတွေ အများကြီးပါလား ဟား ဟုတ်ပြီ ပြီးရင် အဲ့ထဲဆင်းရမယ် အခုတော့ ဆက်ရှင်းလိုက်ဦးမယ်"

စတိုခန်းထဲသို့ အပေါ်ထပ်မှယူခဲ့သည့် မွေ့ယာအားချလိုက်လေသည်။ပြီးနောက် ခေါင်းအုံး၊ ဖက်လုံး စသည်တို့ကိုပါ ထားလိုက်ပြီး မွေ့ယာပေါ် ဝင်လှဲလိုက်လေသည်။

"ဟားးး အခါမှပဲ နေသာထိုင်သာရှိသွားတော့တယ် အဲ ထမင်းအိုး ကျက်ပြီလားမသိဘူး သွားကြည့်လိုက်ဦးမယ်"

ပြောပြောဆိုဆိုလှဲနေရာမှထကာ မီးဖိုခန်းထဲ ပြန်ဝင်လာခဲ့လေသည်။

"ကျက်ပြီပဲ ဒါဆို ဟိုခလုတ်ပိတ်ပြီး ကြိုးဖြုတ်လိုက်တော့မယ် အယ် ဒါနဲ့ ဟင်းက ဘယ်လိုချက်ရတာလဲ မသိဘူး သူ့ကိုမေးဖို့ရာကလည်း သူကရုံးသွားပြီဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ ဟာ မသိတော့ဘူး သူပြန်လာမှမေးပြီး ချက်တော့မယ် အိမ်သန့်ရှင်းရေးလုပ်ရဦးမှာပဲ"

ဧည့်ခန်းထဲသို့ဝင်လာချိန် ကြမ်းပြင်ပေါ်မှ ခပ်မာမာအရာတစ်ခုအား တက်နင်းမိပြီး ချော်လဲသွားလေသည်။

"အမေ့"

အာမေဋိတ်သံလေးအဆုံး ထွက်ပေါ်လာသည့် အသံကြောင့် လူက တုန်တက်သွားလေသည်။

"ဟေ့ မလှုပ်နဲ့နော် မလှုပ်နဲ့ မလှုပ်နဲ့ဆိုမလှုပ်နဲ့ လက်မြှောက်ထားစမ်း လက်မြှောက်ထား"

ရုတ်တစ်ရက်ထွက်ပေါ်လာသည့်အသံတစ်ခုကြောင့် ကကြိုးကြောက်လန့်နေသည်မှာ ဇောချွေးတွေပင်ပြန်လာရသည်။ဘယ်သူမှန်းလဲမသိသလို နောက်လဲလှည့်မကြည့်ရဲ။

"ဟား ဟား ဟား ဟား မင်းကိုငါသတိပေးခဲ့တယ်နော် ငါ့လက်ကလွတ်အောင်ပြေးရင်ပြေး မပြေးနိုင်ရင်တော့ မင်းကို ငါကိုယ်တိုင်သတ်ပစ်ရလိမ့်မယ်လို့ ဘယ်လိုလဲ အခုရော ထပ်ပြေးဦးမလား "

"အီး ဟီး ဘယ်မှပြေးနေလို့လဲလို့"

ကကြိုးတစ်ယောက် မျက်စိစုံမှိတ်ကာ ထငိုမိသည်အထိပင်။သူ့စိတ်ထဲ၌လည်း မမကိုသတ်တဲ့လူကြီး ငါ့ကိုလာသတ်တာဖြစ်လိမ့်မယ်ဟု တွေးလိုက်မိလေသည်။

"အဟင့် ခင်ဗျားကြီးရေ ကျွန်တော့်ကိုဒီလူကြီးလက်ထဲမှာ ထားခဲ့တော့မှာလားဗျ လာကယ်ပါဦးလား အီး ဟီး ရွှတ်"

ငိုနေရသည်မှာ နှာရည်တွေပင် ထွက်လာပြီ။

"ဒိုင်း!!!"

"အား!!"

သေနတ်ပစ်သံကြောင့် ကကြိုး ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်ချလိုက်လေသည်။

"အီး ဟီး ငါသေသွားပြီလား မသိဘူး အဟင့်"

'နေပါဦး နာလဲမနာပါလား သွေးလဲမထွက်ဘူး'

ဝမ်းလျားမှောက်လျက်ဖြင့် သူ့ကိုယ်သူစစ်ဆေးကြည့်ပြီးနောက် အားတင်းကာ အသံလာရာဆီ လှည့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က လှုပ်ရှားနေသောလူတွေပါဝင်သည့် ဖန်သားပြင်တစ်ခု။

"အမ် ဘာလဲဟ အခုနလူဘယ်ရောက်သွားတာလဲ"

ဘေးဘီဝဲယာသို့လှည့်ပတ်ကာ ရှာမိတော့လည်းမတွေ့ရသည်ကြောင့် ထိုဖန်သားပြင်နားသို့ တိုးကပ်သွားလိုက်လေသည်။

"ဒီထဲမှာ လူတွေဘာဝင်လုပ်နေတာပါလိမ့် ဟိတ် ဟိတ်လူ ထွက်ခဲ့လေ ထွက်ခဲ့"

ဖန်သားပြင်ထဲက လူတွေက သူ့ကိုရှိတယ်လို့တောင်မထင်သောကြောင့် ကကြိုးစိတ်တိုလာရသည်။

"နေဗျာ မထွက်လဲ"

ခြေဆောင့်ကာ အနားမှထွက်ခွာလာတော့ ထပ်မံတက်နင်းမိသည့် ခပ်မာမာအရာတစ်ခုကြောင့် ငုံ့ကြည့်လိုက်လေသည်။

"ဒါကဘာလဲ"

အတွေးနှင့်အတူ အခုန သူချော်လဲသွားတာ ဒါကြောင့်ပဲဟု စဉ်းစားလိုက်မိလေသည်။

"ဒါဆို ငါက ဒါကိုတက်နင်းမိလို့ ဟိုဟာကြီးပေါ်လာတာများလားမသိဘူး ဒါနဲ့ ဒီအိစိအိစိလေးတွေကဘာပါလိမ့်"

remote control ပေါ်က ခလုတ်များအား တစ်ခုချင်းစီလိုက်နှိပ်လိုက်တော့ ပိတ်သွားသည့် TV ဖန်သားပြင်။

"အယ် ဟိုဟာကြီးပိတ်သွားပြီ ဒါဆို အခုနအသံတွေက အဲ့ထဲကပဲဖြစ်လိမ့်မယ် ဟူး တော်ပါသေးရဲ့ ငါက ငါသေသွားပြီထင်နေတာ"

"လူသားတွေရဲ့ ကိစ္စတွေတင်မဟုတ်ဘူး အသုံးအဆောင်ပစ္စည်းကအစ ရှုပ်ထွေးပွေလီလိုက်တာနော် သြော် လူ့ဘဝ လူ့ဘဝ သူတို့တွေ ဒါတွေအကုန်လုံးကို မှတ်ထားရတာ သနားစရာကောင်းလိုက်တာ ကျွတ် ကျွတ် ကျွတ် "

ရွှေအိုရောင်ဆံနွယ်အချို့ လှုပ်ခါသွားသည်အထိ ခေါင်းငြိမ့်လိုက် ခေါင်းခါလိုက် လုပ်နေပါသော ကကြိုး။
_____________________

"ကျွန်မ ရောက်ပါပြီ Boss"

စာရင်းဇယားအချို့အား စစ်ဆေးနေသည်ကိုလက်စသတ်ကာ မော့ကြည့်လိုက်လေသည်။

"ငါဒီနေ့ အလုပ်တွေအကုန်လုံး လက်စသတ်ပြီးတာနဲ့ မနက်ဖြန်မနက်ခင်း ဒါမှမဟုတ်ရင် ညတွင်းချင်းပဲ တောင်ကြီးကိုသွားမှာ ငါမရှိတဲ့တစ်ချိန်လုံး ဒီရုံးခန်းထဲကိုလည်း ဘယ်သူမှမဝင်စေနဲ့ ငါနဲ့ဘယ်လောက်ပဲရင်းနှီးပါတယ်ပြောပြော မဝင်စေနဲ့ နောက်ပြီး မင်း ဦးငယ်ကို စောင့်ကြည့်ထားပေးပါ "

"ဟုတ်ကဲ့ Boss"

"Ok မင်းသွားလို့ရပြီ"

ခေါင်းငြိမ့်ကာအရိုအသေပေး၍ အတွင်းရေးမှူးမလေးထွက်သွားသည်နှင့် မုန်းမာန် အိမ်ဖုန်းသို့လှမ်းဆက်လိုက်လေသည်။

ဖုန်းဝင်သော်လည်း မကိုင်သောကြောင့် ကကြိုးတစ်ယောက် ဘယ်တွေလျှောက်သွားနေတာလဲဟု တွေးလိုက်မိသည်။

တစ်ဖက်က ကကြိုးမှာလည်း အိမ်သန့်ရှင်းရေးလုပ်နေတုန်း မြည်လာသည့် ဖုန်းသံကြောင့် ခြေမကိုင်မ လက်မကိုင်မိဖြစ်နေတော့သည်။

အသံမြည်ရာအနားသို့ ကပ်ကာ ဘာလုပ်ရမှန်းမသိသောကြောင့် ထပ်မမြည်စေရန် တွန့်လိမ်နေသောကြိုးတို့ဖြင့်ဆက်သွယ်ထားသော အရာတစ်ခုအားကောက်ကိုင်လိုက်တော့ စူးခနဲထွက်လာသည့် အသံ။

"ဖုန်းခေါ်နေတာကြာလှပြီ ဘာတွေလုပ်နေလို့ မကိုင်ဘဲနေနေတာလဲ"

ကကြိုး မုန်းမာန်အသံအား ကြားလိုက်ရသောကြောင့် ထခုန်မိမတတ်ပင် ဝမ်းသာသွားရသည်။

"ကိုမုန်းမာန် တကယ်ပဲ ကိုမုန်းမာန်လား"

"ဟုတ်တယ် ငါ့အခန်း...."

"ကိုမုန်းမာန်သိလား အခုနကလေ ဧည့်ခန်းထဲက ဖန်ပြင်ကြီးထဲမှာ လူတွေသိလား ကျွန်တော်က ထွက်ခဲ့လို့ပြောတာကို ထွက်လဲမလာဘူး နောက်ပြီး..."

"နေ နေပါဦး ငါပြောမယ့်စကားလဲ ပြီးအောင်နားထောင်ပါဦး"

"အင်း အင်း ဘာပြောမလို့လဲ ပြောလေ"

"ငါ့အခန်းထဲက ခရီးဆောင်အိတ်ထဲကို ငါ့အဝတ်အစားအချို့နဲ့ လိုအပ်တာတွေထည့်ထားလိုက် ဒီနေ့ည မဟုတ်ရင် မနက်ဖြန်ည ငါခရီးထွက်စရာရှိတယ် "

"ဟို ခရီးဆောင်အိတ်က ဘယ်လိုမျိုးလဲ "

"ဟား ဒီကောင်တော့လား ဘာမှသိတယ်ရယ်လို့ကိုမရှိဘူး အဝတ်လဲခန်းထဲက ညာဘက်ထောင့်မှာရှိတဲ့ ဗီရိုအညိုရောင်ရဲ့ အောက်ဆုံးအထပ်မှာ ခရီးဆာင်အိတ်တွေကြည့် သက်သက်ခွဲထည့်ထားတယ် အဲ့ထဲက တစ်အိတ်ယူပြီး ထည့်ထားလိုက် နားလည်လား"

"ဟုတ် နားလည်ပြီ"

"အာ့ဆို ပြီးရော"

"အယ် နေ နေဦးလေ ကျွန်တော်ပြောရမယ့်အလှည့်လေ ကိုမုန်းမာန် ကိုမုန်းမာန်..."

"မုန်းချင်စရာကြီး သူများကပြောလို့တောင်မပြီးသေးတဲ့ဟာကို ဟွန့်"

ကကြိုးတစ်ယောက် ဖုန်းကိုစိုက်ကြည့်လျက် ဆူပုတ်ကာပြောပြီးနောက် ဖုန်းခွက်ထဲသို့ဆောင့်အောင့်ချလိုက်လေသည်။

"မေတ္တာကိုမရှိဘူး"
____________________

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

အသံပြုလိုက်ပြီးနောက် အခန်းထဲဝင်လာသူကိုကြည့်လိုက်တော့ ဦးငယ်။

"ဘာကိစ္စရှိလို့လဲ ဦးငယ်"

"ကိစ္စကတော့ မင်း ဟိုကောင်လေးနဲ့အဆင်ပြေလား"

"ဘာလို့မေးတာလဲ ဦးငယ် ကကြိုးနဲ့ ဦးငယ်နဲ့ ဘာဆိုင်လို့လဲ"

"ဘာမှတော့မဆိုင်ပေမယ့် ငါသတင်းကြားမိထားရသလောက် အဲ့ကောင်လေးက မင်းချစ်သူကိုသတ်ထားတာဆို"

အာကာ နှုတ်ဆိတ်နေသော မုန်းမာန်အား မျက်လုံးတစ်ချက်လှန်ကြည့်လျက် ဆက်ပြောလိုက်လေသည်။

"နောက်ပြီး အဲ့အမှုကလည်း အခုထိတရားခံဘယ်သူမှန်းမသိသေးဘူးလို့လဲကြားတယ် ကကြိုးကိုလည်း တရားခံပါလို့မပြောနိုင်သေးဘူးတဲ့"

"အဲ့တော့ ဦးငယ်က ဘာပြောချင်တာလဲ"

"ငါ့အထင်တော့ ကကြိုးက သူကိုယ်တိုင်သတ်ပြီးမှ မင်းချစ်သူက သူ့ကိုယ်သူသတ်သေတာပါဆိုတာမျိုးပြောနေရင်ရော"

မော့ကြည့်လာသော မုန်းမာန်ရဲ့ မျှော်လင့်ချက်မျက်ဝန်းတွေကိုမြင်လိုက်ရတော့ အာကာတစ်ချက်ပြုံးမိသည်။

sorry ပဲကောင်လေးရေ မင်းကိုသနားပေမယ့်လည်း မင်းယောက်ျားကိုတော့ ပြိုလဲအောင်လုပ်ရမှာမို့ ငါ့ကိုအပြစ်မဆိုလိုက်ပါနဲ့။

"ဓားရိုးပေါ်မှာ လက်ဗွေရာနှစ်ခုလို့ပြောတယ်မို့လား သူသတ်ပြီးမှ မင်းချစ်သူလက်ဗွေရာပေါ်အောင်လုပ်လိုက်ရင်ရော မဖြစ်နိုင်ဘူးလား"

"ဟင် ဒါ ဒါဆို"

"သေချာတာပေါ့ မင်းချစ်သူကိုသတ်တာ အဲ့ကောင်လေးပဲ"

သွေးပျက်စပြုနေသော မုန်းမာန်အား ကြည့်ပြီး အာကာအခန်းထဲမှထွက်လာခဲ့လေသည်။

"ငါကတော့ ဗုံးထောင်ခဲ့ပြီးပြီကောင်လေး မင်းကတော့ စနက်တံဖြုတ်ပေးလိုက်ပေါ့ ဟား ဟား"

အခန်းထဲကမုန်းမာန်မှာတော့ မယုံကြည်နိုင်ခြင်းများစွာဖြင့် ကျန်ခဲ့လေသည်။

"ငါက မင်းကို အခုမှ အရမ်းဖြူစင်တဲ့ကောင်လေးလို့ သတ်မှတ်ယုံရှိသေးတယ် တကယ့်တကယ်မှာတော့ မင်းက အတော်ကောက်ကျစ်တဲ့မြေခွေးတစ်ကောင်ပါလား ကကြိုး"

Tbc...
-------------*-------------
update ပေးလိုက်လို့ ဝမ်းနည်းသွားပြီ ထင်ပါရဲ့😝💜
-----------------------------------
© Kout Tay,
книга «My Heart For You».
အပိုင္း-၂၈
Коментарі