အပိုင္း-၁
အပိုင္း-၂
အပိုင္း-၃
အပိုင္း-၄
အပိုင္း-၅
အပိုင္း-၆
အပိုင္း-၇
အပိုင္း-၈
အပိုင္း-၉
အပိုင္း-၁၀
အပိုင္း-၁၁
အပိုင္း-၁၂
အပိုင္း-၁၃
အပိုင္း-၁၄
အပိုင္း-၁၅
အပိုင္း-၁၆
အပိုင္း-၁၇
အပိုင္း-၁၈
အပိုင္း-၁၉
အပိုင္း-၂၀
အပိုင္း-၂၁
အပိုင္း-၂၂
အပိုင္း-၂၃
အပိုင္း-၂၄
အပိုင္း-၂၅
အပိုင္း-၂၆
အပိုင္း-၂၇
အပိုင္း-၂၈
အပိုင္း-၂၉
အပိုင္း-၃၀
အပိုင္း-၃၁
အပိုင္း-၃၂
အပိုင္း-၃၃
အပိုင်း_၃၄
အပိုင္း_၃၅
အပိုင္း_၃၆
အပိုင္း_၃၇
အပိုင္း-၃၈
အပိုင္း-၁၄
Zawgyi...

"အားးး ေခါင္းကိုက္လိုက္တာ"
နားထင္အား လက္ျဖင့္ဖိရင္း အိပ္ယာထက္မွ မုန္းမာန္နိုးထလာသည္။ေဘးရွိ မီးအိမ္တင္ထားေသာ စားပြဲေပၚက ဖန္ခြက္ေလးထဲမွ ေရအားေသာက္လိုက္ၿပီးေနာက္ ကိုယ္ေပၚမွာၿခံဳထားသည့္ ေစာင္အား ဖယ္ခြာကာ ေရခ်ိဳးခန္းထဲသို႔ ဦးတည္လိုက္ေလသည္။

ဦးေခါင္းကို ေမာ့ထားလိုက္ရင္းျဖင့္ ေရပန္းထဲမွ တစ္ျဖည္းျဖည္းခ်င္းက်လာေသာ ေရစက္တို႔၏ ေအးစက္မႈဒဏ္ကို ခံစားေနလိုက္သည္။

ထိုစဥ္ အျပင္မွ တံခါးေခါက္သံၾကားလိုက္ရသည္နွင့္ ေရပန္းအားပိတ္လိုက္ေလသည္။

"အစ္ကိုေလး မုန္းမာန္ ေအာက္ထပ္မွာ အစ္ကိုေလးအာကာဘုန္းျမတ္ ေရာက္ေနပါတယ္"
"ေအး ငါလာခဲ့မယ္လို႔ ေျပာလိုက္"
"ဟုတ္ကဲ့ ေျပာလိုက္ပါ့မယ္"

အိမ္အကူေကာင္မေလး ျပန္ထြက္သြားသည့္ ေျခသံၾကားသည္နွင့္ သူလည္း ေရခ်ိဳးခန္းအတြင္းမွ တဘတ္အျဖဴတစ္ထည္အား ပတ္ကာ ထြက္လာခဲ့ေလသည္။ကုမၸဏီသို႔သြားရန္အတြက္ ျပင္ဆင္လိုက္ၿပီးေနာက္ ေအာက္ထပ္သို႔ ဆင္းလာခဲ့ေလသည္။

ေလွကားေပၚမွ အနက္ေရာင္ ကုတ္အက်ၤီ၊ စတိုင္ေဘာင္းဘီအနက္ေရာင္၊shoeဖိနပ္ အနက္ေရာင္ စသည္ျဖင့္ တစ္ကိုယ္လံုးအနက္ေရာင္ ဝတ္ဆင္ထားကာ လိုက္ဖက္ေနသည့္ မုန္းမာန္အား ဧည့္ခန္းထဲမွ လွမ္းၾကည့္ရင္း အာကာ နႈတ္ခမ္းအား တြန္႔ရံုမ်ွ ၿပံဳးလိုက္သည္။

မုန္းမာန္လည္း ဧည့္ခန္းထဲမွာ ေစာင့္ေနသူအနားသို႔ သြားလိုက္ရင္း

"ေမေမတို႔မရွိဘူး ဦးငယ္ ဘာကိစၥရွိလို႔လဲ"
"ကိစၥက ေထြေထြထူးထူးေတာ့မဟုတ္ပါဘူး တကယ္လို႔ အကိုႀကီး အနားယူေတာ့မယ္ဆိုရင္ သူ႔မွာ ဘာမွ အားကိုးလို႔မရတဲ့ ေမြးစားသားထက္ ေယာက္ဖအရင္းႀကီးရွိပါေသးတယ္လို႔ လာေျပာတာ"

*ဟုတ္သား သူေမ့ေနခဲ့တာပဲ သူ႔မွာ အေမြေတြအငမ္းမရလိုခ်င္ေနတဲ့ ဦးေလးတစ္ေယာက္ရွိတယ္ ဆိုတာ*မုန္းမာန္လည္း ကိုယ့္အေတြးနဲ႔ကိုယ္ ၿပံဳးလိုက္ၿပီးေနာက္

"ဦးငယ္က ဘာလို႔ဒီလိုေျပာနိုင္ရတာလဲ ဘယ္သူက ကုမၸဏီကို လာမလုပ္ဖူးလို႔ေျပာလဲ ကြၽန္ေတာ္ ဒီေန႔ ကုမၸဏီသြားဖို႔ရာ ဆံုးျဖတ္လိုက္တာက မွန္ေနတာပဲ ဒီလို သူမ်ားပစၥည္းအငမ္းမရ လိုခ်င္ေနတဲ့သူေတြလက္ထဲ ေဖေဖ့ကုမၸဏီေရာက္မသြားေအာင္ လုပ္မွျဖစ္ေတာ့မယ္"
"မင္းးးးး"

မုန္းမာန္ ဦးငယ္ရဲ႕ ေဒါသေၾကာင့္ နီျမန္းလာသည့္ မ်က္နွာအား ၾကည့္ရင္း...
"ရံုးတက္ခ်ိန္ နီးေနၿပီမို႔ သြားခြင့္ျပဳပါဦး"
အၿပံဳးဟု မမည္ေသာ မဲ့ၿပံဳးအား ၿပံဳးရင္း ေျပာလိုက္ေလသည္။

ၿခံဝန္းထဲမွ ထြက္ခြာသြားေသာ ကားအနက္ေရာင္ေလးအားၾကည့္ရင္း

"မင္းသိထားဖို႔က တစ္ေန႔ဒီအေမြေတြအကုန္လံုးကို ငါတစ္ေယာက္ပဲ ပိုင္ဆိုင္ခြင့္ရွိတယ္ဆိုတာပဲ"

အာကာ့ရဲ႕ အံႀကိတ္ၿပီးေျပာလိုက္သည့္ စကားကိုေတာ့ ကားအနက္ထဲက ေကာင္ေလးမၾကားနိုင္ခဲ့။
------------------------------------------
ေရေအာက္နန္းေတာ္...

"ကဲ ျပင္ဆင္စရာရွိတာ ျပင္ဆင္ၿပီးၿပီဆိုေတာ့ ခရီးဆက္ဖို႔ရာလုပ္ၾကေတာ့"
"ေဟးးးးး"
စကားအဆံုး ေပ်ာ္႐ႊုင္စြာ ေျပာင္းေ႐ြ႕ရန္လုပ္ေနၾကသည့္ ေရေနသတၲဝါမ်ား၏ ေအာ္သံမ်ား။

တစ္ျဖည္းျဖည္းခ်င္း ေပ်ာ္႐ႊင္စြာဆက္လာတဲ့ ခရီးက သမုဒၵရာထဲသို႔ ေရာက္လာခ်ိန္ လွိုင္းရိုက္သံ၊ မိုးၿခိမ္းသံ၊ မိုးႀကိဳးပစ္သံ၊ ငလ်င္လႈပ္သံနွင့္ သမုဒၵရာၾကမ္းျပင္ အက္ကြဲမႈမ်ားအၾကား ရုတ္ရုတ္သဲသဲျဖစ္ေနခ်ိန္ ငမန္းမ်ား၏ အလစ္ဝင္တိုက္မႈေၾကာင့္ တစ္ကြဲတစ္ျပားျဖစ္သြားၾကရသည့္ သူတို႔ေတြ။

"ေဖေဖ"
"သားေလး ကႀကိဳး "
"ေဖေဖ"
"သမီးေလး"
"သားနဲ႔သမီး ဒီဆြဲႀကိဳးေလးေတြကို ဆြဲထား ဘယ္ေတာ့မွမခြၽတ္နဲ႔"

ထိုစဥ္ သားအဖသံုးေယာက္ၾကားသို႔ ဦးတည္ဝင္လာေသာ ငါးမန္းႀကီးတစ္ေကာင္ေၾကာင့္ တြန္းထုတ္လိုက္ျခင္းခံရသည့္ သူတို႔ေမာင္နွမနွစ္ေယာက္။ထို႔ေနာက္ အနီေရာင္သမ္းသြားေသာ ေရျပင္။

"ေဖေဖ!!!!!!!"

အသားကုန္ေအာ္ဟစ္ၿပီးတဲ့ေနာက္ ေနာက္စိနဲ႔ ေက်ာက္ေဆာင္ရဲ႕ ရိုက္ခတ္မႈေၾကာင့္ ေမ့ေမ်ာသြားေသာေကာင္ေလးလည္းရွိသလို အိမ္မွာ မုန္တိုင္းသတင္းအားၾကည့္ရင္း ကုမၸဏီအလုပ္ေတြ ကူေပးေနတဲ့ ေကာင္ေလးလည္းရွိေလရဲ႕။

Tbc--------

-------------*--------------
ကဲ နွစ္ေယာက္သားေတြ႕ဖို႔ နီးစပ္လာပါၿပီေနာ္
ေကာင္းေသာေတြ႕ဆံုျခင္းလား ဘာလားဆိုတာကိုေတာ့ ေစာင့္ေမ်ွာ္ျကပါလို႔

မက reader ေလးေတြကို ခ်စ္တယ္ေနာ္💜



Unicode...

"အားးး ခေါင်းကိုက်လိုက်တာ"
နားထင်အား လက်ဖြင့်ဖိရင်း အိပ်ယာထက်မှ မုန်းမာန်နိုးထလာသည်။ဘေးရှိ မီးအိမ်တင်ထားသော စားပွဲပေါ်က ဖန်ခွက်လေးထဲမှ ရေအားသောက်လိုက်ပြီးနောက် ကိုယ်ပေါ်မှာခြုံထားသည့် စောင်အား ဖယ်ခွာကာ ရေချိုးခန်းထဲသို့ ဦးတည်လိုက်လေသည်။

ဦးခေါင်းကို မော့ထားလိုက်ရင်းဖြင့် ရေပန်းထဲမှ တစ်ဖြည်းဖြည်းချင်းကျလာသော ရေစက်တို့၏ အေးစက်မှုဒဏ်ကို ခံစားနေလိုက်သည်။

ထိုစဉ် အပြင်မှ တံခါးခေါက်သံကြားလိုက်ရသည်နှင့် ရေပန်းအားပိတ်လိုက်လေသည်။

"အစ်ကိုလေး မုန်းမာန် အောက်ထပ်မှာ အစ်ကိုလေးအာကာဘုန်းမြတ် ရောက်နေပါတယ်"
"အေး ငါလာခဲ့မယ်လို့ ပြောလိုက်"
"ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်"

အိမ်အကူကောင်မလေး ပြန်ထွက်သွားသည့် ခြေသံကြားသည်နှင့် သူလည်း ရေချိုးခန်းအတွင်းမှ တဘတ်အဖြူတစ်ထည်အား ပတ်ကာ ထွက်လာခဲ့လေသည်။ကုမ္ပဏီသို့သွားရန်အတွက် ပြင်ဆင်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

လှေကားပေါ်မှ အနက်ရောင် ကုတ်အင်္ကျီ၊ စတိုင်ဘောင်းဘီအနက်ရောင်၊shoeဖိနပ် အနက်ရောင် စသည်ဖြင့် တစ်ကိုယ်လုံးအနက်ရောင် ဝတ်ဆင်ထားကာ လိုက်ဖက်နေသည့် မုန်းမာန်အား ဧည့်ခန်းထဲမှ လှမ်းကြည့်ရင်း အာကာ နှုတ်ခမ်းအား တွန့်ရုံမျှ ပြုံးလိုက်သည်။

မုန်းမာန်လည်း ဧည့်ခန်းထဲမှာ စောင့်နေသူအနားသို့ သွားလိုက်ရင်း

"မေမေတို့မရှိဘူး ဦးငယ် ဘာကိစ္စရှိလို့လဲ"
"ကိစ္စက ထွေထွေထူးထူးတော့မဟုတ်ပါဘူး တကယ်လို့ အကိုကြီး အနားယူတော့မယ်ဆိုရင် သူ့မှာ ဘာမှ အားကိုးလို့မရတဲ့ မွေးစားသားထက် ယောက်ဖအရင်းကြီးရှိပါသေးတယ်လို့ လာပြောတာ"

*ဟုတ်သား သူမေ့နေခဲ့တာပဲ သူ့မှာ အမွေတွေအငမ်းမရလိုချင်နေတဲ့ ဦးလေးတစ်ယောက်ရှိတယ် ဆိုတာ*မုန်းမာန်လည်း ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်ပြီးနောက်

"ဦးငယ်က ဘာလို့ဒီလိုပြောနိုင်ရတာလဲ ဘယ်သူက ကုမ္ပဏီကို လာမလုပ်ဖူးလို့ပြောလဲ ကျွန်တော် ဒီနေ့ ကုမ္ပဏီသွားဖို့ရာ ဆုံးဖြတ်လိုက်တာက မှန်နေတာပဲ ဒီလို သူများပစ္စည်းအငမ်းမရ လိုချင်နေတဲ့သူတွေလက်ထဲ ဖေဖေ့ကုမ္ပဏီရောက်မသွားအောင် လုပ်မှဖြစ်တော့မယ်"
"မင်းးးးး"

မုန်းမာန် ဦးငယ်ရဲ့ ဒေါသကြောင့် နီမြန်းလာသည့် မျက်နှာအား ကြည့်ရင်း...
"ရုံးတက်ချိန် နီးနေပြီမို့ သွားခွင့်ပြုပါဦး"
အပြုံးဟု မမည်သော မဲ့ပြုံးအား ပြုံးရင်း ပြောလိုက်လေသည်။

ခြံဝန်းထဲမှ ထွက်ခွာသွားသော ကားအနက်ရောင်လေးအားကြည့်ရင်း

"မင်းသိထားဖို့က တစ်နေ့ဒီအမွေတွေအကုန်လုံးကို ငါတစ်ယောက်ပဲ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာပဲ"

အာကာ့ရဲ့ အံကြိတ်ပြီးပြောလိုက်သည့် စကားကိုတော့ ကားအနက်ထဲက ကောင်လေးမကြားနိုင်ခဲ့။
------------------------------------------
ရေအောက်နန်းတော်...

"ကဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးပြီဆိုတော့ ခရီးဆက်ဖို့ရာလုပ်ကြတော့"
"ဟေးးးးး"
စကားအဆုံး ပျော်ရွှုင်စွာ ပြောင်းရွေ့ရန်လုပ်နေကြသည့် ရေနေသတ္တဝါများ၏ အော်သံများ။

တစ်ဖြည်းဖြည်းချင်း ပျော်ရွှင်စွာဆက်လာတဲ့ ခရီးက သမုဒ္ဒရာထဲသို့ ရောက်လာချိန် လှိုင်းရိုက်သံ၊ မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံ၊ ငလျင်လှုပ်သံနှင့် သမုဒ္ဒရာကြမ်းပြင် အက်ကွဲမှုများအကြား ရုတ်ရုတ်သဲသဲဖြစ်နေချိန် ငမန်းများ၏ အလစ်ဝင်တိုက်မှုကြောင့် တစ်ကွဲတစ်ပြားဖြစ်သွားကြရသည့် သူတို့တွေ။

"ဖေဖေ"
"သားလေး ကကြိုး "
"ဖေဖေ"
"သမီးလေး"
"သားနဲ့သမီး ဒီဆွဲကြိုးလေးတွေကို ဆွဲထား ဘယ်တော့မှမချွတ်နဲ့"

ထိုစဉ် သားအဖသုံးယောက်ကြားသို့ ဦးတည်ဝင်လာသော ငါးမန်းကြီးတစ်ကောင်ကြောင့် တွန်းထုတ်လိုက်ခြင်းခံရသည့် သူတို့မောင်နှမနှစ်ယောက်။ထို့နောက် အနီရောင်သမ်းသွားသော ရေပြင်။

"ဖေဖေ!!!!!!!"

အသားကုန်အော်ဟစ်ပြီးတဲ့နောက် နောက်စိနဲ့ ကျောက်ဆောင်ရဲ့ ရိုက်ခတ်မှုကြောင့် မေ့မျောသွားသောကောင်လေးလည်းရှိသလို အိမ်မှာ မုန်တိုင်းသတင်းအားကြည့်ရင်း ကုမ္ပဏီအလုပ်တွေ ကူပေးနေတဲ့ ကောင်လေးလည်းရှိလေရဲ့။

Tbc--------

-------------*--------------
ကဲ နှစ်ယောက်သားတွေ့ဖို့ နီးစပ်လာပါပြီနော်
ကောင်းသောတွေ့ဆုံခြင်းလား ဘာလားဆိုတာကိုတော့ စောင့်မျှော်ကြပါလို့

မက reader လေးတွေကို ချစ်တယ်နော်💜
© Kout Tay,
книга «My Heart For You».
အပိုင္း-၁၅
Коментарі